ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၉၃

20.09.2020

ဘုရားသခင်သည် ကျေးဇူးတော်ခေတ်တွင် တတိယမြောက် ကောင်းကင်ကို ပြန်သွားစဉ်က ဘုရားသခင်၏ လူသားမျိုးနွယ် အားလုံးကို ရွေးနှုတ်သော အမှုတော်သည် အဆုံးသတ်ပိုင်း အခန်းကို အမှန်အားဖြင့် ရွေ့ခဲ့ပြီးသားဖြစ်သည်။ လောကတွင် ကျန်ရစ်သော အရာအားလုံးသည် ယေရှု သယ်ဆောင်ခဲ့သော ကားတိုင်၊ ယေရှု ရစ်ပတ်ခြင်းခံခဲ့ရသော ပိတ်စကောင်းနှင့် ယေရှု ဝတ်ဆင်ခဲ့သော ဆူးဦးရစ်နှင့် နီသောဝတ်လုံတို့ (ဤပစ္စည်းများသည် ယုဒလူများက သူ့ကို ပြက်ရယ်ပြုရန် အသုံးပြုခဲ့သော အရာများဖြစ်သည်) ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ ကားစင်တင် အသေခံခြင်းသည် အခိုက်အတန့်မျှ အုတ်အော်သောင်းတင်း ဖြစ်စေခဲ့ပြီးနောက်တွင် အေးဆေး တည်ငြိမ်သွားခဲ့သည်။ ထိုအချိန်မှစကာ ယေရှု၏ တပည့်တော်များသည် သူ၏ အမှုတော်ကို ရှေ့ဆက် လုပ်ဆောင်ကြကာ နေရာတိုင်းက အသင်းတော်များကို ထိန်းကျောင်းကြ၊ ရေလောင်းကြသည်။ သူတို့ အမှုတော်၏ ရည်ရွယ်ချက်ဟူမူကား၊ လူသားအားလုံး နောင်တရရန်၊ သူတို့၏ အပြစ်များ ဝန်ခံရန်နှင့် ဗတ္တိဇံခံရန် ဖြစ်သည်။ တမန်တော်များ အားလုံးသည် ယေရှု ကားစင်တင် အသေခံခြင်း၏ အတွင်းပိုင်း ဇာတ်လမ်းနှင့် အဘယ်အရာ အမှန်တကယ် ဖြစ်ခဲ့သည်ကို ဖြန့်ဝေခဲ့ ကြသည်။ အယောက်တိုင်းသည် သူတို့၏ အပြစ်များကို ဝန်ခံရန် ယေရှု ရှေ့မှောက်တွင် လဲကျကြရုံမှလွဲ၍ ဘာမျှ မတတ်နိုင်ခဲ့ကြချေ။ ထို့အပြင် တမန်တော်များသည် ယေရှု ဟောခဲ့သော နှုတ်ကပတ်တော်များကို နေရာတိုင်းသို့ သွားရောက်ပြန့်ပွားစေခဲ့ကြသည်။ ထိုအချိန်မှစကာ ကျေးဇူးတော်ခေတ်တွင် အသင်းတော်များ တည်ဆောက်ခြင်း စတင်ခဲ့သည်။ ယေရှုသည် ထိုခေတ်အတွင်း၌ ပြောခဲ့သည့် အကြောင်းအရာများသည်လည်း လူသား၏ အသက်တာနှင့် ကောင်းကင် ခမည်းတော်၏ အလိုတော်ကို အာရုံစိုက်ခဲ့သည်။ ခေတ်များသည် ခြားနား သောကြောင့်သာ ထိုပြောဆိုမှုများနှင့် လက်တွ့လုပ်ဆောင်မှုများ ထဲမှ များစွာသော အရာတို့သည် ယနေ့နှင့် ကြီးမားစွာ ခြားနားနေခြင်း ဖြစ်သည်။ သို့သော်လည်း နှစ်ခုစလုံး၏ အနှစ်သာရသည် တူညီသည်။ နှစ်ခုစလုံးသည် ဇာတိပကတိ၌ ဘုရားသခင် ဝိညာဉ်တော်၏ အမှုတော်ထက် မပိုသလို မလျော့ခဲ့ပေ။ ထိုသို့ အမှုတော်မျိုးနှင့် ထိုနှုတ်ကပတ်တော်များသည် ယနေ့တိုင် ဆက်လက်ဖြစ်နေသည်။ ထို့ကြောင့်ပင် ယနေ့ ဘာသာရေး အသင်းတော်များတွင် ဝေမျှဆဲအရာသည် ထိုအရာမျိုးဖြစ်ကာ လုံးဝကို ပြောင်းလဲခြင်းမရှိပေ။ ယေရှု၏ အမှုတော် အဆုံးသတ်ခဲ့စဉ်က ယေရှု ခရစ်တော်၏ လမ်းကြောင်းမှန်သည် လောကတွင် သက်ရောက်မှု ရှိနေဆဲဖြစ်သော်လည်း ဘုရားသခင်သည် သူ့အမှုတော်၏ နောက်တစ်ဆင့်ဖြစ်သော နောက်ဆုံးသောကာလတွင် လူ့ဇာတိခံယူခြင်း ကိစ္စအတွက် အစီအစဉ်ကို စတင်ခဲ့သည်။ လူသားအဖို့ ဘုရားသခင်၏ ကားစင်တင် အသေခံခြင်းသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း အမှုတော်ကို အဆုံးသတ်ခဲ့ခြင်း၊ လူသားမျိုးနွယ် အားလုံးကို ရွေးနှုတ်ခဲ့ခြင်းနှင့် မရဏာနိုင်ငံ၏ သော့ကို သိမ်းပိုက်ရန် ကိုယ်တော့်ကို ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ အယောက်တိုင်းက ဘုရားသခင်၏ အမှုတော်သည် အပြည့်အ၀ အဆုံးသတ်ခဲ့သည်ဟု တွေးကြသည်။ အမှန်တွင် ဘုရားသခင်အဖို့ သူ့အမှုတော်၏ အနည်းငယ်သော အပိုင်းသာ ပြီးမြောက်ခဲ့ခြင်းဖြစ်သည်။ သူသည် လူသားမျိုးနွယ်ကို ရွေးနှုတ်ခဲ့ရုံသာ ရှိသေးသည်၊ လူသားထဲရှိ စာတန်၏ အကျည်းတန်မှုကို ပြောင်းလဲရန် မဆိုထားနှင့်၊ သူသည် လူသားကို သိမ်းပိုက်ခဲ့ခြင်းပင် မရှိသေးပေ။ ထို့ကြောင့်ပင် ဘုရားသခင်မှ “ငါ၏ ခံယူထားသော လူ့ဇာတိသည် သေဆုံးခြင်း၏ နာကျင်မှုကို ဖြတ်သန်းခဲ့ရသော်လည်း ထိုအရာကား ငါ၏ လူ့ဇာတိခံခြင်း ပန်းတိုင်တစ်ခုလုံး မဟုတ်ပေ။ ယေရှုသည် ငါ၏ ချစ်လှစွာသော သားတော်ဖြစ်ကာ ကားတိုင်တွင် ငါ့အဖို့ သံမှိုဆွဲနှက် ခံခဲ့ရသော်လည်း သူသည် ငါ၏ အမှုတော်ကို အပြည့်အ၀ အဆုံးမသတ်ခဲ့ပေ။ သူသည် ယင်းအမှုတော်၏ တစ်ပိုင်းကိုသာ လုပ်ဆောင်ခဲ့သည်” ဟု မိန့်တော်မူခြင်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် လူ့ဇာတိခံခြင်း အမှုတော်ကို ဆက်လက် လုပ်ဆောင်ရန် အစီအစဉ်များ၏ ဒုတိယအဆင့်ကို စတင်ခဲ့သည်။ ဘုရားသခင်၏ အဆုံးစွန် ရည်ရွယ်ချက်မှာ စာတန်၏လက်မှ ကယ်တင်ခဲ့သော အယောက်တိုင်းကို စုံလင်စေရန်နှင့် ရရှိရန်ဖြစ်သည်။ ဤအကြောင်းကြောင့်ပင် ဘုရားသခင်သည် လူ့ဇာတိခံယူခြင်းငှာ အန္တရာယ်များ စွန့်စားရန် နောက်ထပ် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ “လူ့ဇာတိခံယူခြင်း” ဟု ခေါ်ဆိုသော အရာမှာ ဇာတိပကတိသည် ကိုယ်တော်နှင့်အတူ ဘုန်းတော်ကို မယူဆောင်လာဘဲ (ဘုရားသခင်၏ အမှုတော်သည် မပြီးဆုံးသေးသောကြောင့်) သူသည် ချစ်လှစွာသော သားတော်၏ ပင်ကိုလက္ခဏာတွင် ပေါ်ထွန်းခြင်းနှင့် သူသည် ဘုရားသခင် အလွန် စိတ်ကျေနပ်သော ခရစ်တော် ဖြစ်ခြင်းကို ဆိုလိုသည်။ ထို့ကြောင့်ပင် ဤအရာကို အန္တရာယ်ကို “ရဲဝင့်စွာရင်ဆိုင်ခြင်း” ဟု ပြောခဲ့ခြင်း ဖြစ်သည်။ လူဇာတိခံယူသော အသွေးအသားသည် အလွန်သေးငယ်သော တန်ခိုးသာရှိပြီး သူ၏တန်ခိုးမှာ ကောင်းကင်ဘုံရှိ ခမည်းတော်၏ အာဏာနှင့် မိုးနှင့်မြေကဲ့သို့ ကွာခြားသည်။ အခြားအမှုတော်၌ ဝင်ပါခြင်းမရှိဘဲ ခမည်းတော် ဘုရားသခင်၏ အမှုတော်နှင့် စေခိုင်းခြင်းကို ပြီးမြောက်စေရင်း ယေရှုသည် ဇာတိပကတိ၏ သာသနာကိုသာ ဖြည့်ဆည်းသည်။ သူသည် အမှုတော်၏ တစ်ပိုင်းကိုသာ ပြီးမြောက်သည်။ ထို့ကြောင့်ပင် ဘုရားသခင်သည် ကမ္ဘာပေါ်သို့ ရောက်လာသည်နှင့် “ခရစ်တော်” ဟု ခေါ်ခြင်းခံခဲ့ရသည်။ ဤအရာမှာ မြုပ်ဝင်နေသော အဓိပ္ပာယ်ဖြစ်သည်။ ကြွလာခြင်းသည် စုံစမ်းနှောင့်ယှက်ခြင်းများ နှင့် ဒွန်တွဲနေသည်ဟု ပြောရခြင်းအကြောင်းရင်းမှာ အမှုတော်၏ စီမံကိန်းတစ်ခုကိုသာ ပြီးမြောက်ထားသောကြောင့် ဖြစ်သည်။ ထို့အပြင် ဖခမည်းတော် ဘုရားသခင်က သူ့ကို “ခရစ်တော်” နှင့် “ချစ်လှစွာသော သားတော်” ဟုသာ ခေါ်ရခြင်းနှင့် သူ့ကို ဘုန်းတန်ခိုးအားလုံး မပေးခဲ့ခြင်း အကြာင်းရင်းမှာ လူ့ဇာတိခံ ဇာတိပကတိသည် အမှုတော် စီမံကိန်း တစ်ခုကို လုပ်ဆောင်ရန် ကြွလာခြင်း ဖြစ်သောကြောင့်ပင် အတိအကျဖြစ်ကာ ကောင်းကင်ဘုံရှိ ဖခမည်းတော်ကို ကိုယ်စားပြုရန်မဟုတ်ဘဲ ယင်းအစား ချစ်လှစွာသော သားတော်၏ သာသနာကို ပြီးမြောက်ရန် ဖြစ်သည်။ ချစ်လှစွာသော သားတော်သည် သူ့ပခုံးတွင် လက်ခံထားသော စေခိုင်းချက်တစ်ခုလုံးကို ပြီးပြည့်စုံစေသောအခါ ဖခမည်းတော်သည် သူ့ကို ခမည်းတော် ဖြစ်ခြင်းနှင့်အတူ ဘုန်းတန်ခိုး အပြည့်အဝ ပေးလိမ့်မည်။ ဤအရာမှာ ကောင်းကင်စည်းမျဉ်းဖြစ်သည်ဟု ပြောနိုင်သည်။ အကြောင်းမူကား လူ့ဇာတိခံ ယူသောသူ တစ်ဦးနှင့် ကောင်းကင်က ဖခမည်းတော်သည် ခြားနားသော အခြေအနေ နှစ်ရပ်တွင် ရှိကာ သူတို့နှစ်ဦးသည် ဝိညာဉ်တော်တွင် တစ်ယောက်ပေါ် တစ်ယောက် ကြည့်ကြကာ ခမည်းတော်သည် ချစ်လှစွာသော သားတော်ကို မျက်လုံးမခွာဘဲ ကြည့်ရှုသော်လည်း သားတော်သည် အဝေးမှ ခမည်းတော်ကို မြင်ရန် မတတ်စွမ်းနိုင်ပေ။ ဤသို့ဖြစ်ရခြင်းမှာ ဇာတိပကတိ၏ လုပ်ဆောင်မှုသည် အလွန် သေးငယ်ကာ သူ၌ အချိန်မရွေး အသတ်ခံရနိုင်သော အလားအလာရှိသည်။ ထို့ကြောင့် ဤကြွလာမှုသည် ကြီးမားသော အန္တရာယ်နှင့် ဒွန်တွဲနေသည်ဟု ပြောခဲ့သည်။ ဤအရာမှာ ဘုရားသခင်မှ နောက်တစ်ကြိမ် သူ၏ ချစ်လှစွာသော သားတော်ကို စွန့်လွှတ်ခြင်းနှင့် သူ့ကို ခြင်္သေ့၏ ခံတွင်းထဲသို့ ထည့်လိုက်ခြင်းနှင့် တန်းတူညီပေသည်။ ဘုရားသခင်သည် သူ့ကို စာတန် အများဆုံး အာရုံထားသော နေရာတွင် ထည့်လိုက်ခြင်းမှာ အသက်အန္တရာယ်ကို စွန့်စားခြင်း ဖြစ်သည်။ ထိုသို့ကြောက်ရွံ့ဖွယ် အကျပ်အတည်းတွင်ပင်လျှင် ဘုရားသခင်သည် သူ၏ ချစ်လှစွာသော သားတော်ကို ညစ်ညမ်း၍ ကိုယ်ကျင့်သိက္ခာ ကင်းမဲ့သော နေရာမှ လူများထံ သူတို့အဖို့ “ပြုစုပျိုးထောင်ရန်” ပေးဆဲဖြစ်သည်။ အကြောင်းမူကား၊ ဤအရာမှာ ဘုရားသခင်၏ အမှုတော်ကို အလုံးစုံ အဓိပ္ပာယ် ရှိစေရန် တစ်ခုတည်းသော နည်းလမ်းနှင့် ခမည်းတော် ဘုရားသခင်၏ ဆန္ဒများအားလုံးကို ဖြည့်ဆည်းရန် နှင့် လူသားမျိုးနွယ်ကြား သူ့အမှုတော်၏ နောက်ဆုံးသော အပိုင်းကို ပြီးမြောက်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ယေရှုသည် ခမည်းတော် ဘုရားသခင် အမှုတော်၏ အဆင့်တစ်ခုကိုသာ ပြီးမြောက်ခဲ့သည်။ လူ့ဇာတိခံ ဇာတိပကတိ အတားအဆီးနှင့် ပြီးမြောက်ထားသော အမှုတော်၌ ခြားနားခြင်းများကြောင့် ယေရှု ကိုယ်တိုင်သည် ဒုတိယအကြိမ် လူ့ဇာတိခံခြင်း ရှိမည်ကို မသိခဲ့ပေ။ ထို့ကြောင့် ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် ထပ်မံ၍ လူဇာတိခံယူမည်၊ တစ်နည်းအားဖြင့် သူသည် လူဇာတိခံယူခဲ့စဉ်က သူ့အမှုတော်၏ ဒုတိယပိုင်းကို ထပ်မံလုပ်ဆောင်ရန် တဖန်လူဇာတိခံလိမ့်မည်ဟု မည်သည့်ကျမ်းစာပညာရှင် သို့မဟုတ် မည်သည့်ပရောဖက်ကမျှ ပြတ်ပြတ်သားသား ဟောကိန်းမထုတ်ရဲခဲ့ကြပေ။ ထို့ကြောင့် မည်သူကမျှ ဘုရားသခင်သည် ရှေ့ယခင်ကတည်းက လူဇာတိ၌ ကိုယ်တော်တိုင် ပုန်းကွယ်နေခဲ့ပြီဖြစ်ကြောင်း နားလည်သဘောပေါက်ခြင်း မရှိခဲ့ပေ။ ယေရှုသည် ရှင်ပြန် ထမြောက်ကာ ကောင်းကင်သို့ တက်ကြွပြီးမှသာ သူသည် ဤစေခိုင်းချက်ကို လက်ခံခဲ့သဖြင့် အံ့သြစရာမဟုတ်ပေ၊ ထို့ကြောင့် ဘုရားသခင်၏ ဒုတိယကြိမ်မြောက် လူ့ဇာတိခံယူခြင်းအကြောင်း ပြတ်သားသော အနာဂတ္တိစကားမရှိဘဲ ယင်းက လူသား၏ဉာဏ်ပညာအတွက် မှန်းဆ၍မရနိုင်ပေ။ သမ္မာကျမ်းစာထဲရှိ မြောက်မြားစွာသော အနာဂတ္တိကျမ်းများအားလုံးတွင် ဤအရာကို ရှင်းလင်းစွာဖော်ပြသည့် စကားလုံးများ မရှိခြင်းဖြစ်သည်။ သို့သော်လည်း အမှုပြုရန် ယေရှုကြွလာခဲ့သောအခါ အပျိုကညာက ပဋိသန္ဓေစွဲပြီး သားယောက်ျားလေးကို ဖွားမြင်လိမ့်မည်၊ ဆိုလိုသည်မှာ သူက သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေ စွဲယူခဲ့ကြောင်း ရှင်းလင်းသော အနာဂတ္တိစကား ရှိမထားခဲ့ခြင်း ဖြစ်သည်။ သို့သော်ငြားလည်း ဘုရားသခင်က ဤအရာသည် သေခြင်းတရားကို ပဓာနမထားဘဲ ဖြစ်သောကြောင့် ယင်းက ယနေ့တွင် အကြောင်းကိစ္စ အဘယ်သို့ပို၍ ဖြစ်မည်နည်း။ ဘုရားသခင်က ယခုအကြိမ် လူ့ဇာတိခံယူခြင်း သည် ကျေးဇူးတော် ခေတ်အတွင်းက ထိုအရာထက် အဆထောင်ပေါင်းများစွာ အန္တရာယ်ကို စွန့်စားခြင်းဖြစ်သည်ဟု ပြောသည်မှာ အံ့သြစရာမရှိပေ။ နေရာများစွာ၌ ဘုရားသခင်သည် သိနိမ်မြေတွင် အောင်မြင်သူများ အဖွဲ့ကို ရမည်ဟု ပရောဖက်ပြုခဲ့သည်။ အောင်မြင်သူများကို ရမည့်နေရာသည် ကမ္ဘာ၏ အရှေ့ပိုင်းဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင်သည် သူ၏ ဒုတိယအကြိမ် လူ့ဇာတိခံခြင်းတွင် ခြေချသည့် နေရာမှာ အဆင်းနီသော နဂါးကြီးမှ ခွေလျက် လဲလျောင်းသော နေရာအတိအကျဖြစ်သည့် သိနိမ်မြေ ဖြစ်သည်မှာ သံသယရှိစရာမလိုပေ။ ဘုရားသခင်သည် ထိုနေရာမှာ အဆင်းနီသောနဂါးကြီးမှ ဆင်းသက်လာသူများကို ရယူမည် ဖြစ်သည်၊ သို့မှသာ ၎င်းကို လုံးလုံး လျားလျား သိမ်းပိုက်ကာ အရှက်ရစေမည်ဖြစ်သည်။ ဘုရားသခင်သည် နက်နဲစွာ နာကျင်မှု ခံစားရသော ဤလူများကို နိုးထစေရန်၊ သူတို့ကို အကြွင်းမဲ့ နိုးထစေရန်နှင့် မြူထူရာမှ ထွက်ကာ အဆင်းနီသော နဂါးကြီးကို ငြင်းပယ်စေရန် အလိုရှိသည်။ ဘုရားသခင်သည် သူတို့၏ အိပ်မက်မှ သူတို့ကို နိုးထရန်၊ သူတို့ကို အဆင်းနီသော နဂါးကြီး၏ အနှစ်သာရကို သိရန်၊ သူတို့၏ နှလုံးသားအားလုံးကို ဘုရားသခင်ထံ ပေးရန်၊ မှောင်မိုက်တန်ခိုး၏ ဖိနှိပ်မှုမှ ရုန်းထွက်ရန်၊ ကမ္ဘာ၏ အရှေ့ပိုင်းတွင် ထကြွရန်နှင့် ဘုရားသခင် အောင်မြင်မှု၏ သက်သေဖြစ်ရန် အလိုရှိသည်။ သို့မှသာ ဘုရားသခင်သည် ဘုန်းတန်ခိုးရလိမ့်မည်။ ဤအကြောင်းပြချက် သက်သက်ကြောင့် ဘုရားသခင်သည် ဣသရေလမြေ၌ အဆုံးသတ်ခဲ့သော အမှုတော်ကို အဆင်းနီသော နဂါးကြီး ခွေလျက် လဲလျောင်းရာ မြေသို့ ယူဆောင်ခဲ့သည်၊ ထွက်ခွာပြီးနောက် နှစ် ၂၀၀၀ နီးနီးတွင် ကျေးဇူးတော်ခေတ်က အမှုတော်ကို ဆက်လက် လုပ်ဆောင်ရန် လူ့ဇာတိကို တစ်ဖန်ခံယူသည်။ လူသား၏ ပကတိ မျက်လုံးအတွက် ဘုရားသခင်သည် ဇာတိပကတိတွင် အမှုတော်သစ်ကို အစပျိုးခြင်း ဖြစ်သည်။ သို့သော်လည်း ဘုရားသခင်အဖို့ သူသည် နှစ်ထောင်ပေါင်း အနည်းငယ်သာ ကာလခြားနားကာ အမှုတော်၏ တည်နေရာနှင့် အမှုတော်၏ စီမံကိန်းတွင် ပြောင်းလဲမှု တစ်ခုသာရှိသည့် ကျေးဇူးတော်ခေတ်က အမှုတော်ကို ဆက်လက် လုပ်ဆောင်ခြင်း ဖြစ်သည်။ ယနေ့ကာလ၏ အမှုတော်၌ ဘုရားသခင်မှ ခံယူသော ဇာတိပကတိ၏ ပုံသဏ္ဌာန်သည် ယေရှုနှင့် အတော်အတန် ခြားနားသော ပုဂ္ဂိုလ်ဖြစ်သော်လည်း သူတို့သည် တူညီသော အနှစ်သာရနှင့် ဇာစ်မြစ်ကို မျှဝေကြကာ သူတို့သည် တူညီသော ရင်းမြစ်မှ လာသည်။ သူတို့၌ အပြင်ပိုင်း ခြားနားမှုများ အများအပြား ရှိကောင်းရှိမည် ဖြစ်သော်လည်း သူတို့၏ အတွင်းပိုင်း သမ္မာတရားများသည် အကြွင်းမဲ့ ထပ်တူကျသည်။ စင်စစ်အားဖြင့် ခေတ်များသည် နေ့နှင့်ညသဖွယ်သာ ခြားနားသည်။ ဘုရားသခင်၏ အမှုတော်သည် မပြောင်းလဲဘဲ မည်သို့ရှိနိုင်မည်နည်း။ သို့မဟုတ် အမှုတော်သည် တစ်ခုနှင့်တစ်ခု မည်သို့ ကြားဝင်နှောင့်ယှက်နိုင် မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၆)

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။