ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၀၂

24.08.2020

ယိုယွင်းပျက်စီးသော လူ့စိတ်သဘောထားကို ဖွင့်ပြသော အကြောင်းရင်းသည် အခြားမဟုတ်၊ သူ၏ ထုံထိုင်းသောသိစိတ်၊ မနာလိုမုန်းတီးသော သဘာဝနှင့် ဆုတ်ယုတ်သော အသိဉာဏ် တို့ဖြစ်သည်။ အကယ်၍ လူသား၏ သိစိတ်နှင့် အသိဉာဏ်သည် နဂိုအခြေအနေ ပြန်လည်ရရှိပါက ဘုရားသခင်ရှေ့တွင် အသုံးခံထိုက်သူ ဖြစ်လာပေမည်။ လူသားသည် ဘုရားသခင်ကို တိုး၍ပုန်ကန်လာကာ ယေရှုကို ကားတိုင်တွင် သံနှင့်ရိုက်၍ နောက်ဆုံးသော ကာလတွင် လူ့ဇာတိခံယူသော ဘုရားသခင်ကို သူ့အိမ်သို့ ဝင်ခွင့် ပိတ်ပင်သည်သာမက ဘုရားသခင်၏ သွေးသားခန္ဓာကို ရှုတ်ချကာ ထိုသွေးသားခန္ဓာကို စက်ဆုပ်ရွံရှာဖွယ်ဖြစ်၍ အောက်တန်းကျသည်ဟု ရှုမြင်သည့်အထိ ပြင်းထန်လာခြင်းသည် လူ့သိစိတ် ထုံမြဲထုံခြင်း၊ လူ့အသိဉာဏ် လူစဉ်မမီသည့် အပြင် ပို၍ပို၍ ထိုင်းမှိုင်းခြင်းကြောင့် ဖြစ်သည်။ လူသားသည် လူ့သဘောသဘာဝ အနည်းငယ်မျှ ရှိခဲ့သော် လူ့ဇာတိခံယူသော ဘုရားသခင်၏ သွေးသားခန္ဓာကို ထိုသို့ရက်စက်စွာ ဆက်ဆံမည်မဟုတ်ပေ။ အသိဉာဏ် အနည်းငယ်ရှိခဲ့သော် လူ့ဇာတိခံယူသော ဘုရားသခင်၏ သွေးသားခန္ဓာအပေါ် အလွန်ရက်စက်ခဲ့လိမ့်မည် မဟုတ်ပေ။ အသိတရား အနည်းငယ်မျှ ရှိခဲ့လျှင်လည်း လူ့ဇာတိခံယူသော ဘုရားသခင်ကို ထိုနည်းဖြင့် “ကျေးဇူးတင်” ခဲ့လိမ့်မည် မဟုတ်ပေ။ လူသားသည် ဘုရားသခင် လူ့ဇာတိခံယူသော ကာလတွင် အသက်ရှင်လျက် ထိုကဲ့သို့ ကောင်းမွန်သော အခွင့်အရေးကို ပေးခဲ့သူ ဘုရားသခင်အား ကျေးဇူးတင်စိတ် မရှိခဲ့ရုံမက၊ ဘုရားသခင် ကြွလာခြင်းကို ကျိန်ဆို၍ ဘုရားသခင် လူ့ဇာတိခံယူခြင်းကို လုံးဝဂရုမစိုက်သည့်အပြင် ဆန့်ကျင်ခြင်းနှင့် ငြီးငွေ့ခြင်းသာလျှင် ရှိခဲ့သည်။ ဘုရားသခင် ကြွဆင်းလာခြင်းကို လူသားသည် မည်သို့ သဘောထားသည်ဖြစ်စေ၊ အရှင်းပြောရလျှင် လူသားသည် ဘုရားသခင် ကြွဆင်းလာသည်ကို စိုးစဉ်းမျှ ကြိုဆိုခြင်း မရှိလျက် သူ့ထံမှ မဆင်မခြင် တောင်းဆိုခြင်းမျိုးကို ပြုလုပ်တတ်သော်ငြားလည်း ဘုရားသခင်သည် အစဉ်အမြဲပင် မိမိအမှုတော်ကို မတွန့်မဆုတ် ဆောင်ရွက်ခဲ့သည်။ လူ့စိတ်သဘောထားသည် အလွန်ရက်စက်တတ်လာ၍၊ အသိဉာဏ် အလွန်ထိုင်းမှိုင်းလာကာ၊ သိစိတ်သည်လည်း နတ်ဆိုး၏ လုံးဝနင်းခြေ ဖျက်ဆီးမှုကို ခံခဲ့ရကာ ရှေးကာလကပင် နဂိုသိစိတ် မဟုတ်တော့ပါ။ လူသားသည် လူ့ဇာတိခံယူသော ဘုရားသခင်က လူသားမျိုးနွယ်အပေါ် အသက်နှင့် ကျေးဇူးတော်များ သွန်းလောင်းပေးသည်ကို ကျေးဇူးမတင်သည့်အပြင်၊ မိမိကို သမ္မာတရား ပေးခြင်းအတွက် ဘုရားသခင်အား မနှစ်မြို့ပေ။ အကြောင်းမှာ လူသားသည် သမ္မာတရားကို စိုးစဉ်းမျှ စိတ်မဝင်စားသောကြောင့် ဘုရားသခင်ကို မနှစ်မြို့သောကြောင့် ဖြစ်သည်။ လူသားသည် လူ့ဇာတိခံယူသော ဘုရားသခင်ကို မိမိအသက်တာကို ပုံအပ်နိုင်ခြင်း မရှိသည့်အပြင်၊ ဘုရားသခင်၏ မျက်နှာသာပေးမှုရအောင် ကြိုးစားအားထုတ်ကာ ဘုရားသခင်ကို မိမိပေးသော ပမာဏထက် ဆယ်ဆမကသော အကျိုးအမြတ်ကို တောင်းဆိုသည်။ သိစိတ်နှင့် အသိဉာဏ် ထိုမျှခေါင်းပါးသော လူတို့သည် ထိုအရာများကို မိမိတို့ ခံစားထိုက်သည်ဟု ယူဆသည်သာမက မိမိတို့သည် ဘုရားသခင်ကို အဆမတန်ပေးဆပ်ခဲ့ကာ ဘုရားသခင်မှ သူတို့ကို အနည်းငယ်သာ ပေးသည်ဟု ယုံကြည်ကြသည်။ ငါ့ကို ရေတစ်ခွက်ပေး၍ လက်ဖြန့်ကာ နွားနို့နှစ်ခွက်၏ တန်ဖိုးနှင့်ညီမျှသော အခကြေးငွေကို တောင်းသောသူရှိသည်။ ငါ့အတွက် တစ်ညတာ တည်းခိုရန် အခန်းတစ်ခန်း ပြင်ဆင်ပေးကာ တည်းခိုခ အဆပေါင်းများစွာ တောင်းသောသူရှိသည်။ သင်တို့သည် ထိုသို့သော လူ့သဘောသဘာဝနှင့် သိစိတ်ရှိလျက်ပင် အသက်ကို ရလိမ့်မည်ဟု မျှော်လင့်ကြသေးသလော။ သင်တို့သည် အလွန်စက်ဆုပ်ဖွယ်ကောင်းသော အလေအလွင့်များ ဖြစ်ကြသည်တကား။ လူ့ဇာတိခံယူသော ဘုရားသခင်သည် ကုန်းမြေတစ်လျှောက်လုံး နှံ့အောင်သွားလျက်လာလျက် နားမည့်နေရာ မရှိရှာခြင်းသည် ဤကဲ့သို့ လူ့သဘောသဘာဝနှင့် သိစိတ်ကြောင့် မဟုတ်ပါလော။ သိစိတ်နှင့် လူ့သဘောသဘာဝကို ပိုင်ဆိုင်သူ မှန်လျှင်၊ ဘုရားသခင်၏ လုပ်ဆောင်ပြီးစီးခဲ့သော အလုပ် မည်မျှများသည်ဆိုခြင်းကြောင့်မဟုတ်၊ လုံးဝလုပ်ဆောင်ခဲ့ခြင်း မရှိသည့်တိုင် လူ့ဇာတိခံယူသော ဘုရားသခင်ကို ကိုးကွယ်ကာ သူ့ကို စိတ်အားထက်သန်စွာ အစေခံသင့်သည်။ ဤသည်မှာ နဂိုသိစိတ်ရှိသူတို့ ထမ်းဆောင်ရမည့် လူ့ကျင့်ဝတ် ဖြစ်သည်။ လူအများသည် ဘုရားသခင်ကို အစေခံရာတွင် အခြေအနေအကြောင်း စောဒကတက်ကြသည်။ လူသားဖြစ်သည် သို့မဟုတ် ဘုရားသခင်ဖြစ်သည်ကို သူတို့ အလေးမထားကြပေ။ သူတို့ကြုံရသော အခြေအနေကိုသာ အရေးဆိုကာ သူတို့အလိုရှိသော အောင်မြင်မှု နောက်သို့သာ လိုက်ကြသည်။ သင်တို့သည် ငါ့အတွက် အစားအစာချက်သောအခါ စားဖိုမှူးရထိုက်သော အခကြေးငွေကို တောင်းကြသည်။ ငါ့အတွက် ပြေးလွှားရသောအခါ ပြေးလွှားခ တောင်းကြသည်။ ငါ့အတွက် အလုပ်လုပ်သောအခါ လုပ်အားခ တောင်းကြသည်။ ငါ့အဝတ်အစားကို လျှော်ဖွပ်သောအခါ ဒိုဘီခ တောင်းကြသည်။ အသင်းတော်ကို ဆောင်မသောအခါ ရင်းစားပေးရန် တောင်းခံကြသည်။ စကားပြောရသောအခါ ဟောပြောခ တောင်းကြသည်။ စာအုပ်ဖြန့်ဝေသောအခါ ဖြန့်ဖြူးခ တောင်းကြသည်။ စာရေးသောအခါ ကလောင်ခ တောင်းကြသည်။ ငါ၏ ကိုင်တွယ်ဖြေရှင်းခြင်းကို ခံခဲ့သော သူများသည် ငါ့ထံမှ လျော်ကြေးငွေတောင်းခံသည့်အထိ ဖြစ်သည်။ အိမ်ပြန်ခိုင်းခြင်း ခံရသောသူများသည် ထိခိုက်သွားသော မိမိတို့၏ အမည်အတွက် လျော်ကြေးငွေ တောင်းကြသည်။ အိမ်ထောင်မကျသေးသော သူများသည် သတို့သား၊ သတို့သမီး တင်တောင်းခ သို့မဟုတ် အပျို၊ လူပျိုဘဝ ဆုံးရှုံးခ တောင်းကြသည်။ ကြက်သတ်သူသည် သတ်ခ တောင်းကြသည်။ အစားအစာ ကြော်ချက်သူသည် ကြော်ချက်ခ တောင်းကြ သည်။ ဟင်းချိုချက်သူလည်း အခကြေးငွေ ရယူလိုကြသည်။ ဤသည်မှာ သင်တို့၏ ထည်ဝါခမ်းနားသော လူ့သဘောသဘာဝနှင့် သင်တို့၏ နွေးသောသိစိတ် အမိန့်အာဏာဖြင့် ဖန်တီးသော လုပ်ရပ်များပေတည်း။ သင်တို့၏ အသိဉာဏ် ဘယ်မှာနည်း။ သင်တို့၏ လူ့သဘောသဘာဝ ဘယ်မှာနည်း။ သင်တို့ကို ငါပြောမည်။ သင်တို့ ဆက်လက်၍ ဤသို့အသက်ရှင်လျှင် သင်တို့အကြားတွင် ဆောင်ရွက်နေသော ငါ့အလုပ်ကို ငါရပ်ဆိုင်းမည်။ သင်တို့နှင့်အတူ ငါအလုပ်လုပ်တော့မည်မဟုတ်။ လူအရေခြုံ သားရဲအုပ်အကြား ငါအလုပ် လုပ်မည်မဟုတ်။ ရိုင်းစိုင်းသောစိတ်ကို ချိုသာသောမျက်နှာဖြင့် ဖုံးထားသည့် ဤလိုလူစုအတွက် ဒုက္ခဆင်းရဲကို ငါခံမည်မဟုတ်။ ကယ်တင်ခြင်းကို ရယူနိုင်သည့်အလားအလာ စိုးစဉ်းမျှမရှိသော တိရစ္ဆာန်တစ်အုပ် အတွက် ငါအနစ်နာခံမည်မဟုတ်။ သင်တို့ကို ငါကျောခိုင်းသည့်နေ့သည် သင်တို့သေရမည့်နေ့ ဖြစ်သည်။ သင်တို့အပေါ် အမှောင်ထု ကျရောက်လာမည့်နေ့၊ အလင်းသည် သင်တို့အား စွန့်ခွာမည့်နေ့ ဖြစ်သည်။ သင်တို့ကို ငါပြောမည်။ ငါသည် သင်တို့ကဲ့သို့သော တိရိစ္ဆာန်ထက် နိမ့်ကျသည့် လူစုအပေါ် သဒ္ဓါစိတ် ထားရှိမည် မဟုတ်ပေ။ ငါ့စကားနှင့် ငါ့လုပ်ဆောင်မှုအတွက် အတိုင်းအတာရှိသည်။ သင်တို့၏ လူ့သဘောသဘာဝနှင့် သိစိတ် အနေအထားအရ ငါအလုပ်ဆက်လုပ်တော့မည် မဟုတ်ပေ။ အကြောင်းမှာ သင်တို့၏သိစိတ် လွန်စွာချို့ယွင်းသောကြောင့် ငါအလွန်စိတ်ဆင်းရဲရကာ၊ စက်ဆုပ်ဖွယ်ကောင်းသော သင်တို့၏ အမူအကျင့်ကို ငါလွန်စွာ ရွံရှာမိသောကြောင့် ဖြစ်သည်။ လူ့သဘောသဘာဝနှင့် သိစိတ် လွန်စွာချို့ယွင်းသူတို့သည် ကယ်တင်လွတ်မြောက်ခြင်းရရှိနိုင်သည့် အလားအလာ လုံးဝမရှိပေ။ ထိုကဲ့သို့ နှလုံးသားကင်းမဲ့၍ ကျေးဇူကန်းသူတို့ကို ငါလုံးဝကယ်တင်မည် မဟုတ်ပေ။ ငါ၏နေ့ရက်ကာလ ကျရောက်လာသောအခါ၊ တစ်ချိန်က ကြောက်မက်ဖွယ် ကောင်းသော ငါ၏အမျက်ဒေါသကို ဆွခဲ့သည့် မနာခံခြင်း၏ သားသမီးများအပေါ် ပူပြင်းလှသော မီးလျှံကို မိုးရွာသကဲ့သို့ ထာဝရ ငါရွာသွန်းမည်။ တစ်ချိန်က ငါ့ကို စော်ကားမော်ကားလုပ်၍ ပစ်ပယ်သွားသော ထိုတိရိစ္ဆာန်များကို ငါထာဝရ ပြစ်ဒဏ်ခတ်မည်။ တစ်ချိန်က ငါနှင့်အတူ နေထိုင် စားသောက်ခဲ့သော်လည်း ငါ့ကိုမယုံကြည်သည့်အပြင်၊ ငါ့ကို ဆဲရေးတိုင်းထွာကာ သစ္စာဖောက်သွားသော မနာခံခြင်း၏ သားများကို ခေတ်အဆက်ဆက် ငါ၏ ဒေါသမီးလောင်ကျွမ်းစေမည်။ ငါ၏ အမျက်ဒေါသကို ဆွခဲ့သူ အားလုံးကို ပြစ်ဒဏ်ခတ်မည်။ တစ်ချိန်က ငါနှင့် ပုခုံးချင်းယှဉ်၍ ရပ်တည်လိုသော ဆန္ဒရှိလျက် ငါ့ကိုကိုးကွယ်ခြင်းနှင့် နာခံခြင်းမရှိခဲ့သော ထိုသားရဲများအပေါ် မိုးရွာသကဲ့သို့ ငါ၏အမျက်ဒေါသ အကုန်အစင် ရွာချမည်။ တစ်ချိန်က ငါ၏ပြုစုစောင့်ရှောက်မှုကို ခံစားခဲ့ရကာ ငါမိန့်မှာခဲ့သည့် လျှို့ဝှက်ဆန်းကြယ်မှုများကို နာခွင့်ရလျက် ငါ့ထံမှ လောကီစည်းစိမ်ကို ရယူရန် ကြိုးပမ်းခဲ့သော ထိုတိရစ္ဆာန်များအပေါ် လူသားကိုဆုံးမသော ငါ၏တုတ်သည် ကျရောက်လိမ့်မည်။ ငါ့နေရာကို လုရန် ကြိုးပမ်းသည့် မည်သူကိုမဆို ငါခွင့်လွှတ်မည် မဟုတ်ပေ။ ငါ့ထံမှ အစားအစာနှင့် အဝတ်အထည်ကို အတင်းယူရန် ကြိုးပမ်းသူများကို ငါချမ်းသာပေးမည် မဟုတ်ပေ။ ယခုတွင် သင်တို့သည် ကြောက်စရာ နှောင်ကြိုးမရှိ လွတ်လပ်လျက် ငါ့ထံမှတောင်းဆိုမှုများကို မမီမကမ်း ပြုလုပ်နေဆဲ ဖြစ်သည်။ ဒေါသနေ့ရက် ကျရောက်လာသော် သင်တို့ငါ့ကို တောင်းဆိုမှု ပြုတော့မည် မဟုတ်ပေ။ ထိုအချိန်တွင် သင်တို့ကျေနပ်သည့်အထိ မိမိဘာသာမိမိ “ပျော်ရွှင်ကြည်နူး” ခွင့်ကို ပေးမည်။ သင်တို့ ထာဝရ ပြန်မထလာနိုင်အောင် သင်တို့မျက်နှာကို မြေကြီးထဲသို့ အတင်းဖိသွင်းမည်။ ထိုအကြွေးကို အနှေးနှင့်အမြန် ငါ “ပြန်ဆပ်” မည်။ ထိုနေ့ရက်ကို သင်တို့စိတ်ရှည်လက်ရှည် စောင့်နေမည်ဟု ငါမျှော်လင့်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။