ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၈၄

သင်သည် ဘုရားသခင်ထံမှ အလင်းသစ်ကို လက်မခံနိုင်သကဲ့သို့၊ ယနေ့ ဘုရားသခင် ပြုသည့် အရာအားလုံးကို နားမလည်နိုင်ဖြစ်ကာ ယင်းကို မရှာဖွေပါက၊ သို့မဟုတ် ယင်းကို သံသယဖြစ်ပါက၊ ယင်းနှင့်ပတ်သက်၍ ဝေဖန်ပါက သို့မဟုတ် ယင်းကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ စိစစ်ပါက၊ သင်သည် ဘုရားသခင်ကို နာခံချင် စိတ်မရှိပေ။ ယခုအချိန်၏ အလင်းပေါ်ထွန်းသည့်အခါ၊ သင်သည် ယမန်နေ့၏ အလင်းကို တန်ဖိုးထားဆဲဖြစ်ပြီး၊ ဘုရားသခင်၏ အမှုသစ်ကို ဆန့်ကျင်ပါက၊ သင်သည် အဓိပ္ပာယ်မဲ့သောသူ တစ်ဦးသာဖြစ်၏- သင်သည် ဘုရားသခင်ကို တမင်သက်သက် ဆန့်ကျင်သူများထဲမှတစ်ဦး ဖြစ်သည်။ ဘုရားသခင်ကို နာခံခြင်း၏ အဓိကသော့ချက်မှာ အလင်းသစ်ကို အသိအမှတ်ပြုခြင်းနှင့် ယင်းကို လက်ခံကာ လက်တွေ့လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ ဤတစ်ခုတည်းသာ စစ်မှန်သော နာခံခြင်း ဖြစ်သည်။ ဘုရားသခင်အား တမ်းတရန် အလိုဆန္ဒ ကင်းမဲ့သူများသည် သူ့ကို တမင်တကာ နာခံခြင်းငှာ မတတ်စွမ်း နိုင်ကြသကဲ့သို့၊ ရှိရင်းစွဲအခြေအနေကို ၎င်းတို့ စိတ်ကျေနပ်ခြင်း၏ ရလဒ်တစ်ခုအဖြစ် ဘုရားသခင်ကို ဆန့်ကျင်ရုံသာ ဆန့်ကျင်နိုင် ကြပေသည်။ လူသားသည် ဘုရားသခင်ကို မနာခံနိုင်သည်မှာ ၎င်းသည် ယခင်က လာခဲ့သည့်အရာကို စိတ်စွဲနေသောကြောင့် ဖြစ်သည်။ ယခင်က လာခဲ့သည့် အရာများသည် လူတို့ကို ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများနှင့် စိတ်ကူးမျိုးစုံတို့ကို ပေးပြီးဖြစ်ကာ ဤအရာများသည် ၎င်းတို့၏ စိတ်များထဲ၌ ဘုရားသခင်၏ ပုံရိပ် ဖြစ်လာပြီးဖြစ်သည်။ ထို့ကြောင့်၊ ၎င်းတို့ ယုံကြည်သည့် အရာများသည် ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများဖြစ်ပြီး၊ ၎င်းတို့၏ ကိုယ်ပိုင် စိတ်ကူးများ နှင့်ဆိုင်သော စံနှုန်းများ ဖြစ်သည်။ ယနေ့တွင် တကယ့်အမှုကိုပြုသော ဘုရားသခင်နှင့် သင်၏စိတ်ကူး၌ရှိသည့် ဘုရားသခင်ကို ယှဉ်၍ သင် တိုင်းတာပါက၊ သင်၏ယုံကြည်ခြင်းသည် စာတန်ထံမှလာပြီး၊ သင်၏ ကြိုက်နှစ်သက်မှုများဖြင့် စွန်းထင်းနေပေသည်- ဘုရားသခင်သည် ဤသို့သော ယုံကြည်ခြင်းမျိုးကို မလိုလားပေ။ ၎င်းတို့၏ အရည်အချင်းများ မည်မျှမြင့်မားသည်ကို ပဓာနမထားဘဲ၊ ပြီးလျှင် ၎င်းတို့၏ ဆက်ကပ်မှုများကို ပဓာနမထားဘဲ- ၎င်းတို့သည် ဘုရားသခင်၏အမှုအဖို့ တစ်သက်တာ အားထုတ်မှုများကို ဆက်ကပ်ပြီးဖြစ်ကာ မိမိတို့ကိုယ်ကိုယ် အသက်စတေးပြီးဖြစ်လျှင်ပင်- ဘုရားသခင်သည် ဤကဲ့သို့သော ယုံကြည်ခြင်းရှိသည့် မည်သူကိုမျှ မထောက်ခံပေ။ သူသည် ၎င်းတို့အပေါ် ကျေးဇူးတော် အနည်းငယ်မျှသာ အပ်နှင်းပြီး၊ ယင်းကို အချိန်တစ်ခုကြာ မွေ့လျော်ခွင့်ပေးလေသည်။ ဤသို့သော လူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိကြပေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အတွင်းတွင် အလုပ် မလုပ်သကဲ့သို့၊ ဘုရားသခင်သည် ၎င်းတို့အသီးသီးကို တစ်ယောက်တစ်လဲ ဖယ်ရှားမည်ဖြစ်သည်။ အသက်ကြီးသောသူများဖြစ်စေ၊ အသက်ငယ်သော သူများ ဖြစ်စေ၊ ၎င်းတို့၏ ယုံကြည်ခြင်းတွင် ဘုရားသခင်ကို မနာခံသကဲ့သို့၊ မှားယွင်းသော ရည်ရွယ်ချက်များရှိသူတို့သည် ဆန့်ကျင်သူများနှင့် နှောင့်ယှက်သူများဖြစ်ပြီး၊ ထိုသို့သောလူများသည် ဘုရားသခင်၏ မလွဲမသွေ ဖယ်ရှားခြင်း ခံရလိမ့်မည်ဖြစ်သည်။ ဘုရားသခင်ကို အနည်းငယ်မျှ နာခံခြင်း မရှိသူများ၊ သူ၏နာမကို အသိအမှတ်ပြုရုံမျှ ပြုသူများနှင့် ဘုရားသခင်၏ သနားကြင်နာမှုနှင့် ချစ်ဖွယ်ကောင်းခြင်း နှင့်ဆိုင်သည့် အသိစိတ်အချို့ ရှိသော်လည်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ ခြေလှမ်းများကို အမီမလိုက်သကဲ့သို့၊ သန့်ရှင်းသောဝိညာဉ်တော်၏ လက်ရှိအလုပ်နှင့် နှုတ်ကပတ်တော်များကို မနာခံသောသူများ- ထိုသို့သော လူများသည် ဘုရားသခင်၏ ကျေးဇူးတော်အလယ်တွင် အသက်ရှင်ကြပြီး၊ ဘုရားသခင်၏ ရယူခြင်းနှင့် စုံလင်စေခြင်းကို ခံရကြမည်မဟုတ်ပေ။ ဘုရားသခင်သည် လူတို့ကို ၎င်းတို့၏ နာခံခြင်းမှတစ်ဆင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့် မွေ့လျော်ခြင်းတို့မှတစ်ဆင့်၊ ပြီးလျှင် ၎င်းတို့၏ အသက်တာများတွင် ဆင်းရဲဒုက္ခခံခြင်းနှင့် စစ်ဆေးခြင်းတို့မှတစ်ဆင့် စုံလင်စေသည်။ ဤကဲ့သို့သော ယုံကြည်ခြင်းမှ တစ်ဆင့်သာ လူတို့၏ စိတ်သဘောထား ပြောင်းလဲနိုင်ပြီး၊ ထိုအခါမှသာ ဘုရားသခင်နှင့် သက်ဆိုင်သည့် စစ်မှန်သော အသိပညာကို ၎င်းတို့ ပိုင်ဆိုင်နိုင်ပေသည်။ ဘုရားသခင်၏ ကျေးဇူးတော်များအလယ်တွင် အသက်ရှင်ရခြင်းကို စိတ်ကျေနပ်ခြင်းမရှိဘဲလျက်၊ သမ္မာတရားကို တက်ကြွစွာ တမ်းတပြီး ရှာဖွေခြင်းနှင့် ဘုရားသခင်၏ ရယူခြင်းခံရဖို့ ကြိုးစားခြင်း- ဤသည်မှာ ဘုရားသခင်ကို သတိရှိစွာ နာခံခြင်းဟု ဆိုလိုသည့်အရာဖြစ်ပြီး၊ ဤသည်မှာ သူလိုချင်သည့် ယုံကြည်ခြင်း အတိအကျ ဖြစ်ပေသည်။ ဘုရားသခင်၏ ကျေးဇူးတော်များကို မွေ့လျော်သည်မှအပ မည်သည့်အရာမျှ မလုပ်ဆောင်သည့် လူများသည် စုံလင်စေခြင်း မခံရနိုင်၊ သို့မဟုတ် မပြောင်းလဲနိုင်ပေ။ ပြီးလျှင် ၎င်းတို့၏ နာခံမှု၊ ဘုရားတရား ကိုင်းရှိုင်းခြင်း၊ ချစ်ခြင်းမေတ္တာနှင့် စိတ်ရှည်ခြင်းများ အားလုံးသည် အပေါ်ယံသာ ဖြစ်၏။ ဘုရားသခင်၏ ကျေးဇူးတော်ကိုသာ မွေ့လျော်သူများသည် ဘုရားသခင်ကို အမှန်တကယ် မသိနိုင်သကဲ့သို့၊ ဘုရားသခင်ကို ၎င်းတို့ သိသည့်အခါတွင်ပင်၊ ၎င်းတို့၏အသိပညာသည် အပေါ်ယံဖြစ်ပြီး၊ “ဘုရားသခင်က လူသားကို ချစ်သည်” သို့မဟုတ် “ဘုရားသခင်သည် လူသားအပေါ် သနားကရုဏာရှိသည်” ဆိုသကဲ့သို့သော အရာများကို ၎င်းတို့ပြောကြ၏။ ဤသည်မှာ လူသား၏ အသက်တာကို ကိုယ်စားမပြုသကဲ့သို့၊ လူတို့က ဘုရားသခင်ကို အမှန်တကယ် သိသည်ကိုလည်း မပြပေ။ အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ၎င်းတို့ကို စစ်ဆေးသောအခါ သို့မဟုတ် ဘုရားသခင်၏ စမ်းသပ်မှုများသည် ၎င်းတို့အပေါ် ကျရောက် သောအခါတွင်၊ လူတို့သည် ဘုရားသခင်ကို မနာခံနိုင်ပါက- ယင်းအစား ၎င်းတို့သည် သံသယဖြစ်လာပြီး ပြိုလဲကျပါက- ၎င်းတို့သည် အနည်းငယ်မှ နာခံခြင်းမရှိကြပေ။ ၎င်းတို့အတွင်းတွင်၊ ဘုရားသခင်၌ ယုံကြည်ခြင်းနှင့်ပတ်သက်၍ စည်းမျဉ်းများနှင့် ကန့်သတ်ချက်များစွာ ရှိသည်။ နှစ်ပေါင်းများစွာ ယုံကြည်ခြင်း၏ အကျိုးဆက်ဖြစ်သည့် အတွေ့အကြုံဟောင်းများ သို့မဟုတ် ကျမ်းစာပေါ် အခြေခံသည့် စည်းမျဉ်းများ အမျိုးမျိုး ရှိကြလေသည်။ ဤကဲ့သို့သော လူများက ဘုရားသခင်ကို နာခံနိုင်မည်လော။ ဤလူများသည် လူသား အရာများဖြင့် ပြည့်နေသည်- ၎င်းတို့သည် ဘုရားသခင်ကို မည်ကဲ့သို့ နာခံနိုင်မည်နည်း။ ၎င်းတို့၏ “နာခံခြင်း” သည် ၎င်းတို့ကိုယ်တိုင်၏ ကြိုက်နှစ်သက်မှုများအရ ဖြစ်သည်- ဘုရားသခင်သည် ဤသို့သော နာခံမှုကို လိုချင်မည်လော။ ဤသည်မှာ ဘုရားသခင်ကို နာခံခြင်း မဟုတ်ဘဲ စည်းမျဉ်းများကို လိုက်နာခြင်းဖြစ်သည်။ ယင်းသည် မိမိတို့ကိုယ်ကို ကျေနပ်စေခြင်းနှင့် နှစ်သိမ့်စေခြင်းဖြစ်သည်။ ဤအရာသည် ဘုရားသခင်ကို နာခံခြင်းဖြစ်သည်ဟု သင် ပြောပါက၊ သင်သည် သူ့ကို ပြစ်မှားစော်ကားသည် မဟုတ်လော။ သင်သည် အဲဂုတ္တုပြည်သား ဖာရောဘုရင်တစ်ပါးဖြစ်သည်။ သင်သည် မကောင်းမှု ကျူးလွန်ပြီး၊ ဘုရားသခင်ကို ဆန့်ကျင်ခြင်းအလုပ်တွင် အထူးရည်ရွယ်ချက်ဖြင့် ပါဝင်ပတ်သက်ပေသည်- ဤသည်မှာ သင့်ကို ဘုရားသခင် အစေခံစေလိုသည့်ပုံလော။ သင် အမြန်နောင်တရပြီး မိမိကိုယ်ကိုယ် သိမြင်မှုအချို့ရှိဖို့ ကြိုးစားသည်က အကောင်းဆုံး ဖြစ်မည်။ ယင်းကို လုပ်ဆောင်ရန် ပျက်ကွက်ပါက၊ သင် အိမ်ပြန်ခြင်းသည်သာ သာ၍ကောင်းလိမ့်မည်။ ယင်းသည် သင်၏ ဘုရားသခင်ကို အစေခံခြင်းဟု ဆိုသောအရာထက် သာ၍ကောင်းပေမည်။ သင်သည် ကြားဖြတ်မည် မဟုတ်သကဲ့သို့ နှောင့်ယှက်မည်မဟုတ်။ သင်၏နေရာကို သင်သိမည် ဖြစ်ပြီး၊ ကောင်းစွာ အသက်ရှင်လိမ့်မည်- ယင်းသည် သာ၍ မကောင်းပေဘူးလော။ ပြီးလျှင် သင်သည် ဘုရားသခင်ကို ဆန့်ကျင်ခြင်း အတွက် အပြစ်ပေးခံရမည်မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် သင်သည် ဘုရားသခင်ကို နာခံသင့်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၄၈

ငါသည် အလုံးစုံ ကျွမ်းလောင်သောမီးဖြစ်ကာ ပုန်ကန်ပြစ်မှားမှုကို သည်းမခံပေ။ လူသားအားလုံးကို ငါ ဖန်ဆင်း ထားသောကြောင့်၊ ငါမည်သည့်အရာကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၄၇

သင်တို့၏ ဇာတိပကတိ၊ သင်တို့၏ လွန်ကဲသော အလိုဆန္ဒများ၊ သင်တို့၏ လောဘနှင့် သင်တို့၏ တဏှာရာဂတို့သည် သင်တို့အထဲ၌ အလွန်နက်ရှိုင်းစွာ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၂၀

အမှန်မှာ ဘုရားသခင်၏စိတ်သဘောထားသည် လူတိုင်း အတွက် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ဖုံးကွယ်ထားခြင်း မရှိပေ။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၇၄

ဘုရားသခင်နှင့် လူတို့ကို တန်းတူ ပြော၍မရပါ။ ဘုရားသခင်၏ အနှစ်သာရနှင့် ဘုရားသခင်၏ အမှုသည် အလွန်နက်နဲပြီး လူတို့နားမလည်နိုင်ပါ။ ဘုရားသခင်သည်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။