ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၂၉

ဘုရားသခင်၏ နှုတ်ကပတ်တော်များအား ကွက်ကွက်ကွင်းကွင်း ရှင်းပြနိုင်ခြင်းက သင်သည် စစ်မှန်မှုကို လက်ဝယ်ရရှိပြီဟု မဆိုလိုပါ၊ အမှုအရာများသည် သင်ထင်မှတ်ထားခဲ့နိုင်သလို မရိုးစင်းပေ။ စစ်မှန်မှုကို သင်လက်ဝယ်ရရှိ မရှိဟူသည် သင်ပြောဆိုသည့်အရာအပေါ် အခြေမခံ၊ ထို့ထက် ထိုအရာသည် သင်အသက်ရှင်နေထိုင်မှုအပေါ် အခြေခံသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များက သင်၏ အသက်တာနှင့် သင်၏ပင်ကိုဖော်ပြချက် ဖြစ်လာသောအခါ၊ ဤသည်ကိုသာ စစ်မှန်မှုအဖြစ် လက်ခံနိုင်သည်၊ ဤသည်ကိုသာ သင်သည် သိနားလည်မှုနှင့် စစ်မှန်သော ဝိညာဉ်အသက်တာတို့ကို ပိုင်ဆိုင်သည်ဟု လက်ခံနိုင်သည်။ သင်သည် စစ်ဆေးခြင်းကို အချိန်ကာလကြာမြင့်စွာ ကြံ့ကြံ့ခံနိုင်ရမည်ဖြစ်ကာ၊ ဘုရားသခင် အလိုရှိသည့် ပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နိုင်ရမည်၊ ယင်းသည် ဟန်ပြခြင်းမျှသာ မဖြစ်ရဘဲ ယင်းသည် သင့်အထဲမှ သဘာဝအလျောက် ထွက်ပေါ်လာရပါမည်။ ထိုအခါမှသာ သင်သည် စစ်မှန်မှုကို အမှန်တကယ်ပိုင်ဆိုင်လိမ့်မည်၊ ထိုအခါမှသာ သင်သည် အသက်တာကို ရရှိပြီးဖြစ်လိမ့်မည်။ လူတိုင်း ရင်းနှီးသည့် အစေခံသူတို့၏ စစ်ဆေးခံရခြင်းဥပမာကို ငါအသုံးပြုမည်။ အစေခံသူများနှင့် စပ်လျဉ်းသည့် အမြင့်ဆုံးအယူအဆများကို မည်သူမဆို ပြောနိုင်သည်၊ အယောက်တိုင်းသည် ထိုအကြောင်းအရာနှင့်ပတ်သက်၍ သင့်တင့်လျောက်ပတ်သော သိနားလည်ခြင်းတစ်ခု ရှိကြပြီး၊ ၎င်းတို့သည် ထိုအကြောင်းအရာကို အကျယ်တဝင့် ဟောပြောကြပြီး၊ ဟောပြောချက် တစ်ခုချင်းစီသည်လည်း ယခင်ဟောပြောချက်များထက် သာလွန်ကာ ဤသည်မှာ ယှဉ်ပြိုင်မှုတစ်ခုသဖွယ်ပင်ဖြစ်၏။ သို့သော်လည်း အကယ်၍ လူသားသည် ကြီးမားသောစမ်းသပ်မှုတစ်ခုကို မကြုံရသေးပါက သူ၌ ကောင်းသောသက်သေခံချက်တစ်ခုရှိသည်ဟုဆိုရန် ခက်ခဲပါသည်။ တိုတိုပြောရလျှင် လူသား၏အသက်ရှင်နေထိုင်မှုသည် လွန်စွာချို့တဲ့ နေသေးကာ၊ ဤသည်မှာ သူ၏သိနားလည်ခြင်းနှင့် မကိုက်ညီပေ။ ထို့ကြောင့် ယင်းသည် လူ၏ တကယ့် ဝိညာဉ်အသက်တာဖြစ်လာရန် လိုနေသေးသည့်အပြင်၊ ယင်းသည် လူသား၏အသက်တာလည်း မဟုတ်သေးပေ။ လူသား၏ သိနားလည်ခြင်းသည် စစ်မှန်မှုထဲသို့ မရောက်ရှိသေးသောကြောင့် သူ၏ဝိညာဉ်အသက်တာမှာ သဲပေါ် ဆောက်ထားသော ရဲတိုက် တစ်ခုကဲ့သို့ပင် ဖြစ်နေသေးကာ ယိုင်နဲ့နဲ့နှင့် ပြိုကျပျက်စီးလုလု ဖြစ်လေသည်။ လူသားတွင် စစ်မှန်မှု မဆိုစလောက်သာ ရှိသည်၊ လူထဲ၌ စစ်မှန်မှုကိုရှာတွေ့ရန် မဖြစ်နိုင်သလောက်ပင်။ လူ့အထဲမှ သဘာဝအလျောက် ထွက်ပေါ်လာသော စစ်မှန်မှုသည် အလွန်ပင်နည်းပါးလှပြီး သူ၏အသက်တာထဲတွင်ရှိသည့် စစ်မှန်မှုသည်လည်း အတင်းအဓမ္မ လုပ်ယူထားခြင်းဖြစ်သည်၊ ထိုအကြောင်းကြောင့် လူသားသည် စစ်မှန်မှုကိုမပိုင်ဆိုင်ဟု ငါဆိုခြင်းဖြစ်သည်။ သူတို့၏ ဘုရားသခင်အား ချစ်သောအချစ်သည် မည်သည့်အခါမျှ မပြောင်းလဲပါဟု လူသားတို့၏ ဆိုခြင်းအပေါ် အလွန်အမင်း အထင်မကြီးပါနှင့်၊ ဤသည်မှာ စမ်းသပ်မှုများကို သူတို့ရင်မဆိုင်ရသေးခင် သူတို့ပြောဆိုသည့် အရာမျှသာဖြစ်သည်။ သူတို့သည် စမ်းသပ်မှုများအား ရုတ်တရက် ရင်ဆိုင်ရသောအခါ သူတို့ပြောဆိုသောအကြောင်းအရာများသည် နောက်တစ်ကြိမ်ထပ်၍ စစ်မှန်မှုနှင့် လိုက်လျောညီထွေမှုမရှိ ဖြစ်သွားလိမ့်မည်၊ ထို့နောက် ယင်းက လူသားတို့သည် စစ်မှန်မှုကို မပိုင်ဆိုင်ကြောင်း ထပ်မံ၍ သက်သေပြလိမ့်မည်။ သင့်သဘောထားများနှင့် မကိုက်ညီသည့် အရာများနှင့် သင့်ကိုယ်သင် ဘေးဖယ်ထားရန် တောင်းဆိုသည့်အရာများကို သင်ကြုံတွေ့ရသော အခါတိုင်းတွင် ဤအရာများကို သင်၏စမ်းသပ်မှုများဟု ဆိုနိုင်သည်။ ဘုရားသခင်၏ အလိုတော်ထုတ်ဖော်ခံရခြင်း မတိုင်မီတွင် လူသားအယောက်တိုင်းအတွက် ပြင်းထန်သောစစ်ဆေးမှုတစ်ခု၊ အယောက်တိုင်းအတွက် အလွန်ကြီးမားသော စမ်းသပ်မှုတစ်ခု ရှိသည်၊ ဤအကြောင်းအရာကို သင် ရှင်းလင်းစွာမြင်နိုင်သလော။ ဘုရားသခင်သည် လူသားများကို စစ်ကြောလိုသောအခါ၊ ဖြစ်ရပ်များ၏ အမှန်တရား ထုတ်ဖော်မခံရမီ သူသည် သူတို့ကို သူတို့၏ ကိုယ်ပိုင် ရွေးချယ်မှုများ အမြဲပြုစေသည်။ ဘုရားသခင်သည် လူကို စမ်းသပ်မှု ခံစေသည့်အခါ၊ သူသည် သင့်အား သမ္မာတရားကို မည်သည့်အခါမျှ ပြောပြလိမ့်မည်မဟုတ်၊ ထိုအရာသည် လူသားတို့ ဖော်ထုတ်ပြသခံရမည့် နည်းလမ်းဖြစ်သည်ဟု ဤအရာက ဆိုလိုပေသည်။ ဤသည်မှာ မျက်မှောက်ခေတ်၏ဘုရားသခင်အား သင်သိနားလည်သည် မလည်သည်ကို မြင်တွေ့ရန်နှင့် စစ်မှန်မှုစိုးစဉ်းမျှ သင်ပိုင်ဆိုင်သည် မပိုင်ဆိုင်သည်ကို မြင်တွေ့ရန် ဘုရားသခင်က သူ၏အမှုကို လုပ်ဆောင်သည့် နည်းလမ်းတစ်ခုဖြစ်သည်။ ဘုရားသခင်၏ အမှုနှင့်ပတ်သက်၍ သင်သည် သံသယများ အမှန်တကယ် ကင်းရှင်းပါသလော။ သင့်အပေါ်သို့ ကြီးမားသောစမ်းသပ်မှုတစ်ခု ရောက်ရှိလာသောအခါ သင် အခိုင်အမာရပ်တည်နိုင်လိမ့်မည်လော။ “မည်သည့်ပြဿနာမျှ ရှိလိမ့်မည်မဟုတ်ဟု ကျွန်ုပ်အာမခံသည်” ဟူသောစကားမျိုး မည်သူ ပြောဆိုဝံ့သနည်း။ “အခြားသူများမှာ သံသယများ ရှိကောင်းရှိမည်၊ သို့သော် ကျွန်ုပ် မည်သည့်အခါမျှ သံသယရှိမည်မဟုတ်ပါ” ဟူသောစကားမျိုး မည်သူပြောဆိုဝံ့သနည်း။ ပေတရုအား စမ်းသပ်မှုများ ခံစားစေသည့်အချိန်များကဲ့သို့ပင်၊ သမ္မာတရားများအား မဖော်ပြခဲ့မီတွင် သူသည် အမြဲအပြောကြီး နေခဲ့သည်။ ဤသည်မှာ ပေတရုအတွက် သီးသန့်တစ်မူထူးသော ပုဂ္ဂိလ်ရေးအားနည်းချက်တစ်ခုမဟုတ်ပေ၊ ဤသည်မှာ ယနေ့တွင် လူသားတိုင်းရင်ဆိုင်နေသည့် အကြီးမားဆုံးသော အခက်အခဲပင် ဖြစ်သည်။ ယနေ့ ဘုရားသခင်၏အမှုအပေါ် သင်တို့၏ သိနားလည်ခြင်းကို ကြည့်ရှုစစ်ဆေးရန်အတွက် ငါသည် အချို့နေရာများသို့ လာကြည့်ရမည်ဆိုပါက သို့မဟုတ် ညီအစ်ကို မောင်နှမများထံ လာကြည့်ရမည်ဆိုပါက သင်တို့၏ သိနားလည်ခြင်း အကြောင်းများစွာကို သင်တို့သည် မုချပြောဆိုနိုင်လိမ့်မည်ဖြစ်ကာ၊ သင်တို့၌ သံသယများ တစ်ခုတလေမျှ မရှိဟု ယူဆရမည်ဖြစ်သည်။ ငါက သင့်ကို “မျက်မှောက်ခေတ်၏အမှုသည် ဘုရားသခင် လုပ်ဆောင်သည့်အရာဖြစ်သည်ဟု သင် အမှန်တကယ် အဆုံးအဖြတ် ပေးနိုင်သလော။ မည်သည့်သံသယမျှ မရှိဘူးလော။” ဟု မေးခွန်း ထုတ်ရမည်ဆိုပါက သင်က “ထိုအရာသည် ဘုရားသခင်၏ဝိညာဉ်တော် လုပ်ဆောင်သောအမှုဖြစ်ကြောင်း သံသယမရှိပါ” ဟု မုချ ပြန်ဖြေ လိမ့်မည်။ ထိုကဲ့သို့သောနည်းလမ်းဖြင့် သင်အဖြေပေးပြီးသည်နှင့် တပြိုင်နက် သင်သည် သံသယတစ်စွန်းတစ်စမျှ ဧကန်မုချ ရှိလိမ့်မည် မဟုတ်ဘဲ ကြီးမားသောပျော်ရွှင်မှုကိုပင် သင်ခံစားရနိုင်ပြီး၊ သင်စစ်မှန်မှု အတော်ရရှိပြီဟု သင်ခံစားရနိုင်သည်။ အမှုအရာများကို ဤပုံစံဖြင့် နားလည်လေ့ရှိသောသူများသည် သာ၍နည်းသော စစ်မှန်မှု လက်ဝယ် ရရှိသောသူများ ဖြစ်ကြသည်၊ တစ်စုံတစ်ယောက်သောသူက ထိုအရာအား သူရရှိပြီးပြီဟု တွေးထင်လေလေ၊ သူသည် စမ်းသပ်မှုများထဲ၌ အခိုင်အမာရပ်တည်နိုင်စွမ်း မရှိလေလေပင်ဖြစ်သည်။ မာနကြီးပြီး မာန်တက်သောသူများသည် အမင်္ဂလာရှိကြသည်၊ မိမိကိုယ်ကိုမိမိ မသိသောသူများသည် အမင်္ဂလာရှိကြသည်။ ထိုကဲ့သို့သောလူများသည် အဟောအပြောတွင် အကောင်းဆုံး ဖြစ်ကြသော်လည်း သူတို့၏ လုပ်ဆောင်ချက်များတွင် အဆိုးဆုံး ဖြစ်သည်။ ဒုက္ခ၏ အသေးဆုံး အရိပ်လက္ခဏာ ရှိသောအခါ၊ ဤလူများ၌ သံသယများ စတင် ရှိလာလိမ့်မည်ဖြစ်ပြီး လက်လွှတ်အရှုံးပေးရန် အတွေးသည် သူတို့၏စိတ်ထဲသို့ ဝင်ရောက်လာပါတော့သည်။ သူတို့သည် မည်သည့်စစ်မှန်မှုကိုမျှ လက်ဝယ်ပိုင်ဆိုင်ခြင်း မရှိကြပေ၊ သူတို့၌ ရှိသမျှမှာ ဘာသာတရား၏အယူအဆများထက် ပိုမိုမြင့်မြတ်သော အယူအဆများသာဖြစ်ကြပြီး၊ ယခု ဘုရားသခင်တောင်းဆိုသည့် စစ်မှန်မှုများ စိုးစဉ်းမျှ မပါဝင်ပေ။ စစ်မှန်မှုမရှိဘဲ အယူအဆများကိုသာ ပြောဆိုတတ်သောသူများကို ငါအရွံရှာဆုံး ဖြစ်သည်။ သူတို့အလုပ်ကို ဆောင်ရွက်နေစဉ်တွင် သူတို့သည် အကျယ်လောင်ဆုံးအသံများ ပြုတတ်ကြသော်လည်း စစ်မှန်မှုနှင့် ရင်ဆိုင်ရသည်နှင့်တပြိုင်နက် သူတို့ပြိုကွဲသွားတော့သည်။ ထိုအရာက ဤလူတွေ၌ စစ်မှန်မှုမရှိကြောင်း ပြသနေသည်မဟုတ်လော။ လှိုင်းလေ မည်မျှပင် ပြင်းထန် ကြမ်းကြုတ်ပါစေ၊ သင့်စိတ်ထဲသို့ သံသယ တစ်စွန်းတစ်စမျှ ဝင်မလာဘဲ ဆက်လက်ရပ်တည်နေနိုင်ပြီး၊ တခြားမည်သူတစ်ဦးတစ်ယောက်မျှ မကျန်တော့သည့် အခါမှာပင်လျှင် သင်အခိုင်အမာရပ်တည်နေနိုင်ကာ ငြင်းပယ်သည့် အနေအထားတွင် ရှိမနေပါက၊ ဤသည်မှာ သင်၌ စစ်မှန်သော သိနားလည်ခြင်း ရှိကြောင်းနှင့် စစ်မှန်မှုကို အမှန်တကယ် လက်ဝယ်ပိုင်ဆိုင်နေကြောင်း အတည်ဖြစ်သည်။ လေတိုက်ရာ ဘက်တိုင်းသို့ သင်လိုက်ပါနေပါက၊ အများစုနောက်သို့ သင်လိုက်ပါနေပြီး အခြားသူများ ပြောဆိုနေသောအရာကိုပြောဆိုရန် သင်ယူနေပါက၊ ထိုကဲ့သို့သောအရာများကို မည်မျှကောင်းမွန်စွာ သင်ပြောဆိုစေကာမူ၊ ထိုအရာသည် သင် စစ်မှန်မှုကို လက်ဝယ်ရရှိနေကြောင်း သက်သေ မဟုတ်ပေ။ ထို့ကြောင့် သင်သည် အနှစ်သာရမဲ့သော စကားများကို အချိန်မတိုင်မီ အော်ဟစ်မပြောဆိုဖို့ ငါအကြံပေးသည်။ ဘုရားသခင် လုပ်ဆောင်မည့်အမှုကို သင်သိသလော။ သင်သည် သင့်ကိုယ်သင် အရှက်ရစေပြီး သင်ဆက်လက်၍ ရင်ကော့ခေါင်းမော့ မနေနိုင်တော့မည် စိုး၍ နောက်ထပ်ပေတရုကဲ့သို့ မပြုမူနှင့်၊ ဤအရာက မည်သူ့ကိုမဆို မည်သည့်ကောင်းကျိုးမျှ မပေးပါ။ လူသားအများစုတွင် စစ်မှန်သော ဝိညာဉ်အသက်တာ မရှိကြပေ။ ဘုရားသခင်သည် အမှုများစွာ ပြုခဲ့ပြီးသော်လည်း လူတို့တွင် စစ်မှန်မှုမြင်တွေ့ရရန် မလုပ်ဆောင်ခဲ့ ဖူးသေးပေ၊ ပိုမိုတိကျရလျှင် သူသည် မည်သူ့ကိုမျှ ကိုယ်တိုင် ပြစ်တင်ဆုံးမခြင်း မည်သည့်အခါမျှ မပြုခဲ့ဖူးပေ။ လူအချို့သည် ၎င်းတို့၏ အပြစ်နှင့်ပြည့်သော လက်များက သာ၍ သာ၍ အဝေးသို့ လှမ်းမှီလျက်၊ ဘုရားသခင်ကို အခွင့်အရေးယူဖို့ လွယ်ကူသည်၊ ၎င်းတို့ လုပ်ချင်သမျှ လုပ်နိုင်သည်ဟု တွေးလျက်၊ ထိုကဲ့သို့သော စမ်းသပ်မှုများ အားဖြင့် ဖော်ထုတ်ပြသခြင်းကို ခံကြရသည်။ ဤကဲ့သို့သော စမ်းသပ်မှုကိုပင် သူတို့ ကြံ့ကြံ့ခံနိုင်စွမ်း မရှိကြသည့်အတွက် ပိုမိုခက်ခဲသော စမ်းသပ်မှုများမှာ ဆိုဖွယ်ရာမရှိ၊ ထို့ပြင် စစ်မှန်မှုသည်လည်း ဆိုဖွယ်ရာမရှိတော့ပေ။ ဤသည်မှာ ဘုရားသခင်ကို အရူးလုပ်ရန် ကြိုးစားနေခြင်း မဟုတ်သလော။ စစ်မှန်မှုရှိခြင်းဟူသည်မှာ ဟန်ဆောင်နိုင်သည့်အရာတစ်ခုမဟုတ်သကဲ့သို့ ထိုအရာအပေါ် သင်၏ သိခြင်းမှ သင်ရယူနိုင်သည့် အရာတစ်ခုလည်း မဟုတ်ပေ။ ထိုအရာသည် သင်၏ စစ်မှန်သောဝိညာဉ်အသက်တာအပေါ် အခြေခံထားပြီး၊ စမ်းသပ်မှုများအားလုံးကို သင်ကြံ့ကြံ့ခံနိုင်စွမ်းရှိမရှိ ဟူသောအရာ အပေါ်တွင် အခြေခံထားပါသည်။ သင်ယခု နားလည်ပြီလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းသည်သာလျှင် စစ်မှန်မှု ပိုင်ဆိုင်ခြင်းဖြစ်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၇၁

၂။ အပူချိန် ငါတို့ ဆွေးနွေးမည့် ဒုတိယအရာသည် အပူချိန်ဖြစ်၏။ အပူချိန်က အဘယ်အရာဖြစ်သည်ကို လူတိုင်းသိ၏။ အပူချိန်သည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၉၀

လက်ရှိတွင် စမ်းသပ်မှုများကြားတွင် ရောက်နေသောသူ အမြောက်အမြား ရှိသည်။ ထိုသူတို့သည် ဘုရားသခင်၏ အလုပ်ကို နားမလည်ကြပေ။ သို့သော် ငါပြောမည်၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၅၆

သမ္မာတရားကို အားထုတ်ခြင်းဖြင့်သာ စိတ်သဘောထားထဲတွင် ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်ပေသည်- ဤသည်မှာ လူတို့ သဘောပေါက်ရမည့် အရာတစ်ခုဖြစ်ပြီး...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၆၃

လူ၏သဘာဝကို သိရှိခြင်းနှင့် ပတ်သက်လာသည့်အခါ၊ အရေးကြီးဆုံးသော အရာမှာ ယင်းကို လူသား၏ လောကအမြင်၊ ဘဝအမြင်နှင့် တန်ဖိုးများ၏ ရှုထောင့်မှ ကြည့်ရန်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။