ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၇၅
ပြဿနာတစ်ခုကို လူတို့ ကြုံရသည့်အခါတိုင်း ပထမဆုံး လုပ်ဆောင်သင့်သောအရာမှာ မည်သည့်အရာ ဖြစ်သနည်း။ ၎င်းတို့ ဆုတောင်းသင့်၏။ ဆုတောင်းခြင်းသည်...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ပြည့်စုံခြင်းသို့ ရောက်မည့်သူများအတွက် သိမ်းပိုက် ခံရသော ဤအလုပ်အဆင့်သည် မရှိမဖြစ်ပင် ဖြစ်သည်။ သူသည် သိမ်းပိုက်ခံရပြီးမှသာ ပြည့်စုံစေခြင်း အလုပ်အကြောင်းကို တွေ့ကြုံနိုင်မည်။ သိမ်းပိုက်ခံရရန်အတွက်သာ လုပ်ဆောင်ခြင်းမှာ တန်ဖိုးမကြီးမားလှပါ၊ သင့်အား ဘုရားသခင် အသုံးပြုရန်အတွက် တိကျကိုက်ညီလိမ့်မည်လည်း မဟုတ်ပါ။ ဧဝံဂေလိတရား ပျံ့နှံ့သောအချိန်တွင် သင်ပါဝင် လုပ်ဆောင်နိုင်ရန် လမ်းမရှိပါ။ အဘယ့်ကြောင့်ဆိုသော် သင်သည် အသက်ကို မရှာဖွေ၊ သင်ကိုယ်တိုင် အပြောင်းအလဲဖြစ်ခြင်း၊ အသစ်ပြုပြင်ခြင်းကို မရှာဖွေသည့်အပြင် စစ်မှန်သော အသက်တာအတွေ့အကြုံ သင်၌ မရှိသည့်အတွက် ကြောင့်ပင်ဖြစ်သည်။ တစ်ချိန်က သင်သည် ဤလုပ်ငန်းအဆင့်ဆင့်တွင် အစေခံသူအဖြစ်နှင့် အဖြည့်ခံအဖြစ် လုပ်ဆောင်ခဲ့သော်လည်း နောက်ဆုံးတွင် ပေတရုကဲ့သို့ ဖြစ်အောင် မလုပ်ဆောင်ခဲ့လျှင်၊ သင်၏ ကြိုးပမ်းအားထုတ်မှုသည် ပေတရုအား ပြီးပြည့်စုံလင်စေသည့် လမ်းကြောင်းနှင့်အညီ မဟုတ်လျှင်၊ အလို အလျောက်ပင် သင့်စိတ်သဘောထား ပြောင်းလဲမှုကို သင်တွေ့ကြုံရမည်မဟုတ်ပါ။ အကယ်၍ သင်သည် ပြည့်စုံခြင်းသို့ ရောက်ရန် ရှာမှီးသူတစ်ဦး ဖြစ်ပါက ယခုလိုသင် ပြောဆိုကာ သက်သေခံလိမ့်မည်။ “ဘုရားသခင်၏ ဤလုပ်ငန်းအဆင့်ဆင့်တွင် ဘုရားသခင်၏ ပြစ်တင် ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှုများကို ကျွန်ုပ်လက်ခံခဲ့ပြီးပါပြီ။ ကျွန်ုပ်သည် ကြီးစွာသော ဒုက္ခဆင်းရဲကို ခံရသော်လည်း ဘုရားသခင်သည် လူသားအား ပြည့်စုံခြင်းသို့ရောက်အောင် မည်သို့ပြုလုပ်ပေးကြောင်းကို ကျွန်ုပ် သိလာရပါသည်၊ ဘုရားသခင်လုပ်ဆောင်သော အလုပ်ကို ကျွန်ုပ်ရရှိခဲ့သည်၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း အကြောင်းကို ကျွန်ုပ်သိခဲ့ရပြီး ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းက ကျွန်ုပ်ကို ကယ်တင်ခဲ့ပါသည်။ ဘုရားသခင် ၏ ဖြောင့်မတ်သော စိတ်သဘောထားသည် ကျွန်ုပ်အပေါ်သို့ ကြွရောက်လာခဲ့ပြီး ကျွန်ုပ်ထံသို့ ကောင်းချီး မင်္ဂလာများနှင့် ကျေးဇူးတော်များ သယ်ဆောင်ခဲ့ပေးပြီး ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း သည် ကျွန်ုပ်အား အကာအကွယ်ပေးခဲ့ပြီး စင်ကြယ်စေခဲ့ပါသည်။ ကျွန်ုပ်သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မခံခဲ့ရပါက၊ ဘုရားသခင်၏ ကြမ်းတမ်းသောစကားများ ကျွန်ုပ်အပေါ်သို့မရောက်လာခဲ့ပါက၊ ကျွန်ုပ်သည် ဘုရားသခင်အား သိလာနိုင်ခဲ့မည် မဟုတ်ပါ သို့တည်းမဟုတ် ကျွန်ုပ်သည် ကယ်တင်ခြင်းကို ခံရမည်မဟုတ်။ ယနေ့ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေဖြင့် ကျွန်ုပ်သည် ဖန်ဆင်းရှင် ပြုလုပ်ခဲ့သော အရာများ အားလုံး၌သာ ပျော်မွေ့ရမည်မဟုတ်ဘဲ ပို၍ပင် အရေးကြီးသည်မှာ လူသတ္တဝါအားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့် တရားစီရင်ခြင်းတို့ ၌လည်း မွေ့လျော်ရန်ပင်ဖြစ်ကြောင်း ကျွန်ုပ်သဘောပေါက်မိပါသည်၊ အကြောင်းမှာ ဘုရားသခင်၏ စိတ်သဘောထားသည် လူသားတို့ မွေ့လျော်ဖွယ်ရာ အဖိုးထိုက်တန်လှသောကြောင့် ဖြစ်ပါသည်။ စာတန်၏ဖျက်ဆီးခြင်းခံရသော ဖန်ဆင်းခြင်းခံသတ္တဝါတစ်ဦးအနေဖြင့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို မွေ့လျော် သင့်သည်။ ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားတွင် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ အပြင် ကြီးစွာသောမေတ္တာလည်း ပါပါသည်။ ကျွန်ုပ်သည် ယနေ့ ဘုရားသခင်၏ မေတ္တာကို အပြည့်အဝရရှိရန် မတတ်စွမ်းနိုင်သော်လည်း ယင်းကိုသိမြင်ရန် ကျွန်ုပ်တွင် အခွင့်ကောင်းရှိသောကြောင့် ဤနေရာတွင် ကောင်းချီး မင်္ဂလာများကို ကျွန်ုပ်ခံစားရပါသည်။” ယင်းသည် ပြည့်စုံစေခြင်းသို့ ရောက်သူများ လျှောက်လှမ်းခဲ့သော လမ်းဖြစ်ပြီး သူတို့ပြောသော အသိပညာ ဖြစ်ပါသည်။ ထိုသို့သောသူများမှာ ပေတရုနှင့်တူပြီး ပေတရုတွေ့ကြုံခဲ့ရသလို သူတို့လည်း တွေ့ကြုံခဲ့ရသည်။ ထိုသို့သောသူများမှာ အသက်ကို ရရှိပြီးသူများနှင့် အမှန်တရားကို ပိုင်ဆိုင်ထားသူများလည်း ဖြစ်သည်။ လူသည် နောက်ဆုံးအချိန်ထိ တွေ့ကြုံ သွားပါက ဘုရားသခင်၏ တရားစီရင်ခြင်းကာလတွင် သူသည် စာတန်၏ သြဇာလွှမ်းမိုးမှုမှ မလွဲဧကန် လုံးလုံး လျားလျား ရုန်းထွက် လွတ်မြောက်နိုင်မည်ဖြစ်ပြီး ဘုရားသခင် ရယူခြင်းကို ခံရမည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ
သင်သည် ဘုရားသခင် စုံလင်စေရန် ရည်ရွယ်ထားသူလား
၁
သင်ဟာ စုံလင်ခြင်းရဖို့ ကြိုးစားနေသူတစ်ယောက် ဆိုရင် သင် သက်သေခံရမယ် ဒီအတိုင်း ဆိုရ မယ် ဘုရားရဲ့အမှုတော် ခြေလှမ်းတိုင်းမှာ ဤစစ်ကြောစီရင်ခြင်းအမှုကို ငါလက်ခံပြီ ဒုက္ခဆင်းရဲ ကြီးစွာ ခံစားရလည်း ဘုရားကိုယ်တိုင်ပြုသောအမှုကို ရရှိခဲ့ပြီ သူ့ရဲ့ဖြောင့်မတ်ခြင်းနှင့် လူသားတို့ကို ကိုယ်တော် ဘယ်လို စုံလင်စေလဲ ငါသိလိုက်ပြီ
၂
ဖြောင့်မတ်သော ဘုရားရဲ့စိတ်သဘောထား ငါ့အပေါ် သက်ရောက်ကာ ကောင်းကြီးများနှင့်ကျေးဇူးတော်ကို ဆောင်ယူ၍ သူ့ရဲ့စီရင်ခြင်းက ငါ့ကို ကယ်တင်ခဲ့ပြီး စင်ကြယ်စေ၍ ကွယ်ကာပေးခဲ့ တဲ့ ဘုရားရဲ့ခက်ထန်သော စကားများ စစ်ကြောစီရင်ခြင်းအားဖြင့် ငါ ကယ်တင်ခြင်းရရှိကာ ကိုယ်တော်ကို သိလာ ဒါဟာ စုံလင်ခြင်းသို့ ရောက်နေသူများ သွားရာလမ်း သူတို့ သိနားလည်မှုတွေပဲ ထိုသူတို့ အသက်ကို ရရှိသူများ ပေတရုကဲ့သို့သော သူများ ဘုရားရဲ့သမ္မာတရားကို ပိုင်ဆိုင် သော သူတွေပဲ ဒီလမ်းဆုံးထိ သူတို့ လျှောက်လှမ်းသောအခါ စစ်ကြောစီရင်ခြင်းဖြင့် သူတို့ သန့်ရှင်းမယ် စာတန်ရဲ့အုပ်စိုးမှုကို လုံးဝဖယ်ရှားနိုင်ကြလိမ့်မယ် ထိုအခါ ဘုရား သူတို့ကို ရရှိလိမ့်မယ်
၃
သင်ဟာ စုံလင်ခြင်းရဖို့ ကြိုးစားနေသူတစ်ယောက် ဆိုရင် သင် သက်သေခံရမယ် ဒီအတိုင်း ဆိုရ မယ် ယနေ့ ငါတွေ့ ရ ပြီ ဘုရားရဲ့ ဖန်ဆင်းခံအဖြစ် ဖန်ဆင်းသော အရာများ၌ မွေ့လျော်ရုံသာမက ပိုအရေးကြီးတာက ဘုရားသခင်၏ ဖန်ဆင်းခံများ သူ၏ဖြောင့်မတ်သောသဘောနှင့် စစ်ကြောခြင်း၌ ပျော်မွေ့သင့် သည် ဘုရားရဲ့စိတ်သဘောထား၌ လူသားအားလုံး မွေ့လျော်ထိုက်တာမို့ ဖောက်ပြန်သော ဖန်ဆင်းခံများ ကိုယ်တော်ရဲ့ဖြောင့်မတ်ခြင်း၌ မွေ့လျော်သင့်သည် စစ်ကြောစီရင်ခြင်းလည်းရှိသလို ကြီးမားသော ချစ်ခြင်းလည်း ရှိတယ် ဘုရားရဲ့မေတ္တာကို ကျွန်ုပ် အပြည့်အဝ မရရှိနိုင်ပေမဲ့ မြင်တွေ့ရတာ ကောင်းချီးပင် ဒါဟာ စုံလင်ခြင်းသို့ ရောက်နေသူများ သွားရာလမ်း သူတို့ သိနားလည်မှုတွေပဲ ထိုသူတို့ အသက်ကို ရရှိသူများ ပေတရုကဲ့သို့သော သူများ ဘုရားရဲ့သမ္မာတရားကို ပိုင်ဆိုင် သော သူတွေပဲ ဒီလမ်းဆုံးထိ သူတို့ လျှောက်လှမ်းသောအခါ စစ်ကြောစီရင်ခြင်းဖြင့် သူတို့ သန့်ရှင်းမယ် စာတန်ရဲ့အုပ်စိုးမှုကို လုံးဝဖယ်ရှားနိုင်ကြလိမ့်မယ် ထိုအခါ ဘုရား သူတို့ကို ရရှိလိမ့်မယ်
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
ပြဿနာတစ်ခုကို လူတို့ ကြုံရသည့်အခါတိုင်း ပထမဆုံး လုပ်ဆောင်သင့်သောအရာမှာ မည်သည့်အရာ ဖြစ်သနည်း။ ၎င်းတို့ ဆုတောင်းသင့်၏။ ဆုတောင်းခြင်းသည်...
လက်ရှိသိမ်းပိုက်ခြင်းအလုပ်သည် လူသား၏ဘ၀နိဂုံး အဘယ်အရာဖြစ်လိမ့်မည်ကို ထင်ရှားစေရန် ရည်ရွယ်သည်။ ယနေ့ ပြစ်တင်ဆုံးမခြင်းနှင့်...
မျက်မှောက်ခေတ်တွင် သန့်ရှင်းသောဝိညာဉ်တော်သည် အသင်းတော်တွင်း၌ မည်သို့အမှုပြုနေသနည်း။ ဤမေးခွန်းကို သင် သေချာစွာ သဘောပေါက်သလော။...
ပေတရုသည် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် စစ်ဆေးခြင်းတို့မှတစ်ဆင့် စုံလင်စေခြင်း ခံခဲ့ရသည်။ သူက “ငါသည် အချိန်တိုင်းတွင် ဘုရားသခင်၏ စိတ်ဆန္ဒကို...