ပေါလု၏ သဘာဝ အနှစ်သာရကို ခွဲခြားသိမြင်နည်း (အပိုင်း နှစ်)
ပေါလုတွင် နောက်ထပ်ထင်ရှားသော စကားတစ်ခုရှိသည်။ အဘယ်နည်း။ (“အသက်ရှင်သည့်အရာမှာ ခရစ်တော်ဖြစ်၏။ သေလျှင်မူကား၊ သာ၍အကျိုးရှိ၏။” (ဖိလိပ္ပိ သြဝါဒစာ ၁:၂၁) ဖြစ်ပါသည်။) သူသည် သခင်ယေရှုခရစ်တော်၏ ပင်ကိုလက္ခဏာကိုလည်းကောင်း၊ သခင်ယေရှုခရစ်တော်သည် ကမ္ဘာမြေပေါ်တွင် နေထိုင်နေသည့် လူ့ဇာတိခံ ဘုရားသခင် ဖြစ်သည်ကိုလည်းကောင်း၊ သို့မဟုတ် သခင်ယေရှုခရစ်တော်သည် ဘုရားသခင်၏ ပြယုဂ်ဖြစ်သည်ဟူသည့် အမှန်တရားကိုလည်းကောင်း အသိအမှတ်မပြုပေ။ ယှဉ်ကြည့်လျှင် ပေါလုသည် သူ့ကိုယ်သူ ခရစ်တော်အဖြစ် မြင်ခဲ့သည်။ ဤသည်မှာ ရွံစရာကောင်းသည် မဟုတ်လော။ (ဟုတ်ပါသည်။) ရွံစရာကောင်းပြီး ဤပြဿနာ၏ အနှစ်သာရသည် အလွန်ဆိုးရွားသည်။ ပေါလု၏ စိတ်တွင် အတိအကျ မည်သူက ခရစ်တော် ဖြစ်သနည်း။ သူ၏ ပင်ကိုလက္ခဏာမှာ အဘယ်နည်း။ ပေါလုသည် ခရစ်တော်ဖြစ်ခြင်းကို အဘယ်သို့ အလွန်စွဲလမ်းနေသနည်း။ ပေါလု၏ စိတ်တွင် ခရစ်တော်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည့် သာမန်လူတစ်ယောက်၊ သို့မဟုတ် ထူးခြားမှုမရှိသော အခန်းကဏ္ဍတွင် ပါဝင်သော ထင်ရှားမှုမရှိသော၊ တန်ခိုးမရှိသော၊ မြင့်မြတ်သည့် ပင်ကိုလက္ခဏာမရှိသော၊ သာမန်လူများကို ကျော်လွန်သည့် အရည်အချင်း၊ သို့မဟုတ် ကျွမ်းကျင်မှုများ မရှိသောသူတစ်ယောက်ဖြစ်လျှင် ပေါလုသည် ခရစ်တော်ဖြစ်လိုဦးမည်လော။ (ဖြစ်လိုမည်မဟုတ်ပါ။) အသေအချာပင် ဖြစ်လိုမည်မဟုတ်။ သူသည် သူ့ကိုယ်သူ ပညာတတ်အဖြစ် ထင်မြင်ပြီး သာမန်လူတစ်ဦး မဖြစ်လိုပေ။ သူသည် မဟာလူသား၊ ကြီးမြတ်သောလူဖြစ်လိုသည်။ ပြီးလျှင် အခြားလူတို့ထက် သာလွန်လိုသည်။ အခြားလူများက နှိမ့်ချပြီး ထင်ရှားမှုမရှိဟု သတ်မှတ်သည့် ခရစ်တော်ဖြစ်ရန် သူသည် အဘယ်သို့ ဆန္ဒရှိသနည်း။ ဤအရာကို ထောက်ဆလျှင် ပေါလု၏ စိတ်နှလုံး၌ ခရစ်တော်သည် မည်သည့်အဆင့်အတန်းနှင့် အခန်းကဏ္ဍတွင် ရှိသနည်း။ လူတစ်ယောက်သည် ခရစ်တော်ဖြစ်ရန် မည်သည့်ပင်ကိုလက္ခဏာနှင့် အဆင့်အတန်း ရှိရမည်နည်း။ မည်သည့် ဩဇာအာဏာ၊ တန်ခိုးနှင့် ဟန်ပန်အမူအရာကို ပြသရမည်နည်း။ ဤသည်မှာ ခရစ်တော်၏ဖြစ်ခြင်းကို ပေါလုက စိတ်ကူးသည့်အရာကိုလည်းကောင်း၊ ခရစ်တော်နှင့်ပတ်သက်ပြီး သူသိသည့်အရာကိုလည်းကောင်း၊ ဆိုလိုသည်မှာ ခရစ်တော်ကို သူ အဓိပ္ပာယ် သတ်မှတ်သည့်ပုံစံကိုလည်းကောင်း ဖော်ထုတ်ပြသည်။ ဤအတွက်ကြောင့် ပေါလုက ခရစ်တော်ဖြစ်ရန် ရည်မှန်းချက်နှင့် လိုအင်ဆန္ဒရှိခြင်း ဖြစ်သည်။ ပေါလုက အဘယ်ကြောင့်ခရစ်တော်ဖြစ်လိုသည်ဆိုသည့် အကြောင်းရင်းတစ်ခု ရှိပြီး ယင်းကို သူ၏စာများတွင် တစ်ဝက်တစ်ပျက် ထုတ်ဖော်ပြထားသည်။ အကြောင်းအရာအချို့ကို ငါတို့ စိစစ်ကြစို့။ သခင်ယေရှုက အမှုပြုနေသောအခါတွင် ခရစ်တော်အဖြစ် သူ၏ ပင်ကိုလက္ခဏာကို ကိုယ်စားပြုသည့် အရာအချို့ကို သူလုပ်ဆောင်ခဲ့သည်။ ဤအရာများသည် ခရစ်တော်၏ ပင်ကိုလက္ခဏာက ပိုင်ဆိုင်သည်ဟု ပေါလုမြင်သည့် သင်္ကေတများနှင့် အယူအဆများဖြစ်သည်။ ဤသည်တို့မှာ မည်သည့်အရာများ ဖြစ်သနည်း။ (နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ပြသခြင်းဖြစ်သည်။) အမှန်ပင်ဖြစ်သည်။ ထိုအရာများမှာ ခရစ်တော်က လူတို့၏ ရောဂါများကို ကုသပေးခြင်း၊ မကောင်းဆိုးဝါးများကို နှင်ထုတ်ခြင်း၊ နိမိတ်လက္ခဏာများ၊ အံ့ဖွယ်အမှုများ၊ ထူးဆန်းသောတန်ခိုးများ ပြသခြင်းတို့ ဖြစ်ကြသည်။ သခင်ယေရှုသည် ခရစ်တော်ဖြစ်သည်ဟု ပေါလုက ဝန်ခံခဲ့သော်လည်း ယင်းမှာ သခင်ယေရှုပြသခဲ့သည့် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကြောင့်သာ ဖြစ်သည်။ ထို့ကြောင့် ပေါလုက သခင်ယေရှု၏ ဧဝံဂေလိကို ဖြန့်သောအခါ သခင်ယေရှုပြောဆိုသည့် စကားများအကြောင်း၊ သို့မဟုတ် သူဟောကြားခဲ့သည့်အရာများကို လုံးဝ မပြောခဲ့ပေ။ မယုံကြည်သူတစ်ဦးဖြစ်သည့် ပေါလု၏ အမြင်တွင် ခရစ်တော်က အမှုအရာများစွာကို ပြောဆိုနိုင်သည့်၊ များစွာ တရားဟောနိုင်သည့်၊ အမှုများစွာကို ပြုနိုင်သည့်၊ လူများစွာကို သူ့နောက်သို့လိုက်စေသည့် အချက်က သခင်ယေရှု၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းအပေါ် ဂုဏ်တစ်ခုခု ဖြစ်စေသည်။ သူ့တွင် အကန့်အသတ်မရှိသော ဘုန်းကျက်သရေနှင့် မြင့်မြတ်ခြင်းရှိပြီး ဤသို့ဖြင့် လူများကြားတွင် သခင်ယေရှု၏ အဆင့်အတန်းက အထူးပင်ကြီးမားကာ ထင်ရှားကျော်ကြားမှုရရှိစေသည်။ ဤသည်မှာ ပေါလုမြင်ခဲ့သည့်အရာ ဖြစ်သည်။ အမှုပြုနေစဉ်တွင် သခင်ယေရှု ပြသပြီး ထုတ်ဖော်ခဲ့သည့်အရာမှ၊ ထို့အပြင် သူ၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရမှ ပေါလုမြင်ခဲ့သည့်အရာမှာ ဘုရားသခင်၏ အနှစ်သာရ၊ သမ္မာတရား၊ လမ်းခရီး၊ သို့မဟုတ် အသက် မဟုတ်သကဲ့သို့ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်း၊ သို့မဟုတ် ဉာဏ်ပညာလည်း မဟုတ်ပေ။ ပေါလုက မည်သည့်အရာကို မြင်ခဲ့သနည်း။ ခေတ်သစ်စကားအသုံးအနှုန်းကို အသုံးပြုရလျှင် သူမြင်ခဲ့သည့်အရာမှာ လျှမ်းလျှမ်းတောက်အောင်မြင်သော ကျော်ကြားမှုဖြစ်ပြီး သူသည် သခင်ယေရှု၏ အမာခံပရိတ်သတ်ဖြစ်လိုသည်။ သခင်ယေရှုစကားပြောသောအခါ၊ သို့မဟုတ် အမှုပြုသောအခါ လူများစွာ နားထောင်ကြသည်။ ထိုအရာမှာ ဘုန်းကျက်သရေရှိလိုက်လေခြင်းပါတကား။ ဤသည်မှာ ပေါလုက ကြာရှည်စွာ စောင့်ဆိုင်းခဲ့သော အရာတစ်ခု ဖြစ်သည်။ ဤအခိုက်အတန့်ရောက်ရှိလာခြင်းကို သူတပ်မက်ခဲ့သည်။ လူများစွာတို့သည် မမှိတ်မသုန်အာရုံစိုက်လျက်၊ ၎င်းတို့၏မျက်လုံးများတွင် လေးစားမှု၊ တောင့်တမှုများဖြင့် သခင်ယေရှု၏ နောက်သို့လိုက်လိုခြင်းဖြင့် ကြည့်ခြင်းခံရသော သခင်ယေရှုကဲ့သို့ အဆုံးမဲ့ တရားဟောနိုင်သည့်နေ့ရက်ကို သူတောင့်တခဲ့သည်။ ပေါလုသည် သခင်ယေရှု၏ အထင်ကြီးလောက်ဖွယ်ဖြစ်သော ဟန်ပန်အမူအရာကို အလွန့်အလွန် အံ့အားသင့်ခဲ့သည်။ အမှန်တကယ်တွင် သူသည် အမှန်ပင် အလွန့်အလွန် အံ့အားသင့်ခြင်းမဟုတ်ဘဲ လူတို့က အထင်ကြီးလေးစားသည့်၊ အာရုံစိုက်သည့်၊ ပုဂ္ဂိုလ်ရေးကိုးကွယ်သည့်၊ အထင်အမြင်ကြီးသည့် ပင်ကိုလက္ခဏာနှင့် ဟန်ပန်အမူအရာရှိခြင်းကို အားကျခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ သူအားကျခဲ့သည့်အရာ ဖြစ်သည်။ ဤသို့ဆိုလျှင် သူသည် ယင်းကို မည်သို့ရရှိနိုင်သနည်း။ သခင်ယေရှုခရစ်တော်သည် ဤအရာများကို သူ၏ အနှစ်သာရနှင့် ပင်ကိုလက္ခဏာမှတစ်ဆင့် ရရှိခဲ့သည်ဟု သူ မယုံကြည်ဘဲ သူ၏ အမည်ကြောင့်ဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ ထို့ကြောင့် ပေါလုသည် ခရစ်တော်၏ အမည်နာမကို သူခံယူနိုင်သည့် အကျော်အမော်ပုဂ္ဂိုလ်ဖြစ်ရန်၊ နေရာတစ်ခုရှိရန်၊ တောင့်တခဲ့သည်။ ပေါလုသည် ဤသို့သောနေရာကို သူရရှိရန် များစွာ အားစိုက်ထုတ်ခဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) မည်သည့်အားထုတ်မှုများကို လုပ်ဆောင်ခဲ့သနည်း။ သူသည် နေရာတကာတွင် တရားဟောပြီး အံ့ဖွယ်ရာများကိုပင် ပြသသည်။ အဆုံးတွင် သူသည် သူ့ကိုယ်သူ အဓိပ္ပာယ်ဖွင့်ဆိုရန် သူ၏ အတွင်းပိုင်း လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များကို ကျေနပ်စေသည့် စကားတစ်ခွန်းကို အသုံးပြုခဲ့သည်။ သူ့ကိုယ်သူ အဓိပ္ပာယ်ဖွင့်ဆိုရန်အတွက် မည်သည့်စကားကို အသုံးပြုခဲ့သနည်း။ (“အသက်ရှင်သည့်အရာမှာ ခရစ်တော်ဖြစ်၏။ သေလျှင်မူကား၊ သာ၍အကျိုးရှိ၏။”) အသက်ရှင်သည့်အရာမှာ ခရစ်တော်ဖြစ်၏။ ဤသည်မှာ သူဖြစ်မြောက်လိုသည့် အဓိကအရာ ဖြစ်သည်။ သူ၏ အဓိက လိုအင်ဆန္ဒမှာ ခရစ်တော်ဖြစ်ရန် ဖြစ်သည်။ ဤဆန္ဒသည် သူ၏ တစ်ကိုယ်ရေလိုက်စားမှုများနှင့် သူလျှောက်သည့်လမ်းကြောင်းအပေါ်တွင် မည်သည့်ဆက်စပ်မှုရှိသနည်း။ (သူသည် တန်ခိုးအာဏာကို မြတ်နိုးတန်ဖိုးထားသည်။ ပြီးလျှင် လူတို့အား သူ့ကို အထင်ကြီးလေးစားစေရန် အားထုတ်သည်။) ဤသည်မှာ သဘောတရားတစ်ခု ဖြစ်သည်။ အမှန်တရားအချို့ကို သင်ပြောသင့်သည်။ ပေါလုသည် ခရစ်တော်ဖြစ်ရန် သူ၏လိုအင်ဆန္ဒကို လက်တွေ့ကျသောနည်းလမ်းများဖြင့် ပြခဲ့သည်။ သူ့အပေါ် ငါ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် သူပြောခဲ့သည့် စကားတစ်ခွန်းကိုသာ အခြေခံခြင်းမဟုတ်။ သူ့လုပ်ရပ်များ၏ ပုံစံ၊ နည်းလမ်းနှင့် စည်းမျဉ်းများမှနေ၍ သူလုပ်ဆောင်သမျှတိုင်းသည် ခရစ်တော်ဖြစ်ရန် သူ၏ပန်းတိုင်ကို ဗဟိုပြုသည်ကို ငါတို့မြင်နိုင်သည်။ ဤသည်မှာ ပေါလုက အမှုအရာများစွာကို အဘယ်ကြောင့် ပြောဆိုပြီးလုပ်ဆောင်ခဲ့သည်ဆိုသည်၏ အရင်းအမြစ်နှင့် အနှစ်သာရဖြစ်သည်။ ပေါလုသည် ခရစ်တော်ဖြစ်လိုပြီး ဤအရာက သူ၏ လိုက်စားမှုများ၊ အသက်တာတွင်သူ၏လမ်းကြောင်းနှင့် သူ၏ယုံကြည်မှုတို့အပေါ် လွှမ်းမိုးခဲ့သည်။ ဤလွှမ်းမိုးမှုသည် မည်သည့်ပုံစံများဖြင့် ပေါ်လွင်သနည်း။ (ပေါလုသည် သူ၏အလုပ်နှင့် တရားဟောခြင်းအားလုံးတွင် ကြွားဝါပြီး သူ့ကိုယ်သူ သက်သေခံခဲ့သည်။) ဤသည်မှာ တစ်နည်းဖြစ်သည်။ ပေါလုသည် အချိန်တိုင်းတွင် ကြွားဝါသည်။ သူသည် မည်သို့ဒုက္ခခံခဲ့သည်၊ အမှုအရာများကို မည်သို့လုပ်ဆောင်ခဲ့သည်နှင့် သူ၏ ရည်ရွယ်ချက်များက မည်သည့်အရာ ဖြစ်သည်ဆိုသည်တို့ကို လူတို့အား ရှင်းလင်းစွာ သိစေသည်။ ဤသို့ဖြင့် လူတို့က ဤအရာကို ကြားသောအခါ သူသည် ခရစ်တော်နှင့် အတိအကျပင် ဆင်တူသည်ဟု ထင်မြင်ပြီး သူ့အား ခရစ်တော်ဟု အမှန်ပင်ခေါ်လိုရန် ဖြစ်သည်။ ယင်းသည် သူ၏ ပန်းတိုင်ဖြစ်သည်။ လူတို့က သူ့ကို ခရစ်တော်ဟု အမှန်ပင်ခေါ်လျှင် သူသည် ငြင်းဆန်ခဲ့မည်လော။ သူသည် ငြင်းပယ်ခဲ့မည်လော။ (ငြင်းပယ်မည်မဟုတ်ပါ။) အသေအချာပင် ငြင်းပယ်မည်မဟုတ်။ သူသည် အသေအချာပင် အလွန်အမင်း စိတ်လှုပ်ရှားနေလိမ့်မည်။ ဤသည်မှာ သူ၏လိုက်စားမှုအပေါ်တွင်ရှိသည့် လွှမ်းမိုးမှုက ပေါ်လွင်သည့် ပုံစံတစ်ခု ဖြစ်သည်။ အခြားမည်သည့်ပုံစံများရှိသနည်း။ (သူသည် စာများရေးခဲ့သည်။) ဟုတ်သည်။ သူသည် စာအချို့ကို ခေတ်ကာလများတစ်လျှောက် လက်ဆင့်ကမ်းစေရန်အတွက် ရေးခဲ့သည်။ သူ၏စာ၊ အလုပ်နှင့် အသင်းတော်များကို သူထိန်းကျောင်းသည့် လုပ်ငန်းစဉ်တစ်လျှောက်တွင် သခင်ယေရှုခရစ်တော်၏ အမည်နာမကို တစ်ကြိမ်မျှပင် မပြောခဲ့ပေ၊ သို့မဟုတ် သခင်ယေရှုခရစ်တော်၏ အမည်နာမ၌ အမှုအရာများကို မလုပ်ဆောင်ခဲ့ပေ၊ သို့မဟုတ် သခင်ယေရှုခရစ်တော်၏ အမည်နာမကို မချီးမြှောက်ခဲ့ပေ။ သူသည် ဤသို့အစဉ်အလုပ်လုပ်ပြီး စကားပြောခြင်းတွင် မည်သည့်အပျက်သဘောဆောင်သော သက်ရောက်မှု ရှိသနည်း။ ယင်းက သခင်ယေရှုနောက်သို့ လိုက်သောသူများအပေါ် မည်သို့လွှမ်းမိုးခဲ့သနည်း။ ယင်းသည် လူတို့အား သခင်ယေရှုခရစ်တော်ကို ငြင်းပယ်စေပြီး ပေါလုအား သူ၏နေရာကိုယူစေသည်။ သူသည် “သခင်ယေရှုခရစ်တော်သည် မည်သူနည်း။ သူ့အကြောင်းကို ငါတစ်ခါမှ မကြားဖူးပါ။ ပေါလုခရစ်တော်ကို ငါတို့ယုံကြည်သည်” ဟု လူများက မေးသည်ကို တောင့်တသည်။ ဤသို့ဆိုလျှင် သူသည် ပျော်ရွှင်လိမ့်မည်။ ဤသည်မှာ သူ၏ ပန်းတိုင်ဖြစ်ပြီး သူရှာဖွေခဲ့သည့်အရာများထဲမှ တစ်ခုဖြစ်သည်။ ထိုလွှမ်းမိုးမှုက ပေါ်လွင်သည့်ပုံစံတစ်ခုမှာ သူအမှုပြုခဲ့သည့် ပုံစံဖြစ်သည်။ သူသည် အနှစ်မရှိသော အယူအဆများကို တောင်စဉ်ရေမရ ပြောဆိုသည်။ ပြီးလျှင် သူသည် သူ၏အလုပ်တွင် မည်မျှစွမ်းဆောင်နိုင်ပြီး လေးစားအားကျဖွယ် ကောင်းသည်ကိုလည်းကောင်း၊ လူတို့ကို သူမည်မျှ ကူညီခဲ့သည်ကိုလည်းကောင်း၊ သူ့တွင် သခင်ယေရှုခရစ်တော် ပြန်လည်ပေါ်ထွန်းသည့်အလား ဟန်ပန်အမူအရာတစ်ခု ရှိသည်ကိုလည်းကောင်း လူတို့အား မြင်စေရန် အနှစ်မရှိသော သဘောတရားများကို မပြီးမဆုံးနိုင်အောင် ပြောဆိုခဲ့သည်။ လွှမ်းမိုးမှုက ပေါ်လွင်သော အခြားပုံစံတစ်ခုမှာ သူသည် သခင်ယေရှုခရစ်တော်ကို မည်သည့်အခါမျှ မချီးမြှောက်ခဲ့ခြင်း၊ သူ၏ အမည်နာမကို အသေအချာပင် မချီးမြှောက်ခဲ့ခြင်း၊ သို့မဟုတ် သခင်ယေရှုခရစ်တော်၏ စကားများနှင့် အလုပ်၊ သို့မဟုတ် လူတို့သည် ယင်းတို့ထံမှ မည်သို့အကျိုးအမြတ်ရရှိသည်ဆိုသည်တို့ကို သက်သေမခံခဲ့ခြင်းတို့ ဖြစ်ပေသည်။ ပေါလုသည် လူတို့အနေဖြင့် မည်သို့နောင်တရသင့်သည်ဆိုသည်နှင့်ပတ်သက်သော တရားဒေသနာများကို ဟောကြားခဲ့သလော။ ထိုသို့ သေချာပေါက် မလုပ်ဆောင်ခဲ့ပေ။ ပေါလုသည် သခင်ယေရှု ခရစ်တော်လုပ်ဆောင်ခဲ့သောအမှု၊ သူပြောခဲ့သော စကားများ၊ သို့မဟုတ် လူတို့ကို သူသင်ကြားပေးခဲ့သော သမ္မာတရားအားလုံးတို့အကြောင်းကို မည်သည့်အခါမျှ တရားမဟောခဲ့ပေ။ ပေါလုသည် သူ၏ စိတ်နှလုံးတွင် ဤအရာများကို ငြင်းဆန်သည်။ ပေါလုသည် သခင်ယေရှုခရစ်တော် ပြောခဲ့သော စကားများနှင့် လူတို့ကို သွန်သင်ပေးခဲ့သော သမ္မာတရားများကို ငြင်းဆန်ရုံသာမက သူ၏ ကိုယ်ပိုင်စကားများ၊ အလုပ်နှင့် သွန်သင်မှုများကို သမ္မာတရားအဖြစ် သဘောထားခဲ့သည်။ သူသည် သခင်ယေရှု၏ စကားများကို အစားထိုးရန်အတွက် ဤအရာများကို အသုံးပြုခဲ့သည်။ ပြီးလျှင် သူ၏စကားများကို သမ္မာတရားဖြစ်သည့်အလား လူတို့အား လက်တွေ့လုပ်ဆောင်စေပြီး လိုက်နာစေခဲ့သည်။ ဤသရုပ်သကန်များနှင့် ထုတ်ဖော်ပြမှုများကို မည်သည့်အရာက လှုံ့ဆော်ခဲ့သနည်း။ (ခရစ်တော်ဖြစ်ရန် သူ၏ ဆန္ဒဖြစ်သည်။) ယင်းတို့ကို သူ၏ ခရစ်တော်ဖြစ်ရန် ရည်ရွယ်ချက်၊ လိုအင်ဆန္ဒနှင့် ရည်မှန်းချက်တို့က လှုံ့ဆော်ပေးသည်။ ဤသည်မှာ သူ၏ လက်တွေ့လုပ်ဆောင်မှုနှင့် လိုက်စားမှုများဖြင့် နီးကပ်စွာ ဆက်စပ်နေသည်။ ဤသည်မှာ ပေါလု၏ ဆဋ္ဌမအပြစ်ဖြစ်သည်။ ဤသည်မှာ ဆိုးရွားသော အပြစ်ဟုတ်သလော။ (ဟုတ်ပါသည်။) အမှန်တကယ်တွင် သူ၏ အပြစ်အားလုံးသည် ဆိုးရွားသည်။ အားလုံးက သေခြင်းအဓိပ္ပာယ် သက်ရောက်သည်။
ယခုတွင် ပေါလု၏ သတ္တမမြောက်အပြစ်ကို ငါမိတ်သဟာယပြုမည်။ ဤတစ်ခုသည် ပို၍ပင် ဆိုးရွားသည်။ ပေါလုသည် သခင်၏ ခေါ်ဆိုခြင်းကို မခံရမီတွင် သူသည် ဂျူးဘာသာကို ယုံကြည်သူတစ်ဦး ဖြစ်သည်။ ဂျူးဘာသာသည် ယေဟောဝါဘုရားသခင်အပေါ် ယုံကြည်ခြင်း ဖြစ်သည်။ ယေဟောဝါဘုရားသခင်ကို ယုံကြည်သူများတွင် ဘုရားသခင်နှင့်ပတ်သက်ပြီး မည်သည့်အယူအဆရှိသနည်း။ ယင်းမှာ ယေဟောဝါဘုရားသခင်က ၎င်းတို့၏ ဘိုးဘေးများကို အဲဂုတ္တုပြည်မှနေ၍ ကောင်းမွန်သော ခါနာန်ပြည်သို့ ခေါ်ဆောင်သွားသောအခါ၌ ၎င်းတို့၏ ဘိုးဘေးများ ကြုံတွေ့ရသောအရာများ ဖြစ်သည်။ ယေဟောဝါ ဘုရားသခင်က မောရှေထံ ပေါ်ထွန်းပုံ၊ အဲဂုတ္တုပြည်အပေါ် ကပ်ကြီးဆယ်ပါးကို ဆိုက်ရောက်စေပုံ၊ ဣသရေလလူမျိုးများကို ဦးဆောင်ရန် တိမ်တိုက်များနှင့်မီးကို အသုံးပြုပုံနှင့် ၎င်းတို့ကို ပညတ်တော်များ ချပေးပုံ စသည်တို့ ဖြစ်သည်။ ထိုအချိန်က ဂျူးဘာသာကို ယုံကြည်သောသူတို့က ဤအရာများအားလုံးသည် စိတ်ကူးယဉ်၊ အယူအဆများနှင့် ဒဏ္ဍာရီများသက်သက်ဟု ထင်ခဲ့ကြသလော၊ သို့မဟုတ် အမှန်တရားများဟု ထင်ခဲ့ကြသလော။ ထိုအချိန်က ဘုရားသခင်ရွေးချယ်သောလူများနှင့် စစ်မှန်သောနောက်လိုက်များက ကောင်းကင်ဘုံမှ ဘုရားသခင် တည်ရှိပြီး အမှန်တကယ်ရှိသည်ဟု ယုံကြည်ပြီး အသိအမှတ်ပြုခဲ့ကြသည်။ ၎င်းတို့က “ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည့်အချက်က မှန်သည်။ ရှေးယခင်အချိန်မည်မျှက ဖြစ်ပျက်ခဲ့သည်ဖြစ်စေ ဤအချက်က မှန်ကန်လျက်ရှိသည်။ ငါတို့သည် ယင်းကို ယုံကြည်ရမည်သာမကဘဲ သေချာရမည်။ ဤအချက်ကို ဝေမျှရမည်။ ဤသည်မှာ ငါတို့၏တာဝန်နှင့် ငါတို့၏ ဝတ္တရားဖြစ်သည်” ဟု ထင်မြင်ကြသည်။ သို့ရာတွင် မယုံကြည်သူများဖြစ်သည့် အခြားလူအုပ်စုသည် ဤအရာများက ဒဏ္ဍာရီများသာ ဖြစ်ဖို့များသည်ဟု ခံစားမိကြသည်။ မည်သူကမျှ ဤဇာတ်ကြောင်းများကို မှန်မမှန်စစ်ဆေးရန် မကြိုးစားခဲ့ကြ၊ သို့မဟုတ် ယင်းတို့သည် အစစ်အမှန်လော၊ စိတ်ကူးယဉ်လောဆိုသည်ကို သုတေသန မပြုခဲ့ကြပေ။ ၎င်းတို့က ယင်းတို့ကို မယုံတစ်ဝက်၊ ယုံတစ်ဝက်သာ ဖြစ်ခဲ့သည်။ ဘုရားသခင်ကို ၎င်းတို့ လိုအပ်သောအခါ ဘုရားသခင်သည် စစ်မှန်ပြီး ၎င်းတို့လိုက်စားသည့်၊ ဆုတောင်းသည့်၊ တောင့်တသည့်အရာတို့ကို ၎င်းတို့အားပေးနိုင်ဖို့ မျှော်လင့်ကြသည်။ ၎င်းတို့က တစ်စုံတစ်ခုကို ရဖို့ မျှော်လင့်လျက် ဘုရားသခင်ထံ ဆုတောင်းသောအခါ ဤဘုရားသခင် တည်ရှိဖို့ ၎င်းတို့ မျှော်လင့်ခဲ့ကြသည်။ ဤသို့လုပ်ဆောင်ခြင်းအားဖြင့် ၎င်းတို့သည် ဘုရားသခင်ကို စိတ်ဓာတ်ရေးရာ အထောက်အပံ့တစ်ခုအဖြစ်သာ သဘောထားနေကြခြင်း ဖြစ်သည်။ ဘုရားသခင်က လူကို ကယ်တင်သည်ဆိုသည့်အချက်ကို ၎င်းတို့ မမြင်သကဲ့သို့ ဘုရားသခင်ဖော်ပြသည့် သမ္မာတရားများကိုလည်း လက်မခံကြပေ။ ဤသည်မှာ ဘုရားသခင်အပေါ် အမှန်တကယ် ယုံကြည်ခြင်းမဟုတ်။ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်နှင့်ပြီးသား ဖြစ်သည်။ အနိမ့်ကျဆုံးသောလူစားမျိုးသည် မိမိကိုယ်ကို မည်သို့ပေါ်လွင်စေသနည်း။ ၎င်းတို့လုပ်ဆောင်သမျှမှာ အသင်းတော်တွင် ဘုရားသခင်ကို အစေခံခြင်း၊ ဘုရားသခင်ထံ လှူဖွယ်ပစ္စည်းများ ပေးအပ်ခြင်း၊ ကျင့်စဉ်များအားလုံးကို လိုက်နာခြင်း၊ ပြီးလျှင် ဒဏ္ဍာရီမျိုးစုံကိုပင် ယုံကြည်ခြင်းတို့ ဖြစ်သည်။ သို့ရာတွင် ဘုရားသခင်သည် ၎င်းတို့၏ စိတ်နှလုံးတွင် မရှိဘဲ ၎င်းတို့အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများမှဖြစ်သည့် ဘုရားသခင်သည် မရေမရာဖြစ်ပြီး အနှစ်မဲ့သည်။ ဤသို့သောသူတစ်ဦးသည် မည်သည့်အရာကို ယုံကြည်သနည်း။ ရုပ်ဝတ္ထုဝါဒဖြစ်သည်။ ၎င်းတို့ မြင်နိုင်သည့်အရာများကိုသာ ၎င်းတို့ ယုံကြည်သည်။ ၎င်းတို့၏ အမြင်တွင် ဒဏ္ဍာရီနှင့်သက်ဆိုင်သောအရာများ၊ မရေရာသောအရာများ၊ ၎င်းတို့၏ လက်နှင့် မထိနိုင်သော၊ မျက်လုံးဖြင့် မမြင်နိုင်သော၊ သို့မဟုတ် နားဖြင့်မကြားနိုင်သော ဝိညာဉ်ရေးရာနယ်ပယ်မှ မည်သည့်အရာမျှ မတည်ရှိပေ။ လူအချို့က “ဤသို့ဆိုလျှင် မမြင်နိုင်လောက်အောင် သေးငယ်သော သက်ရှိများကဲ့သို့ ၎င်းတို့မမြင်နိုင်သည့်အရာများ တည်ရှိမှုကို ၎င်းတို့ ယုံကြည်သလော” ဟု ပြောသည်။ ထိုအရာများကို ၎င်းတို့ လုံးဝ ယုံကြည်သည်။ ၎င်းတို့သည် သိပ္ပံ၊ အီလက်ထရွန်၊ အဏုဇီဝဗေဒနှင့် ဓါတုဗေဒတို့ကို လုံးဝ ယုံကြည်သည်။ မယုံကြည်သူများက ထိုအရာများသည် မည်သည့်အရာမဆိုထက်ပို၍ မှန်ကန်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် ရုပ်ဝါဒီစစ်စစ်များဖြစ်သည်။ ငါတို့သည် ဤလူသုံးမျိုးကို ပိုင်းခြားစိစစ်ရန်အတွက် ဤအကြောင်းကို ပြောဆိုနေခြင်း ဖြစ်သည်။ စစ်မှန်သော ယုံကြည်သူများ၊ တစ်ဝက်တစ်ပျက်ယုံကြည်သူများ၊ ဘုရားသခင်တည်ရှိမှုကို လုံးဝ မယုံကြည်သော ရုပ်ဝါဒီများဖြစ်သည်။ လူအချို့က “အမှန်တကယ်ပင် ဘုရားရှိသလော။ သူသည် ဘယ်မှာနည်း။ မည်သည့်ပုံစံရှိသနည်း။ ဘုရားသည် တတိယကောင်းကင်ဘုံတွင်ရှိသည်ဟု ငါကြားရသည်။ ဤသို့ဆိုလျှင် တတိယကောင်းကင်ဘုံသည် မည်မျှမြင့်သနည်း။ မည်မျှဝေးသနည်း။ မည်မျှကြီးသနည်း။ လူတို့က ကောင်းကင်ဘုံရှိသည်၊ ယင်းသည် ရွှေရောင်အုတ်များနှင့် ကျောက်စိမ်းကြွေပြားများ ခင်းကျင်းထားသည်၊ နံရံများသည်လည်း ရွှေဖြစ်သည်ဟုလည်း ဆိုကြသည်။ ဤသို့သော အံ့ဩဖွယ်နေရာတစ်ခု မည်သို့ရှိနိုင်သနည်း။ အဓိပ္ပာယ်မရှိ။ ပညတ်တော်ခေတ်တွင် ဘုရားသခင်သည် သူရွေးချယ်ထားသောသူများကို သူ၏ ပညတ်တော်များချပေးပြီး ပညတ်တော်ကျောက်ပြားများက တည်ရှိနေသေးသည်ဟု ငါကြားရသည်။ ယင်းတို့အားလုံးမှာ ဒဏ္ဍာရီများ ဖြစ်ဖို့များသည်။ လူထုကို ထိန်းချုပ်ရန်အတွက် အုပ်ချုပ်သူလူတန်းစားက အသုံးပြုသည့် အရာတစ်ခု ဖြစ်သည်” ဟု ဆိုကြသည်။ ဤလူအုပ်စုသည် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်မှုရှိသလော။ (မရှိပါ။) ဘုရားသခင်အမှန်တကယ် တည်ရှိသည်ကိုဖြစ်စေ၊ ဘုရားသခင်သည် လူသားများကို ဖန်ဆင်းခဲ့ပြီး လက်ရှိအချိန်အထိ လူသားမျိုးနွယ်ကို ဦးဆောင်ခဲ့သည်ဆိုသည့်အချက်ကိုဖြစ်စေ ၎င်းတို့ မယုံကြည်ပေ။ ဤသို့ဆိုလျှင် ၎င်းတို့သည် အသင်းတော်တွင် အဘယ်ကြောင့်အစေခံနေသေးသနည်း။ (ဘုရားသခင်ကို အစေခံခြင်းသည် အလုပ်တစ်ခုဖြစ်ပြီး ထမင်းစားလက်မှတ်တစ်ခုဖြစ်သည်ဟု ၎င်းတို့ သဘောထားသောကြောင့် ဖြစ်ပါသည်။) မှန်သည်။ ၎င်းတို့သည် အလုပ်တစ်ခုနှင့် ထမင်းစားလက်မှတ်တစ်ခုအဖြစ် မြင်ကြသည်။ ဤသို့ဆိုလျှင် ပေါလုသည် မည်သည့်လူအမျိုးအစား ဖြစ်သနည်း။ (တတိယအမျိုးအစား ဖြစ်သည်။) ဤသည်မှာ သူ၏ သဘာဝအနှစ်သာရနှင့် ဆက်စပ်နေသည်။ ပေါလုသည် အနှစ်မရှိသော သဘောတရားများကို တောင်စဉ်ရေမရ ပြောဆိုလိုသည်။ အနှစ်မရှိသောအရာများ၊ မရေရာသောအရာများနှင့် စိတ်ကူးယဉ်ဖြစ်သော အရာများကို သူနှစ်သက်သည်။ လေးနက်ပြီး သဘောပေါက်ရန် ခက်သောအရာများ၊ ခိုင်လုံသောဝေါဟာရများဖြင့် ချမပြနိုင်သည့်အရာများကို သူနှစ်သက်သည်။ သူသည် အမှုအရာများကို အလွန်အကျွံတွေးလိုသည်။ သူသည် အမြင်စောင်းပြီး ခေါင်းမာသည်။ သူ့တွင် လွဲချော်နေသော နားလည်မှုတစ်ခုရှိသည်။ ဤသို့သောသူများသည် လူသားမဟုတ်။ ဤသည်မှာ သူဖြစ်ခဲ့သော လူအမျိုးအစားဖြစ်သည်။ ပေါလု၏ စိတ်သဘောထားနှင့် သဘာဝအနှစ်သာရအပြင် သူ၏ နှစ်သက်မှုများ၊ မျှော်လင့်ချက်များ၊ လိုက်စားမှုများနှင့် ရည်မှန်းချက်များကိုကြည့်လျှင် သူသည် အသင်းတော်တွင် အစေခံခဲ့ပြီး ထင်ရှားသောဆရာတစ်ဦး၏ ကျောင်းသားဖြစ်သော်လည်း သူသင်ယူခဲ့သော အသိပညာသည် သူ၏ကိုယ်ပိုင်ဆန္ဒများ၊ ရည်မှန်းချက်များနှင့် မာန်မာနကို ဖြည့်ဆည်းရန်၊ သူ့အတွက် လူ့အဖွဲ့အစည်း၌ ထမင်းစားလက်မှတ်၊ အဆင့်အတန်း၊ ရပ်တည်မှုရရှိစေရန်အတွက် အသုံးချပစ္စည်းတစ်ခုသာ ဖြစ်သည်။ ပေါလု၏ သဘာဝအနှစ်သာရနှင့် လိုက်စားမှုများကိုကြည့်လျှင် သူသည် ယေဟောဝါအပေါ်၌ ယုံကြည်ခြင်းမည်မျှရှိခဲ့သနည်း။ သူ၏ ယုံကြည်ခြင်းသည် ကတိတစ်ခုမဟုတ်ဘဲ အနှစ်မရှိသော စကားများသာ ဖြစ်သည်။ သူသည် မယုံကြည်သူတစ်ဦး၊ ဘုရားမဲ့တစ်ဦးနှင့် ရုပ်ဝါဒီတစ်ဦးဖြစ်သည်။ လူအချို့က “ပေါလုသည် မယုံကြည်သူဖြစ်လျှင် သူသည် အဘယ်ကြောင့် သခင်ယေရှုခရစ်တော်၏ တမန်တော်ဖြစ်ပြီး ကျေးဇူးတော်ခေတ် ဧဝံဂေလိတရားကို ဖြန့်ခဲ့သနည်း” ဟု မေးကြသည်။ ငါ့ကို ပြောလော့။ သူသည် ဤလမ်းကြောင်းကို မည်သို့လျှောက်နိုင်ခဲ့သနည်း။ မည်သည့်အရာက သူ့ကို လှုံ့ဆော်ခဲ့သနည်း။ ဤအခန်းကဏ္ဍအား သူ့ကို ယူစေခဲ့သော၊ ဤသို့သောလမ်းကြောင်းကို သူကဲ့သို့ မယုံကြည်သူတစ်ဦးအား လျှောက်နိုင်စေခဲ့ပြီး ပြောင်းလဲမှုတစ်ခုဖြစ်စေခဲ့သော အလှည့်အပြောင်းမှာ အဘယ်နည်း။ “ပြောင်းလဲမှု”အကြောင်းကို ငါပြောဆိုသောအခါတွင် မည်သည့်အရာကို ငါရည်ညွှန်းနေသနည်း။ ယင်းမှာ ပေါလုသည် ဒမာသက်မြို့သို့ သွားသည့်လမ်းတွင် ဒဏ်ခတ်ခြင်း ခံရသည့်အချိန်တွင်ဖြစ်သည်။ ယင်းသည် သူ့အသက်တာ၏ ပြောင်းလဲမှုဖြစ်သည်။ ပြောင်းလဲမှုနှစ်မျိုးကို သူတွေ့ကြုံခဲ့ရသည်။ တစ်ခုမှာ အစပိုင်းတွင် သူဖိနှိပ်နေခဲ့သော သခင်ယေရှုသည် ဒမာသက်မြို့သို့သွားသည့်လမ်း၌ သူ့ထံတွင် ပေါ်ထွန်းသောကြောင့် ဘုရားသခင်အား မယုံကြည်ခြင်းမှ ဘုရားသခင် အသေအချာပင် တည်ရှိသည်ဟု ယုံကြည်ခြင်းဆီသို့ ကူးပြောင်းသွားခြင်းဖြစ်သည်။ ပေါလုက “သခင်၊ ကိုယ်တော်သည် အဘယ်သူနည်း” ဟု အံ့အားသင့်စွာပြောခဲ့သည်။ အမှန်တကယ်တွင် စိတ်အတွင်းထဲတွင် ပေါလုသည် ဤသခင်နှင့် ဘုရားသခင်တည်ရှိသည်ကို မယုံကြည်ခဲ့သော်လည်း “သခင်၊ ကိုယ်တော်သည် အဘယ်သူနည်း” ဟု မမေးမြန်းဘဲ မနေနိုင်ပေ။ သခင်ယေရှုက ဘာပြောခဲ့သနည်း။ (“ငါကား သင် ညှဉ်းဆဲသော ယေရှုဖြစ်သတည်း။” (တမန်တော်ဝတ္ထု ၉:၅)) သခင်ယေရှုက ဤသို့ပြောသည့်အခိုက်အတန့်တွင် ပေါလုသည် အချက်တစ်ချက်ကို လက်ခံယုံကြည်ခဲ့သည်။ သူ ယခင်က တစ်ခါမျှ မမြင်ခဲ့ဖူးသည့်၊ စိတ်ကူး၍ မရနိုင်သည့်၊ သူစိတ်ကူးထင်မြင်နိုင်သည်ထက်ပို၍ တန်ခိုးကြီးသည့် သခင်တစ်ပါး ပေါ်ထွန်းခဲ့သည်။ သခင်သည် သူစိတ်ကူးကြည့်နိုင်သည်ထက် ပို၍ တန်ခိုးကြီးသည်ဟု သူမည်သို့ လက်ခံယုံကြည်ခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် ပေါလုက လုံးဝ မျှော်လင့်မထားသည့်အချိန်တွင် ဘုရားသခင်ဖြစ်သည်ဟု သူလုံးဝ မယုံကြည်ခဲ့သည့် ယေရှုသည် သူ၏ရှေ့တည့်တည့်တွင် ပေါ်ထွက်လာသောကြောင့် ဖြစ်သည်။ သခင်ယေရှုသည် မည်မျှ တန်ခိုးကြီးသနည်း။ ပေါလုသည် သူ၏မျက်လုံးများက သခင်ယေရှု၏ အလင်းကြောင့် မျက်လုံးကန်းသွားသောအခါတွင် သခင်ယေရှု၏ တန်ခိုးပမာဏကို လက်ခံယုံကြည်သွားခဲ့သည်။ ဤသို့ဆိုလျှင် သခင်ယေရှုသည် ဘုရားဖြစ်သည်ဟု သူလက်ခံယုံကြည်နိုင်သလော။ (မယုံကြည်နိုင်ပါ။) အဘယ်ကြောင့် မယုံကြည်နိုင်သနည်း။ (ပေါလုသည် ဘုရားသခင်တည်ရှိသည်ဟု အစကတည်းက မယုံကြည်ခဲ့သောကြောင့် ဖြစ်သည်။) မှန်သည်။ သူသည် ဘုရားသခင်တည်ရှိခြင်းကို လုံးဝ မယုံကြည်ခဲ့သောကြောင့် ဖြစ်သည်။ ယခုအချိန်တွင် သင်တို့အားလုံး၏ စိတ်နှလုံးတွင် ယုံကြည်ခြင်းနှင့် အခြေခံအုတ်မြစ်တစ်ခုရှိသည်။ ထို့ကြောင့် ဘုရားသခင်က သင့်ထံတွင် ပေါ်ထွန်းလျှင်၊ သူ၏အသံ၊ သို့မဟုတ် သူ၏နောက်ကျောသာဖြစ်လျှင်ပင်၊ သူသည် သင့်ကို စကားပြောလျှင်၊ သို့မဟုတ် သင်၏အမည်ကို ခေါ်လျှင် သင်သည် “ဤသည်မှာ ငါယုံကြည်သည့် ဘုရားဖြစ်သည်။ ငါသည် သူ့ကို မြင်တွေ့ခဲ့ပြီး ကြားခဲ့ပြီ။ ဘုရားသခင်က ငါ့ထံသို့ ချဉ်းကပ်ခဲ့ပြီ” ဟူသည့် အချက်ကို သင် လက်ခံယုံကြည်လိမ့်မည်။ သင့်စိတ်နှလုံးတွင် ယုံကြည်ခြင်းရှိသောကြောင့်၊ ဤအခိုက်အတန့်ကို သင်အိပ်မက်မက်ခဲ့သောကြောင့်၊ သင်သည် မကြောက်ရွံ့သောကြောင့် လက်ခံယုံကြည်လိမ့်မည်။ သို့သော် ဤသည်မှာ ပေါလုထင်မြင်ခဲ့သည့်အရာလော။ (မဟုတ်ပါ။) သူ၏စိတ်နှလုံးတွင် မည်သည့်အခါမျှ ယုံကြည်ခြင်းမရှိခဲ့။ သူ၏ ပထမဆုံးအတွေးမှာ အဘယ်နည်း။ (ကြောက်ရွံ့မှုဖြစ်သည်။) ဤမျက်မြင်ထင်ရှားဖြစ်တည်နေသောအရာသည် သူ့ကို ရိုက်ချပြီး သတ်နိုင်စွမ်းရှိသောကြောင့် သူကြောက်ရွံ့ခဲ့သည်။ သူမမြင်နိုင်သည့် ဤအရာက သူ့အား ငရဲထက်ပို၍ ကြောက်ရွံ့ထိတ်လန့်စေခဲ့သည်။ သူသည် စိတ်လွတ်သွားသည်အထိ ကြောက်ရွံ့ခဲ့သည်။ သူ၏စိတ်နှလုံးသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းလုံးဝမရှိ။ သူ့တွင် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆမရှိဟု ဆိုနိုင်သည်။ ထို့ကြောင့် သခင်ယေရှုက သူ၏အမှုကို ပြုသောအခါ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ပြခြင်းဖြစ်စေ၊ တရားဒေသနာများ ဟောကြားခြင်းဖြစ်စေ၊ လူမည်မျှက သူ့နောက်လိုက်သည်ဖြစ်စေ၊ မည်မျှ အထင်ကြီးလောက်ဖွယ်ဖြစ်စေ၊ မြင်ကွင်းက မည်မျှကြီးကျယ်သည်ဖြစ်စေ ပေါလု၏ စိတ်ထဲတွင် သခင်ယေရှုသည် သာမန်လူတစ်ဦးထက် မပိုပေ။ သူသည် သခင်ယေရှုကို အထင်သေးပြီး လေးစားမှုမရှိပေ။ သို့သော် ယခုတွင် သူအထင်သေးခဲ့သည့် သာမန်လူသားသည် သူ့ရှေ့တည့်တည့်တွင် ရပ်နေသည်။ သာမန်လူတစ်ယောက်၏ ကိုယ်ခန္ဓာမဟုတ်တော့ပေ။ ပြီးလျှင် အသံတစ်ခုသာမဟုတ်ဘဲ အလင်းဖြာကျနေသည်။ သူ့အတွက် ယင်းသည် ကမ္ဘာကုန်သည့်တိုင်အောင် မေ့ပျောက်နိုင်မည်မဟုတ်သည့် အခိုက်အတန့်ဖြစ်သည်။ အလင်းက မျက်စိကို မမြင်နိုင်ဖြစ်စေသည်။ ဘုရားသခင်က ပေါလုကို မည်သို့ရိုက်ချခဲ့သနည်း။ ဘုရားသခင်သည် ပေါလုကို ချဉ်းကပ်သောအခါ ပေါလုသည် ရုတ်ချည်း မျက်လုံးကန်းကာ မြေပေါ်သို့ ကျသွားသည်။ မည်သည့်အရာ ဖြစ်နေသနည်း။ သူသည် လိုလိုလားလားဖြင့်၊ သူ၏ ကိုယ်ပိုင်သဘောဆန္ဒဖြင့် ကျသလော၊ သို့မဟုတ် သူသည် ပြင်ဆင်ထားပြီး ဖြစ်သလော။ (မဟုတ်ပါ။ သူသည် မခံနိုင်ခြင်းသာ ဖြစ်သည်။) လူ၏ ကိုယ်ခန္ဓာသည် အသွေးအသားသက်သက် ဖြစ်သည်။ ဤအရာကို မခံနိုင်ပေ။ ဘုရားသခင်က သင့်ထံသို့ အမှန်တကယ် ချဉ်းကပ်သောအခါ သခင်ယေရှုတွင် သင်မြင်ခဲ့ရသည့် သာမန်ရုပ်ခန္ဓာ ဖြစ်မည်မဟုတ်။ အလွန်နှစ်လိုဖွယ်ဖြစ်ပြီး ဖော်ရွေသော၊ အလွန်နှိမ့်ချပြီး သာမန်ဖြစ်သော၊ အသွေးအသားနှင့် တည်ဆောက်ထားသော၊ သင့်အတွက် ထူးခြားမှုမရှိသောသူတစ်ဦး၊ သင် များစွာအာရုံစိုက်မည် မဟုတ်သည့်သူတစ်ဦး ဖြစ်မည်မဟုတ်။ ဘုရားသခင်က သင့်ထံသို့ အမှန်တကယ် ချဉ်းကပ်သောအခါတွင် သူက သင့်ကို ရိုက်မချလျှင်ပင် သင်က ခံနိုင်မည်မဟုတ်ပေ။ ပေါလု၏ စိတ်နှလုံးအတွင်းတွင် သူခံစားရသည့် ပထမဆုံးအရာမှာ “ငါဖိနှိပ်ပြီး အထင်သေးလေ့ရှိသည့် သခင်ယေရှု၏ ချဉ်းကပ်ခြင်းကို ငါခံရသည်။ ဤအလင်းသည် အလွန်တန်ခိုးကြီးသည်” ဟူ၍ ဖြစ်သည်။ ဘုရားသခင်က သူ့အား ဦးညွှတ်ရန် ပြောသလော။ သူက “သင်ဦးညွှတ်သင့်သည်” ဟု ပြောသလော။ (မပြောပါ။) ဤသို့ဆိုလျှင် ပေါလုသည် အဘယ်ကြောင့် မြေကြီးကို မျက်နှာအပ်ထားသနည်း။ (ကြောက်ရွံ့သောကြောင့် ဖြစ်သည်။) မဟုတ်ပေ။ လူသားမျိုးနွယ်ကို ဘုရားသခင်က ဖန်ဆင်းခဲ့သည်။ ပြီးလျှင် ၎င်းတို့သည် အလွန်သေးငယ်ပြီး အားနည်းသောကြောင့် ဘုရားသခင်၏ အလင်းက ၎င်းတို့၏ အသွေးအသားကို ထိသောအခါ ၎င်းတို့သည် မြေပေါ်သို့ မကျဘဲ မနေနိုင်ပေ။ ဘုရားသခင်သည် ကြီးမားလွန်းပြီး အားကြီးလွန်းသည်။ သူသည် ၎င်းတို့ ကိုင်တွယ်နိုင်သည့် အစွမ်းအစ၊ သတ္တိနှင့် ယှဉ်လျှင် အားကြီးလွန်းသည်။ ပေါလုက သခင်ယေရှုကို ဘုရားအဖြစ်၊ သို့မဟုတ် သခင်အဖြစ် အသိအမှတ်မပြုခဲ့ပေ။ ထို့ကြောင့် သူသည် သူ့သဘောအလျောက် အဘယ်ကြောင့် ဦးညွှတ်မည်နည်း။ သူသည် ပြိုလဲပြီး သူ့မျက်နှာဖြင့် ကျသွားသည်။ သူသည် လုံးလုံးပင် မသန်မစွမ်းဖြစ်ကာ တုံ့ဆိုင်းသွားသည်။ သူ၏ နဂိုက မာန၊ မာနထောင်လွှားမှု၊ ဆောင့်ကြွားကြွားဖြစ်မှု၊ မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်မှု၊ ခမ်းကြီးနားကြီးနိုင်မှုတို့သည် ရုတ်ချည်းပျောက်ကွယ်သွားသည်။ ဘုရားသခင်သည် သူ၏ တကယ့် ဇာတိအဖြစ်တော်အနေဖြင့်ပင် ပေါလုထံ မပေါ်ထွန်းခဲ့ပေ။ သူ့အပေါ် ထွန်းလင်းသည့် သူ၏အလင်းသာဖြစ်ပြီး ပေါလုက ယင်းကို မြင်သောအခါ ဤသည်မှာ ရလဒ်ဖြစ်သည်။ ဤသည်မှာ သူ့အပေါ်တွင် သက်ရောက်မှုမည်မျှ ရှိပုံဖြစ်သည်။ ယင်းသည် ပေါလု၏ ပြောင်းလဲမှုဖြစ်သည်။ ဤပြောင်းလဲမှုနောက်တွင် တစ်မူထူးခြားသော အခြေအနေတစ်ခုမရှိလျှင်၊ သို့မဟုတ် အထူးဖြစ်ရပ်တစ်ခု မဟုတ်လျှင် လူ့သဘာဝနှင့် အသိစိတ်တစ်ခုရှိသော၊ အပြုသဘောဆောင်သောအရာများကို လိုက်စားပြီး သမ္မာတရားကို လိုက်စားသော သာမန်လူတစ်ယောက်အတွက် ယင်းသည် ကောင်းသောအရာဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် လူတစ်ယောက်က ဘုရားသခင်ကို မြင်သောအခါ သူ့တစ်ဘဝလုံး၏ လိုက်စားမှုအပေါ် လွှမ်းမိုးမှုရှိသောကြောင့် ဖြစ်သည်။ ကျမ်းစာတွင် မှတ်တမ်းတင်ထားသည့်အရာအရ အကဲဖြတ်လျှင် ရာစုနှစ်များတစ်လျှောက်တွင် လူတစ်ယောက်အနေဖြင့် ဘုရားသခင် စကားပြောသည်ကို ကြားသည်မှာ ရှားပါးသည်။ ယောဘသည် ဘုရားသခင်က သူ့ကို စမ်းသပ်ပြီးနောက် လေပွေထဲတွင် ဘုရားသခင်က သူ့အားစကားပြောသည်ကို ကြားခဲ့ရသည်။ ယောဘသည် ဘုရားသခင်၏ အစီအစဉ်များကို ကျိုးနွံနာခံရန်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို နားလည်ရန် အားထုတ်လျက် သူ၏တစ်ဘဝလုံးကို ကုန်ဆုံးခဲ့သည်။ သို့သော် ယောဘက နှစ် ၇၀ မတိုင်မီအထိ ဘုရားသခင်ကို လုံးဝ မမြင်ခဲ့ပေ။ ဘုရားသခင်၏ အချုပ်အခြာအာဏာကိုသာ သူတွေ့ကြုံခံစားခဲ့ရသည်။ သို့တိုင်အောင် ယောဘတွင် ယုံကြည်ခြင်းရှိခဲ့သည်။ ဘုရားသခင်က သူ့အားစကားပြောသည်ကို သူ၏ နားနှင့်ဆတ်ဆတ် ကြားသောအခါတွင် ယင်းသည် သူ့ယုံကြည်ခြင်းတွင် ကြီးမားသော ပြောင်းလဲမှုတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဤပြောင်းလဲမှုသည် မြင့်တက်မှုတစ်ခုဖြစ်သည်။ သူ၏ ယုံကြည်ခြင်းက ပို၍ပင်တိုးတက်လာသည့် အချိန်ဖြစ်သည်။ သူယုံကြည်ပြီး ကျိုးနွံနာခံခဲ့သော ဘုရားသခင်က လူတို့အပေါ် လုပ်ဆောင်ခဲ့သည့် အမှုအားလုံးသည် မှန်ကန်ပြီး ကောင်းမွန်သည်ကိုလည်းကောင်း၊ လူတို့သည် သူ့အပေါ် ကျိုးနွံနာခံသင့်သည်ကိုလည်းကောင်း သူ့အတွက် ပို၍စွဲမြဲယုံကြည်သွားစေခဲ့သည်။ ယင်းမှာ တဖြည်းဖြည်းချင်းဖြင့် သံသယရှိသော ယုံကြည်ခြင်းမှ သံသယကင်းသော စစ်မှန်သည့် ယုံကြည်ခြင်းသို့ ရွှေ့ပြောင်းသည့် သာမန်လူက ကြုံတွေ့ရသည့် သေးငယ်သော ပြောင်းလဲမှုတစ်ခုမဟုတ်ပေ။ ထိုထက် ယင်းသည် မြှင့်တင်မှုတစ်ခုဖြစ်သည်။ ယင်းမှတစ်ဆင့် သူ၏ ယုံကြည်ခြင်းသည် ပို၍မြင့်သော အဆင့်တစ်ခုသို့ ရောက်ရှိခဲ့သည်။ ပေါလုနှင့်ပတ်သက်လျှင် သူ့အားရိုက်ချသည့် ပုံစံဖြင့် ဘုရားသခင်၏ ပေါ်ထွန်းမှုသည် မည်သည့်ပြောင်းလဲမှုကို ဖြစ်ပေါ်စေသင့်သနည်း။ အသေအချာပင် မြှင့်တင်ခြင်းမဟုတ်ပေ။ ယင်းမတိုင်မီက ဘုရားသခင်ကို သူလုံးဝ မယုံကြည်ခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယင်းကို မြှင့်တင်ခြင်းဟု မခေါ်နိုင်ပေ။ ဤသို့ဆိုလျှင် ယင်းသည် သူ့အပေါ်တွင် မည်သည့်သက်ရောက်မှုရှိခဲ့သနည်း။ ဤသည်မှာ သူ၏လိုက်စားမှုများနှင့် ဆက်စပ်နေပြန်သည်။ ငါ့ကို ပြောလော့။ (ပေါလုသည် သူ၏အသက်ကို ထိန်းသိမ်းရန်အတွက် သူ၏အပြစ်များကို ပြေစေရန် ဧဝံဂေလိ ဝေမျှခြင်းအားဖြင့် အလုပ်လုပ်ပေးလိုခဲ့သည်။) အတိအကျပင် မှန်သည်။ သူသည်လည်း သေခြင်းကို ကြောက်ရွံ့ပြီး အလွန်ပင် စိတ်မချရပေ။ သူဖိနှိပ်ခဲ့သည့် ယေရှုသည် အမှန်တကယ်၌ ဘုရားဖြစ်သည်ကို သူတွေ့ရှိသွားသောအခါ ကြောက်ပြီး သတိလက်လွတ်ဖြစ်ကာ “ငါ ဘာလုပ်သင့်သနည်း။ ငါလုပ်နိုင်သမျှမှာ သခင့်အမိန့်များကို နားထောင်ဖို့ဖြစ်သည်။ ဤသို့မဟုတ်လျှင် ငါသေလိမ့်မည်” ဟူ၍ တွေးသည်။ ထိုအချိန်မှစ၍ သူသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံခဲ့ပြီး သူ့အပြစ်များကို ဖြေရန်အတွက် ဧဝံဂေလိ ဖြန့်ဝေခြင်းအားဖြင့် စတင်အလုပ်လုပ်ပေးခဲ့သည်။ သူက “ငါသည် ဧဝံဂေလိ ဖြန့်ဝေခြင်း၌ အမှန်တကယ် အောင်မြင်ပြီး သခင်ယေရှုက ကျေနပ်သည်ဆိုလျှင် သရဖူနှင့် ဆုလာဘ်ပင် ရကောင်းရနိုင်သည်” ဟု တွေးခဲ့သည်။ ယင်းတို့သည် သူ့စိတ်နှလုံးအတွင်းထဲရှိ တွက်ချက်မှုများ ဖြစ်သည်။ သူသည် ကောင်းချီးများရရှိရန် ပိုမိုကောင်းမွန်သော အခွင့်အရေးများကို နောက်ဆုံး၌ တွေ့ရှိပြီးဖြစ်သည်ဟု တွေးခဲ့သည်။ ပေါလုသည် သူ၏အပြစ်များကို ဖြေပြီး သူ၏အသက်ကို ကယ်တင်ရန်အတွက် သခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံခဲ့သည်။ ဤသည်မှာ သခင့်ကို သူယုံကြည်ပြီး လက်ခံခြင်း နောက်ကွယ်ရှိ ရည်ရွယ်ချက်နှင့် ပန်းတိုင်ဖြစ်သည်။ ဒမာသက်မြို့သို့သွားရာလမ်းတွင် သခင်ယေရှုကို သူတွေ့ပြီး ရိုက်ချခံရကတည်းက သူသည် သူ၏လိုက်စားမှုများနှင့် ဘုရားသခင်အပေါ် ယုံကြည်ခြင်းအသက်တာအတွက် အသစ်စတင်ခြင်းကို အမှတ်အသားဖြစ်စေခဲ့သည့် ပြောင်းလဲမှုတစ်ခုကို သူပြုလုပ်ခဲ့သည်။ ဤအသစ်သော စတင်ခြင်းသည် အပြုသဘောဆောင်သလော၊ သို့မဟုတ် အပျက်သဘောဆောင်သလော။ (အပျက်သဘောဆောင်ခဲ့သည်။) ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို သူ မသိမြင်ခဲ့ပေ။ ပြီးလျှင် သူသည် ဘုရားသခင်၏ ဘုန်းအာနုဘော်နှင့် ရိုက်ချခံရခြင်းကို ကြောက်ရွံ့ရုံဖြင့် ပို၍ပင် လှည့်စားတတ်သော၊ ပြောမထွက်နိုင်အောင် ဆိုးရွားသော၊ လက်သီးပုန်းထိုးသော အပေးအယူနည်းလမ်းတစ်ခုကို အသုံးပြုလျက် သခင်ယေရှု၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံခဲ့သည်။ ဤသည်မှာ ပို၍ပင် ရွံရှာဖွယ်ဖြစ်သည်။ သို့ရာတွင် ယင်းမှာ ယနေ့ ငါ၏ မိတ်သဟာယ၏ ဆိုလိုရင်းမဟုတ်ပေ။ ဘုရားသခင်၏ ကြီးမြတ်သောအလင်းကို ကြုံတွေ့ပြီးနောက် ပေါလု၏ ပြောင်းလဲမှုနှင့် သူ့ကိုယ်သူ ပေါ်လွင်စေခဲ့သည့် အမျိုးမျိုးသော နည်းလမ်းများမှနေ၍ ပေါလုသည် မည်သည့်လမ်းကြောင်းပေါ်တွင် ရှိသည်ကိုလည်းကောင်း၊ သူ၏သဘာဝအနှစ်သာရက သူမည်သည့်လူစားမျိုး ဖြစ်သည်ဆိုသည်ကို ပြသခဲ့သည်ကိုလည်းကောင်း ငါတို့ ရှင်းလင်းစွာ မြင်နိုင်သည်။ ဤအရာများသည် လုံးဝ ရှင်းလင်းသည်။
ပေါလုသည် ရိုက်ချခြင်းခံရပြီးကတည်းက သခင်ယေရှုခရစ်တော် ရှိခဲ့သည်ဟုလည်းကောင်း၊ သခင်ယေရှုခရစ်တော်သည် ဘုရားသခင် ဖြစ်သည်ဟုလည်းကောင်း ယုံကြည်ခဲ့သည်။ သူယုံကြည်ခဲ့သော ဘုရားသခင်သည် ကောင်းကင်ဘုံမှ ဘုရားသခင်အဖြစ်မှ သခင်ယေရှုခရစ်တော်အဖြစ်သို့ ရုတ်ချည်းပြောင်းသွားခဲ့သည်။ ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်အဖြစ်သို့ ပြောင်းသွားခဲ့သည်။ ထိုအချိန်အခိုက်အတန့်မှစ၍ သူသည် သခင်ယေရှု၏ တာဝန်ပေးစေခိုင်းချက်ကို မငြင်းဆန်နိုင်ခဲ့ဘဲ လူ့ဇာတိခံဘုရားသခင်ဖြစ်သည့် သခင်ယေရှုအတွက် စတင်၍ မလျှော့တမ်းအလုပ်လုပ်ပေးခဲ့သည်။ သူအလုပ်လုပ်ပေးရခြင်း၏ ပန်းတိုင်မှာ တစ်စိတ်တစ်ပိုင်းအနေဖြင့် သူ၏အပြစ်များကို လွတ်ငြိမ်းခွင့်ရရန်အတွက်ဖြစ်သည်မှာ မှန်၏။ သို့သော် တစ်စိတ်တစ်ပိုင်းတွင် ကောင်းချီးခံစားလိုသည့် သူ၏လိုအင်ဆန္ဒကို ဖြည့်ဆည်းရန်၊ သူအလိုရှိခဲ့သည့် ခရီးပန်းတိုင်ကို ရရှိရန်လည်း ဖြစ်သည်။ ပေါလုက “ဘုရားသခင်၏ အလိုတော်အားဖြင့်” ဟု ဆိုသောအခါ “ဘုရားသခင်” ဟူသည်မှာ ယေဟောဝါကို ရည်ညွှန်းသလော၊ သို့မဟုတ် ယေရှုကို ရည်ညွှန်းသလော။ သူသည် အနည်းငယ်ရှုပ်ထွေးပြီး “ငါသည် ယေဟောဝါကို ယုံကြည်သည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့် ယေရှု၏ ရိုက်ချခြင်းကို ငါခံရသနည်း။ ယေရှုက ငါ့ကို ရိုက်ချသည့်အချိန်တွင် ယေဟောဝါက သူ့ကို အဘယ်ကြောင့် မတားခဲ့သနည်း။ သူတို့ထဲတွင် အတိအကျ မည်သူက ဘုရားဖြစ်သနည်း” ဟု တွေးခဲ့သည်။ သူ အဖြေမရှာနိုင်ခဲ့ပေ။ မည်သို့ပင်ဖြစ်စေ သူသည် သခင်ယေရှုကို သူ၏ဘုရားအဖြစ် လုံးဝ မြင်မည်မဟုတ်ပေ။ သူသည် သခင်ယေရှုကို နှုတ်ဖြင့် အသိအမှတ်ပြုခဲ့လျှင်ပင် သူ၏ စိတ်နှလုံးတွင် သံသယရှိနေဆဲ ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ သူသည် တဖြည်းဖြည်းချင်းဖြင့် “ယေဟောဝါသည်သာ ဘုရားသခင်ဖြစ်သည်” ဟူသောယုံကြည်ခြင်းဆီသို့ ပြန်လည်ရောက်ရှိသွားသည်။ ထို့ကြောင့် ထို့နောက်တွင် ပေါလု၏ စာများအားလုံး၌ “ဘုရားသခင်၏ အလိုတော်အားဖြင့်” ဟု သူရေးသောအခါတွင် “ဘုရားသခင်” ဟူသည်မှာ အဓိကအားဖြင့် ယေဟောဝါဘုရားသခင်ကို ရည်ညွှန်းခြင်းဖြစ်ဖို့ များသည်။ ပေါလုသည် သခင်ယေရှုက ယေဟောဝါဖြစ်သည်ဟု လုံးဝ ရှင်းလင်းစွာ မဖော်ပြခဲ့သောကြောင့်လည်းကောင်း၊ သခင်ယေရှုကို ဘုရားသခင်၏ သားတော်အဖြစ် အစဉ်မြင်ခဲ့သောကြောင့်လည်းကောင်း၊ သခင်ယေရှုကို သားတော်အဖြစ် ရည်ညွှန်းခဲ့သောကြောင့်လည်းကောင်း၊ “သားတော်နှင့် ခမည်းတော်သည် တစ်လုံးတစ်ဝတည်းဖြစ်သည်” ဟူသကဲ့သို့သော အရာတစ်ခုခုကို လုံးဝမပြောခဲ့သောကြောင့်လည်းကောင်း ယင်းမှာ ပေါလုသည် သခင်ယေရှုကို တစ်ပါးတည်းသော စစ်မှန်သောဘုရားသခင်အဖြစ် လုံးဝ အသိအမှတ်မပြုခဲ့သည်ကို သက်သေပြသည်။ သူသည် သံသယရှိပြီး မယုံတစ်ဝက်၊ ယုံတစ်ဝက်ဖြစ်ခဲ့သည်။ ဘုရားသခင်နှင့်ပတ်သက်၍ ပေါလုတွင်ရှိသော ဤအမြင်နှင့် သူ၏ လိုက်စားပုံနည်းလမ်းကို ကြည့်လျှင် သူသည် သမ္မာတရားကို လိုက်စားခဲ့သောသူတစ်ဦး မဟုတ်ပေ။ သူသည် လူ့ဇာတိခံယူခြင်း၏ နက်နဲမှုကို လုံးဝ နားမလည်ခဲ့ပေ။ ပြီးလျှင် သခင်ယေရှုကို တစ်ပါးတည်းသော စစ်မှန်သောဘုရားသခင်အဖြစ် မည်သည့်အခါမျှ အသိအမှတ်မပြုခဲ့ပေ။ ဤအရာမှနေ၍ ပေါလုသည် တန်ခိုးအာဏာကို ကိုးကွယ်ပြီး လှည့်စားတတ်သည့်အပြင် ကောက်ကျစ်သူတစ်ဦးဖြစ်သည်ဟု ပြောရန် မခက်ပေ။ ပေါလုက ကောက်ကျစ်ဆိုးယုတ်မှု၊ တန်ခိုးအာဏာ၊ အဆင့်အတန်းတို့ကို ကိုးကွယ်သည် ဆိုသည့်အချက်က သူ၏ ယုံကြည်ခြင်းမှာ မည်သည့်အရာဖြစ်ကြောင်း ငါတို့အား ပြသနည်း။ သူ့တွင် စစ်မှန်သော ယုံကြည်ခြင်း ရှိခဲ့သလော။ (မရှိခဲ့ပါ။) သူ့တွင် စစ်မှန်သော ယုံကြည်ခြင်း မရှိခဲ့သောကြောင့် သူ့စိတ်နှလုံးတွင် သူအဓိပ္ပာယ်ဖွင့်ဆိုခဲ့သော ဘုရားသည် အမှန်တကယ် တည်ရှိသလော။ (မရှိပါ။) ဤသို့ဆိုလျှင် သူသည် အဘယ်ကြောင့် သခင်ယေရှုခရစ်တော်အတွက် ခရီးလှည့်လည်သွားလာနေသေးသနည်း၊ သူ့ကိုယ်သူ အသုံးခံပြီး အမှုပြုနေသေးသနည်း။ (သူသည် ကောင်းချီးရရန် သူ၏ ရည်ရွယ်ချက်က ထိန်းချုပ်ခြင်းကို ခံခဲ့ရသည်။) (သူသည် အပြစ်ဒဏ်ခံရခြင်းကို ကြောက်ရွံ့ခဲ့သည်။) ဤအချက်သို့ ငါတို့ တစ်ဖန်ပြန်လည်ရောက်ရှိလာပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် အပြစ်ဒဏ်ခံရခြင်းကို ကြောက်ရွံ့သောကြောင့် ဖြစ်သည်။ ပြီးလျှင် သူမဖယ်ရှားနိုင်သည့် ဆူးတစ်ချောင်းက သူ၏ဇာတိပကတိတွင် ရှိနေသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူ၏ဇာတိပကတိတွင်ရှိသော ဆူးက သူခံနိုင်သည်ထက်ပို၍ မနာကျင်စေရန် အစဉ်လှည့်လည်ခရီးသွားလာပြီး အမှုပြုခဲ့သည်။ သူ၏ ဤသရုပ်သကန်များမှ တစ်ဆင့် ဒမာသက်မြို့သို့ သွားရာလမ်းပေါ်၌ ဖြစ်ပျက်ခဲ့သည့်အရာအပေါ် သူ၏ တုံ့ပြန်မှုမှတစ်ဆင့်၊ ဒမာသက်မြို့သို့ သွားရာလမ်းပေါ်၌ ရိုက်ချခံရသည့် ထိုဖြစ်ရပ်ပြီးနောက် သူ့အပေါ်ဖြစ်စေခဲ့သည့် သက်ရောက်မှုမှတစ်ဆင့် သူ့စိတ်နှလုံး၌ ယုံကြည်ခြင်းမရှိခဲ့သည်ကို ငါတို့ မြင်နိုင်သည်။ သူသည် မယုံကြည်သူဖြစ်ပြီး ဘုရားမဲ့တစ်ဦးဖြစ်သည်ဟု အနည်းနှင့်အများ သေချာနိုင်သည်။ သူ၏ ရှုထောင့်မှာ “မည်သူက တန်ခိုးအာဏာရှိသည်ဖြစ်စေ သူ့အပေါ်တွင် ငါယုံကြည်မည်။ မည်သူက တန်ခိုးအာဏာရှိပြီး ငါ့ကို နှိပ်ကွပ်နိုင်ပါစေ ထိုသူအတွက် ငါ တောက်တိုမည်ရလုပ်ဆောင်ပြီး အစွမ်းကုန်လုပ်ဆောင်မည်။ ငါ့အား ခရီးပန်းတိုင်၊ သရဖူကို ပေးနိုင်ပြီး ကောင်းချီးခံစားရရန် ငါ၏ လိုအင်ဆန္ဒကို ဖြည့်ဆည်းနိုင်သည့် မည်သူမဆိုဖြစ်စေ ထိုသူသည် ငါလိုက်လျှောက်မည့်သူဖြစ်သည်။ ထိုသူ့နောက်သို့ ငါ အဆုံးတိုင်အောင် လိုက်လျှောက်မည်” ဟူ၍ ဖြစ်ခဲ့သည်။ သူ့စိတ်နှလုံးတွင် မည်သူက ဘုရားဖြစ်သနည်း။ သူ့ထက်ပို၍ တန်ခိုးအာဏာရှိပြီး သူ့အား နှိပ်ကွပ်နိုင်သရွေ့ မည်သူမဆို သူ၏ ဘုရားဖြစ်နိုင်သည်။ ဤသည်မှာ ပေါလု၏ သဘာဝအနှစ်သာရ မဟုတ်လော။ (ဟုတ်ပါသည်။) ဤသို့ဆိုလျှင် ဒမာသက်မြို့သို့သွားရာလမ်းပေါ်တွင် သူ့အား ရိုက်ချနိုင်စွမ်းရှိသော သူ နောက်ဆုံးတွင် ယုံကြည်ခဲ့သော မျက်မြင်ထင်ရှား ဖြစ်တည်နေသောအရာမှာ မည်သူဖြစ်သနည်း။ (သခင်ယေရှု ခရစ်တော်ဖြစ်သည်။) “သခင်ယေရှုခရစ်တော်” ဆိုသည်မှာ သူအသုံးပြုခဲ့သည့် အမည်ဖြစ်သည်။ သို့သော် သူအမှန်တကယ် ယုံကြည်ခဲ့သည့်မျက်မြင်ထင်ရှားဖြစ်တည်နေသောအရာမှာ သူ့စိတ်နှလုံးထဲရှိ ဘုရား ဖြစ်သည်။ သူ၏ ဘုရားက မည်သည့်နေရာတွင်ရှိသနည်း။ သင်က သူ့အား “သင်၏ ဘုရားက အဘယ်မှာရှိသနည်း။ ကောင်းကင်ဘုံတွင်ရှိသလော။ သူသည် ဖန်ဆင်းခံ အရာများအားလုံးကြားတွင် ရှိသလော။ သူသည် လူသားမျိုးနွယ်အားလုံးအပေါ် အချုပ်အခြာအာဏာရှိသောသူဖြစ်သလော” ဟု မေးခဲ့လျှင် သူက “မဟုတ်ပါ။ ငါ၏ ဘုရားသည် ဒမာသက်မြို့သို့သွားရာလမ်းပေါ်တွင် ဖြစ်သည်” ဟု ဆိုလိမ့်မည်။ ဤသည်မှာ အမှန်တကယ် သူ၏ ဘုရားဖြစ်သူ ဖြစ်သည်။ ပေါလုက သခင်ယေရှုခရစ်တော်ကို ဖိနှိပ်ခြင်းမှနေ၍ သခင်ယေရှုခရစ်တော်အတွက် အလုပ်လုပ်ခြင်း၊ သူ့ကိုယ်သူ အသုံးခံခြင်း၊ သူ့အသက်ကိုပင် စတေးခြင်းအဖြစ်သို့ ကူးပြောင်းနိုင်သည့် အကြောင်းရင်းမှာ၊ အလွန်ကြီးသော ပြောင်းလဲမှုကို သူပြုလုပ်နိုင်ခဲ့သည့် အကြောင်းရင်းမှာ သူ၏ ယုံကြည်မှုတွင် ပြောင်းလဲခြင်းတစ်ခု ရှိခဲ့သောကြောင့် ဖြစ်သလော။ သူ၏ အသိတရားက နိုးထလာခဲ့သောကြောင့် ဖြစ်သလော။ (မဟုတ်ပါ။) ဤသို့ ဆိုလျှင် မည်သည့်အရာက ဖြစ်စေသနည်း။ မည်သည့်အရာ ပြောင်းလဲသွားခဲ့သနည်း။ သူ၏ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ ပြောင်းလဲသွားခဲ့သည်။ ယခင်က သူ၏ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့မှာ ကောင်းကင်ဘုံတွင် ရှိသည်။ အနှစ်မရှိသော၊ မရေရာသောအရာ ဖြစ်သည်။ ယင်းကို ယေရှုခရစ်တော်နှင့် အစားထိုးလိုက်လျှင် ပေါလုက ယေရှုခရစ်တော်သည် အလွန်ပင် အရေးမပါပေ၊ ယေရှုသည် သာမန်လူတစ်ယောက်သာ ဖြစ်သည်၊ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ မဖြစ်နိုင်ဟု ထင်မြင်လိမ့်မည်။ ပေါလုသည် ထင်ရှားသောဘာသာရေးပုဂ္ဂိုလ်များကို ပို၍ပင် အလေးထားမှုမရှိပေ။ ပေါလုသည် သူအမှီပြုနိုင်သည့်သူ၊ သူ့ကို နှိပ်ကွပ်ပြီး ကောင်းချီးရစေနိုင်သောသူကိုသာ ရှာဖွေလိုသည်။ ဒမာသက်မြို့သို့ သွားရာလမ်းပေါ်တွင် သူကြုံခဲ့ရသော မျက်မြင်ထင်ရှားဖြစ်တည်နေသောအရာသည် အားအကြီးဆုံးဖြစ်သည်ဟုလည်းကောင်း၊ ယင်းသည် သူယုံကြည်သင့်သူဖြစ်သည်ဟု လည်းကောင်း ထင်မြင်ခဲ့သည်။ သူ၏ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့သည် သူ၏ ယုံကြည်မှုပြောင်းလဲသည့် တစ်ချိန်တည်းမှာပင် ပြောင်းလဲခဲ့သည်။ ဤအရာကို အခြေခံလျှင် ပေါလုသည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခဲ့သလော၊ မယုံကြည်ခဲ့သလော။ (မယုံကြည်ခဲ့ပါ။) ပေါလု၏ လိုက်စားမှုများနှင့် သူရောက်ရှိနေသည့် လမ်းကြောင်းကို မည်သည့်အရာက လွှမ်းမိုးခဲ့သည်ကို ယခု စာကြောင်းတစ်ကြောင်းဖြင့် အနှစ်ချုပ်ကြစို့။ (သူ၏ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ဖြစ်သည်။) ဤသို့ဆိုလျှင် ပေါလု၏ သတ္တမမြောက်အပြစ်ကို ငါတို့ မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုသင့်သနည်း။ အချက်အားလုံးတွင် ပေါလု၏ ယုံကြည်မှုသည် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ဖြစ်သည်။ ယင်းမှာ အနှစ်မဲ့ပြီး မရေရာပေ။ သူသည် လုံးလုံးလျားလျားပင် မယုံကြည်သူတစ်ဦးနှင့် ဘုရားမဲ့တစ်ဦး ဖြစ်သည်။ သူကဲ့သို့ ဘုရားမဲ့သူတစ်ဦးနှင့် မယုံကြည်သူတစ်ဦးသည် အဘယ်ကြောင့် ဘာသာရေးလောကကို နောက်တွင် ချန်မထားခဲ့သနည်း။ တစ်ချက်အနေဖြင့် သူ၏ မရေရာသော စိတ်ကူးထင်မြင်မှုတွင် ခရီးပန်းတိုင်နှင့်သက်ဆိုင်သော ပြဿနာရှိသည်။ အခြားတစ်ချက်တွင် ဘဝတွင် ထမင်းစားလက်မှတ် သူရရှိခြင်းနှင့်ဆိုင်သော ပြဿနာရှိသည်။ ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်းနှင့် ထမင်းစားလက်မှတ်သည် ဤဘဝတွင် သူ၏ လိုက်စားမှုများဖြစ်သည်။ ပြီးလျှင် နောင်ဘဝတွင် ခရီးပန်းတိုင်တစ်ခုရှိခြင်း အယူအဆသည် သူ့ကို စိတ်သက်သာစေခဲ့သည်။ ဤသို့သောလူများလိုက်စားပြီး ထုတ်ဖော်ပြသည့်၊ ၎င်းတို့လျှောက်သည့်လမ်းကြောင်း၏ နောက်ကွယ်တွင် ဤအရာများ၌ အရင်းအမြစ်နှင့် မဏ္ဍိုင်တိုင်း ပါဝင်သည်။ ဤရှုထောင့်မှကြည့်လျှင် ပေါလုက မည်သည့်အရာ ဖြစ်သနည်း။ (မယုံကြည်သူဖြစ်သည်။ မရေရာသော ဘုရားကို သူယုံကြည်ခဲ့သည်။) (ဘုရားမဲ့တစ်ဦးဖြစ်သည်။) သူသည် ဘုရားမဲ့ဖြစ်သည်ဟုလည်းကောင်း၊ ခရစ်ယာန်ဘာသာထဲတွင် ပုန်းလျှိုးကွယ်လျှိုးနေနေသော မယုံကြည်သူတစ်ဦး၊ အခွင့်အရေးသမားတစ်ဦးဖြစ်သည်ဟုလည်းကောင်း ဆိုလျှင် တိကျမှန်ကန်သည်။ သင်က သူ့ကို ဖာရိရှဲဟုသာ ခေါ်ဆိုလျှင် ယင်းသည် လျှော့ပေါ့ပြောခြင်း မဟုတ်လော။ ပေါလုရေးခဲ့သည့်စာများကို သင်ကြည့်ပြီး အပေါ်ယံ၌ “ဘုရားသခင်၏ အလိုတော်အားဖြင့်” ဟု ဆိုထားသည်ကို မြင်လျှင် ပေါလုက ကောင်းကင်ဘုံရှိ ဘုရားသခင်ကို အမြင့်ဆုံးဟု မြင်သည်ဟုလည်းကောင်း၊ လူတို့၏ အယူအဆများကြောင့်သာ၊ သို့မဟုတ် လူတို့က မသိနားမလည်ဘဲ ဘုရားသခင်ကို နားမလည်ခဲ့သောကြောင့်သာ ၎င်းတို့က ဘုရားသခင်ကို ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်ဟူ၍ အဆင့်သုံးဆင့်အဖြစ် ခွဲခြားခဲ့သည်ဟုလည်းကောင်း၊ ယင်းမှာ လူ၏ မိုက်မဲမှုသာဖြစ်ပြီး အလွန်ဆိုးသောပြဿနာတစ်ခု မဟုတ်ဟုလည်းကောင်း၊ အကြောင်းမှာ ဘာသာရေးလောကတစ်ခုလုံးကလည်း ဤသို့ထင်မြင်သောကြောင့်ဖြစ်သည်ဟုလည်းကောင်း သင် ယူဆကောင်း ယူဆနိုင်သည်။ သို့ရာတွင် ယခုအခါ၌ ယင်းကို ပိုင်းခြားစိစစ်ပြီးနောက်တွင် ဤသည်မှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) ပေါလုသည် ဘုရားသခင် ဖြစ်တည်မှုကိုပင် အသိအမှတ်မပြုခဲ့ပေ။ ဤသည်မှာ ဘုရားမဲ့တစ်ဦးနှင့် မယုံကြည်သူတစ်ဦး ဖြစ်သည်။ ပြီးလျှင် သူ့ကို ဘုရားမဲ့များ၊ ဘာသာတရားမရှိသူများနှင့် အမျိုးအစားတူအဖြစ် ထားရှိသင့်သည်။
ပေါလု၏ အပြစ်ခုနစ်ခုကို ငါအနှစ်ချုပ်၍ ပြီးပြီဖြစ်သည်။ ယင်းတို့သည် မည်သည့်အရာများဖြစ်သည်ကို ငါ့အား အကျဉ်းချုပ်ပြောလော့။ (ပထမအပြစ်မှာ ပေါလုသည် ဓမ္မသရဖူအား လိုက်စားခြင်းနှင့် ကောင်းချီးများလိုက်စားခြင်းကို သင့်တင့်လျောက်ပတ်သော ရည်ရွယ်ချက်များအဖြစ် သဘောထားခဲ့သည်။ ဒုတိယမှာ ပေါလုသည် သူ၏ စိတ်ကူးထင်မြင်မှုများနှင့် သူ၏ ကိုယ်ပိုင်အယူအဆတွင် သူမှန်ကန်သည်ဟု ထင်သောအရာများကို သမ္မာတရားအဖြစ် သဘောထားခဲ့ပြီး ယင်းတို့ကို နေရာတကာ၌ ဟောကြားကာ လူတို့ကို အထင်အမြင်မှားစေခြင်း ဖြစ်သည်။ တတိယမှာ ပေါလုသည် သူ၏ ဆုကျေးဇူးများနှင့် အသိပညာကို အသက်အဖြစ် သဘောထားခဲ့သည်။ စတုတ္ထမှာ ပေါလုသည် သခင်ယေရှုခရစ်တော်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို ငြင်းဆန်ခဲ့ပြီး သခင်ယေရှု၏ ရွေးနုတ်ခြင်းအမှုကို ငြင်းဆန်ခဲ့သည်။ ပဉ္စမမှာ ပေါလုသည် “ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏” ဟု ဟောခဲ့ပြီး လူတို့ကို ပြောင်ပြောင်တင်းတင်း လှုံ့ဆော်ကာ အထင်အမြင်မှားစေလျက် ၎င်းတို့အား ဘုရားသခင်ကိုအကျပ်ကိုင်ရန်၊ ဘုရားသခင်အား ဆူညံစွာတောင်းဆိုရန်၊ ဆန့်ကျင်ရန် ကြိုးစားအောင် လုပ်ဆောင်ခဲ့သည်။ ဆဋ္ဌမမှာ ပေါလုသည် သူ့အနေဖြင့် အသက်ရှင်သည့်အရာမှာ ခရစ်တော်ဖြစ်၏ဟု ယုံကြည်ခဲ့သည်။ သခင်ယေရှုဖော်ပြခဲ့သည့် သမ္မာတရားများကို သူငြင်းဆန်ခဲ့သည်။ သခင်ယေရှု၏ စကားများကို သူ၏ကိုယ်ပိုင်စကားများဖြင့် အစားထိုးခဲ့သည်။ ပြီးလျှင် လူတို့အား ယင်းတို့ကို လက်တွေ့လုပ်ဆောင်စေပြီး လိုက်နာစေသည်။ ပေါလု၏ သတ္တမမြောက်အပြစ်မှာ သူသည် ဘုရားသခင်ကို စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့အဖြစ် သဘောထားခဲ့ပြီး လုံးလုံးလျားလျားပင် ဘုရားမဲ့တစ်ဦးနှင့် မယုံကြည်သူတစ်ဦး ဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။) ပေါလုတွင်ရှိသည့် ဤပြဿနာများအပေါ် ငါတို့၏ စိစစ်မှုသည် အလွန်အသေးစိတ်ကျပြီး ပေါလုကို ကိုးကွယ်သည့်သူတိုင်းအား အသိစိတ် ဝင်လာစေနိုင်သည်။ ဤသည်မှာ အဓိပ္ပာယ်ရှိသည်။ ပေါလုထုတ်ဖော်ပြီး ပြခဲ့သည့် ဤစိတ်သဘောထားများ၊ အနှစ်သာရများနှင့် သူ၏ တစ်ကိုယ်ရေ လိုက်စားမှုနည်းလမ်းများထဲတွင် မည်သည့်အရာက သင်တို့နှင့် သိသာစွာ ဆက်စပ်နေသနည်း။ (အားလုံးနှင့် ဆက်စပ်ပါသည်။) ပထမအပြစ်မှာ ဓမ္မသရဖူအား လိုက်စားခြင်းနှင့် ကောင်းချီးများလိုက်စားခြင်းကို သင့်တင့်လျောက်ပတ်သော ရည်ရွယ်ချက်များအဖြစ် သဘောထားခြင်း ဖြစ်သည်။ ဤအရာသည် မှားသည်ဟုလည်းကောင်း၊ လူတို့သည် ဤအရာကို ဆင်ခြင်သုံးသပ်ပြီး ပြောင်းလဲသင့်သည်ဟုလည်းကောင်း ငါအဘယ်ကြောင့်ဆိုသနည်း။ ပေါလုက ဓမ္မသရဖူကို လိုက်စားသောအခါ၊ ကောင်းချီးများကို လိုက်စားသောအခါ၊ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ ကြိုးစားအားထုတ်သောအခါ ဤအကျိုးအမြတ်များကို လိုက်စားခြင်းက သင့်တင့်လျောက်ပတ်သည်ဟု သူ သတ်မှတ်ခဲ့သည်။ ထို့ကြောင့် လက်တွေ့ဘဝတွင် သင်တို့၌ ဤအခြေအနေနှင့် ကိုက်ညီသော မည်သည့်ထုတ်ဖော်မှုများနှင့် သရုပ်သကန်များရှိသနည်း။ (တစ်ခါတစ်ရံတွင် ကျွန်ုပ်သည် အရေးကြီးအလုပ်များကို လုပ်ရန် ရှာဖွေပြီး ဘုရားအိမ်တော်အတွက် ပါဝင်ကူညီမှုများပြုလုပ်သည်။ ဤအရာများကို လိုက်စားခြင်းအားဖြင့် ဘုရားသခင်က နောက်ဆုံးတွင် ကျွန်ုပ်ကို စုံလင်အောင်ပြုလုပ်ပေးမည်ဟု ထင်သည်။ ကျွန်ုပ်လုပ်သည့် အလုပ်နှင့် ထမ်းဆောင်သည့် တာဝန်များကို အောင်မြင်မှုစာရင်းတစ်ခုအဖြစ် သဘောထားသည်။) ဤသည်မှာ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ သင်ထမ်းဆောင်သည့်တာဝန်များကို အောင်မြင်မှုစာရင်းတစ်ခုအဖြစ် သဘောထားခြင်းသည် ဓမ္မသရဖူအား လိုက်စားခြင်းနှင့် တူညီသည်။ တူညီသောအမျိုးအစားဖြစ်သည်။ တူညီသော အခြေအနေဖြစ်သည်။ ဤသည်မှာ သင်အလုပ်လုပ်ပြီး ဒုက္ခခံသည့်အရာ ဖြစ်သည်။ ဤသည်မှာ သင်၏ ဒုက္ခအရင်းအမြစ်ကို ညွှန်ကြားသောအရာဖြစ်ပြီး သင့်ဒုက္ခအတွက် တွန်းအားဖြစ်သည်။ ဤအရာများက သင့်အား ညွှန်ကြားနေခြင်း မရှိလျှင် သင့်၌ အားအင်တစ်ခုမျှ ရှိမည်မဟုတ်။ သင်သည် လုံးလုံးပင် အားအင်ကုန်ခမ်းနေလိမ့်မည်။ တစ်ယောက်ယောက်တွင် အခြားတစ်ခုခုရှိသလော။ (အမှုအရာများကို ကျွန်ုပ် စွန့်လွှတ်သော၊ ကိုယ့်ကိုယ်ကိုယ် အသုံးခံသော၊ ဒုက္ခခံသော၊ အဖမ်းခံရပြီး ထောင်ကျခံရသောအချိန်က ယခင်က ဖြစ်ရပ်များနှင့် ထိုကဲ့သို့သောအရာများကို တစ်ကိုယ်ရေ အရင်းအနှီးအဖြစ်၊ ကောင်းချီးခံရဖို့အတွက် အခြေပြုချက်နှင့် အကြောင်းရင်းအမြစ် သဘောထားခြင်း ဖြစ်သည်။) ဤသည်မှာ ဖော်ပြချက်တစ်ခုသာ ဖြစ်သည်။ ဤတွင် ဖုံးကွယ်နေသော အခြေအနေမှာ အဘယ်နည်း။ ဤအခြေအနေသို့ သင့်အား ကျရောက်စေသည်မှာ မည်သည့်အခြေအနေမျိုး ဖြစ်သနည်း။ ဤပုံစံမျိုးကို အကြောင်းပြချက်မရှိဘဲ သင်စဉ်းစားမည်မဟုတ်။ သင်က စားသောအခါ၊ အိပ်သောအခါ၊ သို့မဟုတ် တစ်နေ့ပြီးတစ်နေ့ အမှုအရာများကို လုပ်ဆောင်သောအခါ ဤအရာကို သင် အစဉ်တွေးတောနေဖို့ မဖြစ်နိုင်ပေ။ မည်သည့်နောက်ခံများနှင့် အခြေအနေများက သင့်အား ဤအခြေအနေသို့ ရောက်ရှိစေသည်ကို သင်သိဖို့ လိုသည်။ ငါ့ကို ပြောလော့။ (ကျွန်ုပ်သည် ကျွန်ုပ်၏ တာဝန်များတွင် အနည်းငယ်ထိရောက်မှု ရှိသောအခါ ဘုရားအတွက် လှည့်လည်ခရီးသွားခဲ့သည်၊ ဘုရားအတွက် ကိုယ့်ကိုယ်ကိုယ် အသုံးခံခဲ့သည်၊ ဘုရားအတွက် အားသွန်ခွန်စိုက်ပြီး များစွာလုပ်ဆောင်ခဲ့သည်ဟု ထင်သည်။ ပေါလုကဲ့သို့ပင် ကျွန်ုပ်သည် ဘုရားအတွက် ကောင်းစွာသောတိုက်လှန်ခြင်းကို ပြုပြီး ကူညီပံ့ပိုးမှုတစ်ခု ပြုလုပ်ခဲ့သည်ဟု ထင်သည်။ ဤသည်မှာ ကျွန်ုပ်၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများက ဦးမော့လာသည့်အချိန် ဖြစ်သည်။) အမှန်တကယ်တွင် သင်သည် နဂိုက ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများမရှိခြင်း မဟုတ်။ ယင်းတို့သည် သင့်စိတ်နှလုံးအတွင်းထဲတွင် အစကတည်းက ပုန်းကွယ်နေခြင်းဖြစ်သည်။ ပြီးလျှင် ယခုအခါတွင် ယင်းတို့သည် ထွက်ပေါ်လာပြီး အလိုအလျောက် ထုတ်ဖော်ပြခြင်းဖြစ်သည်။ ဤအရာ ဖြစ်ပျက်သောအခါ သင်သည် မနှိမ့်ချတော့ပေ။ သင့်စကားများက ဝေ့ဝိုက်ခြင်းမရှိတော့ဘဲ သင်သည် ဆောင့်ကြွားကြွား ဖြစ်လာသည်။ ပေါလု၏ မမှန်ကန်သောအမြင်များသည် သူလုပ်ဆောင်သမျှတိုင်း၏ အရင်းအမြစ်ဖြစ်သည်။ ဘုရားသခင်အပေါ် သူ၏ယုံကြည်မှု၌ ဖုံးကွယ်နေသော အမြင်များသည် မှားယွင်းသောကြောင့် သူ့လုပ်ရပ်များ၏ အရင်းအမြစ်က မှားယွင်းဖို့ သေချာစေသည်။ သို့ရာတွင် သူသည် ဤအရာကို သဘောမပေါက်ခဲ့ဘဲ သင့်တင့်လျောက်ပတ်သည်ဟုပင် ထင်ခဲ့သည်။ ထို့ကြောင့် သူသည် မမှန်ကန်သော ဦးတည်ချက်ဖြင့် လိုက်စားခဲ့သည်။ ဤသည်မှာ သူလိုက်စားမှုများ၏ ရလဒ်ကို သူရည်ရွယ်ခဲ့သည့်အရာ၏ ဆန့်ကျင်ဘက် ဖြစ်စေခဲ့သည်။ ယင်းတို့သည် ရလဒ်ကောင်းမရှိခဲ့ဘဲ သမ္မာတရားကို သူမရရှိခဲ့ပေ။ ယခုခေတ် လူများသည် ထို့အတူပင်ဖြစ်သည်။ သင့်လိုက်စားမှုကို လမ်းပြပေးနေသည့် အမြင်များနှင့် ဦးတည်ချက်သည် အစဉ်မှားယွင်းသော်လည်း သင်က ယင်းတို့ကို မှန်ကန်သော လိုက်စားမှုနည်းလမ်းများအဖြစ် သဘောထားဆဲဖြစ်လျှင် အဆုံး၌ မည်သည့်အရာကို သင်ရရှိမည်နည်း။ ယင်းသည် သင့်အား စိတ်ပျက်စေဖို့၊ သို့မဟုတ် သင့်သဘောသဘာဝကို ကြီးကျယ်စေဖို့ ဖြစ်နိုင်ခြေများသည်။ ဥပမာ ဘုရားသခင်က သင့်ကို အထူးပုံစံတစ်ခုဖြင့် ကောင်းချီးပေးလျှင်၊ သို့မဟုတ် သင်တစ်ဦးတည်းအပေါ်သာ တစ်စုံတစ်ခုပေးအပ်လျှင် သင်က “ကြည့်လော့။ ဘုရားသခင်က ငါ့အပေါ် ကျေးဇူးပြုသည်။ ဤသည်မှာ ဘုရားသခင်က ငါလုပ်ဆောင်ပြီးသမျှတိုင်းကို အသိအမှတ်ပြုသည်ကို သက်သေပြသည်။ ဘုရားသခင်က လက်ခံပြီး ဖြစ်သည်။ ငါ၏ အနစ်နာခံမှုများနှင့် အားထုတ်မှုက အချည်းနှီးမဖြစ်။ ဘုရားသခင်က လူတို့ကို မမျှမတ မဆက်ဆံပါ” ဟု တွေးလိမ့်မည်။ ဤသည်မှာ ဘုရားသခင်က လူတို့ကို မမျှမတ မဆက်ဆံဆိုသည်နှင့် သူ၏ကောင်းချီးများ၊ လက်ခံမှုတို့ကို သင်နားလည်ပုံဖြစ်သည်။ သို့သော် ဤနားလည်မှုသည် မှားယွင်းပြီး လွဲချော်နေသည်။ ယခုအခါတွင် အဓိကသော့ချက်မှာ ဤမှားယွင်းသော လွဲချော်နေသော ရည်ရွယ်ချက်များ၊ အမြင်များနှင့် လိုက်စားမှုများကို မှန်ကန်သော၊ သန့်စင်သောအမြင်များနှင့် အတွေးများအဖြစ်သို့ မည်သို့ပြောင်းလဲရမည်ဆိုသည့်အရာဖြစ်သည်။ မှန်ကန်သောအတွေးများ၊ အမြင်များအတိုင်း အမှုအရာများအား လုပ်ဆောင်ခြင်းကသာ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် ညီမျှသည်။ ဤသည်မှာ သမ္မာတရားကို သင်ရရှိနိုင်သည့် တစ်ခုတည်းသောနည်းလမ်း ဖြစ်သည်။ ဤသည်မှာ အဓိကသော့ချက်ဖြစ်သည်။
တရားဒေသနာများကို ကြိမ်ဖန်များစွာ နားထောင်ခြင်းအားဖြင့် လူတို့သည် ယခုတွင် မိမိတို့ကိုယ်ကို စတင်၍ ဆင်ခြင်သုံးသပ်လာကြကာ မိမိတို့ကိုယ်ကို ဘုရားနှုတ်ကပတ်တော်များဖြင့် နှိုင်းယှဉ်ချိန်ဆလာကြသည်။ ၎င်းတို့သည် မိမိတို့၏တာဝန်များထမ်းဆောင်ရာတွင် ၎င်းတို့၌ရှိသော ပြဿနာများကို စတင်သိမြင်လာကြသည်။ ပြီးလျှင် ၎င်းတို့ကိုယ်တိုင်၏ အတွင်းတွင်ရှိသော မူမမှန်သော အခြေအနေများ၊ လွန်ကျူးသော လိုအင်ဆန္ဒများနှင့် ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ခြင်းများကို စတင်သိရှိလာနိုင်ကြသည်။ ၎င်းတို့သည် လုံးဝ ထိုးထွင်းသိမြင်မှု မရှိခြင်း မဟုတ်ပေ။ တစ်ခုတည်းသောပြဿနာမှာ ၎င်းတို့က မှားယွင်းသော အခြေအနေ၌ ရှိသည်ကို၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးမှုအား ထုတ်ဖော်နေသည်ကို သတိပြုမိလာသောအခါ ယင်းကို ချုပ်တည်းရန် ပင်ကိုစွမ်းရည်မရှိပေ။ ပြီးလျှင် ယင်းကို ဖြေရှင်းရန် သမ္မာတရားကို မရှာဖွေပေ။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် စာတန်ဆန်သော အတွေးအခေါ်များအတိုင်း နေထိုင်ကြပြီး မည်သူ့ကိုမျှ စိတ်မကျေမနပ်ဖြစ်အောင် မပြုလုပ်ဘဲ ၎င်းတို့သည်အလွန်ကောင်းမြတ်သည်ဟု ထင်ကြသည်။ သို့ရာတွင် ၎င်းတို့သည် အမှန်တကယ်ပြောင်းလဲခြင်း လုံးဝမရှိပေ။ ၎င်းတို့သည် ၎င်းတို့၏ နေ့ရက်များကို ဖြုန်းတီးလျက် ဖြစ်သလိုနေထိုင်ကြသည်။ ပြီးလျှင် ရလဒ်အနေဖြင့် ဘုရားသခင်ကို ဆယ်စုနှစ်တစ်ခုကြာ ယုံကြည်ပြီးသည့်နောက်တွင်ပင် ပြောစရာ အမှန်တကယ် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်မရှိဘဲ ရှက်ရွံ့ကြသည်။ ယခုအခါတွင် ဖြေရှင်းရန် လိုအပ်သည့် အဓိကပြဿနာမှာ သင့်လိုက်စားမှုများ၏ မမှန်ကန်သော ဦးတည်ချက်ကို မည်သို့ပြောင်းလဲရမည်ဆိုသည့်အရာ ဖြစ်သည်။ သမ္မာတရားအား လိုက်စားခြင်း လမ်းကြောင်းသည် မှန်ကန်သည်ဆိုသည်ကို သင်ရှင်းသည်။ သို့တိုင်အောင် သင်သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအား လိုက်စားခြင်းကို ဆက်လက်လုပ်ဆောင်သည်။ သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းပေါ်သို့ သင်ရောက်ရှိနိုင်ရန်အတွက် ဤပြဿနာကို မည်သို့ပြောင်းလဲပစ်နိုင်သနည်း။ ဤသည်မှာ ယုံကြည်သူများ ဖြေရှင်းရမည့် တကယ့်ပြဿနာတစ်ခုဖြစ်သည်။ ဘုရားသခင်၏ လုပ်ဆောင်မှုအား သင်တို့မည်သို့တွေ့ကြုံသည်ကို သင်တို့ မကြာခဏ မိတ်သဟာယပြုသင့်ပြီး မည်သူက သမ္မာတရားအား လိုက်စားခြင်းနှင့်ဆိုင်သည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ရှိသည်၊ မည်သူ၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်က ကောင်းသည်ဆိုသည်ကို ကြည့်သင့်သည်။ ထို့နောက်တွင် ယင်းကို လက်ခံပြီး ယင်းအတိုင်း လိုက်လုပ်သင့်သည်။ ဤသို့ဖြင့် သင်သည် ယင်းထံမှ အကျိုးကျေးဇူးရရှိပြီး သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ဘောင်ခတ်ခြင်းများမှ လွတ်မြောက်သည်။ သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းကို လျှောက်ရန်မှာ လွယ်ကူသောအရာမဟုတ်။ သင့်ကိုယ်သင် နားလည်ရမည်ဖြစ်ပြီး သင်၏ ပြစ်မှားမှုများကိုသာ နားလည်ရမည်မဟုတ်။ အရေးကြီးဆုံးသောအရာမှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို နားလည်ရန်၊ သင်၏နှစ်သက်မှုများ၊ လိုက်စားမှုများနှင့်ပတ်သက်၍ မည်သည့်အရာက မှားယွင်းနေသည်နှင့် မည်သည့်အကျိုးဆက်များ ထွက်ပေါ်နိုင်သည်တို့ကို နားလည်ရန် ဖြစ်သည်။ ဤသည်မှာ အရေးပါဆုံးသောအရာ ဖြစ်သည်။ လူအများစုမှာ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို လိုက်စားကြသည်။ ၎င်းတို့သည် နေ့စဉ် မည်သို့ခေါင်းဆောင်ဖြစ်အောင်လုပ်ရမည်၊ အခြားလူများကို ၎င်းတို့အား အထင်ကြီးလေးစားအောင် မည်သို့လုပ်ဆောင်ရမည်၊ မည်သို့ ကြွားဝါနိုင်သည်၊ ဂုဏ်ရှိသောဘဝကို မည်သို့နေထိုင်ရမည်ဆိုသည်တို့ကို တွေးကြသည်။ လူတို့သည် ဤအရာများအား ဆင်ခြင်သုံးသပ်နိုင်စွမ်းမရှိလျှင်၊ ဤပုံစံအတိုင်း နေထိုင်ခြင်း၏ အနှစ်သာရကို ရှင်းလင်းစွာ မမြင်နိုင်လျှင်၊ ၎င်းတို့သည် သွားစရာလမ်းမရှိတော့ဘဲ လဲကျကာ နောက်ဆုံးတွင် အသိစိတ်ဝင်လာသည့်အချိန်တွင် နှစ်ပေါင်းမည်မျှကြာမည်ကို မည်သူမျှမသိနိုင်သည့်အချိန်အထိ ကြုံရာကျပန်းနေနေလျှင် ၎င်းတို့၏အသက်တာကြီးထွားမှုနှင့်ဆိုင်သည့် အရေးကြီးကိစ္စကို နှောင့်နှေးစေမည် မဟုတ်လော။ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ၎င်းတို့ရွေးချယ်ပြီးဖြစ်သော လမ်းကြောင်းကို ရှင်းလင်းစွာ ကြည့်ခြင်းအားဖြင့်သာ သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းပေါ်၌ ခြေချနိုင်သည်။ ဤသည်မှာ ၎င်းတို့ရရှိလိုသည့် သက်ရောက်မှုဖြစ်လျှင် မိမိတို့ကိုယ်ကို နားလည်ရန်မှာ အရေးမပါသလော။ လူအချို့သည် မိမိတို့ကိုယ်ကို အနည်းငယ်မျှပင် နားမလည်ပေ။ သို့တိုင်အောင် အခြားလူများ၏ ပြဿနာများနှင့်ဆိုင်သော အသေးဆုံးအချက်အလက်ကို ကြည်လင်ရှင်းလင်းစွာ သိမြင်မှုရှိပြီး အထူးပင် ပိုင်းခြားသိမြင်သည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် သူတစ်ပါးတို့ကို ပိုင်းခြားသိမြင်သောအခါ ယင်းကို မိမိတို့ကိုယ်ကို ဆန်းစစ်ရန် မှန်အဖြစ် အဘယ်ကြောင့် အသုံးမပြုသနည်း။ အခြားလူတို့သည် မာနထောင်လွှားသည်၊ မိမိကိုယ်ကို အမှန်ထင်သည်၊ လှည့်ဖြားတတ်သည်၊ သမ္မာတရားကို မကျိုးနွံမနာခံဟု သင်အစဉ်ပြောပြီး သင်ကလည်း အလားတူပင်ဖြစ်သည်ကို မမြင်နိုင်ပါက သင်သည် ဒုက္ခရောက်ပြီ ဖြစ်သည်။ သင်၏ ကိုယ်ပိုင်ပြဿနာများကို လုံးဝ မသိမြင်လျှင်၊ သမ္မာတရားအပေါ် တရားဒေသနာမည်မျှကို သင်ကြားနာသည်ဖြစ်စေ၊ သင်ကြားသည့်အရာကို နားလည်သော်လည်း သင့်ကိုယ်သင် ယင်းနှင့် နှိုင်းယှဉ်ချိန်ဆမကြည့်လျှင်၊ သင်၏အခြေအနေကို ဆန်းစစ်လိုစိတ်မရှိလျှင်၊ သင်၏ ကိုယ်ပိုင်ပြဿနာများကို အလေးအနက်ကိုင်တွယ်ပြီး ဖြေရှင်းနိုင်စွမ်းမရှိလျှင် သင့်၌ အသက်ဝင်ရောက်မှုရှိမည်မဟုတ်။ လူတို့သည် သမ္မာတရား လက်တွေ့ကျမှုများအတွင်းသို့ ဝင်ရောက်ရန် အစဉ်မစွမ်းဆောင်နိုင်လျှင် ၎င်းတို့၏ စိတ်နှလုံး၌ အနှစ်မရှိသော ခံစားချက်တစ်ခုရှိမည်မဟုတ်လော။ ၎င်းတို့သည် သိမြင်နားလည်မှုမရှိသကဲ့သို့ ၎င်းတို့၌ ဘုရားသခင်က မည်သည့်အမှု ပြုလုပ်ခဲ့သည်ကို ခံစားမိမည်မဟုတ်ပေ။ ၎င်းတို့သည် အစဉ်သဖြင့် ဝေဝါးသောအခြေအနေတွင် ရှိလိမ့်မည်။ ပြီးလျှင် ၎င်းတို့၏ လိုက်စားမှုများက မှန်ကန်သော ရည်ရွယ်ချက်၊ သို့မဟုတ် ဦးတည်ချက်အတွက် ရည်မှန်းခြင်း ဖြစ်လိမ့်မည်မဟုတ်။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်နှစ်သက်မှုများအတိုင်းသာ လိုက်စားလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို လျှောက်လိမ့်မည်။ ဤသည်မှာ ပေါလုကဲ့သို့ပင် ဆုလာဘ်များနှင့် သရဖူကို လိုက်စားခြင်းကိုသာ အလေးထားပြီး သမ္မာတရားကို လုံးဝ လက်မခံခြင်း၊ လက်တွေ့မလုပ်ဆောင်ခြင်း ဖြစ်သည်။ သင်၏ စိတ်သည် အစဉ်သဖြင့် မရေရာသည့် အခြေအနေတွင်ရှိနေလျှင်၊ သင့်၌ မှန်ကန်သော လိုက်စားမှုလမ်းကြောင်းမရှိလျှင် သင်သည် တရားဒေသနာများကို နှစ်အတန်ကြာနားထောင်ပြီးနောက် မည်သည့်သက်ရောက်မှုကိုမျှ မရရှိခဲ့ဘဲ မှန်သောလမ်းခရီးသည် သင့်စိတ်နှလုံး၌ လုံးဝ အမြစ်မတွယ်ပေ။ အယူဝါဒများစွာအကြောင်းအား မည်သို့ပြောရမည်ကို သင်သိနိုင်သော်လည်း ယင်းက သင်၏ အပျက်သဘောဆောင်သောအခြေအနေ၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းနိုင်စွမ်းလုံးဝ မရှိပေ။ မည်သည့်အခက်အခဲမျိုးကိုမဆို သင်ကြုံရသောအခါ သင်နားလည်သော အယူဝါဒသည် သင့်အား ယင်းကိုကျော်လွှားဖို့၊ သို့မဟုတ် ချောမွေ့စွာ ဖြတ်သန်းဖို့ ကူညီလိမ့်မည် မဟုတ်ပေ။ သင့်အခြေအနေကို ပြောင်းလဲရန်၊ သို့မဟုတ် ပြုပြင်ရန် ကူညီမည်မဟုတ်။ သင့်အား အသိစိတ်ဖြင့် နေထိုင်စေမည်မဟုတ်။ သင့်အား လွတ်လပ်ခြင်း၊ လွတ်မြောက်ခြင်းပေးမည်မဟုတ်၊ သို့မဟုတ် တစ်စုံတစ်ခု၏ ဘောင်ခတ်ခြင်းအား သင်မခံရရန် တားဆီးပေးမည်မဟုတ်။ သင်သည် ယခင်က ဤသို့သော အခြေအနေတစ်ခု၌ လုံးဝ မရှိခဲ့ဖူးပေ။ ထို့ကြောင့် ယင်းက သင်သည် အခြေခံအားဖြင့် သမ္မာတရား လက်တွေ့ကျမှုများအတွင်းသို့ မဝင်ရောက်ရသေးသည်ကို သက်သေပြသည်။ သမ္မာတရား လက်တွေ့ကျမှုများအတွင်းသို့ သင်ဝင်ရောက်လိုလျှင်၊ ဘုရားနှုတ်ကပတ်တော်များကို နားလည်လိုလျှင်၊ ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းကို ရရှိလိုလျှင်၊ ဘုရားသခင်အား သိကျွမ်းပြီး ဘုရားသခင် အမှန်တကယ် တည်ရှိသည်ကို သေချာလိုလျှင် သင့်အခြေအနေကို ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် နှိုင်းယှဉ်ချိန်ဆရမည်ဖြစ်သည်။ ပြီးနောက် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်ရန် လမ်းကြောင်းကို ရှာရမည်။ လူအချို့က ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီး မိမိတို့ကိုယ်ကို ယင်းတို့နှင့် နှိုင်းယှဉ်ချိန်ဆကြည့်လိုသည်။ သို့သော် ၎င်းတို့ မည်မျှကြိုးစားသည်ဖြစ်စေ မလုပ်ဆောင်နိုင်ကြပေ။ ဥပမာ လူ၏ စိတ်သဘောထားက မာနထောင်လွှားလွန်းသည်ဟု ဘုရားသခင်က ဖော်ထုတ်သောအခါ ၎င်းတို့က “ငါသည် အလွန်နှိမ့်ချပြီး အနောက်တွင်နေသည်။ မာနမထောင်လွှားပါ” ဟု တွေးသည်။ ဘုရားသခင်ပြောဆိုသည့် ဤမာနထောင်လွှားခြင်းမှာ အဘယ်နည်း။ ယင်းသည် စိတ်သဘောထား အမျိုးအစား တစ်ခု ဖြစ်သည်။ မောက်မာသော ပင်ကိုစရိုက်၏ သရုပ်သကန်မဟုတ်ပေ၊ သို့မဟုတ် ကျယ်လောင်သောအသံဖြင့် သို့မဟုတ် အထူးပင် ဆောင့်ကြွားကြွားနိုင်သောပုံစံဖြင့် ပြောဆိုခြင်း မဟုတ်ပေ။ ထိုထက် ယင်းသည် သင့်စိတ်သဘောထားရှိ တစ်စုံတစ်ခုကို ရည်ညွှန်းသည်။ ယင်းသည် မည်သည့်အရာကိုမျှ သင်အလျှော့မပေးသည့် စိတ်သဘောထားတစ်ခုဖြစ်ပြီး အရာရာတိုင်းကို မထီမဲ့မြင်ပြုသည့်၊ အထင်သေးသည့်၊ လုံးဝ ဂရုမစိုက်သည့် စိတ်သဘောထားဖြစ်သည်။ သင်သည် မာနထောင်လွှားသည်။ စိတ်ကြီးဝင်သည်။ မိမိကိုယ်ကို အမှန်ထင်သည်။ သင်သည် အစွမ်းအစရှိသည်ဟု အစဉ်ထင်ပြီး မည်သူ့ကိုမျှ နားမထောင်ပေ။ သမ္မာတရား စကားများကို သင်ကြားလျှင်ပင် သင်သည် ယင်းတို့ကို လုံးဝ ဂရုမစိုက်ဘဲ သမ္မာတရားကို အရေးမကြီးဟု မြင်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို သင်ထုတ်ဖော်သောအခါ ယင်းသည် ပြဿနာတစ်ခုဟု သင်မမြင်ပေ။ ပြီးလျှင် မည်သူကမျှ သင်နှင့် မယှဉ်နိုင်ဟုပင် ထင်ပြီး သင်က အခြားလူတိုင်းထက် သာလွန်သည်ဟု အစဉ်ထင်မြင်ကာ အခြားသူများအား သင့်ကို နားထောင်ရန် တောင်းဆိုသည်။ ဤသည်မှာ မာနထောင်လွှားသော၊ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်သောသူဖြစ်သည်။ ဤသို့သောလူတို့တွင် အသက်ဝင်ရောက်မှု မရှိသကဲ့သို့ သမ္မာတရား လက်တွေ့ကျမှုများမရှိပေ။
လူတစ်ယောက်တွင် သမ္မာတရား လက်တွေ့ကျမှုများရှိမရှိဟူသည်ကို မည်သို့ အကဲဖြတ်သင့်သနည်း။ ဘုရားနှုတ်ကပတ်တော်နှင့်အညီ တိကျသော ဆန်းစစ်ချက်ကို ပြုလုပ်ရမည်မှာ အမှန်ပင်ဖြစ်၏။ ရှေးဦးစွာ သင့်ကိုယ်သင် အမှန်တကယ် နားလည်ခြင်းရှိမရှိ၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အမှန်တကယ် နားလည်ခြင်းရှိမရှိကို ကြည့်လော့။ ဥပမာ သင့်စိတ်သဘောထားက မာနထောင်လွှားသလော။ အမှုအရာများကို လုပ်ဆောင်သောအခါတွင် မာနထောင်လွှားသော စိတ်သဘောထားကို သင်ထုတ်ဖော်ပြသလော။ သင်မသိလျှင် သင်သည် မိမိကိုယ်ကို နားမလည်သောသူတစ်ဦး ဖြစ်သည်။ လူတစ်ဦးသည် သူ၏အခြေအနေကို ရှင်းလင်းစွာ မမြင်နိုင်လျှင်၊ သူထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးမှုကို အနည်းငယ်မျှပင် နားလည်ခြင်းမရှိလျှင်၊ သူ၏စကားများနှင့် လုပ်ရပ်များကို သမ္မာတရားအပေါ်၌ အခြေမခံလျှင်၊ သူကြုံရသည့် အခြေအနေများကို ပိုင်းခြားသိမြင်ခြင်းမရှိလျှင်၊ ပြီးလျှင် အကြောင်းအရာတိုင်းကို ကြည့်သောအခါ၌ စည်းမျဉ်းစည်းကမ်းများကို မဆင်မခြင် အသုံးချသော်လည်း မှန်သည်၊ မှားသည်ကို မသိလျှင် သူသည် သမ္မာတရားအပေါ် နားလည်ခြင်းမရှိသည့်သူတစ်ဦး ဖြစ်သည်။ သမ္မာတရားကို နားလည်လျှင် သင့်ကိုယ်သင် နားလည်နိုင်လိမ့်မည်။ သင့်၌ မာနထောင်လွှားသော စိတ်သဘောထားတစ်ခုရှိသည်ကို သိလိမ့်မည်။ သင်၏ စစ်မှန်သောအခြေအနေကို ပိုင်းခြားသိမြင်နိုင်မည်။ အမှန်တကယ် နောင်တရပြီး ပြောင်းလဲနိုင်မည်။ သမ္မာတရားအား မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို သိနိုင်လိမ့်မည်။ သို့ရာတွင် သမ္မာတရားကို သင်မလိုက်စားလျှင်၊ ဘုရားနှုတ်ကပတ်တော်၏ သမ္မာတရားနှင့်ဆိုင်သော လက်တွေ့ကျသောအပိုင်းကို နားလည်ခြင်းမရှိလျှင်၊ ဘုရားသခင်ဖော်ထုတ်သည့် လူတို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို ဆင်ခြင်သုံးသပ်ခြင်း မရှိလျှင်၊ သို့မဟုတ် ယင်းတို့ဖြင့် သင့်ကိုယ်သင် နှိုင်းယှဉ်ချိန်ဆမကြည့်လျှင် သင်သည် ထာဝရ နားဝေတိမ်တောင်ဖြစ်သောသူတစ်ဦး ဖြစ်လိမ့်မည်။ သမ္မာတရားကသာ သင့်ကို ပိုင်းခြားသိမြင်တတ်အောင် ပြုလုပ်ပေးနိုင်သည်။ အမှန်နှင့်အမှား၊ အဖြူနှင့်အမည်းကို ခွဲခြားသိမြင်နိုင်အောင် ပြုလုပ်ပေးနိုင်သည်။ သမ္မာတရားကသာ သင့်အား ပါးနပ်ပြီး ဆင်ခြင်တုံတရားရှိအောင် ပြုလုပ်ပေးနိုင်သည်။ သင့်အား ဉာဏ်ပညာ ပေးနိုင်သည်။ ပြီးလျှင် အပြုသဘောဆောင်သည့်အရာများက မည်သည့်အရာများဖြစ်သည်၊ အပျက်သဘောဆောင်သည့်အရာများက မည်သည့်အရာများဖြစ်သည်ဆိုသည်တို့ကြား ရှင်းလင်းစွာ ခွဲခြားသိမြင်ရန် အရည်အချင်းကို ပေးနိုင်သည်။ ဤအရာများကို သင်ရှင်းလင်းစွာ ခွဲခြားသိမြင်နိုင်ခြင်းမရှိလျှင် သင်သည် ထာဝရ နားဝေတိမ်တောင် ဖြစ်သောသူတစ်ဦး ဖြစ်မည်။ သင်သည် အစဉ်သဖြင့် မပြတ်သားသော၊ ဘာဆိုဘာမျှမသိသော၊ ရောထွေးနေသော အခြေအနေတွင်ရှိလိမ့်မည်။ ဤသို့သောလူတို့သည် သမ္မာတရားကို နားလည်ဖို့ မဖြစ်နိုင်ဘဲ ဘုရားသခင်ကို ၎င်းတို့ နှစ်မည်မျှယုံကြည်သည်ဖြစ်စေ သမ္မာတရား လက်တွေ့ကျမှုများအတွင်းသို့ မဝင်ရောက်နိုင်သေးပေ။ ၎င်းတို့၏ အလုပ်လုပ်ပေးခြင်းသည် စံမမီလျှင် ၎င်းတို့အတွက် ကျန်ရှိသမျှမှာ ဖယ်ရှားရှင်းလင်းခံရခြင်းသာ ဖြစ်သည်။ ဥပမာ လွန်စွာ ကျော်ကြားသောသူတစ်ဦးက တစ်စုံတစ်ခုကို လုပ်ဆောင်ပြီး လူအများစုက ယင်းကို ကောင်းသောအရာအဖြစ် မြင်သည်။ သို့သော် သမ္မာတရားကို နားလည်သောသူတစ်ဦးက ယင်းကို ကြည့်လျှင် သူ့၌ ပိုင်းခြားသိမြင်မှုရှိလိမ့်မည်ဖြစ်ပြီး ဆိုးယုတ်သော ရည်ရွယ်ချက်များက သူ၏ လုပ်ရပ်များအတွင်း၌ ဖုံးကွယ်နေသည်ဟု သတ်မှတ်လိမ့်မည်။ ယင်းသည် ကောင်းယောင်ဆောင်ခြင်း၊ လှည့်ကွက်များနှင့် လှည့်ဖြားမှုဖြစ်သည်ဟုလည်းကောင်း၊ ဆိုးယုတ်သူ၊ သို့မဟုတ် နတ်ဆိုးဘုရင်တစ်ဦးကသာ ဤသို့သောအရာတစ်ခုကို လုပ်ဆောင်နိုင်သည်ဟုလည်းကောင်း သတ်မှတ်လိမ့်မည်။ ဤသို့ပြောခြင်းအတွက် အခြေပြုချက်မှာ အဘယ်နည်း။ ဤ “ကောင်းသောအရာ” ၏ အနှစ်သာရကို သမ္မာတရားနှင့်အညီ ဆုံးဖြတ်ခြင်းဖြစ်သည်။ အခြားလူများက မည်သို့ပြောသည်ဖြစ်စေ ယင်းကို အကဲဖြတ်ရန် သမ္မာတရားအား အသုံးပြုခြင်းဖြင့်သာ ယင်း၏ အနှစ်သာရကို ရှင်းလင်းစွာ မြင်နိုင်သည်။ ယင်းသည် ကောင်းလျှင် ကောင်းသည်။ ဆိုးလျှင် ဆိုးသည်။ ဘုရားနှုတ်ကပတ်တော်နှင့်အညီ အကဲဖြတ်ခြင်းသည် လုံးဝ တိကျမှန်ကန်သည်။ သို့ရာတွင် သမ္မာတရားအား သင်နားမလည်လျှင် သင်၌ အယူအဆများ ဖြစ်ပေါ်လိမ့်မည်။ သင်က “၎င်းတို့သည် ကောင်းသောအရာတစ်ခုကို လုပ်ဆောင်ခြင်းအတွက် အဘယ်ကြောင့် ဖော်ထုတ်ခံရပြီး ရှုတ်ချခံနေရသနည်း။ ၎င်းတို့သည် မျှတစွာ ဆက်ဆံခြင်းမခံရပါ” ဟု ပြောလိမ့်မည်။ ဤသည်မှာ သင် အကဲဖြတ်မည့် ပုံစံဖြစ်သည်။ ဤအမှုကိစ္စကို အကဲဖြတ်ခြင်းအတွက် သမ္မာတရားသည် သင်၏ အခြေပြုချက်မဟုတ်ဘဲ သင့်စိတ်က စိတ်ကူးထင်မြင်သော အရာများ ဖြစ်သည်။ သင်သည် လူသားအယူအဆများနှင့် စိတ်ကူးထင်မြင်မှုများအရ အမှုအရာများကို အစဉ်ရှုမြင်လျှင် ပြဿနာများ၏ အနှစ်သာရကို လုံးဝ ရှင်းလင်းစွာ မြင်နိုင်မည်မဟုတ်။ အပေါ်ယံ အသွင်အပြင်များ၏ အထင်အမြင်မှားစေခြင်းကိုသာ သင်ခံရမည်။ သင်၌ သမ္မာတရားမရှိသောအခါ မည်သည့်အရာကို သင်ကြည့်သည်ဖြစ်စေ သင်၏ အမြင်က အစဉ် မပြတ်မသားဖြစ်မည်။ မှုန်ဝါးပြီး ဝိုးတိုးဝါးတားဖြစ်ကာ မရှင်းမလင်းဖြစ်လိမ့်မည်။ သို့တိုင်အောင် သင်က သင့်ထံတွင် အသိအမြင်ရှိပြီး အတွေးနက်နဲမှုရှိသည်ဟု ထင်သည်။ ဤသည်မှာ မိမိကိုယ်ကို သိမြင်မှုကင်းမဲ့ခြင်းဖြစ်သည်။ ဥပမာ လူတစ်ဦးသည် ဆိုးယုတ်ပြီး အပြစ်ဒဏ်ပေးခြင်းခံရသင့်သည်ဟု ဘုရားသခင်က ဆိုသော်လည်း သင်က သူသည် လူကောင်းတစ်ယောက်ဖြစ်ပြီး ကောင်းသောအရာများကို လုပ်ဆောင်ခဲ့သည်ဟု ဆိုလျှင် သင့်စကားများက ဘုရားသခင်၏ စကားများနှင့် အတိအကျပင် ဆန့်ကျင်ပြီး ကွဲလွဲနေသည်မဟုတ်လော။ ဤသည်မှာ သမ္မာတရားကို လူတို့နားမလည်သောအခါ၊ ပိုင်းခြားသိမြင်မှုမရှိသောအခါ ဖြစ်ပျက်သောအရာ ဖြစ်သည်။ လူအချို့သည် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ခဲ့သော်လည်း သမ္မာတရားကို နားမလည်ပေ။ ၎င်းတို့သည် မည်သည့်အမှုကိစ္စမဆိုတွင် စေ့စပ်မှုမရှိဘဲ ၎င်းတို့ရှင်းလင်းစွာ မမြင်နိုင်သည့် အမှုကိစ္စများစွာရှိသည်။ ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များ၊ အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကို အလွယ်တကူခံရသည်။ မည်သည့်အခြေအနေများ ဖြစ်ပေါ်ပါစေ အနှောင့်အယှက်ဖြစ်စေနေသည့် ဆိုးယုတ်သောသူတစ်ဦး ရှိသရွေ့ ၎င်းတို့က ကိုယ်တိုင်သတိမထားမိဘဲ ရောထွေးကုန်ပြီး ထိုဆိုးယုတ်သောသူကဲ့သို့ ပြောဆိုကြသည်။ ထိုဆိုးယုတ်သောသူက ဖော်ထုတ်ခြင်းနှင့် ထုတ်ဖော်ခြင်းခံရမှသာ ၎င်းတို့က အသိစိတ်ဝင်လာခြင်း ဖြစ်သည်။ ဤသို့သောသူများသည် မကြာခဏ ဘာဆိုဘာမှမသိသော စိတ်နေစိတ်ထားတစ်ခုတွင် နေထိုင်ကြပြီး ၎င်းတို့၏ အနှစ်သာရသည် နားဝေတိမ်တောင်ဖြစ်သောသူတစ်ဦး၏ အနှစ်သာရဖြစ်သည်။ ဤသို့သောလူများတွင် အစွမ်းအစနည်းနည်းမျှမရှိပေ။ ၎င်းတို့သည် သမ္မာတရားကို နားမလည်ရုံသာမက အချိန်မရွေး အထင်အမြင်မှားစေခြင်း ခံရနိုင်သည်။ ထို့ကြောင့် ၎င်းတို့သည် သမ္မာတရား လက်တွေ့ကျမှုများထဲသို့ ဝင်ရောက်ရန် မဖြစ်နိုင်ပေ။ အသင်းတော်တိုင်းတွင် ဤသို့သောလူအချို့ရှိသည်။ အယောင်ဆောင်ခေါင်းဆောင်တစ်ဦးက အလုပ်လုပ်သောအခါ ၎င်းတို့က သူ့နောက်သို့လိုက်ကြသည်။ အန္တိခရစ်တစ်ဦးက လူတို့ကို အထင်အမြင်မှားစေသောအခါ ၎င်းတို့က သူ့နောက်လိုက်ကြသည်။ အတိုချုပ်အားဖြင့် ခေါင်းဆောင်က မည်သူဖြစ်ပါစေ ၎င်းတို့က ထိုသူ့နောက်သို့ လိုက်လိမ့်မည်။ ၎င်းတို့သည် မိမိခင်ပွန်း လုပ်ဆောင်သမျှနောက်သို့လိုက်သော မိန်းမကဲ့သို့ ဖြစ်သည်။ ခေါင်းဆောင်က လူကောင်းတစ်ယောက်ဖြစ်လျှင် ၎င်းတို့က လူကောင်းတစ်ယောက်နောက်သို့ လိုက်သည်။ ခေါင်းဆောင်က လူဆိုးတစ်ယောက် ဖြစ်လျှင် ၎င်းတို့က လူဆိုးတစ်ယောက်နောက်သို့ လိုက်သည်။ ၎င်းတို့တွင် ကိုယ်ပိုင်ထင်မြင်ချက်များ၊ သို့မဟုတ် ရပ်တည်ချက်များမရှိကြ။ ထို့ကြောင့် ဤသို့သောသူမျိုးကို သမ္မာတရားအား နားလည်ဖို့၊ သို့မဟုတ် စစ်မှန်မှုအတွင်းသို့ ဝင်ရောက်ဖို့ မမျှော်လင့်နှင့်။ ၎င်းတို့က အနည်းငယ်အလုပ်လုပ်ပေးနိုင်လျှင် ကောင်းနေပြီ ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် သမ္မာတရားအား ချစ်သောသူတို့တွင် အလုပ်လုပ်သည်။ သမ္မာတရားအား ချစ်သောသူအားလုံးသည် အနည်းဆုံးအနေဖြင့် ဘုရားနှုတ်ကပတ်တော်ကို နားလည်နိုင်ပြီး ဘုရားအိမ်တော်၏ တရားဒေသနာများနှင့် မိတ်သဟာယကို နားလည်နိုင်သော အစွမ်းအစရှိသူများ ဖြစ်ကြသည်။ ဘာသာရေးလောကသည် မည်မျှသော မိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာများ ဖြန့်ဖြူးပြီး ဖြန့်ဝေသည်ဖြစ်စေ၊ အန္တိခရစ်၏ ကောက်ကျစ်ဆိုးယုတ်သော အင်အားစုက အသင်းတော်ကို မည်သို့ အသရေဖျက်ပါစေ၊ ရှုတ်ချပါစေ၊ ဖိနှိပ်ပါစေ၊ သမ္မာတရားကို ချစ်သောသူတို့သည် ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို လက်ခံယုံကြည်ကြဆဲဖြစ်သည်။ ပြီးလျှင် ဘုရားအိမ်တော်ရှိ တရားဒေသနာများ၊ မိတ်သဟာယနှင့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်တို့သည် သမ္မာတရားနှင့် ကိုက်ညီပြီး အမှန်တကယ် သက်သေခံချက်များဖြစ်သည်ဟု ယုံကြည်ကြဆဲဖြစ်သည်။ ဤသည်မှာ သဘောပေါက်နားလည်နိုင်စွမ်းရှိခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ ဘုရားသခင်ပြောသည့် နှုတ်ကပတ်တော်များအားလုံးသည် သမ္မာတရားဖြစ်ပြီး လူတို့ပိုင်ဆိုင်သင့်သည့် အသက်စစ်မှန်မှုများဖြစ်ကြောင်းကို သင်သဘောပေါက်လျှင် ဤသဘောပေါက်ခြင်းက သင်က သမ္မာတရား၏ တစ်စိတ်တစ်ပိုင်းကို နားလည်နှင့်ပြီဖြစ်သည်ဆိုသည်ကို သက်သေပြသည်။ ဘုရားသခင်ဖော်ပြသည့် သမ္မာတရားအားလုံးသည် အပြုသဘောဆောင်သောအရာများဖြစ်ပြီး သမ္မာတရားစစ်မှန်မှုများ ဖြစ်သည်ကို သင်သဘောပေါက်နားလည်လျှင်၊ ဤသည်မှာ မှန်သည်ဆိုသည်ကို သင်သေချာပြီး ဤသည်မှာ တစ်ရာရာနှုန်းပြည့် မှန်သည်ဆိုသည်ကို အသိအမှတ်ပြုလျှင် ဘုရားသခင်၏ လုပ်ဆောင်မှုအပေါ် သင်နားလည်မှုရှိသည်။ သမ္မာတရားကို နားလည်ရန်မှာ လွယ်ကူသောအရာ မဟုတ်ပေ။ ယင်းသည် သန့်ရှင်းသောဝိညာဉ်တော်က ဉာဏ်အလင်းဖွင့်ပြပေးခြင်းခံရသော လူများသာ ရရှိနိုင်သောအရာတစ်ခု ဖြစ်သည်။ သမ္မာတရားကို အမှန်တကယ် နားလည်သူတို့သည် ဘုရားသခင် လုပ်ဆောင်သမျှတိုင်းက အပြုသဘောဆောင်သည်ကိုလည်းကောင်း၊ ယင်းတို့အားလုံးက သမ္မာတရားဖြစ်သည်ကိုလည်းကောင်း၊ ယင်းတို့အားလုံးက လူသားမျိုးနွယ်အဖို့ အလွန်တန်ဖိုးရှိသည်ကိုလည်းကောင်း ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင် အသိအမှတ်ပြုပြီး ဖြစ်သည်။ သမ္မာတရားကို အမှန်တကယ် နားလည်သူတို့သည် ဘာသာတရားမရှိသူတို့၏ လောကရှိ အရာရာတိုင်းသည် အပျက်သဘောဆောင်ပြီး သမ္မာတရားနှင့် ဆန့်ကျင်သည်ဆိုသည်ကို ရှင်းလင်းစွာ မြင်နိုင်သည်။ ၎င်းတို့၏ သီအိုရီများက မည်မျှကောင်းမွန်သည့်ပုံစံရှိပါစေ ၎င်းတို့က လူတို့ကို အထင်အမြင်မှားစေပြီး ထိခိုက်စေသည်။ ဘုရားသခင် လုပ်ဆောင်သမျှတိုင်းသည် အပြုသဘောဆောင်ပြီး သမ္မာတရားဖြစ်သည်။ လူတို့အတွက် ကယ်တင်ခြင်းဖြစ်သည်။ စာတန်နှင့် နတ်ဆိုးများ လုပ်ဆောင်သမျှတိုင်းသည် အပျက်သဘောဆောင်သည်။ မှားယွင်းသည်။ အဓိပ္ပာယ်မရှိပေ။ ပြီးလျှင် လူတို့ကို အထင်အမြင်မှားစေပြီး ထိခိုက်စေသည်။ ယင်းသည် ဘုရားသခင်လုပ်ဆောင်သည့်အရာနှင့် အတိအကျ ဆန့်ကျင်ဘက်ဖြစ်သည်။ သင်သည် ဤအရာအပေါ်တွင် လုံးဝ ရှင်းလင်းလျှင် သင့်၌ ပိုင်းခြားသိမြင်မှုရှိသည်။ သင်က သမ္မာတရားကိုလည်း လိုက်စားနိုင်လျှင်လည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံနိုင်လျှင်လည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်မှတစ်ဆင့် သင့်ကိုယ်သင်နားလည်ပြီး ယင်းတို့ဖြင့် သင့်ကိုယ်သင် နှိုင်းယှဉ်ချိန်ဆနိုင်လျှင်လည်းကောင်း၊ သင်၏ ဖောက်ပြန်ပျက်စီးခြင်းကို အမှန်အတိုင်း မြင်နိုင်လျှင်လည်းကောင်း၊ သင့်အတွက် ဘုရားသခင်ဖန်တီးသည့် အခြေအနေတိုင်း၌ သင်ထုတ်ဖော်ပြသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ဖြေရှင်းနိုင်လျှင်လည်းကောင်း၊ နောက်ဆုံးတွင် သင့်ကိုယ်သင် နားလည်နိုင်ရုံသာမက သူတစ်ပါးတို့ကိုလည်း ပိုင်းခြားသိမြင်နိုင်လျှင် လည်းကောင်း၊ ဘုရားသခင်ကို မည်သူက အမှန်တကယ်ယုံကြည်သည်၊ မည်သူက မယုံကြည်သူဖြစ်သည်၊ မည်သူက အယောင်ဆောင်ခေါင်းဆောင်ဖြစ်သည်၊ မည်သူက အန္တိခရစ်ဖြစ်သည်၊ မည်သူက လူတို့ကို အထင်အမြင်မှားစေသည်တို့ကြား ပိုင်းခြားသိမြင်နိုင်လျှင်လည်းကောင်း၊ ဤအရာများကို သင်တိကျမှန်ကန်စွာ အကဲဖြတ်ပြီး ပိုင်းခြားသိမြင်နိုင်လျှင် သမ္မာတရားကို သင်နားလည်ပြီး စစ်မှန်မှုအချို့ရှိသည်ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။ ဥပမာ သင်၏ ဆွေမျိုးများ၊ သို့မဟုတ် မိဘများသည် ဘုရားသခင်ကို ယုံကြည်သူများဖြစ်ကြပြီး မကောင်းမှုပြုသောကြောင့်၊ အဖျက်အမှောင့်များ ဖန်တီးသောကြောင့်၊ သို့မဟုတ် သမ္မာတရားကို လုံးဝ လက်မခံသောကြောင့် ၎င်းတို့သည် ရှင်းလင်းပစ်ခြင်းခံရသည်ဟု ဆိုကြပါစို့။ သို့ရာတွင် သင်သည် ၎င်းတို့အပေါ် ပိုင်းခြားသိမြင်ခြင်းမရှိဘဲ ၎င်းတို့ အဘယ်ကြောင့် ရှင်းလင်းပစ်ခြင်းခံရသည်ကို မသိဘဲ အလွန်အမင်း စိတ်မကောင်းဖြစ်ရလေသည်။ ပြီးလျှင် ဘုရားအိမ်တော်၌ ချစ်ခြင်းမေတ္တာမရှိကြောင်းနှင့် လူများကို တရားမမျှတကြောင်း သင် အစဉ်သဖြင့် ညည်းညူနေသည်။ သင်သည် ဘုရားသခင်ကို ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေသင့်သည်။ ထို့နောက်တွင် ဤဆွေမျိုးများသည် မည်သည့်လူစားမျိုးသာ ဖြစ်သည်ကို ဘုရားနှုတ်ကပတ်တော်အပေါ် အခြေခံ၍ အကဲဖြတ်လော့။ သင်သည် သမ္မာတရားကို အမှန်တကယ်နားလည်လျှင် ၎င်းတို့ကို တိကျမှန်ကန်စွာ အဓိပ္ပာယ် သတ်မှတ်နိုင်လိမ့်မည်။ ပြီးလျှင် ဘုရားသခင် လုပ်ဆောင်သမျှသည် မှန်ကန်ကြောင်းနှင့် သူသည် ဖြောင့်မတ်သောဘုရားဖြစ်ကြောင်းကို သင် မြင်လိမ့်မည်။ ဤသို့ဆိုလျှင် သင်သည် စောဒကတက်ခြင်း ရှိမည်မဟုတ်ပေ။ ဘုရားသခင်၏ အစီအစဉ်များကို ကျိုးနွံနာခံနိုင်မည်ဖြစ်ပြီး သင်၏ ဆွေမျိုးများ၊ သို့မဟုတ် မိဘကို ခုခံကာကွယ်ရန် ကြိုးစားလိမ့်မည်မဟုတ်ပေ။ ဤနေရာတွင် အဓိကအချက်မှာ သင်တို့၏ ဆွေမျိုးသားချင်းများကို ဖြတ်ဖို့ မဟုတ်ပေ။ ၎င်းတို့သည် မည်သည့်လူစားမျိုး ဖြစ်သည်ကို အဓိပ္ပာယ်သတ်မှတ်ရန်သာဖြစ်ပြီး ၎င်းတို့အပေါ် သင်ပိုင်းခြားသိမြင်နေစေရန်နှင့် ၎င်းတို့ အဘယ်ကြောင့် ဖယ်ရှားရှင်းလင်းခြင်း ခံရသည်ကို သိရှိစေရန်ဖြစ်သည်။ ဤအရာက သင်၏စိတ်နှလုံးထဲ၌ သင့်အတွက် အမှန်တကယ် ရှင်းလင်းပြီး သင်၏အမြင်ရှုထောင့်သည် မှန်ကန်သကဲ့သို့ သမ္မာတရားနှင့် ကိုက်ညီပါက ဘုရားသခင်နှင့် သင်တစ်ဖက်တည်း ရပ်တည်နိုင်လိမ့်မည်ဖြစ်ပြီး အမှုကိစ္စအပေါ် သင်၏အမြင်များသည် ဘုရားနှုတ်ကပတ်တော်များနှင့် လုံးလုံး သဟဇာတဖြစ်လိမ့်မည်။ သမ္မာတရားကို လက်မခံနိုင်ဘဲ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များနှင့်အညီ လူများကို ရှုမြင်နိုင်စွမ်း မရှိပါက၊ ပြီးလျှင် လူများကို ရှုမြင်သည့်အခါတွင် ဇာတိပကတိ၏ ဆက်ဆံရေးများနှင့် အမြင်ရှုထောင့်များဘက်တွင် ရှိနေသေးပါက ဤဇာတိပကတိဆိုင်ရာ ဆက်ဆံရေးကို သင်မည်သည့်အခါမျှ ဖယ်ရှားနိုင်မည် မဟုတ်ဘဲ ဤလူများကို အသင်းတော်ရှိ ညီအစ်ကိုမောင်နှမများထက်ပင် ပိုရင်းနှီးသည့်အလား မိမိ၏ဆွေမျိုးသားချင်းများကဲ့သို့ ဆက်ဆံနေဦးမည်ဖြစ်သည်။ ထိုအခြေအနေတွင် ဤကိစ္စ၌ သင်၏မိသားစုအပေါ် သင်၏အမြင်များနှင့် ဘုရားနှုတ်ကပတ်တော်များကြားတွင် ဆန့်ကျင်ကွဲလွဲမှုတစ်ခု၊ ပဋိပက္ခတစ်ခုပင် ရှိမည်ဖြစ်သည်။ ပြီးလျှင် ထိုသို့သော အခြေအနေများတွင် ဘုရားသခင်ဘက်၌ ရပ်တည်ဖို့ သင့်အတွက် ဖြစ်နိုင်မည်မဟုတ်သကဲ့သို့ သင့်ထံတွင် ဘုရားသခင်နှင့်ပတ်သက်သော အယူအဆများနှင့် အထင်လွဲမှုများ ရှိပေမည်။ ထို့ကြောင့် လူတို့သည် ဘုရားသခင်နှင့် သဟဇာတဖြစ်ခြင်းကို ရရှိဖို့ဆိုလျှင် ရှေးဦးစွာ အကြောင်းကိစ္စများအပေါ် ၎င်းတို့၏ အမြင်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ကိုက်ညီရမည်။ လူများနှင့် အမှုအရာများကို ဘုရားနှုတ်ကပတ်တော်အပေါ် အခြေခံပြီး ရှုမြင်နိုင်ရမည်။ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို လက်ခံနိုင်ရမည်ဖြစ်ပြီး လူသား၏ ရိုးရာအယူအဆများကို ဘေးဖယ်ထားနိုင်ရမည်။ သင်သည် မည်သည့်လူ၊ သို့မဟုတ် အမှုကိစ္စကို ရင်ဆိုင်ရပါစေ ဘုရားသခင်နှင့် တူညီသောအမြင်များနှင့် ရှုထောင့်များကို ထားရှိနိုင်ရမည်။ ပြီးလျှင် သင်၏ အမြင်များနှင့် ရှုထောင့်များသည် သမ္မာတရားနှင့် သဟဇာတဖြစ်ရမည်။ ဤနည်းအားဖြင့် သင်၏ အမြင်များနှင့် လူတို့ကို သင်ချဉ်းကပ်သည့်နည်းသည် ဘုရားသခင်အတွက် ရန်လိုခြင်း ရှိမည်မဟုတ်ပေ။ ပြီးလျှင် သင်သည် ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းနှင့် ဘုရားသခင်နှင့် သဟဇာတဖြစ်ခြင်းကို စွမ်းဆောင်နိုင်လိမ့်မည်။ ဤသို့သောလူတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ ထပ်မံ အာခံနိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်ရယူလိုသည့် လူများပင် ဧကန်ဖြစ်ကြသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။