ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၅၅

ဘုရားသခင်အားဖြင့် ပြီးပြည့်စုံလင်ခြင်းဟူသည် နှုတ်ကပတ်တော်ကို စားသုံးခြင်း၊ သောက်သုံးခြင်းမှရသော ပြီးပြည့်စုံလင်ခြင်း၏ ကန့်သတ်ကျဉ်းချုပ်နိုင်သော အရာမဟုတ်။ ယင်းအဖြစ်မျိုးသည် တစ်ဖက်သတ် ဆန်လွန်းကာ၊ အားလုံးကို လုံလောက်စွာ ခြုံငုံမှုမရှိပေ၊ ၎င်းသည် လူကို အလွန်သေးငယ်သော နယ်ပယ်တစ်ခုထဲတွင် ကန့်သတ်ခြင်းဖြစ်၏။ ဤအမှုတွင် လူက များစွာသော ဝိညာဉ်ရေးခွန်အား လိုအပ်ချက်တို့ ချို့တဲ့နေသည်။ သင်တို့သည် ဘုရားသခင်အားဖြင့် ပြီးပြည့်စုံလင်မှုရှိရန် ဆန္ဒရှိလျှင် ခပ်သိမ်းသောအရာ၌ အတွေ့အကြုံ ယူတတ်ရန် သင်ယူရမည်ဖြစ်ပြီး၊ သင်တို့ ရင်ဆိုင်သမျှ၌ ဉာဏ်အလင်း ရရှိရမည်။ သင်သည် ကောင်းသည် ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ တစ်စုံတစ်ခုကို ရင်ဆိုင်ရတိုင်း၊ ၎င်းအရာမှ သင့်အတွက် အကျိုးဖြစ်ထွန်း စေသင့်ပြီး၊ သင့်ကိုမလှုပ်နိုင်အောင် ဖြစ်သွားစေခြင်းသို့ မဖြစ်သင့်။ ဘယ်အရာမဆို ဘုရားသခင်ဖက်က ရပ်တည်ပြီး ဆင်ခြင်နားလည်သင့်၏။ လူ၏အမြင်တွင် မူတည်ပြီး စူးစမ်းလေ့လာမှု မပြုသင့်ပေ (ယင်းသည် သင့်အတွေ့အကြုံ၌ သွေဖီခြင်း ဖြစ်သည်)။ ဤအရာသည် သင်၏ကိုယ်တွေ့ ဖြစ်လျှင် ကိုယ့်ဘဝ၏ ဝန်ထုပ်ဝန်ပိုးများက သင့်စိတ်နှလုံးကို အနိုင်ယူလိမ့်မည်။ သင်သည် ဘုရားသခင် မျက်မှောက် အလင်းထဲတွင် အဆက်မပြတ် အသက်ရှင်နေလျက်၊ သင်ကျင့်ဆောင်ခြင်းအရာ၌ အလွယ်တကူ လမ်းလွဲမည်မဟုတ်။ ထိုကဲ့သို့သောလူမှာ အလားအလာများစွာရှိ၏။ ဘုရားသခင်၏ ပြီးပြည့်စုံလင်ပေးခြင်းကို ရနိုင်သည့် အခွင့်အရေးများစွာ ရှိပေသည်။ သင်တို့သည် ဘုရားသခင်ကို အမှန်ချစ်သောသူ ဖြစ်ကြသလော၊ သင်တို့သည် ဘုရားသခင်အားဖြင့် ပြီးပြည့်စုံလင်ရန်နှင့် ဘုရားသခင်၏ ရရှိခြင်းခံရန်၊ သူ၏ ကောင်းချီးမင်္ဂလာများနှင့် အမွေဥစ္စာကိုရရန် သန္နိဌာန်ချကြသလော၊ စသည့်အချက်များတွင် မူတည်သည်။ သင်တို့ သန္နိဌာန်ချရုံနှင့်မပြီး။ သင်တို့၌ များစွာသော အသိပညာများ ရှိရမည်။ သို့မဟုတ်လျှင် သင်တို့၏ ကျင့်ဆောင်ခြင်းမှာ အစဉ်လမ်းလွဲလိမ့်မည်။ သင်တို့အားလုံး အသီးသီးကို ပြီးပြည့်စုံလင်စေရန် ဘုရားသခင် အလိုရှိ၏။ ထိုသို့ဖြစ်သည့်တိုင်၊ လူအများစုမှာ ဘုရားသခင်၏ အလုပ်ကို လက်ခံခဲ့ကြသည်မှာ အချိန်ကြာပြီ ဖြစ်သော်ငြားလည်း၊ ဘုရားသခင်၏ ကျေးဇူးတော်ဘောင်ထဲ၌သာ မိမိတို့ ကိုယ့်ကိုယ်ကိုယ် ခိုအောင်းနေကြကာ၊ သူ့ထံမှ ဇာတိပကတိဆိုင်ရာ ဇိမ်ကျသော အမှုအချို့ကို လိုချင်ကြသည်။ သာ၍များပြီး နက်နဲသော ဗျာဒိတ်တော်များ ရရှိရန် ဆန္ဒမရှိကြ၊ လူ၏စိတ်နှလုံးသည် အမြဲပင် အပြင်လောကတွင် ရှိနေကြောင်းပြ၏။ လူ၏အလုပ်၊ သူ၏အစေခံခြင်းနှင့် သူ၏ဘုရားသခင်ကိုချစ်ခြင်း နှလုံးသားသည် မသန့်ရှင်းခြင်း နည်းသော်လည်း၊ သူ၏ ဉာဏ်ဖွင့်ပြခြင်း မခံရသော တွေးခေါ်ခြင်းအထဲရှိ လူ၏ အနှစ်သာရနှင့် ပတ်သက်လာလျှင်၊ လူသည် ဇာတိပကတိ၏ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်မှုကို အစဉ်မပြတ် ရှာဖွေနေပြီး၊ ဘုရားသခင်က လူကို ပြီးပြည့်စုံလင်စေခြင်း၏ ရည်ရွယ်ချက်များနှင့် အခြေအနေများကို အလေးမထားပါ။ ထို့ကြောင့် လူအများစု၏ အသက်တာများသည် နိမ့်ကျလျက် ပျက်စီးယိုယွင်းကာ၊ ပြောင်းလဲခြင်းဟူ၍ ဆံခြည်တစ်မျှင်မျှလောက်ပင် မရှိကြပါ။ သူတို့သည် ဘုရားသခင်အား ယုံကြည်ခြင်းအမှုကို သာမညအမှုဟု ထင်မှတ်ကြ၏။ ထိုအစား၊ သူတို့၏ ယုံကြည်ခြင်းမှာ သူတပါးအတွက်ပမာ ဖြစ်သည့်အလား၊ ဆက်ကပ်မှုမရှိ၊ စိတ်အားထက်သန်မှုကင်းလျက် လုပ်ဆောင်ကြ၏။ အနိမ့်ဆုံးသော ဗလာအဖြစ်နေနိုင်ကြပြီး အဓိပ္ပာယ်မဲ့ တည်ရှိခြင်း၏ ရေစုန်ရာမျောပါသူ ဖြစ်ကြသည်။ လူအနည်းငယ်က အရာရာ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် အသက်ရှင်ခြင်းကို ရှာဖွေပြီး၊ ကြွယ်ဝသည့် အရာများကို သာ၍ရရှိကြကာ၊ လက်ရှိဘုရားသခင်၏ အိမ်တော်သားများထဲက အထူးကြွယ်ဝသောသူ ဖြစ်လာပြီး၊ ဘုရားသခင်၏ ကောင်းချီးကို သာ၍ ခံစားကြသည်။ သင်က အရာရာ၌ ဘုရားသခင်အားဖြင့် ပြီးပြည့်စုံလင်ရခြင်းကို ရှာ၍သော်လည်းကောင်း၊ မြေကြီးပေါ်တွင် ဘုရားသခင်၏ ကတိများကို အမွေခံစားနိုင်လျှင်သော်လည်းကောင်း၊ အရာရာ၌ ဘုရားသခင်အားဖြင့် ဉာဏ်အလင်းကို ရရန်ရှာ၍၊ နှစ်များကို အလဟဿ မကုန်လွန်စေလျှင်၊ ၎င်းသည် တက်ကြွစွာ ဝင်ရောက်ရန်အတွက် အကောင်းဆုံးသော လမ်းဖြစ်သည်။ ဤနည်းလမ်း၌သာလျှင် သင်သည် ဘုရားသခင်အားဖြင့် ပြီးပြည့်စုံလင်လာမည့် ထိုက်တန်ခြင်းနှင့် စံချိန်မီခြင်း အကြောင်းဖြစ်သည်။ သင်သည် ဘုရားသခင်အားဖြင့် ရသော ပြီးပြည့်စုံလင်ခြင်းကို အမှန်ရှာဖွေသူလော။ သင်သည် အရာခပ်သိမ်း၌ စိတ်အားထက်သန်သူ ဖြစ်သလော။ ပေတရုကဲ့သို့သော ဘုရားသခင်ကိုချစ်ခြင်းဝိညာဉ် သင့်မှာ ရှိသလော။ ယေရှုပြုခဲ့သကဲ့သို့ ဘုရားသခင်ကို ချစ်ရန် ဆန္ဒရှိသလော။ ယေရှုကို ယုံကြည်ခြင်း နှစ်ပေါင်းများစွာ သင့်မှာရှိခဲ့ပြီးပြီ၊ ယေရှုက ဘုရားသခင်အား မည်သို့ချစ်သည်ကို သင်မြင်ဖူးပြီလော။ သင်ယုံကြည်ရာမှာ ယေရှုပင် အမှန်ဖြစ်သလော။ ယနေ့၏ လက်တွေ့ကျသော ဘုရားသခင်ကို သင်ယုံကြည်၏။ ယနေ့တွင် ဇာတိပကတိထဲမှ လက်တွေ့ကျသော ဘုရားသခင်သည် ကောင်းကင်ရှိ ဘုရားသခင်အား အဘယ်မျှလောက် ချစ်သည်ကို သင်မြင်ဖူးသလော။ သခင်ယေရှုခရစ်တော်ကို သင်ယုံကြည်၏။ အကြောင်းမှာ လူသားမျိုးနွယ်ကို ရွေးနုတ်ကယ်တင်ရန် လက်ဝါးကပ်တိုင်၌ အသေခံသော ယေရှုကြောင့်သော်လည်းကောင်း၊ သူပြုခဲ့သည့် နိမိတ်လက္ခဏာများမှာ လူတိုင်း လက်ခံသည့် သမ္မာတရားများ ဖြစ်သောကြောင့်တည်း။ မည်သို့ပင်ဖြစ်ကာမူ၊ လူ၏ယုံကြည်ခြင်းသည် ယေရှုခရစ်တော်အကြောင်းကို သိခြင်းနှင့် နားလည်ခြင်းအစစ်မှ လာသည်မဟုတ်။ သင်က ယေရှု၏နာမကို ယုံကြည်သော်လည်း သူ့ဝိညာဉ်ကို ယုံကြည်ခြင်း မဟုတ်ပေ။ အကြောင်းမူကား၊ ယေရှုက ဘုရားသခင်ကို အဘယ်မျှလောက် ချစ်ကြောင်းကို သင်သည် မသိမှတ်ပါ။ သင်၏ ဘုရားသခင်ကို ယုံကြည်ခြင်းသည် အလွန်ပင် နုနယ်၏။ ယေရှုကို ယုံကြည်ခြင်းသည် သင့်မှာ နှစ်ပေါင်းများစွာ ရှိခဲ့သော်လည်း ဘုရားသခင်အား ဘယ်လို ချစ်ရမည်ကို သင်ကမသိချေ။ ဤအရာက သင့်ကို ကမ္ဘာ့အမိုက်မဲဆုံးလူ ဖြစ်စေသည် မဟုတ်လော။ ထိုအရာက သင်သည် သခင်ယေရှုခရစ်တော်၏ အစာကို နှစ်ပေါင်းများစွာ အလဟဿ စားသုံးခဲ့ကြောင်းကို ဖော်ပြသည်။ ထိုကဲ့သို့သောလူကို ငါမနှစ်သက်သည်သာမက၊ သင်ကိုးကွယ်သော သခင်ယေရှု ခရစ်တော်ကလည်း ထိုလူမျိုးကို မနှစ်သက်ကြောင်း ငါယုံသည်။ ထိုသို့သောလူသည် အဘယ်သို့ ပြီးပြည့်စုံလင် နိုင်မည်နည်း။ သင့်မျက်နှာ မနီဘူးလော။ သင်မရှက်ဘူးလော။ သင်၏ သခင်ယေရှုခရစ်တော်ကို ဖူးမြင်ရန် သင့်မှာ သတ္တိရှိသေးသလော။ ငါ့စကားများ၏ အနက်ဓိပ္ပာယ်ကို သင်တို့အားလုံး နားလည်ကြသလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်စေခြင်း ခံရပြီးသော သူတို့အဖို့ ကတိတော်များ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၆၇

ပုံဝတ္ထု ၁။ မျိုးစေ့တစ်စေ့၊ ကမ္ဘာမြေကြီး၊ သစ်ပင်တစ်ပင်၊ နေအလင်းရောင်၊ ငှက်များနှင့် လူသား ကမ္ဘာမြေကြီးပေါ်သို့ မျိုးစေ့လေးတစ်စေ့...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၁၆

သင်၏ ကျရှုံးခြင်း၊ အားနည်းခြင်းနှင့်ဆိုင်သော အတွေ့အကြုံများစွာနှင့် သင်၏ အပျက်သဘောဆောင်သော အချိန်များအားလုံးကို ဘုရားသခင်၏ စမ်းသပ်မှုများ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၁၁

အမှု၏ ဤအဆင့်သုံးဆင့်ကို မည်သည့်အတွက်ကြောင့် အဆက်မပြတ် ရည်ညွှန်းနေရသနည်း။ ခေတ်များကျော်လွန်ခြင်း၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝ၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၅၀

လူသားကို ဖောက်ပြန်ပျက်စီးစေရန် စာတန်က အယူသီးခြင်းကို အသုံးပြုပုံ လူသားကို ဖောက်ပြန်ပျက်စီးစေရန် စာတန်သည် အယူသီးခြင်းကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။