ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၂၁

05.03.2021

ဘုရားသခင်သည် လူသားကိုဖန်ဆင်းပြီးကတည်းက သူ့အမှုတော်ကို သူလုပ်လျက်နေတော်မူ၏။ အစပိုင်းမှာ အမှုသည် အလွန်ရိုးရှင်းခဲ့သော်လည်း ထိုအမှု၌ ဘုရားသခင်၏ အနှစ်သာရ နှင့် စိတ်သဘောထားတို့၏ ဖော်ပြမှုများ ပါဝင်နေဆဲ ဖြစ်ခဲ့သည်။ ဘုရားသခင်၏အမှုတော်မှာ ယခုမြှင့်တင်ခြင်းခံရသောအခါ သူ့နောက်ကိုလိုက်သော လူတိုင်းအပေါ် ပမာဏကြီးမားလှသည့် ခိုင်မာသောအမှုကိုပြုလျက် သူ၏နှုတ်ကပတ်တော်ကို ဖော်ပြ လျက်နေ၏၊ အစအဦးမှစ၍ ယနေ့ချိန်ခါထိ ဘုရားသခင်၏ ဇာတိအဖြစ်တော်သည် လူသားများထံမှ ဖုံးကွယ်ထားသည်။ ကိုယ်တော်သည် သမ္မာကျမ်းစာအချိန်မှစပြီး ယနေ့ချိန်ခါထိ လူ့ဇာတိကိုနှစ်ကြိမ်ခံယူခဲ့ပြီးသော်လည်း ဘုရားသခင်၏ ဇာတိ အဖြစ်တော်အမှန်ကို မည်သူတွေ့ဖူးသနည်း။ သင်တို့၏ နားလည်မှုအရ ဘုရားသခင်၏ ဇာတိအဖြစ်တော်အမှန်ကို တစ်စုံတစ်ယောက်တွေ့ဖူးသလော။ မတွေ့ဖူးကြပေ။ မည်သူမျှ ဘုရားသခင်၏ ဇာတိအဖြစ်တော်အမှန်ကို မတွေ့ဖူးကြပေ။ မည်သူမျှ ဘုရားသခင်၏ ပင်ကိုအမှန်ကို မတွေ့ဖူးကြဟု ဆိုလိုသည်။ ဤသည်မှာ လူတိုင်းသဘောတူသည့် အရာပင် ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်၏ ဇာတိ အဖြစ်တော်အမှန် သို့မဟုတ် ဘုရားသခင်၏ဝိညာဉ်တော်သည် သူဖန်ဆင်းခဲ့သည့် အာဒံနှင့်ဧဝ၊ သူလက်ခံခဲ့သော ဖြောင့်မတ်သည့် ယောဘအပါအဝင် လူသားမျိုးနွယ်အားလုံးထံမှ ဖုံးကွယ်ထားခဲ့သည်။ ထိုသူတို့သည်ပင် ဘုရားသခင်၏ ဇာတိအဖြစ်တော်အမှန်ကို မတွေ့မြင်ခဲ့ကြပေ။ သို့သော် ဘုရားသခင်သည် မိမိ၏ဇာတိအဖြစ်တော်အမှန်ကို တမင်တကာ အဘယ့်ကြောင့် ဖုံးကွယ်ထားသနည်း။ အချို့က “ဘုရားသခင် သည် လူများအထိတ်တလန့် ဖြစ်သွားမည်ကို စိုးရွံ့သည်” ဟူ၍ဆိုကြသည်။ အခြားသူများကလည်း “လူသားသည် အလွန်သေးငယ်ပြီး ဘုရားသခင်မှာ အလွန်ကြီးမားသောကြောင့် ဘုရားသခင်သည် သူ၏ဇာတိအဖြစ်တော်အမှန်ကို ဖုံးကွယ်ထား သည်။ လူများသည် ဘုရားသခင်ကို တွေ့မြင်ခွင့်မရှိပါ၊ တွေ့မြင်မိလျှင် သေသွားနိုင်ပါသည်” ဟူ၍ ဆိုကြပြန်သည်။ “ဘုရားသခင်သည် နေ့စဉ် သူ့အမှုတော်ကို စီမံခန့်ခွဲလျက် အလုပ်များနေ၏၊ လူများ သူ့အား မြင်စေဖို့ ထင်ရှားပြရန် သူ၌ အချိန်မရှိခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်” ဟူ၍ဆိုကြသော လူအချို့ရှိသေးသည်။ သင်တို့ မည်သို့ပင်ယုံကြည်ကြပါစေ၊ အရေးမကြီးပေ၊ ငါ၌သုံးသပ်ချက်တစ်ခုရှိသည်။ ထိုသုံးသပ်ချက် ကား အဘယ်သို့နည်း။ ယင်းမှာ ဘုရားသခင်သည် မိမိ၏ ဇာတိအဖြစ်တော်အမှန်ကို လူသားများ တွေ့မြင်ရန်ပင် အလိုမရှိ ခြင်းဖြစ်သည်။ လူသားများထံမှ ပုန်းကွယ်နေခြင်းသည် ဘုရားသခင် တမင်တကာလုပ်ဆောင်ခြင်းပင်ဖြစ်သည်။ တစ်နည်းအားဖြင့် မိမိ၏ဇာတိအဖြစ်တော်အမှန်ကို လူသားများ မတွေ့မြင်ရန်မှာ ဘုရားသခင်၏ရည်ရွယ်ချက်ဖြစ်သည်။ ယခုမူ အားလုံးရှင်းလင်းသွားသင့်ပေပြီ။ အကယ်၍ ဘုရားသခင်သည် မိမိ၏ဇာတိအဖြစ်တော်ကို မည်သူ့ကိုမျှ မဖော်ပြဖူးလျှင် ဘုရားသခင်၏ ဇာတိအဖြစ်တော်တည်ရှိခြင်းကို သင်တို့ ယုံကြည်မည်လော။ (ကိုယ်တော်သည် အမှန်တကယ် တည်ရှိပါ သည်။) မှန်ပေသည်၊ ကိုယ်တော်တည်ရှိသည်။ ဘုရားသခင်၏ ဇာတိအဖြစ်တော် တည်ရှိခြင်းသည် ငြင်းပယ်၍မရသော အရာဖြစ်သည်။ သို့ရာတွင် ဘုရားသခင်၏ ဇာတိအဖြစ်တော်မှာ အဘယ်မျှလောက်ကြီးသည် သို့မဟုတ် မည်သည့်အရာနှင့် တူသည် စသည့်မေးခွန်းများကို လူသားများက စုံစမ်း မေးမြန်း သင့်သလော။ မမေးမြန်းသင့်ပေ။ အဖြေမှာ ဆန့်ကျင်သော သဘောရှိသည်။ ဘုရားသခင်၏ ဇာတိအဖြစ်တော်သည် ငါတို့စူးစမ်းသင့်သည့် အကြောင်းအရာမဟုတ်လျှင် ငါတို့စူးစမ်း သင့်သည့်မေးခွန်းကား အဘယ်အရာနည်း။ (ဘုရားသခင်၏ စိတ်သဘောထားဖြစ်ပါသည်။) (ဘုရားသခင်၏အမှုတော် ဖြစ်ပါ သည်။) တကယ့်အကြောင်းအရာကို စတင်ပြောဆိုခြင်းမပြုမီ ခုနက ငါတို့ဆွေးနွေးခဲ့သောအရာဆီသို့ ပြန်သွားကြစို့။ ဘုရား သခင်သည် မိမိ၏ ဇာတိအဖြစ်တော်ကို အဘယ့်ကြောင့် လူသားများအား မည်သည့်အခါမျှ မပြဖူးသနည်း။ ဘုရား သခင်သည် မိမိ၏ဇာတိအဖြစ်တော်ကို လူသားများထံမှ အဘယ့်ကြောင့် တမင်တကာဖုံးကွယ်ထားသနည်း။ အကြောင်း ပြချက် တစ်ခုသာရှိသည်။ ၎င်းမှာ ဖန်ဆင်းခံ လူသားသည် ဘုရားသခင်၏အမှု နှစ်ပေါင်းထောင်ချီကို ဖြတ်သန်းခဲ့ရ သော်လည်း ဘုရားသခင်၏အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အနှစ်သာရကို သိရှိသူ တစ်ယောက်မျှ မရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ အမြင်၌ ထိုသို့သောသူများသည် သူ့ကိုဆန့်ကျင်နေကြသူများသာ ဖြစ်ပြီး ဘုရားသခင်သည် မိမိအပေါ် ရန်လိုနေသူများထံသို့ သူ့ကိုယ်ကိုပြလိမ့်မည် မဟုတ်ပေ။ ၎င်းသည် ဘုရားသခင်က သူ၏ဇာတိအဖြစ်တော်ကို လူသားများအား မည်သည့်အခါမျှ မပြသသည့် တစ်ခုတည်းသော အကြောင်းရင်းနှင့် လူသားများ ထံမှ သူ၏ဇာတိအဖြစ်တော်ကို တမင်တကာ ကွယ်ထားခြင်း၏ အကြောင်းရင်းဖြစ်သည်။ ဘုရားသခင်၏စိတ်သဘောထားကို သိရှိခြင်း၏အရေးပါပုံကို ယခုသင်တို့ ရှင်းကြပြီလော။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။