ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၅၀

ယနေ့လူများ၏ ရှာဖွေမှုများတွင် လွဲမှားနေသည့် အရာများရှိနေသည်။ လူများသည် ဘုရားသခင်ကို ချစ်ရန်နှင့် နှစ်လိုစေရန်အတွက်သာ ရှာဖွေကြသည်။ ဘုရားသခင်ကို သိကျွမ်းခြင်းမရှိကြ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုနှင့် မိမိတို့အတွင်းထဲမှ ဉာဏ်အလင်းကိုမူ လျစ်လျှုရှုထားကြသည်။ ဘုရားသခင် အား သိကျွမ်းခြင်းကိုမူ သူတို့၏ အခြေခံအုတ်မြစ်အဖြစ် မရှိကြ။ ဤနည်းအားဖြင့် အတွေ့အကြုံများနှင့် ကြုံတွေ့လာရသည်နှင့် အားအင်များ ကုန်ခမ်းလာကြသည်။ ဘုရားသခင်ကို သိကျွမ်းရန် ရှာဖွေသူများ၊ ပြီးခဲ့သော အချိန်ကာလများတွင် ကောင်းမွန်သည့် အခြေအနေ မရှိခဲ့သူများ၊ အဆိုးများနှင့် အားနည်းချက် နောက် လိုက်ခဲ့သူများ၊ မကြာခဏ ငိုကြွေးခဲ့ရသူများ၊ စိတ်ပျက်အားငယ်ခဲ့ရသူများ၊ စိတ်မကောင်းခြင်းနှင့် ကြုံခဲ့ရသူများ၊ ထိုသူများသည် ပိုမိုအတွေ့အကြုံရှိသည့် အားလျော်စွာ ယခုအခါတွင် ပိုမိုကောင်းမွန်သော အဆင့်သို့ တိုးတက်နေကြပြီဖြစ်သည်။ ကြေကွဲဖွယ်ရာများနှင့် တွေ့ကြုံပြီးသောအခါနှင့် စစ်ဆေးပြုပြင်ခြင်း ခံနေရသောအခါတွင် တိုးတက်မှုကို ရရှိနေခြင်းဖြစ်သည်။ ထိုအခြေအနေများသည် ၎င်းတို့အပေါ် ထပ်မံ ကျရောက်စေမည်မဟုတ်၊ ၎င်းတို့၏ အသက်စိတ်သဘောထားများလည်း ပြောင်းလဲကာ၊ ဘုရားသခင်၏ ချစ်ခြင်း မေတ္တာသည် သူတို့အထဲတွင် ရှိနေပြီဖြစ်သည်။ ဘုရားသခင်၏ လူသားများကို စုံလင်စေခြင်းတွင် စည်းကမ်းတစ်ခု ရှိသည်။ ယင်းက သင်၌ လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်း တစ်ခုရှိပြီး သင့်ကို အပျက်သဘောဆောင်သော အခြေအနေများက ခွဲထုတ်နိုင်ရန်၊ သူသည် သင်၏နှစ်လိုဖွယ်ရာ ကောင်းသောအပိုင်းကို အသုံးပြုလျက်၊ သင်၏ ဝိညာဉ်ကို လွတ်မြောက်မှုကို ရရှိစေလျက်၊ သင့်အား သူ့ကို ပိုချစ်နိုင်အောင် ပြုလုပ်လျက် သင့်ကို အသိဉာဏ်ပွင့်လင်းစေခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် စာတန်၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို စွန့်ပယ်နိုင်မည်ဖြစ်သည်။ သင်သည် ရိုးစင်းပြီး ပွင့်လင်းသည်။ မိမိကိုယ်မိမိ သိရန် လိုလားပြီး သမ္မာတရားကိုလည်း လက်တွေ့လုပ်ဆောင်လိုသည်။ ဘုရားသခင်သည် သင့်ကို မုချဧကန် ကောင်းချီးပေးလိမ့်မည်။ ထို့ကြောင့် သင်သည် အားနည်းကာ အပျက်သဘော ဆောင်သောအခါများတွင် သင့်ကိုယ်သင် သာ၍ သိမြင်လာရန်၊ သင့်အတွက်သင် အပြစ်ဝန်ခံသော စိတ်ဆန္ဒပိုရှိရန်နှင့် လက်တွေ့ လုပ်ဆောင်သင့်သည့် အရာများကို လက်တွေ့လုပ်ဆောင်နိုင်ရန် ကူညီလျက် ဘုရားသခင်သည် သင့်အား ဉာဏ်အလင်း နှစ်ဆပေးသည်။ ဤနည်းအားဖြင့်သာ သင်၏စိတ်နှလုံးသည် ငြိမ်းချမ်း သက်သာရာရမည် ဖြစ်သည်။ ဘုရားသခင်ကို သိမြင်ရန် သာမန်အားဖြင့် အလေးဂရုပြုသောသူ၊ မိမိကိုယ်ကိုယ် သိမြင်ရန် အလေးဂရုပြုသောသူနှင့် မိမိ၏ လက်တွေ့လုပ်ဆောင်မှုကို အလေးဂရုပြုသောသူသည် ဘုရားသခင်၏ လုပ်ဆောင်မှုကို မကြာခဏ လက်ခံရရှိနိုင်မည့်အပြင် ကိုယ်တော်၏ လမ်းပြမှုနှင့် ဉာဏ်အလင်းပေးမှုကိုလည်း မကြာခဏ ရရှိနိုင်ပေမည်။ ထိုကဲ့သို့သောသူသည် အပျက်သဘောဆောင်သော အခြေအနေတစ်ရပ်တွင် ရှိသော်လည်း၊ သူသည် အသိစိတ်၏ လုပ်ဆောင်မှုကြောင့်ဖြစ်စေ၊ ဘုရားသခင် နှုတ်ကပတ်တော်၏ ဉာဏ်အလင်းပေးမှုကြောင့်ဖြစ်စေ၊ အမှုအရာများကို ချက်ချင်းပင် ပြောင်းလဲနိုင်သည်။ လူတစ်ဦးသည် မိမိ၏စိတ်နေသဘာထားကို ပြုပြင်နိုင်သည့်အချိန်သည် မိမိ၏ အခြေအနေ မှန်ကို သိသည့်အခါနှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် စိတ်သဘောထားကို သိသည့်အခါများတွင် ဖြစ်သည်။ မိမိကိုယ်မိမိသိလိုကာ ပွင့်လင်းသောသဘော ရှိသူများသည် သမ္မာတရားကို လိုက်လျှောက်နိုင်မည် ဖြစ်သည်။ ထိုကဲ့သို့သောသူများသည် ဘုရားသခင်ထံတွင် သစ္စာရှိသောသူများဖြစ်သည်။ ဘုရားသခင်ကို သစ္စာရှိသောသူများသည် နက်နဲသည်ဖြစ်စေ တိမ်ပါးသည်ဖြစ်စေ၊ နည်းပါးသည်ဖြစ်စေ၊ များပြားသည် ဖြစ်စေ ဘုရားသခင်ကို သိရှိနားလည်သောသူဖြစ်သည်။ ဤအရာသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ဖြစ်ပြီး၊ လူသားများ ရရှိထားသည့်အရာ ဖြစ်သည်။ လူသားများ ပိုင်ဆိုင်သည့်အရာဖြစ်သည်။ ဘုရားသခင်ကို သိရှိသောသူသည် အခြေခံရှိကာ ရူပါရုံရှိသောသူဖြစ်သည်။ ထိုသူသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကို အသေအချာသိသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဘုရားသခင်၏အလုပ်ကိုလည်း အသေအချာသိသည်။ ဘုရားသခင်သည် မည်ကဲ့သို့ လုပ်ဆောင်နေစေကာမူ၊ မည်ကဲ့သို့ ပြောဆို နေစေကာမူ၊ အခြားသူများသည် မည်ကဲ့သို့ အနှောင့်အယှက် ဖြစ်နေစေကာမူ၊ ထိုသူသည် မားမားမတ်မတ် ရပ်ကာ ဘုရားသခင်၏ သက်သေကိုခံမည်ဖြစ်သည်။ ထိုသူသည် ထိုကဲ့သို့ဖြစ်လေ၊ မိမိနားလည်သည့် သမ္မာတရားကို လိုက်လျှောက်နိုင်လေဖြစ်ပေမည်။ ထိုသူသည် ဘုရားသခင်၏ နူတ်ကပတ်တော်ကို အစဉ် လိုက်လျှောက်သောသူ ဖြစ်သောကြောင့် ထိုသူသည် ဘုရားသခင်အား သိရှိနားလည်မှုကို ပိုမိုကာ ရရှိနေ သည်။ ဘုရားသခင်အတွက် ထာဝရ သက်သေခံရန် ပိုင်းဖြတ်ထားသော စိတ်ကိုလည်း ပိုင်ဆိုင်ထားပြီး ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံစိုက်သူများသာ စုံလင်စေခြင်းခံရနိုင်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၂၃

လူသားတို့ ပိုင်ဆိုင်ရန်လိုအပ်သည့် သမ္မာတရားကို ဘုရားသခင်၏ နှုတ်ကပတ်တော်တွင်တွေ့နိုင်ပြီး၊ ယင်းသည် လူသားမျိုးနွယ်အတွက် အကျိုးကျေးဇူးနှင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၈၅

မောဘ၏ သားစဉ်မြေးဆက်များအပေါ် ယခု အမှုပြုရန်မှာ အကြီးမားဆုံးသော အမှောင်ထဲသို့ ကျဆင်း သွားကြပြီးဖြစ်သူများကို ကယ်တင်ရန် ဖြစ်သည်။ ၎င်းတို့သည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၄၁

ယနေ့ခေတ်၌ ဘုရားသခင်၏ အလုပ်ကို သိဖို့ဆိုသည်မှာ အဓိကအားဖြင့် နောက်ဆုံးသော ကာလ၌ ဘုရားသခင် လူ့ဇာတိခံယူသည်ကို သိခြင်း၊ သူ၏ အဓိက သာသနာလုပ်ငန်းက...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၀၃

ဤအဆင့်တွင် လူ့ဇာတိခံယူသော ဘုရားသခင်သည် အခက်အခဲကို ကြံ့ကြံ့ခံနေသည် ဖြစ်စေ၊ သူ၏ အမှုတော်ကို ထမ်းဆောင်နေရသည် ဖြစ်စေ၊ လူ့ဇာတိခံယူခြင်း၏...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။