ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၄၅

ယခု ဘုရားသခင်သည် သူနှင့်အတူ ပူးပေါင်း ဆောင်ရွက်ရန် ကြိုးပမ်းသူ၊ သူ၏အလုပ်ကို နာခံနိုင်သူ၊ ဘုရားသခင်ပြောသော နှုတ်ကပတ်တော်များကို အမှန် ဖြစ်သည်ဟု ယုံကြည်သူနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို လက်တွေ့ဆောင်နိုင်သော လူတစ်စုကို ရယူလိုသည်၊ ထိုသူတို့သည် သူတို့၏ စိတ်နှလုံးတွင် စစ်မှန်သောနားလည်မှုရှိသူများ ဖြစ်ကြသည်။ ထိုသူတို့သည် စုံလင်စေခြင်းခံရနိုင်သည့် သူများဖြစ်ပြီး ထိုသူတို့သည် ပြည့်ဝ စုံလင်ခြင်း လမ်းကြောင်းကို မလွဲဧကန် လျှောက်လှမ်းရမည့်သူများ ဖြစ်သည်။ စုံလင်စေခြင်း မခံရနိုင်သူများမှာ ဘုရားသခင်၏ အလုပ်ကို ရှင်းလင်းစွာ နားမလည်သူ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မစားသောက်သောသူများ၊ သူ၏ နှုတ်ကပတ်တော်များကို အလေးမထားသူနှင့် သူတို့၏ စိတ်တွင် ဘုရားသခင်အပေါ် ချစ်ခြင်းမေတ္တာ လုံးဝ မရှိသူများ ဖြစ်သည်။ လူ့ဇာတိခံယူထားသေ ဘုရားသခင်ကို သံသယရှိသူများ၊ အမြဲပင် သူ့အကြောင်းကို ရေရေရာရာ မသိဘဲ၊ သူ၏ နှုတ်ကပတ်တော်များကို လုံးဝ အလေးအနက်မထားသည့်အပြင် သူ့ကို အမြဲ လှည့်ဖြားနေသောသူများမှာ ဘုရားသခင်ကို ခုခံပြီး စာတန်ပိုင်ဆိုင်သောသူများ ဖြစ်ကြသည်၊ ထိုသူများကို စုံလင်စေရန် လုံးဝမဖြစ်နိုင်ပေ။

သင်သည် စုံလင်စေခြင်းခံရလိုလျှင်၊ ရှေးဦးစွာ ဘုရားသခင်၏ မျက်နှာသာပေးခြင်းခံရရန် လိုသည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်က သူထောက်ခံသော သူနှင့် သူ၏စိတ်တော်နှင့် တွေ့သောသူကို စုံလင်စေသည်။ ဘုရားသခင်၏ စိတ်တော်နှင့် တွေ့စေလိုလျှင် သင်သည် ဘုရားသခင်၏အလုပ်ကို နာခံတတ်သော စိတ်နှလုံး ရှိရမည်၊ သမ္မာတရားကို ကြိုးစားအားထုတ်ပြီး အရာရာ၌ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးမှုကို လက်ခံ ရပေမည်။ သင်၏လုပ်ဆောင်မှု အားလုံး ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးမှုကို ခံယူပြီးပြီလော။ သင်၏ ရည်ရွယ်ချက်သည် မှန်ကန်သလော။ သင်၏ ရည်ရွယ်ချက် မှန်ကန်ပါက၊ ဘုရားသခင်က သင့်ကို ချီးကျူးပေမည်၊ သင်၏ရည်ရွယ်ချက် မမှန်ကန်ပါက သင်၏နှလုံးသားတွင် ချစ်မြတ်နိုးသည်မှာ ဘုရားသခင် မဟုတ်ဘဲ၊ ဇာတိပကတိနှင့် စာတန်ဖြစ်ကြောင်း ဤသည်က ပြသသည်။ ထို့ကြောင့် သင်သည် ဘုရားသခင်၏ အရာရာကို စစ်ဆေးခြင်းကို လက်ခံရန် နည်းလမ်းတစ်ရပ် အဖြစ် ဆုတောင်းခြင်းကို အသုံးပြုရမည်။ သင် ဆုတောင်းသောအခါ ငါသည် ကိုယ်တိုင်ကိုယ်ကျ သင်၏ရှေ့တွင် ရပ်မနေသော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်နှင့်အတူ ရှိနေပြီး၊ သင် ဆုတောင်းနေသည်ကား ငါကိုယ်တိုင်အပြင် ဘုရားသခင်၏ ဝိညာဉ်တော်ထံကိုပါ ဆုတောင်းနေခြင်း ဖြစ်သည်။ ဤဇာတိပကတိကို အဘယ့်ကြောင့် သင်ယုံကြည်သနည်း။ သူ့ထံတွင် ဘုရားသခင်၏ ဝိညာဉ်တော် ရှိသောကြောင့် သင်ယုံကြည်ခြင်းပင် ဖြစ်သည်။ သူ၌ ဘုရားသခင်၏ ဝိညာဉ်တော်မရှိလျှင် ဤပုဂ္ဂိုလ်ကို သင် ယုံကြည်မည်လော။ ဤပုဂ္ဂိုလ်ကို သင်ယုံကြည်ပါက၊ သင်သည် ဘုရားသခင်၏ ဝိညာဉ်တော်ကို ယုံကြည်ခြင်းပင် ဖြစ်သည်။ ဤပုဂ္ဂိုလ်ကို သင်ကြောက်ရွံ့သည့်အခါ၊ သင်သည် ဘုရားသခင်၏ဝိညာဉ်တော်ကို ကြောက်ရွံ့ခြင်းပင် ဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်ကို ယုံကြည်ခြင်းသည် ဤပုဂ္ဂိုလ်ကို ယုံကြည်ခြင်းဖြစ်ပြီး ဤပုဂ္ဂိုလ်ကို ယုံကြည်ခြင်းသည်လည်း ဘုရားသခင်၏ဝိညာဉ်တော်ကို ယုံကြည်ခြင်းပင် ဖြစ်သည်။ သင်ဆုတောင်းသောအခါ၊ ဘုရားသခင်၏ဝိညာဉ်တော်သည် သင်နှင့်အတူရှိပြီး ဘုရားသခင်သည် သင်၏အရှေ့၌ ရှိသည်ကို သင်ခံစားရ၏၊ ထို့ကြောင့် ဘုရားသခင်၏ ဝိညာဉ်တော်ကို သင်ဆုတောင်း ပဌနာပြုခြင်း ဖြစ်သည်။ မျက်မှောက်ကာလတွင် လူအများစုသည် သူတို့၏ အပြုအမူများကို ဘုရားသခင်ရှေ့သို့ယူလာရန် အထူး ကြောက်ရွံ့နေကြသည်၊ သင့်အနေဖြင့် သူ၏ ဇာတိပကတိကို လှည့်ဖြားနိုင်သော်လည်း၊ သူ၏ ဝိညာဉ်တော်ကို လှည့်ဖြား၍ မရပေ။ ဘုရားသခင်၏ စေ့စေ့စပ်စပ်စစ်ဆေးခြင်းကို မခံနိုင်သည့် မည်သည့်အရာ မဆိုသည် သမ္မာတရားနှင့် မကိုက်ညီသည့်အတွက် ဘေးဖယ်ထားသင့်သည်၊ သို့မဟုတ်ပါက ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်သည့် အပြစ်ဖြစ်သည်။ ထိုကြောင့် သင် ဆုတောင်းသည့်အခါ၊ သင်၏ညီအစ်ကို၊ ညီအစ်မများနှင့် မိတ်သဟာယ ပြုသည့်အခါ၊ သို့မဟုတ် သင်၏တာဝန်ကို လုပ်ဆောင်ပြီး သင်၏လုပ်ရိုးလုပ်စဉ် လုပ်ငန်းများကို ဆောင်ရွက်သည့်အခါ သင်၏စိတ်နှလုံးကို ဘုရားသခင် ရှေ့မှောက်တွင် တစ်ချိန်လုံး ဆက်ကပ်ရမည်။ သင်၏လုပ်ငန်းဆောင်တာများကို ဆောင်ရွက်သည့် အခါတွင် ဘုရားသခင်သည် သင်နှင့်အတူ ရှိမည်ဖြစ်ပြီး၊ သင်၏ရည်ရွယ်ချက်သည် မှန်ကန်ပြီး ဘုရားအိမ်တော်၏ အလုပ်အတွက် ဖြစ်နေသမျှ၊ သင်၏ လုပ်ဆောင်ချက် အားလုံးကို ဘုရားသခင်သည် လက်ခံပေမည်၊ သင်သည် သင်၏လုပ်ငန်းဆောင်တာကို ဖြည့်ဆည်းဖို့ရန် သင့်ကိုယ်သင် စိတ်ရင်းမှန်ဖြင့် လုံးလုံးလျားလျား ပေးအပ် မြှုပ်နှံထားသင့်သည်။ သင်ဆုတောင်းသည့်အခါ၊ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်ကိုချစ်ပြီး ဘုရားသခင်၏ စောင့်ရှောက်ခြင်း၊ ကွယ်ကာခြင်းနှင့် စေ့စေ့စပ်စပ် စစ်ဆေးခြင်းတို့ကို ရှာဖွေလျှင်၊ အကယ်၍ ထိုအရာများသည် သင်၏ရည်ရွယ်ချက်ဖြစ်လျှင်၊ သင်၏ ဆုတောင်းချက်များသည် ထိရောက်ပေလိမ့်မည်။ ဥပမာအားဖြင့် အစည်းအဝေးများတွင် သင် ဆုတောင်းသည့်အခါ မုသားမပြောဘဲ သင်၏ စိတ်နှလုံးကိုဖွင့်၍ ဆုတောင်းကာ သင်၏စိတ်ထဲရှိသမျှကို ပြောလျှင် သင်၏ ဆုတောင်းချက်များသည် ဧကန်မုချ ထိရောက်ပေလိမ့်မည်။ သင်၏ စိတ်နှလုံးထဲမှ ဘုရားသခင်ကို လေးလေးနက်နက် ချစ်သည်ဆိုပါက ဘုရားသခင်အား- “ကောင်းကင်၊ မြေကြီးနှင့် ခပ်သိမ်းသော အရာတို့နှင့်အတူ ရှိတော်မူသော ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်ုပ် သစ္စာဆိုပါသည်။ ကိုယ်တော်၏ ဝိညာဉ်တော်သည် အကျွန်ုပ် ပြုသမျှသော အရာအားလုံးတို့ကို စစ်ဆေး၍ အကျွန်ုပ်ကို အမြဲကာကွယ် စောင့်ရှောက်တော်မူကာ၊ အကျွန်ုပ်ပြုသမျှအရာတို့သည် ကိုယ်တော်၏ မျက်မှောက်တော်၌ တည်စေတော်မူပါ။ အကျွန်ုပ် စိတ်နှလုံးသည် သခင့်ကို ချစ်မြတ်နိုးမှု မရှိတော့ခဲ့သော်၊ သို့မဟုတ် ကိုယ်တော့်ကို သစ္စာဖောက်ခဲ့သော်၊ အကျွန်ုပ်ကို ပြင်းထန်စွာ ပြစ်တင်ဆုံးမ၍ ကျိန်ဆဲတော်မူပါ။ ဤကမ္ဘာတွင် သာမက နောင်လာမည့် ကပ်ကမ္ဘာတိုင်အောင် ကျွန်ုပ်ကို ခွင့်လွှတ်တော် မမူပါနှင့်။” ဟု ကျမ်းသစ္စာ ကျိန်ဆိုလော့။ ထိုသို့သော သင် ကျိန်ဆိုဝံ့သလော။ သင်မကျိန်ဆိုဝံ့ပါက သင်သည် သူရဲဘောကြောင်ပြီး၊ သင့်ကိုယ်သင်သာ ချစ်မြတ်နိုးသေးသည်ကို ပြ၏။ သင်တို့၌ ဤစိတ်ဆုံးဖြတ်ချက် ရှိသလော။ ဤသည်မှာ သင်ဆုံးဖြတ်ချက် အစစ်အမှန်ဖြစ်ပါက၊ ဤကဲ့သို့သော ကျိန်ဆိုမှုကို သင်ပြုသင့်သည်။ ထိုသို့ ကျိန်ဆိုရန် သင်သန္နိဌာန် ချထားပြီးပါက၊ သင်၏ စိတ်ဆုံးဖြတ်ချက်ကို ဘုရားသခင်က ဖြည့်စွမ်းပေးလိမ့်မည်။ သင် ဘုရားသခင် ထံသို့ ကျိန်ဆိုမှုတစ်ခုပြုသည့်အခါ၊ သူနားထောင်သည်။ သင်သည် ဒုစရိုက်နှင့် ပြည့်ဝသူလော၊ ဖြောင့်မတ်သူလော ဟူသည်ကို သင်၏ဆုတောင်းခြင်းနှင့် သင်၏ လက်တွေ့လုပ်ဆောင်မှုများကို တိုင်းတာ၍ ဘုရားသခင် ဆုံးဖြတ်သည်။ ယခု ဤအရာသည် သင်တို့ကို စုံလင်စေသည့် ဖြစ်စဉ်ဖြစ်ပြီး၊ စုံလင်စေခြင်းအပေါ် သင်သည် စစ်မှန်သော ယုံကြည်မှု ရှိလျှင်၊ သင်သည် သင်၏လုပ်ဆောင်ချက် အားလုံးကို ဘုရားသခင်ရှေ့သို့ ယူလာ၍ သူ၏စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို ခံယူလိမ့်မည်၊ အကယ်၍ သင်သည် မအပ်မရာ ပုန်ကန်မှုတစ်ခုခု ကိုလုပ်ပါက၊ သို့မဟုတ် ဘုရားသခင်ကို သစ္စာဖောက်ပါက၊ ဘုရားသခင်သည် သင်ကျိန်ဆိုထားသည့်အတိုင်း အကောင်အထည် ဖော်မည်ဖြစ်၍၊ သင်၌ သေပြီးနောက် ထာဝရအပြစ်ဒဏ်ဖြစ်စေ၊ ပြစ်တင်ဆုံးမခြင်းဖြစ်စေ၊ သင်၌ မည်သည့်အရာ ဖြစ်သည် ဖြစ်စေ၊ ဤသည်မှာ သင်ကိုယ်တိုင်၏ လုပ်ဆောင်မှုကြောင့် ဖြစ်သည်။ ထိုကျိန်ဆိုခြင်းကို သင်ပြုခြင်း ဖြစ်သောကြောင့် ကျိန်ဆိုချက်အတိုင်း လုပ်ဆောင်သင့်သည်။ သင်သည် ကျိန်ဆိုခြင်းကို ပြုသော်လည်း၊ မလိုက်နာပါက၊ သေလွန်ပြီးသည့်တိုင် ထာဝရပြစ်ဒဏ်ကို ခံရလိမ့်မည်။ ဤကျိန်ဆိုမှုသည် သင်၏ ကျိန်ဆိုမှုဖြစ်သည့်အတွက်၊ ဘုရားသခင်က သင်၏ကျိန်ဆိုမှုကို အကောင်အထည် ဖော်လိမ့်မည်။ အချို့သောသူများသည် ဆုတောင်းခြင်း အမှုကိုပြုပြီးနောက် “အားလုံးပြီးကုန်ပြီ။ ငါ့ရဲ့ကာမရာဂ လိုက်စားဖို့နဲ့ စားသောက် ပျော်ပါးဖို့ အခွင့်အရေးလေးတော့ သွားပါပြီ၊ ယုတ်မာတာတွေလုပ်ဖို့ အခွင့်အရေးတွေလည်း သွားပါပြီ၊ လောကကြီးမှာ လောကီ တမ်းတခြင်းတွေကို မွေ့လျော်ဖို့ အခွင့်အရေးတွေ သွားပါပြီ” ဟု ညည်းညူကြသည်။ ဤသူများသည် လောကီအရာများနှင့် ဒုစရိုက်အပြစ်ကို ခင်တွယ်နေသေးသောသူများ ဖြစ်ပြီး၊ ထာဝရပြစ်ဒဏ်ကို မလွဲမသွေခံရမည့်သူများ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် သူ၏စိတ်တော်နှင့် ထိတွေ့သောသူတို့ကို စုံလင်စေသည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၅၀

ယနေ့လူများ၏ ရှာဖွေမှုများတွင် လွဲမှားနေသည့် အရာများရှိနေသည်။ လူများသည် ဘုရားသခင်ကို ချစ်ရန်နှင့် နှစ်လိုစေရန်အတွက်သာ ရှာဖွေကြသည်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၁၈

ဘုရားသခင်၌ သင်၏ယုံကြည်ခြင်း၊ သင်၏ သမ္မာတရားကို လိုက်စားခြင်းနှင့် သင်မိမိကိုယ်ကို ပြုမူပုံပင်လျှင် လက်တွေ့ကျမှုအပေါ် အားလုံးအခြေပြုသင့်သည်-...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၇

အမှု၏အဆင့်သုံးဆင့်သည် ဘုရားသခင်၏ အမှုတစ်ရပ်လုံး၏ မှတ်တမ်းတစ်ခုဖြစ်၏။ ၎င်းတို့သည် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ကယ်တင်ခြင်း မှတ်တမ်းဖြစ်၍...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၀၅

လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်ပြီး ခရစ်တော်သည် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ဖုံးလွှမ်းထားသည့် ဇာတိခန္ဓာဖြစ်သည်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။