ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိရှိမည့် နည်းလမ်း (အပိုင်း တစ်)

ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိရှိခြင်းသည် အလွန် နက်နဲသော သင်ခန်းစာတစ်ခု ဖြစ်သည်။ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို မြင်ရရန်၊ ဝိညာဉ်ရေးရာ သိနားလည်မှု ရှိရမည်ဖြစ်ပြီး သမ္မာတရားများစွာကိုလည်း သဘောပေါက်နားလည်ရမည်ဖြစ်သည်။ ဘုရားသခင်ကို သိနားလည်ခြင်းနှင့် ပတ်သက်လာသည့်အခါ လူတို့သည် မကြာခဏ အလွန် သဘောထား ကျဉ်းမြောင်းကြပြီး ၎င်းတို့ ရှေ့တွင် ရှိသည့်အရာကိုသာ ကြည့်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို မိမိတို့၏ အမှန်နှင့် အမှား၊ မှန်ကန်ခြင်းနှင့် မမှန်ကန်ခြင်း၊ အဖြူ၊ အမည်းတို့နှင့်ဆိုင်သော အမြင်များပေါ်အခြေခံ၍ သို့မဟုတ် လူသား အယူအဆများနှင့် စိတ်ကူးများပေါ် အခြေခံ၍ အစဉ်သဖြင့် အကဲဖြတ်ကြပြီး ဘုရားသခင်က ဤအရာကို လုပ်ဆောင်ခြင်းက မှားသည် သို့မဟုတ် ထိုအရာကို လုပ်ဆောင်ခြင်းက မှားသည်ဟု ပြောဆိုကြသည်။ သို့တိုင် မည်သည့်အရာက မှန်သနည်း။ တစ်စုံတစ်ရာကို ဘုရားသခင် လုပ်ဆောင်သရွေ့ ထိုအရာ မှန်ကန်ပေသည်။ ဘုရားသခင်အနေဖြင့် လူတို့ကို ဖျက်ဆီးခြင်းသည် မှန်ကန်သလော။ (မှန်ကန်ပါသည်။) ဘုရားသခင်က လူမျိုးစုတစ်စုကို ပြုစုပျိုးထောင်ခဲ့ပြီး ကြီးပွားချမ်းသာစေခဲ့သော်လည်း သင်က ဤလူမျိုးစုအနေဖြင့် မကြီးပွားမချမ်းသာသင့်ဟု ခံစားသည်။ သို့ဆိုလျှင် အဘယ်သို့ဖြစ်ပြီး ထိုမျိုးစု ကြီးပွားချမ်းသာလာခဲ့သနည်း။ ဂျူးလူမျိုးများက ဘုရားသခင်ကို ဆန့်ကျင်ခဲ့ကြသည်။ ထို့ကြောင့် လူတို့၏ အမြင်တွင် ဘုရားသခင်က ဒေါသထွက်လာပြီး ၎င်းတို့ကို ကျိန်ဆဲသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို သူ ချေမှုန်းလိုက်သင့်သည်ဟူ၍ ဖြစ်သည်။ သို့သော် ဤသည်မှာ လူ၏ အယူအဆနှင့် စိတ်ကူးသာဖြစ်သည်။ ဘုရားသခင်က ဂျူးလူမျိုးများကို ကျိန်ဆဲကာ အပြစ်ပေးပြီးနောက် ၎င်းတို့ကို သူ အသက်ရှင်ကျန်ခွင့်ပေးပြီး ၎င်းတို့၏ မျိုးရိုးဇာစ်မြစ်များ ကျန်ရှိမည်ဖြစ်ကြောင်း၊ ကမ္ဘာအနှံ့မှ အခြားသော နိုင်ငံများဆီသို့ ၎င်းတို့သည် တစ်နေရာစီ လူစုကွဲသွားမည်ဖြစ်ကြောင်းနှင့် နောက်ဆုံးတွင် ကိုယ့်တိုင်းနိုင်ငံကိုယ် ပြန်လည်ရရှိမည်ဖြစ်ကြောင်း ၎င်းတို့ထံ သူ ကတိတစ်ခု ပြုခဲ့သည်။ ဘုရားသခင်၏ ကတိတော်များက မပြောင်းလဲနိုင်သကဲ့သို့ ဘုရားသခင် ပြောဆိုခဲ့သည့် အပြစ်ဒဏ်နှင့်ဆိုင်သော စကားများလည်း ပြည့်စုံရမည်ဖြစ်သည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာသည် အလွန် အံ့ဩဖွယ်ကောင်း၏။ ဘုရားသခင်၏ အမှုတော်နှင့် လူတို့အပေါ် ကျရောက်သော အမှုအရာများကို အမှန်နှင့် အမှား၊ မှန်ကန်ခြင်းနှင့် မမှန်ကန်ခြင်း ရှုထောင့်များမှ အကဲဖြတ်ရန် သင် ကြိုးစားလျှင် ယင်းတို့ကို သင် ငြင်းပယ်မိလိမ့်မည်ဖြစ်သည်။ ယင်းတို့သည် ဘုရားသခင်၏ အမှုတော်နှင့် တူပုံမရကြောင်းနှင့် သင်၏ အယူအဆများ၊ စိတ်ကူးများနှင့် မကိုက်ညီကြောင်း သင် တွေးထင်လိမ့်မည်ဖြစ်ပြီး ယင်းတို့ကို သင် ငြင်းပယ်မိလိမ့်မည်။ ယင်းတို့ကို သင် ငြင်းပယ်လျှင် ယင်းတို့ကို သမ္မာတရားအဖြစ် သင် မည်သို့ ကျိုးနွံနာခံနိုင်မည်နည်း။ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ လူတို့သည် အဘယ်ကြောင့် ထိုအရာများကို ငြင်းပယ်ကြသနည်း။ ဤသည်မှာ လူသား အယူအဆက ဖြစ်စေခြင်း ဖြစ်သည်။ ယင်းမှာ လူသား ဦးနှောက်က အသိအမှတ်ပြုနိုင်သည့်အရာနှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များအပေါ် လူတို့ မြင်နိုင်သည့်အရာတို့တွင် အကန့်အသတ်များရှိကာ လူတို့ နားလည်နိုင်သည့် သမ္မာတရားတွင် အကန့်အသတ်များ ရှိသည်ကို ဆိုလိုပေသည်။ ဘုရားသခင်ကို အမှန်တကယ် သိရှိရန် ဤအကန့်အသတ်များကို သင် မည်သို့ ထိုးဖောက်ကျော်လွှားနိုင်မည်နည်း။ သင်သည် ဘုရားသခင်ထံမှ အမှုအရာများကို ခံယူရမည်ဖြစ်ပြီး သင် ကြုံရသော သင် နားမလည်နိုင်သည့် အရာများကို ပေါ့ပေါ့တန်တန် မသတ်မှတ်ရသကဲ့သို့ အချို့သော ပြဿနာများကို မဖြေရှင်းနိုင်လျှင် ကြောင်းကျိုးမမြင်ဘဲ ဝေဖန်မှုများ မပြုရပေ။ ဤသည်မှာ လူတို့ အပိုင်ဆိုင်သင့်ဆုံးသော ဆင်ခြင်တုံတရားဖြစ်သည်။ သင်က “ယင်းမှာ ဘုရားသခင် လုပ်ဆောင်သည့်အရာ မဟုတ်၊ ဘုရားသခင်က ယင်းကို လုံးဝ လုပ်ဆောင်မည်မဟုတ်”ဟု ပြောလျှင် သင်ဆင်ခြင်တုံတရား မဲ့ပေသည်။ မည်သည့်အရာကို သင် အမှန်တကယ် နားလည်နိုင်သနည်း။ သင်သည် ဘုရားသခင်ကိုယ်စား ဝေဖန်မှုများ ပြုလုပ်ဝံ့လျှင် သင်သည် အမှန်တကယ် ဆင်ခြင်တုံတရား မဲ့ပေသည်။ ဘုရားသခင်သည် သင် တွေးထင်သည့်အတိုင်းဖြစ်စေ၊ သင့် စိတ်ကူးများ၏ နယ်ပယ်အတွင်းတွင်ဖြစ်စေ အတိအကျ ပြုမူဆောင်ရွက်ခြင်းမျိုး ဖြစ်ချင်မှဖြစ်ပေလိမ့်မည်။ ဘုရားသခင်သည် ကြီးမြတ်လွန်းသည်၊ ဉာဏ်မမီနိုင်ဖွယ် ဖြစ်လွန်းသည်၊ နက်နဲလွန်းသည်၊ အံ့ဩဖွယ်ကောင်းလွန်းပြီး ဉာဏ်ပညာ ရှိလွန်းပေသည်။ အဘယ်ကြောင့် “လွန်း”ဟူသည့် စကားလုံးကို ငါ ဖြည့်စွက်ရသနည်း။ အဘယ်ကြောင့်ဆိုသော် လူသားများက ဘုရားသခင်ကို ဉာဏ်မမီနိုင်ကြသောကြောင့် ဖြစ်သည်။ သင်သည် ဖန်ဆင်းခံတစ်ဦးဖြစ်သောကြောင့် ဘုရားသခင်ကို ဉာဏ်မီရန် မကြိုးစားနှင့်။ သင်ထံတွင် ဤအတွေး မရှိတော့သည်နှင့်တစ်ပြိုင်နက် ဆင်ခြင်တုံတရား အနည်းငယ် သင် ပိုင်ဆိုင်လိမ့်မည်။ ဘုရားသခင်အတွက် ဘောင်ခတ်ရန် မကြိုးစားနှင့်။ ထိုသို့လုပ်ဆောင်ခြင်းမှ သင် ရှောင်ကြဉ်နိုင်လျှင် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်လိမ့်မည်။ ဘုရားသခင်အတွက် စည်းမျဉ်းများ ချမှတ်ပြီး ဘုရားသခင်က သတ်သတ်မှတ်မှတ်ဖြစ်သော နည်းတစ်နည်းဖြင့် ပြုမူဆောင်ရွက်သင့်ကြောင်း၊ ထိုအရာကို ဘုရားသခင်က ဤနည်းဖြင့် လုံးဝ လုပ်ဆောင်မည်ဖြစ်ကြောင်း၊ သို့မဟုတ် ထိုအရာကို ဘုရားသခင်က ထိုသို့ လုံးဝ လုပ်ဆောင်မည် မဟုတ်ကြောင်း၊ ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်ချက် လုံးဝ မဟုတ်ကြောင်းနှင့် အခြားတစ်စုံတစ်ရာသည် ဘုရားသခင်၏ လုပ်ဆောင်ချက်တစ်ခု လုံးဝ မဟုတ်ကြောင်းကို ပြောသည့် လူများစွာ ရှိသည်။ “လုံးဝ”ဟူသော ဤစကားလုံး ဖြည့်စွက်ချက်နှင့် ပတ်သက်၍ အဘယ်သို့နည်း။ (ဆင်ခြင်တုံတရား ကင်းမဲ့ပါသည်။) ဘုရားသခင်က အံ့ဩဖွယ်ကောင်းလွန်းပြီး ဉာဏ်ပညာ ရှိလွန်းသည်ဟု သင် ပြောသော်လည်း ထို့နောက် ဘုရားသခင်သည် သတ်သတ်မှတ်မှတ်ဖြစ်သော နည်းတစ်နည်းဖြင့် လုံးဝ ပြုမူဆောင်ရွက်မည် မဟုတ်ဟု သင်က ပြောပြန်သည်။ ယင်းမှာ ဆန့်ကျင်ကွဲလွဲမှုတစ်ခု ဖြစ်သည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်ကိုသိသော စစ်မှန်သည့် အသိ မဟုတ်ပေ။ မိမိကိုယ်ပိုင် အမြင်များကို မလျှော့တမ်း စွဲကိုင်ခြင်းနှင့် ဘုရားသခင်အပေါ် အမြဲ ဘောင်ခတ်ခြင်းတို့သည် လုံးဝ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်း ဖြစ်သည်။

ဘုရားသခင်သည် အမှုတော်၏ ဤနောက်ဆုံးအဆင့်ကို လုပ်ဆောင်နေပြီး တရုတ်ပြည်တွင် သူ ပေါ်ထွန်းကာ အမှုပြုနိုင်မည်ဟု မည်သူကမျှ မတွေးခဲ့ကြပေ။ ထိုအရာကို သင် စိတ်မကူးနိုင်ခြင်းသည် သင်၏ စိတ်နှလုံးရှိ အယူအဆများနှင့် စိတ်ကူးများအပြင် သင်၏ အတွေးရှိ ကန့်သတ်ချက်များကြောင့် ဖြစ်သည် မဟုတ်လော။ အမေရိက၊ ယူကေ သို့မဟုတ် အစ္စရေးနိုင်ငံတို့ကို အားလုံး ဖြစ်နိုင်ဖွယ်ရှိသောနိုင်ငံများအဖြစ် သင် တွေးကောင်း တွေးနိုင်သော်လည်း ဘုရားသခင်က တရုတ်နိုင်ငံတွင် အမှုပြုမည်ကို လုံးဝ စိတ်မကူးနိုင်ပေ။ ထိုအရာသည် သင့်အတွက် မယုံကြည်နိုင်လောက်အောင်ဖြစ်သည်။ ထိုအရာသည် လူတို့၏ အယူအဆများနှင့် စိတ်ကူးများကို ကျော်လွန်သော်လည်း ဘုရားသခင်သည် သူ၏ နောက်ဆုံးနှင့် အရေးအကြီးဆုံး အမှုတော်ကို ဆောင်ရွက်လျက် တရုတ်နိုင်ငံတွင် သူ၏ အမှုကို စတင်လုပ်ဆောင်ရုံရှိသေးသည်။ ဤသည်မှာ လူသား အယူအဆများနှင့် အလွန် ဆန့်ကျင်ကွဲလွဲနေသည်။ ထို့ကြောင့် ဤအရာမှ မည်သည့်အရာကို သင် သင်ယူပြီးပြီနည်း။ (ဘုရားသခင်၏ အမှုတော်သည် လူသား အယူအဆများနှင့် မကိုက်သကဲ့သို့ အံ့ဩဖွယ်ဖြစ်ပြီး ဉာဏ်မမီနိုင်ဖွယ်ဖြစ်ကြောင်းကို ဖြစ်သည်။) ဘုရားသခင်၏ အမှုတော်သည် လူသား စိတ်ကူးများကို အလွန် ကျော်လွန်သည်။ အံ့ဖွယ်ရာနှင့် ဉာဏ်မမီနိုင်ဖွယ်ဖြစ်သည်၊ ဉာဏ်ပညာရှိသည်၊ နက်နဲသည်။ ဤသည်တို့မှာ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်း၊ သူ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ကို ဖော်ပြရန် အသုံးပြုသည့် လူသား စကားများဖြစ်ပြီး ဤအရာကို ကျိုးကြောင်းသင့်သည်ဟု စဉ်းစားကြသည်။ ဘုရားသခင် အမှုအရာများ လုပ်ဆောင်ခြင်းသည် လူသားတို့၏ အယူအဆများနှင့် မကိုက်ညီသဖြင့် ဘုရားသခင်၏ အမှုတော်သည် အံ့ဖွယ်ကောင်းပြီး ဉာဏ်မမီနိုင်ကြောင်း၊ လူသား၏ အယူအဆများနှင့် မကိုက်ညီကြောင်းဟူသည့် ဤစကားများဖြင့် လူတို့ ပေါင်းရုံးဖော်ပြကြခြင်း ဖြစ်လေသည်။ ဤအရာမှ အခြား မည်သည့်အရာကို လူတို့ သင်ယူနိုင်သနည်း။ လူသားမျိုးနွယ်၏ ယခင် အယူအဆများနှင့် စိတ်ကူးများအားလုံး ဖြိုဖျက်ခံရပြီး ဖြစ်ခြင်း ဖြစ်သည်။ သို့ဆိုလျှင် ဤအယူအဆများသည် မည်သည့်နေရာမှ လာခဲ့သနည်း။ သင် မြင်သည့်အရာမှ ကြည့်လျှင် တရုတ်နိုင်ငံသည် ဆင်းရဲပြီး ခေတ်နောက်ကျသည်။ ကွန်မြူနစ်ပါတီက အာဏာ စွဲကိုင်ထားသည်။ ခရစ်ယာန်များ နှိပ်စက်ညှဉ်းပန်းခြင်း ခံရကြသည်။ လွတ်လပ်မှု မရှိ၊ လူ့အခွင့်အရေးများ မရှိသကဲ့သို့ တရုတ်လူမျိုးများသည် ကမ္ဘာ့စင်မြင့်ထက်တွင် နိမ့်ပါးသည့် အဆင့်အတန်းတစ်ခုဖြင့် အရှေ့အာရှ၏ သနားစဖွယ် နာမကျန်းဖြစ်သော လူများပုံပေါက်လျက် ပညာအရည်အချင်းမှာလည်း အားရလောက်အောင် မရှိကြချေ။ ဘုရားသခင်သည် သူ၏ အမှုတော်ကို လုပ်ဆောင်ရန် တရုတ်နိုင်ငံတွင် အဘယ်သို့ လူ့ဇာတိခံယူနိုင်မည်နည်း။ ဤသည်မှာ အယူအဆတစ်ခု မဟုတ်သလော။ ယခုတွင် ဤအယူအဆ မှန်ကန်သလော၊ မှားယွင်းသလောဟူသည်ကို ကြည့်လော။ (လုံးဝ မှားယွင်းပါသည်။) ပထမဦးစွာ ဘုရားသခင်က ဤနည်းဖြင့် အဘယ်ကြောင့် အမှုပြုမည်၊ ထိုအရာသည် သူက နှိမ့်ချကာ ကွယ်ဝှက်ချင်သောကြောင့် ဟုတ်မဟုတ်၊ သို့မဟုတ် ဤနည်းဖြင့် အမှုပြုခြင်းသည် နက်နဲသော အဓိပ္ပာယ်နှင့် တန်ဖိုး ပါရှိသလော ဟူသည်တို့ကို မပြောဘဲနေကြစို့။ ဤအဆင့်ကို မဆွေးနွေးဘဲ ဘုရားသခင်က ဤနည်းဖြင့် အမှုပြုခြင်းသည် လူသား အယူအဆများနှင့် များစွာ ကွဲလွဲခြင်း ရှိမရှိဟူသည့်အကြောင်းကို ပြောဆိုကြစို့။ အလွန်များစွာ ကွဲလွဲပေသည်။ လူတို့က စိတ်ကူးမရနိုင်ပေ။ ထိုအရာသည် ကောင်းကင်ဘုံ၏ နက်နဲမှုတစ်ခု ဖြစ်ပြီး မည်သူမျှ မသိပေ။ နက္ခတ္တဗေဒပညာရှင်များ၊ ပထဝီဝင်ပညာရှင်များ၊ သမိုင်းပညာရှင်များနှင့် ပရောဖက်များကို ခေါ်လျှင်ပင် ထိုအရာကို တစ်ဦးတလေက အဖြေရှာနိုင်မည်လော။ အသက်ရှင်သူဖြစ်စေ၊ သေသူဖြစ်စေ၊ တတ်စွမ်းနိုင်သော လူအားလုံးကို စုရုံးဆင့်ခေါ်ပြီး စိစစ်ကာ စုံစမ်းစစ်ဆေးခိုင်းလျှင်ပင် သို့မဟုတ် နက္ခတ္တဗေဒနှင့်ဆိုင်သော အဝေးကြည့်မှန်ပြောင်းများဖြင့် စောင့်ကြည့်ကာ လေ့လာခိုင်းလျှင်ပင် အားလုံး အရာရောက်မည် မဟုတ်။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ လူသားမျိုးနွယ်သည် အရေးမပါလွန်းခြင်း၊ မသိနားမလည်လွန်းခြင်း၊ ဘုရားသခင်၏ အရေးကိစ္စများကို နားလည်သဘောပေါက်ရန် ထိုးထွင်းအမြင် ကင်းမဲ့လွန်းခြင်းကို ဆိုလိုပေသည်။ သင် နားလည်သဘောပေါက်နိုင်ခြင်း မရှိလျှင် ဒုက္ခမခံနှင့်။ သင် ကြိုးစားခဲ့လျှင် နောက်ဆုံး ရလဒ်က မည်သည့်အရာ ဖြစ်မည်နည်း။ သင်၏ အယူအဆများသည် သမ္မာတရားနှင့် တန်းတူ မဟုတ်သည့်အပြင် စင်စစ်အားဖြင့် ဘုရားသခင် လုပ်ဆောင်လိုသည့်အရာနှင့် အလွန်ပင် ခြားနားလေသည်။ ယင်းတို့သည် တူညီသောအရာ လုံးဝ မဟုတ်။ လူသားများရှိသည့် နည်းပါးသော အသိပညာသည် အသုံးမတည့်ပေ။ မည်သည့်အရာကိုမျှ အဖြေမရှာနိုင် သို့မဟုတ် မည်သည့် ပြဿနာကိုမျှ မဖြေရှင်းနိုင်ပေ။ ယခု သင်တို့သည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုကာ တရားဒေသနာများနှင့် မိတ်သဟာယများကို နားထောင်သဖြင့် သင်တို့၏ စိတ်နှလုံးတွင် အနည်းငယ်မျှ ပို၍ နားလည်ကြသလော။ ဘုရားသခင်အပေါ် သိသည့် အသိတစ်ခုခု သင်တို့တွင် ရှိကြသလော။ တစ်စုံတစ်ဦးက “ဘုရားသခင်သည် သူ လုပ်ဆောင်သည့်အရာကို ကျွန်ုပ်တို့နှင့် မဆွေးနွေးပါ။ သူ လုပ်ဆောင်ရန် ရည်ရွယ်သည့်အရာကို ကျွန်ုပ်တို့ နားလည်နိုင်ရန် ကောင်းကင်ဘုံနှင့်ဆိုင်သော သင်္ကေတတစ်ခုကို ပေးသည်ဖြစ်စေ၊ ဟောကိန်းတစ်ခုကို ပေးဖို့ ပရောဖက်တစ်ဦးကို စေ့ဆော်ပေးသည်ဖြစ်စေ ပြုပါက အလွန်ပင် ကောင်းပေမည်”ဟု ပြောကောင်း ပြောနိုင်သည်။ ကောင်းကင်ဘုံနှင့်ဆိုင်သော သင်္ကေတတစ်ခုဖြင့်ပင် သင် နားလည်နိုင်မည်မဟုတ်သကဲ့သို့ ပရောဖက်တစ်ပါးကလည်း နားလည်နိုင်မည် မဟုတ်ပေ။ ဝိညာဉ်ရေးရာ နယ်ပယ်တွင် ဘုရားသခင် လုပ်ဆောင်သည့်အရာသည် ရှေးခေတ်အချိန်ကာလများမှသည် ယခုထိတိုင် လျှို့ဝှက်ချက်အဖြစ် ရှိနေဆဲဖြစ်ပြီး အလွန် လျှို့ဝှက်သည်မှာ လူသားတစ်ဦးကမျှ မသိနိုင်ပေ။ ပရောဖက်တစ်ဦး သို့မဟုတ် နက္ခတ္တဗေဒပညာရှင် သို့မဟုတ် အတတ်ပညာရှင်၊ ပညာရပ်တစ်ခုခုတွင် ကျွမ်းကျင်သူ သို့မဟုတ် သိပ္ပံပညာရှင်တစ်ဦးက မည်မျှ ပါရမီရှိသည်ဖြစ်စေ ၎င်းတို့ လေ့လာလိုသမျှ လေ့လာနိုင်မည် ဖြစ်သော်လည်း ဘုရားသခင်၏ အရေးကိစ္စများကို မည်သည့်အခါတွင်မျှ နားလည်မည် မဟုတ်ပေ။ လူတို့သည် ဘုရားသခင်၏ အတိတ်က အမှုတော်ကို လေ့လာနိုင်ပြီး ထိုအရာကို ဘုရားသခင် လုပ်ရသည့် အကြောင်းရင်းနှင့်ပတ်သက်နေနိုင်သည့် လျှို့ဝှက်ချက် အနည်းငယ်ကိုဖြစ်စေ၊ အဓိပ္ပာယ်ကိုဖြစ်စေ ထုတ်နုတ်နိုင်ကောင်း ထုတ်နုတ်နိုင်မည် ဖြစ်သော်လည်း အနာဂတ်တွင် မည်သည့်အရာကို ဘုရားသခင် လုပ်ဆောင်မည်ကိုဖြစ်စေ၊ သူ၏ အစီအစဉ်များကိုဖြစ်စေ မည်သူမျှ မသိပေ။ ထို့ကြောင့် လူတို့သည် စောင့်ကြည့်ခြင်းနှင့် လေ့လာခြင်း၊ ရေရှည် စုံစမ်းမေးမြန်းခြင်းနှင့် အတွေ့အကြုံမှတစ်ဆင့်၊ ဘက်ပေါင်းစုံ စိစစ်ခြင်းမှတစ်ဆင့် သို့မဟုတ် များစွာသော လုံ့လနှင့် ကြိုးစားလုပ်ဆောင်မှုမှတစ်ဆင့်၊ ဘုရားသခင်ကို နားလည်သဘောပေါက်ရန် သို့မဟုတ် နောက်ဆုံးတွင် သူ အမှုပြုပုံကို နားလည်သဘောပေါက်ရန် မစဉ်းစားသင့်ပေ။ ဤသည်မှာ မဖြစ်နိုင်သကဲ့သို့ မည်သည့်အခါတွင်မျှ အလုပ်ဖြစ်လိမ့်မည် မဟုတ်။ ထို့ကြောင့် လူတို့သည် ဘုရားသခင်ကို နားလည်သဘောပေါက်နိုင်ခြင်း မရှိလျှင် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သင့်သနည်း။ (ကျိုးနွံနာခံသင့်ပါသည်။) လူတို့အတွက် ကျိုးနွံနာခံခြင်းသည် အကျိုးသင့် အကြောင်းသင့်အဖြစ်ဆုံးဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အကိုက်ညီဆုံး ဖြစ်သည်။ ကျိုးနွံနာခံခြင်းသည် အခြေခံအုတ်မြစ်ဖြစ်သည်။ ထိုကျိုးနွံနာခံခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်းပေါ် အခြေခံ၍ ဘုရားသခင်ကို သာ၍ သိရှိနိုင်ရန်၊ သမ္မာတရားကို ရရှိရန်နှင့် အသက်ကို ရရှိနိုင်ရန် ဖြစ်သည်။ ဤသည်မှာ သင် ရရှိသင့်သည့်အရာဖြစ်ပြီး သင် လိုချင်တပ်မက်သင့်သည့် ရတနာဖြစ်သည်။ နိုင်ငံတကာ အရေးကိစ္စများ၊ အမှုအရာများကို ဘုရားသခင် လုပ်ဆောင်ပုံနှင့် ဤလူသားမျိုးနွယ်ကို သူ ဦးဆောင်လမ်းပြပုံတို့ကဲ့သို့သော အဓိက အပြင်ပန်း အဖြစ်အပျက်များနှင့် စပ်လျဉ်း၍မူ ဤအရာများကို သင် နားလည်လာနိုင်လျှင် သာ၍ပင် ကောင်း၏။ သင်က “ထိုအရာများကို ကျွန်ုပ် တကယ် ဂရုမစိုက်ပါ။ ထိုအတွက် ကျွန်ုပ်တွင် အစွမ်းအစ သို့မဟုတ် ဉာဏ်မရှိပါ။ ဘုရားသခင်က သမ္မာတရားဖြင့် ကျွန်ုပ်ကို ထောက်ပံ့ကာ ကျွန်ုပ်၏ စိတ်သဘောထားအား ပြောင်းလဲစေပုံကိုသာ ကျွန်ုပ် ဂရုစိုက်သည်”ဟု ပြောလျှင်လည်း အဆင်ပြေသည်။ သင့်ထံတွင် ကျိုးနွံနာခံတတ်ပြီး ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသရွေ့ သင်သည် နောက်ဆုံးတွင် ဘုရားသခင်ထံမှ သမ္မာတရားအပြင် ဉာဏ်ပညာကိုလည်း ရရှိနိုင်လိမ့်မည်။ သမ္မာတရားက လူတို့၏ စိတ်သဘောထားများကို ပြောင်းလဲပေးသည်။ ထိုအရာသည် လူတို့ ရရှိရန် ကြိုးစားသင့်သည့် အသက်ဖြစ်ပြီး ၎င်းတို့ လျှောက်လှမ်းသင့်သည့် လမ်းကြောင်း ဖြစ်သည်။ သို့ဆိုလျှင် လူတို့ ရရှိသည့် ဉာဏ်ပညာမှာ အဘယ်နည်း။ သတိပင် မထားလိုက်မိဘဲ ဘုရားသခင်က အမှုအရာများစွာ လုပ်ဆောင်သည့် နည်းလမ်း၊ ယင်းတို့ကို သူ အဘယ်ကြောင့် လုပ်ဆောင်သည်၊ သူ၏ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များက မည်သည့်အရာဖြစ်ပြီး အချို့သော အရာများကို လုပ်ဆောင်ရာတွင် သူ၏ စည်းမျဉ်းများက မည်သည့်အရာများဖြစ်သည်တို့ကို သင် မြင်နိုင်လိမ့်မည်။ သင်သည် ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရားကို တွေ့ကြုံခြင်း ဖြစ်စဉ်မှတစ်ဆင့် ဤအရာကို အမှုမဲ့အမှတ်မဲ့ သဘောပေါက်နိုင်လိမ့်မည်။ ဤစကားများနှင့် ကိစ္စရပ်များက အလွန် နက်နဲလွန်းကောင်းနက်နဲလွန်းနိုင်ပြီး ထိုအရာကို စကားလုံးများဖြင့် သင် ဖော်ပြနိုင်မည် မဟုတ်သော်လည်း သင်၏ စိတ်နှလုံးတွင် ခံစားမိလိမ့်မည်ဖြစ်ပြီး ထိုအရာကို သတိပင်မပြုမိလိုက်ဘဲနှင့် စစ်မှန်သည့် သိနားလည်မှုတစ်ခု ရှိလိမ့်မည်။

အာဗြဟံ၏ ဇာတ်လမ်းဖြင့် အစပြုကြစို့။ သူသည် ၈၅နှစ်ကြာ အသက်ရှင်ခဲ့သော်လည်း သားမရခဲ့သေးချိန်တွင် ဘုရားသခင်က သားတစ်ဦးကို ပေးရန် ကတိပေးခဲ့သည်။ သူ၏ ဇနီး စာရာ၏ တုံ့ပြန်ချက်မှာ အဘယ်နည်း။ သူမက “ငါက အိုမင်းမစွမ်း ဖြစ်နေသည့်အပြင် မြုံနေပြီးသားဖြစ်သည်။ အဘယ်သို့ သားတစ်ဦးကို ငါ မွေးနိုင်မည်နည်း”ဟု သူ့ကိုယ်သူ တွေးခဲ့သည်။ ဤသည်မှာ လူ့အယူအဆဖြစ်သည် မဟုတ်လော။ သူသည် ဘုရားသခင်၏ အမှုတော်ကို အကဲဖြတ်ရန် လူ့အယူအဆများကို သုံးခဲ့ပြီး ဤနည်းအားဖြင့် ထိုသို့သောအရာတစ်ခုက မဖြစ်နိုင်ဟု သံသယရှိကာ တွေးထင်နိုင်ခဲ့သည်။ ထို့နောက် မည်သည့်အရာကို သူ လုပ်ဆောင်ခဲ့သနည်း။ သူမသည် သူမ၏ အစေခံမိန်းကလေး ဟာဂရကို ကိုယ်လုပ်တော်အဖြစ် အာဗြဟံအား ပေးခဲ့သည်။ သို့ဆိုလျှင် ငါ့ကို ပြောလော့၊ ဘုရားသခင်သည် သူမ လုပ်ဆောင်ခဲ့သည့်အရာကို မြင်သလော။ ဘုရားသခင် သိရှိခဲ့ပါသည်။ နောက်နှစ်တွင် ဟာဂရသည် ဣရှမေလဟု အမည်ရသော သားတစ်ဦးကို မွေးဖွားခဲ့သည်။ အာဗြဟံ အသက် ၉၉နှစ် အရွယ်ရှိခဲ့ချိန်တွင် ယေဟောဝါ ဘုရားသခင်သည် သူ့ထံ ပေါ်ထွန်းခဲ့ပြီး လာမည့်နှစ် ဤအချိန်ဝန်းကျင်တွင် စာရာက သူ့ကို သားတစ်ဦး ဖွားမြင်ပေးမည်ဖြစ်ကြောင်းနှင့် ခါနန်ပြည်တစ်ခုလုံးကို သူနှင့် သူ၏ သားစဉ်မြေးဆက်တို့အား ၎င်းတို့၏ ထာဝရတည်တံ့သော ပိုင်ဆိုင်သည့် ဥစ္စာပစ္စည်းအဖြစ် ပေးမည်ဟု ကတိပြုခဲ့သည်။ နောက်နှစ်တွင် စာရာသည် ဣဇာက်ဟု အမည်ရသော သားတစ်ဦးကို ဖွားမြင်ခဲ့သည်။ သခင်မ၏ သားဖြစ်သည်နှင့်အမျှ ဣဇာက်သည် အမွေဆက်ခံသူ ဖြစ်ခဲ့သော်လည်း ကိုယ်လုပ်တော်တစ်ဦးမှ မွေးဖွားခဲ့သည့် ဣရှမေလသည် အမွေမဆက်ခံနိုင်ခဲ့ပေ။ နောက်ပိုင်းတွင် ဟာဂရနှင့် ဣရှမေလသည် နှင်ထုတ်ခံခဲ့ရပြီး ဟာဂရက သူ့ကို ရေရော အစားအစာပါ မရှိသည့် ကန္တာရသို့ ခေါ်ဆောင်သွားခဲ့သည်။ သေခြင်းနှင့် ရင်ဆိုင်ရသည့်အခါ ဟာဂရက “ထွက်ပေါက် မရှိပါ။ ကျွန်ုပ်တွင် ကလေးတစ်ယောက်ရှိသဖြင့် ကျွန်ုပ် အသက်ရှင်ချင်ပါသည်”ဟု ဆိုလျက် ယေဟောဝါ ဘုရားသခင်ထံ ဆုတောင်းခဲ့သည်။ ယေဟောဝါ ဘုရားသခင်သည် ၎င်းတို့ကို ရေပေးရန် ကောင်းကင်တမန်တစ်ပါးကို စေလွှတ်ခဲ့ပြီး ၎င်းတို့ အသက်ရှင်သွားခဲ့ကြသည်။ နောက်ပိုင်းတွင် ကန္တာရသည် ၎င်းတို့၏ နေအိမ်ဖြစ်လာခဲ့ပြီး ၎င်းတို့ အခြေချနေထိုင်ကာ သားစဉ်မြေးဆက်များစွာ ရှိခဲ့ကြသည်မှာ အရှေ့အလယ်ပိုင်းတွင် နေထိုင်နေကြသည့် အာရပ်လူမျိုးများကဲ့သို့သော ခေတ်သစ်လူမျိုးများ ဖြစ်သည်။ သင် မြင်သလော၊ ဤအရာကို အခွင့်ပေးရာတွင် ဘုရားသခင်၏ ကောင်းမွန်သော ရည်ရွယ်ချက်များ ရှိပေသည်။ မည်သူမျှ မလေ့လာခဲ့သည့် အဓိက ပြင်ပအဖြစ်အပျက်တစ်ခု ရှိခဲ့သော်လည်း ဘုရားသခင်၏ လုပ်ဆောင်မှု မပါရှိဟု မဆိုလိုပေ။ ဘုရားသခင်၏ လုပ်ဆောင်မှု ပါရှိပေသည်။ ထိုအရာမှာ တစ်စုံတစ်ဦးက ဘုရားသခင် မမြင်အောင် တစ်စုံတစ်ရာကို လျှို့ဝှက်စွာ လုပ်ဆောင်သကဲ့သို့ မဟုတ်ပေ၊ မုချ မဟုတ်။ ဤနေရာတွင် ဘုရားသခင်၏ ကောင်းမွန်သော ရည်ရွယ်ချက်များရှိ၏။ ကမ္ဘာလောကကို ဟန်ချက်ညီစေပြီး လိုအပ်သည့်အခါ အသုံးခံရန်အလို့ငှာ ဣရှမေလ၏ အမျိုးအနွယ် ရှင်သန်မည်ဟု ဘုရားသခင် အခွင့်ပေးကာ ကတိပြုခဲ့သည်။ ၎င်းတို့သည် နယ်မြေအတွက်၊ ဂါဇာကမ်းမြောင်နှင့် ယေရုရှလင်မြို့အတွက် ဣသရေလလူမျိုးများနှင့် အမြဲ တိုက်ခိုက်ခဲ့ကြသည်။ ဤကိစ္စရပ်တွင် ဘုရားသခင်၏ လုပ်ဆောင်ချက်ကို သင် မြင်ရမည်။ ဆိုးသောအရာအဖြစ် လူတို့ မြင်သည့်အရာ တစ်စုံတစ်ခုကို ဘုရားသခင် လုပ်ဆောင်ခဲ့ပြီး ယင်းမှာ သူ၏ အတွက်မှားခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည် သို့မဟုတ် လုံလောက်အောင် သူ သေချာစွာ စောင့်မကြည့်ခြင်းနှင့် လူတို့က လွယ်ပေါက်များကို အခွင့်အရေးယူခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ဤသည်မှာ သာမန် လူ၏ ဉာဏ်က အလှမ်းမီနိုင်ပြီး စိတ်ကူးနိုင်စွမ်း ရှိသည့်အရာ ဖြစ်သည်။ ဘုရားသခင်က ငိုက်မျဉ်းသွားပြီး အမှုအရာများကို စောင့်ကြည့်ခြင်း မရှိခဲ့သဖြင့် အကျိုးဆက်မှာ ဟာဂရသည် ဣရှမေလကို မွေးဖွားခဲ့ကာ ဘုရားသခင်က ၎င်းတို့ကို သနားပြီး ကန္တာရတွင် အသက်ရှင်ရန် ၎င်းတို့အတွက် စီစဉ်ပေးလျက် ရှင်သန်ခွင့်ပေးခဲ့သည်ဟု လူတို့က တွေးထင်ကြသည်။ အမှန်တကယ် ဤသို့ ဟုတ်သလော။ (မဟုတ်ပါ။) ဘုရားသခင်တွင် အကြံအစည်တစ်ခုရှိပြီး အမျိုးမျိုးသော လူမျိုးစုများ၏ မွေးဖွားခြင်းနှင့် တည်ရှိခြင်း၊ ဆိုလိုသည်မှာ လူသားမျိုးနွယ်၏ မျိုးနွယ်စုများနှင့် အသားအရောင်တို့ အားလုံးသည် လူသားမျိုးနွယ်တစ်ခုလုံးကို ဟန်ချက်ညီစေရာတွင် အခန်းကဏ္ဍတစ်ခုကို ပါဝင်လုပ်ဆောင်ကြပြီး ကမ္ဘာလောက၏ အခြေအနေကို ကြည့်ခြင်းအားဖြင့် မည်သည့် အခန်းကဏ္ဍကို ၎င်းတို့ အတိအကျပါဝင်လုပ်ဆောင်ကြသည်ကို သင် မြင်နိုင်သည်။ ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်ချက်တစ်ခု ဟုတ်သလော။ လူမျိုးစုတစ်စုက မည်သို့ မြန်ဆန်စွာ မျိုးပွားသည်၊ တစ်ကမ္ဘာလုံးအနှံ့တွင် ထိုလူမျိုးစု၏ လူဦးရေ၊ ကမ္ဘာမြေပေါ်နှင့် လူသားမျိုးနွယ်တစ်ခုလုံးထဲတွင် ယင်းက မည်သည့် အခန်းကဏ္ဍကို ပါဝင်လုပ်ဆောင်သည်ဆိုသည်နှင့် ထိုလူမျိုးစု၏ လူတို့က မည်သည့်အရာကို လုပ်ဆောင်သည်ဟူသည်တို့ကို ကောင်းသည့်အရာရော၊ မကောင်းသည့်အရာများပါ ဘုရားသခင် ထိန်းချုပ်သည်။ မကောင်းသည့်အရာများနှင့် စပ်လျဉ်း၍ လူတို့သည် ထိုအရာများက ဘုရားသခင်ထံမှ အမှန်တကယ် မလာနိုင်ဘဲ စာတန်၏ လုပ်ဆောင်ချက်သာ ဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့သော် စာတန်သည်လည်း ဘုရားသခင်၏ လက်ထဲတွင် ရှိသည် မဟုတ်လော။ လူအချို့က “စာတန်က သူ နှစ်သက်သည့်အတိုင်း လုပ်ဆောင်ပြီး ဘုရားသခင်က ထိန်းချုပ်ခြင်း မရှိပါ”ဟု ဆိုကြသည်။ ဤသည်မှာ ရှင်းပြချက်ဖြစ်သလော။ ဤကိစ္စရပ်ကို ယုတ္တိတန်စွာ အကျိုးသင့်အကြောင်းသင့် စဉ်းစား၍ မရနိုင်သကဲ့သို့ ထိုသို့ စဉ်းစားရန်မှာ မှားယွင်းပေသည်။ အချို့သော အရာများသည် အပြင်ပန်းတွင် ဆိုးရွားပုံရပြီး အချို့မှာ ကောင်းမွန်သည့်ပုံ ရသော်လည်း အားလုံးက ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိကြသည်။ ကောင်းသည့်အရာနှင့် မကောင်းသည့်အရာနှစ်ခုလုံးက ဘုရားသခင်၏ လက်ထဲတွင် ရှိကာ သူ၏ စီစဉ်ညွှန်ကြားခြင်းနှင့် ထိန်းချုပ်ခြင်းတို့ကို ခံရပြီး သူ၏ ကောင်းမွန်သော ရည်ရွယ်ချက်များသည် အရာခပ်သိမ်း၏ နောက်ကွယ်တွင် ရှိသည်နှင့်အမျှ ဘုရားသခင်သည် ကောင်းသည့်အရာများပေါ်တွင်သာ အချုပ်အခြာအာဏာကို စွဲကိုင်ပြီး မကောင်းသည့်အရာများအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ခြင်း မရှိဟု သင် ပြော၍ မရနိုင်ပေ။ ဤသည်မှာ သမ္မာတရားဖြစ်ပြီး ဤအရာကို သင် ရှင်းလင်းစွာ မြင်နိုင်လျှင် သမ္မာတရားကို သင်နားလည်လေသည်။ ဘုရားသခင်ကို အထင်လွဲကာ အတိုက်အခံလုပ်ရန် လွယ်ကူသည်နှင့်အမျှ သင့်အတွက် အမှုအရာများက ဆိုးသည်ဟု ကောက်ချက်ချပြီး ထိုမှန်ဘီလူးမှတစ်ဆင့်သာ ကြည့်ရန်မှာ မမှန်ကန်ပေ။ ဘုရားသခင် လုပ်ဆောင်သည့် အရာတိုင်းတွင် သူ၏ ကောင်းမွန်သော ရည်ရွယ်ချက်များရှိ၏။ ထို့ကြောင့် ဘုရားသခင်၏ ကောင်းမွန်သော ရည်ရွယ်ချက်များမှာ အဘယ်နည်း။ လူတို့သည် မိမိတို့ မျက်စိရှေ့တွင် ဖြစ်ပျက်သည့် မကောင်းသည့်အရာများကိုသာ မြင်နိုင်ပြီး အဖြစ်မှန်ဖြစ်ပြီးသည့်နောက် ဆယ်နှစ် သို့မဟုတ် အနှစ်နှစ်ဆယ်တွင် မည်သည့် အကျိုးဆက်များ ဖြစ်ကောင်းဖြစ်မည်ကို ၎င်းတို့ လုံးဝ မမြင်နိုင်ပေ။ နောင် အနှစ်တစ်ထောင် သို့မဟုတ် နှစ်ထောင်တွင် မည်သည့်အရာ ဖြစ်လိမ့်မည်၊ ထိုအရာက မည်သည့်နေရာ ရလိမ့်မည်ဆိုသည်နှင့် ကမ္ဘာလောက၏ အခြေအနေကို ပုံဖော်ခြင်းတွင်လည်းကောင်း၊ လူသားမျိုးနွယ်တစ်ရပ်လုံးတွင်လည်းကောင်း ယင်းသည် မည်သည့် အဓိကအခန်းကဏ္ဍကို ပါဝင်လုပ်ဆောင်လိမ့်မည် ဟူသည်တို့နှင့်ပတ်သက်၍ လူတို့က မမြင်နိုင်သော်လည်း ဤသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာ ဖြစ်သည်။ ကမ္ဘာလောကနှင့် လူသားမျိုးနွယ်အားလုံး၏ အခြေအနေ တိုးတက်ဖြစ်ပေါ်ခြင်းသည် ရိုးရှင်းသည့် ကိစ္စရပ်တစ်ခု ဖြစ်သလော။ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်နေရာတိုင်းတွင်၊ အဓိက အဖြစ်အပျက်အချို့ ဖြစ်ပွားသည့်နေရာတိုင်းတွင်၊ သို့မဟုတ် ကပ်ဘေးတစ်ခု သို့မဟုတ် ငလျင်တစ်ခု ရှိသည့်နေရာတိုင်းတွင် ဘုရားသခင်က ထိန်းချုပ်မှု ရှိပေသည်။ ဝိညာဉ်ရေးရာ သိနားလည်မှုမရှိသည့် အချို့သော အဓိပ္ပာယ်မရှိသည့် လူများက “ဘုရားသခင်က အရာရာကို ထိန်းချုပ်လျှင် ဘုရားသခင် ရွေးချယ်ထားသော လူတို့အပေါ် နတ်ဆိုးတို့၏ ဖိနှိပ်မှု၊ သတ်ဖြတ်ခြင်းနှင့် ရက်စက်သော နှိပ်စက်ညှဉ်းပန်းမှုများသည်လည်း သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်။ ဘုရားသခင်က ထိုအရာကို လှုံ့ဆော်ပေးခဲ့သလော” ဟု တွေးကောင်းတွေးနိုင်သည်။ ထိုအရာကို ဤသို့ ကြည့်ခြင်းက မှန်ကန်သလော။ ခိုင်လုံသလော။ ဤအရာက ဘုရားသခင်ကို အပျက်သဘောဆောင်သည့် နေရာတစ်ခုတွင် ထားရှိပြီး မှားယွင်းပေသည်။ ထို့ကြောင့် ဤကိစ္စရပ်ကို သင် မည်သို့ ကြည့်သင့်သနည်း။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖြစ်ပေါ်စေခဲ့ပြီး “အရာခပ်သိမ်း”တွင် မည်သည့်အရာ ပါဝင်သနည်း။ အရာရာ ပါဝင်၏။ တောင်တန်းများနှင့် မြစ်များ၊ သစ်ပင်များ၊ အပင်များနှင့် လူများ စသည်တို့ကဲ့သို့သော ပကတိမျက်စိဖြင့် မြင်နိုင်သည့် မည်သည့်အရာမဆို ပါဝင်သည်။ ပကတိမျက်စိဖြင့် မမြင်နိုင်သည့် အဏုဇီဝရုပ်များအပြင် နတ်ဆိုးများ၊ စာတန်နှင့် ဝိညာဉ်ရေး နယ်ပယ်၏ ဝိညာဉ်မျိုးစုံနှင့် တစ္ဆေများလည်း ပါဝင်သည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ ထိန်းချုပ်မှုအောက်တွင် ရှိကြ၏။ ၎င်းတို့သည် ဘုရားသခင်က ၎င်းတို့အား လုပ်ဆောင်စေလိုသည့်အရာများကို လုပ်ဆောင်ကြသည်။ သူသည် ၎င်းတို့ကို လိုအပ်သည့်အခါတိုင်း လွှတ်ပေးပြီး လုပ်ဆောင်သင့်သည့်အရာကို ၎င်းတို့ လုပ်ဆောင်ကြသည်။ ဤသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာ ဖြစ်သည်။ ဘုရားသခင်က မည်သို့မည်ပုံ အုပ်စိုးကာ စီစဉ်သည်ဖြစ်စေ အဆုံးတွင် ဘုရားသခင်၏ အလိုတော်အား ဆောင်ရွက်ခြင်းရှိသည်ကို သင် မြင်ရပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်တစ်ခုစီတိုင်း ပြည့်စုံလိမ့်မည် ဖြစ်သည်။

လူတို့သည် ယခုအခါတွင် ဘုရားသခင် လုပ်ဆောင်သည့်အရာ တစ်စုံတစ်ခု၏ သက်ရောက်မှုကိုဖြစ်စေ၊ ထိုအရာ၏ လက်တွေ့ကျသော အသုံးတည့်မှုဖြစ်စေ၊ ဘုရားသခင်က ထိုအရာကို လုပ်ဆောင်သည့် အကြောင်းအရင်းကိုဖြစ်စေ၊ သူ၏ ရည်ရွယ်ချက်က မည်သည့်အရာ ဖြစ်သည်ကိုဖြစ်စေ မြင်ကောင်း မြင်နိုင်မည် မဟုတ်ချေ။ ဤအရာသည် နှစ်ပေါင်းနှစ်ရာကြာပြီးနောက် မမြင်ရဖြစ်ကောင်း ဖြစ်နေနိုင်သေးပြီး လူသားမျိုးနွယ်က မသိသေးဘဲ ရှိမည်ဖြစ်သော်လည်း နှစ်တစ်ထောင်ကြာပြီးနောက်တွင် “ဘုရားသခင်အနေဖြင့် ဤအရာကို လုပ်ဆောင်သည်မှာ အလွန် မှန်ကန်ပြီး နှစ်သက်ဖွယ်ဖြစ်သည်။ ဘုရားသခင်သည် အမှန်တကယ်ကို ဘုရားဖြစ်သည်”ဟူ၍ ယုံကြည်လက်ခံကြမည် ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သမျှတိုင်းက သမ္မာတရားဖြစ်ပြီး မည်သည့်အရာမျှ မမှားယွင်းသည်ကို လူသားမျိုးနွယ်က ရှာဖွေတွေ့ရှိကြလိမ့်မည်။ ဥပမာအနေဖြင့် ကျေးဇူးတော် ခေတ်တွင် သခင်ယေရှု၏ ကားစင်တင်သတ်ခံရခြင်းနှင့် သေခြင်းသည် ထိုအမှုတော် အဆင့်၏ ရှုံးနိမ့်မှုတစ်ခုအဖြစ် ကမ္ဘာလောကကြီးက ထိုအချိန်တွင် ရှုမြင်ခဲ့သည်။ ၎င်းတို့က “သခင်ယေရှုသည် မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းနှင့်ဆိုင်သည့် သေမျိုး ကံကြမ္မာအတိုင်း မလိုက်ခဲ့သည့်တိုင် အမှုတစ်ခုတလေကိုမျှ သူ မလုပ်ဆောင်မီ ယုဒ၏ သစ္စာဖောက်ခြင်းခံခဲ့ရသည်၊ စစ်သားများ၏ ဖမ်းဆီးခြင်း၊ ကျာပွတ်နှင့် ရိုက်နှက်ခြင်း၊ ဆူးဦးရစ်ကို ဆောင်းစေခြင်း၊ လှောင်ပြောင်ခြင်းနှင့် နောက်ဆုံးတွင် ကားတိုင်ထက် သံမှိုရိုက်နှက်ခြင်းတို့ကို ခံခဲ့ရသည်။ ဤသည်မှာ ရှုံးနိမ့်မှုတစ်ခု မဟုတ်လော”ဟု တွေးခဲ့ကြသည်။ ကားစင်တင်သတ်ခံရခြင်းသည် ရှုံးနိမ့်မှုတစ်ခုလော။ ယုဒသည် သခင်ယေရှုကို သစ္စာဖောက်ပြီး အစိုးရထံ အပ်နှံခဲ့သည်၊ သို့သော် အစိုးရက မည်သည့်အရာကို ကိုယ်စားပြုသနည်း။ စာတန်၏ အင်အားစုများကို ကိုယ်စားပြုပေသည်။ ခရစ်တော်သည် စာတန်လက်ထဲသို့ အပ်နှံခြင်းခံရသည်မှာ ကောင်းသလော၊ ဆိုးသလော။ (အပြင်ပန်းတွင် မကောင်းသည့်ပုံပေါ်သည်။) လူတို့က “အို၊ ဒုက္ခဖြစ်ပြီ။ ဘုရားသခင်၏ အမှုတော်သည် နတ်ဆိုး၏ နှောင့်ယှက်ခြင်းခံရလေပြီ။ ဤသည်မှာ မကောင်းပါ။ မကောင်းသည့် လက္ခဏာတစ်ခုဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်က စောင့်ကြည့်မနေသကဲ့သို့ ထိုမျှ တန်ခိုးမရှိသောကြောင့် ဖြစ်သည်။ လူ့ဇာတိခံ ခရစ်တော်သည် အဘယ်သို့ဖြစ်ပြီး သစ္စာဖောက်ခံရကာ အုပ်စိုးသူများလက်ထဲသို့ အပ်နှံခြင်းခံရနိုင်မည်နည်း။ ယင်းမှာ သိသာထင်ရှားစွာပင် စာတန်၏ ပြုသမျှနုရခြင်းသာ ဖြစ်သည် မဟုတ်လော။ သခင်ယေရှုအနေဖြင့် ထွက်ပြေးလွတ်မြောက်ဖို့ နည်းလမ်းတစ်ခု အမြန်ရှာရမည်၊ သို့မဟုတ်လျှင် ဤအမှုတော်က ပြီးသွားမည် မဟုတ်လော။ ခရစ်တော်တွင် သာသနာလုပ်ငန်းတစ်ခု ရှိသေးသည်”ဟု တွေးခဲ့ကြသည်။ ဤသည်မှာ လူတို့ တွေးထင်ခဲ့သည့်အရာ မဟုတ်လော။ ထို့ကြောင့် ပေတရုက “သခင်၊ ကိုယ်တော်၌ ဤသို့မဖြစ်ပါစေနှင့်။ ဤအမှုသည် ကိုယ်တော်၌ မရောက်ရာ။” (ရှင်မဿဲခရစ်ဝင် ၁၆:၂၂)ဟု ပြောခဲ့ခြင်းဖြစ်ပြီး လူသား အယူအဆများ ဖြစ်လာသည်။ ၎င်းတို့က “ဘုရားသခင်သည် အုပ်စိုးသူမင်းများလက်ထဲသို့ အပ်နှံခံရခြင်းက တကယ်ကို ဖြစ်နိုင်မည်မဟုတ်ပါ။ ထို့ကြောင့် သူ အပ်နှံခြင်းခံရလျှင် ဘုရား မဟုတ်ပါ”ဟု တွေးခဲ့ကြသည်။ ဤသည်မှာ လူသားအယူအဆတစ်ခု ဖြစ်သည် မဟုတ်လော။ လူတို့က ထိုသို့သော အရာများ ပြောဆိုနိုင်သည်မှာ၊ ထိုသို့သော နည်းလမ်းဖြင့် ဆောင်ရွက်နိုင်သည်မှာ၊ သို့မဟုတ် ပြုမူနိုင်သည်မှာ၊ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ခြင်းမှ တားဆီးနိုင်သည်မှာ ၎င်းတို့၌ ဤအယူအဆမျိုး ရှိခဲ့သောကြောင့်သာ ဖြစ်သည်။ ပေတရုကို ယေရှုက မည်သည့်အရာ ပြောခဲ့သနည်း။ “အချင်းစာတန်၊ ငါ့နောက်သို့ ဆုတ်လော့။” (မဿဲ ၁၆:၂၃) ဟူ၍ ဖြစ်သည်။ သခင်ယေရှုက ပေတရုကို စာတန်အဖြစ် သဘောထားခဲ့သည်။ နောက်ဆုံးတွင် သခင်ယေရှုသည် စာတန်၏ လက်ထဲသို့ အပ်နှံခြင်းခံခဲ့ရပြီး ထိုလူများသည် သခင်ယေရှု၏ ကားစင်တင်သတ်ခံရခြင်း အမှုတော်ကို ပြီးမြောက်ရန် ဝန်ဆောင်မှုပေးသည့်အရာများဖြစ်လာခဲ့ကြသည်။ သခင်ယေရှုအနေဖြင့် စာတန်၏ လက်ထဲသို့ အပ်နှံခံရခြင်းက ကောင်းသည့်အရာလော၊ ဆိုးသည့်အရာလော။ (ကောင်းသည့်အရာတစ်ခု ဖြစ်ပါသည်။) ထိုအရာကို ဤသို့ ကြည့်သည့်အခါ ဘုရားသခင်၏ အမှုတော်က ဤနည်းလမ်းဖြင့် ပြီးမြောက်ခဲ့သည့်အတွက် ယင်းသည် ကောင်းသည့်အရာတစ်ခု ဖြစ်သည်၊ မကောင်းသည့်အရာမဟုတ်ပေ။ ယုဒ၏ သစ္စာဖောက်ခြင်းမှသည် သခင်ယေရှု၏ ကားစင်တင်သတ်ခံရခြင်းတစ်လျှောက် ဘုရားသခင်က တစ်ခုတလေကို လုပ်ဆောင်ခဲ့သလော။ သူသည် ထွက်ပြေးလွတ်မြောက်ရန် စီစဉ်ခဲ့သလော သို့မဟုတ် သူ့ကို ကယ်တင်ရန် တစ်ဦးတလေ ရောက်လာခဲ့သလော။ (ရောက်မလာခဲ့ပါ။) ဘုရားသခင်က သခင်ယေရှုကို ကောင်းကင်သို့ တန်းတန်းမတ်မတ် ချီမသွားပြီး မည်သူမျှ သူ့ကို မမြင်နိုင်မည့် မိုးတိမ်များနောက်တွင် ကွယ်ဝှက်လျက် နိမိတ်လက္ခဏာတစ်ခု ထင်ရှားစေမည့် နည်းလမ်းကို စဉ်းစားခဲ့သလော။ အလွန်ပင် ကျက်သရေရှိသော၊ အလွန်ခမ်းနားသော ကောင်းကင်သို့ ကြွချီတော်မူခြင်းပါတကား။ သို့သော် ဤအရာများကို ဘုရားသခင် မလုပ်ဆောင်ခဲ့သည်နှင့်အမျှ မည်သူမျှ မတွေ့ခဲ့ကြပေ။ ဘုရားသခင်က ဤအရာကို မလုပ်ဆောင်ခြင်းက သူ မလုပ်ဆောင်နိုင်ကြောင်းကို သက်သေပြသလော။ ထိုအရာကို ဘုရားသခင် လုပ်ဆောင်နိုင်သလော။ (လုပ်ဆောင်နိုင်ပါသည်။) သို့ဆိုလျှင် အဘယ်ကြောင့် သူ မလုပ်ခဲ့သနည်း။ (ဘုရားသခင်၏ ကောင်းမွန်သော ရည်ရွယ်ချက်ကောင်းများ ရှိသောကြောင့်ဖြစ်ပြီး သူ့ထံတွင် အစီအစဉ်တစ်ခု ရှိနေခဲ့သည်။) ဘုရားသခင်၏ အစီအစဉ်မှာ အဘယ်နည်း။ မိမိကိုယ်ကို စာတန်ထံ လွှဲပြောင်းပေးပြီးနောက် လူသားမျိုးနွယ်ကို ရွေးနုတ်ကယ်တင်ရန် မိမိကိုယ်ကို စွန့်လွှတ်စတေးလျက် ကားတိုင်ထက်တွင် ထိုအပြစ်သားများ၏ နေရာကို ယူရန်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် လုပ်ဆောင်လိုသည့်အရာ ဖြစ်သည်။ လူတို့က မိမိတို့၏ အယူအဆများဖြင့် စိတ်ကူးသည့်အရာများကို သူ မလုပ်ဆောင်ပေ။ လူများစွာက “ဘုရားသခင်သည် သူ့ကို အတိုက်အခံလုပ်ခဲ့သည့် ထိုဆိုးယုတ်သောလူအားလုံးကို ပစ်ချရန် နောက်ထပ်လျှပ်စီး စေလွှတ်သင့်ပြီး ၎င်းတို့ကို ပစ်ချပြီးနောက်တွင် ကောင်းကင်သို့ သခင်ယေရှု တက်ကြွမည်။ ယင်းမှာ အလွန်ပင် ကျက်သရေရှိပြီး ရင်သပ်ရှုမောဖွယ်ရာဖြစ်မည်တကား။ ယင်းက ဘုရားသခင်၏ သြဇာအာဏာကို အလွန်ပင် ထုတ်ဖော်ပြမည်တကား။ ဘုရားသခင်ကို ကားစင်တင်ခြင်း အကျိုးဆက်များကို ဤနတ်ဆိုးများနှင့် စာတန်များအပြင် ဤလူသားများအားလုံးက မြင်တွေ့ပါစေ၊ ပြီးလျှင် အနာဂတ်၌ ၎င်းတို့ ပြုဝံ့ကြမည်မဟုတ်၊ မှန်ပါသလော”ဟု တွေးကြသည်။ လူတို့က အတိုက်အခံ လုပ်ကောင်းလုပ်ဝံ့မည် မဟုတ်သော်လည်း ဘုရားသခင်၏ အမှုတော် မပြီးမြောက်လျှင် ထိုအရာသည် အတားအဆီးတစ်ခု ဖြစ်သည် မဟုတ်လော။ လူသား အယူအဆများသည် ဘုရားသခင်၏ အမှုတော်ကို အမြဲ နှောင့်ယှက်သောကြောင့် ဘုရားသခင်သည် ထိုသို့ အမှုမပြုပေ။ လူအချို့သည် သခင်ယေရှုက သူ၏ ရွေးနုတ်ခြင်းအမှုကို လုပ်ဆောင်ရန် ကားစင်တင်ခံခဲ့ရသောကြောင့် သူ့ကို အမှန်တကယ် ယုံကြည်ကြသော်လည်း တစ်ချိန်တည်းတွင် “သခင်ယေရှုသည် ကားစင်တင်သတ်မခံခဲ့ရသင့်ပါ။ လူ့ဇာတိခံယူရန်မှာ မလွယ်ကူသကဲ့သို့ သူသည် နှိမ့်ချခြင်းနှင့် ကွယ်ဝှက်ခြင်းတို့ဖြင့် အမှုပြုခဲ့ရမည်၊ လူတို့၏ စွန့်ပစ်ခြင်းခံခဲ့ရမည်ဖြစ်ပြီး ကျမ်းတတ်ပုဂ္ဂိုလ်များနှင့် ဖာရိရှဲတို့၏ အသရေဖျက်ခြင်းတို့ကို ခံခဲ့ရမည်ဖြစ်သည်။ ဤသည်မှာ အလွန်သနားဖွယ်ဖြစ်သည်။ သူသည် ကားစင်တင်သတ်ခံရခြင်းကို ရှောင်ရှားခဲ့သင့်သည်၊ ထိုအဆင့်ထိ မိမိကိုယ်ကို မနိမ့်ကျစေခဲ့သင့်ပါ၊ ထိုအတွက် လုပ်ဆောင်ရန် မလိုအပ်ပါ”ဟု ကောင်းမွန်သည့် ရည်ရွယ်ချက်ရှိသမျှဖြင့် ပြောကြလိမ့်မည် ဖြစ်သည်။ ထိုအရာကို ဤကဲ့သို့ ကြည့်ရန်မှာ လူတို့အတွက် မှန်ကန်သလော။ (မမှန်ပါ။) နှစ်ပေါင်းနှစ်ထောင် လွန်ပြီးနောက်ပိုင်းတွင် ယခု ထိုအရာကို ကြည့်သည့်အခါ ဤစဉ်းစားတွေးခေါ်ပုံက မှားယွင်းပေသည်။ လူသား စိတ်တွင် သမ္မာတရား ရှိသလော။ (မရှိပါ။) သို့ဆိုလျှင် လူတို့၏ စိတ်တွင် မည်သည့်အရာ ရှိကြသနည်း။ လူသား စိတ်ကူးများနှင့် အယူအဆများအပြင် ကောင်းမွန်သည့် ရည်ရွယ်ချက်များ၊ ခံစားချက်များ၊ စာနာမှုနှင့် တစ်ကိုယ်ကောင်းဆန်ခြင်းတို့သာ ဖြစ်သည်။ ဤအရာများက ဘုရားသခင်၏ အမှုတော်ကို ပြီးမြောက်စေနိုင်သလော။ ယင်းတို့သည် သူ၏ အလိုတော်ကို ဆောင်ရွက်နိုင်သလော။ မဆောင်ရွက်နိုင်၊ ထို့ကြောင့် သခင်ယေရှုသည် “အချင်းစာတန်၊ ငါ့နောက်သို့ ဆုတ်လော့”ဟု ပြောခြင်းဖြစ်သည်။ ဘုရားသခင်သည် မိမိကိုယ်ကို စာတန်၏ လက်ထဲသို့ ကိုယ်တိုင်ကိုယ်ကျ အပ်နှံလိုခဲ့သည်၊ စာတန်ကိုယ်တိုင်အား ခရစ်တော်ကို ကားစင်တင်သတ်ခွင့်ပေးလိုခဲ့ပြီး ကားစင်တင်သတ်ခြင်းမှတစ်ဆင့် ရွေးနုတ်ခြင်းအမှုကို ဤနည်းဖြင့် ပြီးမြောက်လိုခဲ့သည်။ ဘုရားသခင်သည် မည်သည့် နိမိတ်လက္ခဏာမျှ မထင်ရှားစေခဲ့ပေ။ ဘုရားသခင်က “ဘုရားသခင် တိတ်ဆိတ်လျက်နေသည်”ဟု အကြိမ်အတော်များများ ပြောခဲ့သည်။ ဤအရာအားဖြင့် မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်က မမြင်ပါ၊ မိမိကိုယ်ကို မပူပန်ပါ၊ အလေးမထားပါ၊ စကားတစ်ခွန်းမျှ မပြောသကဲ့သို့ လုံးဝ တိတ်ဆိတ်လျက်နေသည်ဟု ဆိုလိုသလော။ (မဟုတ်ပါ။) သို့ဆိုလျှင် “တိတ်ဆိတ်လျက်နေသည်” ဟူသည့်အရာ၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ဤတွင် ဘုရားသခင်၏ ရည်ရွယ်ချက်၊ ဉာဏ်ပညာနှင့် စိတ်သဘောထားတို့ ပါရှိသည်။ ဘုရားသခင်က တိတ်ဆိတ်လျက်နေခြင်းဖြင့် သူ၏ မည်သည့် စိတ်သဘောထားက သူ့တွင် ပေါ်လွင်သနည်း။ ဤနေရာတွင် ဘုရားသခင်၏ ဉာဏ်ပညာပါရှိသည်။ သူသည် သူ၏ စီမံခန့်ခွဲခြင်းအမှုကို ပြီးစီးလိုသည်။ လူတို့တွင် အယူအဆများ သို့မဟုတ် စိတ်ကူးများ မည်မျှရှိသည်ဖြစ်စေ သူသည် ရှင်းပြချက်တစ်ခုမျှ မပေးဘဲ ဤအရာများကို ဦးစွာပထမ ရှောင်ရှားသော်လည်း သူ ရွေးချယ်ထားသော လူများက သမ္မာတရားကို နားလည်ပြီး သူ့ကို ကျိုးနွံနာခံနိုင်သည့်နေ့ ရောက်လာသည့်အချိန်ထိ၊ သူ၏ အလိုတော်ကို ဆောင်ရွက်ပြီး ၎င်းတို့အပေါ် သူ၏ အမှု ပြီးစီးကာ စာတန်ကို သူ လုံးဝ နှိမ်နင်း၍ ဘုန်းအသရေ ရရှိသည့်နေ့ရက်ထိတိုင် တိတ်ဆိတ်စွာနှင့် လက်တွေ့ကျကျ အမှုပြုလေသည်။ သူသည် ဤအဖြစ်မှန်များနှင့် ရလဒ်များကို လူသားမျိုးနွယ်အားလုံး မြင်ရန် သက်သေအဖြစ်၊ စာတန်မြင်ရန်အတွက် သက်သေအဖြစ် အသုံးပြုလေသည်။ ဤသည်မှာ ဘုရားသခင် တိတ်ဆိတ်လျက်နေခြင်းက ထုတ်ဖော်ပြသည့် သူ၏ စိတ်သဘောထားနှင့် ရည်ရွယ်ချက် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ မည်သည့် စိတ်သဘောထား ဖြစ်သနည်း။ ထိုအရာက ဘုရားသခင်၏ စိတ်ရှည်ခြင်းကို ပြသလော။ (ပြပါသည်။) ဤအချိန်တွင် ဘုရားသခင်သည် အဘယ်ကြောင့် စိတ်ရှည်ခဲ့သနည်း။ သူ အဘယ်ကြောင့် တိတ်ဆိတ်လျက်နေခဲ့သနည်း။ ဘုရားသခင်၏ ဉာဏ်ပညာမှာ ဤသို့ဖြစ်သည်။ အချို့သော အရာများသည် နက်နဲသောအရာများဖြစ်သည်မှာ မည်သည့် ဖန်ဆင်းခံ၊ ဖန်ဆင်းခံ မဟုတ်သော အရာ၊ ကောင်းကင်တမန်ကမျှ နားလည်ခွင့် သို့မဟုတ် သဘောပေါက်ခွင့် မရှိပေ။ ဤသည်မှာ ဘုရားသခင်၏ ဉာဏ်ပညာ ဖြစ်သည်။ ဘုရားသခင်သည် အချိန်မတန်သေးဘဲ စကားမပြောနိုင်သကဲ့သို့ နောက်ထပ် စကားတစ်ခွန်းမျှပင် သူ ပြောဆိုရာတွင် အကျိုးကျေးဇူး တစ်ခုခု ရှိသလော။ ၎င်းတို့ နားမလည်သည့်အတွက် အကျိုးမရှိပေ။ သူသည် တစ်စုံတစ်ဦးနှင့် စကားပြောလျှင် ၎င်းက နားလည်မည်လော။ (နားလည်မည် မဟုတ်ပါ။) ထိုအခြေအနေတွင် စကားပြောရာ၌ အကျိုးမရှိပေ။ လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ထောင်တွင် လူသားမျိုးနွယ်ကို ဘုရားသခင်က “ငါ ကားစင်တင်သတ်ခံချင်သည်၊ အပြစ်နှင့် ပြည့်သည့် ဇာတိခန္ဓာ ပုံသဏ္ဌာန်ဖြင့် လူသားမျိုးနွယ်ကို ရွေးနုတ်ကယ်တင်ရန် ငါ၏ အဖိုးတန် အသွေးတော်ကို ပူဇော်ချင်သည်”ဟု ပြောခဲ့လျှင် လူတို့ နားလည်ခဲ့ကြမည်လော။ (နားလည်ခဲ့ကြမည် မဟုတ်ပါ။) မည်သည့်အရာများကသာ ဘုရားသခင်၏ စကားများ ဖြစ်ခဲ့သနည်း။ သူက “နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ”ဟု ပြောခဲ့ပြီး လူတို့အား စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းတို့ကို လက်တွေ့လုပ်ဆောင်စေခဲ့သည်။ လူသားထံ ဘုရားသခင်က နောက်ထပ် တစ်ခုတလေ ပြောဆိုခဲ့သလော။ (မပြောခဲ့ပါ။) အဘယ်ကြောင့် သူ မပြောခဲ့သနည်း။ (လူသားက သဘောပေါက်နားလည်နိုင်ခဲ့မည် မဟုတ်ပါ။) လူသားမျိုးနွယ်က သဘောပေါက်နားလည်နိုင်မည့် နည်းလမ်းမရှိပေ။ ဤအရာကြောင့် ဘုရားသခင်သည် သူ၏ စိတ်သဘောထားနှင့် အတွေးများကို ဆိတ်ဆိတ်နေခြင်းဖြင့် ထုတ်ဖော်ပြရန် မဖြစ်မနေလုပ်ခဲ့ရသည်။ ဘုရားသခင်သည် ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းခံမဟုတ်သည့် မည်သူမဆိုနှင့် စကားပြောလျှင်ပင် ၎င်းတို့က နားလည်မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် လူသားမျိုးနွယ်ကို သက်သေပြပြီး သူ၏ အလိုတော်ကို ဆောင်ရွက်ရန် သူ၏ လုပ်ဆောင်ချက်များနှင့် အဖြစ်မှန်များကိုသာ အသုံးပြုနိုင်ခဲ့သည်။ အနှစ်နှစ်ထောင်ကြာပြီးနောက် ယခုချိန်မှသာ ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် သူ၏ တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်သည်နှင့်အမျှ ဤအရာများကို ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သည့် အနှစ်နှစ်ထောင်ကာလ အဖြစ်အပျက်များကို လူတို့ ပြန်ကြည့်ပြီး ထိုအချိန်က သခင်ယေရှု ကားစင်တင်ခံရခြင်း၏ အရေးပါမှုကို ယခုချိန်မှသာ နားလည်ကြသည်။ ဘုရားသခင်၏ ကားစင်တင်ခံရခြင်း၊ စာတန်ထံ အပ်နှံခြင်း၊ ထိုအခြေအနေများတွင် ယုဒ၏ သစ္စာဖောက်ခံရခြင်းနှင့် သစ္စာဖောက်ခြင်းပြီးသည့်နောက် သခင်ယေရှု အလွန်များစွာ ဆင်းရဲဒုက္ခခံခဲ့ရခြင်း၊ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ရန် သွေးတစ်စက်မျှ မကျန်အောင် ကုန်ခမ်းသွားခြင်းအကြောင်းရင်း၊ ဤအရာကို ဘုရားသခင် လုပ်ဆောင်ရသည့် အကြောင်းအရင်းနှင့် ယင်း၏ အရေးပါမှုတို့ကိုမူ ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် ပေါ်ထွန်းပြီး အမှုပြုသည်နှင့်အမျှ လူ့ဇာတိခံခြင်းကို သက်သေခံချိန်တွင်သာ ဤအကြောင်းကို ပြောဆိုခဲ့သည့်အပြင် ဘုရားသခင်၏ အလိုတော်နှင့် စီမံခန့်ခွဲမှုတို့ကဲ့သို့သော နက်နဲမှုများစွာကို ထုတ်ဖော်ပြောလေသည်။ ယခုအခါတွင် လူတို့သည် အမှုတော်၏ အဆင့်သုံးဆင့်ကြားက ဆက်စပ်မှုကို မြင်ပြီးဖြစ်သဖြင့် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့်ဆိုင်သော ရူပါရုံကို နောက်ဆုံးတွင် ၎င်းတို့ သိရှိကြကာ ဤသမ္မာတရားများနှင့် ဘုရားသခင်၏ ကောင်းမွန်သော ရည်ရွယ်ချက်များကို နားလည်ကြလေသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို အနှစ်တစ်ထောင် ကြိုတင် ပြောပြခဲ့လျှင် လူတို့ နားလည်ခဲ့ကြမည်လော။ (၎င်းတို့ နားလည်ခဲ့ကြမည် မဟုတ်ပါ။) ထို့ကြောင့် ဘုရားသခင်သည် တိတ်ဆိတ်လျက်နေစဉ်တွင် အရာရာတိုင်းကို မကြာခဏ လုပ်ဆောင်လေသည်။ ဤတိတ်ဆိတ်လျက်နေခြင်းအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် လုပ်ဆောင်သည့် အမှုသည် အလွန် ဉာဏ်ပညာရှိသောကြောင့်၊ အလွန်အံ့ဩဖွယ်ဖြစ်ပြီး အလွန်နက်နဲသောကြောင့် ဖြစ်သည်။ ဘုရားသခင်က စောစီးစွာ ပြောဆိုခဲ့မည်ဆိုလျှင် မည်သည့်အရာကို သူ ပြောသည်ဖြစ်စေ၊ လူတို့က နားလည်နိုင်မည်မဟုတ်၊ သို့မဟုတ် သဘောပေါက်နားလည်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်က သူ၏ အမှုကို လုပ်ဆောင်ရန်နှင့် လူသားမျိုးနွယ်ကို ဦးဆောင်ရန် အစဉ်သဖြင့် စကားပြောလျက် တိတ်ဆိတ်စွာ သန္နိဋ္ဌာန်မပျက် ဆက်လုပ်ရုံသာလုပ်နိုင်သည်။ ဘုရားသခင်နောက်သို့ လိုက်ရန်မှာ လူသားများအတွက် မှန်ကန်ပြီး လမ်းကို ကြာကြာဆင်းလျှောက်သွားလေ ပိုလင်းလက်လာလေ ဖြစ်သည်။ ဘုရားသခင်က သင့်ကို လမ်းလွဲစေမည်မဟုတ်သကဲ့သို့ သူက သင့်ကို စာတန်ထံ အပ်နှံလျှင်ပင် ဘုရားသခင်သည် အဆုံးထိ တာဝန်ယူသည်။ သင့်ထံတွင် ဤယုံကြည်ခြင်း ရှိရမည်ဖြစ်ပြီး ဤသည်မှာ ဘုရားသခင်အပေါ် ဖန်ဆင်းခံများ ရှိသင့်သည့် သဘောထား ဖြစ်သည်။ သင်က “ဘုရားသခင်က ကျွန်ုပ်ကို ကစားစရာတစ်ခုကဲ့သို့ စာတန်ထံ အပ်နှံလျှင်ပင် သူသည် ဘုရားသခင် ဖြစ်နေဆဲဖြစ်ပြီး သူ့နောက်လိုက်သည့် ကျွန်ုပ်၏ စိတ်နှလုံးကို ကျွန်ုပ် မပြောင်းလဲနိုင်၊ သူ့ကို ယုံကြည်သည့် ကျွန်ုပ်၏ ယုံကြည်ခြင်းကို မပြောင်းလဲနိုင်ပါ”ဟု ပြောနိုင်လျှင် ဤသည်မှာ ဘုရားသခင်ကို စစ်မှန်သော ယုံကြည်မှုဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။