လူသားမျိုးနွယ် တစ်ရပ်လုံးသည် မျက်မှောက်ခေတ်ထိ မည်သို့ ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်သည်ကို သင်သိသင့်သည် (အပိုင်း နှစ်)

ပထမဦးစွာ ဘုရားသခင်သည် အာဒံနှင့် ဧဝကို ဖန်ဆင်းခဲ့ပြီး မြွေကိုလည်း ဖန်ဆင်းခဲ့သည်။ အရာခပ်သိမ်းထဲတွင် ဤမြွေသည် အဆိပ်အပြင်းဆုံး ဖြစ်ခဲ့သည်။ သူ၏ကိုယ်ခန္ဓာသည် အဆိပ်ပါရှိ၏၊ ယင်းကို စာတန်သည် ကောင်းကောင်း အသုံးချခဲ့သည်။ ဧဝကို အပြစ်သို့ စုံစမ်းသွေးဆောင်ခဲ့သည်မှာ မြွေဖြစ်သည်။ ဧဝက အပြစ်ပြုခဲ့ပြီးနောက် အာဒံသည် အပြစ်လုပ်ခဲ့ပြီး၊ ထို့နောက် ၎င်းတို့နှစ်ဦးသည် အကောင်းနှင့် အဆိုးကို ခွဲခြားနိုင်ခဲ့ကြသည်။ မြွေက ဧဝကို သွေးဆောင်မည်ဖြစ်ပြီး ဧဝက အာဒံကို သွေးဆောင်လိမ့်မည်ဟု ယေဟောဝါက သိခဲ့ပါက၊ သူသည် ၎င်းတို့အားလုံးကို ဥယျာဉ်တစ်ခုထဲမှာ အဘယ်ကြောင့် ထားခဲ့သနည်း။ သူသည် ဤအရာများကို ကြိုတင်သိမြင်နိုင်ခဲ့ပြီးဖြစ်ပါက၊ မြွေကို အဘယ်ကြောင့် ဖန်ဆင်းပြီး ဧဒင်ဥယျာဉ်အတွင်းတွင် ထားခဲ့သနည်း။ ဧဒင်ဥယျာဉ်သည် အဘယ်ကြောင့် ကောင်းမကောင်း သိကျွမ်းရာ အပင်၏ အသီး ပါရှိခဲ့ပါသနည်း။ အသီးကို စားစေဖို့ ၎င်းတို့အတွက် သူ ရည်ရွယ်ခဲ့ပြီးဖြစ်သလော။ ယေဟောဝါ ရောက်လာသည့်အခါတွင်၊ အာဒံဖြစ်စေ ဧဝဖြစ်စေ သူ့ကို ရင်မဆိုင်ဝံ့ခဲ့ပေ၊ ထိုအခါတွင်မှ ၎င်းတို့သည် ကောင်းမကောင်း သိကျွမ်းရာ အပင်၏ အသီးကို စားခဲ့ကြပြီးဖြစ်ကာ မြွေ၏လှည့်စားမှု၌ သားကောင် ဖြစ်သွားကြပြီး ဖြစ်သည်ကို ယေဟောဝါ သိခဲ့သည်။ အဆုံးတွင် ဘုရားသခင်သည် မြွေကိုကျိန်ဆဲခဲ့ပြီး၊ အာဒံနှင့် ဧဝကိုလည်း ကျိန်ဆဲခဲ့သည်။ ၎င်းတို့နှစ်ဦးက သစ်ပင်၏အသီးကို စားခဲ့သည့်အချိန်တွင်၊ ၎င်းတို့ ယင်းကို လုပ်ဆောင်နေခဲ့ကြသည်ကို ယေဟောဝါ သတိမပြုမိခဲ့ချေ။ လူသားမျိုးနွယ်သည် ဆိုးယုတ်ကာ ကာမဂုဏ်အာရုံ ဖောက်ပြားသည်အထိ၊ ဖောက်ပြန်ပျက်စီးလာခဲ့ကြသည်မှာ ၎င်းတို့နှလုံးသားများထဲတွင် သိုထားခဲ့ကြသည့် အရာရာတိုင်းက ဆိုးယုတ်ပြီး မဖြောင့်မတ်သည်အထိပင် ဖြစ်သွားခဲ့ကြသည်။ ယင်းမှာ ညစ်ညမ်းမှုချည်းသာ ဖြစ်သည်။ ထို့ကြောင့် ယေဟောဝါသည် လူသားမျိုးနွယ်အား ဖန်ဆင်းခြင်းကို နောင်တရခဲ့သည်။ ထို့နောက်တွင်၊ သူသည် နောဧနှင့် သူ၏ သားများ အသက်ရှင်ကျန်ခဲ့ကြသည့်၊ ကမ္ဘာလောကကို ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးခြင်းနှင့်ဆိုင်သည့် သူ၏ အမှုကို ဆောင်ရွက်ခဲ့သည်။ အချို့အရာများသည် လူများ စိတ်ကူးကြသလောက် အမှန်တကယ် အဆင့်မြင့်ပြီး သဘာဝလွန် မဖြစ်ပေ။ အချို့က “ကောင်းကင်တမန်မင်းက သူ့ကို သစ္စာဖောက်မည်ကို သိရက်နှင့်များ ဘုရားသခင်သည် အဘယ်ကြောင့် ၎င်းအား ဖန်ဆင်းခဲ့သနည်း။” ဟုမေးကြသည်။ ဤအရာများသည် အမှန်တရားများ ဖြစ်သည်- ကမ္ဘာမြေကြီး မတည်ရှိမီတွင်၊ ကောင်းကင်တမန်မင်းသည် ကောင်းကင်ဘုံ၏ ကောင်းကင်တမန်များထဲမှ အကြီးမြတ်ဆုံး ဖြစ်ခဲ့သည်။ ၎င်းသည် ကောင်းကင်ဘုံရှိ ကောင်းကင်တမန် အားလုံးအပေါ် တရားစီရင်ပိုင်ခွင့် ရှိခဲ့သည်။ ဤအရာသည် ၎င်းကို ဘုရားသခင် ပေးခဲ့ပြီးဖြစ်သည့် ဩဇာအာဏာ ဖြစ်သည်။ ဘုရားသခင်မှလွဲ၍၊ ၎င်းသည် ကောင်းကင်ဘုံ၏ ကောင်းကင်တမန်များထဲမှ အကြီးမြတ်ဆုံး ဖြစ်သည်။ နောက်ပိုင်းတွင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ ပြီးသည့်နောက်၊ ကောင်းကင်တမန်မင်းသည် ကမ္ဘာပေါ်၌ ဘုရားသခင်ကို ဆန့်ကျင်လျက် သာ၍ပင် ကြီးမားသော သစ္စာဖောက်မှုကို ပြုခဲ့သည်။ ၎င်းသည် လူသားမျိုးနွယ်ကို စီမံခန့်ခွဲလိုပြီး ဘုရားသခင်၏ ဩဇာအာဏာထက် သာလွန်လိုခဲ့သောကြောင့်၊ ၎င်းက ဘုရားသခင်ကို သစ္စာဖောက်ခဲ့သည်ဟု ငါ ပြောခြင်း ဖြစ်သည်။ ဧဝကို အပြစ်သို့ သွေးဆောင်ခဲ့သည်မှာ ကောင်းကင်တမန်မင်း ဖြစ်ပြီး၊ ၎င်းသည် ၎င်း၏နိုင်ငံကို ကမ္ဘာမြေပေါ် တည်ထောင်လိုပြီး လူသားများအား ဘုရားသခင်ကို ကျောခိုင်းကာ၊ ယင်းအစား ကောင်းကင်တမန်မင်းကို နာခံစေလိုသောကြောင့် ၎င်းက ထိုသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ များစွာသော အရာတို့က သူ့ကို နာခံနိုင်သည်ကို ကောင်းကင်တမန်မင်းက တွေ့မြင်ခဲ့သည်- ကမ္ဘာမြေပေါ်ရှိ လူတို့က နာခံနိုင်သကဲ့သို့၊ ကောင်းကင်တမန်များက နာခံနိုင်ပေသည်။ ငှက်များနှင့် သားရဲများ၊ သစ်ပင်များ၊ တောအုပ်များ၊ တောင်များ၊ မြစ်များနှင့် ကမ္ဘာပေါ်ရှိ အရာခပ်သိမ်းသည်- အာဒံနှင့် ဧဝတို့ဖြစ်သည့်- လူသား၏ စောင့်ရှောက်မှု အောက်တွင် ရှိသော်လည်း၊ အာဒံနှင့်ဧဝတို့က ကောင်းကင်တမန်မင်းကို နာခံခဲ့ကြသည်။ ထို့ကြောင့် ကောင်းကင်တမန်မင်းသည် ဘုရားသခင်၏ ဩဇာအာဏာကို သာလွန်ရန်နှင့် ဘုရားသခင်ကို သစ္စာဖောက်ရန် ဆန္ဒရှိခဲ့သည်။ ထို့နောက်တွင်၊ ၎င်းသည် ဘုရားသခင်ကို ပုန်ကန်ရာတွင် နောက်ပိုင်း၌ ဝိညာဉ်ဆိုး အမျိုးမျိုး ဖြစ်လာခဲ့ကြသည့် ကောင်းကင်တမန် အများအပြားကို ဦးဆောင်ခဲ့သည်။ ဤနေ့ထိ လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှုသည် ကောင်းကင်တမန်မင်း၏ ဖောက်ပြန်ပျက်စီးမှုကြောင့် ဖြစ်သည် မဟုတ်လော။ ကောင်းကင် တမန်မင်းသည် ဘုရားသခင်ကို သစ္စာဖောက်ခဲ့ပြီး လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေခဲ့သောကြောင့်၊ လူသားများသည် ယနေ့ ၎င်းတို့ ဖြစ်သည့်အကျင့်စရိုက်အတိုင်းသာ ဖြစ်ကြပေသည်။ ဤတစ်ဆင့်ချင်းဖြစ်သည့် အမှုသည် လူများ စိတ်ကူးနိုင်သလောက် လုံးဝ စိတ်ကူးသက်သက် မဟုတ်သကဲ့သို့ မရိုးရှင်းပေ။ စာတန်သည် အကြောင်းရင်း တစ်ခုအတွက် ၎င်း၏ သစ္စာဖောက်ခြင်း အမှုကို ပြုခဲ့ခြင်း ဖြစ်သည်၊ သို့သော် လူများသည် ထိုသို့သော ရိုးရှင်းသည့် အချက်ကို နားမလည်နိုင်ကြချေ။ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည့် ဘုရားသခင်သည် စာတန်ကိုလည်း အဘယ်ကြောင့် ဖန်ဆင်းခဲ့သနည်း။ ဘုရားသခင်သည် စာတန်ကို အလွန် စက်ဆုပ်ရွံရှာပြီး စာတန်သည် သူ၏ရန်သူဖြစ်သည့်အတွက်၊ အဘယ်ကြောင့် စာတန်ကို သူ ဖန်ဆင်းခဲ့သနည်း။ စာတန်ကို ဖန်ဆင်းခြင်းအားဖြင့်၊ သူသည် ရန်သူတစ်ဦးကို ဖန်ဆင်းခဲ့ခြင်း ဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် အမှန်တကယ်တွင် ရန်သူတစ်ဦးကို မဖန်ဆင်းခဲ့ပေ။ ထို့ထက် သူသည် ကောင်းကင်တမန်တစ်ပါးကို ဖန်ဆင်းခဲ့ပြီး၊ ထို့နောက် ထိုကောင်းကင်တမန်က သူ့ကို သစ္စာဖောက်ခဲ့ပေသည်။ ၎င်း၏အဆင့်အတန်း တိုး၍ အလွန်ကြီးမြတ်ခဲ့ပြီးဖြစ်သည်မှာ ၎င်းသည် ဘုရားသခင်ကို သစ္စာဖောက်ရန် ဆန္ဒရှိခဲ့သည်။ ဤသည်မှာ တိုက်ဆိုင်မှု တစ်ခုဟု ပြောနိုင်သော်လည်း၊ ရှောင်လွှဲ၍မရသည့်အရာ တစ်ခုလည်း ဖြစ်သည်။ ယင်းမှာ လူသည် အဆင့်တစ်ခုအထိ အရွယ်ရောက် ပြီးသည့်နောက် မလွဲမသွေ သေဆုံးရမည့်ပုံနှင့် တူညီပေသည်။ အမှုအရာများသည် ထိုအဆင့်ထိသာ ဖွံ့ဖြိုးတိုးတက်ပြီး ဖြစ်သည်။ အဓိပ္ပာယ်မရှိသည့် မိုက်မဲသူများက၊ “စာတန်က ကိုယ်တော်၏ ရန်သူ ဖြစ်သည့်အတွက်၊ သူ့ကို အဘယ်ကြောင့် ကိုယ်တော် ဖန်ဆင်းခဲ့သနည်း။ ကောင်းကင်တမန်မင်းက ကိုယ်တော့်ကို သစ္စာဖောက်မည်ကို ကိုယ်တော် မသိခဲ့သလော။ ကိုယ်တော်သည် နေ့ရက်ကာလမဖြစ်မီ မကြည့်နိုင်သလော။ ကောင်းကင်တမန်မင်း၏ သဘာဝကို ကိုယ်တော်မသိခဲ့သလော။ ၎င်းက ကိုယ်တော့်ကို သစ္စာဖောက်မည်ကို ရှင်းလင်းစွာ ကိုယ်တော် သိသည့်အတွက်၊ အဘယ်ကြောင့် သူ့ကို ကောင်းကင်တမန်မင်း ဖြစ်စေခဲ့သနည်း။ ၎င်းသည် ကိုယ်တော့်ကို သစ္စာဖောက်ခဲ့သည်သာမက၊ ၎င်းနှင့်အတူ အခြားကောင်းကင်တမန် အများအပြားကိုလည်း ဦးဆောင်ခဲ့ပြီး လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေဖို့ သေမျိုးများ၏ ကမ္ဘာလောကသို့ သက်ဆင်းခဲ့သည်၊ သို့သော် ဤနေ့ထိ ကိုယ်တော်သည် ကိုယ်တော်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲခြင်း အစီအစဉ်ကို မပြီးစီးနိုင်သေးပါ။” ဟု ပြောကြသည်။ ထိုစကားများသည် မှန်ကန်ပါသလော။ သင်သည် ဤနည်းဖြင့် တွေးသည့်အခါ၊ မိမိကိုယ်ကိုယ် လိုအပ်သည်ထက် သာ၍ ဒုက္ခ ရောက်နေစေခြင်း ဖြစ်သည် မဟုတ်လော။ “မျက်မှောက်ခေတ်အထိ စာတန်သည် လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေခြင်းမရှိသေးပါက၊ ဘုရားသခင်သည် လူသားမျိုးနွယ် ကယ်တင်ခြင်းကို ဤနည်းဖြင့် ဆောင်ကြဉ်းပြီးဖြစ်မည် မဟုတ်ပေ။ ထိုသို့ဖြင့် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးတို့သည် မြင်၍ရနိုင်ပြီးဖြစ်မည် မဟုတ်ပေ။ သူ၏ ဉာဏ်ပညာကို မည်သည့်နေရာ၌ ထုတ်ဖော်ပြပြီး ဖြစ်မည်နည်း။ ထို့ကြောင့် ဘုရားသခင်သည် နောက်ပိုင်းတွင် သူ၏ အနန္တတန်ခိုးကို ထုတ်ဖော်ပြနိုင်ဖို့အလို့ငှာ စာတန်အတွက် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ခြင်း ဖြစ်သည်- ထိုသို့မဟုတ်ပါက လူသားသည် ဘုရားသခင်၏ ဉာဏ်ပညာကို မည်သို့ ရှာတွေ့နိုင်မည်နည်း။ လူသားသည် ဘုရားသခင်ကို မခုခံခဲ့ပါက သို့မဟုတ် သူ့ကို မဆန့်ကျင်မပုန်ကန်ခဲ့ပါက၊ သူ၏ဆောင်ရွက်မှုများကို ထုတ်ဖော်ပြသဖို့ လိုအပ်မည် မဟုတ်ပေ။ ဖန်ဆင်းခြင်း အားလုံးသည် သူ့ကို ကိုးကွယ်ပြီး ကျိုးနွံနာခံခဲ့ကြမည်ဆိုပါက၊ သူသည် လုပ်ဆောင်ရန် အမှုရှိမည်မဟုတ်။” ဟုပြောသည့် အခြားသူများ ရှိလေသည်။ ဘုရားသခင်နှင့် ပတ်သက်၍ ညစ်ညမ်းခြင်း မည်သည့်အရာမျှ မရှိသောကြောင့်၊ သူသည် ညစ်ညမ်းမှုကို ဖန်ဆင်း၍မရသည့်အတွက်၊ ဤသည်မှာ လက်တွေ့အရှိတရားမှ သာ၍ပင် ဝေးကွာပေသည်။ သူသည် သူ၏ ရန်သူကို အနိုင်ယူဖို့၊ သူဖန်ဆင်းခဲ့သည့် လူသားများကို ကယ်တင်ဖို့နှင့်၊ ဘုရားသခင်ကို မုန်းတီးသည့်၊ သစ္စာဖောက်ပြီး ခုခံသကဲ့သို့ အစအဦးမှပင် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် ရှိခဲ့ပြီး သူနှင့် သက်ဆိုင်ခဲ့သည့် မကောင်းဆိုးဝါးများနှင့် စာတန်ကို သူ၏ ဆောင်ရွက်ချက်များကို ယခု ထုတ်ဖော်ပြခြင်း ဖြစ်ပေသည်။ ဘုရားသခင်သည် ဤနတ်ဆိုးများကို အနိုင်ယူချင်ပြီး၊ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် သူ၏ အနန္တတန်ခိုးကို အရာခပ်သိမ်းထံ ထုတ်ဖော်ပြလေသည်။ ကမ္ဘာမြေပေါ်ရှိ လူသားမျိုးနွယ်နှင့် အရာရာတိုင်းသည် ယခု စာတန်၏ အုပ်စိုးမှုအောက်တွင် ရှိပြီး၊ ဆိုးယုတ်သူ၏ အုပ်စိုးမှုအောက်တွင် တည်နေသည်။ လူများသည် သူ့ကို သိရှိနိုင်ကြဖို့အလို့ငှာနှင့် ထိုသို့ဖြင့် စာတန်ကို အနိုင်ယူပြီး သူ၏ ရန်သူများကို လုံးလုံးလျားလျား နှိမ်နင်းဖို့အလို့ငှာ၊ ဘုရားသခင်သည် အရာခပ်သိမ်းထံ သူ၏ ဆောင်ရွက်ချက်များကို ထုတ်ဖော်ပြချင်လေသည်။ ဤအမှု၏ အလုံးစုံကို သူ၏ ဆောင်ရွက်ချက်များကို ထုတ်ဖော်ပြခြင်း မှတစ်ဆင့် ပြီးမြောက်လေသည်။ သူ၏ဖန်ဆင်းခြင်းအားလုံးသည် စာတန်၏ အုပ်စိုးမှုအောက်တွင် ရှိသည်၊ ထို့ကြောင့် ဘုရားသခင်သည် သူ၏ အနန္တတန်ခိုးကို ၎င်းတို့ထံ ထုတ်ဖော်ပြရန် ဆန္ဒရှိပြီး ထိုသို့ဖြင့် စာတန်ကို အနိုင်ယူရန် ဆန္ဒရှိလေသည်။ စာတန်မရှိခဲ့လျှင် သူ၏ ပြုမူဆောင်ရွက်မှုများကို ဖွင့်ပြဖို့လိုမည် မဟုတ်ပေ။ စာတန်၏ နှောင့်ယှက်မှု မရှိခဲ့ပါက၊ သူသည် လူသားမျိုးနွယ်ကို ဖန်ဆင်းပြီး ဧဒင်ဥယျာဉ်ထဲတွင် အသက်ရှင်ဖို့ ၎င်းတို့ကို ပို့ဆောင်ပြီး ဖြစ်ပေမည်။ စာတန်က သစ္စာဖောက်ခြင်း မတိုင်မီ၊ ဘုရားသခင်သည် သူ၏ လုပ်ဆောင်ချက်များကို ကောင်းကင်တမန်များထံ သို့မဟုတ် ကောင်းကင်တမန်မင်းထံ အဘယ်ကြောင့် ထုတ်ဖော် မပြခဲ့ပါသနည်း။ အစအဦး၌ ကောင်းကင်တမန်များအားလုံးနှင့် ကောင်းကင်တမန်မင်းသည် ဘုရားသခင်ကို သိရှိခဲ့ပြီးဖြစ်ကာ သူ့ကို ကျိုးနွံနာခံခဲ့ပြီး ဖြစ်ပါက၊ ဘုရားသခင်သည် ဤအဓိပ္ပာယ်မဲ့သည့် အမှုနှင့်ဆိုင်သည့် လုပ်ရပ်များကို ဆောင်ရွက်ပြီး ဖြစ်မည် မဟုတ်ပေ။ စာတန်နှင့် မကောင်းဆိုးဝါးများ၏ တည်ရှိခြင်းကြောင့်၊ လူသားများသည်လည်း ဘုရားသခင်ကို ခုခံကြပြီးဖြစ်ကာ ပုန်ကန်လိုသည့် စိတ်သဘောထားများဖြင့် ပြည့်နိုင်သမျှ ပြည့်ကြလေသည်။ ထို့ကြောင့် ဘုရားသခင်သည် သူ၏ လုပ်ရပ်များကို ထုတ်ဖော်ပြရန် ဆန္ဒရှိလေသည်။ သူသည် စာတန်နှင့် စစ်ပွဲဆင်နွှဲလိုသောကြောင့်၊ စာတန်ကို အနိုင်ယူဖို့ သူသည် သူ၏ ကိုယ်ပိုင် ဩဇာအာဏာနှင့် သူ၏ လုပ်ရပ်များအားလုံးကို အသုံးပြုရပေမည်။ ဤနည်းဖြင့် လူသားများအလယ် သူဆောင်ရွက်သည့် ကယ်တင်ခြင်း အမှုသည် လူသားများကို သူ၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးအား တွေ့မြင်ခွင့်ပေးလိမ့်မည် ဖြစ်သည်။ ယနေ့ ဘုရားသခင်၏ လုပ်ဆောင်နေသည့် အမှုသည် အဓိပ္ပာယ် ရှိပြီး၊ အချို့လူများက “ကိုယ်တော် လုပ်ဆောင်သည့်အမှုသည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်သည် မဟုတ်ပါလား။ ဤဆက်တိုက်အမှုသည် ကိုယ်တော်တိုင်အတွက် ဒုက္ခ ဖန်တီးရာတွင် ကျင့်သုံးမှုတစ်ခု ဖြစ်သည် မဟုတ်ပါလား။ ကိုယ်တော်သည် စာတန်ကို ဖန်ဆင်းခဲ့ပြီးနောက် ကိုယ်တော့်ကို သစ္စာဖောက်ကာ ခုခံရန် သူ့ကို အခွင့်ပေးခဲ့သည်။ ကိုယ်တော်သည် လူသားမျိုးနွယ်ကို ဖန်ဆင်း ခဲ့ပြီးနောက်၊ အာဒံနှင့် ဧဝံတို့ သွေးဆောင်ခံရဖို့ အခွင့်ပေးရင်း၊ ၎င်းတို့ကို စာတန်ထံ လွှဲပြောင်းပေးခဲ့သည်။ ကိုယ်တော်က ဤအရာများကို တမင်သက်သက် ပြုလုပ်ခဲ့သည့်အတွက်၊ အဘယ်ကြောင့် လူသားမျိုးနွယ်ကို ကိုယ်တော် စက်ဆုပ်မုန်းတီးရသေးသနည်း။ ကိုယ်တော်သည် အဘယ်ကြောင့် စာတန်ကို စက်ဆုပ်ရွံရှာရသနည်း။ ဤအရာအားလုံးသည် ကိုယ်တော် ကိုယ်တိုင်၏ ဖန်တီးမှု ဖြစ်သည် မဟုတ်ပါလား။ ကိုယ်တော်အတွက် မုန်းတီးစရာ မည်သည့်အရာ ရှိသနည်း။” ဟု ပြောသည့်အချိန်တွင် ၎င်းတို့ ရည်ညွှန်းသည့်အရာနှင့် လုံးဝ မတူပေ။ အတော်အတန် နည်းပါးသည့် အဓိပ္ပာယ်မရှိသော လူများက ထိုသို့သောအရာများ ပြောကြပေသည်။ ၎င်းတို့သည် ဘုရားသခင်ကို ချစ်ဖို့ ဆန္ဒရှိကြသော်လည်း၊ ရင်ထဲတွင် ဘုရားသခင်နှင့်ပတ်သက်၍ မကျေမနပ် ဖြစ်ကြလေသည်။ ဆန့်ကျင်ဘက် ဖြစ်လိုက်လေချင်း။ သင်တို့သည် သမ္မာတရားကို နားမလည်ကြပေ၊ သင်သည် သဘာဝလွန် အတွေးများ အလွန်များလှပြီး၊ ဘုရားသခင်က အမှားပြုခဲ့သည်ဟုပင် သင် အခိုင်အမာပြောဆိုလေသည်- သင် အဓိပ္ပာယ် မဲ့လှသည်တကား။ သမ္မာတရားဖြင့် အကြံအဖန် လုပ်နေသူမှာ သင် ဖြစ်သည်။ ဘုရားသခင်က အမှားတစ်ခု ပြုခဲ့သည်မှာ မမှန်ပေ။ အချို့လူများက၊ “စာတန်ကို ဖန်ဆင်းခဲ့သည်မှာ ကိုယ်တော်ဖြစ်ပြီး စာတန်ကို လူသားများအလယ် ပစ်ချလိုက်ပြီး လူသားများကို ၎င်းထံ လွှဲပြောင်းပေးခဲ့သည်မှာ ကိုယ်တော် ဖြစ်သည်။ လူသားများက ဆိုးယုတ်သည့် စိတ်သဘောထား ပိုင်ဆိုင်သည်နှင့်တစ်ပြိုင်နက်၊ ကိုယ်တော် သူတို့ကို ခွင့်မလွှတ်ခဲ့ပါ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့ကို အတိုင်းအတာတစ်ခုအထိ မုန်းတီးခဲ့သည်။ ပထမတွင် ကိုယ်တော်သည် သူတို့ကို အတိုင်းအတာ တစ်ခုအထိ ချစ်ခဲ့သော်လည်း၊ ယခုတွင် သူတို့ကို ကိုယ်တော် မုန်းတီးနေသည်။ လူသားမျိုးနွယ်ကို မုန်းတီးလေပြီမှာ ကိုယ်တော်ဖြစ်သော်လည်း၊ လူသားမျိုးနွယ်ကို ချစ်ဖူးသည်မှာလည်း ကိုယ်တော် ဖြစ်သည်။ ဤနေရာတွင် အတိအကျ မည်သည့်အရာ ဖြစ်နေပါသနည်း။ ဤသည်မှာ ရှေ့နောက်မညီခြင်း ဖြစ်သည် မဟုတ်ပါလား။” ဟု အဖန်တလဲလဲပင် စောဒကတက်ကြသည်။ ယင်းကို သင်တို့ မည်သို့ ကြည့်သည်ဖြစ်စေ၊ ဤသည်မှာ ကောင်းကင်ဘုံ၌ ဖြစ်ပျက်သည့်အရာ ဖြစ်သည်။ ဤသည်မှာ ကောင်းကင်တမန်မင်းက ဘုရားသခင်ကို သစ္စာဖောက်ခဲ့ပြီး လူသားမျိုးနွယ်က ဖောက်ပြန်ပျက်စီးခဲ့သည့် ပုံစံ ဖြစ်ပြီး၊ ဤသည်မှာ လူသားများက ဤနေ့အထိ ဆက်လက်ဖြစ်ပေါ်သည့်ပုံ ဖြစ်သည်။ ယင်းကို သင်တို့ မည်သို့ဖွဲ့ဆိုသည်ဖြစ်စေ၊ ယင်းမှာ အဖြစ်အပျက် အလုံးစုံ ဖြစ်သည်။ သို့သော် ဘုရားသခင် ယနေ့ လုပ်ဆောင်နေသည့် ဤအမှု နောက်ကွယ်က ရည်ရွယ်ချက်တစ်ခုလုံးမှာ သင်တို့ကို ကယ်တင်ရန်နှင့် စာတန်ကို အနိုင်ယူရန် ဖြစ်သည်မှာ သင်တို့ သိနားလည်ရမည်။

ကောင်းကင်တမန်များသည် အထူးသဖြင့် အားနည်းပြီး ပြောစရာ အစွမ်းအစများ မပိုင်ဆိုင်ကြသောကြောင့်၊ ၎င်းတို့ကို ဩဇာအာဏာ ပေးထားခဲ့သည်နှင့်တစ်ပြိုင်နက် ၎င်းတို့ တိုး၍ မာနထောင်လွှားလာခဲ့သည်။ ဤသည်မှာ အထူးသဖြင့် အခြား မည်သည့်ကောင်းကင်တမန်မဆိုထက် အဆင့်အတန်း သာ၍မြင့်မားသည့် ကောင်းကင်တမန်မင်းနှင့်ပတ်သက်၍ မှန်ကန်ပေသည်။ ကောင်းကင်တမန်များအလယ်နှင့် ယေဟောဝါအောက်ရှိ ကောင်းကင်တမန် သန်းပေါင်းများစွာကို ဦးဆောင်ခဲ့သည့် မင်းတစ်ပါး၊ ၎င်း၏ဩဇာအာဏာသည် အခြား မည်သည့် ကောင်းကင်တမန်များမဆို၏ ဩဇာအာဏာထက် သာလွန်ခဲ့သည်။ ၎င်းသည် ဟိုဟို၊ သည်သည် လုပ်ဆောင်လိုခဲ့ပြီး ကမ္ဘာလောကကြီးကို ထိန်းချုပ်ဖို့ လူသားများအလယ် ကောင်းကင်တမန်များကို ဦးဆောင်လိုခဲ့သည်။ ဘုရားသခင်က သူသည် စကြဝဠာကို ကွပ်ကဲအုပ်ချုပ်သူ ဖြစ်သည်ဟု ပြောခဲ့သည်။ သို့သော် ကောင်းကင်တမန်မင်းက ၎င်းသည် စကြဝဠာကို ကွပ်ကဲအုပ်ချုပ်ခဲ့သည်ဟု အခိုင်အမာ ဆိုခဲ့သည်- ထိုအချိန်မှစ၍၊ ကောင်းကင်တမန်မင်းသည် ဘုရားသခင်ကို သစ္စာဖောက်ခဲ့သည်။ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ အခြားလောကတစ်ခုကို ဖန်ဆင်းခဲ့ပြီးဖြစ်ကာ ကောင်းကင်တမန်မင်းသည် ဤလောကကို ထိန်းချုပ်ရန် ဆန္ဒရှိခဲ့ပြီး၊ သေမျိုးနယ်ပယ်ကို ဆင်းသက်ရန်လည်း ဆန္ဒရှိခဲ့သည်။ ဘုရားသခင်သည် ယင်းကို ထိုသို့ လုပ်ဆောင်ခွင့်ပြုနိုင်မည်လော။ ထို့ကြောင့် ဘုရားသခင်သည် ကောင်းကင်တမန်မင်းကို ဒဏ်ခတ်ခဲ့ပြီး၊ လေထဲကို ပစ်ချခဲ့သည်။ ၎င်းသည် လူသားများကို ဖောက်ပြန်ပျက်စီးစေခဲ့ကတည်းက၊ ဘုရားသခင်သည် လူသားများကို ကယ်တင်ရန်အလို့ငှာ ကောင်းကင်တမန်မင်းနှင့် စစ်ပွဲဆင်နွှဲပြီး ဖြစ်သည်။ စာတန်၏ ရှုံးနိမ့်ခြင်းအပေါ် ဤထောင်စုနှစ် ခြောက်ခုကို ဘုရားသခင် အသုံးပြုခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်နှင့်သက်ဆိုင်သည့် သင်တို့၏ အတွေးအမြင်သည် ဘုရားသခင်က လတ်တလော ဆောင်ရွက်နေသည့် အမှုနှင့် သဟဇာတ မဖြစ်ပေ။ ယင်းသည် လုံးဝ လက်တွေ့မကျသကဲ့သို့ အလွန်များလှသည့် အတွေးမှားတစ်ခု ဖြစ်ပေသည်။ အမှန်တွင်၊ ဘုရားသခင်က ကောင်းကင်တမန်မင်းကို သူ၏ ရန်သူအဖြစ် ကြေညာခဲ့သည်မှာ ကောင်းကင်တမန်မင်း၏ သစ္စာဖောက်ခြင်း နောက်တွင်သာ ဖြစ်သည်။ ကောင်းကင်တမန်မင်းက သေမျိုးနယ်ပယ်ထဲသို့ ရောက်ရှိပြီးနောက် လူသားမျိုးနွယ်အပေါ် နင်းချေခဲ့သည်မှာ ၎င်း၏ သစ္စာဖောက်မှုကြောင့်သာ ဖြစ်ပြီး၊ လူသားမျိုးနွယ်သည် ယခုအခြေအနေသို့ ပြောင်းလဲပြီးဖြစ်သည်မှာ ဤအကြောင်းရင်းကြောင့် ဖြစ်သည်။ ထိုသို့ဖြစ်ပျက် ပြီးသည့်နောက်တွင်၊ ဘုရားသခင်သည် စာတန်ကို “ငါသည် သင့်ကို အနိုင်ယူပြီး၊ ငါ ဖန်ဆင်းခဲ့သည့် လူသားများအားလုံးထံ ကယ်တင်ခြင်း ဆောင်ကြဉ်းမည်။” ဟု ကျိန်ဆိုခဲ့သည်။ ပထမတွင် လက်ခံယုံကြည်ခြင်းမရှိဘဲ စာတန်က၊ “ကိုယ်တော်သည် ကျွန်ုပ်အား အကယ်စင်စစ် အဘယ်အရာ ပြုနိုင်သနည်း။ ကိုယ်တော်သည် ကျွန်ုပ်အား လေထဲသို့ နှင်ချနိုင်မည်လော။ ကိုယ်တော်သည် ကျွန်ုပ်အား အမှန်တကယ် အနိုင်ယူနိုင်သလော။” ဟု ပြန်ပြောလေသည်။ ဘုရားသခင်က ၎င်းကို လေထဲသို့ နှင်ချသည့်နောက်တွင်၊ ကောင်းကင်တမန်မင်းကို သူ နောက်ထပ် အာရုံမစိုက်တော့သကဲ့သို့၊ နောက်ပိုင်းတွင် စာတန်၏ ဖြစ်နေဆဲ နှောင့်ယှက်ဟန့်တားမှုများ ရှိလင့်ကစား လူသားမျိုးနွယ်ကို ကယ်တင်ရန်နှင့် သူ၏ ကိုင်ပိုင်အမှုကို စတင် ဆောင်ရွက်ခဲ့သည်။ စာတန်သည် ဟိုဟို၊ သည်သည် လုပ်ဆောင် နိုင်ခဲ့သော်လည်း၊ ယင်းမှာ ယခင်က ၎င်းကို ဘုရားသခင် ပေးထားပြီးဖြစ်သည့် တန်ခိုးများကြောင့်သာ ဖြစ်သည်။ ၎င်းသည် ယင်းတို့ကိုလေထဲသို့ ၎င်းနှင့်အတူ ယူဆောင်သွားခဲ့ပြီး၊ ဤနေ့အထိ ထိန်းသိမ်းထားခဲ့သည်။ စာတန်ကို လေထဲသို့ နှင်ချပစ်လိုက်သည့်အချိန်တွင်၊ ဘုရားသခင်သည် ၎င်း၏ ဩဇာအာဏာကို ပြန်မယူခဲ့ချေ၊ ထို့ကြောင့် စာတန်သည် လူသားမျိုးနွယ်ကို ဆက်လက်ပြီး ဖောက်ပြန်ပျက်စီးစေခဲ့သည်။ သို့သော်လည်း ဘုရားသခင်သည် ၎င်းတို့၏ ဖန်ဆင်းခြင်းပြီးသည့်နောက် များမကြာမီတွင် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံခဲ့ရပြီးဖြစ်သည့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်း စတင်ခဲ့သည်။ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိနေစဉ်တွင်၊ သူ၏ လုပ်ရပ်များကို ထုတ်ဖော်မပြခဲ့ပေ။ သို့သော် ကမ္ဘာကြီးကို မဖန်ဆင်းမီတွင်၊ သူဖန်ဆင်းခဲ့သည့် လောကကြီးထဲက လူတို့အား ကောင်းကင်ဘုံက သူ၏ လုပ်ရပ်များကို တွေ့မြင်ခွင့်ပေးခဲ့ပြီး၊ ထိုသို့ဖြင့် ထိုလူတို့ကို ကောင်းကင်ဘုံအထက်သို့ လမ်းပြပို့ဆောင်ခဲ့သည်။ သူသည် ၎င်းတို့ကို ဉာဏ်ပညာနှင့် အသိဉာဏ်ကို ပေးခဲ့ပြီး ထိုလူတို့ကို ထိုလောက၌ အသက်ရှင်ဖို့ ဦးဆောင်ခဲ့သည်။ ပင်ကိုအားဖြင့်၊ သင်တို့ထဲမှ မည်သူမျှ ဤအရာနှင့်ပတ်သက်၍ တစ်ကြိမ်တစ်ခါမျှ မကြားဖူးကြပေ။ နောက်တွင် ဘုရားသခင်က လူသားများကို ဖန်ဆင်း ပြီးသည့်နောက်တွင်၊ ကောင်းကင်တမန်မင်းသည် ၎င်းတို့ကို ဖောက်ပြန်ပျက်စီးစေဖို့ စတင်ခဲ့သည်။ ကမ္ဘာပေါ်တွင် လူသားမျိုးနွယ် အားလုံး ပရမ်းပတာ ဖြစ်သွားကြသည်။ ဘုရားသခင်သည် စာတန်နှင့်စစ်ပွဲကို စတင်ခဲ့သည်မှာ ထို့နောက်တွင်သာ ဖြစ်ပြီး၊ လူသားများက သူ၏ လုပ်ဆောင်ချက်များကို မြင်ခဲ့သည်မှာ ဤအချိန်တွင်သာ ဖြစ်ခဲ့သည်။ အစတွင် ထိုသို့သော လုပ်ရပ်များကို လူသားမျိုးနွယ်ထံမှ ဖုံးကွယ်ထားခဲ့သည်။ စာတန်သည် လေထဲသို့ နှင်ချခံရပြီးသည့်နောက်၊ ၎င်းသည် ၎င်း၏ အရေးကိစ္စကိုသာ လုပ်ဆောင်ခဲ့ပြီး ဘုရားသခင်သည်လည်း နောက်ဆုံးသော ကာလအထိ စာတန်နှင့် စစ်ပွဲကို အဆက်မပြတ် ဆင်နွှဲရင်း၊ သူ၏ ကိုယ်ပိုင်အမှုကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ ယခုသည် စာတန် ဖျက်ဆီးခံရသင့်သည့် အချိန်ကာလ ဖြစ်သည်။ အစအဦး၌ ဘုရားသခင်သည် ၎င်းကို ဩဇာအာဏာပေးခဲ့ပြီး၊ ထို့နောက်တွင် ဘုရားသခင်သည် စာတန်ကို လေထဲသို့ နှင်ချပစ်လိုက်သော်လည်း၊ ၎င်းတို့ ဖီဆန်မြဲဖီဆန်နေခဲ့သည်။ ထို့နောက်တွင်၊ ၎င်းသည် ကမ္ဘာမြေပေါ်ရှိ လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီး စေခဲ့သော်လည်း၊ ဘုရားသခင်သည် လူသားမျိုးနွယ်များကို စီမံခန့်ခွဲလျက် ရှိနေခဲ့သည်။ ဘုရားသခင်သည် စာတန်ကို အနိုင်ယူရန် လူသားများနှင့်ဆိုင်သည့် သူ၏စီမံခန့်ခွဲမှုကို အသုံးပြုသည်။ လူများကို ဖောက်ပြန်ပျက်စီးစေခြင်းအားဖြင့်၊ စာတန်သည် ၎င်းတို့၏ ကံကြမ္မာကို အဆုံးသတ်စေပြီး၊ ဘုရားသခင်၏အမှုကို နှောင့်ယှက်လေသည်။ အခြားတစ်ဖက်တွင် ဘုရားသခင်၏အမှုသည် လူသားမျိုးနွယ်၏ ကယ်တင်ခြင်း ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သည့် အမှု၏ မည်သည့်အဆင့်သည် လူသားမျိုးနွယ်ကို ကယ်တင်ရန် ရည်ရွယ်ထားခြင်း မဟုတ်သနည်း။ မည်သည့်အဆင့်က လူများကို သန့်ရှင်းစေဖို့နှင့် ၎င်းတို့ကို ဖြောင့်မတ်စွာ ပြုမူစေကာ ချစ်ခြင်းကို ခံရနိုင်သည့် သူများ၏ ပုံရိပ်ကို အသက်ရှင်နေထိုင်စေဖို့ မရည်ရွယ်ပါသနည်း။ သို့သော်လည်း စာတန်သည် ဤအရာကို မလုပ်ဆောင်ပေ။ ၎င်းသည် လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေသည်။ ၎င်းသည် စကြဝဠာတစ်လျှောက် လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေခြင်းနှင့်ဆိုင်သည့် ၎င်း၏အလုပ်ကို အဆက်မပြတ် ဆောင်ရွက်သည်။ ဟုတ်ပေ၏၊ ဘုရားသခင်သည်လည်း စာတန်ကို အာရုံမစိုက်ဘဲ၊ သူကိုယ်တိုင်၏ အမှုကို သူလုပ်နေသည်။ စာတန်၌ ဩဇာအာဏာ မည်မျှရှိသည်ဖြစ်စေ၊ ထိုဩဇာအာဏာကို ဘုရားသခင်က ပေးထားခြင်း ဖြစ်ဆဲဖြစ်သည်။ ဘုရားသခင်သည် အမှန်တကယ်တွင် ၎င်းကို သူ၏ ဩဇာအာဏာအားလုံး ပေးခဲ့သည် မဟုတ်၊ ထို့ကြောင့် စာတန် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ယင်းသည် ဘုရားသခင်ကို လုံးဝ မကျော်လွန်နိုင်သကဲ့သို့၊ ဘုရားသခင်၏ လက်အတွင်းတွင် အမြဲ ရှိလိမ့်မည်။ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိနေစဉ်တွင် သူ၏ မည်သည့်လုပ်ရပ်ကိုမျှ ထုတ်ဖော်မပြခဲ့ပေ။ သူသည် စာတန်အား ဩဇာအာဏာ၏ သေးငယ်သော အစိတ်အပိုင်း တစ်ခုကိုမျှ ပေးခဲ့ပြီး၊ ယင်းကို အခြားကောင်းကင်တမန်များ အပေါ် ဩဇာအာဏာသုံးခွင့်ပေးခဲ့သည်။ ထို့ကြောင့် မူလက ၎င်းကို ဘုရားသခင်ပေးခဲ့သည့် ဩဇာအာဏာသည် ကန့်သတ်ထားခြင်းကြောင့် စာတန်က မည်သည့်အရာကို လုပ်ဆောင်သည် ဖြစ်စေ၊ ၎င်းသည် ဘုရားသခင်၏ ဩဇာအာဏာကို မကျော်လွန်နိုင်ချေ။ ဘုရားသခင် အမှုပြုသည်နှင့်အမျှ၊ စာတန်သည် နှောင့်ယှက်၏။ နောက်ဆုံးသောကာလတွင် စာတန်၏ နှောင့်ယှက်မှုများ အဆုံးသတ်လိမ့်မည် ဖြစ်သည်။ ထိုနည်းတူ၊ ဘုရားသခင်၏ အမှုသည်လည်း ပြီးစီးလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင် စုံလင်စေလိုသည့် လူမျိုးများသည်လည်း စုံလင်စေခြင်း ခံရလိမ့်မည်။ ဘုရားသခင်သည် လူများကို ခိုင်မာစွာ ညွှန်ကြားသည်။ သူ၏ အသက်သည် တိုင်းတာ၍မရသကဲ့သို့ အကန့်အသတ်မဲ့ အသက်စမ်းရေ ဖြစ်သည်။ စာတန်က လူသားကို အတိုင်းအတာ တစ်ခုအထိ ဖောက်ပြန်ပျက်စီး စေခဲ့သည်။ အဆုံးတွင် ဘဝ၏ အသက်စမ်းရေသည် လူသားကို စုံလင်စေလိမ့်မည် ဖြစ်ပြီး၊ စာတန်အတွက် ဝင်ရောက်စွက်ဖက်ဖို့ရန်နှင့် ၎င်း၏အလုပ်ကို ဆောင်ရွက်ဖို့ရန် ဖြစ်နိုင်မည် မဟုတ်ချေ။ ထို့ကြောင့် ဘုရားသခင်သည် ဤလူများကို လုံးဝ ရယူနိုင်လိမ့်မည် ဖြစ်သည်။ ယခုတွင်ပင် စာတန်သည် ဤအရာကို လက်ခံဖို့ ငြင်းဆဲဖြစ်သည်။ ၎င်းသည် ဘုရားသခင်ကို အဆက်မပြတ် ဖက်ပြိုင်အံတုသော်လည်း၊ ဘုရားသခင်က ၎င်းကို အာရုံမစိုက်ချေ။ ဘုရားသခင်က၊ “ငါသည် စာတန်၏ အမှောင် အင်အားစုများနှင့် အမှောင်စွမ်းအား အားလုံးအပေါ် အောင်နိုင်လိမ့်မည်။” ဟု ပြောခဲ့သည်။ ဤသည်မှာ လူ့ဇာတိ၌ လုပ်ဆောင်ရမည့် အမှုဖြစ်ပြီး ယင်းမှာ လူ့ဇာတိခံယူခြင်းအား အရေးပါစေသည့်အရာလည်း ဖြစ်သည်။ ဆိုလိုသည်မှာ နောက်ဆုံးသောကာလတွင် စာတန်ကို အနိုင်ယူခြင်း အမှု၏အဆင့်ကို ပြီးပြည့်စုံစေဖို့နှင့် စာတန်နှင့်သက်ဆိုင်သည့် အရာအားလုံးကို ဖယ်ရှားပစ်ဖို့ ဖြစ်သည်။ စာတန်အပေါ် ဘုရားသခင် အောင်နိုင်ခြင်းသည် ရှောင်လွှဲ၍မရပေ။ အမှန်တွင် စာတန်က အချိန်ကြာမြင့်စွာက ရှုံးနိမ့်နှင့်ပြီးသား ဖြစ်သည်။ လူ့ဇာတိခံယူခြင်း၏ တကယ့် ရည်ရွယ်ချက်မှာ စာတန်ကို ချေမှုန်းဖို့ ဖြစ်သည့်အတွက်၊ အဆင်းနီသည့် နဂါးကြီး၏ နယ်မြေတစ်လျှောက်မှာ ဧဝံဂေလိတရားတော် စတင် ပျံ့နှံ့ခဲ့ချိန်တွင်- ဆိုလိုသည်မှာ၊ လူ့ဇာတိခံ ဘုရားသခင်က သူ၏ အမှုကို စတင်ခဲ့ပြီး ဤအမှု သက်ဝင်လှုပ်ရှားခဲ့ချိန်တွင်- စာတန်သည် လုံးဝ ရှုံးနိမ့်ခဲ့ပေသည်။ ဘုရားသခင်က နောက်တစ်ဖန် လူ့ဇာတိခံယူခဲ့ပြီး မည်သည့် အင်အားစုကမျှ မရပ်တန့်စေနိုင်သည့် သူ၏ အမှုကို စတင်ခဲ့သည်ကို စာတန်က မြင်လျှင်မြင်ချင်း၊ ဤအမှု၏ မြင်ကွင်းတွင် ၎င်းသည် မှင်တက်သွားခဲ့ပြီး နောက်ထပ် မည်သည့်ဒုက္ခပေးခြင်းကိုမျှ မလုပ်ဆောင်ဝံ့ခဲ့ချေ။ ပထမတွင် စာတန်က ၎င်းသည်လည်း များပြားသည့် ဉာဏ်ပညာများကို အပ်နှင်းထားခြင်းခံခဲ့ရသည်ဟု တွေးထင်ခဲ့ပြီး၊ ဘုရားသခင်၏ အမှုကို ကြားဖြတ်ကာ နှောင့်ယှက်ခဲ့သည်။ သို့သော် ဘုရားသခင် နောက်တစ်ဖန် လူ့ဇာတိခံယူလိမ့်မည် သို့မဟုတ် သူ၏ အမှုတွင် ဘုရားသခင်သည် စာတန်၏ ပုန်ကန်မှုကို လူသားမျိုးနွယ်အတွက် ထုတ်ဖော်ပြခြင်းနှင့် တရားစီရင်ခြင်းအဖြစ် အသုံးတော်ခံစေဖို့ အသုံးပြုမည် ဖြစ်ပြီး၊ ထိုသို့ဖြင့် လူသားများကို သိမ်းပိုက်ကာ စာတန်ကို အနိုင်ယူမည်ကို သူ မမျှော်လင့်ထားခဲ့ချေ။ ဘုရားသခင်သည် စာတန်ထက် သာ၍ ဉာဏ်ပညာရှိပြီး သူ၏အမှုသည် ၎င်းထက် များစွာ သာလွန်သည်။ ထို့ကြောင့် “ငါလုပ်သည့် အမှုသည် စာတန်၏ လှည့်ကွက်များကို တုံ့ပြန်ရာတွင် ဆောင်ရွက်သည်။ အဆုံးတွင် ငါသည် ငါ၏ အနန္တတန်ခိုးနှင့် စာတန်၏ တန်ခိုးအစွမ်းမဲ့ခြင်းကို ထုတ်ဖော်ပြမည်။” ဟု ယခင်က ငါ ဖော်ပြပြီးဖြစ်သည်နှင့်အမျှ၊ ဘုရားသခင်သည် သူ၏အမှုကို ရှေ့တန်းတွင် လုပ်ဆောင်လိမ့်မည် ဖြစ်သော်လည်း၊ အဆုံး၌ စာတန်သည် နောက်ဆုံးတွင် ဖျက်ဆီးခံရသည်အထိ နောက်တွင် တရွတ်တိုက်ဆွဲ လိုက်ပါလိမ့်မည် ဖြစ်သည်- ၎င်းသည် အလွန့်အလွန် ထိတ်လန့်တုန်လှုပ်လိမ့်မည်။ ၎င်းသည် ချေမှုန်းကာ ဖျက်ဆီးခံရနှင့်ပြီးဖြစ်သည်နှင့်တစ်ပြိုင်နက်မှသာ အမှန်တရားကို သဘောပေါက်လိမ့်မည် ဖြစ်ပြီး၊ ထိုအချိန်တွင် ၎င်းသည် မီးအိုင်ထဲတွင် မီးရှို့ဖျက်ဆီးခံရနှင့်ပြီး ဖြစ်လိမ့်မည်။ ထိုအခါ ၎င်းသည် လုံးဝ လက်ခံယုံကြည်သွားမည် မဟုတ်လော။ ထိုအခါတွင် စာတန်အတွက် အသုံးချစရာ အကြံအစည်များ နောက်ထပ် ရှိတော့မည် မဟုတ်။

လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ စိတ်နှလုံးကို ပူဆွေးမှုဖြင့် မကြာခဏ ဖိစီးစေသည်မှာ ဤတစ်ဆင့်ချင်းဖြစ်သည့် လက်တွေ့ကျသော အမှု ဖြစ်သည်၊ ထို့ကြောင့် စာတန်နှင့် သူ၏စစ်ပွဲသည် အနှစ်ခြောက်ထောင် ကြာခဲ့ပြီး၊ ဘုရားသခင်က “ငါသည် လူသားမျိုးနွယ်ကို မည်သည့်အခါတွင်မျှ တစ်ဖန် ဖန်ဆင်းလိမ့်မည် မဟုတ်သကဲ့သို့၊ ကောင်းကင်တမန်များအပေါ်၌ ဩဇာအာဏာကို တစ်ဖန် အပ်နှင်းလိမ့်မည် မဟုတ်။” ဟု ပြောထားပြီး ဖြစ်သည်။ ထိုအချိန်မှစ၍၊ ကောင်းကင်တမန်များသည် ကမ္ဘာမြေပေါ်သို့ အလုပ်လုပ်ဖို့ လာခဲ့ကြသည့်အခါ၊ အချို့သော အလုပ်ကို လုပ်ဆောင်ဖို့ ဘုရားသခင်နောက် လိုက်ရုံမျှ လိုက်ကြလေသည်။ သူသည် ၎င်းတို့ကို လုံးဝ တစ်ဖန် ဩဇာအာဏာ မပေးလေပြီ။ ဣသရေလလူမျိုးတို့ မြင်ခဲ့သည့် ကောင်းကင်တမန်များသည် ၎င်းတို့၏ အလုပ်ကို မည်သို့ ဆောင်ရွက်ကြသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အိပ်မက်များထဲတွင် ထုတ်ဖော်ပြကြပြီး ယေဟောဝါ၏ နှုတ်ကပတ်တော်များကို ပို့ဆောင် ခဲ့ကြသည်။ ယေရှုသည် ကားစင်တင်ခံခဲ့ရပြီးနောက် သုံးရက်အကြာတွင် ရှင်ပြန်ထမြောက် ပြီးသည့်အခါ၊ ကျောက်ကြီးကို ဘေးကိုတွန်းရွှေ့ခဲ့သူများက ကောင်းကင်တမန်များ ဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဤအလုပ်ကို ကိုယ်တိုင်ကိုယ်ကျ မလုပ်ဆောင်ခဲ့ပေ။ ကောင်းကင်တမန်များကသာ ဤအလုပ်မျိုးကို လုပ်ဆောင်ခဲ့သည်။ ဘုရားသခင်သည် ၎င်းတို့အပေါ် မည်သည့် ဩဇာအာဏာမျှ လုံးဝ တစ်ဖန် အပ်နှင်းမည်မဟုတ်သည့်အတွက်၊ ၎င်းတို့သည် ထောက်ပံ့ပေးသည့် အခန်းကဏ္ဍ၌သာ ပါဝင်ခဲ့ကြသော်လည်း၊ မည်သည့် ဩဇာအာဏာမျှ မရှိခဲ့ကြပေ။ အချိန်တစ်ချို့ကြာ အလုပ်လုပ်ပြီးသည့်နောက်၊ ကမ္ဘာမြေပေါ် ဘုရားသခင် အသုံးပြုခဲ့သည့် လူတို့သည် ဘုရားသခင်၏ နေရာကို ယူကြပြီး၊ “ငါသည် စကြဝဠာကို ကျော်လွန်ချင်သည်။ တတိယကောင်းကင်၌ ငါရပ်ချင်သည်။ အချုပ်အခြာ အာဏာဖြင့် စိုးစံသည့်ကာလကို ငါတို့ ရချင်သည်။” ဟု ဆိုကြသည်။ ရက်အချို့ကြာ အလုပ်လုပ်ပြီးသည့်နောက်တွင် ၎င်းတို့ မာနထောင်လွှားလာကြပေမည်။ ၎င်းတို့သည် ကမ္ဘာမြေပေါ်တွင် အချုပ်အခြာ အခွင့်အာဏာကို ပိုင်ဆိုင်ချင်ခဲ့ကြသည်၊ နောက်ထပ် တိုင်းနိုင်ငံကို ထူထောင်ချင်ခဲ့ကြပြီး၊ အရာခပ်သိမ်းကို ၎င်းတို့၏ ခြေအောက်တွင် ရှိစေချင်ကြပြီး၊ တတိယကောင်းကင်ဘုံတွင် ရပ်တည် ချင်ခဲ့ကြသည်။ သင်သည် ဘုရားသခင် အသုံးပြုသည့် လူတစ်ဦးမျှ ဖြစ်သည်ကို သင် မသိသလော။ တတိယ ကောင်းကင်သို့ သင်မည်သို့ တက်နိုင်မည်နည်း။ ဘုရားသခင်သည် တိတ်ဆိတ်စွာနှင့် ကြွေးကြော်ခြင်း မရှိဘဲ၊ ကမ္ဘာမြေသို့ အမှုပြုရန် ကြွလာပြီးနောက်၊ သူ၏ အမှုကို ခြေလုံလက်လုံဖြင့် ပြီးစီးစေပြီးသည့်နောက် ထွက်ခွာလေသည်။ သူသည် လူသားများ လုပ်ဆောင်သကဲ့သို့၊ အော်ဟစ်ကြွေးကြော်ခြင်း လုံးဝ မပြုဘဲ၊ ထို့ထက် သူ၏ အမှုကို ဆောင်ရွက်ရာတွင် လက်တွေ့ကျလေသည်။ သူသည် ဘုရားကျောင်းထဲသို့ တစ်ကြိမ်တစ်ခါမျှ မဝင်ရောက်သကဲ့သို့၊ “ငါသည် သင်တို့ အားလုံးကို ဖယ်ရှားပစ်မည်။ သင်တို့ကို ငါကျိန်ဆဲပြီး ပြစ်တင်ဆုံးမမည်။” ဟုလည်း မဟစ်အော်ခဲ့ပေ။ သူသည် သူ၏ ကိုယ်ပိုင်အမှုကို ဆက်လက် လုပ်ဆောင်ရုံမျှ လုပ်ဆောင်ပြီး၊ သူ အပြီးသတ်သည်နှင့်တစ်ပြိုင်နက် ထွက်ခွာသွားသည်။ ဖျားနာသူများကို ကုသပေးပြီး နတ်ဆိုးများကို နှင်ထုတ်သူ၊ အခြားသူများကို စင်မြင့်ပေါ်မှ ဩဝါဒပေးသူ၊ ရှည်လျားပြီး ဟိတ်ဟန်များသည့် မိန့်ခွန်းများ ဟောကြားကာ လက်တွေ့မကျသည့် အရာများကို ဆွေးနွေးသူများ ဖြစ်သည့် ဘာသာရေး သင်းအုပ်များ အားလုံးသည် ရိုးတွင်းခြင်ဆီအထိ မာနထောင်လွှားကြပေသည်။ သူတို့သည် ကောင်းကင်တမန်မင်း၏ သားစဉ်မြေးဆက်များသာ ဖြစ်ကြပေသည်။

သူ၏ အနှစ်ခြောက်ထောင် အမှုကို လက်ရှိအချိန်အထိ ဆောင်ရွက်ပြီးသည့်နောက်တွင်၊ ဘုရားသခင်သည် သူ၏ ဆောင်ရွက်ချက် များစွာကို ထုတ်ဖော်ပြနှင့်ပြီးဖြစ်သည်၊ ယင်း၏ အဓိက ရည်ရွယ်ချက်မှာ စာတန်ကို အနိုင်ယူဖို့နှင့် လူသားမျိုးနွယ်အားလုံးထံ ကယ်တင်ခြင်း ဆောင်ကြဉ်းဖို့ ဖြစ်လေပြီးဖြစ်သည်။ သူသည် ကောင်းကင်ဘုံရှိ အရာရာတိုင်း၊ မြေကြီးပေါ်ရှိ အရာရာတိုင်း၊ ပင်လယ်များထဲက အရာရာတိုင်းနှင့် မြေကြီးပေါ်ရှိ ဘုရားသခင်၏ ဖန်ဆင်းခြင်းထဲက နောက်ဆုံး အရာဝတ္ထုတိုင်းအား သူ၏ အနန္တတန်ခိုးကို တွေ့မြင်ခွင့်ပေးဖို့နှင့် သူ၏ ဆောင်ရွက်ချက်များအားလုံးကို မျက်မြင်တွေ့ခွင့်ပေးဖို့ ဤအခွင့်အရေးကို အသုံးပြုလေသည်။ သူသည် သူ၏ လုပ်ဆောင်ချက်များအားလုံးကို လူသားများထံ ထုတ်ဖော်ပြဖို့နှင့် သူ့ကို ချီးမွမ်းနိုင်ကြစေကာ စာတန်ကို အနိုင်ယူရာတွင် သူ၏ ဉာဏ်ပညာကို ချီးမြှောက်နိုင်ကြစေဖို့ သူ၏ စာတန်ကို အနိုင်ယူခြင်းက ပေးသည့် အခွင့်အရေးကို သူ မလွှတ်တမ်း အသုံးချနေသည်။ ကမ္ဘာမြေပေါ်၊ ကောင်းကင်ဘုံနှင့် ပင်လယ်များအတွင်းရှိ အရာအားလုံးသည် ဘုရားသခင်ထံ ဘုန်းအသရေ ဆောင်ကြဉ်းကြသည်၊ သူ၏အနန္တတန်ခိုးကို ချီးမွမ်းကြပြီး၊ သူ၏လုပ်ဆောင်ချက်တစ်ခုစီတိုင်းကို ချီးမွမ်းကာ သူ၏သန့်ရှင်းသည့် အမည်နာမကို ဟစ်ကြွေးကြလေသည်။ ဤအရာသည် စာတန်ကို သူ၏ အနိုင်ယူခြင်း သက်သေဖြစ်သည်။ ယင်းမှာ စာတန်ကို သူ၏ ချေမှုန်းခြင်း သက်သေဖြစ်သည်။ ပိုပြီးအရေးကြီးသည်မှာ၊ ယင်းသည် လူသားမျိုးနွယ်နှင့်ဆိုင်သည့် သူ၏ ကယ်တင်ခြင်း သက်သေ ဖြစ်သည်။ ဘုရားသခင်၏ ဖန်ဆင်းခြင်းတစ်ရပ်လုံးသည် သူ့ထံ ဘုန်းအသရေ ဆောင်ကြဉ်း၏၊ သူ၏ရန်သူကို အနိုင်ယူခြင်းနှင့် အောင်နိုင်လျက် ပြန်လာခြင်းအတွက် သူ့ကို ချီးမွမ်းကြပြီး၊ ကြီးမြတ်သည့် အောင်နိုင်သော ရှင်ဘုရင်အဖြစ် သူ့ကို ချီးကျူးထောမနာပြုကြလေသည်။ သူ၏ ရည်ရွယ်ချက်သည် စာတန်ကို ချေမှုန်းရုံမျှ မဟုတ်၊ ယင်းမှာ အနှစ်ခြောက်ထောင်ကြာ သူ၏ အမှု ဆက်လက် လုပ်ဆောင်ရသည့် အကြောင်းရင်း ဖြစ်သည်။ သူသည် လူသားမျိုးနွယ်ကို ကယ်တင်ဖို့ စာတန်၏ ရှုံးနိမ့်မှုကို အသုံးပြုသည်။ သူသည် သူ၏ဆောင်ရွက်မှုများ အားလုံးနှင့် သူ၏ဘုန်းအသရေ အားလုံးတို့ကို ထုတ်ဖော်ပြဖို့ စာတန်၏ ရှုံးနိမ့်မှုကို အသုံးပြုသည်။ သူသည် ဘုန်းအသရေကို ရရှိလိမ့်မည်ဖြစ်ပြီး၊ ကောင်းကင်တမန် အသင်္ချေအားလုံးသည် သူ၏ဘုန်းအသရေအားလုံးကို မြင်ကြရလိမ့်မည် ဖြစ်သည်။ ကောင်းကင်ဘုံရှိ စေတမန်များ၊ ကမ္ဘာမြေပေါ်ရှိ လူသားများနှင့် ကမ္ဘာပေါ်ရှိ ဖန်ဆင်းခြင်းအရာများ အားလုံးသည် ဖန်ဆင်းရှင်၏ ဘုန်းအသရေကို မြင်ကြရလိမ့်မည်။ ဤသည်မှာ သူလုပ်ဆောင်သည့် အမှုဖြစ်သည်။ ကောင်းကင်ဘုံနှင့် မြေကြီးပေါ်ရှိ သူ၏ ဖန်ဆင်းခြင်းအားလုံးသည် သူ၏ဘုန်းအသရေကို မျက်မြင်တွေ့လိမ့်မည် ဖြစ်ပြီး၊ စာတန်ကို အပြတ်အသတ် အနိုင်ယူပြီးသည့်နောက်တွင် သူသည် အောင်နိုင်လျက် ပြန်လာလိမ့်မည် ဖြစ်ပြီး၊ လူသားမျိုးနွယ်ကို သူ့အား ချီးမွမ်းခွင့်ပေးမည် ဖြစ်ကာ၊ ထိုသို့ဖြင့် သူ၏ အမှုတွင် နှစ်ဆသော အောင်မြင်မှုကို စွမ်းဆောင်ရရှိလိမ့်မည် ဖြစ်သည်။ အဆုံးတွင် လူသားမျိုးနွယ် အားလုံးသည် သူ၏ သိမ်းပိုက်ခြင်းခံရကြလိမ့်မည် ဖြစ်ပြီး၊ ခုခံသည့်သူ သို့မဟုတ် ပုန်ကန်သူ မည်သူမဆိုကို သူဖယ်ရှားပစ်မည် ဖြစ်သည်။ တစ်နည်းအားဖြင့် စာတန်နှင့် သက်ဆိုင်သည့် သူအားလုံးကို သူဖယ်ရှားပစ်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ ဆောင်ရွက်မှု များစွာကို လတ်တလောတွင် မျက်မြင်တွေ့ကြုံနေရသော်လည်း၊ သင်သည် ခုခံဆဲဖြစ်သည်၊ ပုန်ကန်တတ်ဆဲဖြစ်ပြီး ကျိုးနွံနာခံခြင်း မရှိပေ။ သင်သည် သင်၏ အတွင်းတွင် အမှုအရာများစွာ သိုထားပြီး၊ သင် ဆန္ဒရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်သည်။ သင်၏ ကိုယ်ပိုင် တပ်မက်မှုများနှင့် နှစ်သက်မှုတို့နောက် သင်လိုက်သည်။ ဤသည်မှာ ပုန်ကန်ခြင်းနှင့် ခုခံခြင်းသာ ဖြစ်သည်။ ဇာတိပကတိနှင့် မိမိ၏တပ်မက်မှုများ အတွက်အပြင်၊ မိမိ၏ နှစ်သက်မှုများအတွက်၊ လောကနှင့် စာတန်အတွက်၊ ဘုရားသခင်၌ ယုံကြည်ခြင်းသည် ညစ်ညမ်း၏။ ယင်းသည် သဘာဝအားဖြင့် ခုခံကာ ပုန်ကန်တတ်ပေသည်။ ယနေ့ခေတ်တွင် မတူညီသည့် ယုံကြည်မှု မျိုးစုံရှိသည်- အချို့သည် ကပ်ဘေးများမှ အကွယ်အကာကို ရှာပြီး၊ အခြားသူတို့က ကောင်းချီးမင်္ဂလာများ ရရှိရန် ကြိုးစားကြသည်။ အချို့က နက်နဲသောအရာများကို နားလည်ရန် ဆန္ဒရှိကြစဉ်တွင်၊ အချို့က ငွေကို ရှာဖွေနေကြဆဲ ဖြစ်သည်။ ဤအရာများအားလုံးသည် ခုခံခြင်းပုံစံများ ဖြစ်ပြီး၊ ယင်းတို့အားလုံးသည် ပြစ်မှားစော်ကားခြင်း ဖြစ်သည်။ ခုခံသည် သို့မဟုတ် ပုန်ကန်သည်ဟု ပြောဖို့မှာ- ယင်းသည် ထိုသို့သော အပြုအမူများကို ရည်ညွှန်းသည် မဟုတ်လော။ ယနေ့ခေတ်တွင် လူများစွာသည် ညည်းကြသည်၊ စောဒကတက်ကြသည် သို့မဟုတ် အကဲဖြတ်ဝေဖန်မှုများ ပြုကြလေသည်။ ယင်းတို့အားလုံးကို ဆိုးယုတ်သူများက လုပ်ဆောင်ခြင်း ဖြစ်သည်။ ၎င်းတို့သည် လူသား ခုခံမှုနှင့် ပုန်ကန်မှုတို့၏ ဥပမာများ ဖြစ်ကြသည်။ ဤသို့သော လူများသည် စာတန်၏ ဝင်ပူးခြင်းခံရကာ နေရာယူခြင်းခံရပေသည်။ ဘုရားသခင် ရရှိထားသည့် သူများသည် သူ့ကို လုံးဝ ကျိုးနွံနာခံကြသူများ ဖြစ်သည်။ ၎င်းတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သော်လည်း၊ ဘုရားသခင်၏ လတ်တလော အမှုအားဖြင့် ကယ်တင်ခြင်းခံရပြီး သိမ်းပိုက်ခြင်းခံရပြီး ဖြစ်သူများ၊ အတိဒုက္ခကို ကြံ့ကြံ့ခံကြပြီးဖြစ်ကာ အဆုံးတွင် ဘုရားသခင်၏ လုံးဝ ရရှိခြင်းခံရပြီး ဖြစ်သူများ၊ စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်မရှင်တော့သူများ၊ မဖြောင့်မတ်ခြင်းမှ လွတ်မြောက်သွားပြီး ဖြစ်သူများနှင့် သန့်ရှင်းခြင်းကို အသက်ရှင်နေထိုင်ရန် လိုလားနေကြသူများ ဖြစ်သည်- ထိုသို့သောသူများသည် အသန့်ရှင်းဆုံးသော လူများဖြစ်သည်။ ၎င်းတို့သည် ဧကန်အမှန် သန့်ရှင်းသူများ ဖြစ်ကြသည်။ သင်၏ လက်တလော အပြုအမူများသည် ဘုရားသခင်၏ သတ်မှတ်ချက်များ တစ်စိတ်တစ်ဒေသနှင့်ပင် မကိုက်ညီပါက၊ သင်သည် သုတ်သင်ပယ်ရှင်း ခံရမည် ဖြစ်သည်။ ဤအရာကို မငြင်းနိုင်ပေ။ အရာရာတိုင်းသည် ယခု ဖြစ်ပျက်သည့်အရာအပေါ် မူတည်သည်။ သင်သည် ကြိုတင် ခွဲခန့်မှတ်သားထားခြင်း ခံရကာ ရွေးချယ်ခံရပြီးဖြစ်သော်လည်း၊ ယနေ့ သင်၏ အပြုအမူများသည် သင်၏ရလဒ်များကို အဆုံးအဖြတ်ပေးနေဆဲ ဖြစ်သည်။ သင်သည် ယခု အမီမလိုက်နိုင်ပါက၊ သုတ်သင်ဖယ်ရှင်းခြင်း ခံရမည်ဖြစ်သည်။ သင်သည် ယခု အမီမလိုက်နိုင်ပါက၊ နောက်တွင် မည်သို့ အမီလိုက်နိုင်မည်နည်း။ ထိုသို့သော ကြီးမားသည့် နိမိတ်လက္ခဏာတစ်ခု သင်၏ရှေ့တွင် ပေါ်ထွန်းပြီး ဖြစ်သော်လည်း၊ သင်သည် မယုံကြည်သေး။ သို့ဆိုလျှင် ဘုရားသခင်သည် သူ၏အမှုကို အပြီးသတ်ပြီး နောက်ထပ် ထိုသို့သော အမှုကို လုပ်ဆောင်လိမ့်မည် မဟုတ်သည့်အချိန်၊ နောက်ပိုင်းတွင် ဘုရားသခင်ကို သင် မည်သို့ ယုံကြည်မည်နည်း။ ထိုအချိန်အရောက်တွင်၊ သင့်အတွက် သူ့နောက်လိုက်ဖို့ သာ၍ပင် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ နောက်ပိုင်းတွင် ဘုရားသခင်သည် သင်သည် အပြစ်ရှိ မရှိ သို့မဟုတ် ဖြောင့်မတ်ခြင်း ရှိ မရှိကို ဆုံးဖြတ်ရန်၊ သင်သည် စုံလင်ခံရမည် သို့မဟုတ် သုတ်သင်ဖယ်ရှင်းခြင်းခံရမည်ကို ဆုံးဖြတ်ရန်၊ လူ့ဇာတိခံ ဘုရားသခင်၏ အမှုအပေါ် သင်၏ သဘောထား၊ သင်၏ အသိပညာတို့ အပေါ်နှင့် သင်၏ အတွေ့အကြုံအပေါ် ဘုရားသခင် အမှီပြုလိမ့်မည် ဖြစ်သည်။ သင် ယခု ရှင်းရှင်းလင်းလင်း မြင်ရမည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုသို့ အလုပ်လုပ်၏။ သူသည် သင်၏ ရလဒ်ကို ယနေ့ သင်၏ အပြုအမူ အတိုင်း ဆုံးဖြတ်သည်။ ယနေ့၏ နှုတ်ကပတ်တော်များကို မည်သူ ပြောသနည်း။ ယနေ့၏ အမှုကို မည်သူပြုသနည်း။ ယနေ့ သင် သုတ်သင်ဖယ်ရှင်းခြင်းခံရမည်ကို မည်သူ ဆုံးဖြတ်သနည်း။ သင့်ကို စုံလင်စေရန် မည်သူ ဆုံးဖြတ်သနည်း။ ဤသည်မှာ ငါကိုယ်တိုင် ပြုသည့်အရာ မဟုတ်လော။ ဤနှုတ်ကပတ်တော်များကို ပြောသူမှာ ငါ ဖြစ်သည်။ ထိုသို့သော အမှုကို ဆောင်ရွက်သူမှာ ငါ ဖြစ်သည်။ လူများကို ကျိန်ဆိုခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ငါ၏အမှုနှင့်ဆိုင်သည့် အစိတ်အပိုင်း အားလုံးဖြစ်သည်။ အဆုံးတွင်၊ သင့်ကို ဖယ်ရှားရန်မှာလည်း ငါ၏ သဘောအတိုင်း ဖြစ်လိမ့်မည်။ ဤအရာအားလုံးသည် ငါ၏ အရေးကိစ္စဖြစ်သည်။ သင့်ကို စုံလင်စေခြင်းသည် ငါ၏အရေးကိစ္စ ဖြစ်ပြီး၊ ကောင်းချီးမင်္ဂလာများကို သင့်အား မွေ့လျော်ခံစားခွင့် ပေးခြင်းသည်လည်း ငါ၏ အရေးကိစ္စဖြစ်သည်။ ဤအရာအားလုံးသည် ငါ လုပ်ဆောင်သည့် အမှု ဖြစ်သည်။ သင်၏ ရလဒ်များကို ယေဟောဝါက ကြိုတင်ခွဲခန့် မှတ်သားထားခြင်း မဟုတ်ခဲ့ပေ။ ယင်းကို ယနေ့ ဘုရားသခင်က ခွဲခြားသတ်မှတ်ထားခြင်း ဖြစ်သည်။ ယခု ခွဲခြားသတ်မှတ်ထားခြင်းဖြစ်သည်။ ယင်းမှာ လောကကြီးကို မဖန်ဆင်းမီ အချိန်ကြာမြင့်စွာကတည်းက ခွဲခန့်သတ်မှတ်ထားခဲ့ခြင်း မဟုတ်ပေ။ အချို့ အဓိပ္ပာယ် မရှိသည့်လူများက၊ “သင်၏ မျက်လုံး တစ်ခုခုမှားနေခြင်း ဖြစ်ကောင်းဖြစ်မည်။ သင်က ကျွန်ုပ်ကို သင် မြင်သင့်သည့်အတိုင်း မမြင်။ အဆုံး၌ ဝိညာဉ်တော်က ထုတ်ဖော်ပြသည့် အရာကိုသာ သင် မြင်လိမ့်မည်။” ဟု ပြောကြသည်။ ယေရှုသည် မူလက ယုဒကို သူ၏တပည့်တော်အဖြစ် ရွေးချယ်ခဲ့သည်။ လူတို့က၊ “သူ့ကို သစ္စာဖောက်မည့် တပည့်တော်ကို မည်သို့များ သူ ရွေးချယ်နိုင်ခဲ့သနည်း။” ဟု မေးကြသည်။ အစတွင် ယုဒသည် ယေရှုကို သစ္စာဖောက်ခြင်းနှင့်ဆိုင်သည့် ရည်ရွယ်ချက် မရှိခဲ့ပေ။ ဤသည်မှာ နောက်မှသာ ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်တွင် ယေရှုသည် ယုဒကို အတော်အတန် မျက်နှာသာပေးခဲ့သည်။ သူသည် လူသားကို သူ့နောက်လိုက်စေခဲ့ပြီး ၎င်းတို့၏ ငွေရေးကြေးရေး ကိစ္စများအပေါ် သူ့ကို တာဝန်ပေးခဲ့ပြီးဖြစ်သည်။ ယုဒသည် ပိုက်ဆံကို အလွဲသုံးစား လုပ်မည်ဆိုတာကိုသာ ယေရှုသိခဲ့ပါက၊ ထိုသို့သော အရေးကိစ္စများကို သူ့အား လုံးဝ ကွပ်ကဲစီမံစေရစ်ခဲ့မည် မဟုတ်ပေ။ ယင်းမှာ ယေရှုသည် ဤလူက မရိုးဖြောင့်ဘဲ လှည့်စားတတ်သည်၊ သို့မဟုတ် သူသည် သူ၏ ညီအစ်ကို မောင်နှမများကို လိမ်လည်မည်ဆိုသည်ကို မူလက မသိခဲ့ဟု ဆိုနိုင်သည်။ နောက်ပိုင်းတွင် ယုဒသည် အချိန်အတော်ကြာ ယေရှုနောက် လိုက်ပြီးနောက်တွင်၊ ယေရှုက သူသည် သူ၏ ညီအစ်ကို မောင်နှမများနှင့် ဘုရားသခင်တို့ကို မြှောက်ထိုးပင့်ကော် လုပ်သည်ကို မြင်ခဲ့သည်။ ယုဒသည် ပိုက်ဆံအိတ်ထဲက ပိုက်ဆံများကို အမြဲ ယူတတ်သည့် အကျင့်တစ်ခု ရှိသည်ကိုလည်း လူများက သိရှိခဲ့ကြပြီး ယေရှုကို ထိုအကြောင်း ပြောပြခဲ့ကြသည်။ ဖြစ်ပျက်နေသည့် အရာရာတိုင်းကို ယေရှု သိလာခဲ့သည်မှာ ထိုအခါမှသာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယေရှုသည် ကားစင်တင်ခံရခြင်း အမှုကို ဆောင်ရွက်ဖို့ ဖြစ်ခဲ့ပြီး၊ သူ့ကို သစ္စာဖောက်မည့်သူ တစ်စုံတစ်ဦး လိုအပ်ခဲ့သောကြောင့်ဖြစ်ပြီး၊ အကြောင်းအားလျော်စွာ ယုဒသည် ဤအခန်းကဏ္ဍကို ဆောင်ရွက်ဖို့ သင့်တော်သည့် လူ ဖြစ်ခဲ့သောကြောင့်၊ သခင်ယေရှုက “သင်တို့အထဲမှ တစ်ယောက်သည် ငါ့ကို သစ္စာဖောက် လိမ့်မည်။ လူသားသည် ကားစင်တင်ခံရရန် ဤသစ္စာဖောက်မှုကို အသုံးပြုလိမ့်မည် ဖြစ်ပြီး သုံးရက် မြောက်သောနေ့တွင် ရှင်ပြန် ထမြောက်လိမ့်မည်။” ဟု ပြောခဲ့သည်။ ထိုအချိန်တွင် ယေရှုသည် သူ့ကို သစ္စာဖောက်စေဖို့အလို့ငှာ ယုဒကို အမှန်တကယ် ရွေးချယ်ခဲ့ခြင်း မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ယုဒသည် သစ္စာရှိသည့် တပည့်တစ်ဦး ဖြစ်မည်ဟု သူ မျှော်လင့်ခဲ့သည်။ မမျှော်လင့်ဘဲနှင့် ယုဒသည် သခင်ကို သစ္စာဖောက်ခဲ့သည့် မတော်လောဘရှိသော အကျင့်ပျက်သူတစ်ဦး ဖြစ်သွားခဲ့သည်၊ ထို့ကြောင့် ယေရှုသည် ဤအမှုအတွက် ယုဒကို ရွေးချယ်ရန် ဤအခြေအနေကို အသုံးပြုခဲ့လေသည်။ ယေရှု၏ တပည့် တစ်ဆယ့်နှစ်ယောက်လုံးသည် သစ္စာစောင့်သိခဲ့ပြီး၊ ၎င်းတို့ထဲ၌ ယုဒကဲ့သို့ မည်သူမျှမရှိခဲ့ပါက၊ နောက်ဆုံးတွင် ယေရှုကို သစ္စာဖောက်မည့်လူသည် တပည့်များထဲမှ မဟုတ်ခဲ့သည့်သူ တစ်စုံတစ်ဦး ဖြစ်ခဲ့ပေမည်။ သို့သော်လည်း ထိုအချိန်တွင် အကြောင်းအားလျော်စွာ တံစိုးလက်ဆောင်များ ရယူခြင်းကို နှစ်သက်သည့် လူတစ်ဦး- ယုဒ- တပည့်တော်များထဲတွင် ရှိနေခဲ့သည်။ ထို့ကြောင့် ယေရှုသည် သူ၏အမှုကို ပြီးစီးဖို့ ဤလူကို အသုံးပြုခဲ့သည်။ ဤသည်မှာ ရိုးရှင်းလိုက်လေစွတကား။ ယေရှုသည် သူ၏အမှု အစ၌ ဤအရာကို ကြိုတင်ခွဲခန့်မှတ်သားထားခဲ့ခြင်း မရှိခဲ့ပေ။ အမှုအရာများသည် အခြေအနေတစ်ခုထိ ဖြစ်ပေါ်သည့်အခါမှသာ သူသည် ဤဆုံးဖြတ်ချက်ကို ပြုခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ ယေရှု၏ ဆုံးဖြတ်ချက် ဖြစ်သည်၊ ယင်းမှာ ဘုရားသခင်၏ ဝိညာဉ်တော် ကိုယ်တိုင်၏ ဆုံးဖြတ်ချက် ဖြစ်ခဲ့သည်ဟု ဆိုရပေမည်။ မူလတွင် ယုဒကို ရွေးချယ်ခဲ့သူသည် ယေရှုဖြစ်သည်။ ယုဒသည် ယေရှုကို နောက်ပိုင်း သစ္စာဖောက်ခဲ့သည့် အချိန်တွင်၊ ဤသည်မှာ သူ၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်း ပေးရန်အလို့ငှာ၊ သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်ခဲ့သည့် အရာတစ်ခု ဖြစ်ခဲ့သည်။ ထိုအချိန်က ဆောင်ရွက်ခဲ့သည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ဖြစ်သည်။ ယေရှုသည် ယုဒကို ရွေးချယ်ခဲ့ပြီးချိန်တွင်၊ ယုဒက သူ့ကို သစ္စာဖောက်မည်ကို သူမသိခဲ့ပေ။ ထိုလူသည် ယုဒရှကာရုတ် ဖြစ်သည်ဟုသာ သူ သိခဲ့သည်။ သင်တို့၏ ရလဒ်များသည်လည်း ယနေ့ သင်တို့၏ ကျိုးနွံနာခံမှု အဆင့်အတိုင်းနှင့် သင်တို့ အသက်တာ၏ ကြီးထွားမှုအဆင့် အတိုင်း သတ်မှတ်ထားခြင်းဖြစ်သည်၊ သင်တို့၏ ရလဒ်များကို လောကကြီးကို ဖန်ဆင်းခြင်းတွင် ကြိုတင် ခွဲခန့်မှတ်သား ထားခဲ့သည်ဆိုသည့် လူသားအယူအဆ တစ်ခုတစ်လေအတိုင်း သတ်မှတ်ထားသည် မဟုတ်ပေ။ သင်သည် ဤအရာများကို ရှင်းရှင်းလင်းလင်း သိမြင်ရမည်။ ဤအမှုထဲမှ မည်သည့်အရာကိုမျှ ဖြစ်ဖို့ သင်စိတ်ကူးသကဲ့သို့ လုပ်ဆောင်ထားသည် မဟုတ်ပေ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။