ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဖြင့်သာ ကယ်တင်ခြင်းလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်သည် (အပိုင်း တစ်)
ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိသူတို့သည် သူ့ကို အချိန်မည်မျှကြာ ယုံကြည်သည်ဖြစ်စေ ပြောင်းလဲလိမ့်မည်မဟုတ်။ ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့သာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိနိုင်ပြီး ကယ်တင်ခြင်း လမ်းကြောင်းပေါ် ခြေလှမ်းနိုင်သည်။ လူသားအတွက် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိရန်မှာ အရေးပါလိုက်လေခြင်းပါတကား။ အဘယ်ကြောင့် လူအချို့သည် မိမိတို့ကိုယ်ကို လုံးဝ သိရှိမလာကြသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိကြသောကြောင့် ဖြစ်သည်။ အဘယ်ကြောင့် လူအချို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို လုံးဝ မရရှိနိုင်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးများ မရှိသောကြောင့် ဖြစ်သည်။ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသူတို့သာ မိမိကိုယ်ကို မကြာခဏ သုံးသပ်ဆင်ခြင်ကာ သိရှိလာနိုင်ကြသည်။ ၎င်းတို့သည် အမှားများ လုပ်မိမည်ကို၊ သို့မဟုတ် လမ်းမှားသို့ လျှောက်လှမ်းသွားမိမည်ကို အမြဲ စိုးရွံ့ကြသည်။ ၎င်းတို့ ရွေးချယ်မှုများ ပြုလုပ်ရန် လိုအပ်သည့်အရာများ ၎င်းတို့အပေါ် ဖြစ်ပျက်သည့်အခါ ဘုရားသခင်ကို ပုန်ကန်ပြစ်မှားသည်ထက် လူကို ပုန်ကန်ပြစ်မှားချင်ကြမည်ဖြစ်ပြီး ဘုရားသခင်နှင့် ကင်းကွာသည်ထက်၊ သို့မဟုတ် သူ့ကို သစ္စာဖောက်သည်ထက် ညှဉ်းပန်းနှိပ်စက်မှု ခံစားချင်ကြမည်ဖြစ်သည်။ ယောဘသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သော လူတစ်ဦးဖြစ်ကာ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိခဲ့သည်။
သို့ဆိုလျှင် ဘုရားသခင်ကို သင်၏ ယုံကြည်မှုတွင် ကယ်တင်ခြင်း ရရှိမည်ဆိုပါက သင်၏ အတွေ့အကြုံသည် မည်သည့်နေရာတွင် စတင်ရမည်နည်း။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံခြင်း၊ မိမိကိုယ်ကို စစ်မှန်သည့် အသိတစ်ခုကို ရရှိခြင်းနှင့် အမှန်တကယ် နောင်တရခြင်းတို့အားဖြင့် သင်အစပြုရမည်။ ဤသည်မှာ ကယ်တင်ခြင်း လမ်းကြောင်းပေါ် ခြေလှမ်းခြင်း ဖြစ်သည်။ လူတို့အတွက် မိမိတို့ကိုယ်ကို သိရှိရန်မှာ မလွယ်ကူပေ။ မိမိတို့၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် အနှစ်သာရကို သိရှိရန်၊ ဘုရားသခင်ရှေ့မှောက်၊ ဖန်ဆင်းရှင်ရှေ့မှောက်တွင် ၎င်းတို့ မည်မျှ သေးငယ်ပြီး အရေးမပါဖြစ်သည်ကို သိရှိရန်မှာ ၎င်းတို့အတွက် သာ၍ပင် ခက်ခဲ၏။ လူတို့သည် မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ သို့မဟုတ် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရက မည်သည့်အရာဖြစ်သည်ကို မသိရှိနိုင်ပါက ဘုရားသခင်နှင့် မည်သည့် ဆက်ဆံရေးမျိုး ၎င်းတို့ ရှိကြသည်၊ ဘုရားသခင်ရှေ့မှောက်ရှိ ၎င်းတို့၏ အနေအထား၊ သို့မဟုတ် ၎င်းတို့ကို ဘုရားသခင် နှစ်သက်ခြင်း ရှိမရှိဆိုသည်တို့ကို ၎င်းတို့ သိကြမည်လော။ (သိကြလိမ့်မည် မဟုတ်ပါ။) ထို့ကြောင့် ဤနှစ်ကာလများအားလုံးတွင် ဘုရားသခင်ကို ယုံကြည်ပြီးနောက် မည်သည့်အရာကို ၎င်းတို့ ရရှိလေပြီနည်း။ သမ္မာတရားကို ၎င်းတို့ ရရှိလေပြီလော။ ကယ်တင်ခြင်း လမ်းကြောင်းပေါ် ၎င်းတို့ ခြေလှမ်းပြီးပြီလော။ ဘုရားသခင်ကို ယုံကြည်ပြီးနောက်တွင် သူ၏ နှုတ်ကပတ်တော်များကို ၎င်းတို့ စားသောက်ကြပါက၊ အသင်းတော် အသက်တာကို အသက်ရှင်ပြီး မိမိတို့တာဝန်ကို ထမ်းဆောင်ကြပါက ယင်းသည် ဘုရားသခင်နှင့် ဆက်ဆံရေးတစ်ခု ရှိခြင်းနှင့် ညီမျှပါသလော။ ဖန်ဆင်းရှင်နှင့် ဆက်ဆံရေးတစ်ခု ရှိရန်အလို့ငှာ လူတစ်ဦးသည် မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း၊ မည်သည့်အရာကို လိုက်စားသင့်သနည်း၊ မည်သည့် နေရာတွင် ရပ်တည်သင့်ပြီး မိမိတို့လမ်းကြောင်းကို မည်သို့ ရွေးချယ်သင့်သနည်း။ သင်တို့ သိကြပါသလော။ သင်တို့ မဖြေနိုင်ကြပေ။ သင်တို့ အလွန် ချို့တဲ့ကြပုံရသည်။ ယင်းမှာ သင်တို့သည် မိမိတို့ နားမလည်သည့် အရာများစွာတွင် သမ္မာတရားအကြောင်း ရှာဖွေခြင်း၊ သို့မဟုတ် မိတ်သဟာယပြုခြင်းတို့အပေါ် သင်တို့ အာရုံမစိုက်ကြကြောင်းကို ဆိုလိုပေသည်။ ထို့ကြောင့် သင်တို့၏ အသင်းတော် အသက်တာသည် အတိအကျ ချို့တဲ့နေပြီး ယင်းနှင့် သက်ဆိုင်သမျှ ရလဒ်များသည် အလွန်ကောင်းဖွယ် မရှိနိုင်ပေ။ သင်တို့သည် မိမိတို့နှုတ်ဖျားတွင် ဘုရားသခင်ကို ယုံကြည်ရာ၌ မကြာခဏ ပြောကြသည့် ဝိညာဉ်ရေးရာ ဝေါဟာရများနှင့် ဆိုရိုးများ ရှိသော်လည်း ထိုအရာများကို အလေးအနက် မထားကြသကဲ့သို့ သင်တို့သည် မိမိတို့ကိုယ်ပိုင် စိတ်ဝိညာဉ်ဆီသို့ ပြန်မသွားပေ။ “ဘုရားသခင် ပြောခဲ့သည့် ဤစကားများသည် မည်သည့်အရာကို ဆိုလိုသနည်း။ ငါ၏လက်တွေ့ဘဝတွင် ထိုစကားများကို မည်သို့ အသုံးပြုရမည်နည်း။ ဤစကားများကို ငါ မည်သို့ ခိုင်လုံစေမည်နည်း။ ယင်းတို့ကို လက်တွေ့အရှိတရားအဖြစ်သို့ မည်သို့ ပြောင်းလဲစေမည်နည်း။ ဤစကားများသည် အယူဝါဒနှင့် သဘောတရားများ၌ ရပ်တန့်မသွားဘဲ ငါ့ဘဝ၏ တစ်စိတ်တစ်ပိုင်းဖြစ်လာရန်၊ ငါ လျှောက်လှမ်းသည့် ဦးတည်ချက် ဖြစ်လာရန်အလို့ငှာ မည်သည့်အရာကို ငါ လုပ်ဆောင်နိုင်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ငါ့ဘဝ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာရန်အလို့ငှာ မည်သို့ ငါ ပြုမူရမည်နည်း”ဟု တွေးဆရန် မိမိတို့ စိတ်နှလုံးကို မငြိမ်သက်စေကြပေ။ ထိုသို့သော အရာများကို သင်တို့ တွေးဆနိုင်ပါက အသေးစိတ်အချက်များစွာကို သင်တို့ စဉ်းစားအဖြေရှာနိုင်လိမ့်မည်။ သို့ရာတွင် ယေဘုယျအားဖြင့် ထိုသို့သော အရာများကို သင်တို့ လုံးဝမတွေးဆကြသောကြောင့် အများအားဖြင့် ပြောဆိုထားသည့် သမ္မာတရား အများစုအတွက် သင်တို့သည် တိုက်ရိုက် သိနားလည်ခြင်းတစ်ခုတွင် ရပ်တန့်လိုက်ကြလေသည်။ လူတို့သည် တိုက်ရိုက် သိနားလည်မှုတွင် ရပ်လိုက်ပါက အခြားသူများက ၎င်းတို့နှင့် ပတ်သက်၍ မည်သည့်အရာကို တွေ့မြင်နိုင်ကြလိမ့်မည်နည်း။ လူတို့သည် ဝိညာဉ်ရေးရာ သဘောတရားများ၊ ဝိညာဉ်ရေးရာ အသုံးအနှုန်းနှင့် ဝိညာဉ်ရေးရာ ဆိုရိုးများအကြောင်းကို မကြာခဏ ဟောပြောကြသော်လည်း ၎င်းတို့ အသက်တာများတွင် ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ လက်တွေ့လုပ်ဆောင်ခြင်း၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့်ဆိုင်သည့် လက်တွေ့အရှိတရားကို သင် မမြင်ရပေ။ ယခုအခါတွင် သင်တို့သည် အလွန်ကြီးမားသော ပြဿနာတစ်ခုကို ရင်ဆိုင်ရသည်။ အဘယ်ပြဿနာဖြစ်သနည်း။ သင်တို့သည် အယူဝါဒအနည်းငယ်ကို ဟောကြားနိုင်စွမ်းရှိသောကြောင့်၊ ဝိညာဉ်ရေးရာစကားအချို့ကို နားလည်သဘောပေါက်ခြင်းရှိသောကြောင့်၊ မိမိကိုယ်ကို သိခြင်းနှင့်ပတ်သက်ပြီး သင်တို့၏ အတွေ့အကြုံအနည်းငယ်ကို ပြောဆိုနိုင်သောကြောင့် သင်တို့သည် သမ္မာတရားကို နားလည်သည်၊ ဘုရားသခင်အပေါ် သင်တို့၏ ယုံကြည်ခြင်းသည် အဆင့်တစ်ခုသို့ရောက်နေပြီ၊ သင်တို့သည် လူအများစု၏ အထက်တွင်ရှိသည်ဟု ထင်နေခြင်းဖြစ်သော်လည်း၊ အမှန်တကယ်တွင် သင်တို့သည် သမ္မာတရား စစ်မှန်မှုသို့ မဝင်ရောက်ရသေးပေ။ သင်တို့အတွက် ကူညီပံ့ပိုးပေးမည့်လူများမရှိဘဲ၊ သမ္မာတရားကို သင်တို့ထံ မိတ်သဟာယဖွဲ့ပေးပြီး လမ်းပြပေးမည့်သူများမရှိဘဲ၊ သင်တို့သည် လုံးဝရပ်တန့်သွားပြီး အပျော်အပါး၌ ပို၍ မွေ့လျော်လာလိမ့်မည်။ သင်တို့သည် ဘုရားသခင်အား သက်သေခံခြင်းအမှုကို တာဝန်ယူလုပ်ဆောင်နိုင်စွမ်းမရှိပေ။ သင်တို့သည် ဘုရားသခင်၏ စေခိုင်းချက်ကို မပြီးမြောက်နိုင်ကြပေ။ သို့တိုင်အောင် အတွင်းတွင် သင်တို့သည် မိမိကိုယ်ကို အထင်ကြီးဆဲဖြစ်သည်။ သင်တို့သည် လူအများစုထက်ပို၍ နားလည်သည်ဟု ထင်သည်။ သို့သော် အမှန်တကယ်တွင် သင်တို့သည် ဝိညာဉ်ရင့်ကျက်မှု ကင်းမဲ့သည်။ သမ္မာတရား စစ်မှန်မှုသို့ မဝင်ရောက်ရသေးပေ။ အနည်းငယ်သော စကားများနှင့် အယူဝါဒတို့ကို နားလည်နိုင်ရုံမျှဖြင့် တိုး၍ မာနထောင်လွှားလာသည်။ လူတို့သည် ဤအခြေအနေသို့ ဝင်ရောက်သည်နှင့်တစ်ပြိုင်နက်၊ သမ္မာတရားကို ၎င်းတို့ ရရှိပြီးဖြစ်သည်ဟု ထင်မြင်ပြီး ကိုယ့်ကိုယ်ကိုယ် အားရကျေနပ်လာသောအခါတွင် ၎င်းတို့သည် မည်သို့သောအန္တရာယ်မျိုးတွင် ကျရောက်နေသနည်း။ လျှာသွက်အာသွက်သော အယောင်ဆောင်ခေါင်းဆောင်၊ သို့မဟုတ် အန္တိခရစ်တစ်ဦးသည် အမှန်တကယ် ပေါ်လာလျှင် သင်တို့သည် ဧကန်မုချ အထင်အမြင်မှားစေခြင်းကို ခံရပြီး ၎င်းတို့နောက်သို့ စတင် လိုက်လျှောက်မည်ဖြစ်သည်။ ဤသည်မှာ အန္တရာယ်ရှိသည်မဟုတ်လော။ သင်တို့သည် မာနထောင်လွှားတတ်၊ ကိုယ်မှန်သည်ထင်မှတ်ပြီး၊ မိမိဘာသာ အားရကျေနပ်တတ်သည်။ ဤဖြစ်ရပ်တွင် သင်တို့သည် ဘုရားသခင်ထံမှ သွေဖည်မည်မဟုတ်လော။ ဘုရားသခင်အား သစ္စာဖောက်ပြီး သင်၏ ကိုယ်ပိုင်လမ်းကြောင်းအတိုင်း သွားမည်မဟုတ်လော။ သင်တို့သည် သမ္မာတရား စစ်မှန်မှု မရှိကြသကဲ့သို့ ဘုရားသခင်ကို သက်သေမခံနိုင်ကြပေ။ မိမိတို့ကိုယ်ကိုသာ သင်တို့ သက်သေခံနိုင်ကြပြီး မိမိတို့ကိုယ်ကိုသာ ကြွားလုံးထုတ်နိုင်ကြသည်။ ထို့ကြောင့် သင်တို့သည် အန္တရာယ်ရှိကြသည် မဟုတ်လော။ ထို့အပြင် သင်တို့သည် ဤအခြေအနေ၌ နွံနစ်နေပါက မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင်တို့ ထုတ်ဖော်မည်နည်း။ ပထမဦးစွာ မာနထောင်လွှားပြီး ကိုယ်မှန်သည်ထင်သည့် စိတ်သဘောထားကို သင်တို့ ထုတ်ဖော်ပြကြလိမ့်မည်။ ယင်းမှာ သိသာထင်ရှားလှ၏။ အာဏာကို အသုံးချကာ သင်၏ ဝါရင့်မှုကိုလည်း ကြွားလုံးထုတ်လိမ့်မည် မဟုတ်လော။ လူတို့ကို အထက်စီးမှ ဩဝါဒပေးလိမ့်မည် မဟုတ်လော။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင် ထုတ်ဖော်ပြပါက ဘုရားသခင်သည် သင့်ကို စက်ဆုပ်ရွံရှာလိမ့်မည် မဟုတ်လော။ တစ်စုံတစ်ဦးသည် အထူးသဖြင့် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ကာ မိမိကိုယ်ကို စစ်ဆေးခြင်း မရှိပါက ဘုရားသခင်သည် ၎င်းတို့ကို ပစ်ပစ်ခါခါ ငြင်းလိမ့်မည်မှာ ဖြစ်နိုင်ဖွယ်ရှိသည် မဟုတ်လော။ အမှန်ပင် အလွန်တရာ ဖြစ်နိုင်ဖွယ်ရှိ၏။ ဥပမာအားဖြင့်၊ သင်တို့သည် သင်တို့တာဝန်များကို နှစ်အနည်းငယ်ကြာထမ်းဆောင်ပြီးဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် သင်တို့၏ အသက် ဝင်ရောက်မှုတွင် သိသာမြင်သာသော တိုးတက်မှုမရှိသေးပေ။ အပေါ်ယံအယူဝါဒအနည်းငယ်ကိုနားလည်ခြင်းသာရှိသည်။ ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရကို အမှန်တကယ် သိမြင်မှုမရှိ။ ပြောဆိုရန် အခက်အခဲအောင်မြင်မှုများ မရှိပေ။ ဤသည်မှာ ယခုအခါ သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုဖြစ်လျှင် သင်တို့သည် မည်သည့်အရာကို လုပ်ဆောင်နိုင်ခြေရှိမည်နည်း။ သင်တို့တွင် မည်သည့် ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ပြခြင်း ရှိမည်နည်း။ (မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့ ဖြစ်ပါသည်။) သင်တို့၏ မာနထောင်လွှားမှုနှင့် စိတ်ကြီးဝင်မှုသည် ပြင်းထန်လာမည်လော၊ သို့မဟုတ် မပြောင်းမလဲဘဲ ကျန်ရှိနေမည်လော။ (ပြင်းထန်လာမည်။) အဘယ်ကြောင့် ပြင်းထန်လာမည်နည်း။ (ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကို အလွန်ပင် အရည်အသွေးပြည့်မီသည်ဟု ထင်မည်ဖြစ်သောကြောင့်ဖြစ်သည်။) လူတို့သည် မိမိတို့ကိုယ်ပိုင် အရည်အချင်းများနှင့်ဆိုင်သည့် အဆင့်ကို မည်သည့် အခြေခံအကြောင်းရင်းပေါ်တွင် အကဲဖြတ်ကြသနည်း။ တာဝန်တစ်ခုခုကို ၎င်းတို့ထမ်းဆောင်သည်မှာ နှစ်မည်မျှကြာသည်၊ အတွေ့အကြုံမည်မျှကို ၎င်းတို့ရရှိပြီးဖြစ်သည်တို့အပေါ်တွင် အခြေခံသည်မဟုတ်လော။ ဤသို့ဖြစ်လျက် သင်တို့သည် ဝါရင့်ခြင်းနှင့်ပတ်သက်ပြီး တဖြည်းဖြည်းချင်း စတင်စဉ်းစားလာမည်မဟုတ်လော။ ဥပမာအားဖြင့် ညီအစ်ကိုတစ်ယောက်သည် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ခဲ့ပြီး တာဝန်တစ်ခုကို အချိန်အတော်ကြာထမ်းဆောင်ခဲ့သည်။ ထို့ကြောင့် သူသည် စကားပြောရန် အရည်အချင်းအပြည့်မီဆုံးဖြစ်သည်။ ညီအစ်မတစ်ယောက်သည် ဤသို့ရောက်သည်မှာ မကြာသေးပေ။ သူမသည် အစွမ်းအစအနည်းငယ်ရှိသော်လည်း ဤတာဝန်ကို ထမ်းဆောင်ရာတွင် အတွေ့အကြုံမရှိပေ။ ဘုရားသခင်ကို ယုံကြည်သည်မှာ မကြာသေးပေ။ ထို့ကြောင့် သူမသည် ပြောဆိုရန် အရည်အချင်း မပြည့်မီဆုံးဖြစ်သည်။ ပြောဆိုရန် အရည်အချင်း အပြည့်မီဆုံးသူက မိမိကိုယ်ကို စဉ်းစားသည်။ “ငါသည် ဝါရင့်သောကြောင့် ငါ၏တာဝန်ကို ထမ်းဆောင်ခြင်းသည် စံမီသည့် သဘောဖြစ်သည်။ ငါ၏ အားထုတ်လိုက်စားမှုသည် ထိပ်ဆုံးသို့ ရောက်ရှိပြီးဖြစ်သည်။ ငါ ကြိုးပမ်းသင့်သည့်၊ ဝင်ရောက်သင့်သည့်အရာမရှိပေ။ ဤတာဝန်ကို ငါ ကောင်းစွာ ထမ်းဆောင်ပြီးဖြစ်သည်။ ငါသည် ဤအလုပ်ကို အနည်းနှင့်အများ ပြီးမြောက်ပြီးဖြစ်သည်။ ဘုရားသခင်သည် ကျေနပ်သင့်သည်။” ဟူ၍ ဖြစ်သည်။ ဤသို့ဖြင့် ၎င်းတို့သည် မိမိတို့ဘာသာ အားရကျေနပ်လာသည်။ ဤသည်မှာ ၎င်းတို့သည် သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်ပြီးဖြစ်သည်ဟု ညွှန်ပြသလော။ ၎င်းတို့သည် မည်သည့်တိုးတက်မှုမျှ ပြုလုပ်ခြင်းမရှိတော့ပေ။ ၎င်းတို့သည် သမ္မာတရား၊ သို့မဟုတ် အသက်ကို မရရှိသေးပေ။ သို့တိုင်အောင် ၎င်းတို့သည် မိမိတို့ကိုယ်ကို အလွန်အမင်း အရည်အချင်းပြည့်မီသည်ဟု ထင်မြင်ကြသည်။ ဝါရင့်သည့်ပုံစံဖြင့် ပြောဆိုကြသည်။ ဘုရားသခင်၏ ဆုလာဘ်ကို စောင့်မျှော်ကြသည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထားတစ်ခုကို ထုတ်ဖော်ပြခြင်း မဟုတ်လော။ လူတို့သည် “အလွန်အမင်း အရည်အချင်းပြည့်မီခြင်း” မရှိသောအခါ ၎င်းတို့သည် သတိထားရမည်ကို သိသည်။ အမှားများမပြုလုပ်ရန် မိမိတို့ကိုယ်ကို သတိပေးကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အလွန်အမင်း အရည်အချင်းပြည့်မီသည်ဟု ယုံကြည်သည်နှင့် မာနထောင်လွှားလာသည်။ မိမိတို့ကိုယ်ကို စတင်၍ အထင်ကြီးလာကြသည်။ မိမိတို့ဘာသာ အားရကျေနပ်တတ်ကြသည်။ ဤသို့သောအချိန်များတွင် ၎င်းတို့သည် ပေါလု ပြုလုပ်ခဲ့သကဲ့သို့ ဘုရားသခင်ထံမှ ဆုလာဘ်များနှင့် သရဖူကို တောင်းဆိုနိုင်ခြေမရှိသလော။ (ရှိပါသည်။) လူသားနှင့် ဘုရားသခင်ကြား ဆက်ဆံရေးမှာ အဘယ်သို့နည်း။ ဤသည်မှာ ဖန်ဆင်းရှင်နှင့် ဖန်ဆင်းခံများကြား ဆက်ဆံရေးမဟုတ်ပေ။ ဤသည်မှာ အပေးအယူဆက်ဆံရေးထက် မပိုပေ။ ဤသို့ဖြစ်သောအခါ လူတို့တွင် ဘုရားသခင်နှင့် ဆက်ဆံရေးမရှိပေ။ ဘုရားသခင်သည် ၎င်းတို့ထံမှ သူ၏ မျက်နှာကို ကွယ်ဝှက်နိုင်ခြေရှိသည်။ ဤသည်မှာ အန္တရာယ်ရှိသော လက္ခဏာဖြစ်သည်။
လူအချို့သည် ဘုရားသခင် ရွေးချယ်ထားသည့် လူတို့ကို မိမိတို့ဘာသာ ထိန်းချုပ်ရင်း လူတို့က မိမိတို့ တာဝန်ကို ထမ်းဆောင်သည့် ဝန်းကျင်ကို အန္တိခရစ်များ၏ အမှီအခိုကင်းသည့် နိုင်ငံတစ်ခုအဖြစ်သို့ ပြောင်းလဲလျက် ဘုရားသခင်ကို ဘေးဖယ်ထားကြ၏။ ဘုရားသခင်ကို အစေခံပြီး ကိုးကွယ်သည့် အသင်းတော်များအား ဘာသာရေး အဖွဲ့အစည်းများအဖြစ်သို့ ၎င်းတို့ ပြောင်းလဲလိုက်ကြသည်။ ဤလူများသည် သမ္မာတရားနှင့် အသက်ထဲသို့ ဝင်ရောက်ပြီးပြီလော။ ဤလူများသည် ဘုရားသခင်နောက်လိုက်ကာ အစေခံကြသလော၊ သို့မဟုတ် သက်သေခံကြသလော။ လုံးဝ မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်နေကြသလော။ (မထမ်းဆောင်ကြပါ။) သို့ဆိုလျှင် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်နေကြသနည်း။ ၎င်းတို့သည် လူ၏ လုပ်ငန်းများနှင့် စီမံကိန်းများအတွက် မပါဝင်ကြသလော။ လူ၏ လုပ်ငန်းများနှင့် စီမံကိန်းများတွင် သင်မည်မျှ ကောင်းစွာ ပါဝင်ပတ်သက်သည်ဖြစ်စေ ဘုရားသခင်သည် သင်၏ စိတ်နှလုံးတွင်မရှိပါက၊ ပြီးလျှင် သမ္မာတရားကို သင် မလိုက်စားပါက ယင်းမှာ သင်သည် ဘုရားသခင်နှင့် ဆက်နွှယ်မှုမရှိဟု ဆိုလိုသည် မဟုတ်လော။ ယင်းသည် ဆိုးရွားသည့် အရာတစ်ခု မဟုတ်လော။ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်ပြီး သူ့နောက်လိုက်သည့်အခါ အကြောက်ဆုံး ဖြစ်ရမည့်အရာမှာ လူတို့၏ လုပ်ငန်းများနှင့် စီမံကိန်းများတွင် ပါဝင်ပတ်သက်ရန် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားမှ သွေဖည်သွားခြင်း ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် မိမိကိုယ်ပိုင် လမ်းကြောင်းပေါ် လမ်းလွဲခြင်း ဖြစ်သည်။ ဥပမာ အသင်းတော်တစ်ပါးက ခေါင်းဆောင်တစ်ဦးကို ရွေးကောက်သည်ဆိုပါစို့။ ဤခေါင်းဆောင်သည် အယူဝါဒနှင့်ဆိုင်သည့် စကားများနှင့် အယူဝါဒများကို မည်သို့ ဟောပြောရမည်ဆိုသည်ကိုသာ သိရှိပြီး မိမိ၏ကိုယ်ပိုင် ဂုဏ်သိက္ခာနှင့် အဆင့်အတန်းအပေါ်တွင်သာ အာရုံစိုက်လေသည်။ မည်သည့် လက်တွေ့ကျသည့် အလုပ်ကိုမျှ မလုပ်ဆောင်ချေ။ သို့တိုင် အယူဝါဒနှင့်ဆိုင်သည့် စကားများနှင့် အယူဝါဒများကို ထိုသူက ကောင်းစွာ ဟောပြောနေကြသည်ကို သင်တို့ ကြားရသလို ယင်းတို့က သမ္မာတရားနှင့် ကိုက်ညီပြီး ထိုသူ ပြောသမျှက မှန်ကန်၏။ ထို့ကြောင့် သင်တို့သည် ထိုသူကို အလွန်တရာ လေးစားပြီး ခေါင်းဆောင်ကောင်းတစ်ဦးအဖြစ် ခံစားမိကြသည်။ သင်သည် အရာခပ်သိမ်းတွင် ထိုသူကို အရေးစိုက်ပြီး နောက်ဆုံးတွင် ထိုသူကို လုံးဝ နာခံရင်း ထိုသူနောက် သင်လိုက်လေသည်။ ထိုအခါ သင်သည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရသည် မဟုတ်လော။ ပြီးလျှင် ထိုအသင်းတော်သည် မိမိ၏ ဦးသျှောင်တွင် အယောင်ဆောင် ခေါင်းဆောင်တစ်ဦးရှိသည့် ဘာသာရေး အုပ်စုတစ်စု ဖြစ်လာပြီ မဟုတ်လော။ မိမိ၏ ဦးသျှောင်တွင် အယောင်ဆောင် ခေါင်းဆောင်တစ်ဦးရှိသည့် ဘာသာရေး အဖွဲ့ဝင်များသည် မိမိတို့၏တာဝန်များကို ထမ်းဆောင်နေကြပုံ ပေါ်ကောင်းပေါ်နိုင်သော်လည်း ၎င်းတို့သည် မိမိတို့တာဝန်များကို အမှန်တကယ် ထမ်းဆောင်နေကြသလော။ ဘုရားသခင်ကို အမှန်တကယ် အစေခံနေကြသလော။ (မခံကြပါ။) ထိုလူများသည် ဘုရားသခင်ကို အစေခံခြင်း မရှိပါက၊ သို့မဟုတ် မိမိတို့ တာဝန်များကို ထမ်းဆောင်နေခြင်း မရှိပါက ဘုရားသခင်နှင့် ဆက်နွှယ်မှုတစ်ခု ရှိကြသလော။ ဘုရားသခင်နှင့် ဆက်နွှယ်မှု မရှိသည့် လူတစ်စုသည် သူ့ကို ယုံကြည်သလော။ ငါ့ကို ပြောလော့။ အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၏ နောက်လိုက်များ၊ သို့မဟုတ် အန္တိခရစ်တစ်ဦး၏ ထိန်းချုပ်မှုအောက်တွင်ရှိသည့် လူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ရှိကြသလော။ သေချာပေါက် မရှိကြချေ။ ပြီးလျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ၎င်းတို့ မရှိကြသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သွေဖည်ကြပြီးဖြစ်ကာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း မရှိကြသော်လည်း သို့မဟုတ် မကိုးကွယ်ကြသော်လည်း၊ အယောင်ဆောင် သိုးထိန်းများနှင့် အန္တိခရစ်များကို အရေးစိုက်ကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့ကို ပစ်ပစ်ခါခါငြင်းပယ်ပြီး ၎င်းတို့ပေါ်တွင် နောက်ထပ် အမှုမပြုတော့ပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သွေဖည်သွားကြပြီးဖြစ်ကာ သူ၏ ပစ်ပစ်ခါခါငြင်းပယ်ခြင်း ခံရပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဆုံးရှုံးသွားကြပြီ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်း ခံရနိုင်ကြသလော။ (မခံရနိုင်ကြပါ။) ၎င်းတို့ ကယ်တင်မခံရနိုင်သကဲ့သို့ ယင်းမှာ ဒုက္ခရောက်သည့် သဘောဖြစ်သည်။ ထို့ကြောင့် အသင်းတော်တွင် လူဦးရေးမည်မျှသည် မိမိတို့တာဝန်များကို ထမ်းဆောင်နေကြသည်ဖြစ်စေ၊ ၎င်းတို့ ကယ်တင်ခံရနိုင်ခြင်း ရှိမရှိဆိုသည်မှာ ၎င်းတို့အနေဖြင့် ခရစ်တော်နောက်သို့ အမှန်တကယ် လိုက်ခြင်းရှိမရှိ၊ သို့မဟုတ် လူတစ်ဦးနောက် အမှန်တကယ် လိုက်ကြခြင်းရှိမရှိ၊ ဘုရားသခင်၏ အမှုတော်ကို ၎င်းတို့ အမှန်တကယ် တွေ့ကြုံပြီး သမ္မာတရားကို လိုက်စားခြင်းရှိမရှိ၊ သို့မဟုတ် ဘာသာရေး လှုပ်ရှားမှုများ၊ လူသား လုပ်ငန်းများနှင့် စီမံကိန်းများတွင် ပါဝင်ပတ်သက်ခြင်း ရှိမရှိဆိုသည်တို့အပေါ် အရေးတကြီး မူတည်ပေသည်။ ယင်းသည် သမ္မာတရားကို ၎င်းတို့ လက်ခံကာ လိုက်စားနိုင်ခြင်း ရှိမရှိဆိုသည်နှင့် ပြဿနာများကို ၎င်းတို့ ရှာဖွေတွေ့ရှိသည့်အခါ ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်ခြင်း ရှိမရှိဆိုသည်တို့အပေါ် အရေးတကြီး မူတည်ပေသည်။ အရေးအပါဆုံးသော အရာများမှာ ဤအရာများဖြစ်၏။ လူတို့သည် အမှန်တကယ်တွင် မည်သည့်အရာကို လိုက်စားပြီး မည်သည့်လမ်းကို လျှောက်သည်၊ သမ္မာတရားကို အမှန်တကယ် လက်ခံသည်၊ သို့မဟုတ် စွန့်ပစ်သည်၊ ဘုရားသခင်ကို နာခံသည်၊ သို့မဟုတ် အတိုက်အခံပြုသည်၊ ဤအရာအားလုံးတို့ကို ဘုရားသခင်က စဉ်ဆက်မပြတ် စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးလျက်ရှိသည်။ အသင်းတော်တိုင်းနှင့် လူတစ်ဦးစီတိုင်းကို ဘုရားသခင် စောင့်ကြည့်လေ့လာသည်။ အသင်းတော်တွင် လူမည်မျှ တာဝန် ထမ်းဆောင်နေပါစေ၊ ဘုရားသခင်နောက်ကို လိုက်နေပါစေ၊ ဘုရားသခင်၏နှုတ်ကပတ်တော်များမှ ၎င်းတို့ သွေဖည်သည်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်ကို ၎င်းတို့ဆုံးရှုံးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ဘုရားသခင်၏အမှုတော်ကို မတွေ့ကြုံတော့ပေ။ ထိုသို့ဖြင့် ၎င်းတို့နှင့် ၎င်းတို့ ထမ်းဆောင်နေသည့် တာဝန်သည် ဘုရားသခင်၏အမှုတော်နှင့် ဆက်နွှယ်မှုမရှိတော့သကဲ့သို့၊ ဘုရားသခင်၏အမှုတော်၌ ပါဝင်ပတ်သက်ခြင်း မရှိတော့ချေ။ ထိုအခြေအနေတွင် ဤအသင်းတော်သည် ဘာသာရေးအုပ်စုတစ်စု ဖြစ်လာပြီးဖြစ်သည်။ ငါ့အား ပြောလော့။ အသင်းတော်တစ်ခုသည် ဘာသာရေးအုပ်စုတစ်စု ဖြစ်လာသည်နှင့် အကျိုးဆက်များက မည်သို့ရှိသနည်း။ ဤလူများသည် ကြီးမားသော အန္တရာယ်ရှိနေသည်ဟု သင်တို့ ဆိုမည် မဟုတ်လော။ ၎င်းတို့သည် ပြဿနာများဖြင့် ရင်ဆိုင်ရသည့်အခါ၊ မည်သည့်အခါမျှ သမ္မာတရားကို မရှာဖွေသကဲ့သို့၊ သမ္မာတရားစည်းမျဉ်းများနှင့်အညီ မပြုမူကြဘဲ၊ လူသားများ၏ စီစဉ်မှုများနှင့် ကြိုးကိုင်ညွှန်ကြားမှုများကို ခံကြရသည်။ မိမိတို့၏တာဝန်ကို ထမ်းဆောင်နေစဉ်တွင်၊ မည်သည့်အခါမျှ ဆုမတောင်းသကဲ့သို့ သမ္မာတရား စည်းမျဉ်းများကို မရှာဖွေကြသည့်သူများစွာပင် ရှိသည်။ ၎င်းတို့သည် အခြားသူများကိုသာ မေးမြန်းပြီး အခြားသူများ အရိပ်ပြသည့်အပေါ် လိုက်ပြုမူလျက် အခြားသူများ ပြောသည့်အတိုင်း လုပ်ဆောင်ကြသည်။ အခြားလူများက ၎င်းတို့အား မည်သည့်အရာကိုခိုင်းပါစေ၊ ယင်းမှာ ၎င်းတို့ လုပ်ဆောင်သည့်အရာဖြစ်သည်။ ၎င်းတို့၏ ပြဿနာများနှင့်ပတ်သက်၍ ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် သမ္မာတရားကို ရှာဖွေခြင်းတို့သည် မရေမရာသကဲ့သို့၊ ခက်ခဲသည်ဟု ၎င်းတို့ ခံစားကြရသည်။ ထို့ကြောင့် ၎င်းတို့သည် ရိုးရှင်း လွယ်ကူသော ဖြေရှင်းချက်တစ်ခုကို ရှာကြသည်။ အခြားသူများအပေါ် မှီခိုခြင်းနှင့် အခြားသူများ ပြောသည့်အရာကို လုပ်ဆောင်ခြင်းတို့သည် လွယ်ကူပြီး လက်တွေ့အကျဆုံး ဖြစ်သည်ဟု တွက်ဆသောကြောင့် အခြားသူများကို မေးမြန်းပြီး အရာရာတွင် ၎င်းတို့ပြောသည့်အတိုင်း လုပ်ဆောင်ရင်း အခြားသူများခိုင်းသည့်အရာကိုသာ တကယ်ကို လုပ်ဆောင်ကြလေသည်။ အကျိုးဆက်အနေဖြင့် နှစ်များစွာ ယုံကြည်ပြီးသည့်နောက်တွင်ပင် ပြဿနာတစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် ဘုရားသခင်၏ လိုအင်ဆန္ဒများနှင့် သမ္မာတရားကို ဆုတောင်းပြီး ရှာဖွေကာ ထို့နောက်တွင် သမ္မာတရားအား နားလည်ခြင်းကို စွမ်းဆောင်ရရှိပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ပြုမူကျင့်ကြံလျက် ဘုရားသခင်၏ရှေ့မှောက်သို့ ရောက်လာကြခြင်းမျိုး တစ်ခါမျှပင် မရှိဖူးပေ။ ၎င်းတို့၌ ထိုကဲ့သို့သော အတွေ့အကြုံတစ်ခု မည်သည့်အခါမျှ မရှိဖူးပေ။ ထိုသို့သော လူများသည် ဘုရားသခင်အား ယုံကြည်မှုကို အမှန်တကယ် လက်တွေ့လုပ်ဆောင်ကြသလော။ ငါတွေးမိသည်။ ဘာသာရေး အဖွဲ့တစ်ဖွဲ့ထဲသို့ ဝင်ရောက်ပြီးသည်နှင့် လူအချို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းမှသည် လူတစ်ဦးကို ယုံကြည်ခြင်းသို့လည်းကောင်း၊ ဘုရားသခင်နောက်သို့ လိုက်ခြင်းမှသည် လူတစ်ဦးနောက်လိုက်ခြင်းသို့လည်းကောင်း ဖြစ်လွယ်တတ်ကြသည်မှာ အဘယ်ကြောင့်နည်း။ ၎င်းတို့သည် အလွန်လျင်မြန်စွာ အဘယ်ကြောင့် ပြောင်းလဲကြသနည်း။ ဘုရားသခင်ကို နှစ်များစွာကြာ ယုံကြည်ပြီးနောက်တွင် အဘယ်ကြောင့် ၎င်းတို့က လူတစ်ဦးကို အရာခပ်သိမ်း၌ အရေးစိုက်ကာ နောက်မှလိုက်ကြသေးသနည်း။ ယုံကြည်မှု နှစ်ကာလအလွန်များသည့်တိုင် ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်အတွက် နေရာတစ်ခု အမှန်တကယ် မရှိဖူးလေပြီ။ ၎င်းတို့ လုပ်ဆောင်သမျှထဲမှ မည်သည့်အရာမျှသည် ဘုရားသခင်နှင့် မည်သို့မျှ မပတ်သက်ဖူးသကဲ့သို့ သူ၏ နှုတ်ကပတ်တော်များနှင့်လည်း မပတ်သက်ချေ။ ၎င်းတို့၏ စကား၊ လုပ်ရပ်များ၊ ဘဝ၊ အခြားသူများကို ပြောဆိုဆက်ဆံခြင်း၊ ကိစ္စများကို ကိုင်တွယ်ခြင်းအပြင် မိမိတို့တာဝန်ကို ထမ်းဆောင်မှုနှင့် ဘုရားသခင်ကို အစေခံခြင်း၊ ပြီးလျှင် ၎င်းတို့၏ လုပ်ရပ်များနှင့် လုပ်ဆောင်ချက်များအားလုံး၊ ၎င်းတို့၏ အပြုအမူများအားလုံး၊ ၎င်းတို့ထံမှ ပွင့်အံထွက်လာသည့် အတွေးနှင့် စိတ်ကူတစ်ခုစီတိုင်းပင်လျှင် ယင်းတို့ထဲမှ တစ်ခုမျှသည် ဘုရားသခင်ကို ယုံကြည်မှု၊ သို့မဟုတ် သူ၏ နှုတ်ကပတ်တော်များနှင့် မည်သို့မျှ ပတ်သက်ခြင်းမရှိချေ။ ထိုသို့သော လူတစ်ဦးသည် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်သူတစ်ဦး ဖြစ်သလော။ ဘုရားသခင်ကို ယုံကြည်ခဲ့သည့် နှစ်ကာလ အရေအတွက်သည် ထိုလူ၏ ဝိညာဉ်ရင့်ကျက်မှုကို အဆုံးအဖြတ်ပေးနိုင်သလော။ ထိုအရာက ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေး ပုံမှန်ဟုတ်မဟုတ်ဆိုသည်ကို သက်သေပြနိုင်သလော။ လုံးဝ သက်သေမပြနိုင်။ လူတစ်ဦးက ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်ခြင်း ရှိမရှိဆိုသည်ကို သိမြင်ခြင်းအတွက် အရေးပါသည့်အရာမှာ ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ စိတ်နှလုံးများထဲတွင် လက်ခံနိုင်ခြင်း ရှိမရှိနှင့် သူ၏ နှုတ်ကပတ်တာ်များအလယ် ၎င်းတို့ အသက်ရှင်ကာ သူ၏ အမှုတော်ကို တွေ့ကြုံနိုင်ခြင်း ရှိမရှိဆိုသည်တို့ကို ကြည့်ခြင်း ဖြစ်သည်။
ဤအရာကို တွေးဆလော့။ ဘုရားသခင်ကို သင်ယုံကြည်ရာတွင် သင်သည် မိမိကိုယ်ကို ဘာသာရေး ထုံးတမ်းဓလေ့များတွင်သာ ပါဝင်ပတ်သက်စေပြီး စည်းမျဉ်းစည်းကမ်းအချို့ကိုသာ ထိန်းသိမ်းပါက၊ သမ္မာတရား စည်းမျဉ်းများအပေါ် အာရုံစိုက်ခြင်းမရှိဘဲ သင်၏တာဝန်ကို ထမ်းဆောင်ကာ ပြုမူဆောင်ရွက်သည့်အခါတွင် ဟန်ဆောင်လုပ်ပြရုံလုပ်ပြနေပါက၊ သမ္မာတရားနှင့် ပတ်သက်၍ မိတ်သဟာယပြုသည့်အခါတွင် စကားများနှင့် အယူဝါဒများအကြောင်းကိုသာ သင် ပြောဆိုသော်လည်း လက်တွေ့ကျသည့် အသိပညာမရှိပါက၊ ဧဝံဂေလိကို သင်ဖြန့်ဝေကာ သက်သေခံသည့်အခါတွင် သင်၏ မိတ်သဟာယ စကားများသည် အပေါ်ယံဆန်ပါက၊ လူတို့ကို ထောက်ပံ့ကာ အားပေးရန် ဝိညာဉ်ရေးရာ စကားများနှင့် အယူဝါဒများကိုသာ ပြောဆိုပါက ရလဒ်များကို သင် ရရှိနိုင်သလော။ သင်သည် ဘုရားသခင်ကို ယုံကြည်ရာတွင် အပြင်ပန်း ဝိညာဉ်ရေးပြည့်ဝမှုကိုသာ လိုက်စားပါက သင်၏ယုံကြည်မှုကဲ့သို့သော ထိုသို့သော ယုံကြည်မှုသည် ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့် အတွေ့အကြုံတစ်ခု ဖြစ်သလော။ သင်၏ တာဝန်ကို ဤသို့ ထမ်းဆောင်သည်နှင့်အမျှ သမ္မာတရားကို သင် ရရှိနိုင်သလော။ ဤသည်မှာ ဘုရားသခင်ကို စစ်မှန်သည့် ယုံကြည်မှု ဖြစ်သလော။ (မဟုတ်ပါ။) ဘုရားသခင်ကို စစ်မှန်သည့် ယုံကြည်မှုသည် အမှန်တကယ် မည်သည့်အရာ ဖြစ်သနည်း။ သင်သည် ဘုရားသခင်နောက် နှစ်များစွာကြာ လိုက်ပြီးဖြစ်နိုင်သည်၊ သူ၏ နှုတ်ကပတ်တော်များစွာကို ဖတ်ပြီးဖြစ်နိုင်သည်၊ ဒေသနာအနည်းငယ်ထက် ပို၍ နားထောင်ပြီးဖြစ်ကာ အယူဝါဒများစွာကို နားလည်နေနိုင်ပြီး သင်တို့ထဲမှ အချို့သည် သမ္မာတရား စစ်မှန်မှုထဲသို့ တစ်ဝက်တစ်ပျက် ဝင်ရောက်ပြီးဖြစ်သည်မှာ မှန်ပေ၏။ သို့သော် ကယ်တင်ခြင်းနှင့်သက်ဆိုင်သည့် ဝိညာဉ်ရင့်ကျက်မှု ရရှိနှင့်ပြီးသားဖြစ်သည်ဟု သင်တို့ ဆိုဝံ့မည်လော။ စာတန်၏ အထင်အမြင်မှားစေခြင်းနှင့် ဖမ်းဆီးခြင်း တစ်ဖန် ခံရလိမ့်မည် မဟုတ်ဟု သင်သေချာနိုင်သလော။ သင်သည် လူကို တစ်ဖန် ကိုးကွယ်ကာ နောက်လိုက်လိမ့်မည် မဟုတ်ဟု သေချာနိုင်သလော။ လမ်းဆုံးထိ သင် ဘုရားသခင်နောက်လိုက်လိမ့်မည်၊ လုံးဝ လာလမ်းတိုင်း ပြန်လိမ့်မည်မဟုတ်၊ လက်တွေ့ကျသည့် ဘုရားသခင်နောက် လိုက်ခြင်းထက် ဘာသာရေးသမားများ လုပ်ဆောင်သကဲ့သို့ ကောင်းကင်ဘုံရှိ၊ မရေရာသည့် ဘုရားသခင်တစ်ပါးကို ယုံကြည်ရုံမျှ ယုံကြည်မည်မဟုတ်ဟု သင် သေချာစေနိုင်သလော။ သင်တို့သည် လူ့ဇာတိခံ ဘုရားသခင်နောက် လိုက်ကောင်း လိုက်နေနိုင်သော်လည်း သမ္မာတရားကို လိုက်စားနေသလော။ ဘုရားသခင်ကို စစ်မှန်သည့် ကျိုးနွံနာခံမှုနှင့် သူ့ကို သိသည့် သိမြင်မှုတို့ကို သင် ရရှိနိုင်စွမ်းရှိသလော။ သင်တို့သည် ဘုရားသခင်ကို သစ္စာဖောက်မည့် အန္တရာယ်တွင် ရှိနေဆဲဖြစ်သည် မဟုတ်လော။ ဤအရာအားလုံးကို သင် တွေးဆသင့်သည်။ ယနေ့တွင် သင်၏ ယုံကြည်မှု နည်းလမ်းများ၊ အမြင်များနှင့် အခြေအနေများထဲမှ မည်သည့်အရာသည် ခရစ်ယာန်ဘာသာထဲရှိ ယုံကြည်သူများ၏ ယုံကြည်မှုနည်းလမ်းများ၊ အမြင်များ၊ အခြေအနေများနှင့် ဆင်တူသနည်း သို့မဟုတ် ပုံပန်းဆင်သနည်း။ မည်သည့်အရာတွင် သင်တို့သည် တူညီသည့် အခြေအနေရှိကြသနည်း။ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးသည် သမ္မာတရားအား ပြဋ္ဌာန်းထားသော စည်းမျဉ်းစည်းကမ်းများဖြစ်သည့်အလား လိုက်နာစောင့်ထိန်းပါက ၎င်းတို့၏ ယုံကြည်မှုသည် ဘာသာရေး ဓလေ့ထုံးတမ်းတွင် ပတ်သက်မှုတစ်ခု ဖြစ်လာဖွယ်ရှိသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘာသာရေး ထုံးတမ်းဓလေ့များကို လိုက်နာခြင်းသည် တကယ်ကို ခရစ်ယာန်ဘာသာနှင့် မခြားပေ။ ထိုသို့ လုပ်ဆောင်သူများသည် သင်ကြားခြင်းနှင့် သဘောတရားအရ ပို၍ အဆင့်မြင့်ကာ တိုးတက်ရုံမျှသာရှိပြီး ၎င်းတို့၏ ယုံကြည်ခြင်းတွင် အနည်းငယ်ပို၍ မြင့်မားကာ ခရီးရောက်ကြရုံသာ ရှိ၏။ ထိုမျှသာဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်မှုသည် ဘာသာရေးယုံကြည်မှုအဖြစ်သို့၊ ဓမ္မပညာ လေ့လာမှုတစ်ခုအဖြစ်သို့၊ ပြဋ္ဌာန်းထားသော စည်းမျဉ်းစည်းကမ်းများ၊ သို့မဟုတ် ထုံးတမ်းဓလေ့များအဖြစ်သို့ ပြောင်းလဲပါက ယင်းသည် ခရစ်ယာန်ဘာသာအဖြစ်သို့ ပြောင်းလဲသွားလေပြီ မဟုတ်လော။ သွန်သင်ချက်အသစ်များနှင့် သွန်သင်ချက်အဟောင်းများကြား ခြားနားမှုတစ်ခု ရှိသော်လည်း သင် လုပ်ဆောင်သမျှသည် သမ္မာတရားကို အယူဝါဒအဖြစ် သိနားလည်ခြင်းဖြစ်ကာ သင်သည် ဘုရားသခင်၏ အမှုတော်ကို မည်သို့ တွေ့ကြုံရမည်ကို မဆိုထားနှင့်၊ သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မသိပါက၊ ပြီးလျှင် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှကြာ သင်ယုံကြည်သည်ဖြစ်စေ၊ အခက်အခဲမည်မျှ သင်ကြုံရသည်ဖြစ်စေ၊ အပြုအမူကောင်းမည်မျှ သင် ရှိသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေကာမူ သင် ရှိသည့်အရာသည် သမ္မာတရားအပေါ် စစ်မှန်သည့် သိနားလည်မှု မဟုတ်သကဲ့သို့ သမ္မာတရားကို သင် မရရှိသေးပါက၊ သို့မဟုတ် ထိုသမ္မာတရား စစ်မှန်မှုထဲသို့ မဝင်ရောက်သေးပါက သင်၏ ယုံကြည်မှုပုံစံသည် ခရစ်ယာန်ဘာသာ၏ ယုံကြည်မှုပုံစံ ဖြစ်သည် မဟုတ်လော။ ယင်းသည် ခရစ်ယာန်ဘာသာ၏ အနှစ်သာရဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် သင်၏ လုပ်ရပ်များတွင်၊ သို့မဟုတ် သင်၏ တာဝန်ကို ထမ်းဆောင်မှုတွင် ခရစ်ယာန်ဘာသာရှိ လူများ၏ အမြင်များ၊ သို့မဟုတ် အခြေအနေများနှင့် ဆင်တူသည့်၊ သို့မဟုတ် တူညီသည့် မည်သည့် အမြင်များ၊ သို့မဟုတ် အခြေအနေများ သင်တို့၌ ရှိကြသနည်း။ (ကျွန်ုပ်တို့သည် စည်းမျဉ်းစည်းကမ်းများကို လိုက်နာစောင့်ထိန်းပြီး မိမိတို့ကိုယ်ကို စကားများနှင့် အယူဝါဒများဖြင့် ပြင်ဆင်ကြပါသည်။) စည်းမျဉ်းစည်းကမ်းများကို လိုက်နာစောင့်ထိန်းခြင်း၊ စကားများနှင့် အယူဝါဒများကို ဟောပြောခြင်း၊ သမ္မာတရားကို စကားများနှင့် အယူဝါဒများအဖြစ် ယူမှတ်ခြင်းတို့အပြင် အခြားမည်သည့်အရာ ရှိသေးသနည်း။ (ကျွန်ုပ်တို့သည် အသက်ဝင်ရောက်ခြင်းအပေါ် မဟုတ်ဘဲ အလုပ်လုပ်ခြင်းအပေါ် အာရုံစိုက်ကြပါသည်။) သင်တို့သည် အသက်ရရှိခြင်း၊ သို့မဟုတ် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းကို မဟုတ်ဘဲ အားထုတ်ကြိုးပမ်းခြင်းအပေါ်သာ အာရုံစိုက်ကြသည်။ အခြား မည်သည့်အရာ ရှိသေးသနည်း။ (ကျွန်ုပ်တို့သည် ဝိညာဉ်ရေးရာ ပြည့်ဝမှု သွင်ပြင်နှင့် အပြုအမူကောင်းအပေါ် အာရုံစိုက်ကြသည်။) သင်တို့သည် ယခု အနည်းငယ် ပြောကြလေပြီ။ ထို့ကြောင့် ငါ အကျဉ်းချုပ်မည်။ အပြုအမူကောင်းသည့် သွင်ပြင်ကို လိုက်စားခြင်းနှင့် မိမိကိုယ်ကို အပေါ်ယံ ဟန်ဆောင်ထားသည့် ဝိညာဉ်ရေးရာပြည့်ဝမှုဖြင့် မိမိကိုယ်ကို လွှမ်းခြုံရန် လွန်စွာ ကြိုးစားခြင်း၊ ပြီးလျှင် လူတို့က မိမိတို့၏ အယူအဆများနှင့် စိတ်ကူးများတွင် မှန်ကန်သောအရာအဖြစ် စွဲကိုင်သည့် အရာများ၊ လူတို့ ထောက်ခံချက်ပေးတတ်သည့် အရာများကို လုပ်ဆောင်ခြင်းတို့သည် အတုအယောင် ဝိညာဉ်ရေးပြည့်ဝမှုကို လိုက်စားခြင်းတစ်ခု ဖြစ်သည်။ ထိုသို့သော လူတစ်ဦးသည် စကားများနှင့် အယူဝါဒများကို ဟောပြောရန် မိမိတို့၏ တရားဟောစင်ပေါ် ရပ်သည့်၊ ကောင်းမှုများပြုနှင့် လူကောင်းများဖြစ်ရန် အခြားသူများကို သွန်သင်သည့်၊ ဝိညာဉ်ရေးရာ လူတစ်ဦးကဲ့သို့ ဟန်ဆောင်သည့် ကြောင်သူတော်တစ်ဦး ဖြစ်သည်။ သို့တိုင် အခြားသူများကို ၎င်းတို့၏ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ကိစ္စများကို ကိုင်တွယ်ခြင်း၊ ပြီးလျှင် မိမိတို့တာဝန်ကို ထမ်းဆောင်ခြင်းတွင် သမ္မာတရားကို ၎င်းတို့ လုံးဝ မရှာဖွေကြဘဲ ဆိုးယုတ်သော စိတ်သဘောထားများဖြင့် အသက်ရှင်ကြ၏။ ၎င်းတို့အပေါ် မည်သည့်အရာ ကျရောက်သည်ဖြစ်စေ၊ ဘုရားသခင်ကို ဘေးဖယ်ထားလျက် မိမိတို့ကိုယ်ပိုင် အလိုဆန္ဒဖြင့် လုပ်ဆောင်ကြ၏။ သမ္မာတရား စည်းမျဉ်းများအတိုင်း မည်သည့်အခါတွင်မျှ ၎င်းတို့ မပြုမူကြပေ။ စည်းမျဉ်းစည်းကမ်းများကို လိုက်နာစောင့်ထိန်းရုံမျှ စောင့်ထိန်းကြသည်။ သမ္မာတရားကို ၎င်းတို့ လုံးဝ နားမလည်ကြသကဲ့သို့ ဘုရားသခင်၏ ရည်ရွယ်ချက်များ သို့မဟုတ် လူအတွက် သူ၏ သတ်မှတ်ချက်များနှင့် သက်ဆိုင်သည့် စံနှုန်းများ၊ သို့မဟုတ် လူကို ကယ်တင်ခြင်းအားဖြင့် သူ စွမ်းဆောင်ရရှိမည့်အရာကိုလည်း နားမလည်ကြချေ။ သမ္မာတရား၏ ဤအသေးစိတ် အချက်အလက်များကို ၎င်းတို့ မည်သည့်အခါတွင်မျှ လေးနက်စွာ မစစ်ဆေးကြ၊ သို့မဟုတ် ထိုအရာများအကြောင်း မမေးမြန်းကြချေ။ လူ၏ ဤဆိုရိုးများနှင့် အပြုအမူများက ထုတ်ဖော်ပြသမျှမှာ ကြောင်သူတော်ဖြစ်ခြင်း ကိစ္စ ဖြစ်သည်။ ထိုသို့သော လူများ၏ စိတ်နှလုံးများထဲရှိ စစ်မှန်သော အခြေအနေများကို ၎င်းတို့၏ အပြင်ပန်း အပြုအမူနှင့်အတူ ကြည့်ပြီးနောက်တွင် ၎င်းတို့အနေဖြင့် သမ္မာတရား စစ်မှန်မှုတစ်ခုမျှ မရှိကြကြောင်း၊ အမှန်တွင် ၎င်းတို့က ကြောင်သူတော် ဖာရိရှဲများဖြစ်ကြောင်း၊ ဘာသာတရားမရှိသူများ ဖြစ်ကြောင်း သေချာနိုင်ပေသည်။ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို မလိုက်စားပါက ၎င်း၏ ယုံကြည်မှုသည် စစ်မှန်ပါ၏လော။ (မစစ်မှန်ပါ။) နှစ်ပေါင်း မည်ရွေ့မည်မျှကြာ ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို လုံးဝ လက်မခံသည့် သူတစ်ဦးသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်လာနိုင်သလော။ (မရှောင်ကြဉ်နိုင်ပါ။) ယင်းကို ၎င်းတို့ မစွမ်းဆောင်နိုင်ကြပေ။ သို့ဆိုလျှင် ယင်းကဲ့သို့သောလူများ၏ အပြုအမူနှင့် သက်ဆိုင်သည့် သဘောသဘာဝမှာ အဘယ်နည်း။ မည်သည့်လမ်းကြောင်းမျိုးကို ၎င်းတို့ လျှောက်နိုင်သနည်း။ (ဖာရိရှဲတို့၏ လမ်းကြောင်း ဖြစ်ပါသည်။) ၎င်းတို့သည် မိမိတို့ကိုယ်ကို မည်သည့်အရာများဖြင့် ပြင်ဆင်ပြီး ၎င်းတို့၏ နေ့ရက်များကို ကုန်လွန်စေကြသနည်း။ စကားများနှင့် အယူဝါဒများဖြင့် မဟုတ်လော။ ၎င်းတို့သည် ၎င်းတို့ကိုယ်ကို ဖာရိရှဲများ၊ သာ၍ ဝိညာဉ်ရေးရာပြည့်ဝပြီး ဘုရားသခင်ကို အစေခံသည့်လူများနှင့် ပို၍တူစေရန်၊ စကားများနှင့် အယူဝါဒများဖြင့် ၎င်းတို့ကိုယ်ကို ပြင်ဆင်ခြင်း၊ ဝတ်ဆင်ခြင်းဖြင့် ၎င်းတို့၏နေ့ရက်များကို ကုန်လွန်စေကြသည်မဟုတ်လော။ ဤလုပ်ဆောင်ချက်များအားလုံး၏ သဘာဝမှာ မည်သည့်အရာသာဖြစ်သနည်း။ ဘုရားသခင်ကို ကိုးကွယ်ခြင်းလော။ ကိုယ်တော်၌ စစ်မှန်သော ယုံကြည်ခြင်းလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်နေကြပါသနည်း။ ၎င်းတို့သည် ဘုရားသခင်ကို လှည့်ဖြားနေကြခြင်း ဖြစ်သည်၊ ၎င်းတို့သည် ဖြစ်စဉ်တစ်ခု၏ အဆင့်များကို ဖြတ်သန်းနေခြင်း ဖြစ်သည်။ ၎င်းတို့သည် ယုံကြည်ခြင်းအလံကို လှုပ်ယမ်းကြပြီး ဘာသာရေးထုံးတမ်းများကို လုပ်ဆောင်ခြင်း၊ ကောင်းချီးမင်္ဂလာခံစားရစေရန် ရည်မှန်းချက် ပြည့်မီရေးအတွက် ဘုရားသခင်ကို လိမ်လည်လှည့်ဖြားရန် ကြိုးပမ်းခြင်းတို့ကို ပြုကြသည်။ ဤလူများသည် ဘုရားသခင်ကို ကိုးကွယ်ခြင်း လုံးဝမပြုကြပေ။ အဆုံးတွင် ယင်းကဲ့သို့ လူတစ်စုသည် ဘုရားဝတ်ပြုဆောင်များအတွင်း ဘုရားသခင်ကို အစေခံသည်ဟု ယူဆရပြီး ဘုရားသခင်ကို ယုံကြည်ပြီး နောက်လိုက်ကြသောသူများကဲ့သို့ပင် အဆုံးသတ်လိမ့်မည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။