ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘာသာတရား အယူအဆများကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၂၈၂

ဘုရားသခင်ကို သင်ယုံကြည်ခြင်း၌ ဘုရားသခင်ကို သင်မည်သို့ သိကျွမ်းသင့်သနည်း။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဘုရားသခင်၏ ယနေ့အမှုကို အခြေခံ၍ ဘုရားသခင်ကို သိကျွမ်းလာသင့်ပြီး လမ်းလွဲခြင်း သို့မဟုတ် လွဲမှားစွာယုံကြည်ခြင်း မရှိဘဲ အခြားသောအရာများထက် ဘုရားသခင်၏ အမှုကို သိကျွမ်းသင့်သည်။ ဤအရာသည် ဘုရားသခင်ကို သိကျွမ်းခြင်း၏ အခြေခံအုတ်မြစ် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖြူစင်စွာ လက်ခံခြင်း ကင်းမဲ့သော လွဲမှားသည့် ထိုယုံကြည်ချက်အမျိုးမျိုးတို့သည် ဘာသာရေးအယူအဆများသာဖြစ်ပြီး လွဲချော်၍ မှားယွင်းနေသော လက်ခံချက်သာ ဖြစ်သည်။ ထင်ရှားသော ဘာသာရေးသမားတို့၏ အကြီးမားဆုံး စွမ်းရည်မှာ အတိတ်က လက်ခံထားကြသော ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုယူ၍ ဘုရားသခင်၏ ယနေ့နှုတ်ကပတ်တော်များနှင့် တိုက်ဆိုင် စစ်ဆေးခြင်း ဖြစ်သည်။ သင်သည် ယနေ့၏ ဘုရားသခင်ကို အစေခံရာတွင် အတိတ်၌ သန့်ရှင်းသောဝိညာဉ်တော်က ဉာဏ်ပွင့်လင်းစေရန် ဖွင့်ပြခဲ့သော အရာများကို ဖက်တွယ်ထားပါက သင်၏အစေခံခြင်းသည် အနှောင့်အယှက်ဖြစ်စေပြီး သင်၏လက်တွေ့ကျင့်သုံးခြင်းသည် ခေတ်နောက်ကျကာ ဘာသာရေးအခမ်းအနား သက်သက်သာ ဖြစ်နေလိမ့်မည်။ ဘုရားသခင်ကို အစေခံသူများသည် အပြင်ပန်း၌ နှိမ့်ချ၍ သည်းခံရမည်ဟု သင်ယုံကြည်ပြီး ထိုအသိတရားမျိုးကို ယနေ့ကျင့်သုံးပါက ထိုအသိပညာသည် ဘာသာရေး အယူအဆသာ ဖြစ်ပြီး ထိုလက်တွေ့ကျင့်သုံးခြင်းသည် ဟန်ဆောင်သည့် သရုပ်ဆောင်ချက်သာ ဖြစ်နေလိမ့်မည်။ “ဘာသာရေးအယူအဆများ” ဆိုသည်မှာ (ဘုရားသခင် ယခင်ကပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များကို လက်ခံမှုများနှင့် သန့်ရှင်းသော ဝိညာဉ်တော်က တိုက်ရိုက်ထုတ်ဖော်ခဲ့သည့် အလင်းအပါအဝင်) ခေတ်မမီတော့ဘဲ ခေတ်ကုန်သွားသည့် အရာများကို ရည်ညွှန်းပြီး ၎င်းတို့ကို ယနေ့ လက်တွေ့ကျင့်သုံးပါက ဘုရားသခင်၏ အမှုကို နှောင့်ယှက်ခြင်းဖြစ်စေကာ လူတို့အတွက် အကျိုးမရှိပါ။ လူသည် မိမိအထဲမှ ဘာသာရေး အယူအဆများနှင့်ဆိုင်သည့် ထိုအရာများကို ထုတ်ပယ်ခြင်း မပြုနိုင်ပါက ၎င်းတို့သည် လူ၏ ဘုရားသခင်ကို အစေခံမှု၌ ကြီးစွာသော အဟန့်အတားတစ်ခု ဖြစ်လာလိမ့်မည်။ ဘာသာရေး အယူအဆများရှိကြသောသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်များကို အမီမလိုက်နိုင်ကြဘဲ ခြေတစ်လှမ်း နောက်ကျနေကြပြီး ဤဘာသာရေး အယူအဆများက လူအား မိမိကိုယ်ကိုမှန်လှပြီဟု ထင်စေ၍ မောက်မာစေသဖြင့် ခြေနှစ်လှမ်းနောက်ကျကြရပြန်သည်။ ဘုရားသခင်သည် အတိတ်၌ မိမိပြောဆို၍ လုပ်ဆောင်ခဲ့သော အရာများကို လွမ်းဆွတ်တမ်းတနေခြင်း မရှိဘဲ ထိုအရာများသည် ခေတ်ကုန်သွားပါက သူဖယ်ရှားသုတ်သင်လိုက်သည်။ သင်၏အယူအဆများကို ဧကန်အမှန်ပင် သင်စွန့်လွှတ်နိုင်သည် မဟုတ်လော။ သင်သည် အတိတ်က ဘုရားသခင် ပြောခဲ့သည့် နှုတ်ကပတ်တော်များကို ဖက်တွယ်ထားပါက ၎င်းက ဘုရားသခင်၏အမှုကို သင်သိသည်ဟု သက်သေထူပေးသလော။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ ယနေ့အလင်းကို လက်မခံနိုင်ဘဲ အတိတ်က အလင်းကို ဖက်တွယ်ထားပါက ထိုအရာက ဘုရားသခင်၏ ခြေလှမ်းများကို သင်လိုက်လျှောက်သည်ဟု သက်သေထူပေးသလော။ ဘာသာရေး အယူအဆများကို သင်မစွန့်လွှတ်နိုင်ဘဲ ရှိနေသေးသလော။ ထိုသို့ဖြစ်ပါက သင်သည် ဘုရားသခင်ကို ဆန့်ကျင်သူတစ်ဦး ဖြစ်လာလိမ့်မည်။

လူသည် ဘာသာရေး အယူအဆများကို စွန့်လွှတ်နိုင်ပါက သူသည် မိမိ၏ အသိဉာဏ်ဖြင့် ဘုရားသခင်၏ ယနေ့ နှုတ်ကပတ်တော်နှင့် အမှုကို မစစ်ဆေး မတိုင်းတာတော့ဘဲ ယင်းအစား တိုက်ရိုက်နာခံလိမ့်မည်။ ဘုရားသခင်၏ ယနေ့ အမှုသည် အတိတ်ကနှင့်မတူဘဲ ထင်ရှားသော်လည်း သင်သည် အတိတ်၏ အမြင်များကိုစွန့်လွှတ်၍ ဘုရားသခင်၏ ယနေ့ အမှုကို နာခံနိုင်သည်။ အကယ်၍ သင့်မှာ ထိုအသိပညာမျိုးရှိပြီး အတိတ်၌ ဘုရားသခင် မည်သို့ လုပ်ဆောင်ခဲ့စေကာမူ ယနေ့ သူပြုသောအမှုကို အသားပေးထားပါက သင်သည် မိမိ၏အယူအဆများကို စွန့်လွှတ်ခဲ့ပြီးသူ၊ ဘုရားသခင်ကို နာခံသူ၊ ဘုရားသခင်၏ အမှုနှင့် နှုတ်ကပတ်တော်ကို နာခံသူ၊ ဘုရားသခင်၏ ခြေလှမ်းများကို လိုက်လျှောက်သူ ဖြစ်သည်။ ဤ၌ သင်သည် ဘုရားသခင်ကို ဧကန်အမှန် နာခံသူ ဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်၏ အမှုကို ခွဲခြမ်းစိတ်ဖြာခြင်း သို့မဟုတ် စစ်ကြောခြင်းမပြု၊ ဘုရားသခင်သည် မိမိယခင်က ပြုခဲ့သည့်အမှုကို မေ့လျော့ထားသကဲ့သို့ သင်လည်း မေ့ပျောက်လိုက်သည်။ ပစ္စုပ္ပန်သည် ပစ္စုပ္ပန်ဖြစ်ပြီး အတိတ်သည် အတိတ်ဖြစ်ကာ ယနေ့တွင် ဘုရားသခင်သည် အတိတ်က မိမိပြုခဲ့သည့်အမှုကို ဘေးဖယ်ထားသည့်အတွက် သင်လည်း ထိုအရာပေါ်တွင် မနေသင့်ပေ။ ထိုအခါမှသာ သင်သည် ဘုရားသခင်ကို အပြည့်အဝ နာခံသူ၊ မိမိ၏ဘာသာရေး အယူအဆများကို လုံးဝစွန့်လွှတ်သူ ဖြစ်လာလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ ယနေ့အမှုကို သိသောသူများသာလျှင် ဘုရားသခင်ကို အစေခံနိုင်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၅၂

အနန္တတန်ခိုးရှင်ဘုရားသခင်။ သူ၏ဘုန်းအာနုဘော်နှင့်ပြည့်စုံသော ကိုယ်ခန္ဓာသည် ပွင့်လင်းစွာပင်ပေါ်ထွန်းကာ သန့်ရှင်းသော ဝိညာဉ်ခန္ဓာသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၇၉

ပေါလု လုပ်ဆောင်ခဲ့သည့် အလုပ်ကို လူ၏ရှေ့တွင် ထုတ်ဖော်ပြသခံခဲ့ရသော်လည်း၊ သူ၏ ဘုရားသခင်အား ချစ်ခြင်းမှာမူ မည်မျှ သန့်စင်ခဲ့ပြီး သူ၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၅၉

ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကြုံပြီးသောသူများ၏ အလုပ်တွင် သွေဖည်မှု အလွန်နည်းပါးပြီး...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၅၆

ဘုရားသခင်သည် လူသားများ မမြင်နိုင်အောင် ပုန်းကွယ်နေသော်လည်း အရာခပ်သိမ်းအလယ်၌ သူ၏ လုပ်ဆောင်ချက်များအားဖြင့် သူ့ကို သိစေရန် လူသားအတွက်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။