ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “သင်တို့အားလုံးသည် အကျင့်စရိုက် အလွန် ယုတ်ညံ့ကြသည်တကား” | ကောက်နုတ်ချက် ၃၄၂

ငါသည် နွေဦးနှင့် ဆောင်းဦး ကာလတစ်ချို့တွင် သင်တို့ကို ပေါင်းဖော်ရင်း၊ သင်တို့အကြားတွင် ရှိနေခဲ့၏။ ငါသည် အချိန်ကြာမြင့်စွာ သင်တို့ အကြားတွင် အသက်ရှင်ပြီးဖြစ်ကာ သင်တို့နှင့်အတူ အသက်ရှင်ပြီး ဖြစ်သည်။ သင်တို့၏ စက်ဆုပ်ဖွယ်ကောင်းသော အပြုအမူမည်မျှသည် ငါ၏ မျက်စိရှေ့ တည့်တည့်တွင် လွတ်ထွက်ပြီးပြီနည်း။ သင်တို့၏ အူလှိုက်သည်းလှိုက် စကားများသည် ငါ၏ နားထဲတွင် စဉ်ဆက်မပြတ် ပဲ့တင်သံထပ်နေသည်။ သင်တို့၏ သန်းချီသော ပြင်းပြသည့် အလိုဆန္ဒများသည် ငါ၏ ပလ္လင်ပေါ်တွင် ခင်းထား၏- မရေမတွက်နိုင်အောင် များပြားလွန်းလှပေသည်။ သို့သော်၊ သင်တို့၏ ဆက်ကပ်မှုနှင့် သင်တို့ အသုံးပြုခဲ့သည့်အရာများကိုမူ၊ သင်တို့သည် အနည်းငယ်မျှပင် မပေးကြပေ။ ငါ၏ ပလ္လင်ပေါ်တွင် ရိုးသားစစ်မှန်မှု တစ်စက်လေးမျှပင် သင်တို့ မထားရှိကြ။ ငါ့ကို သင်တို့၏ ယုံကြည်မှု အသီးအပွင့်များမှာ ဘယ်မှာနည်း။ သင်တို့သည် ငါ့ထံမှ အဆုံးမရှိသော ကျေးဇူးတော်ကို ရရှိပြီးဖြစ်ကာ၊ ကောင်းကင်မှ အဆုံးမရှိသော နက်နဲမှုများကို သင်တို့ မြင်ကြရပြီး ဖြစ်သည်။ ကောင်းကင်၏ မီးတောက်မီးလျှံများကိုပင် သင်တို့အား ငါ ပြသပြီးဖြစ်သော်လည်း၊ ငါသည် သင်တို့ကို လောင်မြိုက်စေခြင်း မပြုရက်ပေ။ သို့ဖြစ်စေကာမူ၊ သင်တို့သည် အတုံ့အလှည့်အနေဖြင့် ငါ့ကို မည်မျှ ပေးပြီးကြပြီနည်း။ ငါ့ကို သင်တို့ မည်မျှပေးဖို့ လိုလားကြသနည်း။ သင်၏လက်၌ ငါ ပေးပြီးသော အစားအစာဖြင့်၊ သင်သည် လှည့်ပြီး ထိုအရာကို ငါ့အား ပူဇော်သည်မှာ၊ ယင်းသည် သင် ကိုယ်တိုင် ကြိုးစားအားထုတ်သည့် ချွေးစက်အတွက် ပြန်လည်ရရှိသည့် အရာတစ်ခုဖြစ်ပြီး သင်၌ ရှိသမျှကို ငါ့အား သင် ပူဇော်ခြင်း ဖြစ်သည်ဟု ဆိုသည်အထိ ဖြစ်သည်။ ငါ့အား သင် “ပေးလှူသောအရာများ” မှာ ငါ၏ ပလ္လင်မှ အခိုးယူခံခဲ့ရသော အရာများအားလုံးသာဖြစ်သည်ကို သင် အဘယ်သို့ မသိနိုင်ရသနည်း။ ထို့အပြင်၊ သင်သည် ထိုအရာများကို ငါ့အား ယခု ပေးလှူနေသည်၊ ငါ့ကို သင် လိမ်လည်လှည့်ဖြားနေခြင်း မဟုတ်လော။ ယနေ့ ငါ မွေ့လျော်သော အရာများအားလုံးမှာ ငါ၏ ပလ္လင်ပေါ်မှယဇ်များ ဖြစ်ကာ၊ သင်၏ ကြိုးစားအားထုတ်သော လုပ်ဆောင်မှုမှ ရရှိပြီးနောက် ငါ့အား ပေးလှူသောအရာများ မဟုတ်သည်ကို သင် အဘယ်သို့ မသိရသနည်း။ ဤနည်းဖြင့် သင်တို့ ငါ့ကို အမှန်တကယ် လိမ်လည်လှည့်ဖြားဝံ့ကြ၏၊ ထို့ကြောင့် သင်တို့ကို ငါ အဘယ်သို့ ခွင့်လွှတ်နိုင်မည်နည်း။ ဤအရာကို ငါ ဆက်၍သည်းခံဖို့ သင် အဘယ်သို့ မျှော်လင့်နိုင်သနည်း။ ငါသည် အရာရာကို သင်တို့အား ပေးပြီးဖြစ်၏။ သင်တို့ထံ အရာရာကို ငါ ဖွင့်ပြပြီးဖြစ်သည်၊ သင်တို့၏ လိုအပ်ချက်များကို ထောက်ပံ့ပေးပြီးဖြစ်ကာ၊ သင်တို့၏ မျက်စိများကို ဖွင့်ခဲ့သော်လည်း၊ သင်တို့၏ အသိစိတ်ကို လျစ်လျူရှုရင်း သင်တို့သည် ငါ့ကို ဤသို့ လိမ်လည်လှည့်ဖြားကြ၏။ သင်တို့သည် ဒုက္ခဆင်းရဲခံရသော်လည်း ငါ ကောင်းကင်မှ ယူဆောင်လာခဲ့သော အရာခပ်သိမ်းကို သင်တို့သည် ငါ့ထံမှ ရရှိပြီးဆဲ ဖြစ်ဖို့ရန်အလို့ငှာ ငါသည် ကိုယ်ကျိုးမငဲ့ဘဲ အရာခပ်သိမ်းကို သင်တို့အပေါ် ပေးအပ်လေပြီ။ ဤသို့ဖြစ်စေကာမူ၊ သင်တို့သည် ဆက်ကပ်မှု လုံးဝမရှိပေ၊ ထို့အပြင် ပါဝင်ပေးလှူမှုလေးတစ်ခု သင် ပြုလုပ်ပြီးလျှင်ပင်၊ နောက်ပိုင်းတွင် ငါနှင့် “စာရင်းရှင်းဖို့” ကြိုးစားကြ၏။ သင်၏ ပါဝင်ပေးလှူမှုသည် အချည်းနှီး ဖြစ်မည် မဟုတ်လော။ သင် ငါ့ကို ပေးပြီးသော အရာမှာ သဲတစ်ပွင့်မျှ ဖြစ်သော်လည်း၊ သင် ငါ့ထံမှ တောင်းသောအရာမှာ ရွှေတစ်တန် ဖြစ်သည်။ သင်သည် တကယ်ကို မလျော်ကန်သည် မဟုတ်သလော။ ငါသည် သင်တို့အကြားတွင် အမှု ပြု၏။ နောက်ထပ် ယဇ်ပူဇော်မူများ တစ်ခုတစ်လေ မပြောနှင့်၊ ငါကို ပေးသင့်သော တစ်ဆယ်ရာခိုင်နှုန်း၏ အရိပ်အယောင် လုံးဝ မရှိပေ။ ထို့အပြင်၊ ဘုရားတရားကိုင်းရှိုင်းသူတို့ ပေးလှူသော ထိုတစ်ဆယ်ရာခိုင်နှုန်းသည် စဉ်းလဲသူတို့၏ သိမ်းပိုက်ခြင်းကို ခံရလေသည်။ သင်တို့အားလုံးသည် ငါ့ထံမှ လူစုကွဲသွားကြပြီ မဟုတ်လော။ သင်တို့ အားလုံးသည် ငါ့အပေါ် ရန်လိုကြသည် မဟုတ်လော။ သင်တို့ အားလုံးသည် ငါ့ ယဇ်ပလ္လင်ကို ဖျက်ဆီးနေကြသည် မဟုတ်လော။ ထိုသို့သော လူများကို ငါ၏ မျက်စိတွင် ရတနာများအဖြစ် အဘယ်သို့ မြင်နိုင်မည်နည်း။ ၎င်းတို့သည် ငါ စက်ဆုပ်သော ဝက်များနှင့် ခွေးများ ဖြစ်ကြသည် မဟုတ်လော။ သင်တို့၏ မကောင်းမှုဒုစရိုက်ကို ရတနာတစ်ပါးအဖြစ် ငါ အဘယ်သို့ ရည်ညွှန်းနိုင်မည်နည်း။ ငါ၏အမှုကို မည်သူ့အတွက် အမှန်တကယ် လုပ်ဆောင်သနည်း။ ယင်း၏ ရည်ရွယ်ချက်မှာ ငါ၏ သြဇာအာဏာကို ထုတ်ဖော်ပြရန် သင်တို့ အားလုံးကို သတ်ဖို့ရန်များသာ ဖြစ်နိုင်မည်လော။ သင်တို့၏ အသက် အားလုံးသည် ငါ့ထံမှ နှုတ်ကပတ်တော်တစ်လုံးအပေါ် တည်ထားသည်မဟုတ်လော။ သင်တို့ကို သွန်သင်ရန် ငါသည် နှုတ်ကပတ်တော်များကို အသုံးပြုရုံသာပြုနေပြီး၊ သင်တို့အား တတ်နိုင်သမျှ အမြန်ဆုံးသတ်ရန် ထိုနှုတ်ကပတ်တော်များကို အမှန်တရားများအဖြစ် ငါ ပြောင်းလဲမသွားစေသည်မှာ အဘယ်ကြောင့်နည်း။ ငါ၏ နှုတ်ကပတ်တော်များနှင့် ငါ၏ အမှုတော်၏ ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်ကို သတ်ရန်သာ ဖြစ်သလော။ ငါသည် အပြစ်မဲ့သော သူများကို လက်လွတ်စပယ် သတ်ဖြတ်သော ဘုရားသခင် ဖြစ်သလော။ ယခု၊ လူ့ဘဝ၏ မှန်သော လမ်းကြောင်းကို ရှာဖွေဖို့ သင်၏ဖြစ်တည်မှု တစ်ခုလုံးဖြင့် ငါ၏ ရှေ့မှောက်သို့ သင်တို့ထဲမှမည်မျှ လာနေကြသနည်း။ ငါ့ ရှေ့မှောက်တွင် ရှိသည်မှာ သင်တို့၏ ကိုယ်ခန္ဓာများသာ ဖြစ်၏။ သင်တို့၏ စိတ်နှလုံးများမှာ လွတ်နေဆဲဖြစ်ပြီး ငါ့ထံမှ အလွန် အလှမ်းဝေးဆဲဖြစ်သည်။ ငါ၏အမှုမှာ အမှန်တကယ် မည်သည့်အရာ ဖြစ်သည်ကို သင်တို့ မသိကြသောကြောင့်၊ ယင်းအစား ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း မရှိသည့် ပရဒိသုဘုံတွင် နေထိုင်ဖို့ မျှော်လင့်ရင်း ငါ့ထံမှ ထွက်ခွာရန် ဆန္ဒရှိကာ မိမိကိုယ်ကိုယ် ငါ့ထံမှ ခွဲခွာနေသူ သင်တို့ထဲမှ များစွာ ရှိလေသည်။ ဤသည်မှာ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် လူတို့ဆန္ဒရှိသော အရာဖြစ်သည် မဟုတ်လော။ ငါသည် သင့်အား အကျပ်ကိုင်ရန် ဧကန်မုချ ကြိုးစားနေခြင်း မဟုတ်။ သင် ရွေးချယ်သည့် မည်သည့် လမ်းကြောင်းမဆိုသည် သင်ကိုယ်တိုင်၏ ရွေးချယ်မှုဖြစ်၏။ ယနေ့၏ လမ်းကြောင်းသည် တရားစီရင်ခြင်းနှင့် ကျိန်ခြင်းတို့ အတူပါရှိသည့် လမ်းကြောင်းတစ်ခု ဖြစ်၏၊ သို့သော်လည်း၊ တရားစီရင်ခြင်း ဖြစ်စေ၊ ပြစ်တင်ဆုံးမခြင်း ဖြစ်စေ- သင်တို့အပေါ် ငါပေးအပ်ပြီးဖြစ်သည့် အရာအားလုံးသည် သင်တို့အား ငါ ပေးနိုင်သည့် အကောင်းဆုံး ဆုကျေးဇူးများဖြစ်ပြီး သင်တို့ အရေးတကြီး လိုအပ်သောအရာ အားလုံး ဖြစ်သည်ကို သင်တို့အားလုံး သိသင့်ပေသည်။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

ဘုရားသခင်ကို သင်မည်သည့်အရာ ပြန်ပေးခဲ့ပြီလဲ

ဘုရားသခင် သင်တို့ထဲမှာ ရှိနေခဲ့၊ ဆောင်းဦးနှင့် နွေဦးရာသီများစွာ သူသည် သင်နှင့်အတူ ကြာမြင့်စွာ နေထိုင်သွားခဲ့။ ရှေ့တော်၌ သင်၏ စက်ဆုပ်ဖွယ်အမှုများ မည်မျှ လွတ်ထွက်သွားပြီလဲ။ သင့်ရင်ထဲမှပြောတဲ့ စကားများ ဘုရားရဲ့နားထဲ ပဲ့တင်ထပ်။ များစွာသော သင့်အလိုဆန္ဒများ မရေမတွက်နိုင်၊ ထိုဆန္ဒများကို သူ၏ယဇ်ပလ္လင်ပေါ်၌ ချခင်းထား သို့သော် သင်ချခင်းထားသော သူ၏ယဇ်ပလ္လင်ပေါ်မှာ စိတ်နှစ်မြှုပ်မှု၊ စစ်မှန်မှု တစ်စက်မျှပင် မတွေ့။ သင့်၏ ယုံကြည်ခြင်း အသီးအပွင့်များက ဘယ်မှာလဲ။ ဘယ်မှာလဲ။ သင်သည် ဘုရား၏ အဆုံးမဲ့ ကျေးဇူးတော် ခံစားရပြီ၊ သူ၏ကောင်းကင်ဘုံ နက်နဲဖွယ်ရာများ မြင်တွေ့ခဲ့ပြီ။ ဘုရားသခင် သင့်အား ကောင်းကင်မီးလျှံများ ပြသခဲ့လည်း (သူ၌) သင့်အား လောင်ကျွမ်းစေလိုသော စိတ်မရှိပေ။ ဘုရားသခင်အား သင် မည်မျှ ပြန်ပေးခဲ့ပြီလဲ။ သူ့အား လိုလိုလားလား မည်မျှ ပေးခဲ့ပြီလဲ။

ဘုရားသခင် ပေးထားသော စားဖွယ်ကို ကိုင်လျက် သူ့အား သင် ပူဇော်၊ သင်၏ကြိုးစားမှု ဆုလာဘ်ဟု ဆိုကာ သင်၌ ရှိသမျှ သူ့အား ပေးခဲ့ပြီ။ သင် ဘာလို့ မသိရလဲ သင် ဘုရားအား ပေးသမျှ၊ သင်၏အပြစ်ဒဏ်အားလုံး သူ၏ယဇ်ပလ္လင်မှ သင်ခိုးယူခဲ့သော အရာများဖြစ်သည်ကို… ယခု သင် ထိုအရာများကို ဘုရားအား ပေးသည်။ သင် သည် သူ့အား လိမ်ညာနေခြင်း မဟုတ်ပါလော။ သူ ကြည်နူးသောအရာသည် သူ၏ယဇ်ပလ္လင်ပေါ်တွင် ရှိသောအရာသာ ဖြစ်သည် သင်ပြန်ပေးတဲ့ ကြိုးစားမှုရလဒ်များ မဟုတ် ဘူး သင်သည် ဘုရား၏ အဆုံးမဲ့ ကျေးဇူးတော် ခံစားရပြီ၊ သူ၏ကောင်းကင်ဘုံ နက်နဲဖွယ်ရာများ မြင်တွေ့ခဲ့ပြီ။ ဘုရားသခင် သင့်အား ကောင်းကင်မီးလျှံများ ပြသခဲ့လည်း (သူ၌) သင့်အား လောင်ကျွမ်းစေလိုသော စိတ်မရှိပေ။ ဘုရားသခင်အား သင်မည်မျှ ပြန်ပေးခဲ့ပြီလဲ။ သူ့အား လိုလိုလားလား မည်မျှ ပေးခဲ့ပြီလဲ။

သင် ဘုရားကို တကယ် လှည့်ဖြားရက်တော့ သင့်ကို သူ ဘယ်လို ခွင့်လွှတ်နိုင်မလဲ။ ထိုအရာကို ဘုရားသခင် ဘယ်လို သည်းခံနိုင်ဦးမလဲ။ သူ သင့်ကို အရာအားလုံး ပေးအပ်ခဲ့ပြီ။ သူ သည် သင့်ကို အရာအားလုံး ဖွင့်ပြခဲ့ပြီ။ သူ သည် သင်၏ လိုအပ်ချက်များကို ထောက်ပံ့ပေးကာ သူ သင့်ကို အမြင်ကျယ်စေခဲ့ပြီ။ သို့သော် သင့်အသိစိတ်ကို သင် လျစ်လျူရှူကာ သူ့အား လှည့်ဖြား။ သင်သည် ဘုရား၏ အဆုံးမဲ့ ကျေးဇူးတော် ခံစားရပြီ၊ သူ၏ကောင်းကင်ဘုံ နက်နဲဖွယ်ရာများ မြင်တွေ့ခဲ့ပြီ။ ဘုရားသခင် သင့်အား ကောင်းကင်မီးလျှံများ ပြသခဲ့လည်း (သူ၌) သင့်အား လောင်ကျွမ်းစေလိုသော စိတ်မရှိပေ။ ဘုရားသခင်အား သင် မည်မျှ ပြန်ပေးခဲ့ပြီလဲ။ သူ့အား လိုလိုလားလား မည်မျှ ပေးခဲ့ပြီလဲ။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ- အခန်း ၁၀၈” | ကောက်နုတ်ချက် ၂၂၃

ကမ္ဘာလောကတွင်၊ မြေငလျင်များသည် ကပ်ဘေး၏ အစအဦး ဖြစ်သည်။ ပထမဦးစွာ ငါသည် ကမ္ဘာလောကကို- ဆိုလိုသည်မှာ ကမ္ဘာမြေကြီးကို- ပြောင်းလဲစေပြီး၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်” | ကောက်နုတ်ချက် ၃၅၅

လူတို့တွင် လူမှုရေးသိပ္ပံပညာများ စတင်ထွန်းကားလာသည့် အချိန်မှစ၍ လူတို့၏စိတ်ထဲတွင် သိပ္ပံပညာနှင့် သုတပညာများက နေရာယူလာခဲ့ကြသည်။ သိပ္ပံနှင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “လူသားမျိုးနွယ် တစ်ရပ်လုံးသည် လက်ရှိအချိန်အထိ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာပုံကို သင်သိသင့်သည်” | ကောက်နုတ်ချက် ၁၅၀

ဘုရားသခင်သည် ရှေးဦးစွာ အာဒံနှင့် ဧဝကို ဖန်ဆင်းခဲ့ပြီး မြွေကိုလည်း ဖန်ဆင်းခဲ့သည်။ ဤအရာများ အားလုံးထဲမှာ မြွေသည် အဆိပ်အပြင်းဆုံးဖြစ်သည်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ကျမ်းဦးစကား” | ကောက်နုတ်ချက် ၃၉၀

လူအတော်များများသည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုသည်နှင့် ဘုရားသခင်၏ စိတ်နှလုံးနှင့်...