ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၂၇

လူ၏အသက်တာ တစ်ခုလုံးသည် စာတန်၏ အုပ်စိုးမှုအောက်တွင် နေထိုင်ခဲ့ပြီး စာတန်၏ သြဇာ လွှမ်းမိုးမှုမှ မိမိခွန်အားဖြင့် လွတ်မြောက်အောင် ဆောင်ရွက်နိုင်သောသူ တစ်ဦးမျှမရှိ။ အားလုံးသည် အဓိပ္ပါယ် အနည်းငယ် သို့မဟုတ် တန်ဖိုးအနည်းငယ်မျှပင် မရှိဘဲ အကျင့်ပျက်မှုနှင့် လစ်ဟာမှုတို့အထဲ ဆိုးညစ်သော ကမ္ဘာတစ်ခုတွင် နေထိုင်နေကြသည်။ အသွေးအသားအတွက်၊ တပ်မက်ခြင်းတဏှာအတွက်နှင့် စာတန်အတွက် ထိုသို့သော ပူပင်ကြောင့်ကြမဲ့သော ဘဝတွင် ရှင်သန်နေကြသည်။ သူတို့၏ တည်ရှိမှုသည် တန်ဖိုးအနည်းငယ် မျှပင် မရှိ။ လူသည် သူ့ကို စာတန်၏ သြဇာလွှမ်းမိုးမှုမှ လွတ်မြောက်အောင် ဆောင်ရွက်ပေးနိုင်မည့် အမှန် တရားကို ရှာဖွေနိုင်ခြင်းမရှိ။ လူသည် ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာကျမ်းစာကို ဖတ်ရှုသော်လည်း စာတန်၏ သြဇာလွှမ်းမိုးထိန်းချုပ်မှုမှ သူ့ကိုယ်သူ မည်သို့ လွတ်မြောက်အောင် လုပ်ဆောင်ရမည်ကို သူနားမလည်။ ခေတ်အဆက်ဆက်တစ်လျှောက် လူအနည်းငယ်သာ ဤလျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိခဲ့ပြီး အနည်းငယ်သာ ယင်းကို ထည့်သွင်းစဉ်းစားလေသည်။ ဤအတိုင်း၊ လူက စာတန်ကို မုန်းတီးစက်ဆုပ်ပြီး ဇာတိပကတိကို စက်ဆုပ်သော်လည်း စာတန်၏ သြဇာလွှမ်းမိုးမှုအောက်တွင် ပိတ်မိနေခြင်းမှ မိမိကိုယ်ကို မည်သို့ ရုန်းထွက်ရမည်ကို မသိပေ။ ယနေ့ သင်တို့သည် စာတန်၏ အုပ်စိုးမှုအောက်တွင် ရှိနေသေးသည် မဟုတ်လော။ သင်တို့သည် ဆိုးညစ်ပြီး မနာခံကြောင်းကို ခံစားသိရှိရန် မဆိုထားနှင့် သင်တို့၏ မနာခံတတ်သော အပြုအမူများကိုပင် နောင်တမရပါ။ ဘုရားသခင်အား ဆန့်ကျင်ပြီးနောက် သင်၏ စိတ်နှလုံးထဲတွင် အေးချမ်းခြင်းနှင့် လွန်ကဲသောငြိမ်သက်ခြင်းကို ခံစားနေသေးသည်။ သင်၏ ငြိမ်သက်ခြင်းက သင်အကျင့်ပျက်ခြင်းကြောင့် မဟုတ်လော။ ထိုစိတ်နှလုံး အေးချမ်းခြင်းသည် သင်၏ မနာခံခြင်းမှလာခြင်း မဟုတ်လော။ လူသည် လူ့ငရဲတွင် နေထိုင်ပြီး စာတန်၏ မှောင်မိုက်သော သြဇာလွှမ်းမိုးမှုထဲတွင် နေထိုင်သည်။ မြေတစ်ပြင်လုံး ဝိညာဉ်များသည် လူသားများနှင့် အတူနေထိုင်ပြီး လူ့ဇာတိပကတိအပေါ်တွင် ကျူးကျော်စွက်ဖက်နေသည်။ ကမ္ဘာမြေပေါ်တွင် သင်သည် လှပသော ပရဒိသုဘုံတွင် နေထိုင်နေခြင်း မဟုတ်ပါ။ သင်ရှိနေသည့်နေရာသည် နတ်ဆိုးတို့၏နယ်ပယ်၊ လူ့ငရဲ၊ မြေအောက်ကမ္ဘာ တစ်ခု ဖြစ်ပေသည်။ လူသည် သန့်ရှင်းခြင်းသို့ မရောက်ပါက သူသည် ဆိုးညစ်နေမည်၊ သူ့ကို ဘုရားသခင် ကာကွယ်စောင့်ရှောက်ခြင်း မရှိပါက၊ သူသည် စာတန်၏ အကျဉ်းသား ဖြစ်မြဲဖြစ်နေမည်။ အကယ်၍ သူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မခံရပါက စာတန်၏ မှောင်မိုက်သော သြဇာ လွှမ်းမိုးမှု အချုပ်ချယ်ခံအဖြစ်မှ လွတ်မြောက်ရန်အတွက် နည်းလမ်းရှိမည် မဟုတ်ပါ။ သင်ထုတ်ဖော်ပြသသော ယိုယွင်းပျက်စီးသည့် စိတ်သဘောထားနှင့် သင်ရှင်သန်သော မနာခံခြင်းအပြုအမူတို့သည် စာတန်၏ အုပ်စိုးမှု အောက်တွင် သင်ဆက်လက် နေထိုင်နေကြောင်း လုံလောက်သည့် သက်သေပင်ဖြစ်သည်။ သင့်စိတ်နှလုံးနှင့် အတွေးအကြံတို့ကို သန့်ရှင်းစေခြင်း မရှိသေးသည့်အပြင် သင်၏ စိတ်သဘောထားကို တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း မရှိသေးပါက သင့်အသက်တာ တစ်ခုလုံးသည် စာတန်၏ အုပ်စိုးမှုဖြင့် ထိန်းချုပ်ခံနေရဆဲ ဖြစ်ပြီး သင့်စိတ်နှလုံးကို စာတန်မှ ထိန်းချုပ်နေသည်၊ သင့်အတွေးအကြံများကို စာတန်မှ ကြိုးကိုင်ခြယ်လှယ်နေသည်၊ သင့်ဖြစ်တည်မှု အလုံးစုံသည် စာတန်၏ လက်ထဲတွင် ထိန်းချုပ်ခံနေရသည်။ သင်သည် ပေတရု၏ စံနှုန်းများနှင့် မည်မျှ ဝေးကွာနေသည်ကို ယခု သင်သိပါပြီလား။ သင်သည် အရည်အချင်း ရှိပါသလော။ ယနေ့တွင် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့အကြောင်း သင်မည်မျှသိသနည်း။ ပေတရုသိလာခဲ့သော အရာများထဲမှ သင်မည်မျှလောက် သိပါသလဲ။ အကယ်၍ ယနေ့ သင်မသိနိုင်ပါက နောင်တွင် ဤအကြောင်း အရာကို သိလာနိုင်ပါမည်လော။ သင်ကဲ့သို့ ပျင်းရိပြီး သတ္တိကြောင်သော တစ်စုံတစ်ဦးသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို တကယ်ပင်မသိနိုင်ပါ။ သင်သည် ဇာတိပကတိ၏ အေးချမ်းခြင်းနှင့် ဇာတိ ပကတိ၏ အပျော်အပါးများနောက်သို့ လိုက်ပါက သင်သည် သန့်ရှင်းခြင်းသို့ ရောက်ရန် လမ်းမမြင်ပါ။ သင့်ရှင်သန်မှုမှာ စာတန်နှင့် ဇာတိပကတိတွင် တည်သည့်အတွက် အဆုံးတွင် သင်သည် စာတန်ထံသို့ ပြန်သွား လိမ့်မည်။ ယနေ့လက်ရှိအခြေအနေမှာ လူအများတို့သည် အသက်ကို မရှာဖွေကြ။ ဆိုလိုသည်မှာ သန့်ရှင်းခြင်း သို့ ရောက်ခြင်းအကြောင်း သို့မဟုတ် ပိုမိုလေးနက်သော ဘဝအတွေ့အကြုံထဲသို့ ဝင်ရောက်ခြင်း အကြောင်း သူတို့ ဂရုမစိုက်ကြ။ သို့ဆိုလျှင် သူတို့ကို ပြည့်စုံအောင် မည်သို့လုပ်နိုင်ပါမည်နည်း။ အသက်ကို မရှာဖွေသော သူများတွင် ပြည့်စုံစေရန် အခွင့်အရေးမရှိ၊ ဘုရားသခင်အကြောင်းကို မရှာဖွေသူများနှင့် သူတို့၏ စိတ်သဘောထား၌ ပြောင်းလဲရန် မရှာဖွေသူများသည် စာတန်၏ မှောင်မိုက်သော သြဇာလွမ်းမိုးမှုမှ လွတ်မြောက်နိုင်စွမ်းမရှိ။ ဘုရားသခင်အကြောင်း သူတို့သိခြင်းနှင့် သူတို့၏ စိတ်သဘောထား၌ ပြောင်းလဲမှုများ ပြုလုပ်ရန် သူတို့၏ ကြိုးစားအားထုတ်မှုနှင့် ပတ်သက်၍၊ သူတို့ အလေးအနက်မထားပါ။ သူတို့သည် ဘာသာရေးကို သက်ဝင်ယုံကြည်ကြရုံ၊ သူတို့၏ ဝတ်ပြုရာတွင် အခမ်းအနားများသို့ လိုက်တက်ကြရုံသာ ပြုသောသူများကဲ့သို့ ပင်ဖြစ်သည်။ ယင်းသည် အချိန်ဖြုန်းခြင်း မဟုတ်လော။ ဘုရားသခင်၌ သူ၏ ယုံကြည်ခြင်း တွင် လူသည် အသက်၏ အခြင်းအရာကို အလေးအနက်မထားလျှင်၊ သမ္မာတရားထဲသို့ ဝင်ရောက်ရန် မကြိုးစား လျှင်၊ သူ၏ စိတ်သဘောထား၌ ပြုပြင်ပြောင်းလဲရန် မကြိုးစားလျှင် ဘုရားသခင်၏ အမှုအကြောင်း လုံးဝ မသိနိုင်ဘဲ သူ့ကို ပြည့်စုံအောင် မလုပ်နိုင်ပါ။ သင့်ကို ပြည့်စုံအောင် လုပ်စေလိုလျှင် သင်သည် ဘုရားသခင့် အမှု၏ ရည်ရွယ်ချက်ကို သင်နားလည်ရမည်။ အထူးသဖြင့် သင်သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၏ ရည်ရွယ်ချက်နှင့် လူတို့ကို အဘယ်ကြောင့် ထိုသို့လုပ်ဆောင်သည်ကို သင်နားလည်ရမည်။ သင်လက်ခံနိုင်ပါသလော။ ထိုသို့သော ပြစ်တင်ဆုံးမနေသည့် အတောအတွင်း ပေတရုကဲ့သို့သော တူညီသည့် အတွေ့အကြုံနှင့် အသိပညာတို့ ရနိုင်ပါမည်လော။ အကယ်၍ သင်သည် ဘုရားသခင်အကြောင်းနှင့် သန့်ရှင်းသောဝိညာဉ်တော် အလုပ်အကြောင်းကို လေ့လာပြီး သင့်စိတ်သဘောထား၌ ပြောင်းလဲဖို့ ကြိုးစားလျှင် သင်သည် ပြည့်စုံခြင်းသို့ရောက်ရန် အခွင့်အလမ်း ရှိသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်း | ကောက်နုတ်ချက် ၉၁

ဣသရေလ၌လုပ်ဆောင်ခဲ့သော အမှုနှင့် ယနေ့ အမှုတို့ကြား ကြီးမားသော ကွဲပြားခြားနားမှုတစ်ခု ရှိ၏။ ယေဟောဝါသည် ဣသရေလအမျိုးသားတို့၏ အသက်တာများကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၇၄

လူသား၏အလုပ်သည် သူ၏အတွေ့အကြုံနှင့် သူ၏ လူ့သဘာဝတို့၏ လက္ခဏာပြသည်။ လူသားပေးသည့်အရာနှင့် သူလုပ်ဆောင်သည့်အလုပ်သည် သူ့ကို ကိုယ်စားပြု၏။ လူသား၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၁၂

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူတို့ ပိုမိုလက်ခံလေ၊ ၎င်းတို့ ပိုမိုဉာဏ်အလင်းပေးခံရလေဖြစ်ကာ ဘုရားသခင်ကို သိကျွမ်းခြင်းအား ၎င်းတို့၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်း | ကောက်နုတ်ချက် ၈၆

ဘုရားသခင်သည် သူနှင့်သက်ဆိုင်သည့် အသိပညာကို လူသားက ရရှိကောင်း ရရှိစေနိုင်ဖို့အလို့ငှာ၊ ပြီးလျှင် သူ၏သက်သေခံချက်အတွက် တရားစီရင်ခြင်းနှင့်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။