ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၂၂

ဘုရားသခင်၏အလုပ်နှင့်နှုတ်ကပတ်တော်တို့သည် သင်တို့၏ စိတ်သဘောထား၌ အပြောင်းအလဲတစ်ရပ် ဖြစ်စေရန် ရည်ရွယ်သည်။ ကိုယ်တော်၏ပန်းတိုင်သည် သင်တို့အား ဘုရား၏အလုပ်နှင့် နှုတ်ကပတ်တော်ကို နားလည်စေရန် သို့မဟုတ် သိရှိစေရန်သက်သက် မဟုတ်ပေ။ ယင်းသည် မလုံလောက်ပေ။ သင်သည်နားလည်နိုင်စွမ်းရှိသူ ဖြစ်သဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားလည်ရန် အခက်အခဲ မရှိသင့်ပေ၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ နှုတ်ကပတ်တော် အများစုကို လူ့ဘာသာစကားဖြင့် ရေးသားထားသည့်အပြင် ကိုယ်တော်သည် အင်မတန်ရိုးရှင်းစွာ စကားပြောသောကြောင့် ဖြစ်သည်။ ဥပမာ ဘုရားသခင်က သင့်အား မည်သည့်အရာကို နားလည်စေချင်ပြီး လက်တွေ့လုပ်ဆောင်စေချင်သည်ကို သင်သည် ကောင်းမွန်စွာ သင်ယူနိုင်စွမ်းရှိသည်။ ဤသည်မှာ နားလည်နိုင်စွမ်းရှိသော သာမန်လူတစ်ယောက် တတ်နိုင်သည့် အရာပင်တည်း။ အထူးသဖြင့် ယခုအဆင့်တွင် ဘုရားသခင် မြွက်ဟနေသည့် နှုတ်ကပတ်တော်များသည် ထူးခြားစွာ ရှင်းလင်းလွယ်ကူနေသည်။ ထို့အပြင် ဘုရားသခင်သည် လူများမစဉ်းစားမိသော အရာများစွာနှင့် လူသား၏ အခြေအနေ အမျိုးမျိုးတို့ကို ထောက်ပြနေသည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်များသည် အလုံးစုံကို ခြုံငုံမိကာ လပြည့်ဝန်း၏အလင်းရောင်ပမာ ကြည်လင်နေပေသည်။ သို့ဖြစ်၍ ယခုလူများသည် အကြောင်းအရာများစွာကို နားလည်ကြ သော်ငြားလည်း၊ လိုအပ်နေဆဲဖြစ်သည့် အရာတစ်ခုမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ရန် ဖြစ်သည်။ လူများသည် သူတို့ရရှိနိုင်ရန် ပြုထားသော မည်သည့်အရာကိုမဆို ခံယူရန်သက်သက် စောင့်စားနေမည့်အစား သမ္မာတရား၏ လက္ခဏာသွင်ပြင် အလုံးစုံကို မိမိကိုယ်တိုင် အသေးစိတ်ခံစားရမည်။ ပိုပြီးအသေးစိတ် စူးစမ်းရှာဖွေရမည်။ ဤသို့မဟုတ်ပါက သူတို့သည် ကပ်ပါးကောင်များထက် အနည်းငယ် သာရုံသာ ရှိလိမ့်မည်။ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိသည့်တိုင် ယင်းကို လက်တွေ့လုပ်ဆောင်ခြင်း မရှိ။ ထိုကဲ့သို့သော လူစားသည် သမ္မာတရားကို မချစ်ခင်ဘဲ ၎င်းကို အဆုံးတွင် ဖယ်ရှားပေမည်။ ၁၉၉၀ဝန်းကျင်၏ ပေတရုတစ်ယောက်ကဲ့သို့ ဖြစ်ရန် သင်တို့ တစ်ဦးချင်းစီသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်သင့်ကာ သင်တို့၏တွေ့ကြုံမှုများထဲ မှန်ကန်သော ဝင်ရောက်မှု ရှိသင့်ပြီး ဘုရားသခင်နှင့်သင်၏ ပူးပေါင်းဆောင်ရွက်မှုထဲ ဉာဏ်အလင်းပွင့်မှုကို ပိုများများ ရယူသင့်သည်။ ယင်းသည် သင်တို့ကိုယ်တိုင်၏ ဘဝထဲ ထာဝရတိုးပွားလာမည့် အထောက်အပံ့ပင်ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် အများအပြားကို ဖတ်ရှု လေ့လာပြီးသော်လည်း စာသားများ၏ အဓိပ္ပာယ်ကို နားလည်ရုံရှိပြီး သင်တို့၏ လက်တွေ့အတွေ့အကြုံများတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တိုက်ရိုက်သိခြင်းကင်းမဲ့ပါက၊ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိမည်မဟုတ်ပေ။ သင်နှင့်ပတ်သက်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အသက် မဟုတ်ဘဲ၊ အသက်ကင်းမဲ့သော ကျမ်းဟောင်းတရားများသာ ဖြစ်ပေလိမ့်မည်။ သင်သည်အသက်မဲ့သော ကျမ်းဟောင်း တရားများကိုသာ လိုက်နာပါက၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ အနှစ်သာရကို နားလည်သဘောပေါက်နိုင်မည် မဟုတ်သကဲ့သို့ ဘုရားသခင်၏အလိုတော်ကိုလည်း သင်နားလည်မည် မဟုတ်ပေ။ ကိုယ်တော်၏ နှုတ်ကပတ်တော်တို့ကို သင်၏ လက်တွေ့အတွေ့အကြုံများတွင် ကြုံတွေ့သည့် အခါမှသာလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ဝိညာဉ်ဆိုင်ရာ အဓိပ္ပာယ်သည် မိမိကိုယ်ကိုယ် သင့်အား ဖွင့်ပြပေးမည်ဖြစ်ပြီး၊ အတွေ့အကြုံမှသာ သင်သည် သမ္မာတရားများစွာ၏ ဝိညာဉ်ဆိုင်ရာအဓိပ္ပာယ်ကို သဘောပေါက်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်၏ နက်နဲရာတို့ကို သိမြင်နိုင်ပေမည်။ သင်သည် ၎င်းကို လက်တွေ့ကျင့်သုံးခြင်း မပြုလျှင် ကိုယ်တော်၏ နှုတ်ကပတ်တော်သည် မည်မျှပင် ရှင်းလင်းစေကာမူ သင် နားလည်သဘောပေါက်သည့်အရာမှာ သင့်အတွက် ဘာသာရေး လုပ်ထုံးလုပ်နည်း ဖြစ်လာခဲ့သည့် အဓိပ္ပာယ်မဲ့သော ကျမ်းဟောင်းတရားများနှင့် အယူဝါဒများသာ ဖြစ်ပေသည်။ ယင်းသည် ဖာရိရှဲတို့လုပ်ကိုင်ခဲ့သည့်အရာ မဟုတ်လော။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့ကျင့်သုံးပြီး တွေ့ကြုံခံစားပါက ယင်းသည် သင့်အတွက် လက်တွေ့ကျလာလိမ့်မည်။ သင်သည် လက်တွေ့ကျင့်သုံးရန် မကြိုးစားပါက ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင့်အတွက် တတိယမိုးကောင်းကင် ပုံပြင်ထက် အနည်းငယ် သာရုံသာ ရှိပေလိမ့်မည်။ အမှန်အားဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်း ဖြစ်စဉ်သည် ကိုယ်တော်၏ နှုတ်ကပတ်တော်ကို သင်တို့ကြုံတွေ့ပြီး ကိုယ်တော်၏ ရယူခြင်းကို ခံရခြင်း၊ သို့မဟုတ် ပို၍ရှင်းလင်းအောင် ဆိုရလျှင် ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကိုယ်တော်၏ နှုတ်ကပတ်တော်ကို သိရှိနားလည်ပြီး ကိုယ်တော်၏ နှုတ်ကပတ်တော်ကို ကြုံတွေ့ပြီး အသက်ရှင်နေထိုင်ခြင်း ဖြစ်သည်။ ယင်းသည် သင်တို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း နောက်ကွယ်မှ အမှန်တရားဖြစ်သည်။ သင်တို့သည် ဘုရားသခင်ကို ယုံကြည်ပြီး ထာဝရအသက်ကို မျှော်လင့်ပါလျက် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင့်အတွင်း၌ ရှိနေသောအရာကဲ့သို့ လက်တွေ့ကျင့်သုံးရန် ကြိုးစားခြင်း မရှိပါက၊ သင်သည် မိုက်မဲသည်။ ယင်းသည် စားသောက်ပွဲကြီးကိုသွားပြီး အစားအစာကို ကြည့်ရုံကြည့်ခဲ့ပြီး အရသာရှိသောအရာများကို တစ်ခုတလေပင် ကိုယ်တိုင်ကိုယ်ကျ မမြည်းစမ်းဘဲ အလွတ်ကျက်မှတ်ခြင်းနှင့် တူသည်။ ထိုကဲ့သို့သော လူစားသည် လူမိုက်တစ်ဦးမဟုတ်သလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကိုသင်နားလည်သွားသည်နှင့် သင်သည် ၎င်းကိုလက်တွေ့လုပ်ဆောင်သင့်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၁၅

ဘုရားသခင်၏လူ့ဇာတိကို လူတို့သိစေရန် သို့တည်းမဟုတ် လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာနှင့် လူသား၏ ဇာတိပကတိကြားမှ ကွဲပြားခြားနားချက်များကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၃၇

ဘုရားသခင်ကို သင့်၏ အတုမရှိသည့် အရှင်သခင် အဖြစ် လက်ခံခြင်းက ကယ်တင်ခြင်းကို ရရှိဖို့ ပထမအဆင့် ဖြစ်သည် ဘုရားသခင်၏ အခွင့်အာဏာနှင့်ပတ်သက်သည့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၈

ဘုရားသခင်ကိုယ်တိုင်၏ အမှုသည် လူသားမှသိရမည့် အမြင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏အမှုကို လူသားမှ ရယူနိုင်ခြင်းမရှိဘဲ လူသားမှ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၅၃

ဘုရားသခင်၏ စစ်ဆေးမှုများကို လက်ခံလော့၊ စာတန်၏ စုံစမ်းနှောင့်ယှက်မှုများကို အနိုင်ယူပြီး သင်၏ ဖြစ်တည်မှု တစ်ခုလုံးကို ဘုရားသခင်အား...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။