ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၆၃

သင်သည် ခေတ်အသီးသီးတွင် ဘုရားသခင် ဖော်ပြသည့် စိတ်သဘောထားကို ခိုင်လုံသော နည်းလမ်းဖြင့်၊ ခေတ်ကာလ၏ အရေးပါမှုကို အလိုက်အထိုက်အားဖြင့် သိရှိစေသည့် ဘာသာစကားဖြင့် ဖော်ပြနိုင်သလော။ ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုကို ကြုံတွေ့ရသည့် သင်သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို အသေးစိတ် ဖော်ပြနိုင်သလော။ ဘုရားသခင်၏ စိတ်သဘောထားကို ရှင်းရှင်းလင်းလင်းနှင့် မှန်ကန်တိကျစွာ သင် ဖော်ပြနိုင်သလော။ ဖြောင့်မတ်ခြင်းတရားကို ဆာလောင်ကာ ငတ်မွတ်ပြီး ၎င်းတို့အား ထိန်းကျောင်းဖို့ သင့်ကို စောင့်မျှော်နေသည့် သနားစရာကောင်းပြီး၊ ဆင်းရဲမွဲတေကာ ဘုရားတရားရိုသေကိုင်းရှိုင်းသော ဘာသာရေး ယုံကြည်သူများကို သင် မြင်ဖူး ကြုံဖူးထားသည့်အရာကို မည်သို့ လက်ဆင့်ကမ်းမည်နည်း။ မည်သို့သော လူစားမျိုးများက ၎င်းတို့အား ထိန်းကျောင်းပေးရန်အတွက် သင့်ကို စောင့်မျှော်နေကြသနည်း။ သင် စိတ်ကူးကြည့်နိုင်သလော။ သင် ထမ်းထားရသည့် ဝန်ထုပ်ဝန်ပိုးများ၊ သင်၏ စေခိုင်းချက်တာဝန်နှင့် သင်၏ တာဝန်ဝတ္တရားများကို သင်သိရှိသလော။ သမိုင်းတွင်သည့် တာဝန်နှင့်သက်ဆိုင်သော သင်၏အသိစိတ် ဘယ်မှာနည်း။ နောင်လာမည့်ခေတ်တွင် သခင်အဖြစ် သင် မည်သို့ ပြည့်ပြည့်ဝဝ အစေခံမည်နည်း။ သခင်ဘဝနှင့်သက်ဆိုင်၍ အားကောင်းသော အသိစိတ်တစ်ခု သင်၌ ရှိသလော။ အရာခပ်သိမ်းတို့၏ သခင်ကို သင် မည်သို့ ရှင်းပြမည်နည်း။ ယင်းသည် အသက်ရှင်သော သတ္တဝါအားလုံးနှင့် ကမ္ဘာလောကထဲရှိ ရုပ်ဝတ္ထုအရာအားလုံး၏ သခင် အမှန်တကယ် ဟုတ်သလော။ အမှု၏ နောက်တစ်ဆင့် တိုးတက်မှုအတွက် သင်၌ မည်သည့်အစီအစဉ်များ ရှိသနည်း။ သင့်ကို ၎င်းတို့၏ သိုးထိန်းအဖြစ် လူမည်မျှက စောင့်မျှော်နေကြပါသနည်း။ သင်၏အလုပ်တာဝန်သည် ကြီးလေးသောအရာတစ်ခုလော။ ၎င်းတို့သည်- လမ်း အဘယ်မှာ ရှိသနည်းဟု အမှောင်ထဲတွင် မြည်တမ်းလျက်- ဆင်းရဲ မွဲတေကြသည်၊ သနားဖွယ် ဖြစ်ကြသည်၊ မျက်စိကန်းကြပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေကြပေသည်။ ဥက္ကာပျံကဲ့သို့ ရုတ်တရက် သက်ဆင်းပြီး လူကို နှစ်ပေါင်းများစွာ ဖိနှိပ်ထားသည့် အမှောင်ထု၏အင်အားများကို ဖြိုခွင်းဖို့ အလင်းကို ၎င်းတို့ တမ်းတလေစွ။ ၎င်းတို့ စိုးရိမ်တကြီး မျှော်လင့်သည့် အရာနှင့် ဤအရာအတွက် နေ့ရောညပါ ၎င်းတို့ အောက်မေ့တမ်းတကြပုံ အဆုံးစွန်အတိုင်းအတာကို မည်သူသိနိုင်သနည်း။ အလင်းရောင် ဖြတ်သန်းလင်းလက်သည့် နေ့တွင်ပင်၊ အလွန်အမင်း ဆင်းရဲဒုက္ခ ခံစားနေရသော ဤလူတို့သည် လွတ်မြောက်ရန် မျှော်လင့်ချက်မရှိဘဲ၊ မှောင်မိုက်သော အကျဉ်းတိုက်တစ်ခုထဲတွင် အကျဉ်းကျခံရလျက် ရှိနေကြ၏။ မည်သည့်အခါတွင် ၎င်းတို့ မငိုတော့ဘဲနေမည်နည်း။ မည်သည့်အခါတွင်မျှ အနားပေးခြင်းမခံခဲ့ရသော ဤနုနယ်သော ဝိညာဉ်များ၏ ကံအကြောင်းမလှသည့်ဖြစ်ရပ်မှာ ဆိုးရွားလှပြီး ရက်စက်သော အနှောင်အဖွဲ့များနှင့် အေးစက်သော သမိုင်းတို့ဖြင့် ဤအခြေအနေတွင် ၎င်းတို့ ချည်နှောင်ခံထားရသည်မှာ ကြာမြင့်ပြီဖြစ်သည်။ ၎င်းတို့၏ မြည်တမ်းခြင်းအသံကို မည်သူ ကြားဖူးသနည်း။ ၎င်းတို့၏ စိတ်မချမ်းမြေ့သော အခြေအနေကို မည်သူ မျက်မြင်တွေ့ဖူးသနည်း။ ဘုရားသခင်၏ စိတ်နှလုံးသည် မည်မျှ ဝမ်းနည်းကြေကွဲပြီး စိုးရိမ်ပူပန်သည်ကို သင်တွေးမိဖူးသလော။ သူကိုယ်တိုင်၏ လက်ဖြင့် ဖန်ဆင်းခဲ့သော အပြစ်မဲ့လူသားမျိုးနွယ်သည် ထိုသို့သော ညှဉ်းဆဲမှု ခံစားနေရသည်ကို သူ မည်သို့ မြင်ရက်နိုင်မည်နည်း။ တကယ်တမ်းမူ၊ လူသားများသည် အဆိပ်ခတ်ခံထားရသည့် သားကောင်များ ဖြစ်ကြပေသည်။ လူသားသည် ဤနေ့အထိ ရှင်ကျန်ခဲ့သော်လည်း၊ လူသားမျိုးနွယ်သည် အချိန်ကြာမြင့်စွာ ဆိုးယုတ်သူတစ်ဦး၏ အဆိပ်ခတ်ခံထားရသည်ကို မည်သူ သိခဲ့လိမ့်မည်နည်း။ သင်သည် သားကောင်များထဲမှ တစ်ဦးဖြစ်သည်ကို သင် မေ့လျော့ပြီလော။ သင်သည် ဤအသက်ရှင်ကျန်ရစ်သူများကို ကယ်တင်ဖို့ သင်၏ဘုရားသခင်ကို ချစ်ခြင်းကြောင့် ကြိုးပမ်းရန် လိုလားလျက် မရှိသလော။ လူသားမျိုးနွယ်ကို သူကိုယ်တိုင်၏ သွေးသားသဖွယ် ချစ်ခင်သည့် ဘုရားသခင်ကို ပြန်လည်ပေးဆပ်ရန် သင်၏ အားအင်ဟူသမျှကို ဆက်ကပ်ဖို့ သင် လိုလားခြင်း မရှိသလော။ နောက်ဆုံး စာရင်းချုပ်လိုက်ပါက၊ သင်၏ ထူးခြားသော အသက်တာကို အသက်ရှင်ရန် ဘုရားသခင်၏အသုံးပြုခံရခြင်းကို သင်မည်သို့ အဓိပ္ပာယ် ကောက်မည်နည်း။ သင်သည် ဘုရားတရားကိုင်းရှိုင်းသော ဘုရားသခင်ကို အစေခံသည့် လူတစ်ဦး၏ အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်ဖို့ သန္နိဌာန်နှင့် ယုံကြည်စိတ်ချမှုတို့ အမှန်တကယ် ရှိသလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏အနာဂတ်တာဝန်ကို မည်သို့ အာရုံစိုက်၍ လုပ်ဆောင်သင့်သနည်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၅၉၃

စုံလင်စေခြင်း ခံလိုသောသူအားလုံးတွင် စုံလင်စေခြင်းခံခွင့်ရှိသဖြင့် လူတိုင်း အေးအေးလူလူနေရမည်၊ နောင်တွင် သင်တို့အားလုံး...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၄၇

သင်တို့၏ ဇာတိပကတိ၊ သင်တို့၏ လွန်ကဲသော အလိုဆန္ဒများ၊ သင်တို့၏ လောဘနှင့် သင်တို့၏ တဏှာရာဂတို့သည် သင်တို့အထဲ၌ အလွန်နက်ရှိုင်းစွာ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၇၀

“ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏” ဟူသော နှုတ်ကပတ်တော်များနှင့် ပတ်သက်သည့် ခေါင်းစဉ်များနှင့် ပါဝင်သည့်အကြောင်းအရာများ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၈၀

ပထမဦးဆုံး ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းခဲ့သည့်အခါတွင် တောင်များ၊ လွင်ပြင်များ၊ သဲကန္တာရများ၊ တောင်ကုန်းများ၊ မြစ်များ၊ အင်းအိုင်များ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။