ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိရှိမည့် နည်းလမ်း (အပိုင်း နှစ်)
သခင်ယေရှု ကားစင်တင်ခံခဲ့ရသည်မှစ၍ အနှစ်နှစ်ထောင် ရှိပြီဖြစ်ပြီး ယခုတွင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို လက်ခံသော ဤလူတို့သည် သူ၏ အသံကိုကြားကာ နေ့စဉ်နေ့တိုင်း တရားဒေသနာများကို နားထောင်ပြီး သမ္မာတရားကို မိတ်သဟာယပြုကြသည်။ ၎င်းတို့သည် ဘုရားအမှုတော်၏ အဆင့်သုံးဆင့်ကို နားလည်ကြပြီး သူ၏ စီမံခန့်ခွဲမှု အစီအစဉ်၏ နက်နဲမှုများကို သိရှိကြသည်။ သခင့်ကို ယုံကြည်သော ဘာသာတရားထဲတွင် ရှိသည့် သူများသည် နားလည်ကြသလော။ ယခုတွင်ပင်လျှင် ၎င်းတို့ နားမလည်ကြသကဲ့သို့ ၎င်းတို့၏ အယူအဆများကို ဖက်တွယ်ကြဆဲ ဖြစ်သည်။ တစ်စုံတစ်ဦးက “သခင်ယေရှုသည် ဆင်းရဲသော လက်သမားတစ်ဦး၏ သားဖြစ်သည်။ သင်တို့ ယုံကြည်သည့် သခင်မျိုးကို ကြည့်လော့”ဟု ပြောသည့်အခါ ၎င်းတို့သည် ချေပနိုင်စွမ်း မရှိဖြစ်ပြီး ဘုရားသခင်ကို သက်သေမခံနိုင်ကြပေ။ လူတို့သည် စက်ဆုပ်ဖွယ် ကောင်းလှပါတကား။ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် အလွန်များသည့် သမ္မာတရားများကို ဖော်ပြပြီးဖြစ်ကာ အင်မတန်ကြီးမားသည့် အရာများကို လုပ်ဆောင်ပြီးဖြစ်သော်လည်း ဤအရာများတွင် ရှိသည့် အရေးပါမှု၊ တန်ဖိုးနှင့် သမ္မာတရားကို လူတို့အား သူ ကိုယ်တိုင်ကိုယ်ကျ မပြောပြလျှင် လူတစ်ဦးကမျှ ဘုရားသခင်အတွက် စကားပြောပြီး သက်သေခံရန် ရင်ဆိုင်နိုင်စွမ်း မရှိပေ။ ဘုရားသခင်အတွက် စကားပြောခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် အချုပ်အခြာအာဏာ၊ ဤလူသားမျိုးနွယ်ကို ရွေးနုတ်ရန် သူ ပေးခဲ့သည့် အဖိုးအခနှင့် သူ၏ အကြံအစည်များအပြင် သူ လုပ်ဆောင်ခဲ့သည့် အရာအားလုံး၏ အဓိပ္ပာယ်တို့ကို သက်သေခံရန် ဖြစ်သည်။ သင်တို့သည် ဤအရာမှ မည်သည့်အရာကို နားလည်နိုင်သနည်း။ (လူသားမျိုးနွယ်က ဘုရားသခင်၏ အမှုတော်ကို စိတ်မကူးနိုင်ပါ။) လူသားမျိုးနွယ်သည် ဘုရားသခင်၏ အမှုတော်ကို စိတ်မကူးနိုင်သကဲ့သို့ ဉာဏ်မမီနိုင်ပေ။ ထို့ကြောင့် လူသည် ဘုရားသခင်၏ အမှုတော်၊ လူသားမျိုးနွယ်အပေါ် သူ၏ လမ်းပြမှုနှင့် သူ၏ အလိုတော်တို့ကို ရှုမြင်ရန်၊ သို့မဟုတ် သဘောထားပြုမူရန် မှန်ကန်သည့် ရှုထောင့်အမြင်နှင့် ရပ်တည်ချက် ရှိရမည်ဖြစ်သည်။ လူသည် မှန်ကန်သည့် ရပ်တည်ချက်တစ်ခု ရှိရမည်။ ဤသည်မှာ အလွန်အရေးပါ၏။ သင် အဘယ်သူဖြစ်ပြီး ဘုရားသခင်က အဘယ်သူဖြစ်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်ကို သင့်အား နားလည်စေရန် ထောက်ကူပေးသည့် သင် ရှိရန် လိုအပ်သော အရာများ၊ အခြေခံအားဖြင့် သင် ရှင်းလင်းစွာ နားလည်နိုင်စွမ်း သို့မဟုတ် ဉာဏ်မီနိုင်စွမ်း မရှိသည့်အရာနှင့် သင် မည်သည့် သဘောထားမျိုး ရှိသင့်သည်ဟူသည်တို့ကို သင် သိရှိရမည်။ ဤသည်မှာ သင် ပိုင်ဆိုင်သင့်သည့် ဆင်ခြင်တုံတရား ဖြစ်သည်။ ဤနည်းဖြင့် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် အတော်လေး ပုံမှန်ဖြစ်ကာ သဟဇာတဖြစ်လိမ့်မည်။ ဘုရားသခင်အကြောင်း သင် လေ့လာပြီး ထင်မြင်ချက်ပေးရာတွင် သို့မဟုတ် သူ လုပ်ဆောင်သည့် အရာရာတိုင်းကို စုံစမ်းစစ်ဆေးရာတွင် သင်သည် အမြဲ စောင့်ကြည့်၊ ခန့်မှန်း၊ သံသယထားသည့် သဘောထား သို့မဟုတ် အတိုက်အခံပင်လုပ်သည့် သဘောထားတစ်ခုကို အမြဲ ခံယူလျှင် ပြဿနာရှိလိမ့်မည် ဖြစ်သည်။ ဤသည်မှာ သဘောတရားသက်သက်ဖြစ်သည်၊ ဤသည်မှာ သုတေသန ဖြစ်သည်။ ဤသည်မှာ မယုံကြည်သောသူတစ်ဦး ဖြစ်သည်။ သင်သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံသော၊ ရှာဖွေသော၊ ကြောက်ရွံ့သော ရှုထောင့်အမြင်တစ်ခုနှင့် သဘောထားတစ်ခုတို့ဖြင့် သဘောထားပြုမူရမည်။ ဤအရာသည်သာ ဘုရားသခင်နှင့်ဆိုင်သော စစ်မှန်သည့် အသိပညာနှင့် သိနားလည်မှုတို့ကို ဖြစ်စေလိမ့်မည်။ သင်သည် ဘုရားသခင်ကို နားလည်လျှင် ဘုရားသခင်ကို ဆန့်ကျင်ရပ်တည်မည်မဟုတ် သို့မဟုတ် အနည်းဆုံးအနေဖြင့် သူ့ကို သင် အထင်လွဲမည် မဟုတ်ပေ။ သင်က ကျိုးနွံနာခံနိုင်ပြီး “ဘုရားသခင်က ဤအရာကို လုပ်ဆောင်ခြင်း၏ အဓိပ္ပာယ်ကို ကျွန်ုပ် မသိသော်လည်း သူ လုပ်ဆောင်သည့် အရာတိုင်းက မှန်ကန်သည်ကို ကျွန်ုပ် နားလည်သည်”ဟု ပြောနိုင်လိမ့်မည်။ ဤသိနားလည်မှုသည် မည်သည့်အရာနည်း။ ဘုရားသခင် လုပ်ဆောင်သည့် အရာတိုင်းက အဓိပ္ပာယ်ရှိပြီး လူတို့ ကျိုးနွံနာခံသင့်သည်ဟု သင်၏ စိတ်နှလုံးက အပြည့်အဝ ယုံကြည်လက်ခံခြင်း ဖြစ်သည်။ သခင်ယေရှုခရစ်တော်သည် စာတန်လက်ထဲသို့ မိမိကိုယ်ကို အပ်နှံခဲ့ပြီး စာတန်အားဖြင့် ကားစင်တင်သတ်ခြင်းခံခဲ့ရသည်။ ဤသည်မှာ လူတို့အမြင်တွင် ကောင်းသည့်အရာတစ်ခု မဟုတ်သော်လည်း သူသည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းကာ လူသားမျိုးနွယ်ကို ရွေးနုတ်သည့် အမှုအား ပြီးစီးခဲ့သည်။ ဤသည်မှာ ကြီးမြတ်သည့်အရာတစ်ခု၊ လူသားမျိုးနွယ်အားလုံးအတွက် ကြီးမားသည့် အဓိပ္ပာယ်နှင့် တန်ဖိုးရှိသော အရာတစ်ခု ဖြစ်သည်။ သို့သော် လူသားမျိုးနွယ်သည် ထိုအရာကို ရှင်းလင်းစွာ မြင်နိုင်ခဲ့သလော။ (မမြင်နိုင်ခဲ့ပါ။) လူသားမျိုးနွယ်က ထိုအရာကို ရှင်းလင်းစွာ မမြင်ခဲ့ပေ။ လူသားမျိုးနွယ်သည် ထိုအရာ၌ရှိသည့် ဘုရားသခင်၏ ရည်ရွယ်ချက်ကို မမြင်ခဲ့သကဲ့သို့ ထိုအရာကို ဘုရားသခင် လုပ်ဆောင်သည့် အဓိပ္ပာယ်နှင့် တန်ဖိုးတို့ကို သဘောပေါက်နားလည်နိုင်ခြင်း မရှိခဲ့ပေ။ ဆိုလိုသည်မှာ လူတို့သည် လူသားမျိုးနွယ်အတွက် အလွန့်အလွန် ကြီးမားသော အကျိုးကျေးဇူးကို မမြင်နိုင်ခဲ့ခြင်း ဖြစ်သည်။ သခင်ယေရှုက ကားစင်တင်သတ်ခံရပြီးနောက် သုံးရက်မြောက်သောနေ့တွင် ပြန်လည်ထမြောက်ခဲ့ကြောင်း၊ လူတို့ရှေ့ ပေါ်ထွန်းကာ ၎င်းတို့နှင့် တွေ့ဆုံခဲ့ကြောင်း၊ စကားပြောခဲ့ကြောင်း၊ အတိတ်အကြောင်း တသသ ပြောဆိုပြီးနောက် ထွက်ခွာသွားခဲ့ကြောင်းကိုသာ ၎င်းတို့ မြင်ခဲ့ကြသည်။ သို့သော် ဘုရားသခင်၏ အလိုတော် ပြည့်စုံခဲ့သည်။ ဤသည်မှာ ကြီးမားသည့် အရေးပါမှုရှိသည် မဟုတ်လော။ (ရှိပါသည်။) ထိုအရာကို လူတို့က နားလည်ခဲ့ကြသလော။ နားမလည်ခဲ့ကြ။ ဤကိစ္စရပ်မှကြည့်လျှင် လူတို့သည် မိမိတို့နှင့်ဆိုင်သည့် မှန်ကန်သော ဆန်းစစ်ချက်တစ်ခုနှင့် ဘုရားသခင်အတွက် မှန်ကန်သော သဘောထားတစ်ခု ရှိရမည်ဖြစ်သည်။ ဘုရားသခင်က မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ထိုအရာကို လူတို့က နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ၊ မိမိတို့ နှုတ်များကို ပိတ်ထားရမည်။ ဤသည်မှာ မှန်ကန်၏။ အရာရာကို သွားလေ့လာရန် မစဉ်းစားနှင့်၊ ယင်းမှာ အဆင်မပြေပေ။ အဘယ်ကြောင့် အဆင်မပြေသနည်း။ ထိုသို့လုပ်ဆောင်ရန် သင် အခွင့်မရှိဟုပြောဖို့ စည်းမျဉ်းမရှိသော်လည်း သင်သည် ရှေ့မတိုးသာအောင်ဖြစ်ကာ အန္တရာယ်ရှိလိမ့်မည် ဖြစ်သည်။ သင်သည် ယခု နားမလည်နိုင်သကဲ့သို့ သဘောပေါက်နားလည်နိုင်ခြင်း မရှိသော်လည်း အမြဲ လေ့လာလိုသည်၊ ဘုရားသခင်ကို အမြဲ ဆန့်ကျင်ရပ်တည်လိုသည်။ သင်သည် လေ့လာခြင်းအားဖြင့် နားမလည်နိုင်ဘဲ သမ္မာတရားကိုလည်း မရှာလျှင်၊ မည်သည့် ပြဿနာများ အလွယ်တကူ ဖြစ်ပေါ်နိုင်သနည်း။ ဘုရားသခင်ကို အထင်လွဲရန် သင့်အတွက် လွယ်လိမ့်မည်။ အစတွင် သင် နားလည်မှုလွဲလိမ့်မည် ဖြစ်ပြီး အမှုအရာများကို ရှင်းလင်းစွာ သင် နားမလည်နိုင်သကဲ့သို့ ဤနားလည်မှုလွဲခြင်းက ဆက်ရှိနေလျှင် သင်သည် အပျက်သဘောဆောင်ပြီး အားနည်းလိမ့်မည်ဖြစ်ကာ ထိုအရာက သင်၏တာဝန် ထမ်းဆောင်ခြင်းနှင့် သင်၏ အသက် ဝင်ရောက်ခြင်းကို ထိခိုက်လိမ့်မည်။ ဤအရာအားလုံး ဆက်စပ်ပေသည်။ များစွာသော အရာတို့ကို တစ်နှစ် သို့မဟုတ် နှစ်နှစ်မျှဖြင့် ရှင်းလင်းစွာ နားမလည်နိုင်ချေ၊ ပြီးလျှင် သမ္မာတရားက အလွန် နက်နဲပေသည်။ ဘုရားသခင်က သင့်ကို ယခု ဉာဏ်အလင်းပေးလျှင်ပင် သင်၏ သေးငယ်သော ဝိညာဉ်ရင့်ကျက်မှုဖြင့် သင် နားလည်နိုင်မည်လော။ အနည်းငယ် သင် နားလည်နိုင်လျှင်ပင် သမ္မာတရားကို အကုန်အစင် သင် နားလည်နိုင်မည်လော။ သင်က “ကမ္ဘာမြေဆွဲအားကို ကျွန်ုပ် သိသည်။ ကမ္ဘာပေါ်တွင် အရာဝတ္ထုများသည် အောက်သို့ကျပြီး အပေါ်သို့ မတက်ဘဲ သင် လေထုကို စွန့်ခွာပြီး အာကာသထဲ သွားလျှင်မူ သင်မျောလွင့်နေသည်မှာ အဘယ့်ကြောင့်နည်း။ သင်သည် ကမ္ဘာမြေ၏ ဆွဲငင်အားရှိသော ဆွဲခြင်းကို သင် စွန့်ခွာမည် ဖြစ်သောကြောင့် ဖြစ်သည်။ ဤအရာကို ကျွန်ုပ် နားလည်သောကြောင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ကျွန်ုပ် နားလည်နှင့်ပြီးဖြစ်သည် မဟုတ်လော”ဟု ပြောပေမည်။ ကမ္ဘာမြေဆွဲအားအပေါ် အချုပ်အခြာအာဏာကို ဘုရားသခင် အဘယ်သို့ အတိအကျ ကိုင်စွဲသည်ကို သင် မသိသကဲ့သို့ ထိုအရာ၏ သရုပ်သကန်ကိုသာ သင် နားလည်ခြင်း ဖြစ်သည်။ ယင်းက သင်သည် ထိုအရာအပေါ် အချုပ်အခြာအာဏာကို ဘုရားသခင် စွဲကိုင်ပုံအား သင် နားလည်ပြီးဖြစ်သည်ဟု မဆိုလိုသကဲ့သို့ သင် နားလည်နိုင်လျှင်ပင် ထိုအရာအပေါ် အချုပ်အခြာအာဏာကို သင် စွဲကိုင်နိုင်မည်လော။ လူတို့သည် လေထုကို စွန့်ခွာလျှင် ဒုက္ခရောက်ကြမည်ဖြစ်သည်။ ၎င်းတို့သည် ကမ္ဘာမြေဆွဲအားမရှိဘဲ နေရာအနှံ့ မျောလွင့်ရုံ မျောလွင့်ကာ ပျံသန်းကြမည် ဖြစ်သည်။ ဤအရာမှ မည်သည့်အရာကို သင် မြင်နိုင်သနည်း။ (လူတို့ ဉာဏ်မမီနိုင်သည့် အရာများစွာ ရှိခြင်း ဖြစ်သည်။) လူတို့သည် ဉာဏ်မမီနိုင်သည့်တိုင် ဘုရားသခင်ကို လေ့လာပြီး သူ့ကို စောင့်ကြည့်ရန် အမြဲ ဘုရားသခင်ကို ဆန့်ကျင်ရပ်တည်ကြသည်။ ၎င်းတို့က “ဤကိစ္စရပ်ကို ငါ နားမလည်နိုင်လျှင် သင်သည် ဘုရားသခင် မဟုတ်ပါ”ဟု ဆိုလျက် ၎င်းတို့၏ စိတ်နှလုံးများက သံသယရှိကြသည်။ ဤအမြင်မှာ အဘယ်သို့နည်း။ ဤအမြင်နှင့် ရပ်တည်ချက်တို့က မှားယွင်းသည်။ ယင်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်သော ရပ်တည်မှုရှိပြီး အမြဲ လေ့လာရန်မှာ မှားယွင်းပေသည်။ သင်သည် ဘုရားသခင်ကို နားလည်ရမည်ဖြစ်ပြီး “ဤအရာကို ကျွန်ုပ် နားမလည်နိုင်ပါ။ အလွန် နက်နဲပြီး ဘုရားသခင်က ကျွန်ုပ်ကို ဉာဏ်အလင်းပေးလျှင်ပင် ကျွန်ုပ် လုံးလုံးလျားလျား နားလည်နိုင်မည် မဟုတ်ပါ။ ထို့ကြောင့် ကျိုးနွံနာခံသော စိတ်နှလုံးဖြင့် နှစ်အနည်းငယ် ကျွန်ုပ် ရှာဖွေမည်ဖြစ်ပြီး ဘုရားသခင်က ကျွန်ုပ်ကို အဖြေမပေးလျှင် ထိုအကြောင်းကို ကျွန်ုပ် ယခုလောလောဆယ်တွင် ဘေးဖယ်ထားလိုက်မည်။ ကျွန်ုပ်နှင့် ဘုရားသခင်ကြားတွင် အတားအဆီးများ သို့မဟုတ် အထင်လွဲမှုများ မရှိပါ။ ဘုရားသခင်နှင့်ပတ်သက်၍ ကျွန်ုပ် အထင်မလွဲလျှင် သို့မဟုတ် စောဒကတက်ခြင်း မပြုလျှင် သူ့ကို ကျွန်ုပ် အတိုက်အခံလုပ်မည် မဟုတ်ပါ။ သူ့ကို ကျွန်ုပ် အတိုက်အခံ မလုပ်လျှင် သူ့ကို ပုန်ကန်မည်မဟုတ်သကဲ့သို့ သူ့ကို ကျွန်ုပ် ပုန်ကန်ခြင်းမရှိလျှင် သူ့ကို ငြင်းပယ်မည်မဟုတ်၊ သို့မဟုတ် သူ့ထံမှ လမ်းလွဲမည် မဟုတ်ပါ။ ကျွန်ုပ်သည် ဘုရားသခင်၏ နောက်လိုက်တစ်ဦး အစဉ်ထာဝရ ဖြစ်ပါသည်”ဟု ပြောရမည်။ “ထာဝစဉ် ဘုရားသခင်၏ နောက်လိုက်တစ်ဦး”ဖြစ်ခြင်းအတွက် အခြေခံအုတ်မြစ်မှာ အဘယ်နည်း။ ထိုအရာမှာ “ဘုရားသခင် လုပ်ဆောင်သည့်အရာက ကျွန်ုပ်၏ အယူအဆများနှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ ကျွန်ုပ် အမြဲ ကျိုးနွံနာခံကာ လိုက်လျှောက်မည်။ ဘုရားသခင်သည် ကျွန်ုပ်၏ ဘုရားသခင် ဖြစ်နေဆဲဖြစ်ပြီး ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်သည်။ လူသားတစ်ဦးဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်ကို အဘယ်သို့ ဆက်ဆံသည်ဖြစ်စေ ငရဲထဲသို့၊ မီးအိုင်ထဲသို့၊ စာတန်ထံသို့ သို့မဟုတ် နတ်ဆိုးများထံသို့ ပစ်ချသည်ဖြစ်စေ စောဒကတက်ခြင်းများ မရှိဘဲ သူ့ကို ကျွန်ုပ် အမြဲ ကျိုးနွံနာခံမည်။ ဘုရားသခင်၏ အဆင့်အတန်းက မပြောင်းလဲနိုင်သကဲ့သို့ ဖန်ဆင်းခံတစ်ဦးအဖြစ် ကျွန်ုပ်၏ ပင်ကိုလက္ခဏာသည်လည်း မပြောင်းလဲနိုင်ပါ။ ဤအချက် မပြောင်းမလဲ ရှိနေသရွေ့ ဘုရားသခင်နောက် ကျွန်ုပ် လိုက်သင့်ပြီး သူသည် ကျွန်ုပ်၏ ဘုရားသခင် အစဉ်ထာဝရ ဖြစ်သည်”ဟူ၍ ဖြစ်၏။ ဘုရားသခင်၌ သင်၏ ယုံကြည်လက်ခံမှုက ခိုင်မာစွာ အမြစ်တွယ်သည်နှင့် တစ်ပြိုင်နက် သင်သည် သူ့ကို ကျောခိုင်းလိမ့်မည် မဟုတ်။ ဤသည်မှာ ဖန်ဆင်းခံအနေဖြင့် သင်၏ ပင်ကိုလက္ခဏာနှင့် ဘုရားသခင်ကြားက ဆက်နွှယ်မှု ဖြစ်သည်။ သင်၏ စိတ်နှလုံးတွင်ရှိသည့် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် နေရာအပြင် ဖန်ဆင်းခံအနေဖြင့် သင် လိုက်နာစောင့်ထိန်းသင့်သည့် သင်၏ ပင်ကိုလက္ခဏာနှင့် နေရာကို သင် ရှင်းလင်းစွာ မြင်နိုင်သည်နှင့်၊ ပြီးလျှင် ဤအရာများက သင်၏ စိတ်နှလုံးတွင် အမြစ်တွယ်သည်နှင့်တစ်ပြိုင်နက် သင်သည် သူ့ထံမှ လမ်းလွဲသွားမည် မဟုတ်ပေ။ ထို့နောက် သင် အားနည်းသည့်အခါတွင်ဖြစ်စေ၊ အပျက်သဘောဆောင်၊ ဝမ်းနည်းသည့်အခါတွင်ဖြစ်စေ၊ သင်၏ အယူအဆများနှင့် မကိုက်သည့် တစ်စုံတစ်ရာ ဖြစ်ပျက်ပြီး ထိုအရာကို သင် ဉာဏ်မမီနိုင် သို့မဟုတ် နားမလည်နိုင်သည့်အခါတွင်ဖြစ်စေ ဤအရာက သင်၏ ဘုရားသခင်နှင့် ဆက်ဆံရေးကို ထိခိုက်နိုင်သလော။ (မထိခိုက်နိုင်ပါ။) သင်သည် ရူပါရုံများနှင့်ဆိုင်သည့် သမ္မာတရားအကြောင်း ရှင်းလင်းနေသရွေ့ အခြေခံအုတ်မြစ်ချပြီး ပတ်ဝန်းကျင်များစွာကို တွေ့ကြုံကာ ဘုရားသခင် လုပ်ဆောင်သည့် အရာတိုင်းတွင် အဓိပ္ပာယ်ရှိသည်ကို သဘောပေါက်သရွေ့ ဘုရားသခင်၏ အမှုတော်ကို သင် သိရှိလိမ့်မည်ဖြစ်ပြီး အယူအဆများ တစ်ဖန် ဖြစ်ပေါ်ဖို့အတွက် ခက်ခဲလိမ့်မည် ဖြစ်သည်။ လူအချို့သည် တစ်စိတ်တစ်ပိုင်းကိုသာ နားလည်နိုင်ကြသည်။ ဥပမာအနေဖြင့် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းတို့နှင့် စပ်လျဉ်း၍ ဘုရားသခင် လုပ်ဆောင်သည့်အရာက အဓိပ္ပာယ်ရှိသည်ဟု လူတို့က ဝန်ခံကြသော်လည်း ပြုပြင်ခံရခြင်းနှင့် ရင်ဆိုင်ရသည့်အခါ အယူအဆများ ရှိကြသည်။ မည်သူက ၎င်းတို့ကို ပြုပြင်သည်ဖြစ်စေ ထိုအရာကို လက်ခံရန် ၎င်းတို့ မလိုမလားဖြစ်ကြပြီး ကိစ္စရပ်က ဘုရားသခင်ထံမှလာသည်ဟု ဝန်မခံကြပေ။ ထိုအရာကို လူက လုပ်ဆောင်ခြင်းဖြစ်ပြီး စာတန်ထံမှလာသည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ဤသည်မှာ နောက်ထပ် အမှားတစ်ခု ဖြစ်သည် မဟုတ်လော။ နောက်ထပ် ပြဿနာ ပေါ်လာပြီး သမ္မာတရားကို ရှာဖွေခြင်းအား ဆက်လုပ်ရမည်ဖြစ်သည်။ ဤအရာကို သင် မကျော်လွန်နိုင်လျှင် ဘုရားသခင်၏ အမှုတော်ကို သင် အပြည့်အဝ ကျိုးနွံနာခံနိုင်သလော။ သင်၏ အယူအဆများနှင့် ကိုက်ညီသည့် အရာကိုသာ သင် ကျိုးနွံနာခံနိုင်ပြီး မကိုက်သည့်အရာကို ကျိုးနွံနာခံနိုင်ခြင်း မရှိပေ။ ဤလူစားမျိုးသည် ဘုရားသခင်ကို အလွန်ပင် အလွယ်တကူ အတိုက်အခံ လုပ်နိုင်ပြီး မိမိ၏ စိတ်သဘောထား မပြောင်းလဲသေးသည့်သူတစ်ဦး ဖြစ်သည်။
လူတို့အတွင်းတွင် ၎င်းတို့၏ အချို့သော အယူအဆများ၊ ရှုထောင့်အမြင်များနှင့် ရပ်တည်ချက်တို့ကို မကြာခဏ လွှမ်းမိုးသည့် များစွာသော အတွေးများ၊ စိတ်ကူးများနှင့် အခြေအနေများ ရှိသည်။ ဤအတွေးများ၊ စိတ်ကူးများနှင့် အခြေအနေများကို သမ္မာတရား ရှာဖွေခြင်းမှတစ်ဆင့် တစ်ခုပြီးတစ်ခု ဖြေရှင်းနိုင်လျှင် ယင်းတို့က ဘုရားသခင်နှင့် သင် ဆက်ဆံရေးကို ထိခိုက်လိမ့်မည် မဟုတ်။ ယခုတွင် သင်သည် သေးငယ်သော ဝိညာဉ်ရင့်ကျက်မှု ရှိကောင်းရှိနိုင်ပြီး သမ္မာတရားအပေါ် ပေါ့တန်သော နားလည်မှုဖြင့် ဘုရားသခင်ကို အချိန်တိုအတွင်းသာ ယုံကြည်ပြီး ဖြစ်သောကြောင့်ဖြစ်စေ၊ အခြား အကြောင်းရင်းအမျိုးမျိုးကြောင့်ဖြစ်စေ သင်သည် အလွန်များသည့် သမ္မာတရားများကို နားမလည်ပေ။ သို့သော် စည်းမျဉ်းတစ်ခုကို သင် သဘောပေါက်သင့်သည်။ အပြင်ပန်းမှ ကြည့်ကောင်းသည်ဖြစ်စေ၊ ကြည့်မကောင်းသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ လူသား အယူအဆများနှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ ဘုရားသခင် လုပ်ဆောင်သည့်အရာတိုင်းကို ကျွန်ုပ် ကျိုးနွံနာခံသင့်သည်။ ကျွန်ုပ်တွင် မှန်သည်လော၊ မှားသည်လောဟူ၍ ဝေဖန်ခွင့်၊ အကဲဖြတ်ခွင့်၊ စိစစ်ခွင့် သို့မဟုတ် လေ့လာပိုင်ခွင့်မရှိပါ။ ကျွန်ုပ် လုပ်ဆောင်သင့်သည့်အရာမှာ ဖန်ဆင်းခံတစ်ဦးအဖြစ် ကျွန်ုပ်၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီးနောက် ကျွန်ုပ် နားလည်သည့် သမ္မာတရားများကို လက်တွေ့လုပ်ဆောင်ရန်၊ ဘုရားသခင်ကို စိတ်ကျေနပ်စေပြီး မှန်သော လမ်းခရီးမှ သွေဖည်မသွားရန် ဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်ကို နားလည်ခွင့်ပေးသမျှ မည်မျှကိုမဆို ကျွန်ုပ် လက်တွေ့လုပ်ဆောင်မည် ဖြစ်ပြီး ဘုရားသခင်က ကျွန်ုပ်ကို ဉာဏ်အလင်းမပေးလျှင်ပင် ကျွန်ုပ် လက်တွေ့လုပ်ဆောင်သင့်သည့်အရာကို ရှာဖွေမည်ဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ် နားလည်ရန် မလိုအပ်သည့်အရာတစ်ခုနှင့် ပတ်သက်၍ ကျွန်ုပ်ကို ဉာဏ်အလင်းမပေးလျှင် ကျွန်ုပ် ကျိုးနွံနာခံကာ စောင့်ဆိုင်းမည်ဖြစ်ပြီး တစ်နေ့တွင် ဘုရားသခင်က ကျွန်ုပ်ကို နားလည်ခွင့်ပေးကောင်း ပေးမည် ဟူ၍ဖြစ်သည်။ သခင်ယေရှု၏ ကားစင်တင်ခံရခြင်းကဲ့သို့ပင် နှစ်ပေါင်းနှစ်ထောင်လွန်ပြီးနောက် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံခဲ့ကြသည့်လူများသည် အခြေခံအားဖြင့် နားလည်ကြပြီး မိမိတို့၏ လိုက်စားမှုအပေါ် သိပ်စိတ်မဝင်စားသောသူတို့ပင်လျှင် ထိုအရာက အဘယ်အရာ ဖြစ်သည်ကို နားလည်ကြသည်။ သင်သည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့် စပ်လျဉ်းသည့် ကြီးမားသော အမှုအချို့ကို ယခု နားလည်ကောင်း နားလည်နိုင်မည် မဟုတ်သော်လည်း သမ္မာတရားကို နားမလည်သောကြောင့် သူ့ကို သင် အထင်လွဲပြီး သူ၏တည်ရှိခြင်းကို ငြင်းပယ်သည်။ ယင်းက သင်နှင့် ဘုရားသခင်ကြားက ပုံမှန်ဆက်ဆံရေးကို ဖြိုဖျက်လေသည်။ ဤသည်မှာ ကြီးလေးသော အမှားတစ်ခု ဖြစ်သည်။ သင့်အနေဖြင့် “ကျွန်ုပ် နားမလည်သည့် ဤအရာများအတွက် ကျွန်ုပ် စောင့်သာစောင့်လိုက်မည်။ ဘုရားသခင်က လူသားမျိုးနွယ်ကို တစ်နေ့တွင် ဉာဏ်အလင်းပေးသည့်အခါ ယင်းတို့အားလုံးကို ကျွန်ုပ် နားလည်ကောင်း နားလည်နိုင်သည်”ဟု ပြောသည့် သဘောထား၊ ရှုထောင့်အမြင်နှင့် ရပ်တည်ချက်တစ်ခု ရှိသင့်ပေသည်။ သခင်ယေရှု ထွက်ခွာခဲ့ချိန်တွင် သူက “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း သင်တို့သည် ယခုမခံနိုင်ကြ”ဟု ဆိုခဲ့သည်။ အဘယ်ကြောင့် ၎င်းတို့ မခံနိုင်ခဲ့ကြသနည်း။ အဘယ်ကြောင့်ဆိုသော် လူတို့၏ ဝိညာဉ်ရင့်ကျက်မှုက အလွန် မရင့်ကျက်သကဲ့သို့ ၎င်းတို့ သဘောပေါက်နားလည်နိုင်မည် မဟုတ်သောကြောင့် ဖြစ်ပေသည်။ ထိုအရာမှာ သုံးနှစ် သို့မဟုတ် ငါးနှစ်အရွယ် ကလေးတစ်ဦးကို ငွေရှာခြင်း သို့မဟုတ် မိသားစုကို ထောက်ပံ့ပေးခြင်းအကြောင်းကို ပြောပြခြင်းနှင့် တူသည်။ ထိုအရာကို သူ ကြားလိမ့်မည် ဖြစ်သော်လည်း သူနှင့် အလွန် အလှမ်းဝေးသည်မှာ သူ နားမလည်နိုင်သကဲ့သို့ ထိုအရာကို သူ လက်လှမ်းမမီနိုင်ဟု ခံစားရပေသည်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ပြောပြလိုသည့် လူတို့ နားလည်သင့်သော အရာများစွာရှိသော်လည်း လူသားမျိုးနွယ်၏ မရင့်ကျက်သော ဝိညာဉ်ရင့်ကျက်မှုကြောင့်၊ သို့မဟုတ် ဘုရားသခင်၏ အမှုတော် လုပ်ငန်းစဉ်များကို လူသားထံ လုံးဝ ထုတ်ဖော်ခြင်း မရှိသေးသကဲ့သို့ လူတို့က ယင်းတို့ကို မတွေ့ကြုံရသေးသောကြောင့် ဤအရာများကို အလွန်စောစီးစွာ သိရှိထားလျှင် ၎င်းတို့ နားလည်မည် မဟုတ်ပေ။ ၎င်းတို့ နားထောင်ကြလျှင်ပင် အယူဝါဒအဖြစ် သဘောထားမည်ဖြစ်ကာ အရှိအတိုင်းကို နားလည်ကြမည်ဖြစ်သော်လည်း ဘုရားသခင်က မည်သည့်အရာ ပြောနေသည်ကို အမှန်တကယ် သိကြမည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်က စကားမပြောခြင်း ဖြစ်သည်။ ဘုရားသခင်အတွက် စကားမပြောရန် သင့်တော်သလော။ လူသားအတွက် အကျိုးကျေးဇူး တစ်ခုတလေ ရှိသလော။ (ရှိပါသည်။) ထိုအရာက လူတို့၏ အသက်တာများ ကြီးထွားခြင်းကို နှောင့်နှေးစေလိမ့်မည်လော။ သင်၏ နေ့စဉ် အသက်တာ သို့မဟုတ် သင်၏ ပုံမှန် လိုက်စားမှုကို သက်ရောက်မှု မရှိသဖြင့် နှောင့်နှေးမှု တစ်ခုတလေ သေချာပေါက် ရှိမည်မဟုတ်၊ လုံးဝ ရှိမည်မဟုတ်။ ထို့ကြောင့် ဤသည်မှာ အရေးအကြီးဆုံးသော အရာဖြစ်သည်နှင့်အမျှ သင်၏ စိတ်နှလုံးကို သင် ဖြေလျှော့ကာ သမ္မာတရားကိုသာ လိုက်စားလေသည်။ နောက်ဆုံးတွင် အားလုံးက သမ္မာတရား လိုက်စားခြင်းနှင့် သက်ဆိုင်သည်။ သမ္မာတရားကို သင် လိုက်စားလျှင် ဘုရားသခင် လုပ်ဆောင်သည့် အရာအချို့ရှိ နက်နဲမှုများ၊ သူ လုပ်ဆောင်သမျှရှိ သူ၏ ဉာဏ်ပညာ၊ အံ့ဖွယ်ဖြစ်ခြင်းနှင့် စိတ်သဘောထားအပြင် လူသားမျိုးနွယ်က နားလည်သင့်သည့် အရာများသည် ဘုရားသခင်နောက်လိုက်ခြင်း၏ လုပ်ငန်းစဉ်မှတစ်ဆင့် တဖြည်းဖြည်း ရှင်းလင်းလာလိမ့်မည်။ ဘုရားသခင်ကို သိကျွမ်းခြင်း ရရှိခြင်းတွင် ပါဝင်သည့် ကဏ္ဍများစွာရှိပြီး ဘုရားသခင်နှင့် သင်၏ ဆက်ဆံမှုများ၊ ပေါင်းသင်းမှုများနှင့် ဆက်သွယ်မှု ဖြစ်စဉ်တွင် သူ၏ နှုတ်ကပတ်တော်များကို သင် တွေ့ကြုံရမည်၊ သူ၏ နှုတ်ကပတ်တော်များကို သင် တွေ့ကြုံခံစားရမည်၊ သူ၏ အမှုတော်အပြင် သင့်အပေါ် သူ၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြခြင်းတို့ကို သင် တွေ့ကြုံခံစားရမည်ဖြစ်သည်။ ဤလုပ်ငန်းစဉ်အတောအတွင်းတွင် သိပင်မသိလိုက်ဘဲ သင်သည် ဘုရားသခင်ကို သိမြင်မှု ရရှိလိမ့်မည်။ ဆိုလိုသည်မှာ သင့်အပေါ် သူ၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်ကို တွေ့ကြုံခံစားခြင်း လုပ်ငန်းစဉ်မှတစ်ဆင့် ဘုရားသခင်အပေါ် သိနားလည်ခြင်းကို သင် တဖြည်းဖြည်း ရရှိလိမ့်မည်ဖြစ်သည်။ ဤလုပ်ငန်းစဉ်များကို သင် မဖြတ်သန်းဘဲ ဘုရားသခင်၏ အမှုကို သိမြင်ရန် သင်၏ စိတ်ကူးစိတ်သန်းကို အားကိုးလျက် နေ့တိုင်း ကောင်းကင်သို့သာ မျက်လုံးပြူး ကြည့်ရုံသာ ကြည့်နေလျှင် မည်သည့်အခါတွင်မျှ သင် သိနားလည်မှု ရရှိလိမ့်မည် မဟုတ်။ နောက်ဆုံးတွင် သင်သည် သံသယရှိကာ “ဘုရားသခင် အဘယ်မှာနည်း။ လကို သူ ဖန်ဆင်းခဲ့သလော။ မနက်တွင် နေထွက်ပြီး ညတွင် နေဝင်သည်။ ဤသည်မှာ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာကို ဘုရားသခင် ကိုင်စွဲပုံဖြစ်သလော”ဟု ပြောလိမ့်မည် ဖြစ်သည်။ ဤသို့သော သိနားလည်မှုမျိုးက အနှစ်မဲ့ပြီး သင်၏ ယုံကြည်ချက်သည် အနှစ်မဲ့သော စကားများသာ ဖြစ်လာလိမ့်မည်။ ဘုရားသခင်ကို ယုံကြည်သလောဟု တစ်စုံတစ်ဦးက သင့်ကို မေးလျှင် သင်က “ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်ပါသည်။ ကျွန်ုပ်တွင် ယုံကြည်ကိုးကွယ်မှု ရှိသည်။ ကျွန်ုပ်သည် ခရစ်ယာန်တစ်ဦး ဖြစ်သည်”ဟု ပြောပေမည်။ ထို့နောက် ၎င်းတို့က “အဘယ်ကြောင့် သင် ဗုဒ္ဓဘာသာဝင်တစ်ဦး မဖြစ်သနည်း”ဟု မေးလျှင် သင်က “ဗုဒ္ဓဘာသာသည် စစ်မှန်သော လမ်းခရီးမဟုတ်၊ ခရစ်ယာန်ဘာသာက စစ်မှန်သော လမ်းခရီးဖြစ်သည်”ဟု ပြောပေမည်။ ဤအရာကိုသာ သင် ပြောနိုင်သည့် အချက်က သင့်ထံတွင် အတွေ့အကြုံမရှိသကဲ့သို့ မည်သည့်အရာကိုမျှ သင် မရရှိသေးကြောင်းကို သက်သေပြပေသည်။ ဘုရားသခင်နှင့် ပတ်သက်သမျှအားလုံး၊ သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်း၊ သူ၏ စိတ်သဘောထား၊ လူသားမျိုးနွယ်နှင့် အရာခပ်သိမ်းအတွက် သူ၏ အချုပ်အခြာအာဏာနှင့် သူ၏ အစီအစဉ်များ၊ သူ့နှုတ်ကပတ်တော်များ၏ စစ်မှန်မှုနှင့် မှန်ကန်တိကျမှု၊ လူသားမျိုးနွယ်အတွက် ယင်းတို့၏ အရေးပါမှု၊ တည်ဆောက်စရာ ဖြစ်ခြင်းနှင့် တန်ဖိုးတို့အပြင် စမ်းသပ်မှုများ၊ ဆုံးမပဲ့ပြင်ခြင်း၊ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်း၊ နှစ်သိမ့်ခြင်းနှင့် တိုက်တွန်းခြင်းမှတစ်ဆင့်ဖြစ်သည့် သူ၏ အမှုပြုခြင်း နည်းလမ်းအချို့၊ ပြီးလျှင် လူအတွက် သူ၏ အထူး လမ်းပြခြင်းအချို့၊ ဤအရာများကို သင် ကိုယ်တိုင်ကိုယ်ကျ မတွေ့ကြုံသေးလျှင်၊ အမှန်တကယ် မမြည်းစမ်းရသေးလျှင် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန် ဖြစ်နိုင်သလော။ သူ့ကို သင် အမှန်တကယ် ကျိုးနွံနာခံနိုင်သလော။ ဘုရားသခင်အပေါ် သင်၏ သိနားလည်မှုသည် စစ်မှန်သည့် သိနားလည်မှု လုံးဝ မရှိဘဲ အမြဲ မေးခွန်းသင်္ကေတ၊ မေးခွန်းသင်္ကေတ တစ်သီတစ်တန်း ဖြစ်နေလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန် ဖြစ်သလော။ ထိုအရာသည် ဖန်ဆင်းခံနှင့် ဖန်ဆင်းရှင်ကြားက ဆက်ဆံရေး အမှန်တကယ် ဖြစ်သလော။ ဤအမေးသင်္ကေတက မည်သည့်အရာကို အတိအကျ ကိုယ်စားပြုသနည်း။ ဘုရားသခင်သည် ပင်ကိုလက္ခဏာဖြစ်စေ၊ အဆင့်အတန်းဖြစ်စေ၊ သူ၏ အနှစ်သာရတွင်ဖြစ်စေ သင့်အတွက် အစဉ်ထာဝရ အကျွမ်းတဝင်မရှိပေ။ သူသည် သင်၏ မိသားစုမဟုတ်၊ သင်၏ ဆွေမျိုး မဟုတ်။ သူသည် သင် မသိဖူးသည့် အခြားကမ္ဘာတစ်ခုမှ ရောက်လာသော လူစိမ်းတစ်ဦးကဲ့သို့ အမြဲ ထင်ရသည်။ ထို့ကြောင့် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးက အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို ရှင်းပြရန် မလွယ်ပေ။ သို့သော် ထိုအရာသည် ဖန်ဆင်းခံနှင့် ဖန်ဆင်းရှင်ကြား ဆက်ဆံရေးနှင့် တကယ်ကို ကိုက်ညီခြင်း မရှိပေ။
ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် အဓိက အချက်များမှာ မည်သည့်အရာနည်း။ ဘုရားသခင်၌ ယုံကြည်ခြင်းကို ဘဝတွင် လူတို့ရှိသင့်သည့် စစ်မှန်မှုအဖြစ်သို့ မည်သို့ ပြောင်းလဲရမည်နည်း။ ကျိုးနွံနာခံခြင်းကို မည်သို့ စွမ်းဆောင်ပြီး ဘုရားသခင်ကို မည်သို့ ရရှိမည်နည်း။ သင်သည် သူ၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းအပေါ် မှီခိုရမည်ဖြစ်ပြီး အရေးအကြီးဆုံးမှာ ဘုရားသခင်ကို သင် ကျိုးနွံနာခံပြီး မရရှိနိုင်မီ သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမမှုတို့ကို တွေ့ကြုံခြင်းအပေါ် မှီခိုရမည်ဖြစ်သည်။ လူများစွာတို့သည် မိမိတို့၏တာဝန်ကို ထမ်းဆောင်ရန် လိုလားနေကြသော်လည်း သူ၏ အမှုတော်အား မည်သို့ တွေ့ကြုံရမည်ကို နားမလည်ကြပေ။ ထိုသို့တွေ့ကြုံရန် သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ သူ၏ ပြုပြင်ခြင်း၊ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့ကို သင် တွေ့ကြုံရမည်။ ဘုရားသခင်၏ သတ်မှတ်ချက်အားလုံးကို လက်တွေ့လုပ်ဆောင်ရမည်၊ ဝင်ရောက်ကာ ရရှိရမည်ဖြစ်သည်။ ဤအရာကို ဘုရားသခင်၏ အမှုတော်အား တွေ့ကြုံခြင်းဟု ခေါ်သည်။ ထိုအရာကို တွေ့ကြုံရန် သူနှင့်အတူ ပုံမှန် ဆက်ဆံရေးတစ်ခု ထူထောင်ရမည်၊ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံသည့် စိတ်နှလုံးဖြင့် အမြဲ ဆုတောင်းကာ သူ့ထံမှ ရှာဖွေရမည်ဖြစ်သည်။ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ မည်သည့် အခက်အခဲများကို သင် ရင်ဆိုင်ရသည်ဖြစ်စေ ဘုရားသခင်ကို သင် မှီခိုပြီး အားကိုးရမည်ဖြစ်သည်၊ သင်သည် သူ၏ နှုတ်ကပတ်တော်များ၌ အဖြေများနှင့် လမ်းကြောင်းတို့ကို ရှာဖွေပြီး အမြဲ ဆုတောင်းကာ သူနှင့်အတူ မိတ်သဟာယပြုရမည်ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်းသည် သူနှင့်အတူ အဆက်အသွယ်ရှိကာ သူ၏ နှုတ်ကပတ်တော်များနှင့် အမှုတော်ကို ကျိုးနွံနာခံရန်၊ သင့်ထံတွင် ပြဿနာများ သို့မဟုတ် အခက်အခဲများ ရှိသည့်အခါ သူ့ထံ ဆုတောင်းပြီး သူ့ထံမှ ရှာဖွေရန် ဖြစ်သည်။ ဤနည်းဖြင့် အတွေ့အကြုံများစွာ ရှိကာ သမ္မာတရားကို သင် နားလည်သည်နှင့်တစ်ပြိုင်နက် ဖြစ်ပျက်သည့်အရာများအတွက် ဘုရားနှုတ်ကပတ်တော်များအား မည်သို့ အသုံးပြုရမည်ကို သင် သင်ယူပြီးဖြစ်လိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များကို အသုံးပြုရန် နည်းလမ်းများစွာရှိသည်။ ဥပမာအားဖြင့် အမှုအရာများ ဖြစ်ပျက်သည့်အခါ ဆုတောင်းခြင်းနှင့် ရှာဖွေခြင်းအားဖြင့် ဖြစ်သည်။ ထိုသို့ဖြင့် လူတို့ မည်သို့ ပြုမူဆောင်ရွက်သင့်ပုံ၊ စည်းမျဉ်းများက မည်သည့်အရာ ဖြစ်သည်ဆိုသည်နှင့် လူတို့အတွက် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သတ်မှတ်ချက်များက မည်သည့်အရာများ ဖြစ်သည်ဆိုသည်တို့ကို ဘုရားနှုတ်ကပတ်တော်များက မည်သို့ ရှင်းလင်းစွာ ဖော်ပြသည်ကို မြင်လေသည်။ ဤအရာအားလုံးကို သင် သိပြီး ဘုရားသခင်၏ လိုအင်ဆန္ဒများကို နားလည်သည့်အခါ သင်သည် ဘုရားသခင်နှင့်ဆိုင်သည့် အသိနှင့် နားလည်မှုအချို့ ရှိလိမ့်မည်ဖြစ်သည်။ စမ်းသပ်မှုများနှင့် ရင်ဆိုင်ရသည့်အခါ သင်သည် “ထိုသို့သော ကြီးမားသည့် စမ်းသပ်မှုများနှင့်ပတ်သက်၍ ဘုရားနှုတ်ကပတ်တော်က မည်သည့်အရာ ပြောသနည်း။ လူတို့ကို ဘုရားသခင် စစ်ကြောခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ အဘယ်ကြောင့် လူတို့ကို သူ စစ်ကြောချင်သနည်း”ဟူသည်တို့ကို ရှာဖွေသင့်သည်။ သင်သည် ဖောက်ပြန်ပျက်စီးသည်၊ အမြဲ ပုန်ကန်တတ်ပြီး နာခံခြင်းမရှိကြောင်းနှင့် သူ့ကို သင် ကျိုးနွံနာခံခြင်း မရှိဘဲ စဉ်ဆက်မပြတ် စိတ်ကူးများနှင့် အယူအဆများ ရှိကြောင်း၊ ပြီးလျှင် ဘုရားသခင်က စမ်းသပ်မှုများမှတစ်ဆင့် သင့်ကို သန့်စင်စေလိုကြောင်းကို ဘုရားနှုတ်ကပတ်တော်များက ပြောသည်။ မည်သည့်အရာကို သင် တွေ့ကြုံသည်ဖြစ်စေ၊ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် စမ်းသပ်မှုများဖြစ်စေ၊ ပြုပြင်ခံရခြင်း၊ ဆုံးမပဲ့ပြင်ခံရခြင်းနှင့် အပြစ်ဒဏ်ပေးခံရခြင်းဖြစ်စေ၊ ဘုရားသခင်က သင့်အတွက် မည်သည့် ပတ်ဝန်းကျင်ကို စီစဉ်ပေးသည်ဖြစ်စေ၊ မည်သည့် နည်းလမ်းကို သူ အသုံးပြုသည်ဖြစ်စေ သင်သည် ဘုရားနှုတ်ကပတ်တော်များတွင် အဖြေများနှင့် အခြေခံအကြောင်းရင်းကို အမြဲရှာရမည်ဖြစ်ပြီး သူ၏ ရည်ရွယ်ချက်များနှင့် သင်နှင့်ဆိုင်သည့် တောင်းဆိုချက်များကို ရှာဖွေရမည် ဖြစ်သည်။ ဆိုလိုသည်မှာ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ မည်သည့်အရာ ဘုရားသခင် ပြောဆိုထားပြီးဖြစ်သည်၊ လူတို့အား မည်သို့ လက်တွေ့လုပ်ဆောင်ရန် သူ အလိုရှိသည်၊ လူတို့အပေါ် သူ၏ သတ်မှတ်ချက်များက မည်သည့်အရာဖြစ်သည်ဆိုသည်နှင့် သူ၏ ရည်ရွယ်ချက်များက မည်သည့်အရာဖြစ်သည်ဆိုသည်တို့ကို ပထမဆုံး သင် စဉ်းစားရမည်ဖြစ်သည်။ ဤအရာများကို နားလည်လော့။ ပြီးလျှင် ဘုရားသခင်၏ အမှုတော်အား မည်သို့ တွေ့ကြုံရမည်ကို သင် သိရှိလိမ့်မည်။ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်အတွက် နေရာမရှိသကဲ့သို့ သမ္မာတရားကို သင် မချစ်ဘဲ လူများ၊ စာအုပ်များ၊ သို့မဟုတ် ကျော်ကြားပြီး ကြီးမြတ်သည့် လူများက မည်သည့်အရာပြောသည် သို့မဟုတ် ဤအရာ ဖြစ်ပျက်သည့်အခါ ဘာသာတရားမရှိသူများက မည်သည့်အရာ လုပ်ဆောင်ကြသည်ဆိုသည်ကို အမြဲ စဉ်းစားလျှင်၊ ဤနည်းဖြင့် သင် ရှာဖွေကာ လက်တွေ့လုပ်ဆောင်လျှင် သင်သည် မယုံကြည်သူများနှင့် ဆိုင်သည်။ အဘယ့်ကြောင့်ဆိုသော် သင်၏ အတွေးများနှင့် လမ်းကြောင်းသည် ဘာသာတရားမရှိသူများနှင့် အတူတူပင် ဖြစ်သောကြောင့် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သည့် တစ်စုံတစ်ဦးဖြစ်သော်လည်း သင်၏ အတွေးအခေါ်သည် ဘာသာတရားမရှိသူများနှင့် အတူတူပင်ဖြစ်ပြီး ဘာသာတရားမရှိသူများ၏ လမ်းကြောင်းကို သင် လျှောက်လျှင် ဤသည်မှာ မှားယွင်းသော လမ်းနှင့် တစ်ဖက်ပိတ်လမ်းတစ်ခု ဖြစ်သည်။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်သည့် တစ်စုံတစ်ဦးက လုပ်ဆောင်သင့်သည့်အရာ သို့မဟုတ် လျှောက်သင့်သည့် လမ်းကြောင်း မဟုတ်ပေ။ အသင်းတော် အတွင်းတွင် ဤကဲ့သို့သော လူများရှိကြပြီး ၎င်းတို့သည် မယုံကြည်သူများနှင့် ဆိုင်သည်၊ အသင်းတော်ထဲတွင် ပုန်းကွယ်နေသည့် ဘာသာတရားမရှိသူများဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။