ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၅၄

ဘုရားသခင်က လူကိုစုံလင်စေသော လမ်းကြောင်းဆိုသည်မှာ အဘယ်နည်း။ အဘယ်ရှုထောင့်များ ပါဝင်သနည်း။ ဘုရားသခင်အားဖြင့် ပြီးပြည့်စုံလင်သူ ဖြစ်လာရန် သင်အလိုရှိသလော။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရန် သင်အလိုရှိသလော။ ဤမေးခွန်းများ အကြောင်းကို သင်ဘာသိသနည်း။ ထိုသို့သော အသိတရားပညာကို သင်မပြောနိုင်လျှင်၊ သင်သည် ဘုရားသခင်၏ အလုပ်ကို မသိသေးကြောင်းနှင့်၊ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် အသိဉာဏ် ပွင့်လင်းခြင်းကို လုံးဝမခံယူ ရသေးကြောင်းကို ဖော်ပြသည်။ ထိုကဲ့သို့သော လူမျိုးကို ပြီးပြည့်စုံလင်စေ၍ မရနိုင်ပါ။ သူတို့သည် ခေတ္တအချိန်အတွက် ကျေးဇူးတော် ပမာဏအနည်းငယ်ကိုသာ ခံယူနိုင်လျက် ရေရှည်အတွက်ဆိုပါက မထိန်းသိမ်းနိုင်ကြပေ။ လူတစ်ယောက်သည် ဘုရားသခင်၏ ကျေးဇူးတော်၌သာ မွေ့လျော်လျှင် ထိုသူသည် ဘုရားသခင် ပြီးပြည့်စုံလင်စေသူ မဖြစ်နိုင်ပါ။ အချို့မှာ ဇာတိပကတိ၏ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်မှုတွင် ကျေနပ်ကောင်း ကျေနပ်ကြမည်။ ဒုက္ခ သို့မဟုတ် ကံဆိုးခြင်းကင်းသော သောကမဲ့သည့်ဘဝ၊ မိသားစုခိုက်ရန်ဖြစ်ခြင်း သို့မဟုတ် စကားများခြင်းကင်းသော ငြိမ်သက်ခြင်း၌ အသက်ရှင်ရာတွင် ကျေနပ်ကောင်း ကျေနပ်ကြမည်။ ယင်းသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာဟူ၍ပင် သူတို့မှာ ယုံကြည်ကောင်း ယုံကြည်ကြမည်။ သို့သော် အမှန်တွင်မူ ၎င်းမှာ ဘုရားသခင်၏ ကျေးဇူးတော် သက်သက်မျှသာ ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်၌ ပျော်မွေ့နေခြင်းကို ကျေနပ်နေ၍ မရနိုင်ပါ။ ထိုသို့သော တွေးခေါ်ခြင်းသည် အလွန်ပင် အောက်တန်း ကျလွန်းသည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နေ့စဉ်ဖတ်ရှုပြီး၊ နေ့စဉ်ဆုတောင်းလျက်၊ သင့်ဝိညာဉ်က တစ်စုံတစ်ရာသော ပျော်ရွှင်မှုနှင့် ငြိမ်သက်ခြင်းကို ခံစားရလျှင်ပင်၊ အဆုံးမှာ ဘုရားသခင်၏ ပညာတရားနှင့် ဘုရားသခင်၏အလုပ်ကို သင်မပြောနိုင်ပါက၊ သို့မဟုတ် ထိုသို့သော အတွေ့အကြုံမရှိပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်မည်မျှပင်စားသုံးပြီး၊ သောက်သုံးခဲ့ပါစေ၊ သင့်ဝိညာဉ်၌ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်းသက်သက် ခံစားရလျှင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အနှိုင်းမဲ့ ချိုမြိန်သည်ဟု ခံစားရပြီး၊ နှုတ်ကပတ်တော်၌ ပျော်မွေ့မခန်းသဖွယ် ရှိလည်းဘဲ၊ ကိုယ်တွေ့အမှန်အကန်မရှိ၊ နှုတ်ကပတ်တော်၏ လက်တွေ့အရှိတရားကိုလည်း မရှိပါက၊ ယင်းသို့သော ဘုရားသခင်ကို ယုံကြည်ခြင်းမျိုးမှ ဘယ်အရာကို သင်ရရှိနိုင်သနည်း။ သင်သည် ဘုရားသခင်နှုတ်ကပတ်တော်၏ အနှစ်သာရအတိုင်း အသက်မရှင်နိုင်လျှင်၊ သင်၏စားသုံးခြင်း၊ သောက်သုံးခြင်းနှင့် ဆုတောင်းခြင်းများသည် ဘာသာရေးနှင့်သာ လုံးဝသက်ဆိုင်သည်။ ထို့ကြောင့် ယင်းကဲ့သို့သော လူသည် ဘုရားသခင်အားဖြင့် ပြီးပြည့်စုံလင်သူ မဖြစ်နိုင်၊ ဘုရားသခင်၏ သိမ်းပိုက်ရရှိခြင်းလည်း မခံရနိုင်။ ဘုရားသခင်၏ ရရှိခြင်းခံရသူတို့သည် သမ္မာတရားကို လိုက်လျှောက်သော သူများဖြစ်ကြ၏။ ဘုရားသခင် ရရှိသော အရာမှာ လူ၏ ဇာတိပကတိလည်းမဟုတ်၊ လူ၏ပိုင်ဆိုင်မှုများလည်း မဟုတ်ပဲ၊ လူအထဲက ဘုရားသခင်ပိုင်ဆိုင်သော အစိတ်အပိုင်းကိုသာ ဖြစ်၏။ ထို့ကြောင့် ဘုရားသခင်က လူ၏ဇာတိပကတိကို ပြီးပြည့်စုံလင်စေခြင်း မဟုတ်ဘဲ သူ့စိတ်နှလုံးကိုသာ ပြီးပြည့်စုံလင်စေခြင်း ဖြစ်သည်ဟု ငါပြောရခြင်း ဖြစ်သည်၊ သို့မှသာလျှင် ဘုရားသခင်က လူ၏စိတ်နှလုံးကို ရရှိပါမည်။ တစ်နည်းဆိုလျှင် ဘုရားသခင်က လူကို ပြီးပြည့်စုံလင်စေသည်ဟူသော စကား၏အနှစ်မှာ လူ၏စိတ်နှလုံးသည် ဘုရားသခင်ထံလာ၍ ဘုရားသခင်ကို ချစ်မည်အကြောင်း ဘုရားသခင်က လူ၏စိတ်နှလုံးကို ပြီးပြည့်စုံလင်စေသည်ဟူ၍ ဖြစ်သည်။

လူ့ဇာတိပကတိသည် သေမျိုးဖြစ်သည်။ လူ၏ ဇာတိပကတိကို ရရှိခြင်းမှာ ဘုရားသခင်အတွက် မည်သည့် အကျိုးအမြတ်ကိုမျှ မပေးပေ။ အကြောင်းမှာ ၎င်းသည် ရှောင်လွဲမရ ပျက်စီးအပ်သောအရာ ဖြစ်သောကြောင့်တည်း။ ၎င်းသည် ဘုရားသခင်၏ အမွေဥစ္စာ သို့မဟုတ် ကောင်းချီးမင်္ဂလာများကို လက်မခံနိုင်။ အကယ်၍ ဘုရားသခင်က လူ့ဇာတိပကတိကိုသာ ရရှိပြီး၊ ဤရေစီးကြောင်းထဲတွင် လူ၏ဇာတိပကတိကို တည်မြဲစေလျှင်၊ လူသည် ယင်းရေစီးကြောင်းထဲတွင် အမည်သာ ရှိနေမည်ဖြစ်ပြီး၊ လူ့စိတ်နှလုံးမှာတော့ စာတန်ဥစ္စာ ဖြစ်လိမ့်မည်။ ဤသို့ဆိုလျှင် လူသည် ဘုရားသခင်၏ ဖော်ပြချက် ဖြစ်မလာနိုင်သည်သာမက၊ ထိုအစား သူ၏ ဝန်ထုပ်ဝန်ပိုး ဖြစ်လာလိမ့်မည်။ ထိုသို့ဖြင့် ဘုရားသခင် ရွေးကောက်သော လူများဆိုသည်မှာ အဓိပ္ပာယ် ကင်းမဲ့သွားလိမ့်မည်။ ဘုရားသခင်အားဖြင့် ပြီးပြည့်စုံလင်လတံ့သော သူတို့သည် သူ၏ ကောင်းချီးမင်္ဂလာများနှင့် အမွေအနှစ်ကို ရရှိမည့်သူများ ဖြစ်ကြ၏။ ဆိုလိုသည်မှာ သူတို့က ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို ခံယူကြကာ၊ ထိုအရာသည် သူတို့အထဲတွင် ရှိသောအရာများ ဖြစ်လာ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော် အားလုံးသည် သူတို့၏အထဲတွင် ပြုပြင်ပုံသွင်းသည်။ ဘုရားသခင်၏ ဖြစ်ခြင်းမှာ မည်သို့ပင်ဖြစ်ပါစေ၊ သူဖြစ်သည့်အတိုင်းကို သင်တို့သည် တိတိကျကျ ရရှိနိုင်သည်။ ထိုသို့ သမ္မာတရားနှင့်အတူ အသက်ရှင်ကြသည်။ ဤလူမျိုးသည်ပင်လျှင် ဘုရားသခင် စုံလင်စေသူ၊ ရရှိသောသူဖြစ်၏။ ယင်းကဲ့သို့သော လူသာလျှင် ဘုရားသခင် ပေးအပ်သည့် အောက်ပါ ကောင်းချီးမင်္ဂလာများကို အမွေခံဖို့ရန် အရည်အချင်းပြည့်မီကြသည်။

၁။ အလုံးစုံသော ဘုရားသခင်မေတ္တာရခြင်း။

၂။ အရာရာ၌ ဘုရားသခင်အလိုနှင့်အညီ လုပ်ဆောင်ခြင်း။

၃။ ဘုရားသခင်လမ်းပြမှု ရရှိခြင်း၊ ဘုရားသခင်၏ အလင်းထဲ အသက်ရှင်ခြင်းနှင့် ဘုရားသခင်၏ ဉာဏ်ပညာအလင်း ဖွင့်ပြခံရခြင်း။

၄။ မြေကြီးပေါ်တွင် ဘုရားသခင်ချစ်သော ပုံသဏ္ဌာန်နှင့် တစ်ထပ်တည်း အသက်ရှင်ခြင်း၊ ဘုရားသခင်အတွက် ကားတိုင်၌ ကွပ်မျက်ခံလျက် ဘုရားသခင်မေတ္တာအတွက် ပြန်ပေးဆပ် အသေခံဝံ့သော ပေတရုကဲ့သို့ ဘုရားသခင်ကို အမှန်အကန်ချစ်ခြင်း။ ပေတရုကဲ့သို့ ဘုန်းအသရေ ထပ်တူ ပိုင်ဆိုင်ခြင်း။

၅။ ကမ္ဘာပေါ်မှ လူအပေါင်းတို့၏ ချစ်ခင်နှစ်သက်ခံရခြင်း၊ လေးစားခံရခြင်းနှင့် ရိုသေခံရခြင်း။

၆။ မရဏာနှင့် မရဏနိုင်ငံ၏ ချည်နှောင်ခြင်း ဟူသမျှကို အောင်မြင်ခြင်း၊ စာတန်၏ အလုပ်ကို အခွင့်မပေးခြင်း၊ ဘုရားသခင်၏ ပိုင်ဆိုင်မှုခံရခြင်း၊ လန်းဆန်း ရှင်သန်သော ဝိညာဉ်နှင့်အတူ အသက်ရှင်ခြင်း၊ စိတ်ပူပန်မှု ခံစားချက်များ ကင်းဝေးခြင်း။

၇။ ဘုရားသခင်၏ ဘုန်းတော်နေ့ရက် ကြွလာခြင်းကို ရှုမြင်ပြီးသည့်သဖွယ်၊ ဘဝတစ်လျှောက်တွင် အချိန်တိုင်း၌ နှုတ်မြွက်မမီသော ပီတိနှင့် စိတ်တက်ကြွမှုရှိခြင်း။

၈။ ဘုရားသခင်နှင့်အတူ ဘုန်းတော်ရရှိခြင်း၊ ဘုရားသခင်ချစ်သော သန့်ရှင်းသူတို့နှင့် ထပ်တူညီမျှ မျက်နှာရခြင်း။

၉။ မြေကြီးပေါ်က ဘုရားသခင်ချစ်မြတ်နိုးသူ ဖြစ်လာခြင်း၊ ဆိုလိုသည်မှာ ဘုရားသခင်နှစ်သက် မြတ်နိုးသော သားဖြစ်လာခြင်း။

၁၀။ အသွင်ပြောင်းကာ တတိယကောင်းကင်သို့ ဘုရားသခင်နှင့်အတူ ကြွသွားခြင်း၊ ဇာတိပကတိကို ကျော်လွန်ခြင်း။

ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို အမွေခံနိုင်သော သူတို့သာလျှင် ဘုရားသခင်အားဖြင့် ပြီးပြည့်စုံလင်ခံရ၍ ဘုရားသခင်၏ ရရှိခြင်း ခံရသူတို့ပင်ဖြစ်ကြ၏။ သင်သည် တစ်စုံတစ်ရာကို ရရှိပြီးပြီလော။ ဘုရားသခင်က သင့်ကို အဘယ်အတိုင်းအတာထိ ပြီးပြည့်စုံလင်စေခဲ့သနည်း။ ဘုရားသခင်က လူကို ကြုံရာကျပန်း ပြီးပြည့်စုံလင်စေသည် မဟုတ်။ လူမြင်တွေ့နိုင်သော အခြေအနေများနှင့် မြင်သာသော ရလဒ်များရှိသည်။ ၎င်းသည် လူမှ ယုံကြည်သကဲ့သို့ မဟုတ်ပေ၊ ဘုရားသခင်ကို လူက ယုံကြည်နေသရွေ့၊ လူသည် ဘုရားသခင်အားဖြင့် ပြီးပြည့်စုံလင်ခြင်းခံနိုင်၍ ဘုရားသခင်၏ ရရှိခြင်းခံရနိုင်ပြီး ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် အမွေဥစ္စာများကို ဤလောကတွင် ရရှိနိုင်သည်။ ယင်းသည် အလွန်တရာမှပင် ခက်ခဲသော အမှုဖြစ်ကာ၊ အသွင်ပြောင်းခြင်းနှင့် ပတ်သက်လာပါက သာ၍ခဲယဉ်းသည့် အမှုဖြစ်သည်။ လက်ရှိအချိန်တွင် သင်တို့ ရှာဖွေသင့်သည့် အခြေခံကျဆုံးသော အရာမှာ၊ အရာရာ၌ ဘုရားသခင်အားဖြင့် ပြီးပြည့်စုံလင်ခြင်း ရှိရန်ဖြစ်ပြီး လူအပေါင်းတို့အားဖြင့်၊ အမှုကိစ္စဟူသမျှနှင့် သင်တွေ့ကြုံသည့် အရာခပ်သိမ်းအားဖြင့်၊ ဘုရားသခင်ကြောင့် ပြီးပြည့်စုံလင်ခြင်းရှိရန် ဖြစ်သည်။ ထိုသို့ဖြင့် သင်တို့အထဲတွင် သာ၍များပြားသည့် ဘုရားသခင်၏ဖြစ်ခြင်းသည် ပေါင်းစည်းလာမည်။ ဘုရားသခင်ထံမှ သာ၍ကြီးမားသော ကောင်းချီးမင်္ဂလာများ အမွေခံရန် သင်တို့သည် အရည်အချင်းမပြည့်စုံမီ၊ ဘုရားသခင်၏ အမွေဥစ္စာကို မြေကြီးပေါ်တွင် သင်တို့ အရင်ရရှိရမည်။ ထိုအရာများ အားလုံးသည် သင်တို့က ရှေးဦးစွာ ရှာဖွေ၊ နားလည်သင့်သည့် အရာများ ဖြစ်သည်။ ဘုရားသခင်အားဖြင့် အရာရာ၌ ပြီးပြည့်စုံလင်ခြင်းကို သင်ကရှာလေ၊ အရာရာ၌ ဘုရားသခင်၏လက်ရာကို သင်ကမြင်လေဖြစ်မည်။ ဤနည်းဖြင့် နှုတ်ကပတ်တော်၏ ဖြစ်ခြင်းနှင့် သူ့နှုတ်ကပတ်တော်၏ အဖြစ်မှန်သို့ ဝင်နိုင်ရန် ရှုထောင့်အမျိုးမျိုး၊ အကြောင်းအရာအမျိုးမျိုး မှတစ်ဆင့် အားတက်သရော သင်ရှာဖွေလာသည်။ ဒုစရိုက်အပြစ်များ မကျူးလွန်ခြင်း၊ သို့မဟုတ် အယူအဆများ မရှိဘဲနေခြင်း၊ လူ့ဘဝဒဿန မရှိခြင်းနှင့် လူ့အလိုဆန္ဒ မရှိဘဲနေခြင်းစသည့် အနုတ်ဆောင်သော အရာသက်သက်နှင့် သင်သည် ကျေနပ်နေ၍ မရပါ။ ဘုရားသခင်က လူကို နည်းလမ်းမျိုးစုံဖြင့် ပြီးပြည့်စုံလင်စေကာ၊ ရလဒ်အနေနှင့် ခပ်သိမ်းသော ကိစ္စရပ်များသည် သင့်အတွက် ပြီးပြည့်စုံစေသည့် အရာများ ဖြစ်နိုင်ပေသည်။ အပေါင်းလက္ခဏာ ဆောင်ခြင်း၌သာမက၊ အနုတ်လက္ခဏာ ဆောင်ခြင်း၌ပင်လျှင် သင့်ကို ကြွယ်ဝစေနိုင်သည့်တိုင် ပြီးပြည့်စုံလင်စေနိုင်သည်။ နေ့ရက်စဉ်တိုင်း ပြီးပြည့်စုံလင်ရာ အခွင့်ရှိပြီး၊ ဘုရားသခင်၏ ရရှိခြင်းခံရန် အချိန်လည်းရှိသည်။ ထိုသို့သောအရာကို ကြုံတွေ့သည့် ကာလနောက်တွင် သင်၌ ကြီးမားစွာ ပြောင်းလဲခြင်း ရှိလာလိမ့်မည်။ ယခုတွင်တော့ သင်သည် ယခင်က နားမလည်ခဲ့သော အရာများစွာကို အားစိုက်မထုတ်ရဘဲနှင့် ထိုးထွင်းသိမြင်ခြင်း ရရှိလာနိုင်မည် ဖြစ်သည်၊ သူတစ်ပါးက သင့်ကို သင်ပေးနေစရာမလိုဘဲ၊ မသိလိုက်ဘဲနှင့်၊ သင်သည် ဘုရားသခင်၏ အသိဉာဏ် ပွင့်လင်းစေခြင်းကို ခံရလိမ့်မည်၊ ထိုသို့အားဖြင့် အရာရာ၌ အသိဉာဏ် ပွင့်လင်းခြင်း ရှိလာကာ၊ သင်၏ အတွေ့အကြုံ အားလုံးသည်လည်း အသေးစိတ်ကျပေလိမ့်မည်။ ဘုရားသခင်က သင့်ကိုလမ်းပြ၍ သင်သည် မည်သည့်ဘက်သို့မှ သွေဖည်မသွားရ။ ထို့နောက် သင်သည် ဘုရားသခင်အားဖြင့် ပြီးပြည့်စုံလင်ခြင်း လမ်းပေါ်တွင် ရပ်တည်ရလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်စေခြင်း ခံရပြီးသော သူတို့အဖို့ ကတိတော်များ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၁၅

သမ္မာကျမ်းစာထဲမှ သောဒုံမြို့ကို ဘုရားသခင် ဖျက်ဆီးခဲ့သည့် မြင်ကွင်းကို ပြန်လည်သတိရလျက် လောတ၏မိန်းမ မည်ကဲ့သို့ ဆားတိုင်ဖြစ်သွားခဲ့သည်ကိုလည်း...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၂၉

ဘုရားသခင် ကောင်းကင်ပေါ်တွင် ကျိန်းဝပ်နေခဲ့စဉ်က လူတို့သည် သူ၏ လုပ်ဆောင်ချက်များနှင့် ဘုရားသခင်အား လှည့်စားရန် ကြိုးစားခဲ့သည်။ ယနေ့ခတ်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၂၂

လူသားဘဝတစ်ခုထဲက ဆုံမှတ်ခြောက်ခု (လက်ရွေးစင် ကျမ်းပိုဒ်များ) လူတစ်ဦး၏ ဘဝလမ်းကြောင်းတွင် လူတိုင်းသည် အရေးကြီးသည့် ဆုံမှတ်များသို့...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၅၈၃

ငါ၏ အလင်းတွင်၊ လူတို့သည် အလင်းကို တစ်ဖန် မြင်ကြ၏။ ငါ၏ နှုတ်ကပတ်တော်ထဲတွင်၊ လူတို့သည် ၎င်းတို့ မွေ့လျော်သည့် အရာများကို ရှာတွေ့ကြ၏။ ငါသည်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။