ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၃၂

လူတို့အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များက လုံးဝမြင့်မားခြင်းမရှိပေ။ အကယ်၍ လူတို့သည် အားစိုက်ထုတ်မှု အနည်းငယ်မျှပင် လုပ်ဆောင်ပါက၊ သူတို့သည် “အောင်မှတ်” တစ်ခု ရရှိကြလိမ့်မည်။ အမှန်တကယ်တွင် သမ္မာတရားကို နားလည်ခြင်း၊ သိရှိခြင်းနှင့် သဘောပေါက်ခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းထက် သာ၍ရှုပ်ထွေးပေသည်။ သမ္မာတရားကို သိရှိခြင်းနှင့် သဘောပေါက်ခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး နောက်တွင် လာပေသည်။ ယင်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်သည့် အဆင့်များနှင့် နည်းလမ်း ဖြစ်သည်။ သင်မနာခံဘဲ အဘယ်သို့ နေနိုင်သနည်း။ အမှုအရာများကို သင့်နည်းလမ်းအတိုင်း လုပ်ဆောင်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို သင်ရရှိနိုင်သလော။ သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏ သာယာပျော်ရွှင်မှုအတွက် အမှုပြုသလော၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ သင်၏ မပြည့်စုံခြင်းများအပေါ် အခြေခံကာ အမှုပြုသလော။ ဤအရာကို သင် ရှင်းလင်းစွာ မမြင်နိုင်ပါက အဓိပ္ပါယ်မရှိပေ။ လူအများစုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း၌ များစွာ အားစိုက်ကြသော်လည်း၊ အသိပညာသာရှိပြီး၊ နောက်ပိုင်းတွင် စစ်မှန်သောလမ်းကြောင်းနှင့် ပတ်သက်၍ မည်သည့်အရာမျှ မပြောနိုင်ကြသည်မှာ အဘယ်ကြောင့်နည်း။ အသိပညာ ပိုင်ဆိုင်ခြင်းသည် သမ္မာတရားပိုင်ဆိုင်ခြင်းနှင့် သဘောညီသည်ဟု သင်ထင်သလော။ ယင်းသည် ရှုပ်ထွေးသည့် ရှုထောင့်အမြင် မဟုတ်လော။ သင်သည် ကမ်းခြေပေါ်က သဲများတမျှ အသိပညာအကြောင်းကို များစွာ ပြောဆိုနိုင်သည့်တိုင် ထိုအရာထဲမှ မည်သည့်အရာ၌မျှ စစ်မှန်သောလမ်းကြောင်း တစ်ခုတစ်လေ မပါရှိပေ။ ဤအရာ လုပ်ဆောင်ခြင်းဖြင့် လူတို့ကို အရူးလုပ်ဖို့ သင် ကြိုးစားနေခြင်း မဟုတ်လော။ သင်သည် ယင်းကို ထောက်ခံဖို့အနှစ်သာရ မရှိဘဲလျက် အဓိပ္ပါယ်မရှိသည့်ဟန်ပြတစ်ခု ပြုလုပ်နေခြင်း မဟုတ်လော။ ထိုသို့သော အပြုအမူအားလုံးသည် လူတို့အဖို့ အန္တရာယ်ရှိ၏။ အယူအဆ မြင့်လေလေ၊ ပြီးလျှင် စစ်မှန်မှု ကင်းမဲ့လေလေ၊ ယင်းက လူတို့ကို လက်တွေ့အရှိတရားသို့ ပို့ဆောင်နိုင်စွမ်း မရှိလေလေ ဖြစ်သည်။ သဘောတရားတစ်ရပ်သည် မြင့်မားလေလေ၊ ယင်းက သင့်ကို ဘုရားသခင်အား ပိုမို အာခံကာ ဆန့်ကျင်စေလေလေ ဖြစ်သည်။ အမြင့်မားဆုံးသော အယူအဆများကို တန်ဖိုးရှိသည့် ရတနာများသဖွယ် သဘောမထားနှင့်။ ယင်းတို့သည် မသိမသာနှင့် ပျက်စီးစေပြီး၊ မည်သည့်အသုံးဝင်မှုကိုမျှ မပေးပေ။ လူအချို့သည် အမြင့်မားဆုံးအယူအဆများကို ပြောဆိုကောင်း ပြောဆိုနိုင်ပေလိမ့်မည်- သို့ရာတွင် ဤလူတို့သည် ထိုအယူအဆများကို ကိုယ်တိုင်ကိုယ်ကျ မတွေ့ကြုံဖူးကြသောကြောင့် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်း မရှိကြသည့်အတွက် ဤအယူအဆများထဲတွင် စစ်မှန်မှု မပါရှိပေ။ ထိုသို့သောလူများသည် အခြားသူများကို မှန်ကန်သော လမ်းကြောင်းပေါ်သို့ ခေါ်ဆောင်သွားနိုင်စွမ်း မရှိကြသကဲ့သို့၊ ၎င်းတို့ကို လမ်းလွဲစေခြင်းသာ ဖြစ်စေလိမ်မည်။ ဤသည်မှာ လူတို့အဖို့ အန္တရာယ်ရှိသည် မဟုတ်လော။ အနည်းဆုံးအနေဖြင့် သင်သည် လူတို့၏ လက်ရှိ ပြဿနာများကို ဖြေရှင်းနိုင်ရမည်ဖြစ်ပြီး ၎င်းတို့အား ဝင်ရောက်မှုကို ရရှိခွင့်ပေးနိုင်ရမည်။ ဤအရာသည်သာ ဆက်ကပ်အပ်နှံခြင်းဟု မှတ်ယူ၍ရပြီး ထိုအခါမှသာ သင်သည် ဘုရားသခင်အတွက် အလုပ်လုပ်ရန် အရည်အချင်း ပြည့်မီမည်ဖြစ်သည်။ ဟိတ်ဟန်များသော၊ စိတ်ကူးယဉ်ဆန်သော စကားများကို အမြဲမပြောနှင့်၊ ပြီးလျှင် အခြားသူတို့ကို သင့်အား နာခံလာအောင်ပြုရန် မသင့်လျော်သည့် လက်တွေ့လုပ်ဆောင်မှု များစွာကို အသုံးမပြုလေနှင့်။ ထိုသို့လုပ်ဆောင်ခြင်းသည် အကျိုးရှိလိမ့်မည် မဟုတ်သကဲ့သို့၊ ၎င်းတို့အား သာ၍စိတ်ရှုပ်ထွေးစေနိုင်သည်။ ဤသို့ ဆက်လက် လုပ်ဆောင်ခြင်းသည် လူတို့အား သင့်ကို စက်ဆုပ်စေသည့် အယူဝါဒများစွာကို ဖြစ်ပေါ်စေလိမ့်မည်။ ယင်းမှာ လူသား၏ အားနည်းချက်ဖြစ်ပြီး၊ အမှန်တကယ် အရှက်ရစရာ ဖြစ်သည်။ သို့ဖြစ်၍ အမှန်တကယ် တည်ရှိသည့် ပြဿနာများ အကြောင်းကို ပို၍ပြောဆိုလော့။ အခြားလူတို့၏ အတွေ့အကြုံများကို သင်၏ ကိုယ်ပိုင်ပစ္စည်းကဲ့သို့ ဆက်ဆံကာ အခြားသူများ ကြည်ညိုလေးစားစေဖို့ ထိုအတွေ့အကြုံများကို မပြလေနှင့်။ သင့်အနေဖြင့် သင်ကိုယ်တိုင်၏၊ သီးခြား ထွက်ပေါက်ကို ရှာဖွေရမည်။ ဤသည်မှာ လူအသီးသီး လက်တွေ့ လုပ်ဆောင်သင့်သည့် အရာဖြစ်သည်။

အကယ်၍ သင်မိတ်သဟာယဖွဲ့သည့်အရာသည် လူတို့ကို လိုက်လျှောက်ရန် လမ်းကြောင်းတစ်ခု ပေးနိုင်ပါက၊ ယင်းသည် စစ်မှန်မှုကို သင်ပိုင်ဆိုင်ခြင်းနှင့် ညီမျှပေသည်။ သင် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ လူတို့ကို လက်တွေ့လုပ်ဆောင်ခြင်းထဲသို့ သင် ခေါ်ဆောင်ရမည်ဖြစ်ပြီး၊ ၎င်းတို့အားလုံး လိုက်လျှောက်နိုင်သည့် လမ်းကြောင်းတစ်ခုကို ပေးသင့်သည်။ ၎င်းတို့ အသိပညာ ရှိခွင့်ကိုသာ မပေးလေနှင့်။ ပို၍အရေးကြီးသည်မှာ လိုက်လျှောက်ရန် လမ်းကြောင်းတစ်ခု ရှိခြင်း ဖြစ်သည်။ လူတို့အတွက် ဘုရားသခင်ကို ယုံကြည်ရန်မှာ၊ ဘုရားသခင်သည် သူ၏အမှု၌ လမ်းပြသည့် လမ်းကြောင်းကို ၎င်းတို့ လျှောက်လှမ်းရမည် ဖြစ်သည်။ ဆိုလိုသည်မှာ၊ ဘုရားသခင်ကို ယုံကြည်ခြင်း ဖြစ်စဉ်သည် သန့်ရှင်းသောဝိညာဉ်တော် လမ်းပြသည့် လမ်းကြောင်းကို လျှောက်လှမ်းခြင်း ဖြစ်စဉ်ဖြစ်၏။ သို့ဖြစ်သောကြောင့်၊ မည်သို့ပင်ဖြစ်စေ သင်လျှောက်လှမ်းနိုင်သည့် လမ်းကြောင်းတစ်ခု သင်၌ရှိရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ စုံလင်စေခြင်း လမ်းကြောင်းပေါ် သင်ခြေချရမည် ဖြစ်သည်။ အလွန်ဝေးစွာ နောက်ကျန်ရစ်ခြင်း မရှိနှင့်၊ ပြီးလျှင် အလွန်များလှသော အရေးကိစ္စများ၌ စိတ်မဝင်စားနှင့်။ ဘုရားသခင် ဦးဆောင်သည့် လမ်းကြောင်းကို အနှောင့်အယှက် ဖြစ်ပေါ်စေခြင်းမရှိဘဲ သင်လမ်းလျှောက်မှသာလျှင် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို သင် ရရှိနိုင်ပြီး ဝင်ရောက်မှုလမ်းကြောင်းကို ပိုင်ဆိုင်နိုင်ပေမည်။ ဤအရာသည်သာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီခြင်းနှင့် လူသား၏တာဝန်ကို ဖြည့်ဆည်းခြင်းအဖြစ် သတ်မှတ်၍ရပေသည်။ ဤရေစီးကြောင်းထဲက လူတစ်ဦးအနေဖြင့် လူအသီးသီးသည် ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းသင့်သည်၊ လူတို့လုပ်သင့်နေသည့်အရာကို ပို၍လုပ်ဆောင်ကာ တစ်ဇွတ်ထိုး မပြုမူသင့်ပေ။ အမှုကို ဆောင်ရွက်နေသော လူတို့သည် ၎င်းတို့၏စကားများကို ရှင်းလင်းစေရမည်၊ လိုက်လျှောက်သော လူတို့သည် အခက်အခဲကိုသည်းခံခြင်းနှင့် နာခံမှုရှိခြင်းအပေါ် ပို၍ အာရုံစိုက်ရမည်ဖြစ်ပြီး၊ အားလုံး မိမိတို့၏အနေအထားနှင့် ကိုက်ညီစွာ ပြုမူ၍ မလျော်ကန်စွာ မပြုမူရပေ။ လူတိုင်း၏ စိတ်နှလုံးထဲတွင် ၎င်းတို့မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ဆိုသည်နှင့်၊ မည်သည့် လုပ်ငန်းတာဝန် ဖြည့်ဆည်းသင့်သည်ကို ရှင်းလင်းစွာ သိသင့်သည်။ သန့်ရှင်းသောဝိညာဉ်တော် လမ်းပြသည့် လမ်းကြောင်းကို လိုက်လော့။ လမ်းလွဲမသွားနှင့်၊ သို့မဟုတ် လမ်းမမှားနှင့်။ ယနေ့၏အမှုကို သင် ရှင်းလင်းစွာ မြင်ရမည်။ ယနေ့ အမှုပြုသည့် နည်းလမ်းထဲသို့ ဝင်ရောက်ခြင်းသည် သင်တို့ လက်တွေ့လုပ်ဆောင်သင့်သည့် အရာ ဖြစ်သည်။ ယင်းမှာ ပထမဆုံး သင်တို့ဝင်ရောက်ရမည့်အရာ ဖြစ်သည်။ အခြားသောအရာများနှင့်ပတ်သက်၍ နောက်ထပ် စကားလုံးများကို မဖြုန်းတီးနှင့်။ ယနေ့ ဘုရားသခင်၏အိမ်တော်၏ အမှုကို လုပ်ဆောင်ခြင်းသည် သင်တို့ ဝတ္တရားဖြစ်သည်၊ ယနေ့၏ အမှုနည်းလမ်းထဲသို့ ဝင်ရောက်ခြင်းသည် သင်တို့၏တာဝန်ဖြစ်ပြီး၊ ယနေ့၏သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် သင်တို့၏ဝန်တာဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်မှန်မှုအပေါ် သာ၍အာရုံစိုက်လော့

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၅၈

ကမ္ဘာကြီးထဲသို့ သင်ငိုယိုကာ ဖွားမြင် ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် သင်၏တာဝန်များကို စတင် ထမ်းဆောင် ရပါတော့သည်။ ဘုရားသခင်၏ အစီအစဉ်နှင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၂၄

လူသည် လေးနက်စွာ ရှင်သန်နေထိုင်ရန် ရှာဖွေလိုက်လျှောက်ရမည်ဖြစ်ပြီး သူ၏ လက်ရှိ အခြေ အနေများဖြင့် ရောင့်ရဲမနေသင့်ပါ။ ပေတရု၏ ပုံရိပ်အတိုင်း...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၁၀

ဘုရားသခင်ကို ယုံကြည်ခြင်းသည် သင်၏ ရည်ရွယ်ချက်များနှင့် အမြင်များကို မှန်ကန်စွာ စနစ်တကျ ထားရှိဖို့ လိုအပ်၏။ သင်သည် ဘုရားသခင်၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၀၉

ဘုရားသခင်ကို ယုံကြည်ဖို့၊ သင်သည် အနည်းဆုံးအနေဖြင့် ဘုရားသခင်နှင့် မှန်ကန်သော ဆက်ဆံရေးရှိခြင်းနှင့် သက်ဆိုင်သည့် ကိစ္စကို ဖြေရှင်းရမည်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။