ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ

အပိုင်း တစ်

ဦးစွာ ဓမ္မတေးတစ်ပုဒ်ကို သီဆိုကြပါစို့- ကောင်းကင်နိုင်ငံတော်သီချင်း (၁) နိုင်ငံတော် မြေကြီးပေါ် ဆင်းသက်လာပြီ။

၁။ ဘုရားသခင်၏နိုင်ငံတော်သည် လူ့လောကပေါ်သို့ ဆင်းသက်၏၊ ဘုရားသခင်၏ ဇာတိအဖြစ်တော်သည် ကြွယ်ဝကာ အလျှံပယ်ဖြစ်၏။ အဘယ်သူသည် ဤအရာ၌ ဝမ်းမမြောက်ဘဲ ရှိမည်နည်း။ အဘယ်သူသည် ဝမ်းမြောက်ခြင်းအတွက် မကခုန်ဘဲနေမည်နည်း။ အို...ဇိအုန်၊ ဘုရားသခင်ကို ချီးကျူးဂုဏ်ပြုရန် သင်၏အောင်လံကို လွှင့်ထူလော့။ သူ၏ သန့်ရှင်းသောနာမကို ဖြန့်ကြက်ရန် သင်၏ အောင်ပွဲခံသီချင်းကို သီဆိုလော့။ လူထုအပေါင်းတို့သည် ဘုရားသခင်ကို ချီးမွမ်းကြ၏။ နှုတ်ခပ်သိမ်းတို့သည် တစ်ဆူတည်းသော စစ်မှန်သည့် ဘုရားသခင်ကို အမည်မှည့် ခေါ်ကြ၏၊ လူခပ်သိမ်းတို့သည် သူ၏ ဆောင်ရွက်ချက်တို့ကို မော်ကြည့်ကြ၏။ သူ၏နိုင်ငံတော်သည် လူ့လောကပေါ်သို့ ဆင်းသက်၏။

၂။ မြေကြီးစွန်းတိုင်အောင်ရှိ ဖန်ဆင်းခြင်းအပေါင်းတို့။ သင်တို့သည် ဘုရားသခင်အတွက် ပူဇော်သက္ကာများ ဖြစ်စေခြင်း ခံရနိုင်ဖို့အလို့ငှာ မိမိကိုယ်ကိုယ် အလျင်အမြန် သန့်စင်ကြလော့။ အထက်ကောင်းကင်က ကြယ်တာရာတို့။ မိုးမျက်နှာကြက်၌ ဘုရားသခင်၏ အားကြီးသောတန်ခိုးကို ပြသရန် သင်တို့၏အရပ်များသို့ အလျင်အမြန် ပြန်ကြလော့။ ဘုရားသခင်သည် သူ့အတွက်မိမိတို့၏ အသင်္ချေချစ်ခြင်းနှင့် ချစ်ကြောက်ရိုသေခြင်းကို သီချင်းဖြင့် သွန်းလောင်းသော မြေကြီးပေါ်ရှိ လူတို့၏ အသံများကို နားစိုက်ထောင်၏။ လူထုအပေါင်းတို့သည် ဘုရားသခင်ကို ချီးမွမ်းကြ၏။ နှုတ်ခပ်သိမ်းတို့သည် တစ်ဆူတည်းသော စစ်မှန်သည့် ဘုရားသခင်ကို အမည်မှည့် ခေါ်ကြ၏၊ လူခပ်သိမ်းတို့သည် သူ၏ ဆောင်ရွက်ချက်တို့ကို မော်ကြည့်ကြ၏။ သူ၏နိုင်ငံတော်သည် လူ့လောကပေါ်သို့ ဆင်းသက်၏။

၃။ ဤနေ့ရက်တွင် ခပ်သိမ်းသော ဖန်ဆင်းခြင်း ပြန်လည် အသက်ဝင်လာချိန်တွင်၊ လူ့လောကထဲသို့ ဘုရားသခင်ဆင်းကြွလာ၏။ ဤအချိန်၌ ဤအဆင့်တွင်ပင် ပန်းများအပေါင်းတို့သည် ဗြုန်းခနဲ ဝေဝေဆာဆာ ပွင့်လန်းကြသည်၊ ငှက်များအပေါင်းတို့ သံပြိုင်သီချင်းဆိုကြသည်၊ အရာခပ်သိမ်းတို့သည် ဝမ်းမြောက်မှုဖြင့် တုန်လှုပ်ကြ၏။ ကောင်းကင်နိုင်ငံတော်၏ ဂုဏ်ပြုခြင်း အသံတွင်၊ စာတန်၏နိုင်ငံတော် ပြိုလဲ၏၊ ကောင်းကင်နိုင်ငံတော်သီချင်း၏ မြည်ဟည်းသံတွင် နောက်တစ်ဖန် လုံးဝ မပေါ်ထွန်းတော့ရန် အမြစ်ဖြတ်ချေမှုန်းခံရ၏။ လူထုအပေါင်းတို့သည် ဘုရားသခင်ကို ချီးမွမ်းကြ၏။ နှုတ်ခပ်သိမ်းတို့သည် တစ်ဆူတည်းသော စစ်မှန်သည့် ဘုရားသခင်ကို အမည်မှည့် ခေါ်ကြ၏၊ လူခပ်သိမ်းတို့သည် သူ၏ ဆောင်ရွက်ချက်တို့ကို မော်ကြည့်ကြ၏။ သူ၏နိုင်ငံတော်သည် လူ့လောကပေါ်သို့ ဆင်းသက်၏။

၄။ ကမ္ဘာပေါ်က မည်သူသည် ထ၍ဆန့်ကျင်ဝံ့သနည်း။ မြေကြီးပေါ်သို့ ဘုရားသခင်ဆင်းသက်သည်နှင့်အမျှ၊ သူသည် လောင်ကျွမ်းခြင်းကို ဆောင်ကြဉ်း၏၊ သူ၏အမျက်ဒေါသကို ဆောင်ကြဉ်း၏၊ ကပ်ဘေးမျိုးစုံကို ဆောင်ကြဉ်း၏။ လောကီနိုင်ငံတို့သည် ယခုတွင် ဘုရားသခင်၏ နိုင်ငံတော်ဖြစ်လေပြီ။ ကောင်းကင်ထက်တွင် တိမ်များလူးလိမ့်ပြီး တလိပ်လိပ်ထကြ၏။ ကောင်းကင်အောက်တွင် အိုင်များနှင့်မြစ်များ တစ်ဟုန်ထိုးစီးကာ၊ စိတ်လှုပ်ရှားစေသော တေးသွားတစ်ပုဒ်ကို ရွှင်ရွှင်မြူးမြူး ထုတ်ဆိုကြ၏။ နားနေသည့်တိရစ္ဆာန်များက ၎င်းတို့၏ သားရဲတွင်းများမှ ထွက်လာကြကာ လူမျိုးအပေါင်းတို့သည် အိပ်စက်ခြင်းမှ ဘုရားသခင်ကြောင့် နိုးထကြ၏။ နောက်ဆုံးတွင် များလှစွာသောလူမျိုးတို့ စောင့်စားခဲ့သည့်နေ့ရက် ရောက်လာပေပြီ။ သူတို့သည် ဘုရားသခင်အား အသာယာဆုံး သီချင်းများ ပူဇော်ကြ၏။ သူတို့သည် ဘုရားသခင်အား အသာယာဆုံး သီချင်းများ ပူဇော်ကြ၏။ လူထုအပေါင်းတို့သည် ဘုရားသခင်ကို ချီးမွမ်းကြ၏။ နှုတ်ခပ်သိမ်းတို့သည် တစ်ဆူတည်းသော စစ်မှန်သည့် ဘုရားသခင်ကို အမည်မှည့် ခေါ်ကြ၏၊ လူခပ်သိမ်းတို့သည် သူ၏ ဆောင်ရွက်ချက်တို့ကို မော်ကြည့်ကြ၏။ သူ၏နိုင်ငံတော်သည် လူ့လောကပေါ်သို့ ဆင်းသက်၏။

ဤသီချင်းကို သင်တို့သီဆိုသည့် အချိန်တိုင်း မည်သည့်အရာကို ဆင်ခြင်မိသနည်း။ (ကျွန်ုပ်တို့သည် အလွန်စိတ်လှုပ်ရှားကာ ပျော်မြူးကြပြီး၊ နိုင်ငံတော်၏ လှပခြင်းသည် မည်မျှဂုဏ်သရေရှိကြောင်း၊ လူသားမျိုးနွယ်နှင့် ဘုရားသခင်သည် မည်သို့ ထာဝစဉ် အတူရှိမည့်အကြောင်း ဆင်ခြင်မိသည်။) ဘုရားသခင်နှင့်အတူရှိနေရန် လူတို့အနေဖြင့် ဆောင်ယူရမည့် အသွင်သဏ္ဌာန် အကြောင်းကို တစ်စုံတစ်ဦးက ဆင်ခြင်ဖူးသလော။ ဘုရားသခင်နှင့်အတူ ဆုံစည်းရန်နှင့် နိုင်ငံတော်ထဲတွင် လိုက်ပါလာမည့် ဘုန်းအသရေနှင့်ပြည့်ဝသော အသက်တာကို မွေ့လျော်ရန်အတွက် သင်တို့၏ စိတ်ကူးများထဲတွင် လူတို့သည် မည်ကဲ့သို့ ဖြစ်ရမည်နည်း။ (၎င်းတို့၏ စိတ်သဘောထားများ ပြောင်းလဲ သင့်သည်။) ၎င်းတို့၏ စိတ်သဘောထားများ ပြောင်းလဲသင့်သည်မှာ မည်သည့် အတိုင်းအတာအထိနည်း။ စိတ်သဘောထား ပြောင်းလဲသွားပြီးနောက် ၎င်းတို့သည် မည်ကဲ့သို့ ဖြစ်လာကြမည်နည်း။ (၎င်းတို့သည် သန့်ရှင်းလာကြမည် ဖြစ်သည်။) သန့်ရှင်းခြင်းအတွက် စံနှုန်းမှာ အဘယ်နည်း။ (လူတစ်ဦး၏ ထင်မြင်ချက်များနှင့် အရေးထားမှုများသည် ခရစ်တော်နှင့် သဟဇာတ ဖြစ်ရမည်။) ယင်းသို့ သဟဇာတဖြစ်ခြင်းသည် မည်ကဲ့သို့ ပေါ်လွင်သနည်း။ (လူသည် ဘုရားသခင်ကို ခုခံခြင်း သို့မဟုတ် သစ္စာဖောက်ခြင်း မရှိဘဲ ဘုရားသခင်ထံ အကြွင်းမဲ့ နာခံနိုင်ပြီး ၎င်း၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို အလွန်တရာကြောက်ရွံ့ခြင်း ရှိသည်။) သင်တို့၏ အဖြေအချို့မှာ လမ်းကြောင်းမှန် ပေါ်၌ ရှိသည်။ သင်တို့အားလုံး၊ သင်တို့၏ စိတ်နှလုံးများကို ဖွင့်ဟကာ သင်တို့အား သင်တို့ ပြောလိုသောအရာကို ရင်ဖွင့်ကြလော့။ (ဘုရားသခင်နှင့်အတူ နိုင်ငံတော်ထဲ၌ အသက်ရှင်သော လူတို့သည် သမ္မာတရားကို လေ့လာလိုက်စား၍ တစ်စုံတစ်ဦး၊ တစ်စုံတစ်ခုသောဖြစ်ရပ် သို့မဟုတ် အရာတစ်ခု၏ ချုပ်ထိန်းမှုကို မခံရဘဲ ၎င်းတို့၏ တာဝန်ကို သစ္စာရှိစွာ ထမ်းရွက်နိုင်ကြသည်။ ထိုအခါ ၎င်းတို့အနေဖြင့် အမှောင်၏ လွှမ်းမိုးမှုမှ လွတ်မြောက်ရန်၊ ၎င်းတို့၏ စိတ်နှလုံးများကို ဘုရားသခင်နှင့် ကိုက်ညီစေရန်နှင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ရန် ဖြစ်နိုင်ခြေရှိလာပေမည်။) (အမှုအရာများအပေါ် ကျွန်ုပ်တို့၏ရှုထောင့်မှာ ဘုရားသခင်နှင့် ကိုက်ညီလာနိုင်ပြီး အမှောင်၏ လွှမ်းမိုးမှုအောက်မှ ကျွန်ုပ်တို့ လွတ်မြောက်နိုင်မည် ဖြစ်သည်။ အနည်းဆုံး အနေဖြင့် ကျွန်ုပ်တို့သည် စာတန်၏ အသုံးချခြင်းကို နောက်ထပ်မခံရမည့် နေရာနှင့်၊ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကိုမဆို စွန့်ပစ်ပြီး ဘုရားသခင်အား နာခံသည့်နေရာကို ရောက်ရှိနိုင်သည်။ လူတို့သည် အမှောင်၏လွှမ်းမိုးမှုအောက်မှ လွတ်မြောက်ရန်မှာ ပဓာနကျသည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြသည်။ အမှောင်၏ လွှမ်းမိုးမှုအောက်နှင့် စာတန်၏ ချည်နှောင်မှုများမှ ထွက်ပြေးလွတ်မြောက်ခြင်း မရှိသော လူတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို မရကြသေးချေ။) (ဘုရားသခင်အားဖြင့် စုံလင်ခြင်းသို့ ရောက်ခြင်းအတွက် စံနှုန်းကိုဖြည့်ဆည်းရန် လူတို့သည် ဘုရားသခင်နှင့်အတူ တစ်စိတ်တည်း တစ်နှလုံးတည်း ဖြစ်ရမည်ဖြစ်ပြီး သူ့ကို နောက်ထပ်ခုခံခြင်း မပြုရတော့ပေ။ သူတို့သည် မိမိကိုယ်ကိုယ် သိနိုင်ရမည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ရမည်၊ ဘုရားသခင်ကို နားလည် သဘောပေါက်ခြင်း ရရှိနိုင်ရမည်၊ ဘုရားသခင်ကို ချစ်နိုင်ပြီး ဘုရားသခင်နှင့် ကိုက်ညီနိုင်ရမည် ဖြစ်သည်။ ဤသည်မှာ ယင်းကလိုအပ်သမျှဖြစ်သည်။)

လူတို့၏ အဆုံးသတ်ရလဒ်များက သူတို့၏စိတ်နှလုံးများထဲတွင် အဘယ်မျှလေးလံသနည်း

သင်တို့လျှောက်လှမ်းသင့်သော လမ်းကြောင်းနှင့် ပတ်သက်၍ သင်တို့မှာ ထင်မြင်ချက်တစ်ချို့ ရှိဟန်တူပြီး ၎င်းကို နားလည်မှု သို့မဟုတ် တန်ဖိုးထားမှု အချို့အား ရရှိထားပြီး ဖြစ်သည်။ သို့သော်လည်း သင်တို့ ပြောထွက်ခဲ့သမျှ စကားလုံးများအားလုံးမှာ အနှစ်သာရမဲ့နေသလော သို့မဟုတ် စစ်မှန်နေသလော ဆိုသည်မှာ နေ့တဓူဝ လက်တွေ့လုပ်ဆောင်မှုထဲ၌ သင်တို့၏ အာရုံစိုက်မှုအပေါ် မူတည်သည်။ လွန်ခဲ့သော နှစ်များအတွင်း သြဝါဒနှင့် သမ္မာတရား၌ အမှန်တကယ်ပါဝင်သော အကြောင်းအရာ နှစ်မျိုးအားဖြင့် သမ္မာတရား၏ ရှုထောင့်တစ်ခုစီမှ အသီးအပွင့်အချို့ကို သင်တို့အားလုံး ရိတ်သိမ်းခဲ့ပြီး ဖြစ်သည်။ ဤအရာက ယနေ့ခေတ်လူများသည် သမ္မာတရားအတွက် ကြိုးပမ်းမှုအပေါ် များစွာအလေးထားကြောင်းနှင့် ရလဒ်တစ်ခုအနေဖြင့် သမ္မာတရား၏ ရှုထောင့်နှင့် အချက်တစ်ခုစီတိုင်းသည် လူအချို့၏ စိတ်နှလုံးများထဲ၌ ဧကန်မုချ အမြစ်ချပြီးဖြစ်ကြောင်း သက်သေပြသည်။ သို့သော်လည်း ငါ အကြောက်ဆုံးမှာ မည်သည့်အရာ ဖြစ်သနည်း။ ယင်းမှာ သမ္မာတရား၏ ဤအကြောင်းအရာများနှင့် ဤအယူအဆများသည် သင်တို့၏ နှလုံးသားထဲတွင် အမြစ်စွဲထားပြီး ဖြစ်သော်လည်း ၎င်းတို့အမှန်တကယ်ပါဝင်သော အကြောင်းအရာတွင် အနှစ်သာရ အနည်းငယ်သာရှိခြင်းပင် ဖြစ်သည်။ ပြဿနာများကို သင်တို့ကြုံတွေ့ပြီး စမ်းသပ်မှုများနှင့် ရွေးချယ်စရာများကို ရင်ဆိုင်ရသည့်အခါ သင်တို့အတွက် လက်တွေ့အသုံးချမှု အဘယ်မျှသည် ဤသမ္မာတရားများ၏ စစ်မှန်မှု ဖြစ်လိမ့်မည်နည်း။ ယင်းသည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းထားလျက် သင်တို့အား အခက်အခဲများကို ကျော်လွန်စေကာ၊ စမ်းသပ်မှုများမှ လွတ်စေရန် ကူညီမည်လော။ သင်တို့သည် သင်တို့၏ စမ်းသပ်မှုများထဲ၌ မြဲမြံစွာ ရပ်တည်ပြီး ဘုရားသခင်အတွက် ရှင်းလင်းပြတ်သားစွာ သက်သေခံမည်လော။ ဤအကြောင်းအရာများကို သင်တို့ စိတ်ဝင်စားဖူးပါ၏လော။ သင်တို့ကို ငါမေးအံ့- သင်တို့၏ စိတ်နှလုံးထဲ၌၊ သင်တို့၏ နေ့စဉ်အတွေးများနှင့် ဆင်ခြင်သုံးသပ်မှုများ အားလုံးထဲ၌ သင်တို့အတွက် အရေးကြီးဆုံးအရာမှာ မည်သည့်အရာ ဖြစ်သနည်း။ သုံးသပ်ချက်တစ်ခု သင်တို့ ရရှိဖူးကြသလော။ သင်တို့အတွက် အရေးကြီးဆုံးအရာမှာ မည်သည့်အရာဖြစ်သည်ဟု ယုံကြည်သနည်း။ လူအချို့က “သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းပင် ဖြစ်သည်” ဟု ပြောစဉ် လူအချို့က “ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နေ့စဉ်ဖတ်ခြင်းပင်ဖြစ်သည်” ဟု ပြောကြသည်။ လူအချို့က “ဘုရားသခင်ရှေ့မှောက်သို့လာကာ ဘုရားသခင်ထံ နေ့စဉ် ဆုတောင်းခြင်းပင်ဖြစ်သည်” ဟု ဆိုကြသည့်အပြင်၊ “ကျွန်ုပ်၏တာဝန်ကို နေ့စဉ် ကောင်းမွန်စွာ ထမ်းရွက်ခြင်းပင်ဖြစ်သည်” ဟု ဆိုသောသူများရှိသည်။ ဘုရားသခင်ကို မည်ကဲ့သို့ ကျေနပ်စေမည့်အကြောင်း၊ အရာခပ်သိမ်း၌ သူ့အား မည်ကဲ့သို့ နာခံမည့်အကြောင်းနှင့် သူ၏ အလိုတော်နှင့်ကိုက်ညီအောင် မည်ကဲ့သို့ လုပ်ဆောင်မည့်အကြောင်းကိုသာ အစဉ်တွေးနေသည် ဟူ၍ပင် ဆိုသောသူအချို့ ရှိသည်။ ယင်းကမှန်သလော။ ဤသည်မှာ ရှိရှိသမျှဖြစ်သည် ဟုတ်သလော။ ဥပမာအားဖြင့် “ဘုရားသခင်ကို နာခံရန်သာ ကျွန်ုပ် အလိုရှိသော်လည်း ပြဿနာကြုံတွေ့ရတိုင်း ကျွန်ုပ် မနာခံနိုင်ပါ” ဟု ဆိုသောသူ အချို့ရှိသည်။ အခြားသူများက “ဘုရားသခင်ကို ကျေနပ်စေရန်သာ ကျွန်ုပ် အလိုရှိပြီး အကယ်၍ သူ့ကို တစ်ကြိမ်တစ်ခါမျှသာ ကျွန်ုပ် ကျေနပ်စေနိုင်ခဲ့လျှင်ပင် ကောင်းလိမ့်မည်၊ သို့သော် ကျွန်ုပ်သူ့ကို မည်သည့်အခါမျှ မကျေနပ်စေနိုင်ပါ” ဟု ဆိုကြသည်။ လူအချို့က “ဘုရားသခင်ကို နာခံရန်သာ ကျွန်ုပ် အလိုရှိသည်။ စမ်းသပ်မှုခံရသော အချိန်များတွင် ညည်းညူခြင်း သို့မဟုတ် တောင်းဆိုခြင်း တစ်စုံတစ်ရာ မပြုဘဲ သူ၏ စီစဉ်ညွှန်ကြားမှုများ၊ သူ၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံရန်သာ ကျွန်ုပ် အလိုရှိသည်၊ သို့သော်လည်း အချိန်တိုင်းလိုလို နာခံရန် ကျွန်ုပ် ပျက်ကွက်သည်” ဟု ဆိုကြသည်။ အခြားသောလူအချို့က “ဆုံးဖြတ်ချက်များနှင့် ကျွန်ုပ်ရင်ဆိုင်ရသည့်အခါ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ကျွန်ုပ် မည်သည့်အခါမျှ မရွေးချယ်နိုင်ပါ။ ကျွန်ုပ်သည် ဇာတိပကတိကို အမြဲဖြည့်ဆည်းလိုပြီး ကျွန်ုပ်၏ တစ်ကိုယ်ကောင်းဆန်သော ပုဂ္ဂိုလ်ရေးလိုအင်ဆန္ဒများကို အမြဲဖြည့်ဆည်းလိုသည်” ဟု ဆိုကြသေးသည်။ ဤအရာအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ ဘုရားသခင်၏ စမ်းသပ်မှု မရောက်လာမီ၊ သင်တို့သည် သင်တို့ကိုယ်သင်တို့ အကြိမ်ကြိမ် စိန်ခေါ်ပြီး သင်တို့ကိုယ်သင်တို့ ထပ်ခါထပ်ခါ စမ်းသပ်ကာ စစ်ဆေးနှင့်ပြီး ဖြစ်လိမ့်မည်လော။ သင်တို့သည် ဘုရားသခင်ကို စစ်မှန်စွာ နာခံနိုင်ခြင်း၊ အမှန်တကယ် ကျေနပ်စေနိုင်ခြင်း ရှိမရှိနှင့် ဘုရားသခင်ကို သင်သစ္စာမဖောက်မည်ကို အာမခံနိုင်ခြင်း ရှိမရှိ ကြည့်လော့။ သင်တို့ကိုယ်သင်တို့ ကျေနပ်စေခြင်း၊ သင်တို့၏ တစ်ကိုယ်ကောင်းဆန်သော အလိုဆန္ဒများကို ဖြည့်ဆည်းခြင်းမှ ရှောင်ကျဉ်ကာ၊ သင်တို့၏ ကိုယ်စီရွေးချယ်မှုများ ပြုလုပ်ခြင်း မရှိဘဲ ဘုရားသခင်ကိုသာ ကျေနပ်စေနိုင်ခြင်းရှိမရှိ ကြည့်လော့။ တစ်စုံတစ်ဦးက ဤသို့ပြုသလော။ အကယ်စင်စစ် သင်တို့၏ မျက်လုံးများရှေ့၌ ချထားပြီးသော အမှန်တရား တစ်ခုသာရှိသည်။ ၎င်းမှာ သင်တို့အယောက်တိုင်း စိတ်ဝင်စားဆုံးသောအရာ၊ သင်တို့သိရန် အလိုဆုံးရှိသောအရာဖြစ်ပြီး အယောက်တိုင်း၏ အဆုံးသတ် ရလဒ်နှင့် ခရီးဆုံးပန်းတိုင် နှင့်သက်ဆိုင်သော အကြောင်းအရာပင်ဖြစ်သည်။ ၎င်းကို သင်တို့ သဘောပေါက်ကောင်းပေါက်မည် မဟုတ်သော်လည်း ဤသည်မှာ မည်သူမျှ မငြင်းနိုင်သည့်အရာတစ်ခု ဖြစ်သည်။ လူတို့၏ အဆုံးသတ်ရလဒ်များ၊ လူသားတို့အတွက် ဘုရားသခင်၏ ကတိတော်နှင့် ဘုရားသခင်သည် လူကို မည်ကဲ့သို့သော ခရီးပန်းတိုင်ထဲသို့ ခေါ်ဆောင်ရန် ရည်ရွယ်သနည်း ဟူသည်နှင့် သက်ဆိုင်သည့် သမ္မာတရားနှင့် ပတ်သက်လာပါက ဤအကြောင်းအရာများ နှင့်စပ်လျဉ်း၍ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အကြိမ်ကြိမ် လေ့လာထားပြီးသော လူအချို့ရှိကြောင်း ငါသိသည်။ ထိုသို့ဖြင့် အဖြေကို ထပ်တလဲလဲ ရှာဖွေလျက်နေပြီး ၎င်းတို့၏ ဦးနှောက်ထဲ၌ အချိန်ယူ စဉ်းစားနေသောသူများ ရှိကြသော်ငြားလည်း ၎င်းတို့သည် မည်သည့်အဖြေမျှ မရကြသေးပေ သို့မဟုတ် မရေရာသော ကောက်ချက်ချခြင်းတစ်ခုသို့သာ ရောက်ရှိပြီး အဆုံးသတ်ကောင်း အဆုံးသတ်နိုင်သည်။ အဆုံးတွင် မည်သည့် အဆုံးသတ်ရလဒ်မျိုးက ၎င်းတို့အား စောင့်နေကြောင်း မသေချာကြသေးပေ။ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သည့်အခါ လူအများစုသည် ဆက်လက်ဖော်ပြပါ မေးခွန်းများအတွက် ခိုင်မာသောအဖြေများကို သိရန် ရည်ရွယ်ကြသည်- “ကျွန်ုပ်၏ အဆုံးသတ်ရလဒ်မှာ အဘယ်အရာ ဖြစ်မည်နည်း။ ကျွန်ုပ်သည် ဤလမ်းကြောင်းကို အဆုံးတိုင်အောင် လျှောက်နိုင်မည်လော။ လူသားတို့အပေါ် ဘုရားသခင်၏ သဘာထားမှာ အဘယ်နည်း။” ဤသို့ဖြင့် “ကျွန်ုပ်သည် အတိတ်က အမှုအရာအချို့ကို လုပ်ခဲ့ပြီ၊ အချို့သော အကြောင်းအရာများကို ပြောခဲ့မိပြီ၊ ဘုရားသခင်ကို ကျွန်ုပ် နာခံခဲ့ခြင်းမရှိ၊ ဘုရားသခင်အပေါ် သစ္စာမဲ့သော အမှုအရာအချို့ကို ကျွန်ုပ် လုပ်ခဲ့ပြီးလျှင်၊ ကျွန်ုပ်သည် ဘုရားသခင်ကို ကျေနပ်စေရန် ပျက်ကွက်ခဲ့သည်၊ ဘုရားသခင်၏ ခံစားချက်များကို နာကျင်စေခဲ့သည်၊ ဘုရားသခင်ကို စိတ်ပျက်စေခဲ့ကာ၊ ကျွန်ုပ်ကို ဘုရားသခင် မုန်းတီးပြီး စက်ဆုပ်ရွံရှာအောင် လုပ်ခဲ့မိသည်၊ ထို့ကြောင့် ကျွန်ုပ်၏ အဆုံးသတ်ရလဒ်မှာ မရေမရာ ဖြစ်ကောင်းဖြစ်နိုင်သည်” ဟူ၍ပင် လူအချို့က စိုးရိမ်တတ်ကြသည်။ လူအများစုသည် ၎င်းတို့ကိုယ်တိုင်၏ အဆုံးသတ်ရလဒ် နှင့်ပတ်သက်၍ စိုးရိမ်ပူပန်ကြသည်ဟု ဆိုရန်မှာ တရားမျှတပါသည်။ “ကျွန်ုပ်သည် အောင်မြင်ကျော်လွှားသူ ဖြစ်လိမ့်မည်ဟု ရာနှုန်းပြည့် သေချာကြောင်း ခံစားရသည်၊ ကျွန်ုပ်သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းနိုင်မည်ဟု ရာနှုန်းပြည့် သေချာသည်။ ကျွန်ုပ်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ကိုက်ညီသောသူတစ်ဦး ဖြစ်သည်၊ ကျွန်ုပ်သည် ဘုရားသခင် ချီးကျူးသောသူတစ်ဦး ဖြစ်သည်” ဟူ၍ မည်သူမျှ မပြောဝံ့ပေ။ ဘုရားသခင်၏ လမ်းခရီးကိုလိုက်နာရန် အထူးသဖြင့်ခက်ခဲပြီး သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ခြင်းမှာ အရာခပ်သိမ်းတွင် အခက်ခဲဆုံး ဖြစ်သည်ဟု လူအချို့က ထင်ကြသည်။ အကျိုးဆက်အနေဖြင့် ဤကဲ့သို့သောလူများက မိမိတို့သည် ကူညီ၍ မရနိုင်လောက်အောင် ဖြစ်သည်ဟု ယုံကြည်ကြပြီး အဆုံးသတ်ရလဒ်ကောင်းတစ်ခု ရရှိဖို့အတွက် မိမိတို့၏ မျှော်လင့်ချက်များကို မဖော်ထုတ်ဝံ့ကြပေ။ သို့တည်းမဟုတ် မိမိတို့သည် ဘုရားသခင်၏ အလိုတော်ကို မဖြည့်ဆည်းနိုင်သောကြောင့် အောင်မြင်ကျော်လွှားသူများ ဖြစ်လာနိုင်မည်မဟုတ် ဟူ၍ ယုံကြည်ကြလေသည်။ ဤအကြောင်းကြောင့် ၎င်းတို့ထံ၌ အဆုံးသတ်ရလဒ် မရှိကြောင်းနှင့် ကောင်းသောခရီးဆုံးပန်းတိုင် မရနိုင်ကြောင်း ဆိုကြသည်။ လူတို့သည် မည်သို့ပင် အတိအကျ စဉ်းစားစေကာမူ သူတို့အားလုံးသည် ၎င်းတို့၏ အဆုံးသတ်ရလဒ်အကြောင်းကို ကြိမ်ဖန်များစွာ သိချင်ကြသည်။ ၎င်းတို့၏ အနာဂတ်နှင့် ပတ်သက်သည့် မေးခွန်းများ၊ ဘုရားသခင်သည် သူ၏အမှုကို အပြီးသတ်သည့်အခါ မည်သည့်အရာကို ၎င်းတို့ရမည့်အကြောင်းနှင့် ပတ်သက်သည့် မေးခွန်းများအပေါ် ၎င်းတို့သည် တွက်ချက်ခြင်းနှင့် စီစဉ်ခြင်းကို အမြဲတစေ ပြုနေကြသည်။ အချို့က အဖိုးအခနှစ်ဆကို ပေးကြသည်၊ အချို့က ၎င်းတို့၏ မိသားစုများနှင့် အလုပ်များကို စွန့်ကြသည်၊ အချို့က ၎င်းတို့၏ အိမ်ထောင်ရေးကို အဆုံးရှုံးခံကြသည်၊ အချို့က ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် အသုံးခံရန် အလုပ်မှနုတ်ထွက်ကြသည်၊ အချို့က ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းရန် ၎င်းတို့၏အိမ်များကို စွန့်ခွာကြသည်၊ အချို့က ခက်ခဲမှုကို ရွေးချယ်ကြပြီး အခါးသီးဆုံးနှင့် အပင်ပန်းဆုံး အလုပ်များကို စတင်လုပ်ဆောင်ကြသည်၊ အချို့က မိမိ၏ ဓနဥစ္စာနှင့် မိမိ၏ အရာခပ်သိမ်းကို ဆက်ကပ်ရန် ရွေးချယ်ကြပြီး၊ အခြားသူများက သမ္မာတရားကို လိုက်လျှောက်ရန် ရွေးချယ်ပြီး ဘုရားသခင်ကို သိကျွမ်းရန် ကြိုးပမ်းကြသေးသည်။ သင်တို့သည် လက်တွေ့လုပ်ဆောင်ရန် မည်သို့ပင် ရွေးချယ်ပါစေ၊ သင်တို့ လက်တွေ့လုပ်ဆောင်သည့် ပုံစံမှာ အရေးကြီးသလော မကြီးသလော။ (အရေးမကြီးပါ။) ထိုသို့ဆိုသော် ဤ “အရေးမကြီးမှု” ကို ကျွန်ုပ်တို့ မည်ကဲ့သို့ ရှင်းပြမည်နည်း။ အကယ်၍ လက်တွေ့လုပ်ဆောင်မှု ပုံစံမှာ အရေးမကြီးပါက အရေးကြီးသည့် အရာမှာ အဘယ်နည်း။ (အပြင်ပန်း ကောင်းမွန်သော အပြုအမူသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းကို ကိုယ်စားမပြုပေ။) (လူအယောက်တိုင်း၏ ထင်မြင်ချက်များမှာ အရေးမကြီးပေ။ ဤနေရာတွင် အဓိကအချက်မှာ ကျွန်ုပ်တို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ရှိမရှိ နှင့် ဘုရားသခင်ကို ချစ်မချစ် ဖြစ်သည်။) (အန္တိခရစ်များနှင့် ခေါင်းဆောင် အတုအယောင်များ၏ ကျဆင်းခြင်းက အပြင်ပန်းအပြုအမူမှာ အရေးကြီးဆုံး အရာ မဟုတ်ကြောင်းကို ကျွန်ုပ်တို့ နားလည်စေရန် ကူညီပေးသည်။ ၎င်းတို့သည် အပြင်ပန်းအားဖြင့် မြောက်မြားစွာကို စွန့်လွှတ်ခဲ့ပြီးသယောင် ထင်ရပြီး အဖိုးအခကို ပေးဆပ်ရန် အလိုရှိသယောင် ထင်ရသည်၊ သို့သော် အနီးကပ်စစ်ဆေးသည့်အခါ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် မကြောက်ရွံ့ကြောင်း၊ ထို့အစား အရာအားလုံးတွင် ဘုရားသခင်ကို ဆန့်ကျင်ကြောင်းကို ကျွန်ုပ်တို့ မြင်နိုင်သည်။ ၎င်းတို့သည် အရေးပါသော အချိန်များတွင် စာတန်နှင့်အတူ အမြဲရပ်တည်ကာ ဘုရားသခင်၏ အလုပ်ကို နှောင့်ယှက်ကြသည်။ ထို့ကြောင့် ဤနေရာတွင် အဓိက ဆင်ခြင်သုံးသပ်ရမည့် အချက်များမှာ ကျွန်ုပ်တို့သည် အချိန်ကျသည့်အခါ မည်သည့်ဘက်၌ ရပ်တည်သည်ဟူသည်နှင့် အမှုအရာများအပေါ် ကျွန်ုပ်တို့၏သဘောထားများမှာ မည်သည့်အရာတို့ဖြစ်သည် ဟူ၍ဖြစ်သည်။) သင်တို့အားလုံးသည် ကောင်းစွာ ပြောဆိုတတ်ကြပြီး သင်တို့၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် လူသားတို့ထံမှ ဘုရားသခင်တောင်းဆိုသည့် အရာများနှင့်ပတ်သက်၍ အခြေခံနားလည်မှုနှင့် အသုံးပြုမည့် စံနှုန်းတစ်ခု ပိုင်ဆိုင်ထားပြီးဟန်တူသည်။ ဤကဲ့သို့ သင်တို့ပြောဆိုနိုင်ခြင်းမှာ အလွန်ပင် စိတ်လှုပ်ရှားဖွယ် ဖြစ်သည်။ သင်တို့ပြောဆိုသည့် အချို့အရာမှာ သိပ်မတိကျ သော်လည်း သမ္မာတရားအပေါ် ထိုက်လျောက်သော ရှင်းပြချက်ပြလုပ်ခြင်းသို့ နီးစပ်လုပြီ ဖြစ်သောကြောင့် ဤအချက်က သင်တို့သည် သင်တို့ပတ်ပတ်လည်ရှိ လူများ၊ ဖြစ်ရပ်များနှင့် အရာဝတ္ထုများ၊ ဘုရားသခင်စီစဉ်ထားသည့် သင်တို့၏ ပတ်ဝန်းကျင်များအားလုံးနှင့် သင်တို့မြင်နိုင်သမျှနှင့် ပတ်သက်၍ သင်၏ကိုယ်ပိုင် စစ်မှန်သော သိနားလည်ခြင်းကို တိုးတက်စေခဲ့ပြီး ဖြစ်ကြောင်း သက်သေပြ လေသည်။ ဤသည်မှာ သမ္မာတရားနှင့် နီးစပ်သည့် သိနားလည်ခြင်းဖြစ်သည်။ သင်တို့ ပြောခဲ့သောအရာမှာ အကြွင်းမဲ့ ပြည့်စုံခြင်းမရှိဘဲ သင်တို့၏ စကားလုံးအနည်းငယ်မှာ ဆီလျော်မှု သိပ်မရှိသော်လည်း သင်တို့၏ သဘောပေါက်နားလည်ခြင်းမှာ သမ္မာတရား၏ စစ်မှန်မှုနှင့် နီးစပ်လုပြီဖြစ်သည်။ သင်တို့ ဤ ပုံစံအတိုင်း ပြောခြင်းကို ကြားရသည်မှာ ငါ့ကို အလွန် အားရကျေနပ်စေသည်။

လူတို့၏ ယုံကြည်ချက်များသည် သမ္မာတရားကို အစားမထိုးနိုင်ပေ

အချို့လူတို့သည် အခက်အခဲများကို သည်းခံနိုင်ခြင်း၊ အဖိုးအခကို ပေးနိုင်ခြင်း၊ အပြင်ပန်းတွင် အလွန်ဣန္ဒြေရခြင်း၊ ကောင်းစွာ လေးစားခံရခြင်း ရှိကြပြီး အခြားသူများ၏ လေးစားမှုကို အကျိုးခံစားကြသည်။ ဤကဲ့သို့ အပြင်ပန်းအပြုအမူမျိုးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအဖြစ် ယူဆနိုင်သည်ဟု သင်တို့ဆိုမည်လော။ လူတစ်ဦးက ဤသို့သော လူတို့သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းနေသည်ဟု ဆုံးဖြတ်နိုင်သလော။ လူတို့သည် ဤကဲ့သို့ လူပုဂ္ဂိုလ်မျိုးကို မြင်ရပြီး ၎င်းတို့သည် ဘုရားသခင်ကို ကျေနပ်စေသည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော လမ်းကြောင်းကို လျှောက်လှမ်းကြသည်၊ ဘုရားသခင်၏ လမ်းအတိုင်း သွားကြသည်ဟု ကြိမ်ဖန်များစွာ ထင်ကြသည်မှာ အဘယ်ကြောင့်နည်း။ လူအချို့သည် အဘယ်ကြောင့် ဤကဲ့သို့ တွေးကြသနည်း။ ၎င်းအတွက် ရှင်းပြချက် တစ်ခုသာ ရှိသည်။ ယင်းမှာ မည်သည့်ရှင်းပြချက်နည်း။ ယင်းမှာ မြောက်မြားစွာသော လူတို့အတွက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားသခင်ကို ကျေနပ်စေခြင်းနှင့်၊ သမ္မာတရား၏ စစ်မှန်မှု အမှန်တကယ်ရှိခြင်းမှာ အဘယ်နည်း ဟူသော မေးခွန်းတစ်ချို့က သိပ်မရှင်းလင်းခြင်းပင် ဖြစ်သည်။ ထို့ကြောင့် အပြင်ပန်းအားဖြင့် ဝိညာဉ်ရေးပြည့်ဝသယောင်၊ မြင့်မြတ်သယောင် ခံ့ညားပြီး ကြီးမြတ်သယောင် ထင်ရသောသူများ၏ လှည့်စားခြင်းကို မကြာခဏခံရသော လူအချို့ရှိလေသည်။ ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သောသူများနှင့် ၎င်းတို့၏ အဟောအပြောနှင့် လုပ်ရပ်များမှာ လေးစားထိုက်သယောင် ထင်ရသောသူများနှင့်ပတ်သက်၍၊ ၎င်းတို့၏ လှည့်စားခြင်းကို ခံရသူများသည် ၎င်းတို့လုပ်ရပ်များ၏ အနှစ်သာရ၊ ၎င်းတို့လုပ်ဆောင်ချက်များ၏ နောက်ကွယ်မှ နိယာမများ၊ ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်များမှာ မည်သည်တို့ဖြစ်ကြောင်းကို မည်သည့်အခါမျှ ကြည့်ရှုစစ်ဆေးခြင်း မပြုလုပ်ဖူးကြပေ။ ထို့အပြင် သူတို့သည် ထိုလူတို့က ဘုရားသခင်ကို အမှန်တကယ် နာခံခြင်းရှိမရှိကို မည်သည့်အခါမျှ စစ်ဆေးကြည့်ရှုခြင်း မရှိခဲ့ကြသည့်အပြင် ထိုလူတို့သည် ဘုရားသခင်ကို စစ်မှန်စွာ ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သောသူ ဟုတ်မဟုတ်ကို မည်သည့်အခါမျှ မစိစစ်ခဲ့ကြဖူးပေ။ သူတို့သည် ထိုလူတို့၏ လူသားဖြစ်ခြင်းအနှစ်သာရကို မည်သည့်အခါမျှ သတိပြုမိခဲ့ခြင်း မရှိပေ။ ထို့ထက် ထိုသူတို့နှင့် သိကျွမ်းလာသည့် ပထမခြေလှမ်းမှစတင်ကာ သူတို့သည် တဖြည်းဖြည်းချင်း ထိုလူတို့ကို အားကျခြင်း၊ ကြည်ညိုလေးစားခြင်း ဖြစ်လာပြီး၊ အဆုံးတွင် ထိုလူတို့သည် သူတို့၏ ကိုးကွယ်ရာပုဂ္ဂိုလ်များ ဖြစ်လာတော့သည်။ ထိုမျှမက လူအချို့၏ စိတ်ထဲတွင်ကား သူတို့ဆည်းကပ်သော ကိုးကွယ်ရာပုဂ္ဂိုလ်များ၊ ၎င်းတို့၏ မိသားစုများနှင့် အလုပ်များကို စွန့်လွှတ်နိုင်ကြသည်ဟု သူတို့ ယုံကြည်သောသူများနှင့် အပေါ်ယံတွင် အဖိုးအခပေးနိုင်ဟန်ရှိသောသူများ၊ ထိုပုဂ္ဂိုလ်များမှာ ဘုရားသခင်ကို အမှန်တကယ် ကျေနပ်စေသောသူများနှင့် အဆုံးသတ်ရလဒ်ကောင်းများနှင့် ခရီးဆုံးပန်းတိုင်ကောင်းများကို အမှန်တကယ် ရရှိနိုင်သောသူများပင် ဖြစ်ကြသည်။ သူတို့၏ စိတ်ထဲတွင်မူ ဤကိုးကွယ်ရာ ပုဂ္ဂိုလ်များမှာ ဘုရားသခင်ချီးမွမ်းသောသူများ ဖြစ်ကြသည်။ မည်သည့်အရာက သူတို့အား ဤကဲ့သို့ ယုံကြည်ချက်မျိုးကို ရှိစေသနည်း။ ဤအရေးကိစ္စ၏ အနှစ်သာရမှာ အဘယ်နည်း။ ယင်းကဖြစ်စေနိုင်သော အကျိုးဆက်များမှာ အဘယ်နည်း။ ၎င်း၏ အနှစ်သာရကိစ္စကို ပထမဦးစွာ ဆွေးနွေးကြပါစို့။

လူတို့၏ ရှုထောင့်အမြင်များ၊ လူတို့၏ လက်တွေ့ကျင့်သုံးခြင်း နည်းလမ်းများ၊ မည်သည့် လက်တွေ့ကျင့်သုံးမှု နိယာမများကို သူတို့ ခံယူရန် ရွေးချယ်သည်နှင့် သူတို့အယောက်တိုင်း မည်သည့်အရာကို အလေးထားရန် ရည်ရွယ်သည်နှင့်စပ်လျဉ်းသော ဤကိစ္စရပ်များမှာ အခြေခံအားဖြင့် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် သက်ဆိုင်ခြင်း မရှိပေ။ လူတို့သည် ပေါ့တန်သော အကြောင်းအရာများ သို့မဟုတ် လေးနက်သော အကြောင်းအရာများ၊ သို့တည်းမဟုတ် ကျမ်းဟောင်းတရားများ နှင့် သြဝါဒများ သို့မဟုတ် စစ်မှန်မှုအပေါ် အာရုံစိုက်သည်ဖြစ်စေ၊ မစိုက်သည်ဖြစ်စေ သူတို့သည် ၎င်းတို့ လိုက်နာစောင့်ထိန်းသင့်ဆုံးသော အရာကို လိုက်နာစောင့်ထိန်းခြင်း မရှိသည့်အပြင် ၎င်းတို့ အသိသင့်ဆုံးသောအရာမှာ မည်သည့်အရာ ဖြစ်ကြောင်းကိုလည်း မသိကြချေ။ ဤအရာ၏ အကြောင်းရင်းမှာ လူတို့သည် သမ္မာတရားကို လုံးဝ မနှစ်သက်ခြင်းကြောင့် ဖြစ်သည်။ သို့ဖြစ်၍ သူတို့သည် ဘုရားသခင်၏ မိန့်မြွက်ချက်များတွင် တွေ့ရသော လက်တွေ့ကျင့်သုံးမှု နိယာမများကို ရှာဖွေရန်နှင့် လက်တွေ့လုပ်ဆောင်ရန် အချိန်နှင့်လုံ့လ မစိုက်ထုတ်လိုကြခြင်း ဖြစ်သည်။ ထို့အစား ၎င်းတို့သည် ဖြတ်လမ်းများကို အသုံးပြုရန်နှင့် ကောင်းသောအလေ့အထနှင့် ကောင်းသောအပြုအမူ ဖြစ်မည်ဟု ၎င်းတို့ နားလည်သိကျွမ်းသော အရာတို့ကို ပေါင်းရုံးရန် ပို၍နှစ်သက်ကြသည်။ ထိုအခါ ဤအကျဉ်းချုပ်သည် လိုက်လျှောက်ရမည့် ၎င်းတို့၏ကိုယ်ပိုင် ရည်မှန်းချက်ပန်းတိုင်ဖြစ်လာပြီး ယင်းကို လက်တွေ့ကျင့်သုံးရမည့် သမ္မာတရားအဖြစ် ၎င်းတို့ သဘောထားကြသည်။ ဤအရာ၏ တိုက်ရိုက် အကျိုးဆက်မှာ လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်အတွက် လူ၏ ကောင်းသောအပြုအမူကို အစားထိုးသည့် အရာတစ်ခုအဖြစ် အသုံးပြုကြသည်၊ ၎င်းက ဘုရားသခင်ထံ မျက်နှာလိုမျက်နှာရလုပ်ရန် လူတို့၏ လိုအင်ဆန္ဒကိုလည်း ဖြည့်ဆည်းပေးသည်။ ဤအရာက သူတို့အား သမ္မာတရားနှင့် ယှဉ်ပြိုင်ရန်အတွက် အရင်းအနှီးပေးပြီး၊ ယင်းကို လူတို့က ဘုရားသခင်အား အကြောင်းပြချက်ပေးပြီး ယှဉ်ပြိုင်ရန် အတွက်လည်း အသုံးပြုကြသည်။ တစ်ချိန်တည်းတွင် လူတို့သည် ဘုရားသခင်ကို မရိုးမဖြောင့်စွာဖြင့် ဘေးဖယ်ထားပြီး ၎င်းတို့၏ ကိုးကွယ်ရာပုဂ္ဂိုလ်များကို ဘုရားသခင်၏ နေရာ၌ ထားကြသည်။ လူတို့အား ဤသို့ပညာမဲ့သော လုပ်ရပ်များနှင့် ရှုထောင့်အမြင်များ သို့မဟုတ် တစ်ဖက်သတ်ဆန်သော ထင်မြင်ချက်များနှင့် ကျင့်သုံးမှုများကို ရရှိစေသော အဓိကအကြောင်းရင်း တစ်ခုသာရှိပြီး ထိုအကြောင်းကို သင်တို့အား ငါ ယနေ့ပြောမည်- အကြောင်းရင်းမှာ လူတို့သည် ဘုရားသခင်နောက်သို့ လိုက်လျှောက်ခြင်း၊ နေ့စဉ် သူ့ထံ ဆုတောင်းခြင်းနှင့် သူ၏ မိန့်မြွက်ချက်များကို နေ့စဉ်ဖတ်ရှုခြင်း ပြုကောင်းပြုနိုင်သော်လည်း ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို အမှန်တကယ် နားမလည်ကြပေ။ ပြဿနာ၏ အကြောင်းရင်းမှာ ဤသို့ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် ဘုရားသခင်၏ စိတ်နှလုံးကို သိနားလည်ခြင်း၊ သူနှစ်သက်သောအရာ၊ သူစက်ဆုပ်ရွံရှာသောအရာ၊ သူအလိုရှိသောအရာ၊ သူငြင်းပယ်သောအရာ၊ မည်ကဲ့သို့ လူအမျိုးအစားကို သူချစ်ကြောင်း၊ မည်ကဲ့သို့ လူအမျိုးအစားကို သူမနှစ်သက်ကြောင်း၊ လူတို့အပေါ် သူ၏တောင်းဆိုမှုများ ပြုရာတွင် မည်သည့်စံနှုန်းမျိုးကို သူအသုံးပြုကြောင်းနှင့်၊ သူတို့ကို စုံလင်အောင်ပြုလုပ်ပေးရန်အတွက် မည်သည့်နည်းလမ်းမျိုးကို သူကျင့်သုံးကြောင်း သိနားလည်ပါက ထိုလူထံ၌ သူကိုယ်တိုင်၏ တစ်ကိုယ်ရေ ထင်မြင်ချက်များ ရှိနိုင်ဦးမည်လော။ ဤသို့သော လူတို့က အခြားသူတစ်ဦးကို အမှန်ပင် ကိုးကွယ်နိုင်သလော။ သာမန်လူတစ်ဦးသည် ၎င်းတို့၏ ကိုးကွယ်ရာ ပုဂ္ဂိုလ် ဖြစ်လာနိုင်သလော။ ဘုရားသခင်၏ အလိုတော်ကို နားလည်သောလူတို့က ထို့ထက် အနည်းငယ်ပို၍ ဆင်ခြင်တုံတရားရှိသော အမြင်ရှုထောင့်ကို ပိုင်ဆိုင်ပါသည်။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော လူတစ်ဦးကို ထင်ရာမြင်ရာ ပုဂ္ဂိုလ်ရေးကိုးကွယ်မည် မဟုတ်သည့်အပြင်၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်သည့် လမ်းကြောင်းကို လျှောက်စဉ် ရိုးရှင်းသော စည်းမျဉ်းများ သို့မဟုတ် နိယာမများ အနည်းငယ်ကို ထင်ရာမြင်ရာ လိုက်နာစောင့်ထိန်းခြင်းသည် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ခြင်းသဘော သက်ရောက်သည်ဟုလည်း ၎င်းတို့ ယုံကြည်ကြလိမ့်မည် မဟုတ်ပေ။

လူတို့၏ အဆုံးသတ်ရလဒ်များကို ဘုရားသခင်ဆုံးဖြတ်ရာတွင် အသုံးပြုသည့် စံနှုန်းနှင့်ပတ်သက်၍ ထင်မြင်ချက်များစွာရှိသည်

ဤခေါင်းစဉ်ကို ပြန်ကြည့်ပြီး အဆုံးသတ်ရလဒ်ကိစ္စကို ဆက်၍ ဆွေးနွေးကြပါစို့။

လူအယောက်တိုင်း ပူပန်သောအရာမှာ ၎င်းတို့၏ အဆုံးသတ်ရလဒ်ပင် ဖြစ်သည်ကို ထောက်ဆလျက်၊ ဘုရားသခင်သည် ထိုအဆုံးသတ်ရလဒ်ကို မည်ကဲ့သို့ အဆုံးအဖြတ်ပေးကြောင်း သင်တို့သိသလော။ ဘုရားသခင်သည် လူတစ်ဦး၏ အဆုံးသတ်ရလဒ်ကို မည်သည့်ပုံစံဖြင့် သတ်မှတ်သနည်း။ ထို့ပြင် ယင်းကိုသတ်မှတ်ရန် မည်သည့်စံနှုန်းအမျိုးအစားကို သူအသုံးပြုသနည်း။ လူ၏အဆုံးသတ်ရလဒ်ကို မသတ်မှတ်ရသေးသည့်အချိန်တွင် ဘုရားသခင်သည် ယင်းကို ထုတ်ဖော်ရန်အတွက် မည်သည့်အရာကို ပြုလုပ်သနည်း။ တစ်ယောက်ယောက် သိသလော။ ခုတင်က ငါပြောခဲ့သည်နှင့်အညီ လူတို့၏ အဆုံးသတ်ရလဒ်အကြောင်း၊ ဤအဆုံးသတ်များကို ပိုင်းခြားသည့် အတန်းအစားများအကြောင်းနှင့် ခြားနားသော လူအမျိုးမျိုးကို စောင့်ဆိုင်းလျက်ရှိသော အဆုံးသတ်ရလဒ် အမျိုးမျိုးအကြောင်း သဲလွန်စများကို ရှာဖွေရန် အားထုတ်ရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အချိန်ကြာမြင့်စွာ သုတေသနပြုနှင့်ပြီးသောသူ အချို့ရှိသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လူတို့၏ အဆုံးသတ်များကို မည်ကဲ့သို့ သတ်မှတ်ကြောင်း၊ သူက မည်သည့်စံနှုန်းမျိုးကို အသုံးပြုကြောင်းနှင့် လူတစ်ဦး၏ အဆုံးသတ်ကို သူ မည်သို့ အတိအကျ သတ်မှတ်ကြောင်းတို့ကိုလည်း ရှာဖွေတွေ့ရှိရန် မျှော်လင့်ကြသည်။ သို့သော်လည်း အဆုံးတွင် ဤလူတို့သည် မည်သည့်အဖြေကိုမျှ လုံးဝမတွေ့ရှိဖြစ်ကြပေ။ အမှန်အားဖြင့် ဘုရားသခင်၏ မိန့်မြွက်ချက်များထဲတွင် ထိုကိစ္စနှင့်ပတ်သက်၍ အလွန်နည်းပါးစွာ ဖော်ပြထားလေသည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ လူတို့၏ အဆုံးသတ်များကို မထုတ်ဖော်သေးသရွေ့ ဘုရားသခင်သည် အဆုံးတွင် အဘယ်အရာ ဖြစ်ပျက်မည့်အကြောင်းအား မည်သူ့ကိုမျှ မပြောလိုသည့်အပြင်၊ သူသည် မည်သူ့ကိုမျှ ၎င်းတို့၏ ခရီးဆုံးပန်းတိုင်အကြောင်း ကြိုတင်၍ အသိပေးလိုခြင်းမရှိ၊ အကြောင်းမှာ ထိုသို့ပြုခြင်းက လူသားတို့အတွက် မည်သည့်အကျိုးကျေးဇူးမျှ ရှိမည်မဟုတ်သောကြောင့် ဖြစ်သည်။ ယခု ဤနေရာတွင် လူ၏ အဆုံးသတ်ရလဒ်ကို ဘုရားသခင် သတ်မှတ်သော ပုံစံ၊ လူတို့၏ အဆုံးသတ်ရလဒ်များကို ဆုံးဖြတ်ပေးသည့် ပုံစံအကြောင်း၊ ဤအဆုံးသတ် ရလဒ်များကို ဆုံးဖြတ်ရန်နှင့် ထင်ရှားစေရန်အတွက် သူ၏အမှုထဲတွင် သူအသုံးချသော နိယာမများအကြောင်းအပြင်၊ တစ်စုံတစ်ဦးက အောင်မြင်ကျော်လွှားနိုင်ခြင်းရှိမရှိ သတ်မှတ်ရန်အတွက် သူသုံးသော စံနှုန်းအကြောင်းကိုသာ ငါ သင်တို့အား ပြောလိုသည်။ ဤသည်တို့မှာ သင်တို့ အပူပန်ဆုံးသော မေးခွန်းများ ဖြစ်သည်မဟုတ်လော။ ထိုသို့ဆိုသော် ဘုရားသခင်သည် လူတို့၏ အဆုံးသတ်ရလဒ်များကို မည်ကဲ့သို့ သတ်မှတ်သည်ဟုလူတို့ ယုံကြည်ကြသနည်း။ ယင်း၏ တစ်စိတ်တစ်ပိုင်းကို ယခုလေးတင် သင်တို့ ဖော်ပြခဲ့ကြသည်- သင်တို့အချို့က ၎င်းသည် လူတစ်ဦး၏ တာဝန်များကို သစ္စာရှိစွာ လုပ်ဆောင်ခြင်း၊ ဘုရားသခင်အတွက် အသုံးခံခြင်း နှင့်ဆိုင်သည်ဟု ဆိုကြသည်။ အချို့က ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် သူ့ကို ကျေနပ်စေခြင်းအကြောင်း ဖြစ်သည်ဟု ပြောကြသည်၊ အချို့က အခြေခံအကြောင်းမှာ ဘုရားသခင် စီရင်သမျှကို ခံယူခြင်းဖြစ်သည်ဟု ဆိုကြပြီး အချို့က အဓိကအချက်မှာ ရိုးရိုးကုပ်ကုပ် အသက်တာကို နေထိုင်ခြင်းဖြစ်သည်ဟု ဆိုကြသည်။...သင်တို့သည် ဤသမ္မာတရားများကို လက်တွေ့လုပ်ဆောင်သည့်အခါနှင့် သင်တို့သည် မှန်ကန်သည်ဟု ယုံကြည်သော နိယာမများနှင့်အညီ လက်တွေ့လုပ်ဆောင်သည့်အခါ ဘုရားသခင်က မည်သို့ သဘောရကြောင်းကို သင်တို့သိသလော။ ဤကဲ့သို့ ရှေ့ဆက်ခြင်းက ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းခြင်းရှိမရှိ သင်တို့ ဆင်ခြင်သုံးသပ်ဖူးသလော။ ၎င်းက သူ၏စံနှုန်းကို ပြည့်မီသလော။ ၎င်းက သူ၏ တောင်းဆိုချက်များကို ဖြည့်တင်းပေးသလော။ လူအများစုသည် ဤမေးခွန်းများကို အမှန်တကယ် အချိန်ယူ မစဉ်းစားကြသည်ကို ငါယုံကြည်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် အစိတ်အပိုင်းတစ်ခု၊ သို့မဟုတ် တရားဟောချက်များ အစိတ်အပိုင်းတစ်ခု၊ သို့မဟုတ် ၎င်းတို့ ပုဂ္ဂိုလ်ရေးကိုးကွယ်သည့် အချို့သော ဝိညာဉ်ရေးရာပုဂ္ဂိုလ်တို့၏ စံနှုန်းများကို စက်ရုပ်ကဲ့သို့သာ ကျင့်သုံးပြီး မိမိကိုယ်ကို ဟိုဟာသည်ဟာလုပ်ရန် ဖိအားပေးလျက်ရှိသည်။ ဤသည်မှာ မှန်ကန်သောနည်းလမ်းဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသောကြောင့် အဆုံး၌ မည်သို့ဖြစ်လာစေကာမူ ၎င်းကို ဆက်၍ လိုက်နာစောင့်ထိန်းပြီး လုပ်ဆောင်ကြသည်။ လူအချို့က “ကျွန်ုပ်သည် နှစ်ပေါင်းအတော်ကြာ ယုံကြည်မှုရှိခဲ့ပြီးပြီ၊ ဤနည်းလမ်းကို ကျွန်ုပ်အမြဲ လက်တွေ့လုပ်ဆောင်ခဲ့ပြီးပြီ။ ကျွန်ုပ်သည် ဘုရားသခင်ကို အမှန်တကယ် ကျေနပ်စေပြီဟု ခံစားရပြီး ထိုမှ မြောက်မြားစွာကို ရရှိခဲ့ပြီဟုလည်း ကျွန်ုပ် ခံစားရသည်။ အဘယ်ကြောင့်ဆိုသော် ဤကာလအတွင်း ကျွန်ုပ်သည် မြောက်မြားစွာသော သမ္မာတရားများအပြင် ယခင်က ကျွန်ုပ်နားမလည်ခဲ့သော အမှုအရာများစွာကို နားလည်လာခဲ့ခြင်းကြောင့် ဖြစ်သည်။ အထူးသဖြင့် ကျွန်ုပ်၏ အတွေးအခေါ်များနှင့် အမြင်များစွာ ပြောင်းလဲခဲ့သည်၊ ကျွန်ုပ်၏ အသက်တာ တန်ဖိုးများ အကြီးအကျယ် ပြောင်းလဲခဲ့ပြီဖြစ်ပြီး ဤလောကကြီးအပေါ် အတော်အတန်ကောင်းသော နားလည်ခြင်း ယခု ကျွန်ုပ်၌ရှိသည်” ဟု ထင်တတ်ကြသည်။ ယင်းကဲ့သို့သော လူများက ဤသည်မှာ ရိတ်သိမ်းမှု တစ်ခုဖြစ်ပြီး လူသားတို့အတွက် ဘုရားသခင့်အမှု၏ နောက်ဆုံးရလဒ် ဖြစ်သည်ဟု ယုံကြည်ကြသည်။ သင်တို့၏ ထင်မြင်ချက်ထဲတွင် ဤစံနှုန်းများနှင့် သင်တို့၏ လက်တွေ့လုပ်ဆောင်မှု အားလုံးကို ခြုံငုံ၍ဆိုပါက သင်တို့သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းနေသလော။ လူအချို့က “ဟုတ်ပါသည်၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အညီ လက်တွေ့လုပ်ဆောင် နေသည်၊ ကျွန်ုပ်တို့သည် အထက်တွင် ဟောပြောပြီး မိတ်သဟာယဖွဲ့ခဲ့သည့် အရာနှင့်အညီ လက်တွေ့လုပ်ဆောင်နေသည်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ တာဝန်ကို အမြဲထမ်းရွက်နေကြပြီး ဘုရားသခင်နောက် အမြဲလိုက်နေကြကာ ဘုရားသခင်ကို ကျွန်ုပ်တို့ မည်သည့်အခါမှ စွန့်ခွာခဲ့ခြင်းမရှိပါ။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်ကို ကျေနပ်စေကြောင်း ယုံကြည်မှုအပြည့်အဝဖြင့် ပြောနိုင်ပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်မျှပင် နားလည်ပါစေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်မျှပင် နားလည်ပါစေ၊ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် သဟဇာတဖြစ်ရန် ကြိုးစားရှာဖွေနေခြင်း လမ်းကြောင်းပေါ်၌ အမြဲရှိနေခဲ့သည်။ ကျွန်ုပ်တို့သည် မှန်ကန်စွာပြုမူပြီး မှန်ကန်စွာ လက်တွေ့ လုပ်ဆောင်နေသရွေ့ မှန်ကန်သောရလဒ် ရရှိရန် သေချာပါသည်” ဟု အကြွင်းမဲ့ သေချာမှုဖြင့် ဆိုကြမည်ဖြစ်သည်။ ဤရှုထောင့်နှင့်ပတ်သက်၍ သင်တို့ မည်ကဲ့သို့ထင်သနည်း။ ၎င်းမှာ မှန်ကန်သလော။ “ဤအရာများကို ယခင်က ကျွန်ုပ် တစ်ခါမျှမတွေးမိခဲ့ပါ။ ကျွန်ုပ်သည် ကျွန်ုပ်၏တာဝန်ကို ဆက်လက်ဖြည့်ဆည်းပြီး ဘုရားသခင့် မိန့်မြွက်ချက်များ၏ တောင်းဆိုချက်များနှင့်အညီ ဆက်၍ လုပ်ဆောင်နေသရွေ့ ကျွန်ုပ်သည် အောင်မြင်ကျော်လွှားနိုင်လိမ့်မည်ဟုသာ ကျွန်ုပ်ထင်သည်။ ကျွန်ုပ်သည် ဘုရားသခင်၏ စိတ်နှလုံးကို ကျေနပ်စေနိုင်ခြင်းရှိမရှိ ဟူသော မေးခွန်းကို ကျွန်ုပ် တစ်ခါမှ ဆင်ခြင်သုံးသပ်ခဲ့ခြင်း မရှိသကဲ့သို့ ကျွန်ုပ်သည် သူသတ်မှတ်ထားသော စံနှုန်းနှင့် ပြည့်မီခြင်း ရှိမရှိကို ကျွန်ုပ်တစ်ခါမျှ ဆင်ခြင်သုံးသပ်ခဲ့ခြင်းလည်း မရှိပါ။ ဘုရားသခင်သည် ကျွန်ုပ်အား ရှင်းလင်းသောလမ်းညွှန်ချက် တစ်ခုကိုမျှ ပြောပြခဲ့ခြင်း သို့မဟုတ် ပေးအပ်ခဲ့ခြင်း မရှိသည့်အတွက် ကျွန်ုပ်သည် ဆက်လက်၍ ကြိုးစားလုပ်ဆောင်ပြီး မရပ်တန့်သရွေ့ ဘုရားသခင်သည် ကျေနပ်မည်ဖြစ်ပြီး ကျွန်ုပ်ကို နောက်ထပ် တောင်းဆိုချက်များ ပြုမည်မဟုတ်ဟု ကျွန်ုပ်ယုံကြည်သည်” ဟု ဆိုသော သူအချို့လည်း ရှိကောင်းရှိမည်။ ဤယုံကြည်ချက်များမှာ မှန်သလော။ ငါ၏ခံယူချက်မှာ ဤကဲ့သို့ လက်တွေ့လုပ်ဆောင်ခြင်း၊ ဤကဲ့သို့ တွေးခေါ်ခြင်းနှင့် ဤ ရှုထောင့်အမြင်များအားလုံးတွင် စိတ်ကူးယဉ်မှုများအပြင် ကျိုးကြောင်း မမြင်မှုလည်း အနည်းငယ်ပါဝင်သည်။ ဤအရာကို ငါပြောသည့်အခါ၊ “ကျိုးကြောင်းမမြင်မှု ဟုတ်စ၊ အကယ်၍ ဤအရာက ကျိုးကြောင်းမမြင်မှု ဖြစ်လျှင် ကယ်တင်ခြင်းနှင့် အောင်မြင်ကျော်လွှားခြင်းအတွက် ကျွန်ုပ်တို့၏ မျှော်လင့်ချက်မှာ အလွန်ပင်နည်းပြီး မသေမချာဖြစ်သည် မဟုတ်လော။ ထိုကဲ့သို့ သုံးနှုန်းခြင်းဖြင့် ကိုယ်တော် ကျွန်ုပ်တို့ကို စိတ်ပျက်စေသည် မဟုတ်လော” ဟု စဉ်းစား၍ အချို့သောသင်တို့ကို အနည်းငယ် စိတ်ပျက်အားလျော့ကောင်း အားလျော့စေမည်။ သင်တို့ မည်သည့်အရာကို ယုံကြည်ပါစေ၊ ငါပြောသောအရာများနှင့် ပြုသောအရာများသည် သင်တို့ကို စိတ်ပျက်စေသကဲ့သို့ ခံစားရစေရန် ရည်ရွယ်ခြင်းမဟုတ်ပေ။ ထိုသို့မဟုတ်ဘဲ ၎င်းတို့မှာ ဘုရားသခင်၏ ရည်ရွယ်ချက်များအပေါ် သင်တို့၏ သိနားလည်မှု တိုးတက်စေပြီး ဘုရားသခင် စဉ်းစားသောအရာ၊ သူဖြစ်မြောက်စေလိုသောအရာ၊ သူသဘောကျသော လူအမျိုးအစားများ၊ သူစက်ဆုပ်ရွံရှာသောအရာ၊ သူရွံမုန်းသောအရာ၊ သူရယူလိုသော လူအမျိုးအစားနှင့် သူပစ်ပယ်သော လူအမျိုးအစား နှင့်ပတ်သက်၍ သင်တို့၏ နားလည်သဘောပေါက်မှု တိုးပွားစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ၎င်းတို့မှာ သင်တို့၏ စိတ်အာရုံတို့ကို ရှင်းလင်းမှုပေးရန်၊ သင်တို့ တစ်ဦး တစ်ယောက်ချင်းစီ၏ လုပ်ဆောင်မှုများနှင့် အတွေးများသည် ဘုရားသခင် သတ်မှတ်ထားသော စံနှုန်းမှ အဘယ်မျှ လမ်းလွဲနေခဲ့ပြီ ဖြစ်ကြောင်းကိုသာ သင်တို့အား ရှင်းလင်းသောနားလည်မှု ပေးရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်။ ဤအကြောင်းအရာများကို ဆွေးနွေးရန် မဖြစ်မနေ လိုအပ်သလော။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ကြာမြင့်စွာ ယုံကြည်ခဲ့ပြီး များလှစွာသော တရားဟောချက်တို့ကို နားထောင်ခဲ့ပြီးဖြစ်ကြောင်း ငါသိသည်၊ သို့သော်လည်း ဤသည်တို့မှာ သင်တို့ အချို့တဲ့ဆုံးသော အရာများပင် အတိအကျဖြစ်သည်။ သမ္မာတရားတိုင်းကို မှတ်စုစာအုပ်များထဲတွင် သင်တို့ ရေးမှတ်ခဲ့ကြပြီး သင်တို့ဖာသာ အရေးကြီးသည်ဟု ယုံကြည်သည့် အချို့သောအရာများကို သင်တို့စိတ်နှလုံးထဲ၌ ကျက်မှတ်ကာ ကမ္ပည်းထိုးထားကြစေကာမူ၊ ထို့ပြင် သင်တို့လက်တွေ့လုပ်ဆောင်စဉ်အတွင်း ဘုရားသခင်ကို ကျေနပ်စေဖို့ ဤအရာများကို အသုံးပြုရန်၊ သင်တို့ မိမိကိုယ်ကိုယ် အကူအညီလိုအပ်သည်ဟု တွေ့မြင်သောအခါ ၎င်းတို့ကို အသုံးပြုရန်၊ ရှေ့လျှောက်ရှိနေသည့် ခက်ခဲသောအချိန်များကို ကျော်ဖြတ်ရာတွင် ၎င်းတို့ကို အသုံးပြုရန်၊ သို့မဟုတ် သင်တို့၏ အသက်တာများကို နေထိုင်စဉ် ဤအရာများကို သင်တို့နှင့်အတူ ပါရှိစေရန်သက်သက်သာ အသုံးပြုရန် သင်တို့ ကြံစည်ထားကြစေကာမူ၊ ငါ၏ခံယူချက်မှာ သင်တို့သည် ယင်းကိုသာ ပြုလုပ်နေပါက သင်တို့ မည်သို့မည်ပုံ လုပ်ဆောင်ပါစေ၊ ယင်းက သိပ်အရေးမကြီးပေ။ ထိုသို့ဆိုသော် အလွန်အရေးကြီးသည့် အရာမှာ အဘယ်နည်း။ အရေးကြီးဆုံးမှာ သင် လက်တွေ့လုပ်ဆောင်နေစဉ်တွင် သင် လုပ်ဆောင်နေသမျှ၊ လုပ်ဆောင်မှု တစ်ခုစီတိုင်းသည် ဘုရားသခင် အလိုရှိသောအရာနှင့် သင့်မြတ်မှုရှိမရှိ၊ ထို့ပြင် သင်၏ လုပ်ရပ်များအားလုံး၊ သင်၏ စိတ်ကူးများအားလုံးနှင့် သင်ရရှိလိုသော ရလဒ်များနှင့် ရည်မှန်းချက် ပန်းတိုင်တို့သည် ဘုရားသခင်၏ အလိုတော်ကို အမှန်တကယ် ကျေနပ်စေခြင်းနှင့် ဘုရားသခင်၏ တောင်းဆိုချက်များကို ဖြည့်တင်းပေးခြင်းရှိမရှိ၊ ထို့ပြင် ၎င်းတို့အား ဘုရားသခင် လက်ခံမခံ ဆိုသည်တို့ကို သင်၏ စိတ်နှလုံးက လုံးဝကျိန်းသေသိရမည်ဖြစ်သည်။ ဤသည်တို့မှာ အလွန်အရေးကြီးသော အရာများဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။