ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” | ကောက်နုတ်ချက် ၄၇၈

ပေတရုသည် စစ်ဆေးခြင်းနှင့် ဆုံးမခြင်းအား ကြုံတွေ့ခံစားခဲ့ရခြင်းမှ တစ်ဆင့် ပြီးပြည့်စုံလင် စေခြင်းကို ခံခဲ့ရသည်။ သူက “ငါသည် အချိန်တိုင်းတွင် ဘုရားသခင်၏ လိုအင်အား ကျေနပ်စေရမည်။ ငါပြုသော အရာတိုင်း၌ ဘုရားသခင်၏ လိုအင် ကျေနပ်စေရန်သာ ငါ ရှာဖွေရပြီး ငါသည် ပြစ်တင်ဆုံးမ ခံရသည် ဖြစ်စေ၊ တရားစီရင် ခံရသည်ဖြစ်စေ၊ ထိုကဲ့သို့ ပြုရခြင်းကို ပျော်ရွှင်ဆဲပင် ဖြစ်သည်” ဟု ပြောခဲ့သည်။ ပေတရုသည် သူ၏ အလုံးစုံကို ဘုရားသခင်အား ပေးခဲ့ပြီး၊ သူ၏အလုပ်၊ စကားလုံးနှင့် အသက်တာ တစ်ခုလုံး သည် ဘုရားသခင်အား ချစ်ခြင်းအကြောင်းသာ ဖြစ်ခဲ့သည်။ သူသည် သန့်ရှင်းခြင်းကို ဖွေရှာသောသူ တစ်ယောက် ဖြစ်ခဲ့ပြီး၊ သူတွေ့ကြုံခံစားရလေလေ၊ သူ၏နှလုံးသားအတွင်း နက်ရှိုင်းရာရှိ ဘုရားသခင် အတွက် သူ၏ ချစ်ခြင်းသည် သာ၍ ကြီးလာလေဖြစ်သည်။ ပေါလုမှာမူ အပြင်ပန်း အလုပ်ကိုသာ လုပ်ဆောင် ခဲ့ပြီး၊ သူသည်လည်း ကြိုးစား လုပ်ဆောင်ခဲ့ သော်ငြားလည်း၊ သူ၏ အားထုတ်မှုမှာ သူ၏ အလုပ်အား သင့်တင့်စွာ လုပ်ဆောင်ရန် အလို့ငှာဖြစ်ပြီး ထိုမှဆုလာဘ်ရယူရန် ဖြစ်သည်။ သူသည် မည်သည့် ဆုလာဘ်မျှ ရရှိလိမ့်မည် မဟုတ်ဆိုသည်အား သိခဲ့ပါက၊ သူသည် သူ၏ အလုပ်အား လက်လျှော့ခဲ့ပြီး ဖြစ်ပေလိမ့်မည်။ ပေတရု အလေးထားခဲ့သော အရာမှာမူ သူ၏ နှလုံးသားအတွင်းရှိ စစ်မှန်သော ချစ်ခြင်းကို ဖြစ်ပြီး၊ ထိုအရာ သည် လက်တွေ့ကျကာ ပြီးမြောက် အောင်မြင်နိုင်သည့် အရာလည်း ဖြစ်သည်။ သူသည် ဆုလာဘ် ရရှိလိမ့် မည်၊ မရရှိလိမ့်မည်ကို အလေးမထားခဲ့ပဲ၊ သူ၏ စိတ်သဘောထားသည် ပြောင်းလဲနိုင်ခြင်း ရှိ၊ မရှိကိုသာ အလေးထားခဲ့သည်။ ပေါလုသည် သာ၍ အလုပ်ကြိုးစားလုပ်ရန် အလေးထားခဲ့သည်၊ သူသည် အပြင်ပန်း အလုပ်နှင့် ဆက်ကပ်ခြင်းကိုသာ အလေးထားခဲ့ပြီး၊ သာမန်လူများမှ မတွေ့ကြုံသည့် အယူဝါဒများကိုသာ အလေးထားခဲ့သည်။ သူ၏အတွင်း နက်ရှိုင်းရာတွင် ပြောင်းလဲမှုများနှင့် ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်း ကို သူသည် ဘာမျှအလေးမထားခဲ့။ ပေတရု၏ အတွေ့အကြုံများမှာမူ စစ်မှန်သော ချစ်ခြင်းနှင့် စစ်မှန်သော အသိပညာကို ရရှိအောင်မြင်ရန် အလို့ငှာ ဖြစ်ခဲ့သည်။ သူ၏ အတွေ့အကြုံများသည် ဘုရားသခင်နှင့် သာ၍ နီးကပ်သော ဆက်ဆံရေးကို ရရှိရန်နှင့် လက်တွေ့ကျသော အသက်ရှင်ခြင်း ရှိရန်ပင် ဖြစ်ခဲ့သည်။ ပေါလု၏ အလုပ်မှာ ယေရှုမှ သူ့အား တာဝန်ပေး စေခိုင်းချက်ကြောင့်သာ ဖြစ်ပြီး၊ သူတောင့်တသော အရာများ ရရှိရန် အလို့ငှာ ဖြစ်သည်၊ သို့သော်ငြားလည်း ဤအရာများသည် သူကိုယ်တိုင်၏ အသိပညာနှင့် ဘုရားသခင်နှင့် ပတ်သက်၍ ဆက်နွယ်နေခြင်း မရှိခဲ့ပေ။ သူ၏ အလုပ်သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှ လွတ်မြောက်ရန် အလို့ငှာသာ ဖြစ်ခဲ့သည်။ ပေတရု ဖွေရှာခဲ့သော အရာမှာ သန့်စင်သော ချစ်ခြင်းကို ဖြစ်ပြီး၊ ပေါလု ဖွေရှာခဲ့သော အရာမှာမူ ဓမ္မသရဖူကိုပင် ဖြစ်သည်။ ပေတရုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်များကို နှစ်ပေါင်းများစွာ ကိုယ်တွေ့ကြုံခဲ့ရပြီး၊ ခရစ်တော်နှင့် ပတ်သက်၍ လက်တွေ့ကျသော အသိပညာရှိခဲ့ပြီး၊ မိမိကိုယ်တိုင်နှင့် ပတ်သက်၍ သိမ်မွေ့လေးနက်သော အသိပညာလည်း ရှိခဲ့သည်။ ထို့ကြောင့် ဘုရားသခင်အား သူ၏ချစ်ခြင်းမှာ သန့်စင်ခဲ့သည်။ နှစ်ပေါင်းများစွာကြာသော စစ်ဆေးခြင်း သည် ယေရှုနှင့် အသက်တာနှင့် ပတ်သက်သည့် သူ၏ အသိပညာကို မြှင့်တင်ပေးခဲ့သည်၊ သူ၏ ချစ်ခြင်းသည် အခြေအနေအပေါ် မမူတည်သော ချစ်ခြင်းပင် ဖြစ်သည်၊ ယင်းမှာ အလိုအလျောက် ဖြစ်တည်လာသော ချစ်ခြင်းပင် ဖြစ်ပြီး၊ သူသည် မည်သည့်အရာကိုမျှ ပြန်၍ မတောင်းခဲ့ သကဲ့သို့၊ မည်သည့် အကျိုးအမြတ်ကို လည်း မမျှော်လင့်ခဲ့ပါ။ ပေါလုသည် နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့သော်ငြားလည်း၊ သူသည် ခရစ်တော်နှင့် ပတ်သက်သည့် ကြီးမားသော အသိပညာကို မပိုင်ဆိုင်ခဲ့ပဲ၊ မိမိကိုယ်တိုင်နှင့် ပတ်သက်သည့် သူ၏ အသိပညာ မှာလည်း သနားစဖွယ် သေးနုပ်လှသည်။ သူ၌ ခရစ်တော်အတွက် ချစ်ခြင်း လုံးဝမရှိ၊ သူ၏ အလုပ်နှင့် သူပြေးခဲ့သော ပြေးလမ်းသည် နောက်ဆုံး အောင်ပန်းကို ရရှိနိုင်ရန်အတွက်သာ ဖြစ်သည်။ သူဖွေရှာခဲ့သော အရာသည် အကောင်းဆုံးသော သရဖူကိုပင်ဖြစ်ပြီး၊ အသန့်စင်ဆုံး ချစ်ခြင်း မဟုတ်ခဲ့ပေ။ သူသည် တက်ကြွစွာ ဖွေရှာခြင်း မရှိခဲ့၊ သို့သော် တုန့်ပြန်မှု အလွန်ကင်းမဲ့စွာသာ လုပ်ဆောင်ခဲ့သည်။ သူသည် သူ၏ တာဝန်အား ထမ်းဆောင်နေခြင်း မဟုတ်ပဲ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းအားဖြင့် သိမ်းပိုက် ခံရပြီးနောက်ပိုင်း သူ၏ လိုက်လျှောက်ခြင်းတွင် မရအရ လုပ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏ လိုက်လျှောက်ခြင်း မှာ သူသည် ဘုရားသခင်၏ အရည်အချင်း ပြည့်မီသော ဖန်ဆင်းခံ သတ္တဝါတစ်ဦးဖြစ်သည်ကို သက်သေ မပြပါ။ မိမိ၏ တာဝန်ကို ထမ်းဆောင်ပြီး ဘုရားသခင်၏ အရည်အချင်း ပြည့်မီသော ဖန်ဆင်းခံ သတ္တဝါ တစ်ဦးဖြစ်သူမှာ ပေတရုပင် ဖြစ်သည်။ ဘုရားသခင်ကို ပံ့ပိုးကူညီမှု ပြုခဲ့သူ အားလုံးသည် ဆုလာဘ်အား လက်ခံရရှိသင့်သည်ဟု လူက ထင်သည်၊ ပံ့ပိုးကူညီမှု သာ၍ကြီးလေလေ၊ ၎င်းတို့သည် ဘုရားသခင်၏ မျက်နှာသာကို လက်ခံရရှိသင့်သည်ဟု သာ၍ ပေါ့တန်စွာ သဘောထားလေ ဖြစ်သည်။ လူ့ ရှုထောင့်၏ အနှစ်သာရသည် အပေးအယူသဘော ဆန်သည်၊ သူသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် သူ၏ တာဝန်ကို တက်ကြွစွာ ထမ်းဆောင်ရန် ဖွေရှာခြင်းလည်း မရှိချေ။ ဘုရားသခင် အတွက်မူ၊ လူများသည် ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်းနှင့် ဘုရားသခင်အား အကြွင်းမဲ့ နာခံခြင်းကို ပို၍ ရှာလေလေ၊ ယင်းသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန် ဖွေရှာခြင်းကိုလည်း ဆိုလိုသည်၊ ဘုရားသခင်၏ မျက်နှာသာကို ပို ၍ ရလေလေ ဖြစ်သည်။ ဘုရားသခင်၏ ရှုထောင့်သည် လူအား သူ၏ နဂိုမူလ တာဝန်နှင့် အဆင့်အတန်းကို ပြန်လည်ရယူရန် အလို့ငှာ တောင်းဆိုရန် ဖြစ်သည်။ လူသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးဖြစ်သည်၊ ထို့ကြောင့် လူသည် ဘုရားသခင်အား တောင်းဆို မှုများ ပြုခြင်းဖြင့် မိမိကိုယ်ကို စည်းမကျော်သင့်ပေ၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် သူ၏ တာဝန်အား ထမ်းဆောင်ခြင်းမှလွဲ၍ ဘာမျှ မလုပ်သင့်ပေ။ ပေါလုနှင့် ပေတရုတို့၏ ပန်းတိုင်များအား ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်နိုင်ခြင်း ရှိ၊ မရှိနှင့် တိုင်းထွာသည် ဖြစ်ပြီး၊ ၎င်းတို့၏ ပံ့ပိုးကူညီမှု အရွယ်အစားအရ တိုင်းထွာသည် မဟုတ်ပေ။ ၎င်းတို့၏ ပန်းတိုင်များသည် အစအဦးကတည်းမှ ၎င်းတို့ ဖွေရှာခဲ့သော အရာနှင့်အညီ သတ်မှတ်ခံရသည် ဖြစ်ပြီး၊ ၎င်းတို့ အလုပ်မည်မျှ လုပ်ဆောင်ခဲ့သည်၊ သို့မဟုတ် ၎င်းတို့အပေါ် အခြားသူများ၏ ထင်မြင်ယူဆချက်များနှင့် သတ်မှတ်သည် မဟုတ်ပေ။ ထို့ကြောင့်၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် သူ၏ တာဝန်ကို တက်ကြွစွာ ထမ်းဆာင်ရန် ဖွေရှာခြင်းသည် အောင်မြင်မှုဆီသို့ လမ်းကြောင်းပင်ဖြစ်သည်။ ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်း၏ လမ်းကြောင်းကို ဖွေရှာခြင်းသည် အမှန်ကန်ဆုံးသော လမ်းကြောင်းပင် ဖြစ်သည်။ တစ်ယောက်သောသူ၏ ဟောင်းသော စိတ်သဘောထားအတွင်း ပြောင်းလဲမှုများနှင့် ဘုရားသခင်၏ သန့်စင် သော ချစ်ခြင်းကို ဖွေရှာခြင်းသည် အောင်မြင်မှုဆီသို့ လမ်းကြောင်းပင် ဖြစ်သည်။ ထိုကဲ့သို့သော အောင်မြင် မှုဆီသို့ လမ်းကြောင်းသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါ တစ်ဦး၏ နဂိုမူလ အသွင်အပြင်နှင့် နဂိုမူလ တာဝန်တို့ကို ပြန်လည်ရယူနိုင်မည့် လမ်းကြောင်းဖြစ်သည်။ ယင်းသည် ပြန်လည်ရယူသည့် လမ်းကြောင်း ဖြစ်ပြီး၊ ယင်းသည် အစအဦးမှစ၍ အဆုံးတိုင်အောင် ဘုရားသခင် အလုပ်အားလုံး၏ ရည်ရွယ်ချက်လည်း ဖြစ်သည်။ အကယ်၍ လူ၏ လိုက်ခြင်းသည် မိမိ၏ အတောမသတ်နိုင်သော တောင်းဆိုမှုများနှင့် ယုတ္တိ ကင်းမဲ့သော တောင့်တခြင်းများနှင့် စွန်းထင်းနေပါက၊ ပြီးမြောက်အောင်မြင်သည့် ရလဒ်သည် လူ၏ စိတ် သဘောထား၌ ပြောင်းလဲခြင်းများ ဖြစ်လိမ့်မည် မဟုတ်။ ဤအရာသည် ပြန်လည်ရယူသည့် အလုပ်နှင့် ဆန့်ကျင်သည်။ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်မှ လုပ်ဆောင်သည့် အလုပ် ဧကန်မုချ မဟုတ်ပေ၊ ထို့ကြောင့် ဤကဲ့သို့သော လိုက်ခြင်းမျိုးသည် ဘုရားသခင်၏ နှစ်သက်သည့်အရာမျိုး မဟုတ်ကြောင်း သက်သေပြနေသည်။ ဘုရားသခင်မှ မနှစ်သက်သော လိုက်လျှောက်ခြင်းသည် အဘယ်အရေးပါမှု ရှိမည်နည်း။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။