ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၄၉

ပညာမရှိသော ထိုသူများသာမက မာနကြီးသူများသည် ၎င်းတို့အတတ်နိုင်ဆုံး ကြိုးစားခြင်း သို့မဟုတ် ၎င်းတို့၏တာဝန်ကို လုပ်ဆောင်ရမည့်အစား ၎င်းတို့ တောင်းသောအရာမှာ ရသင့်ရထိုက်သကဲ့သို့ ၎င်းတို့သည် လက်များကို ဆန့်တန်းကာ ကျေးဇူးတော်ကို တောင်းခံကြသည်။ ထို့အပြင် ၎င်းတို့သည် ၎င်းတို့ တောင်းသောအရာကို အကယ်၍ မရခဲ့ပါက ၎င်းတို့သည် ပို၍ပင် သစ္စာပျက်ပြားသွားကြသည်။ ထိုသို့သောလူများကို အသိစိတ်ရှိသောသူများဟု မည်ကဲ့သို့ သတ်မှတ်နိုင်မည်နည်း။ သင်တို့၏ အစွမ်းအစမှာ ညံ့ဖျင်းပြီး သင်တို့၌ ဆင်ခြင်တုံတရား မရှိ၊ စီမံခန့်ခွဲသော အမှုပြုနေစဉ် သင်တို့ ကျေပွန်အောင်ထမ်းဆောင်သင့်သော တာဝန်ကိုလည်း ကျေပွန်အောင်ထမ်းဆောင်နိုင်စွမ်း လုံးဝမရှိ။ သင်တို့၏တန်ဖိုးသည် သိသိသာသာ တရှိန်တိုး ကျဆင်းသွားနှင့်ပြီ။ သင်တို့ကို ထိုကဲ့သို့ မျက်နှာသာပေးခြင်းအတွက် သင်တို့ ငါ့ကို ကျေးဇူးဆပ်ရန်ပျက်ကွက်ခြင်းမှာ အလွန်အကျွံ ဆန့်ကျင်ပုန်ကန်သော လုပ်ရပ်တစ်ခု ဖြစ်နှင့်နေပြီး သင်တို့ကို ပြစ်ဒဏ်ချမှတ်ရန်နှင့် သင်တို့၏သတ္တိနည်းခြင်း၊ ညံ့ဖျင်းခြင်း၊ ယုတ်ညံ့ခြင်းနှင့် အသုံးမကျခြင်းကို ထင်ရှားစွာပြရန် အကြောင်းရင်းလုံလောက်သည်။ သင်တို့၏လက်များကို ဆန့်တန်းရန် သင်တို့ မည်သို့ဆက်လက်အရည်အချင်း ပြည့်မီနိုင်ဦးမည်နည်း။ သင်တို့သည် ငါ၏အမှုအတွက် လုံးဝ အထောက်အကူဖြစ်နိုင်စွမ်းမရှိ၊ သင်တို့၏ ယုံကြည်ခြင်း ခိုင်မြဲမှုမရှိဘဲ ငါ့အတွက် သက်သေရပ်တည်နိုင်စွမ်းမရှိ။ ၎င်းတို့သည် သင်တို့၏ မကောင်းမှုများနှင့် ချွတ်ယွင်းချက်များ ဖြစ်နှင့်နေသော်လည်း သင်တို့သည် ငါ့ကို တိုက်ခိုက်ကြသေးသည်၊ ငါ့အကြောင်း မမှန်မကန် ပြောပြီး ငါသည် မဖြောင့်မတ်ကြောင်း ညည်းညူကြသေးသည်။ ဤအရာသည် သင်တို့၏ သစ္စာစောင့်သိခြင်းနှင့်ညီမျှသောအရာ ဖြစ်သလော။ ဤအရာသည် သင်တို့၏ချစ်ခြင်းနှင့်ညီမျှသောအရာ ဖြစ်သလော။ ဤအရာအပြင် အခြားမည်သည့်အမှုကို သင်တို့ ပြုနိုင်သနည်း။ ပြုခဲ့ပြီးသောအမှုအလုံးစုံတို့တွင် သင်တို့ မည်ကဲ့သို့ ပါဝင်ပေးဆပ်ခဲ့ပြီးပြီနည်း။ သင်တို့ မည်မျှ အကုန်အကျခံခဲ့ပြီးပြီနည်း။ သင်တို့အပေါ် ငါအပြစ်မတင်ခြင်းသည်ပင်လျှင် ကြီးမားသော သနားခြင်းကရုဏာပြသည့်အမှု ဖြစ်နှင့်ပြီ၊ သို့သော်လည်း သင်တို့သည် အရှက်တရားကင်းမဲ့စွာဖြင့် ငါ့ကို ဆင်ခြေများပေးပြီး ငါနှင့်ပတ်သက်၍ မကျေနပ်ကြောင်း တီးတိုး ပြောဆိုကြသေးသည်။ သင်တို့၌ လူ့သဘာဝအရောင်အသွေး အနည်းငယ်မျှပင် သန်းသလော။ လူ၏တာဝန်သည် လူ၏စိတ်နှင့် သူ၏အယူအဆများကြောင့် အမည်းစက်ထင်ခဲ့သော်လည်း သင်၏တာဝန်ကို သင်ထမ်းဆောင်ရန်နှင့် သင်၏ယုံကြည်ခြင်း ခိုင်ခံရန်လိုအပ်သည်။ လူပြုသောအမှုထဲမှ မစင်ကြယ်ခြင်းများမှာ သူ၏အစွမ်းအစကြောင့်ဖြစ်သော ကိစ္စတစ်ခုဖြစ်သည်၊ အမှန်မှာ လူသည် သူ၏တာဝန်ကို မထမ်းဆောင်ပါက ၎င်းသည် သူ၏ဆန့်ကျင်ပုန်ကန်ခြင်းကို ဖော်ပြခြင်းဖြစ်သည်။ လူ၏တာဝန်နှင့် သူကောင်းချီးမင်္ဂလာခံစားရခြင်း သို့မဟုတ် ကျိန်ခြင်းအမင်္ဂလာခံရခြင်း အကြားတွင် အပြန်အလှန်ဆက်စပ်မှု မရှိ။ တာဝန်မှာ လူအနေဖြင့် ကျေပွန်အောင် ထမ်းဆောင်ရမည့် အရာဖြစ်သည်၊ ၎င်းသည် မလွှဲမရှောင်သာ သူထမ်းဆောင်ရမည့်တာဝန်ဖြစ်ပြီး ဆုလာဘ်ကို မျှော်ကိုးခြင်း၊ အခြေအနေများ သို့မဟုတ် အကြောင်းပြချက်များပေါ်တွင် မမူတည်သင့်ပါ။ ထိုအခါမှသာ သူ၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ကောင်းချီးမင်္ဂလာခံစားရသော လူတစ်ဦးသည် တရားစီရင်ခြင်းပြီးနောက် ပြီးပြည့်စုံခြင်းသို့ ရောက်သည့်အခါ ကောင်းမြတ်ခြင်းကို ခံစားရသည်။ ကျိန်ခြင်းအမင်္ဂလာခံရသော လူတစ်ဦးသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို ခံရပြီးနောက် စိတ်သဘောထား မပြောင်းလဲသည့်အခါ ပြစ်ဒဏ်ပေးခြင်းကို ခံရသည်၊ တစ်နည်းအားဖြင့် ၎င်းသည် စုံလင်ခြင်းသို့ရောက်ခြင်း မရှိသေး။ ဖန်ဆင်းခံသတ္တဝါဖြစ်သည့် လူသားသည် ကောင်းချီးမင်္ဂလာ ခံစားရသည်ဖြစ်စေ ကျိန်ခြင်းအမင်္ဂလာ ခံရသည်ဖြစ်စေ မိမိ၏တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်သင့်သည်၊ မိမိလုပ်သင့်သောအရာတို့ကို လုပ်ဆောင်သင့်ပြီး မိမိလုပ်နိုင်စွမ်းရှိသောအရာတို့ကို လုပ်သင့်သည်။ ဤအရာသည် ဘုရားသခင်ကို ရှာဖွေသော လူသားတစ်ဦးအတွက် အလွန်အခြေခံကျသောအရာ ဖြစ်သည်။ သင်သည် ကောင်းချီးမင်္ဂလာ ခံစားရရန်အတွက်သာ သင်၏တာဝန်ကို မထမ်းဆောင်သင့်၊ ထိုနည်းတူ ကျိန်ခြင်းအမင်္ဂလာခံရမည်ကို စိုးရိမ်ခြင်းကြောင့် လုပ်ဆောင်ရန် ငြင်းပယ်ခြင်း သင်မပြုသင့်။ ဤအရာတစ်ခုကို သင်တို့အား ငါပြောမည်၊ အကယ်၍ လူသည် သူ၏တာဝန်ကို ထမ်းဆောင်နိုင်ပါက ၎င်းသည် သူလုပ်ဆောင်သင့်သောအရာကို သူစွမ်းဆောင်သည်ဟု အဓိပ္ပာယ်ရသည်။ အကယ်၍ လူသည် သူ၏တာဝန်ကို မထမ်းဆောင်နိုင်ပါက ၎င်းသည် လူ၏ဆန့်ကျင်ပုန်ကန်မှုကို ပြသည်ဟု အဓိပ္ပာယ်ရသည်။ လူသည် သူ၏တာဝန်ကို ထမ်းဆောင်နေစဉ်မှာပင် တဖြည်းဖြည်းချင်း ပြောင်းလဲသွားခြင်းမှာ အမြဲဆိုသလို ဖြစ်ပြီး ဤသို့ ထမ်းဆောင်ခြင်းအားဖြင့် သူ၏သစ္စာစောင့်သိခြင်းကို ထင်ရှားစွာ ပြသခြင်းဖြစ်သည်။ ထိုသို့အားဖြင့် သင်သည် သင်၏တာဝန်ကို ပို၍ထမ်းဆောင်နိုင်လေ အမှန်တရားများကို သင်ပို၍ရလေဖြစ်ပြီး သင်၏ထုတ်ဖော်ပြသမှုမှာလည်း ပို၍လက်တွေ့ကျလာမည်။ မိမိတို့၏တာဝန်ကို ထမ်းဆောင်သည့်အခါ စိတ်အားထက်သန်မှုမရှိဘဲ ဝတ်ကျေတမ်းကျေမျှသာ လုပ်သောသူများနှင့် သမ္မာတရားကို မရှာဖွေသောသူများသည် အဆုံးတွင် သုတ်သင်ပယ်ရှင်းခြင်းကို ခံရမည်၊ အဘယ်ကြောင့်ဆိုသော် ထိုသို့သောလူများသည် သမ္မာတရားအတိုင်း ၎င်းတို့၏တာဝန်ကို လက်တွေ့ထမ်းဆောင်ခြင်းမရှိဘဲ ၎င်းတို့၏တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရာတွင် သမ္မာတရားကို ကျင့်သုံးခြင်းမရှိ။ ထိုသို့သောလူများသည် မပြောင်းမလဲဘဲ ကျန်ရစ်နေမည့်သူများဖြစ်ပြီး ကျိန်ခြင်းကို ခံကြရမည့်သူများဖြစ်သည်။ ၎င်းတို့၏ ထုတ်ဖော်ပြသမှုများမှာ မစင်ကြယ်သည့်အပြင် ၎င်းတို့ ထုတ်ဖော်ပြသသည့် အရာမှာလည်း ကောက်ကျစ်ဆိုးယုတ်မှုပင် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၆၄

လူသားသည် ငါ့ကိုယုံကြည်သော်လည်း ငါ့အတွက် သက်သေခံနိုင်ခြင်းမရှိ။ ထို့အပြင် ငါမည်သူဖြစ်ကြောင်း အသိမပေးမီ လူသားသည် ငါ့အတွက် သက်သေခံနိုင်ခြင်း...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၉၀

ဘုရားသခင်၏ ဝိသေသလက္ခဏာကို မည်သည့်ဖန်ဆင်းခံ၊ ဖန်ဆင်းခြင်းမခံရသည့် အရာမျှ အစားမထိုးနိုင်ပေ အရာအားလုံးကို ဖန်ဆင်းခြင်းကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၀

ဘုရားသခင်ကို မကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို မရှောင်ခြင်းမှာ ဘုရားသခင်ကို ဆန့်ကျင်ခြင်းဖြစ်သည် သင်တို့သည် ယခုအခါ ဘုရားသခင်နှင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၇၇

ဖန်ဆင်းခြင်း၏သခင်၏ ဖန်ဆင်းခံ သတ္တဝါများကို ပြုမူဆက်ဆံခြင်းနှင့်သက်ဆိုင်သည့် အဓိကကျသော ဥပဒေသတစ်ခု ရှိပြီး၊ ယင်းမှာ အမြင့်မားဆုံးသော...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။