ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၈၀

07.03.2021

ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၂၁:၁၆-၁၇ တဖန်ယေရှုက၊ ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလောဟု ဒုတိယအကြိမ်မေးတော်မူလျှင်၊ ဟုတ်ပါ၏သခင်။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟုလျှောက်သော်၊ ငါ၏ သိုးတို့ကို ထိန်းလော့ဟုမိန့်တော်မူ၏။ ယေရှုကလည်း၊ ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလောဟု တတိယအကြိမ်မေးတော်မူလျှင်၊ သင်သည်ငါ့ကိုချစ်သလောဟု သုံးကြိမ်မြောက်အောင် မေးတော်မူသောကြောင့် ပေတရုသည်စိတ်နာသဖြင့်၊ သခင်၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကိုသိတော်မူ၏။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟု လျှောက်သော်၊ ယေရှုက၊ ငါ၏သိုးတို့ကို ကျွေးမွေးလော့။

ဤစကားပြောဆိုခြင်း၌ သခင်ယေရှုက ပေတရုကို ထပ်ခါထပ်ခါ မေးခဲ့သည်။ “ပေတရု သင်ငါ့ကိုချစ်သလော။” ၎င်းက သခင်ယေရှု သေခြင်းမှ ရှင်ပြန်ထမြောက်ပြီးနောက်မှာ ပေတရုလိုလူတို့၊ ခရစ်တော်ကို အမှန်တကယ်ယုံကြည်ပြီး သခင်ကို ချစ်ရန် အစွမ်းကုန် ကြိုးစားသောသူတို့ဆီမှ သခင်ယေရှုလိုအပ်သော ပိုမိုမြင့်မားသော စံသတ်မှတ်ချက်တစ်ခုဖြစ်သည်။ ဤမေးခွန်းက စူးစမ်းရှာဖွေခြင်းပုံစံမျိုး၊ စစ်ကြောမေးမြန်းခြင်းပုံစံမျိုးဖြစ်သည်။ သို့သော်လည်း ထို့ထက်ပို၍ပင် ၎င်းသည် ပေတရုလိုလူတို့၏ လိုအပ်ချက်နှင့် မျှော်မှန်းချက်တို့ဖြစ်သည်။ လူတို့သည် ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ရှုစစ်ဆေးရန်အတွက် ဤကဲ့သို့မေးသောနည်းလမ်းကို သူအသုံးပြုခဲ့သည်။ လူတို့အတွက် သခင်ယေရှု၏ လိုအပ်ချက်တို့က အဘယ်နည်း။ သခင့်ကို ငါချစ်သလော။ ငါက ဘုရားသခင်ကို ချစ်သော လူတစ်ယောက်လော။ သခင့်ကို ငါ မည်ကဲ့သို့ ချစ်သင့်သနည်း။ သခင်ယေရှုက ပေတရုကိုပင် ဤမေးခွန်းကိုမေးခဲ့သော်လည်း အမှန်တကယ်က သူ့နှလုံးသားထဲတွင် ဘုရားသခင်ကို ချစ်ရန် အားထုတ်ကြိုးပမ်းသူတို့ဖြစ်သော နောက်ထပ်လူတို့ကို ဤကဲ့သို့မေးခွန်းကို မေးရန် ပေတရုကို မေးသောအခွင့်အလမ်းကို သူအသုံးပြုလိုခဲ့သည်။ ပေတရုသည် ဤကဲ့သို့လူတို့၏ ကိုယ်စားပြုအဖြစ် ပြုမူရန်၊ သခင်ယေရှုကိုယ်တိုင်၏ နှုတ်မှ မေးခြင်းကို လက်ခံရရှိရန် ကောင်းချီးခံရသောအတွက်ကြောင့်သာ ဖြစ်သည်။

သခင်ယေရှု သေခြင်းမှ ရှင်ပြန်ထမြောက်ပြီးနောက်မှာ သောမကို ပြောခဲ့သော “သင်၏လက်ကိုဆန့်၍ ငါ့နံဖေးကို စမ်းသပ်လော့။ ယုံမှားခြင်းမရှိနှင့်။ ယုံလော့ဟု မိန့်တော်မူ၏” ဆိုသည်နှင့် ယှဉ်ကြည့်လျှင် ပေတရုကို သုံးကြိမ်မေးသော “ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလော” ဆိုသည်က သခင်ယေရှု၏ သဘောထား၏ လေးနက်မှု၊ သူမေးခွန်းထုတ်နေစဉ် သူခံစားရသော အရေးတကြီးဖြစ်မှုကို လူတို့ကို ပိုပြီး ခံစားရစေသည်။ သောမ၏ လိမ်လည်လှည့်ဖြားတတ်သော အကျင့်စရိုက်နှင့် သံသယဝင်နေသောသူ့အတွက်၊ သူ့လက်ကိုဆန့်ထုတ်ပြီး သူ၏ သံရိုက်ရာတို့ကို ထိကြည့်ရန် ခွင့်ပြုခဲ့ပြီး သခင်ယေရှုသည် သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့သောလူသားဖြစ်ကြောင်းကို သူ့ကို ယုံကြည်စေခဲ့ပြီး သခင်ယေရှု၏ ဝိသေသလက္ခဏာကို ခရစ်တော်အဖြစ် အသိအမှတ်ပြုစေခဲ့သည်။ သခင်ယေရှုသည် သောမကို ပြင်းပြင်းထန်ထန် ပြစ်တင်ပြောဆိုခြင်းမပြုသကဲ့သို့ သူ့အတွက် ရှင်းလင်းသော တရားစီရင်မှုတစ်ခုခုကို နှုတ်မှ မဖော်ပြခဲ့ပေ။ သခင်ယေရှုသည် သူ့ကို နားလည်သည်ဆိုကြောင်းကို လက်တွေ့ လုပ်ဆောင်မှုတို့မှတစ်ဆင့် သိစေခဲ့ပြီး ဤကဲ့သို့လူမျိုးအပေါ် သူ၏ သဘောထားနှင့် သံန္နိဋ္ဌာန်ကိုလည်း ပြသခဲ့သည်။ ဤကဲ့သို့လူမျိုးအပေါ် သခင်ယေရှု၏ လိုအပ်ချက်တို့နှင့် မျှော်မှန်းချက်တို့သည် သူပြောသောအရာတို့မှတစ်ဆင့် မသိနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် သောမကဲ့သို့သောလူတို့သည် မှန်ကန်သော ယုံကြည်ခြင်းတစ်စတစ်လေမျှ အမှန်တကယ်မရှိသောကြောင့်ဖြစ်သည်။ သူတို့အတွက် သခင်ယေရှု၏ လိုအပ်ချက်တို့က ဤအရာထဲ၌ပင် ရှိသည်။ သို့သော်လည်း ပေတရုလိုလူတို့အပေါ် သူဖွင့်ပြသော သဘောထားက လုံးဝ မတူပေ။ ပေတရုကို သူ့လက်ကို ဆန့်ပြီး သူ့သံရိုက်ရာတို့ကိုစမ်းရန် မလိုအပ်ခဲ့သကဲ့သို့ ပေတရုကို “ယုံမှားခြင်းမရှိနှင့်။ ယုံလော့” ဟုလည်း မပြောခဲ့ပေ။ ဤကဲ့သို့မဟုတ်ဘဲ သူသည် ပေတရုကို ဤမေးခွန်းတစ်ခုကိုပင် ထပ်ခါထပ်ခါမေးခဲ့သည်။ ၎င်းသည် ခရစ်တော်၏နောက်လိုက်တိုင်းကို နောင်တရစေမည့်၊ ကြောက်ရွံ့စေမည့်၊ သခင်ယေရှု၏ စိုးရိမ်ပူပန်ပြီး ဝမ်းနည်းသော စိတ်ခံစားမှုကိုလည်း ခံစားသိရှိစေရမည့်၊ စဉ်းစားစရာ အဓိပ္ပာယ်ပြည့်ဝသော မေးခွန်းတစ်ခု ဖြစ်သည်။ သူတို့သည် ကြီးမားသော နာကျင်မှုတို့၊ ဒုက္ခခံစားရခြင်းတို့ ဖြစ်သောအခါ သူတို့သည် သခင်ယေရှုခရစ်တော်၏ အလေးထားမှုနှင့် သူ၏ ဂရုစိုက်မှုကို ပိုပြီး နားလည်နိုင်လာကြသည်။ သန့်စင်ပြီး ရိုးသားသောလူတို့၏ တင်းကြပ်သော လိုအပ်ချက်တို့နှင့် သူ၏လေးနက်သော ဆုံးမစကားတို့ကို သူတို့ သိမြင်ကြသည်။ သခင်ယေရှု၏ မေးခွန်းသည် ဤရိုးရှင်းသောစကားလုံးတို့ထဲ၌ ဖွင့်ပြသော လူတို့အပေါ် သခင်ယေရှု၏ မျှော်မှန်းချက်တို့သည် သူ့ကို ယုံကြည်ပြီး သူ့နောက်လိုက်ရုံသက်သက်မဟုတ်ဘဲ ချစ်ခြင်းရရှိရန်၊ သင်၏ သခင့်ကို ချစ်ခြင်း၊ သင့်ဘုရားသခင်ကို ချစ်ခြင်းကို ရရှိရန်ဖြစ်သည်ဆိုသည်ကို လူတို့ကို ခံစားရစေသည်။ ဤကဲ့သို့အချစ်မျိုးသည် ဂရုစိုက်ခြင်းနှင့် နာခံခြင်းပင်ဖြစ်သည်။ ၎င်းသည် လူသားတို့က ဘုရားသခင်အတွက် အသက်ရှင်ခြင်း၊ ဘုရားသခင်အတွက် အသေခံခြင်း၊ ဘုရားသခင်အတွက် အရာအားလုံးကို နှစ်မြှုပ်ခြင်း၊ ဘုရားသခင်အတွက် အရာရာတိုင်းကို အသုံးတော်ခံပြီး ပေးအပ်ခြင်းတို့ဖြစ်သည်။ ဤကဲ့သို့ချစ်ခြင်းမျိုးသည် ဘုရားသခင်ကို စိတ်သက်သာရာရမှုကိုလည်းပေးသည်။ သူ့ကို သက်သေခံခြင်းကို နှစ်သက်ခံစားစေသည်၊ သူ့ကို အနားယူစေသည်။ ၎င်းသည် ဘုရားသခင်အပေါ် လူသားမျိုးနွယ်၏ ပြန်လည်ပေးဆပ်ခြင်းဖြစ်သော သူတို့၏ တာဝန်ယူမှု၊ ဝတ္တရားနှင့် လုပ်ဆောင်ရမည့်တာဝန်တို့ဖြစ်ပြီး လူသားမျိုးနွယ်တို့ သူတို့ဘဝတစ်ခုလုံး၌ လိုက်နာရမည့် လမ်းဖြစ်သည်။ ဤမေးခွန်းသုံးခုသည် သခင်ယေရှု ပေတရုအပေါ် ပြုလုပ်သော လိုအပ်ချက်နှင့် တိုက်တွန်းချက်တစ်ခုဖြစ်ပြီး လူအားလုံးကို စုံလင်စေပါလိမ့်မည်။ ပေတရုအား သူ့အသက်တာလမ်းကြောင်းကို ဦးဆောင်ပြီး တွန်းအားပေးခဲ့ခြင်းက ဤမေးခွန်းသုံးခုဖြစ်သည်။ ၎င်းသည် သခင့်၏ နှလုံးသားကို ဂရုစိုက်ရန်၊ သခင့်ကို နာခံရန်၊ သခင့်ကို စိတ်သက်သာရာရခြင်းကို ပေးအပ်ရန်၊ ဤချစ်ခြင်းကြောင့် သူ့ဘဝတစ်ခုလုံးနှင့် သူ့ခန္ဓာတစ်ခုလုံးကို ပေးအပ်ရန် သခင့်အတွက် သူ၏ချစ်ခြင်းကြောင့် စုံလင်စေရန်ဖြစ်သော ပေတရု၏ လမ်းကြောင်း၌ သူ့ကို အစပြုစေရန် ဦးဆောင်ခဲ့သော၊ သူ့ကို ဦးဆောင်ခဲ့သော သခင်ယေရှု၏ ခွဲခွာခြင်းအချိန်က မေးခွန်းတို့ဖြစ်သည်။

ကျေးဇူးတော်ခေတ်ကာလအတွင်း၌ ဘုရားသခင်၏လုပ်ဆောင်မှုသည် အဓိကအားဖြင့် လူအမျိုးအစားနှစ်မျိုးအတွက် ဖြစ်သည်။ ပထမက သူ့ကိုယုံကြည်ပြီး သူ့နောက်လိုက်သောသူ၊ သူ၏ ပညတ်တော်တို့ကို ထိန်းသိမ်းနိုင်သူ၊ လက်ဝါးကပ်တိုင်ကို ထမ်းနိုင်ပြီး ကျေးဇူးတော်ခေတ်၏ လမ်းဆီသို့ ကိုင်ဆောင်နိုင်သောသူဖြစ်သည်။ ဤလူမျိုးသည် ဘုရားသခင်၏ ကောင်းချီးကို ရရှိပြီး ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရမည်ဖြစ်သည်။ ဒုတိယလူအမျိုးအစားက စုံလင်အောင် ပြုပေး၍ ရနိုင်သော ပေတရုကဲ့သို့ဖြစ်သည်။ ထို့ကြောင့် သခင်ယေရှုသည် သေခြင်းမှ ရှင်ပြန်ထမြောက်ပြီးသောအခါ အဓိပ္ပာယ်အရှိဆုံးဖြစ်သည့် ဤအရာနှစ်ခုကို ဦးစွာပြုလုပ်ခဲ့သည်။ တစ်ခုက သောမအပေါ် ပြုခဲ့ပြီး တစ်ခုက ပေတရုအပေါ်ပြုခဲ့သည်။ ဤနှစ်ခုက မည်သည်ကို ကိုယ်စားပြုသနည်း။ လူသားမျိုးနွယ်ကို ကယ်တင်ရန်ဖြစ်သော ဘုရားသခင်၏ တကယ့်ရည်ရွယ်ချက်ကို ကိုယ်စားပြုသလော။ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ရိုးသားဖြူစင်မှုကို ကိုယ်စားပြုသလော။ သောမကို သူပြုခဲ့သော လုပ်ဆောင်မှုသည် သံသယမရှိဘဲ ယုံကြည်လိုက်ရန် လူတို့ကို သတိပေးရန်ဖြစ်သည်။ ပေတရုကို သူပြုခဲ့သော လုပ်ဆောင်မှုသည် ပေတရုလိုလူတို့၏ ယုံကြည်မှုကို ခိုင်မာစေရန်ဖြစ်ပြီး ဤကဲ့သို့သောလူမျိုးအတွက် ရှင်းလင်းသော လိုအပ်ချက်တို့ ပြုလုပ်ရန်၊ သူတို့ ဘယ်ပန်းတိုင်နောက်ကို လိုက်သင့်သည်ဖြစ်ကြောင်းကို ပြသရန်အတွက်ဖြစ်သည်။

သခင်ယေရှု သေခြင်းမှ ရှင်ပြန်ထမြောက်ပြီးနောက်မှာ လိုအပ်သည်ဟု သူထင်သော လူတို့ထံ၌ သူကိုယ်ထင်ပြခဲ့သည်။ သူတို့နှင့်စကားပြောခဲ့ပြီး သူ၏ ရည်ရွယ်ချက်တို့ကို ထားခဲ့ရင်း၊ လူတို့အပေါ် သူ၏မျှော်မှန်းချက်တို့ကို ထားခဲ့ရင်း၊ သူတို့အတွက် သတ်မှတ်ချက်တို့ကို ပြဋ္ဌာန်းခဲ့သည်။ ဆိုလိုသည်မှာ လူ့ဇာတိခံယူသော ဘုရားသခင်အနေနှင့် လူ့ဇာတိခံယူထားသော အချိန်အတွင်းမှာ ဖြစ်စေ၊ လက်ဝါးကပ်တိုင်၌ သံနှင့်အရိုက်ခံရပြီး သေခြင်းမှ ရှင်ပြန်ထမြောက်ပြီးနောက်မှာဖြစ်စေ၊ လူသားမျိုးနွယ်နှင့် လူတို့အပေါ်ထားရှိသော သတ်မှတ်ချက်တို့အတွက် သူ၏ အလေးထားမှုက မပြောင်းလဲပေ။ သူသည် လက်ဝါးကပ်တိုင်ပေါ် မရောက်ခင်၌ ဤတပည့်တော်တို့အတွက် စိုးရိမ်ခဲ့သည်။ သူ့နှလုံးသားထဲ၌ လူတစ်ယောက်ချင်းစီတိုင်း၏ အခြေအနေက ရှင်းလင်းနေသည်။ လူတိုင်း၏ ချို့ယွင်းချက်တို့ကို သူနားလည်သည်။ သူသေပြီး ရှင်ပြန်ထမြောက်ပြီးနောက် ဝိညာဉ်ခန္ဓာဖြစ်သွားသော်ငြားလည်း လူ့ဇာတိမှာရှိတုန်းကကဲ့သို့ပင် လူတိုင်းအပေါ် သူ၏ နားလည်မှုက အတူတူပင်ဖြစ်သည်။ လူတို့က သူ၏ ဝိသေသလက္ခဏာကို ခရစ်တော်အနေနှင့် လုံးဝ သေချာခြင်းမရှိကြောင်းကို သူသိခဲ့သည်။ သို့သော်လည်း လူ့ဇာတိမှာရှိနေစဉ်က လူတို့အပေါ် သူတင်းကြပ်စွာ တောင်းဆိုမှုတို့ မပြုလုပ်ခဲ့ပေ။ သို့သော်လည်း သူသည် ရှင်ပြန်ထမြောက်ပြီးနောက် သူတို့ရှေ့မှာ ကိုယ်ထင်ပြခဲ့ပြီး သခင်ယေရှုသည် ဘုရားသခင်ဆီမှလာပုံ၊ သူသည် လူ့ဇာတိခံယူထားသော ဘုရားသခင်ဖြစ်ကြောင်းကို သူတို့ကို လုံးဝ သေချာအောင်ပြုလုပ်ခဲ့ပြီး သူ၏ ကိုယ်ထင်ပြခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းကို လူသားမျိုးနွယ်၏ တစ်သက်တာ ကြိုးစားအားထုတ်မှုအတွက် အကြီးမားဆုံးမျှော်လင့်ချက်နှင့် တွန်းအားအဖြစ် အသုံးပြုခဲ့သည်။ သူ၏ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းက သူ့နောက်လိုက်သူတို့ အားလုံးကို ခိုင်ခံ့စေခဲ့ရုံမကဘဲ ကျေးဇူးတော်ခေတ်၏ သူ၏လုပ်ဆောင်မှုကို လူသားမျိုးနွယ်ကြားထဲ၌ သေချာစွာ အကျိုးသက်ရောက်မှု ရှိစေခဲ့ခြင်းကြောင့် ကျေးဇူးတော်ခေတ်မှာ သခင်ယေရှု၏ ကယ်တင်ခြင်း၏ ဧဝံဂေလိတရားတော်သည် လူသားမျိုးနွယ်၏ နေရာအနှံ့ကို တဖြည်းဖြည်းချင်း ပျံ့နှံ့သွားခဲ့သည်။ သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းပြီးနောက်မှာ သူ၏ ကိုယ်ထင်ပြခြင်းက အဓိပ္ပာယ်တစ်ခုခုရှိသည်ဟု သင်ဆိုမည်လော။ ထိုအချိန်မှာ သင်က သောမ၊ သို့မဟုတ် ပေတရုဖြစ်ပြီး အဓိပ္ပာယ်အလွန်ရှိသော ဤအရာကို သင်ကြုံတွေ့ခဲ့လျှင် သင့်အပေါ်၌ မည်ကဲ့သို့သက်ရောက်မှု ရှိမည်နည်း။ သင်၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းအသက်တာမှာ အကောင်းဆုံးနှင့် အကြီးမြတ်ဆုံးရူပါရုံပင်ဟု သင်မြင်မည်လော။ ဤသည်ကို သင့်၏ ဘုရားသခင်နောက်ကိုလိုက်ခြင်း၊ သူ့ကိုဖြည့်ဆည်းပေးရန်အတွက် အားထုတ်ကြိုးပမ်းခြင်း၊ သင့်အသက်တာမှာ ဘုရားသခင်ကို ချစ်ခြင်းကို အားထုတ်ကြိုးပမ်းခြင်းအတွက် တွန်းအားပေးသော စွမ်းအားအနေနှင့် သင်မြင်မည်လော။ ဤအကြီးမြတ်ဆုံး ရူပါရုံကို ဖြန့်ဝေရန်အတွက် တစ်သက်လုံး အားစိုက်ထုတ်သွားမည်လော။ သခင်ယေရှု၏ ကယ်တင်ခြင်းကို ဖြန့်ဝေခြင်းကို ဘုရားသခင်ဆီမှ သင်လက်ခံသော တာဝန်တစ်ခုအဖြစ် ပြုလုပ်မည်လော။ သင်တို့က ဤသည်ကို မကြုံတွေ့ဖူးသော်လည်း သောမနှင့် ပေတရု၏ အဖြစ်အပျက်နှစ်ခုက ယခုခေတ်လူတို့အတွက် ဘုရားသခင်၏ အလိုတော်နှင့် ဘုရားအပေါ် ရှင်းလင်းသော နားလည်ခြင်းကို ရရှိရန် လုံလောက်နေပါပြီ။ ဘုရားသခင်သည် လူ့ဇာတိဖြစ်ပြီးနောက်မှာ၊ လူသားမျိုးနွယ်နှင့် လူသားတစ်ယောက်၏ဘဝကို သူကိုယ်တိုင် ကြုံတွေ့ပြီးနောက်၊ လူသားမျိုးနွယ်၏ ဆိုးယုတ်ခြင်းနှင့် လူ့အသက်တာ၏ အခြေအနေကို သူမြင်ပြီးနောက် လူ့ဇာတိ၌ရှိသော ဘုရားသခင်သည် လူသားမျိုးနွယ် မည်မျှ ခိုကိုးရာမဲ့ကြောင်း၊ ဝမ်းနည်းဖွယ်ရာကောင်းကြောင်းနှင့် သနားစရာကောင်းကြောင်းတို့ကို နက်နက်နဲနဲ ပိုပြီး ခံစားခဲ့ရသည်။ ဘုရားသခင်သည် လူ့ဇာတိနှင့် နေထိုင်စဉ် သူ၏ လူ့သဘာ၀ကြောင့် လူ့ဇာတိမှာရှိသော သူ၏ ဗီဇစိတ်ကြောင့် လူသား၏ အခြေအနေအတွက် ပိုပြီး ကြင်နာသနားခြင်းတို့ ရှိခဲ့သည်။ ဤအချက်က သူ့နောက်လိုက်တို့အတွက် ပိုမိုကြီးမားသော ပူပန်မှုတို့ ဖြစ်ပေါ်စေခဲ့သည်။ ၎င်းတို့က သင်တို့နားမလည်နိုင်သော အရာတို့ ဖြစ်ကောင်းဖြစ်မည်။ သို့သော်လည်း သူ့နောက်လိုက်တစ်ယောက်ချင်းစီတိုင်းအတွက် ဘုရားသခင်၏ စိုးရိမ်မှုနှင့် ဂရုစိုက်မှုကို ပြင်းထန်သော ပူပန်မှုဆိုသော စကားစုနှင့် ငါဖော်ပြနိုင်သည်။ ဤဝေါဟာရက လူသား၏ ဘာသာစကားမှ လာခြင်းဖြစ်သော်လည်း၊ အလွန်လူသားဆန်သော စကားစုဖြစ်သော်လည်း ဘုရားသခင်၏ နောက်လိုက်တို့အတွက် သူ၏ ခံစားချက်ကို အမှန်တကယ် ဖော်ပြပြီး ရှင်းလင်းပြသည်။ လူသားတို့အတွက် ဘုရားသခင်၏ပြင်းထန်သော ပူပန်မှုအတွက် သင်တို့၏အတွေ့အကြုံလမ်းကြောင်းတစ်လျှောက်မှာ သင်တို့က ဤသည်ကို တဖြည်းဖြည်း ခံစားရမည်ဖြစ်ပြီး မြည်းစမ်းရမည်ဖြစ်သည်။ သို့သော်လည်း ၎င်းက သင်တို့ကိုယ်တိုင်၏ စိတ်သဘောထားပြောင်းလဲမှုနောက်ကိုလိုက်ခြင်း၏ အခြေခံအချက်အပေါ်မှာ ဘုရားသခင်၏ စိတ်သဘောထားကို တဖြည်းဖြည်းနားလည်ခြင်းအားဖြင့်သာ ရရှိနိုင်သည်။ သခင်ယေရှု၏ ကိုယ်ထင်ပြခြင်းသည် လူသားမျိုးနွယ်၌ရှိသော သူ၏နောက်လိုက်တို့အတွက် ပြင်းထန်သော ပူပန်မှုကို ရုပ်လုံးထင်စေခဲ့ပြီး ထိုအရာကို သူ၏ ဝိညာဉ်ခန္ဓာဆီသို့ လွှဲပြောင်းပေးခဲ့သည်၊ သို့မဟုတ် သူ၏ ဘုရားသဘောသဘာဝကို လွှဲပြောင်းပေးခဲ့သည်ဟု သင်တို့ဆိုနိုင်သည်။ သူ၏ ကိုယ်ထင်ပြမှုသည် ခေတ်တစ်ခုကို ဖြစ်ပေါ်စေခြင်း၊ ခေတ်တစ်ခုကို တည်ဆောက်ခြင်းသည် ဘုရားသခင်ဖြစ်ကြောင်းကို စွမ်းအားကြီးစွာ သက်သေပြရင်းနှင့် ဘုရားသခင်၏ ပူပန်မှုနှင့် ဂရုစိုက်မှုကို လူတို့ နောက်ထပ် တွေ့ကြုံခံစားရစေသည်။ တဖန် ခေတ်တစ်ခုကို အဆုံးသတ်သောသူသည် သူပင်ဖြစ်သည်။ သူ၏ ကိုယ်ထင်ပြခြင်းမှတစ်ဆင့် လူတို့အားလုံး၏ ယုံကြည်ခြင်းကို ပိုမိုခိုင်မာစေခဲ့ပြီး သူ၏ ကိုယ်ထင်ပြခြင်းမှတစ်ဆင့် သူသည် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်သည်ဆိုသည်ကို သက်သေပြခဲ့သည်။ ဤအချက်က သူ့နောက်လိုက်တို့ကို ထာဝရ အတည်ပြုချက်ကို ပေးခဲ့သည်။ သူ၏ကိုယ်ထင်ပြခြင်းမှတစ်ဆင့် ခေတ်သစ်၌ သူ့အလုပ်၏ အဆင့်တစ်ခုကိုလည်း စတင်ခဲ့သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။