ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၁၈

10.09.2020

ဘုရားသခင်၌ သင်၏ယုံကြည်ခြင်း၊ သင်၏ သမ္မာတရားကို လိုက်စားခြင်းနှင့် သင်မိမိကိုယ်ကို ပြုမူပုံပင်လျှင် လက်တွေ့ကျမှုအပေါ် အားလုံးအခြေပြုသင့်သည်- သင်ပြုသမျှအရာအားလုံး လက်တွေ့ကျသင့်ပြီး၊ အရိပ်ပမာ၊ စိတ်ကူးယဉ်ဆန်သော အရာတို့ကို သင်မလိုက်စားသင့်ပေ။ ဤနည်းဖြင့် ပြုမူခြင်းမှာ တန်ဖိုးမဲ့သည့်အပြင်၊ ထိုသို့သော ဘဝတစ်ခုမှာ အရေးပါမှုမရှိပေ။ သင်၏ လိုက်စားခြင်းနှင့် ဘဝအသက်တာမှာ မုသားနှင့် လှည့်ဖြားမှုများကြားတွင်သာ သုံးစွဲခြင်းခံရပြီး၊ သင်သည် အဖိုးတန်ပြီး အရေးပါသောအရာတို့ကို မလိုက်စားခြင်းကြောင့်၊ သင်ရရှိသည့် တစ်ခုတည်းသော အရာမှာ သမ္မာတရားနှင့် မစပ်ဆိုင်သောအရာများဖြစ်သည့် အဓိပ္ပါယ်မရှိသော တွေးခေါ်မျှော်မြင်ခြင်းနှင့် အယူဝါဒတို့ဖြစ်သည်။ ထိုသို့သော အရာတို့သည် သင့်ဖြစ်တည်မှု၏ အရေးပါမှု၊ တန်ဖိုးတို့နှင့် စပ်လျဉ်းခြင်းမရှိဘဲ အနှစ်သာရမရှိသော နယ်ပယ်ဆီသို့သာ သင့်ကို ခေါ်ဆောင် သွားနိုင်သည်။ ဤနည်းအားဖြင့်၊ သင့်ဘဝတစ်ခုလုံးသည် တန်ဖိုး သို့မဟုတ် အရေးပါမှုမရှိဘဲ ဖြစ်လိမ့်မည်- ပြီးလျှင် သင်သည် အရေးပါသော အသက်တာကို မလိုက်စားလျှင် သင်အနှစ်တစ်ရာ အသက်ရှင်နိုင်ပြီး အားလုံး အချည်းနှီး ဖြစ်လိမ့်မည်။ ယင်းကို လူသားဘဝတစ်ခုဟု မည်သို့ ခေါ်ဆိုနိုင် မည်နည်း။ အမှန်တွင် ယင်းမှာ တိရစ္ဆာန်တစ်ကောင်၏ဘဝဖြစ်သည် မဟုတ်လော။ ထိုနည်းတူစွာ၊ သင်တို့သည် ဘုရားသခင်၌ ယုံကြည်ချက်လမ်းကြောင်းအတိုင်း လိုက်လျှောက်ရန် ကြိုးစားကြသော်လည်း၊ မြင်တွေ့ရနိုင်သော ဘုရားသခင်ကို လိုက်စားဖို့ ကြိုးစားခြင်းမရှိဘဲ၊ ထိုအစား၊ မမြင်နိုင် မထိတွေ့နိုင်သော ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ကြလျှင်၊ ထိုသို့သော လိုက်စားခြင်းသည် ပို၍ပင် အချည်းနှီးဖြစ်သည် မဟုတ်လော။ အဆုံးတွင်၊ သင်၏ လိုက်စားခြင်းသည် ပျက်ဆီးခြင်း အစုအပုံတစ်ခု ဖြစ်လာလိမ့်မည်။ ထိုကဲ့သို့သော လိုက်စားခြင်းက သင့်အား မည်သည့် အကျိုးကျေးဇူးဖြစ်စေသနည်း။ လူသားနှင့် ပတ်သက်၍ အကြီးမားဆုံးသော ပြဿနာမှာ၊ သူသည် မမြင်နိုင်သော သို့မဟုတ် ထိတွေ့မရနိုင်သော အရာများ၊ အလွန့်အလွန် လျှို့ဝှက်ဆန်းကြယ်ပြီး အံ့သြဖွယ်ဖြစ်သော အရာများ၊ လူသားမှ စိတ်ကူးမရနိုင်သော အရာများနှင့် သေမျိုးသာသာမျှဖြစ်သော သူတို့မှ မရရှိနိုင်သော အရာများကိုသာ ခုံမင်နှစ်သက်ခြင်း ဖြစ်သည်။ ဤအရာများ ပို၍လက်တွေ့မကျလေလေ၊ အခြားအရာအားလုံးကို အလေးမထားဘဲ ၎င်းတို့ကို လိုက်စားသော လူသားမှ ၎င်းတို့အား ပိုမိုခွဲခြမ်းစိတ်ဖြာလေလေဖြစ်ပြီး၊ ၎င်းတို့ကို ရရှိရန် ကြိုးပမ်းလေသည်။ ၎င်းတို့ ပိုမိုလက်တွေ့မကျလေလေ၊ လူသားသည် ၎င်းတို့ကို ပိုမိုနီးကပ်စွာ စေ့စေ့စပ်စပ်ကြည့်ရှုကာ ခွဲခြမ်းစိတ်ဖြာလေလေဖြစ်ပြီး ၎င်းတို့အကြောင်း မိမိ၏ ပြည့်စုံ စေ့စပ်သော ကိုယ်ပိုင် စိတ်ကူးများကို ဖန်တီးသည်အထိပင် ဖြစ်လေသည်။ ဆန့်ကျင်ဖက်တွင်၊ အမှုအရာတို့သည် ပိုလက်တွေ့ကျလေလေ၊ လူသားက ၎င်းတို့နှင့် စပ်ဆိုင်၍ ပိုအရေးမထားလေလေ ဖြစ်၏၊ သူသည် ၎င်းတို့ကို လွယ်လွယ် အထင်အမြင်သေးကာ၊ မထီလေးစားပင် ပြုပေသည်။ ဤသည်မှာ ယနေ့ ငါလုပ်ဆောင်သော လက်တွေ့ကျသည့် အလုပ်အပေါ် သင်တို့၏သဘောထား အတိအကျဖြစ်သည် မဟုတ်လော။ ထိုကဲ့သို့သောအရာများ ပိုမိုလက်တွေ့ကျလေလေ၊ သင်တို့သည် ၎င်းတို့အပေါ် ပိုမိုဆန့်ကျင်၍ မစူးစမ်းဘဲခွဲခြားဆက်ဆံ လေလေဖြစ်ကြ၏၊ ၎င်းတို့ကို ဆန်းစစ်ဖို့ သင်တို့အချိန်မပေးဘဲ လျစ်လျူရှု၍သာ ထားကြ၏၊ ဤလက်တွေ့ကျ၍ ရိုးရှင်းသော လိုအပ်ချက်များကို သင်တို့အထင်အမြင်သေးပြီး၊ လက်တွေ့ အကျဆုံးသော ဤဘုရားသခင်အကြောင်း မြားမြောင်လှသော အယူအဆများပင် တည်ထားကာ၊ သူ၏ လက်တွေ့ကျမှုနှင့် သာမန်ဖြစ်ခြင်းတို့ကို လုံးဝ လက်ခံနိုင်စွမ်းမရှိကြပေ။ ဤနည်းအားဖြင့်၊ သင်တို့သည် မရေရာမှုအလယ်တွင် ယုံကြည်နေကြသည် မဟုတ်လော။ သင်တို့သည် အတိတ်ကာလ၏ မရေရာသော ဘုရားသခင်၌ မယိမ်းယိုင်သော ယုံကြည်မှုတစ်ခု ရှိကြပြီး၊ ယနေ့၏ လက်တွေ့ကျသော ဘုရားသခင်၌ စိတ်ပါဝင်စားမှုမရှိကြ။ ဤသည်မှာ မနေ့က ဘုရားသခင်နှင့် ယနေ့ ဘုရားသခင်တို့သည် ကွဲပြားသော ခေတ်ကာလနှစ်ခုမှ ဖြစ်သောကြောင့် မဟုတ်လော။ ယင်းမှာ မနေ့က ဘုရားသခင်သည် ကောင်းကင်ဘုံ၏ အဆင့်မြင့်သော ဘုရားသခင်ဖြစ်ပြီး ယနေ့ ဘုရားသခင်မှာမူ ကမ္ဘာမြေပေါ်က သေးငယ်သော လူသားတစ်ဦး ဖြစ်သောကြောင့်လည်း မဟုတ်လော။ ထို့အပြင်၊ ယင်းမှာ လူသားမှကိုးကွယ်သော ဘုရားသခင်သည် သူ၏အယူအဆများမှ ထွက်ပေါ်သော ဘုရားသခင် တစ်ပါးဖြစ်ပြီး၊ ယနေ့၏ ဘုရားသခင်မှာမူ ကမ္ဘာမြေပေါ်၌ ထွက်ပေါ်သော ဇာတိပကတိ အစစ်အမှန်တစ်ပါး ဖြစ်သောကြောင့် မဟုတ်လော။ အရာအားလုံး ထည့်သွင်းစဉ်းစားလိုက်ပါက၊ ယနေ့၏ ဘုရားသခင်သည် လက်တွေ့ကျလွန်းသောကြောင့် လူသားက မလိုက်စားခြင်းဖြစ်သည် မဟုတ်လော။ အဘယ်ကြောင့်ဆိုသော် ယနေ့၏ ဘုရားသခင်က လူသားကို စေခိုင်းသောအရာမှာ လူသားက မလုပ်ချင်ဆုံးသောအရာ အတိအကျဖြစ်၍၊ သူ့ကို ရှက်ကြောက်စေသောအရာ ဖြစ်သောကြောင့် ဖြစ်၏။ ဤအရာက လူသားအဘို့ အမှုအရာတို့ကို ခက်ခဲစေသည် မဟုတ်လော။ ဤအရာက သူ၏အမာရွတ်များကို ဖော်ထုတ်ပြသည် မဟုတ်လော။ ဤနည်းအားဖြင့်၊ လက်တွေ့ကျမှုကို မလိုက်စားသော သူများစွာတို့သည် လူ့ဇာတိခံဘုရားသခင်၏ ရန်သူများ ဖြစ်လာကြပြီး၊ အန္တိခရစ်များ ဖြစ်လာကြ၏။ ဤအရာသည် သိသာထင်ရှားသော အမှန်တရားတစ်ခု မဟုတ်လော။ ဘုရားသခင် လူ့ဇာတိမခံယူသေးသည့် အတိတ်ကာလတွင်၊ သင်သည် ဘာသာရေးပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် ဘုရားတရားကိုင်းရှိုင်းသော ယုံကြည်သူတစ်ဦး ဖြစ်ကောင်း ဖြစ်ခဲ့ပေမည်။ ဘုရားသခင်က ဇာတိပကတိ ဖြစ်လာခဲ့ပြီးနောက်၊ ထိုကဲ့သို့ ဘုရားတရားကိုင်းရှိုင်းသော ယုံကြည်သူများစွာသည် အမှတ်တမဲ့ အန္တိခရစ် ဖြစ်လာကြသည်။ ဤသည်မှာ မည်သို့ဖြစ်သည်ကို သင်သိသလော။ ဘုရားသခင်၌ သင်၏ ယုံကြည်ချက်အရ၊ သင်သည် လက်တွေ့ကျမှုကို အာရုံမစိုက် သို့မဟုတ် သမ္မာတရားကို မလိုက်စားပေ၊ သို့သော် ထိုအစား၊ မုသားများအပေါ် စွဲလမ်းလေသည်- ဤသည်မှာ လူ့ဇာတိခံဘုရားသခင်ကို ထားသော သင့်ရန်ငြိုး၏ အရှင်းလင်းဆုံး အရင်းအမြစ် ဖြစ်သည် မဟုတ်လော။ လူ့ဇာတိခံဘုရားသခင်ကို ခရစ်တော်ဟု ခေါ်သည်၊ ထို့ကြောင့် လူ့ဇာတိခံဘုရားသခင်ကို မယုံကြည်သောသူအပေါင်းတို့သည် အန္တိခရစ်ဖြစ်ကြသည် မဟုတ်လော။ ထို့ကြောင့် သင်ယုံကြည်ပြီး အမှန်တကယ် ချစ်ခင်သောသူမှာ ဤလူ့ဇာတိခံဘုရားသခင်လော။ လက်တွေ့အကျဆုံးနှင့် သဘာဝထက် လွန်ကဲစွာ သာမန်ဖြစ်သောသူမှာ အမှန်တကယ်ပင် ဤအသက်ရှင်ပြီး အသက်ရှူနေသော ဘုရားသခင်လော။ သင့်လိုက်စားခြင်း၏ ရည်ရွယ်ချက် အတိအကျမှာ မည်သည့်အရာနည်း။ ယင်းမှာ ကောင်းကင်ဘုံ၌လော သို့မဟုတ် မြေကြီးပေါ်မှာလော။ ယင်းမှာ အယူအဆတစ်ခုလော သို့မဟုတ် သမ္မာတရားလော။ ယင်းမှာ ဘုရားသခင်လော သို့မဟုတ် သဘာဝလွန်သက်ရှိ တစ်ရပ်လော။ အမှန်တွင်မူ၊ သမ္မာတရားသည် ဘဝဆောင်ပုဒ်များ၏ အစစ်မှန်ဆုံးသော အရာဖြစ်ပြီး လူသားမျိုးနွယ်အားလုံးအကြား ထိုကဲ့သို့ဆောင်ပုဒ်များ၏ အမြင့်ဆုံးသောအရာဖြစ်သည်။ ယင်းမှာ ဘုရားသခင်က လူသားအပေါ် တောင်းဆိုချက်ဖြစ်ပြီး ဘုရားသခင်ကိုယ်တိုင် လုပ်ဆောင်သည့်အမှု ဖြစ်သောကြောင့် ယင်းကို ဘဝ၏ ဆောင်ပုဒ်ဟုခေါ်ခြင်း ဖြစ်သည်။ ယင်းမှာ တစ်စုံတစ်ရာမှ ကောက်ချက်ချ ထားသော ဆောင်ပုဒ်တစ်ခု မဟုတ်သလို၊ ကြီးမြတ်သောပုဂ္ဂိုလ်တစ်ဦးထံမှ နာမည်ကျော်ကိုးကားချက်တစ်ခုလည်း မဟုတ်ပေ၊ ယင်းအစား၊ ၎င်းမှာ လူသားမျိုးနွယ်ဆီ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့၏ အရှင်သခင်ထံမှ မိန့်မြွက်ချက်ဖြစ်ပြီး၊ လူသားမှ ကောက်ချက်ချ ထားသော စကားလုံးအချို့မဟုတ်ဘဲ ဘုရားသခင်၏ ပင်ကိုအသက်ဖြစ်သည်။ ထို့ကြောင့်၊ ယင်းကို ဘဝဆောင်ပုဒ်အပေါင်း၏ အမြင့်ဆုံးဟု ခေါ်ခြင်းဖြစ်သည်။ သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းဟူသော လူသား၏ လိုက်စားခြင်းမှာ သူ၏တာဝန်ဝတ္တရားကို ထမ်းဆောင်ခြင်းဖြစ်သည်။ ယင်းမှာ၊ ဘုရားသခင်၏ တောင်းဆိုချက်ကို ကျေနပ်စေခြင်းနှင့် ဆိုင်သော လိုက်စားခြင်းဖြစ်သည်။ ဤတောင်းဆိုချက်၏ အနှစ်သာရမှာ အဘယ်သူမျှ မရရှိနိုင်သော အချည်းနှီးအယူဝါဒအစား၊ သမ္မာတရား အားလုံး၏ အစစ်မှန်ဆုံးသောအရာ ဖြစ်သည်။ သင်၏ လိုက်စားခြင်းမှာ အယူဝါဒမှလွဲ၍ အခြားဘာမျှမဟုတ်ဘဲ စစ်မှန်မှု မပါဝင်လျှင်၊ သမ္မာတရားကို သင်ဆန့်ကျင်ပုန်ကန်သည် မဟုတ်လော။ သင်သည် သမ္မာတရားကို တိုက်ခိုက်သောသူတစ်ဦး ဖြစ်သည်မဟုတ်လော။ ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးသည် ဘုရားသခင်ကို ချစ်ရန် အဘယ်သို့ လိုက်စားနိုင်မည်နည်း။ လက်တွေ့ကျမှုမရှိသောလူတို့သည် သမ္မာတရားကို သစ္စာပျက်သော သူများဖြစ်ကြပြီး၊ အားလုံးက ပင်ကိုအားဖြင့် ပုန်ကန်သောသူများဖြစ်ကြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။