ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၀၃

ဘုရားသခင်သည် လူတို့၏အတွင်း၌ အသက်ဖြစ် လာသည်နှင့် တစ်ပြိုင်နက် သူတို့သည် ဘုရားသခင်ကို မစွန့်ခွာနိုင်တော့ပေ။ ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်ချက်ပင် ဖြစ်သည်မဟုတ်လော။ ဤထက် သာ၍ကြီးမြတ်သော သက်သေခံချက် မရှိတော့ချေ။ ဘုရားသခင်သည် အဆင့်တစ်နေရာအထိ လုပ်ငန်းကို လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ လူတို့ကို အစေခံရန်၊ ပြစ်တင်ဆုံးမခြင်းခံရန် သို့မဟုတ် အသေခံရန် ပြောခဲ့သည်။ လူတို့သည်လည်း ကတိထားပြီးနောက် နောက်ပြန် မဆုတ်ကြတော့ပေ။ ထိုအချက်က ဘုရားသခင်သည် လူတို့ကို အောင်မြင်ခဲ့ကြောင်းကို ပြသနေသည်။ သမ္မာတရား ရှိသော သူများသည် သူတို့၏လက်တွေ့ အတွေ့အကြုံများတွင် သူတို့၏ သက်သေခံချက်များ၌ ခိုင်မာစွာ ရပ်တည်နိုင်ပြီး၊ ဘုရားသခင်၏ ဘေးတွင် ရပ်တည်ကာ နောက်သို့ ပြန်ဆုတ်ချင်း အလျင်းမရှိဘဲ၊ ဘုရားသခင်ကို ချစ်သောသူများနှင့် ပုံမှန်ဆက်ဆံနိုင်ပြီး၊ တစ်စုံတစ်ခု ဖြစ်သောအခါ ဘုရားသခင်ကို အပြည့်အဝ နာခံနိုင်သော သူများ၊ သေသည်အထိ ဘုရားသခင်ကို နာခံနိုင်သောသူများ ဖြစ်သည်။ လက်တွေ့ဘဝတွင် သင်၏ လက်တွေ့လုပ်ဆောင်မှုနှင့် ထုတ်ဖော်မှုတို့သည် ဘုရားသခင်အတွက် သက်သေခံချက်ပင် ဖြစ်သည်။ ယင်းသည် လူ၏လက်တွေ့လုပ်ဆောင်မှု ဖြစ်သည်။ ဘုရားသခင်အတွက် လူ၏ သက်သေခံချက်လည်း ဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ချစ်ခြင်းမေတ္တာ၌ စစ်မှန်စွာ မွေ့လျော်ခြင်း ဖြစ်သည်၊ အကယ်၍ သင်သည် ဤအဆင့်အထိ တွေ့ကြုံခဲ့ပြီ ဆိုပါက အချိန်တန်လျှင် ဖြစ်လာမည့် အကျိုးဆက်ကို ရရှိပြီး ဖြစ်လိမ့်မည်။ သင်သည် စစ်မှန်သော နေထိုင်ပြောဆိုမှုပုံစံကို ပိုင်ဆိုင်ထားပြီး၊ သင့်လုပ်ဆောင်ချက် တစ်ရပ်စီကို အခြားသူများက လေးစားစွာ မော်ကြည့်လျက်ရှိကြမည် ဖြစ်သည်။ သင့်ပုံပန်းရုပ်သွင်သည် သာမန်သာ ဖြစ်သော်လည်း ဘဝတွင် ဘုရားတရား အလွန်ပင် ကိုင်းရှိုင်းသောကြောင့် ဘုရားသခင်၏ နှုတ်ထွက် စကားများဖြင့် သင် ဆက်သွယ်စကား ပြောသည့်အချိန်တွင် ဘုရားသခင်သည် သင့်အား လမ်းညွှန်ကာ ဉာဏ်ပညာအလင်းကို ပေးမည်ဖြစ်သည်။ သင်သည် သင့်စကားလုံးများမှတဆင့် ဘုရားသခင်၏ ဆန္ဒကို ဖော်ပြနိုင်မည်၊ သမ္မာတရားကိုလည်း ဖော်ပြနိုင်ပြီး၊ ဝိညာဉ်တော်အားဖြင့် အသုံးခံခြင်း အကြောင်းကို များစွာ နားလည်လာလိမ့်မည်။ သင်သည် စကားပြောရာတွင် တဲ့တိုးပြောပြီး၊ သိက္ခာရှိကာ ဖြောင့်မတ်မည်။ ထိပ်တိုက်ရင်ဆိုင်မှု မရှိဘဲ ယဉ်ကျေးသိမ်မွေ့ကာ၊ ဘုရားသခင်၏ အစီအစဉ်များကို နာခံနိုင်ပြီး၊ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက သင်သည် သင့်သက်သေခံချက် အပေါ်တွင် ခိုင်မာစွာ ရပ်တည်နိုင်မည်။ မည်သည့်ကိစ္စကိုမဆို ကိုင်တွယ် လုပ်ဆောင်ရာတွင် သင်သည် တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး ဖြစ်နေမည် ဖြစ်သည်။ ဤသို့သောသူသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အမှန်တကယ် တွေ့မြင်ခဲ့ရပြီး ဖြစ်သည်။ အချို့သော သူများသည် ငယ်ရွယ်သေးသော်လည်း လူလတ်ပိုင်းတစ်ဦးကဲ့သို့ ပြုမူကြသည်၊ သူတို့သည် ရင့်ကျက်၍ သမ္မာတရားကို ကိုင်စွဲကာ အခြားသူများ၏ လေးစားမှုကို ခံကြရသည်— ဤလူများသည် သက်သေခံချက် ရှိသူများ ဖြစ်ပြီး ဘုရားသခင်၏ သရုပ်သကန် ဖြစ်ကြသည်။ ဆိုလိုသည့် အချက်မှာ သူတို့သည် အဆင့်တစ်ခုထိ တွေ့ကြုံခံစားပြီးသောအခါ သူတို့၏စိတ်အတွင်းတွင် ဘုရားသခင်ကို ထိုးထွင်းသိမြင်နိုင်မှု ရှိလာပြီး၊ အပြင်ပန်းမှ မြင်ရသော သူတို့၏ပင်ကိုယ်စရိုက်သည်လည်း တည်ငြိမ်သွားလိမ့်မည်။ လူတော်တော်များများသည် သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်း မရှိသလို သူတို့၏ သက်သေခံချက် အပေါ်တွင် ခိုင်မာစွာ ရပ်တည်ခြင်းလည်း မရှိပေ။ ထိုသို့သောသူများ၌ ဘုရားသခင်အား ချစ်ခြင်းလည်း မရှိ သို့မဟုတ် သက်သေခံခြင်းလည်း မရှိပေ။ ထိုသူတို့သည် ဘုရားသခင် အရွံရှာဆုံးသောသူများ ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ နှုတ်ထွက်စကားများကို မှီဝဲသုံးဆောင်ကြသော်လည်း။ သူတို့ ဖော်ပြနေသည့် အရာမှာ စာတန်မာနတ် ဖြစ်နေသည်။ သူတို့သည် ဘုရားသခင်၏ နှုတ်ထွက်စကားများ အကြောင်းကို စာတန်မှ သွားပုပ် လေလွင့်ပြောရန်အတွက် ခွင့်ပြုကြသည်။ ထိုသို့သော သူတို့တွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာလက္ခဏာ လုံးဝ မရှိပေ။ သူတို့ ဖော်ပြနေသည့် အရာအားလုံးမှာ စာတန်မာရ်နတ်ပင် ဖြစ်သည်။ အကယ်၍ သင့်နှလုံးသားသည် ဘုရားသခင် ရှေ့တွင် အမြဲတမ်း ငြိမ်သက်ခြင်းရှိပြီး၊ သင့်ပတ်ဝန်းကျင်တွင် ရှိသော သူများ၊ ပတ်ဝန်းကျင်တွင်ရှိသော အရာများ၊ ပတ်ဝန်းကျင်တွင် ဖြစ်နေသော အရာများကို အမြဲဂရုပြုနေလျှင်၊ သင်သည် ဘုရားသခင်၏ ဝန်တာကို သင့်စိတ်ထဲတွင် ဂရုပြုကာ၊ ဘုရားသခင်ကို ရိုသေလေးစားသည့် စိတ်နှလုံး အမြဲရှိလျှင် ဘုရားသခင်သည် မကြာခဏ ဆိုသလိုပင် သင့်အထဲ၌ ဉာဏ်အလင်းကို ဖွင့်ပေးမည် ဖြစ်သည်။ အသင်းတော်ထဲတွင် “ကြီးကြပ်သူများ” ရှိကြသည်။ သူတို့သည် အခြားသူတို့၏ ကျရှုံးခြင်းကို အထူးသဖြင့် စောင့်ကြည့်ကြပြီး အတုယူကာ လိုက်လုပ်ကြသည်။ သူတို့၌ ခွဲခြားနိုင်စွမ်း မရှိကြပေ။ သူတို့သည် အပြစ်ကို မမုန်းကြပေ။ စာတန်နှင့် ပတ်သက်သည့် အရာများကို စက်ဆုပ်မုန်းတီးခြင်း သို့မဟုတ် ရွံရှာခြင်း မရှိကြပေ။ ထိုကဲ့သို့သော သူများ၌ စာတန်နှင့်ပတ်သက်သော အရာများဖြင့် ပြည့်နေပြီး သူတို့သည် နောက်ဆုံးတွင် ဘုရားသခင်၏ လုံးဝစွန့်ခွာမှုကို ခံကြရမည် ဖြစ်သည်။ သင့်နှလုံးသားသည် ဘုရားသခင်ရှေ့၌ အမြဲတမ်း ရိုသေလေးစားမှုနှင့် ပြည့်နေသင့်သည်၊ သင်၏စကားများနှင့် လုပ်ရပ်များကို အစွန်းရောက်မှု မရှိအောင် ထိန်းသိမ်းကာ ဘုရားသခင်ကို ဆန့်ကျင်ရန် သို့မဟုတ် စိတ်ပျက်အောင်လုပ်ရန် ဆန္ဒ လုံးဝ မရှိသင့်ပေ။ သင့်အထဲရှိ ဘုရားသခင်၏လုပ်ဆောင်မှု အလဟဿ ဖြစ်သွားစေရန် ဆန္ဒမရှိသင့်ပါ သို့မဟုတ် သင် သည်းခံခဲ့သော အခက်အခဲများအားလုံးနှင့် သင် လက်တွေ့လုပ်ဆောင်ခဲ့သမျှအားလုံး အလဟဿ ဖြစ်သွားခွင့် မပြုသင့်ပေ။ သင်သည် ပို၍ အလုပ်လုပ်ကာ၊ ရှေ့ဆက်လမ်းတွင် ဘုရားသခင်အား ပိုမိုချစ်ခင်ရန် ဆန္ဒ ရှိသင့်သည်။ ထိုသို့သောသူများသည် ၎င်းတို့၏ ရူပါရုံကို ၎င်းတို့၏ အခြေခံအုတ်မြစ်အဖြစ် ထားရှိသူများ ဖြစ်သည်။ ထိုသူတို့သည် တိုးတက်မှုကို ရှာဖွေသောသူများဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၅၉

စမ်းသပ်မှုများ နောက်ပိုင်းမှ ယောဘ ယောဘ ၄၂:၇-၉ ထိုသို့ ယေဟောဝါက ယောဘကို ဤစကားများ မိန့်တော်မူပြီးလျှင်၊ တေမန်လူမျိုး ဧလိဖတ်အား ယေဟောဝါက၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၁၂

ဤကမ္ဘာပေါ် ဆင်းသက်ပြီး ဘုရားသခင်လုပ်ဆောင်သည့်အလုပ်သည် ခေတ်ကို လမ်းပြရန်သာဖြစ်ပြီး ခေတ်သစ်ကို ဖွင့်ကာ ခေတ်ဟောင်းကို အဆုံးသတ်ရန် ဖြစ်သည်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၆၅

ယနေ့ ဆုံတွေ့ပွဲ၏အစ၌ ငါ့အား အံ့အားသင့်စေခဲ့သည့် သင်တို့ပြုလုပ်ခဲ့သော အရာတစ်ခုအကြောင်းကို သင်တို့ကို ငါပြောချင်သည်။ သင်တို့ထဲမှ အချို့သည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၁၉

လူသားသည် ဘုရားသခင်၏အမှုကို တွေ့ကြုံသည်၊ မိမိကိုယ်ကိုယ် သိရှိလာသည်၊ သူ၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားကို သန့်စင်စေပြီး၊ အသက်တာ၌...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။