ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၇၃
ဘုရားသခင်သည် လူသားမျိုးနွယ်အား ဖန်ဆင်းခဲ့သော်လည်း၊ လူ့လောကသို့ သူလာသောအခါ ၎င်းတို့သည် သူ့အား ခုခံရန် ကြိုးပမ်းကြ၏၊ သူသည် လောကအတွင်း...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
လူသည် မိမိကိုယ်ကို သိကျွမ်းခြင်းမရှိသော ဖန်ဆင်းခံသတ္တဝါတစ်ဦးပင် ဖြစ်သည်။ မိမိကိုယ်ကို မသိကျွမ်းလင့်ကစား သူသည် အခြားလူတိုင်းအား ကောင်းစွာ သိကျွမ်းလေသည်မှာ အခြားသူများ အားလုံးသည် ၎င်းတို့ မည်သည့်အရာကိုမျှ ပြောဆိုခြင်း သို့မဟုတ် လုပ်ကိုင်ခြင်း မပြုမီတွင် သူ၏စစ်ဆေးခြင်းအား ဦးစွာ အောင်မြင်ကာ သူ၏အတည်ပြုချက်ကို ရရှိသည့်အလားနှင့် ယင်းကြောင့် သူသည် အခြားသူများအားလုံးကို ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေထိတိုင်အောင် အပြည့်အဝ တိုင်းတာပြီး ဖြစ်သည့်အလားပင် ဖြစ်သည်။ လူသားများအားလုံးသည် ဤနည်းတူပင် ဖြစ်ကြသည်။ လူသားသည် ယနေ့တွင် နိုင်ငံတော်ခေတ်ကို ဝင်ရောက်ခဲ့ပြီး ဖြစ်သည်၊ သို့သော် သူ၏သဘောသဘာဝမှာမူ မပြောင်းလဲဘဲ ရှိရစ်သည်။ ငါ၏ရှေ့မှောက်တွင် သူသည် ငါလုပ်သည့်အတိုင်း လုပ်ဆောင်သော်ငြားလည်း၊ ငါ့နောက်ကွယ်တွင်မူ သူသည် သူ၏တစ်မူထူးသော ကိုယ်ပိုင် “လုပ်ငန်း” ကို စတင် လုပ်ကိုင်တော့သည်။ ယင်းအရာ ပြီးဆုံးသွားသည်နှင့် သူသည် ငါ၏ရှေ့မှောက်သို့ တစ်ဖန်ပြန်လာသည်၊ သို့သော် သူသည် အခြားလူတစ်ယောက်ကဲ့သို့ ဖြစ်နေပြီး၊ ရဲတင်းစွာ အေးအေးဆေးဆေးဟန်ဖြင့်၊ အသွင်အပြင်များ တည်ငြိမ်ကာ သွေးခုန်နှုန်းလည်း ပုံမှန်ဖြစ်နေသည်။ ဤသည်မှာ လူအား အလွန်ပင် စက်ဆုပ်ရွံရှာဖွယ် ကောင်းအောင် ပြုလုပ်သောအရာ အတိအကျပင် မဟုတ်လော။ မည်မျှသော လူများသည် ငါ၏ရှေ့တွင် တစ်မျိုးနှင့် ငါ၏နောက်ကွယ်တွင် အခြားတစ်မျိုးဖြစ်သည့် လုံးလုံးကွဲပြားခြားနားသော မျက်နှာနှစ်မျိုးကို ဝတ်ဆင်ကြသနည်း။ ထိုသူတို့အထဲမှ မည်မျှသည် ငါ၏ရှေ့တွင် မွေးကင်းစ သိုးသငယ်များကဲ့သို့ ဖြစ်သော်လည်း ငါ၏နောက်ကွယ်တွင်မူ ကြမ်းတမ်းသော ကျားများအဖြစ်သို့ ပြောင်းလဲသွားကာ ထို့နောက်တွင်မူ တောင်ကုန်းများ တစ်ဝိုက်တွင် ပျော်ရွှင်မြူးထူးစွာ လူးလာပျံသန်းနေသော ငှက်ငယ်များကဲ့သို့ ဖြစ်လာကြသနည်း။ မည်မျှတို့သည် ငါ၏ရှေ့တွင် စိတ်ပိုင်းဖြတ်ချက်နှင့် ရည်ရွယ်ချက်တို့ကို ပြကြသနည်း။ မည်မျှတို့သည် ငါ၏ရှေ့မှောက်သို့လာကာ ငါ၏နှုတ်ကပတ်တော်များကို ဆာငတ်တောင့်တခြင်းနှင့် ဖွေရှာကြသော်လည်း ငါ၏နောက်ကွယ်တွင်မူ ငါ၏နှုတ်ကပတ်တော်များကို ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်ခဲ့သည့်အလား ငြီးငွေ့ကာ စွန့်ပယ်ကြသနည်း။ ကြိမ်ဖန်များစွာပင် ငါ့ရန်သူ၏ ဖျက်ဆီးခြင်းကို ခံနေရသော လူသားမျိုးနွယ်ကို တွေ့မြင်ရသဖြင့် လူသားမျိုးနွယ်အပေါ် ငါ၏မျှော်လင့်ချက်များ ထားခြင်းကို ငါလက်လျှော့ခဲ့ပြီ။ လူသည် ခွင့်လွှတ်ခြင်းကို တောင်းခံခြင်းငှာ မျက်ရည်လည်ရွဲနှင့် ငါ၏ရှေ့မှောက်သို့ လာသည်ကို တွေ့မြင်သော်ငြားလည်း သူ၏ မိမိကိုယ်ကို လေးစားခြင်း ကင်းမဲ့မှုနှင့် သူ၏ တစ်ယူသန်သည့် ပဲ့ပြင်ဆုံးမရခက်ခြင်းတို့ကြောင့် သူ၏နှလုံးသားသည် စစ်မှန်ပြီး သူ၏ရည်ရွယ်ချက်များမှာလည်း စိတ်ရင်းအမှန် ဖြစ်သောအခါတွင်ပင် ကြိမ်ဖန်များစွာ ငါသည် အမျက်ထွက်၍ သူ၏လုပ်ရပ်ကို လျစ်လျူရှုခဲ့ပြီ။ လူသည် ငါနှင့် ပူးပေါင်း လုပ်ဆောင်ရန်အတွက် ယုံကြည်ခြင်းရှိနိုင်ကြောင်းနှင့်၊ ငါ၏ရှေ့မှောက်တွင် သူသည် အဘယ်သို့ ငါ၏ထွေးပွေ့မှုထဲ၌ လဲလျောင်းနေပုံအပြင် အဘယ်သို့ ငါ့ထွေးပွေ့မှု၏ နွေးထွေးမှုကို ခံစားနေပုံတို့ကို ကြိမ်ဖန်များစွာပင် ငါမြင်သည်။ ငါရွေးချယ်ထားသော လူများ၏ အပြစ်ကင်းခြင်း၊ ဖျတ်လတ်တက်ကြွခြင်းနှင့် ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းတို့ကို တွေ့မြင်ရသဖြင့် ကြိမ်ဖန်များစွာပင် ငါသည် ငါ၏နှလုံးသားထဲတွင် ဤအရာများကြောင့် အစဉ်အမြဲပင် အားရနှစ်သက်ခဲ့သည်။ လူသားများသည် ငါ၏လက်များ၌ရှိသော သူတို့၏ ရှေးမဆွက ခွဲခန့်မှတ်သားထားသည့် ကောင်းကြီးမင်္ဂလာကို မည်ကဲ့သို့ ပျော်မွေ့ခံစားရမည်ကို မသိချေ၊ အဘယ့်ကြောင့်ဆိုသော် သူတို့သည် ကောင်းကြီးမင်္ဂလာ သို့မဟုတ် ဒုက္ခဝေဒနာ အသီးသီးသည် အခြေခံအားဖြင့် အဘယ်အရာကို ဆိုလိုကြောင်း မသိကြသောကြောင့် ဖြစ်သည်။ ဤအကြောင်းရင်းကြောင့် လူသားမျိုးနွယ်သည် ငါ့အား ရှာဖွေရာတွင် စိတ်ရင်းအမှန်နှင့် အလှမ်းဝေးလှသည်။ အကယ်၍သာ မနက်ဖြန်ဟူသည့် အရာသာ မရှိခဲ့ပါလျှင် ငါ၏ရှေ့မှောက်တွင် ရပ်နေသော သင်တို့အထဲမှ မည်သူသည် လေယူဆောင်သွားသော မိုးပွင့်ကဲ့သို့ ဖြူစင်ကာ သန့်စင်သော ကျောက်စိမ်းကဲ့သို့ စွန်းကွက်ခြင်း ကင်းလိမ့်မည်နည်း။ သင်တို့၏ ငါ့အား ချစ်ခြင်းသည် အရသာရှိသော ဟင်းလျာတစ်ခွက်၊ သို့မဟုတ် အထက်တန်းကျသော အင်္ကျီဝတ်စုံတစ်စုံ၊ သို့မဟုတ် ခံ့ညားဖွယ် လုပ်ခလစာများနှင့် ရာထူးကြီး စသည်တို့နှင့် အလဲအလှယ် ပြု၍ရသော အရာတစ်စုံတစ်ခု မဟုတ်သည်မှာ သေချာ၏ မဟုတ်လော။ သို့မဟုတ် ယင်းအရာကို အခြားသူများမှ သင့်အပေါ်ထားရှိသော ချစ်ခြင်းနှင့် အလဲအလှယ်ပြု၍ ရနိုင်သလော။ စမ်းသပ်စစ်ဆေးခြင်းကို ကြုံတွေ့ရခြင်းသည် ငါ့အတွက် ထားရှိသည့် သူ၏ချစ်ခြင်းကို စွန့်ပစ်ရန် လူအား ဖိအားပေးလိမ့်မည် မဟုတ်သည်မှာ သေချာ၏ မဟုတ်လော။ ဒုက္ခဝေဒနာနှင့် ကြီးစွာသော ဘေးဒုက္ခဆင်းရဲခြင်းသည် သူ့အား ငါစီစဉ်ထားသောအရာကို စောဒကတက်စေလိမ့်မည် မဟုတ်သည်မှာ သေချာ၏ မဟုတ်လော။ ငါ့နှုတ်ထဲရှိ ဓားရှည်ကို မည်သူမျှ စစ်မှန်စွာ သဘောပေါက်ခြင်း မရှိခဲ့စဖူး။ သူသည် ယင်းအရာ၏ အပေါ်ယံ အဓိပ္ပာယ်ကိုသာသိပြီး အတွင်းပိုင်းကိုမူ စစ်မှန်စွာ နားလည်သဘောပေါက်ခြင်း မရှိပေ။ အကယ်၍သာ လူသားများသည် ငါ့ဓားရှည်၏ အသွားထက်မှုကို စစ်မှန်စွာ မြင်တွေ့နိုင်မည် ဆိုပါက၊ သူတို့သည် ကြွက်များကဲ့သို့ပင် သူတို့၏ တွင်းများထဲသို့ သုတ်သုတ်ပြာပြာ ဝင်သွားကြမည်သာ ဖြစ်သည်။ သူတို့၏ ထုံထိုင်းမှုကြောင့် လူသားများသည် ငါ့နှုတ်ကပတ်တော်များ၏ စစ်မှန်သည့် အဓိပ္ပာယ်ကို ဘာမျှ နားလည်ခြင်း မရှိကြ၊ ထို့ကြောင့် သူတို့သည် ငါ၏နှုတ်ကပတ်တော်များမှာ မည်မျှပင် ခံ့ညားကြောက်ရွံ့ဖွယ် ကောင်းကြောင်းကို လုံးဝမသိကြ၊ သို့မဟုတ် ထိုနှုတ်ပတ်တော်များအတွင်း သူတို့၏ သဘောသဘာဝကို မည်ရွေ့မည်မျှ ဖော်ထုတ်ခြင်း ခံရသည်နှင့် သူတို့၏ ယိုယွင်းပျက်စီးမှု မည်ရွေ့မည်မျှသည် တရားစီရင်ခြင်းခံယူပြီး ဖြစ်သည်ကို လုံးဝမသိကြချေ။ ဤအကြောင်းရင်းကြောင့် ငါ့နှုတ်ကပတ်တော်များနှင့် ပတ်သက်၍ သူတို့၏ မနူးမနပ် စိတ်ကူးများကို အခြေပြုလျက် လူအများစုသည် မပူမအေးနှင့် မယုတ်မလွန်သည့် သဘောထားကို ခံယူကြလေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၅)
ဘုရားသခင် နှုတ်ကပတ်တော်များရဲ့ အဓိပ္ပာယ်မှန်ကို ဘယ်တုန်းကမှ နားမလည်ခဲ့ပါ
Ⅰ
လူသားတွေဟာ ထာဝရဘုရားသခင်လက်တော်ထဲ၌ရှိ သူတို့ အတွက် ကြိုတင်စီမံထား သည့် ကောင်းချီး မင်္ဂလာ၌ ဘယ်လို ပျော်မွေ့ရမှန်းမသိပါ သူတို့ဟာ ဒုက္ခဝေဒနာနှင့် ကောင်းချီး မင်္ဂလာများ ကို မခွဲခြားတတ်သောကြောင့်ပါ။ ဒါကြောင့် သူတို့ ဘုရားကို ရှာဖွေခြင်းဟာ စစ်မှန်သော ရှာဖွေခြင်းတော့ မဟုတ်ပါလေ၊ တကယ်လို့များ မနက်ဖြန်ဆိုတာ ဖြစ်မလာဘူးဆိုလျှင် ဘုရားသခင်ရှေ့မှာ ရပ်နေကြသောသူများထဲမှ ဘယ်သူများ ကျလာတဲ့ ဖြူသောနှင်းပွင့်လေးတွေ နှင့် သန့်စင်သောကျောက်စိမ်းတုံး အစစ် ကဲ့သို့ အပြစ်ကင်းနိုင်မလဲ။ ဘယ်သူများအပြစ်ကင်းနိုင်မလဲ ဘုရားသခင်အတွက် သင့်ရဲ့ ချစ်ခြင်းမေတ္တာ ဟာ အရသာရှိတဲ့ အစား အသောက်တစ်ခု နှင့် လှပတောက်ပြောင်နေ တဲ့ အဝတ်အထည်တွေ နှင့် ရာထူးကြီး လခကောင်း တွေနှင့်လည်း လဲလှယ်လို့မရတာ သိပ်သေချာ ဒါမှမဟုတ် အခြား သော ချစ်မေတ္တာ တွေနှင့် ကော လဲလှယ် ၍ ရနိုင်ပါသလား ဘုရားသခင်အတွက် သင့် ရဲ့ အချစ်မေတ္တာကို ခက်ခဲမှုနှင့်စစ်ကြောခြင်း များကြောင့် စွန့်ပစ်နိုင် ပါသလား။ ဆင်းရဲ ဒုက္ခ ကြီးစွာခံစားရမှု တွေကြောင့် ဘုရားရဲ့ အစီအမံအပေါ် မကျေမနပ် ညည်းညူခြင်းကို မဖြစ် စေ နိုင်ဘူး မဟုတ်လား။
Ⅱ
ဘုရား သခင်ရဲ့ ခံတွင်း ထဲမှာရှိတဲ့ ဓား ကို ဘယ်လူသားမျှ မှန်ကန်စွာ ဖြင့် နားမလည်နိုင်ခဲ့ ဘူးလေ လူသား သည် အပေါ်ယံ ၌ရှိသော အဓိပ္ပာယ်ကိုသာ သိရှိပြီး၊ အတွင်း၌ရှိသော အဓိပ္ပာယ်များကို နားမလည်ဘူး (လူသားတွေသည် နားမလည်ဘူး) အကယ်၍သာ လူသားများဟာ ဘုရား၏ ဓားထက်မြက်မှု ကို သေချာစွာဖြင့် တွေ့မြင်ခဲ့ဖူးကြမယ်ဆိုလျှင် သူတို့ဟာ ကြွက်တွေလို ပျာယာခတ် လို့ ကာနေ ပြေးလွှားကာ နေပြီး သူတို့ တွေ ရဲ့ အိမ်တွေထဲ သို့ ပြန်ပြေးဝင်လိမ့်မယ်။ သူတို့ဟာ ထုံထိုင်းလွန်းလို့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ရဲ့ သမ္မာတရားကို မသိပါ နှုတ်ကပတ်တော်၏ စွမ်းအားနှင့် သူတို့၏ဒုစရိုက် များကို ဘယ်အတိုင်းအတာလောက်ထိ စစ်ကြောစီရင်နိုင် ကြ သလဲ၊ သူတို့ ရဲ့ ပကတိစိတ် ကို ဘယ်အတိုင်းအတာအထိ ဖွင့်ပြသလဲ ဆိုတာကို အနည်းငယ်မျှ ပင်မသိ ဘုရား၏ နှုတ်ကပတ်တော်အပေါ် မပြည့်ဝသော အတွေးအယူ၊ နားလည်မှုများကို အခြေခံ ပြုကာ အများစုတွင် စိတ်ဝင်စားမှုမဲ့သော သဘောထားများရှိကြ အများစုတွင် စိတ်ဝင်စားမှုမဲ့သော သဘောထားများရှိကြ သည်
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
ဘုရားသခင်သည် လူသားမျိုးနွယ်အား ဖန်ဆင်းခဲ့သော်လည်း၊ လူ့လောကသို့ သူလာသောအခါ ၎င်းတို့သည် သူ့အား ခုခံရန် ကြိုးပမ်းကြ၏၊ သူသည် လောကအတွင်း...
မိမိလုပ်သမျှအရာရာတိုင်း၌ ဖြောင့်မတ်ခြင်းရှိ၊ မရှိနှင့် မိမိ၏အပြုအမူများသည် ဘုရားသခင်၏ နည်းလမ်းများနှင့် ကိုက်ညီ၊ မညီ ဆင်ခြင်လေ့လာနေခြင်းသည်...
နောက်ဆုံးသောကာလ အလုပ်က စည်းမျဉ်း အားလုံးနှင့် ပွင့်ထွက် လာပြီး သင့်အနေဖြင့် ကျိန်ခြင်းခံရသည်ဖြစ်စေ ပြစ်ဒဏ်စီရင်ခြင်း ခံရသည်ဖြစ်စေ...
သိမ်းပိုက်ခြင်းအလုပ်၏ အဓိကရည်မှန်းချက်မှာ သမ္မာတရားကို လူသားတို့ ပိုင်ဆိုင်နိုင်ရန်အတွက် လူသားမျိုးနွယ်ကို သန့်ရှင်းစေရန်ဖြစ်သည်၊...