သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂) အပိုင်း လေး

နောက်တစ်ခုအနေဖြင့် သမ္မာတရားကို မည်သို့လိုက်စားရမည်ဟူသည့် လက်တွေ့လုပ်ဆောင်မှုအတွင်းရှိ “လက်လွှတ်ခြင်း” ၏ တတိယအချက်ဖြစ်သော “မိမိနှင့် ဘုရားသခင်ကြားရှိ အတားအဆီးများနှင့် ဘုရားသခင်အပေါ် မိမိ၏ ရန်လိုမှုကို လက်လွှတ်ခြင်း” ဟူသည့်အချက်နှင့် သက်ဆိုင်သော အယူအဆများနှင့် စိတ်ကူးများ၏ ပြဿနာများအကြောင်းကို ငါတို့ ပြောကြစို့။ ငါတို့သည် ဘုရားသခင်၏အလုပ်နှင့်ပတ်သက်သော လူတို့၏ အယူအဆများနှင့် စိတ်ကူးများအချို့ကို ယခုလေးတင် ပြောခဲ့ကြသည်။ ယခု ယင်းကို ကြည့်ရှုရာတွင် လူတို့၌ ဘုရားသခင်၏အလုပ်နှင့်ပတ်သက်၍ အခြားသော အယူအဆများနှင့် စိတ်ကူးများအချို့ မရှိကြပေလော။ ဤအယူအဆများနှင့် စိတ်ကူးများသည် လူတို့က ဘုရားသခင်၏အလုပ်ကို မည်သို့သဘောထားသည်ကိုလည်းကောင်း၊ ဘုရားသခင်၏အလုပ်ကို ၎င်းတို့ မည်သို့တွေ့ကြုံခံစားသည်ကိုလည်းကောင်း၊ ဘုရားသခင်၏အလုပ်ကို ၎င်းတို့ မည်သို့နားလည်ပြီး သိရှိသည်ကိုလည်းကောင်း သက်ရောက်မှုရှိမည်လော။ အသင်းတော်၌ ပေါ်ပေါက်သည့် အမျိုးမျိုးသော လူစားမျိုးများထဲတွင် တစ်မျိုးမှာ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များ ဖြစ်ကြသည်။ ၎င်းတို့ကို ကိုင်တွယ်ခြင်းခံရစေသည့် မည်သည့်မကောင်းမှုကို ၎င်းတို့ လုပ်ဆောင်ခဲ့သည်ဖြစ်စေ၊ အသင်းတော်က ၎င်းတို့ကို ရှင်းလင်းပစ်ရန် သို့မဟုတ် နှင်ထုတ်ရန် ဖြစ်စေခဲ့သည့် မည်သည့်ကိစ္စရပ်များပင်ဖြစ်စေ၊ ဘုရားအိမ်တော်က မယုံကြည်သူများ၊ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များကို ရှင်းလင်းဖယ်ရှားခြင်းနှင့်ပတ်သက်၍ အချို့သော အယူအဆများရှိသည့် လူအချို့ အမြဲရှိနေပြီး ဤအယူအဆများနှင့် စိတ်ကူးများသည် ၎င်းတို့၌ ဘုရားသခင်၏အလုပ် သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့်ပတ်သက်၍ လုံးဝနားလည်မှု မရှိဟူသောအချက်ကြောင့် ဖြစ်သည်။ လူတို့၏ အယူအဆများနှင့် စိတ်ကူးများထဲတွင် အသင်းတော်သည် ဘုရားသခင် မြေကြီးပေါ်၌ အလုပ်လုပ်သည့်နေရာ ဖြစ်သောကြောင့် အသင်းတော်သည် လူတို့ ဘုရားသခင်၏ အချုပ်အခြာအာဏာကို မြင်တွေ့ရန် တိုက်ရိုက်အဖြစ်ဆုံးနေရာဖြစ်ပြီး ယင်းမှာ ဘုရားသခင်၏ အချုပ်အခြာအာဏာ ပေါ်လွင်ထင်ရှားသည့် တိုက်ရိုက်အဖြစ်ဆုံးနှင့် အထင်ရှားဆုံး နေရာဖြစ်သည်ဟုလည်း ဆိုနိုင်၏။ သို့သော် ဤနေရာ၌ လူတို့သည် ၎င်းတို့၏ အယူအဆများနှင့် မကိုက်ညီသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအချို့ ပေါ်ပေါက်သည်ကို မကြာခဏ မြင်တွေ့ကြရသည်။ လူတို့၏ အယူအဆများထဲတွင် ၎င်းတို့က အသင်းတော်သည် ဘုရားသခင်၏အလုပ်နှင့် ဆက်စပ်သောနေရာဖြစ်သောကြောင့် ယင်းမှာ ခင်မင်ရင်းနှီးမှုနှင့် ငြိမ်းချမ်းမှု၊ မေတ္တာနှင့် သည်းခံခြင်း၊ ပျော်ရွှင်မှုနှင့် နှစ်သိမ့်မှုတို့နှင့် ပြည့်နှက်နေသော ငြိမ်သက်အေးချမ်းသည့် နေရာတစ်ခု ဖြစ်သင့်သည်ဟု ထင်ကြသည်။ ၎င်းတို့က ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များကဲ့သို့သော ပုဂ္ဂိုလ်များသည် အသင်းတော်၌ မည်သည့်အခါမျှ မပေါ်ပေါက်သင့်ဟုလည်းကောင်း၊ ဆိုးယုတ်သောလူများ မကောင်းမှုပြုသည့် ဖြစ်စဉ်များ မရှိသင့်ဟုလည်းကောင်း ယုံကြည်ကြသည်။ ပြီးလျှင် ၎င်းတို့က ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် အသင်းတော်၌ သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်သည့် ဖြစ်စဉ်များ မရှိသင့်သည်မှာ အမှန်ပင်ဖြစ်ပြီး မည်သည့်အမျိုးအစားမဆိုဖြစ်သော ဥပဒေမဲ့သောလူများ သို့မဟုတ် ဥပဒေမဲ့သောအရာများ၊ သို့မဟုတ် လူ့အလို၊ လူ့ခံစားချက်များနှင့် လူ့သဘာဝတို့နှင့် မကိုက်ညီသော အရာများ သာ၍ပင် မရှိနေသင့်ဟု ထင်ကြသည်။ ၎င်းတို့က အသင်းတော်၌ အရာအားလုံးသည် အလွန်ငြိမ်းချမ်း၊ အေးချမ်း၊ သာယာ၊ အပြုသဘောဆောင်၊ အကောင်းမြင်ပြီး တက်ကြွနေသင့်သည်ဟုလည်းကောင်း၊ လူ့သဘာဝ၏ လိုအပ်ချက်များနှင့် မကိုက်ညီသော တိုက်ခိုက်ခြင်းများ သို့မဟုတ် စက်ဆုပ်ဖွယ်ရာများ သို့မဟုတ် အကျည်းတန်သော အရာများပင် မရှိသင့်ဟုလည်းကောင်း ယုံကြည်ကြသည်။ ဤအရာအားလုံးသည် လူတို့၏ အယူအဆများ ဖြစ်ကြသည်။ သို့သော် အဖြစ်မှန်များသည် လူတို့၏ အယူအဆများနှင့် စိတ်ကူးများနှင့် မကိုက်ညီပေ။ ကာလ သို့မဟုတ် အလုပ်အဆင့် မည်သို့ပင်ဖြစ်စေ၊ အသင်းတော်၌ အချို့သော ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့က အသင်းတော်၏အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်ကာ ဘုရားအိမ်တော်အလုပ်၏ ကဏ္ဍအချို့ကို ဖြိုဖျက်ခြင်းခံရစေပြီး အသင်းတော်အလုပ်၏ စနစ်တကျရှိမှုကို ဖရိုဖရဲဖြစ်စေ၍ နှောင့်ယှက်ခြင်းခံရစေသည့် ဖြစ်ရပ်များနှင့် အခြားထိုသို့သောအရာများ အမြဲတစေ ဖြစ်ပေါ်လျက်ရှိသည်။ ဤအရာများ ဖြစ်ပျက်သောအခါ လူတို့သည် ယင်းမှာ စဉ်းစား၍မရနိုင်ဟု ခံစားရပြီး ၎င်းတို့၏ စိတ်နှလုံးများသည် အကူအညီမဲ့ခြင်း၊ သဘောပေါက်နားမလည်နိုင်ခြင်းနှင့် စိတ်ရှုပ်ထွေးခြင်းတို့နှင့် ပြည့်နှက်နေကာ ၎င်းတို့က “ဘုရားသခင် အမှန်တကယ် တည်ရှိသလော။ ဘုရားသခင်သည် လူသားမျိုးနွယ်အပေါ် အချုပ်အခြာအာဏာကို မည်သို့ကိုင်စွဲပြီး သူ၏အသင်းတော်၊ သူ၏ အိမ်တော်ကို မည်သို့အုပ်စိုးသနည်း။ ဘုရားသခင်သည် ဤအရာကို အမှန်တကယ် အရေးစိုက်သလော၊ သို့မဟုတ် မစိုက်သလော။ ဘုရားသခင် အဘယ်မှာရှိသနည်း။ ဤဥပဒေမဲ့သောအရာများ ဖြစ်ပျက်သည့်အခါနှင့် ဆိုးယုတ်သောလူများ ပေါ်ပေါက်ပြီး နှောင့်ယှက်မှုတစ်ခုကို ဖြစ်ပေါ်စေသည့်အခါ အဘယ်ကြောင့် မည်သူမျှ ၎င်းတို့ကို တားဆီးရန် ရှေ့မထွက်လာဘဲ ဘုရားသခင်သည်လည်း ရှေ့ထွက်ပြီး ၎င်းတို့ကို တားဆီးခြင်း မရှိသနည်း။ ဤနေရာတွင် အတိအကျ မည်သို့ဖြစ်ပျက်နေသနည်း။ အသင်းတော်သည် ဘုရားအိမ်တော် မဟုတ်လော။ ဘုရားသခင်နောက် လိုက်သောသူများသည် သူ၏ ရွေးချယ်ထားသောလူများ မဟုတ်လော။ အဘယ်ကြောင့် ဘုရားသခင်သည် သူ၏အိမ်တော်ကို မစောင့်ကြည့် သို့မဟုတ် မကာကွယ်သနည်း။ အဘယ်ကြောင့် ဘုရားသခင်သည် သူ၏ ရွေးချယ်ထားသောလူများက ပိုးအိမ်တစ်ခုထဲတွင်၊ ခိုလှုံရာတစ်ခုထဲတွင် ငြိမ်းချမ်းစွာ နေထိုင်နိုင်ရန် မကာကွယ်သနည်း” ဟု တွေးမိကြသည်။ လူတို့၌ရှိသော ဤသံသယများနှင့် ဤနားမလည်နိုင်ခြင်းသည် လူတို့၏ အမျိုးမျိုးသော အယူအဆများကြောင့် ဖြစ်ပေါ်လာသည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဤအယူအဆများသည် အဓိကအားဖြင့် အဘယ်အရာနှင့်ပတ်သက်သနည်း။ ယင်းတို့သည် ဘုရားသခင်၏အလုပ်နှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့်ပတ်သက်သည် မဟုတ်လော။ ဆိုးယုတ်သောလူများ မကောင်းမှုပြုခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်ပေါ်စေခြင်းကဲ့သို့သော ကိစ္စရပ်များ အသင်းတော်၌ ဖြစ်ပျက်သောကြောင့်လည်းကောင်း၊ လူတို့သည် ဤကိစ္စရပ်များကို နားမလည်သောကြောင့်လည်းကောင်း ဤကိစ္စရပ်များ၏ ဇာစ်မြစ်များနှင့် ၎င်းတို့၏ အဆုံးသတ်ရလဒ်မှာ အဘယ်အရာဖြစ်မည်ကို ၎င်းတို့ ထွင်းဖောက်မြင်နိုင်ရန် ခက်ခဲသည်။ လူတို့သည် ဤအရာများကို ထွင်းဖောက်မမြင်နိုင်သောကြောင့် ၎င်းတို့သည် အတွေးအခေါ်အမျိုးမျိုး၊ ဘုရားသခင်နှင့်ပတ်သက်သော အယူအဆများကို ဖြစ်ပေါ်စေသည်။ အချို့လူများက “ဘုရားအိမ်တော်သည် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များအပေါ် မေတ္တာပြသင့်သည်။ ဘုရားအိမ်တော်က ၎င်းတို့အား မေတ္တာမပြပါက ယင်းမှာ လူ့အဖွဲ့အစည်းနှင့် တူညီမည် မဟုတ်လော။ လူ့အဖွဲ့အစည်းတွင် လူတစ်စုက အခြားလူတစ်စုကို အစဉ်သဖြင့် ညှဉ်းပန်းနှိပ်စက်နေကြပြီး အားလုံးမှာ အာဏာနှင့် ဩဇာအတွက် ယှဉ်ပြိုင်ခြင်းငှာ ဖြစ်သည်။ ဆိုးယုတ်သောလူများကို ရှင်းလင်းပစ်ပြီး နှင်ထုတ်ခြင်းအားဖြင့် ဘုရားအိမ်တော်သည်လည်း အလားတူ လူတို့ကို ညှဉ်းပန်းနှိပ်စက်နေသည် မဟုတ်လော။ ဘုရားအိမ်တော်၌ နေထိုင်ခြင်းသည် ထင်သလောက် လုံခြုံခြင်း မရှိပါတကား။ သင်သည် မည်သည့် လှုပ်ခတ်မှုများသော အခြေအနေများကိုမဆို အမှန်တကယ် ကြုံတွေ့ရပါက သင်သည် မတရားပြုခံရပြီး ရှင်းလင်းပစ်ခြင်းခံရနိုင်ကာ သင့်အတွက် မည်သူမျှ အပြစ်ကင်းစင်ကြောင်း သက်သေပြလိမ့်မည်မဟုတ်ပေ။ ဘုရားသခင် အတိအကျ အဘယ်မှာရှိသနည်း။ အဘယ်ကြောင့် ဘုရားသခင်သည် ထွက်လာပြီး တစ်စုံတစ်ခုကို မပြောဆို သို့မဟုတ် မလုပ်ဆောင်သနည်း။ ကျွန်ုပ်တို့အား သင်၏ တည်ရှိမှုကို မြင်တွေ့ခွင့်ပေးပါ၊ ကျွန်ုပ်တို့အား သင်၏ အနန္တတန်ခိုးကို မြင်တွေ့ခွင့်ပေးပါ၊ ကျွန်ုပ်တို့အား သင်၏ အချုပ်အခြာအာဏာကို ကိုယ်မျက်စိဖြင့် မြင်တွေ့ခွင့်ပေးပါ၊ ထိုနည်းဖြင့် ကျွန်ုပ်တို့ စိတ်သက်သာရာရမည် မဟုတ်လော” ဟု ထင်ကြသည်။ အသင်းတော်၌ လူတို့သည် ၎င်းတို့ နားမလည်နိုင်ဟု မြင်သော ဖြစ်ရပ်အချို့ကို ကြုံတွေ့ရသည့်အခါတိုင်း၊ ၎င်းတို့ထဲမှ အချို့တွင် စိတ်မသက်မသာဖြစ်မှုနှင့် သံသယကဲ့သို့သော ခံစားချက်များ ဖြစ်ပေါ်လာပြီး အချို့က ဤဖြစ်ရပ်များကို ရှောင်ပင် ရှောင်ရှားလိုကြကာ အခြားသူများက အပျက်သဘောဆောင်မှုထဲသို့ ကျရောက်သွားကြသည်၊ အထူးသဖြင့် အချို့မှာ အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းနှင့် လှည့်စားခြင်းကို ခံရပြီးနောက် မိမိတို့ကိုယ်ကို လက်လျှော့လိုက်ကြကာ အချို့မှာ အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းနှင့် အသုံးချခြင်းကို ခံရပြီး ၎င်းတို့၏ ကြံရာပါများ ဖြစ်လာပြီးနောက် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ရန် အသင်းတော်၏ သီးခြားခွဲထုတ်ထားခြင်း သို့မဟုတ် ရှင်းလင်းပစ်ခြင်းကိုပင် ခံကြရသည်။ ဤအရာအားလုံးကို နားမလည်နိုင်ဟု မြင်လာသည့် တစ်ချိန်တည်းမှာပင် လူတို့သည် ဘုရားသခင်၏ တည်ရှိမှုကိုလည်း သံသယဝင်လာကြသည်။ အကြောင်းမှာ လူများစွာတို့၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်း၏ အဓိကရင်းမြစ်မှာ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ်၊ အရာအားလုံးအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟူသော ၎င်းတို့၏ ယုံကြည်ချက်ကြောင့် ဖြစ်သည်။ ဆိုလိုသည်မှာ လူများစွာတို့သည် ဘုရားသခင်က အရာအားလုံးအပေါ်၊ အရာခပ်သိမ်းအပေါ်နှင့် လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာကိုင်စွဲနိုင်သည်ဟု ယုံကြည်ကြပြီး သို့ဖြစ်၍ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကိုလည်းကောင်း၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကိုလည်းကောင်း ယုံကြည်ကြသည်။ သို့သော် ၎င်းတို့ပတ်ဝန်းကျင်၌ ဖြစ်ပျက်နေသော ဤအရာများက ၎င်းတို့အား ဘုရားသခင်၏ အချုပ်အခြာအာဏာအပေါ် ၎င်းတို့၏ ယုံကြည်ချက်ကို သံသယဝင်စေပြီး ယိမ်းယိုင်စေကာ ထို့နောက် ၎င်းတို့သည် ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟူသောအချက်ကို သံသယဝင်လာကြပြီး ၎င်းတို့၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းသည်လည်း နောက်ဆက်တွဲအဖြစ် စတင်ယိမ်းယိုင်လာသဖြင့် ဤပြဿနာတသီတတန်းကြီး ဖြစ်ပေါ်လာသည်။ လူတို့၌ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့်ပတ်သက်၍ အယူအဆများနှင့် စိတ်ကူးများ အမျိုးမျိုးရှိကြပြီး ဤအယူအဆများနှင့် စိတ်ကူးများသည် သမ္မာတရား သို့မဟုတ် အဖြစ်မှန်များနှင့် လုံးဝမကိုက်ညီဘဲ ထိုအစား ယင်းတို့သည် လူတို့၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အနက်ဖွင့်ဆိုချက်များ သို့မဟုတ် နားလည်မှုလွဲမှားခြင်းများ ဖြစ်ကြသည်။ သို့ဖြစ်၍ ဆက်လက်၍ ငါတို့သည် ဘုရားသခင်က သင် မြင်နိုင်ပြီး ခံစားနိုင်သော သင်၏အနီးအနားရှိ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအားလုံးအပေါ် မည်သို့ အချုပ်အခြာအာဏာကိုင်စွဲသည်ကိုလည်းကောင်း၊ ဤအရာအားလုံးအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာအတွက် စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ သူ အောင်မြင်ရန် ရည်ရွယ်သည့် ရည်ရွယ်ချက်မှာ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း မိတ်သဟာယဖွဲ့ကြမည်။

အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့်သက်ဆိုင်သော စည်းမျဉ်းများနှင့် ရည်ရွယ်ချက်

“ဘုရားသခင်၏ အချုပ်အခြာအာဏာ” ဟူသော ဝေါဟာရသည် အလွန်ကျယ်ပြန့်သော အကြောင်းအရာများကို လွှမ်းခြုံသည်။ ပိုမိုကျယ်ပြန့်သော ပတ်ဝန်းကျင်ကို ဘေးဖယ်ထားလျှင် အသင်းတော်နှင့် ပတ်သက်လာသောအခါ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟူသောအချက်မှာ စစ်မှန်သည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာသည် အနှစ်သာရ မရှိသော စကားစုတစ်ခုမဟုတ်သကဲ့သို့ ဖြစ်စဉ်တစ်ခုမျှသာလည်း မဟုတ်ဘဲ ထိုအစား ယင်း၏ အမှန်တကယ်ဖြစ်သော ဥပမာများနှင့် အမှန်တကယ် ဖြစ်သော ရလဒ်များ ရှိနေသည်။ သို့ဆိုလျှင် အသင်းတော်၌ ဘုရားသခင်၏ အချုပ်အခြာအာဏာ၏ စည်းမျဉ်းများမှာ အဘယ်အရာများ ဖြစ်သနည်း။ ငါတို့သည် ဤအရာကို ဦးစွာ စဉ်းစားကြစို့။ ဘုရားသခင်သည် မည်သည့်လူများကို အသင်းတော်ထဲသို့ လက်ခံသည်ကို အချုပ်အခြာအာဏာကိုင်စွဲပြီး စီစဉ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ အနှစ်သာရ မရှိခြင်း မဟုတ်ပေ။ ဘုရားသခင်၏ ဧဝံဂေလိတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် မည်သည့်လူများထံသို့ ရောက်ရှိသည်၊ မည်သည့်လူများသည် ဘုရားသခင်၏အလုပ်ကို လက်ခံနိုင်စွမ်းရှိသည်၊ မည်သည့်လူများသည် အသင်းတော်ထဲသို့ ဝင်ရောက်နိုင်သည်။ ဤအရာအားလုံးကို ဘုရားသခင်က အမိန့်ဖြင့်ပြဋ္ဌာန်းသည်။ ယခုလောလောဆယ်၊ ငါတို့သည် ဤလူများ၏ လူ့သဘာဝအကြောင်းနှင့် ၎င်းတို့သည် ဆိုးယုတ်သောလူများ ဟုတ်မဟုတ်ကို မပြောကြစို့၊ ၎င်းတို့သည် အသင်းတော်ထဲသို့ ဝင်ရောက်နိုင်စွမ်း ရှိသည်ဟူသောအချက်က ဘုရားသခင်သည် ဤအရာကို အမိန့်ဖြင့်ပြဋ္ဌာန်းသည်ဟု ဆိုလိုသည်။ ဘုရားသခင်၏ အမိန့်ဖြင့်ပြဋ္ဌာန်းခြင်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာ၏ ကဏ္ဍတစ်ခုလော။ (ဟုတ်ပါသည်။) ဦးစွာပထမအနေဖြင့် ငါတို့ သေချာနိုင်သည့်အရာတစ်ခုရှိသည်၊ ယင်းမှာ လူတိုင်း အသင်းတော်ထဲသို့ ဝင်ရောက်ခြင်းကို ဘုရားသခင်က အမိန့်ဖြင့်ပြဋ္ဌာန်းသည်ဟူ၍ ဖြစ်သည်။ “ဘုရားသခင်၏ အမိန့်ဖြင့်ပြဋ္ဌာန်းခြင်း” ဟူသော ဝေါဟာရသည် အနည်းငယ် သဘောတရားဆန်သည်ဟု ထင်ရသောကြောင့် “ဘုရားသခင်က အဆုံးအဖြတ်ပေးသည်၊ ဘုရားသခင်က တံခါးကို စောင့်ကြပ်သည်” ဟုသာ ဆိုကြစို့။ ဘုရားသခင်သည် နိုင်ငံတော်၏ တံခါးဖြစ်ပြီး အသင်းတော်၏ တံခါးလည်း ဖြစ်သည်။ မည်သို့သော လူစားမျိုးသည် အသင်းတော်၏၊ ဘုရားအိမ်တော်၏ အဖွဲ့ဝင်များအဖြစ် တရားဝင် ဖြစ်လာနိုင်သည်နှင့်ပတ်သက်လာလျှင် ဘုရားသခင်က တံခါးကို စောင့်ကြပ်သည်။ ၎င်းတို့သည် အသင်းတော်ထဲသို့ ဝင်ရောက်လာခဲ့သော မယုံကြည်သူများ သို့မဟုတ် ဆိုးယုတ်သောလူများ ဖြစ်စေ၊ ဘုရားသခင်ကို ယုံကြည်ရန် စိတ်ဝင်စားသော သို့မဟုတ် သမ္မာတရားကို လက်ခံပြီး ဘုရားသခင်နောက် လိုက်နိုင်စွမ်းရှိသော လူကောင်းများ ဖြစ်စေ ၎င်းတို့သည် အသင်းတော်သို့ ဝင်ရောက်ပြီး အသင်းတော်၏ အဖွဲ့ဝင်များ ဖြစ်လာပါက ဤသည်မှာ မည်သည့်လူကမျှ ဆုံးဖြတ်နိုင်သည့်အရာမဟုတ်ဘဲ ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ စီစဉ်မှုများနှင့် အမိန့်ဖြင့်ပြဋ္ဌာန်းခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် အချို့သော မသမာသော ရည်ရွယ်ချက်များ သို့မဟုတ် ပန်းတိုင်များကို စိတ်ထဲထားရှိသည်ဖြစ်စေ၊ ၎င်းတို့၏ လူ့သဘာဝသည် မည်သို့ရှိသည်ဖြစ်စေ၊ ၎င်းတို့၏ ပညာရေးအဆင့်နှင့် လူမှုရေးနောက်ခံသည် မည်သို့ရှိသည်ဖြစ်စေ ၎င်းတို့သည် အသင်းတော်သို့ ဝင်ရောက်ပြီး သူ၏ရှေ့မှောက်သို့ လာရောက်နိုင်သည်ကို ဆုံးဖြတ်သူမှာ ဘုရားသခင်ဖြစ်သည်။ တံခါးကို စောင့်ကြပ်သူမှာ ဘုရားသခင် ဖြစ်သည်။ လူတို့သည် တံခါးကို ကောင်းစွာ စောင့်ကြပ်နိုင်သလော။ (မစောင့်ကြပ်နိုင်ပါ။) လူတို့သည် ဤကိစ္စကို မဆုံးဖြတ်နိုင်ပေ၊ ယင်းမှာ လူတို့၏ အလိုဆန္ဒအပေါ် မူမတည်ပေ။ ဥပမာအားဖြင့် သင်က တစ်စုံတစ်ဦးသည် ပါးနပ်ပြီး လူ့အဖွဲ့အစည်း၌ အဆင့်အတန်းရှိသည်ကို မြင်သောအခါ “ဤလူသည် ဘုရားအိမ်တော်သို့ အသင်းတော် ခေါင်းဆောင်တစ်ဦးအဖြစ် လာရောက်နိုင်လျှင် ကောင်းမည်။ ငါတို့အသင်းတော်၌ ထိုသို့သောလူများ လိုအပ်သည်” ဟု ထင်ပေမည်။ သို့သော် ဘုရားသခင်သည် ၎င်းတို့ကို အလိုမရှိပေ၊ သူသည် ၎င်းတို့ကို မနှိုးဆော်ပေ။ အခြားလူများက ၎င်းတို့အား ဧဝံဂေလိတရားကို ဟောပြောပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယဖွဲ့သောအခါ ၎င်းတို့သည် ကြားရသည့်အရာကို နားမလည်ကြပေ။ ၎င်းတို့သည် အခြားမည်သည့်အရာကိုမဆို နားထောင်သောအခါ နားလည်နိုင်စွမ်းရှိသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားသောအခါမှသာ ၎င်းတို့ နားမလည်နိုင်ဘဲ ငတုံးများကဲ့သို့ ဖြစ်နေသည်။ ထိုသို့သောလူများသည် အသင်းတော်ထဲသို့ ဝင်ရောက်နိုင်သေးသလော။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရှိရန် စိတ်ဝင်စားသော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားဆိုင်ရာ မိတ်သဟာယဖွဲ့ခြင်းကို နားထောင်သောအခါ မိမိတို့၏ စိတ်နှလုံးများကို မငြိမ်သက်စေနိုင်ဘဲ ငြိမ်ငြိမ်မထိုင်နိုင်ကြပေ၊ တရားဒေသနာ နှစ်ပုဒ် သို့မဟုတ် သုံးပုဒ်ကို နားထောင်ပြီးနောက် ၎င်းတို့ မလာတော့ပေ။ ထိုသို့သောလူများ၌ စစ်မှန်သော ယုံကြည်ခြင်းမရှိပေ၊ သို့ဖြစ်လျှင် ၎င်းတို့အပေါ် သင်၏ ကောင်းမွန်သော ရည်ရွယ်ချက်များသည် အကျိုးသက်ရောက်မှုတစ်ခုခု ရှိမည်လော။ သင်သည် ၎င်းတို့ကို အသင်းတော်ထဲသို့ ခေါ်ဆောင်လာနိုင်မည်လော။ မခေါ်ဆောင်နိုင်ပေ။ ထိုအရာကို ဘုရားသခင်က အဆုံးအဖြတ် ပေးပိုင်ခွင့်ရှိသည်။ ဘုရားသခင်က သူသည် ထိုသို့သောလူများကို အလိုမရှိဟု ဆိုပြီး ယင်းမှာ အစေခံခြင်းအတွက်ဖြစ်စေ၊ အခန်းကဏ္ဍတစ်ခုခုမှ ပါဝင်ရန်အတွက်ဖြစ်စေ သူသည် ၎င်းတို့ကို အလိုမရှိပေ။ သို့ဖြစ်၍ သင်သည် စေတနာကောင်းများဖြင့် ၎င်းတို့ကို အတင်းဆွဲခေါ်လျှင်ပင် အချည်းနှီးဖြစ်ပြီး အဆုံးတွင် ၎င်းတို့သည် ထွက်ခွာသွားရမည်သာ ဖြစ်သည်။ ၎င်းတို့သည် အသင်းတော်၏ အဖွဲ့ဝင်များ ဖြစ်လာရန် မဖြစ်နိုင်ပေ၊ မည်သူက ၎င်းတို့ကို ဆွဲခေါ်သည်ဖြစ်စေ အချည်းနှီးဖြစ်မည်။ ဤသည်မှာ လူတို့က မဆုံးဖြတ်နိုင်သော ကိစ္စရပ်တစ်ခုဖြစ်သည်၊ ယင်းကို ဘုရားသခင်က အမိန့်ဖြင့်ပြဋ္ဌာန်းပြီး ဘုရားသခင်က တံခါးကို စောင့်ကြပ်သည်။ အချို့လူများ၌ လူမှုရေးအဆင့်အတန်းမရှိ၊ ၎င်းတို့သည် အရေးပါသော ပုဂ္ဂိုလ်များမဟုတ်ဘဲ သာမန်အစွမ်းအစရှိပြီး ထူးမခြားနားသော ရုပ်ရည်ရှိသော်လည်း ၎င်းတို့သည် အတော်လေး ရိုးစင်းပြီး ပွင့်လင်းကာ ဘုရားသခင်ကို ယုံကြည်ခြင်းကိစ္စရပ်များ၌ စိတ်ဝင်စားကြသည်။ ၎င်းတို့၌ မည်သည့်အခက်အခဲများ ရှိသည်ဖြစ်စေ ၎င်းတို့သည် ဘုရားသခင်နှင့် ခွဲခွာ၍မရနိုင်ဘဲ ၎င်းတို့၏ စိတ်အားထက်သန်မှုသည် အလွန်ကြီးမားသည်။ ဤစိတ်အားထက်သန်သော စွမ်းအင်သည် ညီအစ်ကိုမောင်နှမများ မြင်တွေ့ရသည်ကို ပျော်ရွှင်စေသည့်အရာဖြစ်ပြီး ဘုရားသခင်သည်လည်း ယင်းကို မြင်တွေ့ရသည်ကို နှစ်သက်တော်မူသည်။ အမှန်တကယ်တွင် ၎င်းတို့သည် ဘုရားသခင်၏ ဝိညာဉ်တော်၏ နှိုးဆော်ခြင်းကို ခံရသောကြောင့် ဤမျှ စိတ်အားထက်သန်ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် အသင်းတော်ထဲသို့ ဝင်ရောက်ပြီး အသင်းတော်ရှိ လူများသည် လူကောင်းများ ဖြစ်ကြသည်ကိုလည်းကောင်း၊ နေ့စဉ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့နေကြသည်ကိုလည်းကောင်း မြင်တွေ့ပြီးနောက် ၎င်းတို့သည် ဤအရာကြောင့် အလွန်အားတက်လာပြီး ဤသည်မှာ အသက်တာ၏ မှန်ကန်သောလမ်းခရီးဖြစ်သည်ဟု ခံစားရသောကြောင့် ၎င်းတို့သည် ဧဝံဂေလိတရားကို စတင်ဟောပြောပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်ကာ ဘုရားသခင်နောက် လိုက်သောသူများ ဖြစ်လာကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်နိုင်သည်ကို မည်သူက ဆုံးဖြတ်သနည်း။ (ဘုရားသခင်က ဆုံးဖြတ်ပါသည်။) ဆုံးဖြတ်သူမှာ ဘုရားသခင် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်က ၎င်းတို့အား အသင်းတော်ထဲသို့ ဝင်ရောက်ရန် ခွင့်ပြုသောကြောင့်သာ ဘုရားသခင်ကို ယုံကြည်နိုင်ကြသည်။ ဘုရားသခင်က အလုပ်မလုပ်ဘဲ ၎င်းတို့ကို မနှိုးဆော်ခဲ့ပါက ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်နိုင်မည်မဟုတ်ဘဲ ၎င်းတို့သည် အသင်းတော်ထဲသို့ အတင်းအကျပ် ဆွဲခေါ်ခြင်းခံခဲ့ရပါက ၎င်းတို့သည် အနှေးနှင့်အမြန်ဆိုသလို ထွက်ခွာသွားရမည်သာ ဖြစ်သည်။ လူတို့၌ သမ္မာတရားကို လက်ခံရန်အတွက် ၎င်းတို့၏ ပင်ကိုယ်အရည်အသွေးများအတွင်း၌ စွမ်းရည်မရှိပေ၊ ၎င်းတို့သည် သမ္မာတရားကို ချစ်မြတ်နိုးပြီး သမ္မာတရားကို လက်ခံနိုင်သည်ဟူသောအချက်က ဘုရားသခင်သည် ၎င်းတို့အပေါ် အလုပ်လုပ်ကြောင်း သက်သေပြသည်။ ဘုရားသခင်က ၎င်းတို့အပေါ် အလုပ်လုပ်ပါက ၎င်းတို့သည် အသင်းတော်၏ အဖွဲ့ဝင်များ ဖြစ်လာနိုင်သည်။ ဤသည်မှာ လူအမျိုးမျိုး အသင်းတော်ထဲသို့ ဝင်ရောက်ရန်အတွက် ကြိုတင်လိုအပ်ချက်ဖြစ်ပြီး ထိုကြိုတင်လိုအပ်ချက်မှာ ဘုရားသခင်က ၎င်းတို့ကို အလိုရှိခြင်း ဖြစ်သည်။ ၎င်းတို့သည် အသင်းတော်၌ မည်သည့်အခန်းကဏ္ဍမှ ပါဝင်သည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ဘုရားသခင်သည် သူ၏အိမ်တော်၏ တံခါးကို စောင့်ကြပ်သည်။ သူက ၎င်းတို့ကို ဝင်ခွင့်မပြုပါက ၎င်းတို့သည် တံခါးအပြင်ဘက်တွင် ရှိနေသည်၊ သူက ၎င်းတို့ကို ဝင်ခွင့်ပြုပါက ၎င်းတို့သည် တံခါးအတွင်းဘက်တွင် ရှိနေသည်။ ထို့ကြောင့် အသင်းတော်၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာခြင်းသည် ထိုမျှ ရိုးရှင်းသော ကိစ္စရပ်တစ်ခု မဟုတ်ပေ။ လူများကို လက်ခံရန် ဘုရားသခင်အတွက် အခြေခံအဖြစ် အသုံးပြုသည့် စည်းမျဉ်းများနှင့် ပတ်သက်လာလျှင် ဘုရားသခင်၌ သူ၏ ကိုယ်ပိုင်စည်းမျဉ်းများ ရှိသည်မှာ အမှန်ပင်ဖြစ်သည်။ ငါတို့သည် ဘုရားသခင်က မည်သို့သောလူကို အလိုရှိသည်နှင့် မည်သို့သောလူကို အလိုမရှိသည်ကို မိတ်သဟာယဖွဲ့မည်မဟုတ်ပေ။ ယင်းမှာ အလွန်ရှုပ်ထွေးသည်။ အဘယ်ကြောင့် ယင်းမှာ ရှုပ်ထွေးသည်ဟု ငါ ဆိုရသနည်း။ ဘုရားသခင်၌ မည်သူက အသင်းတော်သို့ ဝင်ရောက်သည်၊ မည်သည့်ကာလအတွင်း ၎င်းတို့ မည်သည့်အခန်းကဏ္ဍမှ ပါဝင်သည်၊ မည်သည့်ကာလအတွင်း ၎င်းတို့ မည်သည့်တာဝန်ကို ထမ်းဆောင်သည် သို့မဟုတ် မည်သည့်အရေးကြီးသော အလုပ်ကို တာဝန်ယူသည်၊ မည်သည့်ကာလ၌ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်လိုအပ်ချက်များနှင့် ၎င်း၏ ဝန်ထမ်းလိုအပ်ချက်များနှင့် ကိုက်ညီသည်တို့အတွက် အစီအစဉ်တစ်ခု ရှိသည်။ ဘုရားသခင်သည် ပစ္စုပ္ပန်အခိုက်အတန့်၌သာ လုပ်ဆောင်ခြင်းထက်၊ မဟာအမြင်နှင့် အလုံးစုံအဆင့်တွင် ထိန်းညှိပြီး ထိန်းချုပ်သည်။ ဤသည်မှာ အလွန်ရှုပ်ထွေးသော ကိစ္စရပ်တစ်ခုဖြစ်ပြီး စကားအနည်းငယ်ဖြင့် ရှင်းလင်းစွာ ရှင်းပြ၍မရနိုင်သောကြောင့် ငါတို့သည် အသေးစိတ်ကို ပြောမည်မဟုတ်ပေ။ အတိုချုပ်အားဖြင့် လူတစ်ဦးသည် ဘုရားအိမ်တော်၏ တံခါးသို့ ဝင်ရောက်နိုင်ခြင်း ရှိမရှိကို မည်သည့်လူကမျှ မဆုံးဖြတ်နိုင်ပေ၊ ဘုရားသခင်သည် ဤအရာအပေါ် အချုပ်အခြာအာဏာကိုင်စွဲပြီး ဤအရာကို စီစဉ်သည်။ ဘုရားအိမ်တော်သို့ ဝင်ရောက်ပြီးနောက် လူအမျိုးမျိုးသည် တာဝန်အမျိုးမျိုးကို ထမ်းဆောင်ကြပြီး အခန်းကဏ္ဍအမျိုးမျိုးမှ ပါဝင်ကာ လမ်းကြောင်းအမျိုးမျိုးကို လျှောက်လှမ်းကြသည်။ ဤအမျိုးမျိုးသော လူစားမျိုးအားလုံး၌ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ အပြုသဘောဆောင်သည်ဖြစ်စေ၊ အပျက်သဘောဆောင်သည်ဖြစ်စေ၊ တက်ကြွသည်ဖြစ်စေ၊ မတက်ကြွသည်ဖြစ်စေ အမျိုးမျိုးသော မတူညီသည့် သရုပ်သကန်များ ရှိကြသည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အုပ်ချုပ်မှုအောက်တွင် ရှိလေသည်။

ဘုရားသခင်၏ အချုပ်အခြာအာဏာဟူသည်မှာ အရာခပ်သိမ်းသည် သူ၏ အုပ်စိုးမှုအောက်တွင် ယင်းတို့၏ သဘာဝအတိုင်း ဖြစ်ပေါ်လာပြီး ဖြစ်ပျက်ခြင်းကို ဆိုလိုသည်။ မည်သည့်ဖြစ်ရပ်မျှ တိုက်ဆိုင်မှုအားဖြင့် ဖြစ်ပေါ်ခြင်းမရှိသကဲ့သို့ မည်သည့်ဖြစ်ရပ်မဆို ကြုံတွေ့ရသော တိုးတက်မှုများနှင့် အပြောင်းအလဲများကို မည်သည့်လူတစ်ဦးတစ်ယောက်ကမျှ စတင်ခြင်း သို့မဟုတ် ဆုံးဖြတ်ခြင်း မဟုတ်ပေ၊ ဘုရားသခင်သည် ဤအရာအားလုံးအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားသည်။ အမှန်ပင်၊ ဖြစ်ရပ်တစ်ခုတလေ၏ နောက်ဆုံးရလဒ်နှင့် သတ်မှတ်ချက်သည်လည်း ထိုဖြစ်ရပ်အမျိုးအစား၏ အနှစ်သာရနှင့် ယင်းတွင် ပါဝင်ပတ်သက်သော လူအမျိုးအစားများ၏ အနှစ်သာရအပေါ် အခြေခံပြီး ထိုဖြစ်ရပ်ကို သတ်မှတ်ရန်အတွက် အခြေခံမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင် သတ်မှတ်ထားသော စည်းမျဉ်းများ လုံးလုံးဖြစ်ပေသည်။ မည်သည့်ဖြစ်ရပ်အမျိုးအစားမျှ တိုက်ဆိုင်မှုအားဖြင့် ဖြစ်ပေါ်ခြင်းမရှိသကဲ့သို့ မည်သည့်ဖြစ်ရပ်အမျိုးအစား၏ နောက်ဆုံးအကျိုးဆက်ကိုမျှ လူတို့က ဆုံးဖြတ်ခြင်းမဟုတ်ပေ။ စင်စစ်အားဖြင့် ဖြစ်ပျက်သည့် မည်သည့်ဖြစ်ရပ်အမျိုးအစား၏ အစကိုမဆို ဘုရားသခင်က စီစဉ်ပြီး ဖြစ်ပေါ်စေသည်။ ဘုရားသခင်သည် ဖြစ်ရပ်အမျိုးအစားတစ်ခုကို ဖြစ်ပေါ်စေသည့်အခါ သူသည် ယင်းတွင် ပါဝင်လုပ်ဆောင်ရန် လူအမျိုးအစားတစ်ရပ်ကို စီစဉ်ပေးပြီး ထိုလူအမျိုးအစားသည် အစေခံသူတစ်ဦး၏ သို့မဟုတ် အဖြည့်ခံတစ်ဦး၏ ကဏ္ဍမှ ပါဝင်ကောင်းပါဝင်မည်ဖြစ်ကာ ၎င်းတို့သည် အပျက်သဘောဆောင်သော ကဏ္ဍမှ ပါဝင်ကောင်းပါဝင်မည် သို့မဟုတ် အပြုသဘောဆောင်သော ကဏ္ဍမှ ပါဝင်ကောင်းပါဝင်မည် ဖြစ်သည်။ သို့သော် ၎င်းတို့သည် မည်သည့်ကဏ္ဍမှ ပါဝင်သည်ဖြစ်စေ ဤအမှုအရာအားလုံး၏ အစကို ဘုရားသခင်က စီစဉ်ခြင်း ဖြစ်သည်။ ဤကိစ္စနှင့်ပတ်သက်၍ ဘုရားသခင် စီစဉ်မှုများ ပြုလုပ်ခြင်းနှင့်ဆိုင်သော ရှင်းပြချက်နှစ်ခု ရှိသည်။ ရှင်းပြချက်တစ်ခုမှာ ဘုရားသခင်သည် အပြုသဘောဆောင်သော စီစဉ်မှုအချို့ကို ကိုယ်တိုင်ပြုလုပ်ပြီး အပြုသဘောဆောင်သော လမ်းညွှန်မှုနှင့် ကြီးကြပ်မှုအချို့ကို ပံ့ပိုးပေးကာ အပြုသဘောဆောင်သော ပုဂ္ဂိုလ်အချို့ကို ဖြစ်ရပ်တစ်ခု စတင်စေသည်၊ ဤသည်မှာ “ဘုရားသခင်၏ စီစဉ်မှုများ” နှင့်ဆိုင်သော ရှင်းပြချက်တစ်ခု ဖြစ်သည်။ နောက်ထပ် ရှင်းပြချက်တစ်ခုမှာ ဘုရားသခင်သည် အချို့သောအမှုအရာများကို လုပ်ဆောင်ရန် ဝိညာဉ်အမျိုးအစားတစ်ခုကို စေလွှတ်ပြီး စေခိုင်းခြင်း ဖြစ်သည်။ ဤအမှုအရာများသည် လူတို့၏အမြင်တွင် အပျက်သဘောဆောင်ပြီး ကောက်ကျစ်ဆိုးယုတ်သောကြောင့် ဤအပျက်သဘောဆောင်ပြီး ကောက်ကျစ်ဆိုးယုတ်သော ပုဂ္ဂိုလ်များသည် အပျက်သဘောဆောင်သော ပုဂ္ဂိုလ်များ မုချဖြစ်ကြသည်၊ ဆိုလိုသည်မှာ ဘုရားသခင်က အဖြည့်ခံများနှင့် အပျက်သဘောဆောင်သော သင်ခန်းစာများအဖြစ် သူ၏အိမ်တော်သို့ ဝင်ရောက်ရန် အစကတည်းက အမိန့်ဖြင့်ပြဋ္ဌာန်းထားသော လူအမျိုးအစားများ ဖြစ်ကြသည်။ ဘုရားသခင်သည် ၎င်းတို့အား ဤကဏ္ဍများမှ ပါဝင်စေသည်၊ အကြောင်းမှာ ၎င်းတို့၏ သဘာဝ အနှစ်သာရနှင့်ဆိုလျှင် ဤသည်တို့မှာ ၎င်းတို့ ပါဝင်ဆောင်ရွက်နိုင်သည့် တစ်ခုတည်းသော ကဏ္ဍများ ဖြစ်သောကြောင့် ဖြစ်ပြီး သူသည် ၎င်းတို့အား ၎င်းတို့၏ စိတ်တိုင်းကျ သရုပ်ဆောင်စေကာ အဖြည့်ခံများအဖြစ် ၎င်းတို့ လုပ်ဆောင်သင့်သည်ကို ၎င်းတို့၏ စိတ်တိုင်းကျ လုပ်ဆောင်စေသည်။ လုပ်ငန်းစဉ်တစ်ခုလုံးတစ်လျှောက်တွင် အပြုသဘောဆောင်သော ပုဂ္ဂိုလ်များ၏ သရုပ်သကန်များဖြစ်စေ၊ အပျက်သဘောဆောင်သော ပုဂ္ဂိုလ်များ၏ သရုပ်သကန်များဖြစ်စေ ဤအမှုအရာအားလုံးကို ချဉ်းကပ်ရာတွင်လည်းကောင်း၊ ကိုင်တွယ်ရာတွင်လည်းကောင်း ဘုရားသခင်၏ စည်းမျဉ်းမှာ ၎င်းတို့ကို ၎င်းတို့၏ သဘာဝအတိုင်း ဖြစ်စေခြင်း ဖြစ်သည်။ ဤအမှုအရာများကို ရှုမြင်ရာတွင်လည်းကောင်း၊ ကိုင်တွယ်ရာတွင်လည်းကောင်း အပြုသဘောဆောင်သော ပုဂ္ဂိုလ်များ၌ အပြုသဘောဆောင်သော ရှုမြင်ချက်အချို့၊ လူ့သဘာဝနှင့် အသိစိတ်၏ စံနှုန်းတို့နှင့် ကိုက်ညီသော ရှုမြင်ချက်အချို့ ရှိကြသည်။ ၎င်းတို့ထဲမှ အချို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအချို့ကို ထုတ်ဖော်ကြသော်လည်း၊ လူ့အကြိုက်လိုက်သူတစ်ဦးဖြစ်ခြင်း၏ သရုပ်သကန်အချို့ကို ပိုင်ဆိုင်ခြင်း သို့မဟုတ် အခြားသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအချို့ကို ထုတ်ဖော်ခြင်းတို့ ရှိကြသော်လည်း အနည်းဆုံးအနေဖြင့် ၎င်းတို့သည် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို စွဲကိုင်ကြသည်၊ ဆိုလိုသည်မှာ ၎င်းတို့သည် ကျင့်ကြံပြုမူခြင်းအတွက် အခြေခံအကျဆုံး စံသတ်မှတ်ချက်ကို စွဲကိုင်ကြသည်။ အပျက်သဘောဆောင်သော ပုဂ္ဂိုလ်များနှင့် ပတ်သက်လာလျှင်မူ ဘုရားသခင်သည် ၎င်းတို့လုပ်ဆောင်သည့် မည်သည့်အရာကိုမျှ ဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် လမ်းညွှန်ခြင်း မပြုဘဲ ၎င်းတို့ကို ၎င်းတို့၏ သဘာဝအတိုင်း လိုက်လျှောက်စေသည်။ ၎င်းတို့သည်လည်း ၎င်းတို့၏ စိတ်တိုင်းကျ သရုပ်ဆောင်ကြပြီး ၎င်းတို့၏ ရုပ်ပျက်ဆင်းပျက်ဖြစ်မှုကို ဖော်ထုတ်ကာ အချို့သောအမှုအရာများကို ၎င်းတို့၏ စိတ်တိုင်းကျ လုပ်ဆောင်ကြသည်။ ၎င်းတို့သည် ဘုရားသခင် ဖော်ထုတ်သည့် အပျက်သဘောဆောင်သော ပုဂ္ဂိုလ်များ၊ ဆိုလိုသည်မှာ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များ၏ ကဏ္ဍများမှ အောင်မြင်စွာ ပါဝင်သရုပ်ဆောင်ကြပြီး အခြားသူများကို လက်တွေ့ဘဝတွင် မည်သို့သော လူစားမျိုးများသည် နတ်ဆိုးများဖြစ်ကြောင်း၊ မည်သို့သောလူစားမျိုးများသည် ဆိုးယုတ်သောလူများ ဖြစ်ကြောင်း၊ မည်သို့သောလူစားမျိုးများသည် အန္တိခရစ်များဖြစ်ကြောင်းနှင့် ဘုရားသခင် ဖော်ထုတ်သည့် အန္တိခရစ်များ၊ ဆိုးယုတ်သောလူများ၊ စာတန်များနှင့် နတ်ဆိုးများ၏ ရုပ်ဆိုးအကျည်းတန်သော မျက်နှာများသည် အတိအကျ မည်သို့မည်ပုံ ဖြစ်ကြောင်းကို ထင်ထင်ရှားရှား မြင်တွေ့နိုင်စေသည်။ ဤအပျက်သဘောဆောင်သော ပုဂ္ဂိုလ်များကို လက်တွေ့ဘဝတွင် သက်ရှိသင်ခန်းစာများအဖြစ် အသုံးမပြုခဲ့ပါက သင်၏စိတ်ထဲတွင် နတ်ဆိုးများနှင့် စာတန်များသည် ထာဝရ မြင်တွေ့ကိုင်တွယ်၍ မရသောအရာများ ဖြစ်နေမည်ဖြစ်ပြီး ထာဝရ မှန်းဆချက်တစ်ခု သို့မဟုတ် ရုပ်ပုံတစ်ခုမျှသာ ဖြစ်နေမည်ဖြစ်သည်။ သို့သော် ယခုအခါတွင် ဤသက်ရှိသာဓကများကို သင်၏ မျက်စိရှေ့တွင် အတိအကျ ချထားပြီးဖြစ်ကာ ဤလူ့အရေခွံခြုံထားသော နတ်ဆိုးများသည် သင်၏ မျက်စိရှေ့တွင် အသက်ဝင်ထင်ရှားစွာ နေထိုင်လျက်ရှိပြီး ၎င်းတို့၏ ပြောဆိုပြုမူပုံ၊ ၎င်းတို့၏ စကားတစ်လုံးချင်းနှင့် လုပ်ရပ်တစ်ခုချင်း၊ ၎င်းတို့၏ မျက်နှာအမူအရာများနှင့် ၎င်းတို့၏ စကားပြောသံနေသံထားပင်လျှင် သင်၏အသက်တာတွင်၊ သင်၏ရှေ့မှောက်၌ အသက်ဝင်ထင်ရှားစွာ ပေါ်ပေါက်လာပြီး သင်၏စိတ်ထဲတွင် စွဲထင်သွားသည်။ ဤသည်မှာ သင့်အတွက် မကောင်းသည့်အရာ မဟုတ်ပေ။ ဤသို့သောအရာမျိုးသည် အသင်းတော်တွင် အကြိမ်ကြိမ်အခါခါ ဖြစ်ပေါ်သည်။ ပထမအကြိမ် ဖြစ်ပျက်သည့်အခါ သင်သည် စိတ်မသက်မသာခံစားရပြီး ဘုရားသခင်ထံ ဆုတောင်းရန် လိုအပ်သည်ဟု သင်ထင်သည်။ ဒုတိယအကြိမ် ဖြစ်ပျက်သည့်အခါ သင်က “ကျွန်ုပ်သည် မိမိကိုယ်ကို ကာကွယ်ရန် သမ္မာတရားကို အသုံးပြုတတ်ဖို့ သင်ယူရမည်ဖြစ်ပြီး နောက်တစ်ကြိမ် ဤသို့သောလူစားမျိုးကို ကြုံတွေ့သည့်အခါ ၎င်းတို့ကို ကျွန်ုပ် ရှောင်ရမည်” ဟု သင်တွေးတောကာ သင့်ကိုယ်သင် ကာကွယ်ရန်နှင့် ဆိုးယုတ်သောလူများထံမှ ဝေးဝေးနေရန် မည်သို့လုပ်ဆောင်ရမည်ကို သင် စတင်စဉ်းစားသည်။ တတိယအကြိမ် ဤသို့သောလူစားမျိုး ပေါ်လာသည့်အခါ သင်က “အဘယ်ကြောင့် ဤလူများသည် အဆင်းနီသော နဂါးကြီးကဲ့သို့၊ စာတန်ကဲ့သို့ တစ်ပုံစံတည်း စကားပြောကြသနည်း။ ၎င်းတို့ပြောသည့်အရာများသည် အထင်အမြင်မှားစေသောအရာများ မဟုတ်လော။ ၎င်းတို့သည် ဆိုးယုတ်သောလူများ မဟုတ်လော။ ဤသရုပ်သကန်များကို ပြသသောလူများသည် အန္တိခရစ်များဖြစ်သည်ဟု ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောထားပုံရသည်။ ကျွန်ုပ်သည် ၎င်းတို့ကို ပိုင်းခြားသိမြင်ပြီး ဖော်ထုတ်ရမည်၊ ၎င်းတို့၏ အထင်အမြင်မှားစေခြင်းကို ကျွန်ုပ် မခံနိုင်ပါ၊ ၎င်းတို့ထံမှ ကျွန်ုပ် ဝေးဝေးနေရမည်” ဟု သင် စဉ်းစားသုံးသပ်သည်။ ဤသို့သောအရာမျိုးကို အကြိမ်ကြိမ်အခါခါ တွေ့ကြုံခံစားခြင်းအားဖြင့် သင်သည် အန္တိခရစ်များ၊ ဆိုးယုတ်သောလူများ၊ စာတန်များနှင့် နတ်ဆိုးများကို ပိုင်းခြားသိမြင်ခြင်းကိုလည်းကောင်း၊ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများဟူသည် အဘယ်အရာ ဖြစ်သည်ကိုလည်းကောင်း ပို၍ရှင်းလင်းပြီး ပို၍နက်ရှိုင်းသော နားလည်မှုတစ်ခုကို ရရှိသည်။ သင်၏နားလည်မှုသည် စကားလုံးများနှင့် အယူဝါဒများတွင် ရပ်တန့်မနေတော့သကဲ့သို့ ရုပ်ပုံများတွင် သာ၍ပင် ရပ်တန့်မနေတော့ပေ။ ထိုအစား သင်သည် ဤအရာများကို လက်တွေ့ဘဝတွင် ပို၍ပို၍ ခွဲခြားသိမြင်နိုင်လာပြီး တစ်ချိန်တည်းတွင် သင်သည် ဤလူများအား သမ္မာတရားကိုအသုံးပြု၍ ရှုမြင်နိုင်လာသည့်အပြင် ဖြစ်ပျက်ခဲ့သော ဤအမှုအရာများကိုလည်း သမ္မာတရားကို အသုံးပြု၍ ဖြေရှင်းနိုင်လာသည်။ မှန်ပေသည်၊ ဤအမှုအရာများ ဖြစ်ပျက်သည့်အခါ သင်သည် ဤလူများအပေါ် အတိအကျ မည်သို့သော ရပ်တည်ချက်ကို ခံယူသင့်သည်၊ ၎င်းတို့ကို မည်သည့်ရှုထောင့်မှ ရှုမြင်သင့်သည်၊ ၎င်းတို့နှင့် မည်သို့သော ဆက်ဆံရေးမျိုးကို ထိန်းသိမ်းထားသင့်သည်တို့ကို စဉ်းစားလျက် သင်၏အမြင်များနှင့် ရပ်တည်ချက်များကိုလည်း အဆက်မပြတ် အမှားပြင်နေသည်။ သင်သည် ဤအမှုအရာများကို ရင်ဆိုင်ရသည့်အခါ ဤပြဿနာများကို အလိုအလျောက် စဉ်းစားသုံးသပ်မည်ဖြစ်ပြီး အဖြေများရှာဖွေရန်နှင့် ကောက်ချက်များချရန် သမ္မာတရားကို အဆက်မပြတ် ရှာဖွေကာ နောက်ဆုံးတွင် တစ်စုံတစ်ရာကို ရရှိမည်ဖြစ်သည်။ ဤလုပ်ငန်းစဉ်အတွင်း ဘုရားသခင် လုပ်ဆောင်သမျှမှာ လူတို့ကို သမ္မာတရားဖြင့် ပံ့ပိုးပေးပြီး ၎င်းတို့အား သမ္မာတရားကို နားလည်စေရန်ဖြစ်သည်၊ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းဖြစ်စေ၊ ၎င်းတို့အပေါ် ဖြစ်ပျက်သည့် အမှုအရာများ၌ သမ္မာတရားကို လူတို့အား နားလည်စေခြင်းဖြစ်စေ ခြုံငုံ၍ဆိုရလျှင် ဘုရားသခင်သည် ဤအခြေအနေကို အစပျိုးချိန်တွင်ပင် ဖယ်ရှားခြင်းမပြုပေ။ ဤအမှုသည် ဖြစ်ပျက်ရမည်ဖြစ်ပြီး ယင်းသည် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက် ဝင်ရောက်မှုနှင့် အသင်းတော်၏အလုပ်အတွက် အကျိုးရှိပါက ဘုရားသခင်သည် ယင်းကို လူတို့အပေါ် ဖြစ်ပျက်ခွင့်ပြုမည်ဖြစ်ပြီး သူသည် ယင်းကို တားဆီးမည်မဟုတ်ဘဲ ယင်း၏ သဘာဝအတိုင်း တိုးတက်ပြောင်းလဲစေမည်ဖြစ်သည်။ ဤနည်းလမ်းဖြင့် အလုပ်လုပ်ဆောင်ရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ တစ်ဖက်တွင် လူတို့ကို ဖယ်ရှားရှင်းလင်းရန်ဖြစ်ပြီး အခြားတစ်ဖက်တွင် လူတို့ကို စုံလင်အောင် ပြုလုပ်ပေးရန် ဖြစ်သည်။ မှန်ပေသည်၊ လူတို့ကို ဖယ်ရှားရှင်းလင်းရာတွင် အဖြည့်ခံများအဖြစ် အစေခံပြီး အစေခံခြင်းနှင့်ပင် မထိုက်တန်သူများကို မုချ ပစ်မှတ်ထားသော်လည်း လူတို့ကို စုံလင်အောင်ပြုလုပ်ရာတွင်မူ ဘုရားသခင်သည် သူရွေးချယ်ထားလူများ၊ ဆိုလိုသည်မှာ သမ္မာတရားကို လိုက်စားလိုသော ၎င်းတို့ထဲမှလူများကို ပစ်မှတ်ထားသည်။ ဤအရာ၌ နှစ်ခွသော အရေးပါမှုရှိသည်။ အရေးပါမှုတစ်ခုမှာ ၎င်းတို့ တင်ဆက်သည့် ဟန်ဆောင်လုပ်ပြခြင်းမှတစ်ဆင့် ဆိုးယုတ်သောလူများသည် ထုတ်ဖော်ခြင်း၊ ဖယ်ရှားရှင်းလင်းခြင်းနှင့် အသင်းတော်မှ ရှင်းလင်းပစ်ခြင်းတို့ကို ခံကြရခြင်းဖြစ်သည်။ အခြားတစ်ခုမှာ ဤဆိုးယုတ်သောလူများ တဖြည်းဖြည်း ဟန်ဆောင်လုပ်ပြပြီး အဖြည့်ခံများအဖြစ် အစေခံသည့် လုပ်ငန်းစဉ်တွင် ဘုရားသခင် ရွေးချယ်ထားသောလူများသည် ပိုင်းခြားသိမြင်တတ်ရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲရှိ သမ္မာတရားကို နားလည်ရန် အစွမ်းရှိလာကြခြင်း ဖြစ်သည်။ ဤနည်းလမ်းဖြင့် ဘုရားသခင်သည် သမ္မာတရားကို လူတို့ထဲသို့ လက်တွေ့ကျသော နည်းလမ်းဖြင့် အလုပ်လုပ်သွင်းပေးသည်၊ ဆိုလိုသည်မှာ ဘုရားသခင်သည် သူဖော်ထုတ်သည့် ဆိုးယုတ်သောလူအမျိုးမျိုး၊ အန္တိခရစ်များ၊ စာတန်များနှင့် နတ်ဆိုးအမျိုးမျိုးတို့၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရနှင့်ဆိုင်သော အမျိုးမျိုးသော သရုပ်သကန်အားလုံးကို လူတို့၏ လက်တွေ့ဘဝများတွင် ပြသစေပြီး ဤအရာက လူတို့ကို ကောက်ကျစ်ဆိုးယုတ်သော၊ ရုပ်ဆိုးအကျည်းတန်သော၊ အပျက်သဘောဆောင်သော ပုဂ္ဂိုလ်များ၊ ဖြစ်ရပ်များနှင့် အမှုအရာအမျိုးမျိုးတို့နှင့်ပတ်သက်၍ ရှင်းလင်းသော နားလည်မှုနှင့် အသိပညာတစ်ခု ရှိစေသည်။ ဥပမာအားဖြင့် ဆိုရလျှင် ဘုရားသခင်က “သင်သည် မီးသွေးခဲများကို သင်၏လက်များဖြင့် မထိတွေ့နိုင်၊ သင်၏လက်ချောင်းများ မီးလောင်ပြီး နာကျင်လိမ့်မည်” ဟု သင့်အား ပြောသည် ဆိုကြပါစို့။ သင်သည် မီးသွေးခဲများ မည်သို့ပုံပန်းသဏ္ဌာန်ရှိသည်ကို မသိ၊ ၎င်းတို့ကို ထိတွေ့ရခြင်းက မည်သို့ခံစားရသည်ကို သင်မသိသကဲ့သို့ ဘုရားသခင်က သင့်အား ဤသို့ပြောပြီးနောက်တွင် သင်နားလည်သည့်အရာမှာ အယူဝါဒတစ်ခု ဖြစ်သည်။ ထို့နောက် အချို့လူများက လောင်ကျွမ်းနေသော မီးသွေးခဲတစ်ခုသည် ဘောလုံးတစ်လုံး သို့မဟုတ် ရှည်လျားသော အတုံးတစ်တုံးဖြစ်သည်ဟု စိတ်ကူးကြည့်ကြသည်။ လောင်ကျွမ်းနေသော မီးသွေးခဲများ၏ အရောင်သည် မည်သို့ရှိသနည်း။ ယင်းတို့ကို ထိတွေ့ရခြင်းက မည်သို့ခံစားရသနည်း။ ယင်းတို့ကို ထိတွေ့ခြင်း၏ နာကျင်မှုသည် မည်သို့ဖြစ်မည်နည်း။ သင်မသိပေ။ လောင်ကျွမ်းနေသော မီးသွေးခဲများအပေါ် သင်၏ စိတ်ထဲတွင် စွဲမှတ်နေသောအရာမှာ သင်၏စိတ်က စိတ်ကူးနိုင်သည့်အရာ၏ ရုပ်ပုံတစ်ခုမျှသာဖြစ်ပြီး ယင်းသည် တကယ့်အရာဝတ္ထုနှင့် မည်သည့်အခါမျှ သက်ဆိုင်မည်မဟုတ်ပေ။ သို့ဖြစ်၍ တစ်နေ့တွင် ဘုရားသခင်က လောင်ကျွမ်းနေသော မီးသွေးခဲ ဗန်းတစ်ဗန်းကို ထုတ်ယူပြီး သင်၏ရှေ့တွင် ချထားသည့်အခါ သင်သည် ယင်းတို့ကို မမှတ်မိဘဲ ယင်းတို့သည် အတော်လေးပူပုံရသည်ဟု သင် ခံစားရုံသာ ခံစားရသည်။ သင်သည် ယင်းတို့ကို ထိတွေ့သည့်အခါ သင်၏လက်ချောင်းများ ပိုပူလာမည်ဟုတ်မဟုတ်ကို ကြည့်ရန် သင်၏လက်ကို ယင်းတို့ထံသို့ သတိဖြင့် လှမ်းလိုက်သည်။ ဘုရားသခင်က “သင် ထိကြည့်နိုင်သည်၊ သို့သော် ၎င်းတို့ကို အချိန်ကြာမြင့်စွာ မထိတွေ့နှင့်၊ သို့မဟုတ်ပါက ယင်းတို့သည် သင်၏အရေပြားကို မီးလောင်စေလိမ့်မည်” ဟု မိန့်တော်မူသည်။ အချို့လူများသည် မိုက်မဲကြသည်၊ ၎င်းတို့သည် လက်ငါးချောင်းလုံးကို ဆန့်ထုတ်ပြီး မီးသွေးခဲတစ်ခဲကို ဆုပ်ကိုင်လိုက်ရာ ၎င်းတို့၏ လက်တစ်ဖက်လုံး မီးလောင်ပြီး အရည်ကြည်ဖုထွက်လေသည်။ အခြားသူများမှာမူ ထက်မြက်ပြီး သတိရှိကြသည်၊ ၎င်းတို့သည် လက်တစ်ချောင်းကိုသာ ဆန့်ထုတ်ပြီး မီးသွေးခဲတစ်ခဲကို ညင်သာစွာ ထိတွေ့ကာ တစ်စက္ကန့်မပြည့်မီ ပြန်ရုတ်လိုက်ပြီး “အိုး၊ အလွန်ပင် ပူပါတကား။ တကယ်ကို အပူလောင်နေသည်” ဟု ပြောကြသည်။ သင်သည် ၎င်းကို ထိတွေ့ရန် လက်ငါးချောင်းကို အသုံးပြုသည်ဖြစ်စေ၊ လက်တစ်ချောင်းကို အသုံးပြုသည်ဖြစ်စေ မည်သို့ပင်ဖြစ်စေကာမူ သင်ထိတွေ့သည့်အရာမှာ ရုပ်ပုံ သို့မဟုတ် စကားလုံးများအစား တကယ့်အရာဝတ္ထုဖြစ်ပြီး သင်၏ ကျန်သည့်ဘဝတစ်သက်တာလုံး သင်သည် လောင်ကျွမ်းနေသော မီးသွေးခဲများကို ထိတွေ့ရသည့် ခံစားချက်နှင့် အတွေ့အကြုံကိုလည်းကောင်း၊ လောင်ကျွမ်းနေသော မီးသွေးခဲများက သင့်အတွက် မည်သည့်အရာကို ဆိုလိုသည်ကိုလည်းကောင်း မည်သည့်အခါမျှ မေ့မည်မဟုတ်ပေ။ သင်သည် လောင်ကျွမ်းနေသော မီးသွေးခဲများကို နောက်တစ်ကြိမ် မြင်တွေ့သည့်အခါ သင်သည် အခြားသူများကို “သင်သည် ယင်းတို့ကို မီးလှုံရန်၊ အဝတ်အစားများကို ခြောက်သွေ့စေရန်နှင့် ပေါင်မုန့်များကို မီးကင်ရန် အသုံးပြုနိုင်သည်၊ သို့သော် သင်သည် ယင်းတို့ကို သင်၏လက်များဖြင့် မည်သည့်အခါမျှ မထိတွေ့ရ၊ သင်ထိတွေ့ပါက မီးလောင်ပြီး အရည်ကြည်ဖုထွက်လိမ့်မည်” ဟု ပြောလိမ့်မည်။ လူများက “ကျွန်ုပ် မီးလောင်ပြီး အရည်ကြည်ဖုထွက်လျှင် မည်သည့်အရာ ဖြစ်မည်နည်း” ဟု ပြောကောင်းပြောမည်။ သင်ကလည်း “အနည်းဆုံးတော့ သင်သည် အရာဝတ္ထုများကို သင်၏လက်များဖြင့် ကိုင်နိုင်တော့မည်မဟုတ်သကဲ့သို့ သင်စားသောက်ရန်လည်း အဆင်မပြေဖြစ်မည်ဖြစ်ပြီး ကာယအလုပ်လုပ်ရန် သာ၍ပင် အဆင်မပြေဖြစ်လိမ့်မည်” ဟု ပြန်ပြောလိမ့်မည်။ ဤသည်မှာ အတွေ့အကြုံအရ ပြောခြင်းဖြစ်သည် မဟုတ်လော။ ထိုနက်ရှိုင်းသော အတွေ့အကြုံပြီးနောက်တွင် ပူလောင်သော မီးသွေးခဲများ၏ အပူလောင်သည့်ခံစားမှုသည် သင်၏ မှတ်ဉာဏ်ထဲတွင် နက်နက်ရှိုင်းရှိုင်း စွဲထင်သွားလိမ့်မည် ဖြစ်သောကြောင့် သင်သည် လောင်ကျွမ်းနေသော မီးသွေးခဲများကို နောက်တစ်ကြိမ် အလွယ်တကူ ထိတွေ့တော့မည်မဟုတ်ပေ။ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာကိုင်စွဲထားပြီး လူတို့သည် သင်ခန်းစာများ သင်ယူနိုင်ပြီး ၎င်းတို့ထံမှ အကျိုးခံစားနိုင်ရန်နှင့် သူက လူတို့အား ပံ့ပိုးပေးသော သမ္မာတရားများနှင့် နှုတ်ကပတ်တော်များကို ၎င်းတို့ထဲသို့ အမှန်တကယ် အလုပ်လုပ်သွင်းပေးနိုင်ရန်အလို့ငှာ အမှုအရာအမျိုးမျိုးကို လူတို့အပေါ် ဖြစ်ပျက်စေရန် စီစဉ်သည်၊ သို့ဖြစ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားများသည် လူတို့၏စိတ်နှလုံးထဲတွင် အယူဝါဒများ၊ ကြွေးကြော်သံများ သို့မဟုတ် စည်းမျဉ်းစည်းကမ်းများ မဟုတ်တော့ဘဲ ၎င်းတို့၏အသက်နှင့် ၎င်းတို့ ရှင်သန်ရန် မှီခိုအားထားရသော စည်းမျဉ်းများနှင့် စံသတ်မှတ်ချက်များ ဖြစ်လာကာ ၎င်းတို့၏အသက်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာသည်၊ ဤနည်းလမ်းဖြင့် ဘုရားသခင်၏အမှုတော်သည် အကျိုးဖြစ်ထွန်းပြီး ဖြစ်လိမ့်မည်။

ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ပတ်သက်လာသည့်အခါ လူတို့ မြင်သင့်သည့်အရာမှာ ဘုရားသခင်သည် ဖြစ်ရပ်တစ်ခု၏ အစကို စီစဉ်ပြီးနောက် ယင်း၏ တိုးတက်ပြောင်းလဲမှုလမ်းကြောင်းကို လမ်းညွှန်ပြီး ဦးဆောင်သည်ဟူ၍ ဖြစ်သည်။ နောက်ဆုံးတွင် ထိုဖြစ်ရပ်၏ အကျိုးဆက်သည် မည်သည့်အရာဖြစ်သည်၊ သမ္မာတရားကို လိုက်စားသူတို့သည် ယင်းမှ အဘယ်အရာကို ရရှိပြီး မည်မျှရရှိသည်၊ ဤဖြစ်ရပ်နှင့် ယင်းတွင် ပါဝင်ပတ်သက်သော လူများနှင့် အမှုအရာများသည် အဘယ်သို့ အဆုံးသတ်သွားသည်၊ ၎င်းတို့ကို နောက်ဆုံးတွင် မည်သို့ စီစဉ်သည်တို့နှင့်ပတ်သက်၍မူ ဤအရာများကိုလည်း ဘုရားသခင်က ဆုံးဖြတ်သည်မှာ ဟုတ်ပေသည်၊ ဤသည်မှာ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ ကိုင်စွဲသော စည်းမျဉ်းတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် ဖြစ်ရပ်တစ်ခုစီ၏ အစ၊ ဖြစ်စဉ်နှင့် အကျိုးဆက်ကိုသာ ကြိုတင်သတ်မှတ်၏၊ ထို့နောက် သူသည် ဖြစ်ရပ်တစ်ခုလုံးကို သူသတ်မှတ်ထားသည့် ဦးတည်ချက်အတိုင်း လွတ်လပ်စွာ ဖြစ်ပေါ်တိုးတက်သွားရန် ခွင့်ပြုသည်။ ဤသို့ပြုရခြင်း၏ ရည်ရွယ်ချက်မှာ အရာခပ်သိမ်းကို သဘာဝ နိယာမတရားများနှင့်အညီ ဖြစ်စေရန်၊ သို့မဟုတ် မည်သည့်ပုံပျက်ယိုယွင်းမှုကိုမျှဖြစ်စေ၊ မည်သည့်ပြုပြင်မွမ်းမံခြင်းကိုမျှဖြစ်စေ မခံရဘဲ ၎င်း၏ လုပ်ဆောင်ချက်အတိုင်း ဆောင်ရွက်ခွင့်ပေးရန်ဖြစ်ပြီး ထိုသို့အားဖြင့် ဘုရားသခင် ရည်ရွယ်သည့် အကျိုးသက်ရောက်မှုကို ရရှိစေရန် ဖြစ်ပေသည်။ ဤသို့မဟုတ်လော။ (ဟုတ်ပါသည်။) ဥပမာအားဖြင့် ဘုရားသခင်သည် ဖြစ်ရပ်တစ်ခုကို စတင်ရန်နှင့် ဖြစ်ပေါ်ရန် စီစဉ်သည့်အခါ သူသည် ဤဖြစ်ရပ်နှင့် ထိတွေ့သောလူတို့၏ သဘောထားများနှင့် ယင်းအပေါ် ၎င်းတို့၏ ရှုမြင်ချက်များ မည်သို့ဖြစ်သည်ကို စတင်စောင့်ကြည့်လေ့လာသည်၊ ၎င်းတို့သည် ယင်းကို အာရုံစိုက်သောပုံစံဖြင့် ရှုမြင်သည်ဖြစ်စေ သို့မဟုတ် ယင်းကို အရေးတယူပြုရန် စိတ်မဝင်စားသည်ဖြစ်စေ၊ ၎င်းတို့သည် ယင်းတွင် ၎င်းတို့၏စိတ်နှလုံးဖြင့် ပါဝင်ဆောင်ရွက်သည်ဖြစ်စေ၊ ယင်းကို ငြင်းပယ်၊ အတိုက်အခံလုပ်ပြီး ရှောင်ကြဉ်သည်ဖြစ်စေ ဘုရားသခင်သည် လူအမျိုးမျိုးတို့၏ သရုပ်သကန်များကို စောင့်ကြည့်လေ့လာနေခြင်းဖြစ်သည်။ သို့ဆိုလျှင် ဘုရားသခင်သည် လူအမျိုးမျိုးတို့၏ သရုပ်သကန်များတွင် ဝင်ရောက်စွက်ဖက်သလော။ ဘုရားသခင်သည် ဝင်ရောက်စွက်ဖက်ခြင်းမပြုပေ။ ဘုရားသခင်သည် သင့်အား လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို ပေးသည်။ သင်သည် ဤဖြစ်ရပ်ကို အလွန်အရေးကြီးသည်ဟု မှတ်ယူပြီး ယင်းနှင့်ပတ်သက်၍ အလွန် အလေးအနက်ထားနိုင်သည် သို့မဟုတ် သင်သည် ယင်းကို လျစ်လျူရှုပြီး ယင်းအပေါ် အရေးမစိုက်သော သဘောထားကို ခံယူနိုင်သကဲ့သို့ သင်သည် ကြားနေခြင်း၊ ယင်းကို ရှောင်ရှားခြင်းနှင့် ယင်းတွင် မပါဝင်ခြင်းဟူသော သဘောထားကိုလည်း ခံယူနိုင်သည်မှာ ပြောစရာမလိုပေ၊ ဘုရားသခင်သည် တိတ်ဆိတ်စွာ စောင့်ကြည့်လေ့လာနေရုံသာ ဖြစ်သည်။ သို့သော် ဖြစ်ရပ်တစ်ခုလုံး၏ ပေါ်ပေါက်လာခြင်းနှင့် ဖြစ်ပျက်ခြင်းကို ဘုရားသခင်က စတင်ခြင်းဖြစ်သည်။ ဤသည်မှာ ဖြစ်ရပ်တစ်ခုအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့်ဆိုင်သော ကနဦးအဆင့် ဖြစ်သည်။ ဤဖြစ်ရပ်သည် တိုးတက်ပြောင်းလဲလာသည့်အခါ ယင်းတွင် မည်သည့်လူများ ပါဝင်သည်၊ မည်သည့်လူများ ပါဝင်ပတ်သက်လာသည်၊ ၎င်းတို့ ပါဝင်ပတ်သက်လာသည်နှင့်တစ်ပြိုင်နက် ထိုဖြစ်ရပ်သည် မည်သည့်ဦးတည်ချက်သို့ တိုးတက်ပြောင်းလဲသွားသည်တို့နှင့်ပတ်သက်၍မူ ထိုဖြစ်ရပ်သည် ဘုရားသခင်အလိုရှိသော ဦးတည်ချက်အတိုင်းလည်းကောင်း၊ အကျိုးသက်ရောက်မှုဖြင့်လည်းကောင်း တိုးတက်ပြောင်းလဲသွားစေရန် ဤလူအားလုံးကို လှည့်ပတ်စီမံပြီး စီစဉ်ညွှန်ကြားသူမှာ ဘုရားသခင်ဖြစ်သည်မှာ မှန်ပေသည်။ ထိုနည်းတူစွာပင် ဤဖြစ်ရပ်သည် လူအများသိရှိလာပြီး အရေးကိစ္စတစ်ခုလုံးသည် အထွတ်အထိပ်သို့ တိုးတက်ပြောင်းလဲသွားသည့်အခါ ဘုရားသခင်သည် လူအမျိုးမျိုးတို့၏ သဘောထားများ၊ သရုပ်သကန်များ၊ ထင်မြင်ချက်များနှင့် ရှုမြင်ချက်များကို ကြည့်ရှုနေဆဲဖြစ်သည်။ ဘုရားသခင်က သင်သည် ဤဖြစ်ရပ်ကို အမှန်တကယ် နှလုံးသွင်းခြင်း ရှိမရှိ၊ သင်သည် ဤဖြစ်ရပ်နှင့်ပတ်သက်၍ အလွန်အမင်း အလေးအနက်ထားကာ တည်ကြည်ပြီး အလွန်စိတ်ထက်သန်ခြင်း ရှိမရှိ၊ သို့မဟုတ် သင်သည် ယင်းအပေါ် လျစ်လျူရှုခြင်း၊ ယင်းကို အရေးမစိုက်ခြင်း၊ ယင်းအပေါ် မယုံနိုင်လောက်အောင် ထုံထိုင်းနေခြင်း ရှိမရှိ၊ သို့မဟုတ် ယင်းအပေါ် ရှောင်ရှားခြင်းနှင့် ရွံရှာခြင်းဟူသော သဘောထားကို ခံယူခြင်း ရှိမရှိတို့ကို စောင့်ကြည့်နေသည်။ ဘုရားသခင်က သင်သည် သမ္မာတရားကို ချစ်မြတ်နိုးသူတစ်ဦး ဟုတ်မဟုတ်နှင့် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ တောင်းဆိုချက်များ၊ သမ္မာတရားတို့နှင့်ပတ်သက်လာလျှင် စိတ်ထက်သန်သူတစ်ဦး ဟုတ်မဟုတ်တို့ကို သိရှိရန် စောင့်ကြည့်နေသည်။ ဖြစ်ရပ်တစ်ခုလုံး၏ တိုးတက်ပြောင်းလဲမှုဖြစ်စဉ်တွင် သင်၏သဘောထားသည် ပို၍ပို၍ ထင်ရှားလာပြီး ဘုရားသခင်သည် သမ္မာတရားအပေါ် သင်၏သဘောထား၊ သူ စီစဉ်ဖွဲ့စည်းပေးသည့် ပတ်ဝန်းကျင်များအပေါ် သင်၏သဘောထားတို့ကို ပို၍ပို၍ ရှင်းလင်းစွာ မြင်တွေ့လိမ့်မည်ဖြစ်ကာ ဘုရားသခင်သည် သမ္မာတရားကို လိုက်စားခြင်းအပေါ် သင်၏သဘောထားကိုလည်း ရှင်းလင်းစွာ မြင်တွေ့လိမ့်မည်ဖြစ်သည်။ ဖြစ်ရပ်တစ်ခုလုံးသည် ယင်း၏အဆုံးသို့ တိုးတက်ပြောင်းလဲသွားပြီး ယင်း၏ မလွှဲမရှောင်သာသော ရလဒ်ကို ရရှိသည့်အခါ ဘုရားသခင်သည် ဖြစ်ရပ်တစ်ခုလုံးမှ သင်အဘယ်အရာကို ရရှိခဲ့သည်၊ သင်၏စိတ်ထဲတွင် သင်အဘယ်အရာကို တွေးတောနေသည်၊ သင်အဘယ်အရာကို တွက်ချက်နေသည်တို့ကို စောင့်ကြည့်နေဆဲဖြစ်သည်။ ဘုရားသခင်က သင်သည် သင့်ကိုယ်သင် ကာကွယ်ရန်၊ လူ့အကြိုက်လိုက်သူတစ်ဦးဖြစ်ရန်၊ ဤဖြစ်ရပ်မှ အတွေ့အကြုံရရှိရန်နှင့် သင်ခန်းစာများ ရယူရန်ကိုသာ အာရုံစိုက်နေခြင်းဟုတ်မဟုတ် သို့မဟုတ် သင်သည် အမှုအရာများကို သမ္မာတရား စည်းမျဉ်းများအတိုင်း လုပ်ဆောင်ပြီး သင် ယခင်ကကဲ့သို့ နားဝေတိမ်တောင် မရှိတော့ဘဲ ဖြစ်နေသလောဆိုသည်ကို ကြည့်ရှုနေ၏။ ဘုရားသခင်သည် ဤဖြစ်ရပ်အပေါ် သင်၏သဘောထားသည် မည်သို့ဖြစ်သည်ကိုလည်း ကြည့်ရှုလိမ့်မည်၊ သင်သည် တိတ်ဆိတ်နေပြီး မည်သည့်အမြင်ကိုမျှ မဖော်ပြဘဲ သင့်အပေါ် ပုဂ္ဂိုလ်ရေးအရ သက်ရောက်မှုမရှိသည့် မည်သည့်အရာနှင့်မဆို အဝေးတွင်နေခြင်း ဟုတ်မဟုတ်၊ သို့မဟုတ် ဤဖြစ်ရပ်ကို ကြုံတွေ့ရာတွင် သင်သည် ဖြူစင်သော နားလည်သဘောပေါက်မှု ကင်းမဲ့သည်သာမက ထိုအစား ဘုရားသခင်အပေါ် သင်၏နားလည်မှုလွဲမှားခြင်းများနှင့် မကျေမနပ်ပြောဆိုခြင်းများသည်လည်း ပို၍ပြင်းထန်လာပြီး သင်သည် သူနှင့်ပတ်သက်ပြီး သာ၍များသော အယူအဆများနှင့် စိတ်ကူးများကို ဖြစ်ပေါ်စေကာ ယင်းကို ရှောင်ရှားလိုသည့် အဆင့်အထိပင် ဖြစ်ခြင်းဟုတ်မဟုတ်တို့ကို ကြည့်ရှုလိမ့်မည်။ အမှုအရာအမျိုးမျိုး ဖြစ်ပေါ်လာသည့်အခါ လူအမျိုးမျိုးတို့တွင် မတူညီသော အတွေးအခေါ်များနှင့် ရှုမြင်ချက်များ ရှိကြပြီး ဘုရားသခင်သည် ၎င်းတို့အားလုံးကို စောင့်ကြည့်လေ့လာပြီး မှတ်တမ်းတင်နေသည်။ မည်သည့်နှစ်၊ မည်သည့်နေ့၊ မည်သည့်နာရီ၊ မည်သည့်မိနစ် သို့မဟုတ် မည်သည့်စက္ကန့်တွင်မဆို သင်အဘယ်အရာကို တွေးတောနေသည်၊ သင်အဘယ်အရာကို ပြောဆိုနေသည်၊ သင်အဘယ်အရာကို တွက်ချက်နေသည်၊ သင်အဘယ်အရာကို စီစဉ်နေသည်၊ သမ္မာတရားများ၏ မည်သည့်ရှုထောင့်ကို သင်နားလည်လာသည်၊ တစ်စုံတစ်ဦးက သမ္မာတရား၏ ရှုထောင့်အချို့ကို မိတ်သဟာယဖွဲ့သည့်အခါ သင်၏သဘောထားသည် မည်သို့ဖြစ်သည်၊ သင်သည် ယင်းကို အတိုက်အခံလုပ်ပြီး ယင်းအပေါ် အလွန်အမင်း မနှစ်မြို့ကာ ယင်းကို နားမထောင်လိုခြင်းဟုတ်မဟုတ်၊ သို့မဟုတ် သင်၏လွတ်မြောက်ရာလမ်းကို ဖန်တီးရန် စီစဉ်ခြင်းဟုတ်မဟုတ်၊ ဘုရားသခင်သည် ဤအမှုအရာအားလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်။ အသင်းတော်၊ ဘုရားအိမ်တော် သို့မဟုတ် ၎င်းတို့၏ပတ်ဝန်းကျင်တွင် ပေါ်ပေါက်လာသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပေါ် မည်သည့်သဘောထားမျှ လုံးဝ မရှိဘဲ အရုပ်များကဲ့သို့ ထုံထိုင်းပြီး ဉာဏ်ထိုင်းနေသော လူအချို့လည်း ရှိသည်။ ၎င်းတို့က “ကျွန်ုပ်သည် မကောင်းမှုမပြုသည့်အပြင် အဖျက်အမှောင့်လုပ်ခြင်းများ သို့မဟုတ် နှောင့်ယှက်ခြင်းများ မဖြစ်စေသရွေ့၊ သို့မဟုတ် အခြားသူများကို ဝေဖန်ကဲ့ရဲ့ခြင်း မရှိသည့်အပြင် မည်သည့်လူများကိုဖြစ်စေ၊ မည်သည့်ဖြစ်ရပ်များကိုဖြစ်စေ၊ မည်သည့်အမှုအရာများကိုဖြစ်စေ ကြုံတွေ့သည့်အခါ မည်သည့်မှတ်ချက်မျှ မပေးသရွေ့၊ သဘောထား သို့မဟုတ် အမြင်များ မရှိသရွေ့၊ ကျွန်ုပ်သည် စက်ရုပ်တစ်ရုပ်ကဲ့သို့ ပြုမူပြီး ကျွန်ုပ်၏တာဝန်ကို ကောင်းစွာထမ်းဆောင်ကာ စည်းကမ်းလိုက်နာသောပုံစံဖြင့် ကောင်းစွာ အလုပ်လုပ်ပေးသရွေ့ လုံလောက်ပြီ” ဟု တွေးတောလျက် ၎င်းတို့၏ ကိုယ်ပိုင်အမြင်များကိုသာ တင်းကျပ်စွာ ဆုပ်ကိုင်ထားကြသည်။ ဤသည်မှာလည်း အတွေးအခေါ်နှင့် အမြင်တစ်မျိုးဖြစ်သည်။ ဘုရားသခင်သည် ဤအတွေးအခေါ်နှင့် အမြင်အမျိုးအစားကိုလည်း စောင့်ကြည့်လေ့လာပြီး မှတ်တမ်းတင်လိမ့်မည်မှာ အမှန်ပင်။ အရာခပ်သိမ်းနှင့် ဖြစ်ရပ်အားလုံးအပေါ်တွင်လည်းကောင်း၊ လူတို့၏ပတ်ဝန်းကျင်တွင် ဖြစ်ပျက်သည့် တိကျသော အမှုအရာတိုင်းအပေါ်တွင်လည်းကောင်း ဘုရားသခင်၏ အချုပ်အခြာအာဏာ ကိုင်စွဲခြင်း၏ ရည်ရွယ်ချက်၏ နောက်ကွယ်တွင် လူတို့အတွက် ပတ်ဝန်းကျင်များကို စီစဉ်ဖွဲ့စည်းပေးရန်နှင့် ၎င်းတို့အား သက်ရှိသင်ခန်းစာများဖြင့် ပံ့ပိုးပေးရန်ဖြစ်သည်၊ သို့မှသာ အမှုအရာအမျိုးမျိုးတို့ကို ရင်ဆိုင်ရာတွင် လူအမျိုးမျိုးတို့သည် ၎င်းတို့၏ အမှန်ကန်ဆုံးသောဘက်ကို ပြသကြမည်ဖြစ်ပြီး ၎င်းတို့၏ အမှန်ကန်ဆုံးသော အတွေးအခေါ်များနှင့် ရှုမြင်ချက်များ၊ ဘုရားသခင်နှင့် သမ္မာတရားအပေါ် ၎င်းတို့၏ အမှန်ကန်ဆုံးသော သဘောထားကို ပြသကြမည်ဖြစ်သည်။ လူတို့တွင်ရှိသော ဤသဘောထားများသည် လွတ်လပ်မှုနှင့် လွတ်လပ်ခွင့်အခြေအနေတစ်ခုတွင် လုံးလုံးလျားလျား ထင်ရှားပေါ်လွင်သည်။ ဘုရားသခင်သည် မည်သည့်အခါမျှ ဝင်ရောက်စွက်ဖက်ခြင်း၊ နှောင့်ယှက်ခြင်း သို့မဟုတ် ကြိုးကိုင်ညွှန်ကြားခြင်း မပြုဘဲ သူသည် လူအမျိုးမျိုးတို့ကို ၎င်းတို့၏ အတွေးအခေါ်များ၊ ရှုမြင်ချက်များနှင့် သဘောထားများကို ၎င်းတို့၏ စိတ်တိုင်းကျနှင့် ၎င်းတို့၏ သဘာဝအတိုင်း ဖော်ပြခွင့်ပြုရုံသာဖြစ်ပြီး နောက်ဆုံးတွင် လူအမျိုးမျိုးတို့ကို ၎င်းတို့၏ သရုပ်သကန်များအတိုင်း ထုတ်ဖော်ပြီး အမျိုးမျိုးသော လူတို့ကို ဆက်ဆံသည်။ “လူအမျိုးမျိုးတို့” အတွင်းတွင် မည်သူတို့ ပါဝင်သနည်း။ ဘုရားသခင်သည် လူအမျိုးမျိုးတို့အတွက် မည်သို့သော စီစဉ်ခင်းကျင်းမှုများကို ပြုလုပ်သနည်း။ ဘုရားသခင်သည် သမ္မာတရားကို ချစ်မြတ်နိုးသူတို့အား သမ္မာတရားကို ရရှိစေသည်။ ဘုရားသခင်သည် သမ္မာတရားကို စိတ်မဝင်စားသော်လည်း အလုပ်လုပ်ပေးလိုသူတို့အား စိတ်တည်ငြိမ်စွာ လုပ်ဆောင်ခွင့်ပေးသည်။ သမ္မာတရားကို ရွံရှာပြီး အလွန်အမင်း မနှစ်မြို့သူတို့နှင့်ပတ်သက်၍မူ ဘုရားသခင်သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သော ၎င်းတို့၏ သဘောထားကို ဖော်ထုတ်သော်လည်း ၎င်းတို့သည် အစေခံရန် စိတ်တည်ငြိမ်နိုင်လျှင် သို့မဟုတ် အစေခံရန် သင့်လျော်လျှင် ဘုရားသခင်သည် ဤပိုကောင်းသောသူများကို ရွေးချယ်ပြီး ၎င်းတို့အား အစေခံပိုင်ခွင့် ပေးလိမ့်မည်၊ သို့သော် ၎င်းတို့သည် အစေခံရန် မသင့်လျော်လျှင် သို့မဟုတ် ၎င်းတို့သည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေနိုင်သည့်အဆင့်အထိ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့လျှင် ဘုရားသခင်သည် အခါအခွင့်သင့်သည့်အခါတွင် ၎င်းတို့ကို ရှင်းလင်းပစ်လိမ့်မည်။ ဘုရားသခင်လုပ်ဆောင်သော ဤအလုပ်အားလုံးသည် လူတို့၏ အယူအဆများနှင့် မကိုက်ညီသည် မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့သည် ဤအရာအားလုံးတွင် ဘုရားသခင်၏ သည်းခံခွင့်လွှတ်ခြင်းနှင့် ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းကို မြင်နိုင်သလော။ (ဤအမှုအရာများမှ ကျွန်ုပ်တို့သည် ဤလက်တွေ့ကျသော အလုပ်မှတစ်ဆင့် ဘုရားသခင်သည် လူတို့ကို တွေ့ကြုံခံစားရန် ဦးဆောင်သည်ကိုလည်းကောင်း၊ ဤအလုပ်အားလုံး၏ နောက်ကွယ်တွင် လူသားအပေါ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာရှိသည်ကိုလည်းကောင်း မြင်နိုင်ပါသည်။) ဤအလုပ်အတွင်းတွင် ဘုရားသခင်၏ အပင်ပန်းခံရသော ရည်ရွယ်ချက်များ၊ သူ၏အမှုတော်၏ ဉာဏ်ပညာနှင့် သူကယ်တင်ရန် ရည်ရွယ်သော လူသားများအပေါ် သူ၏ တာဝန်ယူသော သဘောထားတို့ ရှိသည်။ နောက်ထပ် ရှုထောင့်တစ်ခုရှိသေးသည်၊ ၎င်းမှာ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းသည် လူသားများတွင်ရှိသော အရာများမဟုတ်ခြင်း ဖြစ်သည်။ ဘုရားသခင်သည် သူလုပ်ဆောင်သမျှအရာတိုင်းတွင် အလွန်တည်ကြည်ပြီး စိတ်ထက်သန်ကာ မည်သည့်အခါမျှ ပေါ့ဆခြင်းမရှိပေ။ အထူးသဖြင့် လူတို့ သမ္မာတရားကို ရရှိခြင်းကိစ္စနှင့်ပတ်သက်လာလျှင် ဘုရားသခင်သည် အလွန်တည်ကြည်ပြီး စိတ်ထက်သန်သည်။ လူတို့၏အသက်တာများနှင့် လူတို့၏ အဆုံးသတ်များအတွက် တာဝန်ယူရန်အလို့ငှာ ဘုရားသခင်သည် ဤသို့ ပြုမူရမည်ဖြစ်သည်။ အမှန်ပင်၊ ဘုရားသခင်အတွက်မူ ဤသည်မှာ သူ၏အနှစ်သာရ၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းတို့သည် အတိအကျ ဤသို့ဖြစ်ခြင်းပင်တည်း။ သင်သည် သင်၏အသက်တာအပေါ်နှင့် သင်၏အဆုံးသတ်နှင့် ခရီးဆုံးပန်းတိုင်အပေါ် မည်သို့သဘောထားရှိသည်ဖြစ်စေ၊ ယင်းသည် အလေးအနက်ထားပြီး တည်ကြည်သော သဘောထားဖြစ်စေ သို့မဟုတ် ဝတ်ကျေတမ်းကျေ သဘောထားဖြစ်စေ၊ မည်သို့ပင်ဖြစ်စေကာမူ ဘုရားသခင်အတွက်မူ သူသည် သင့်အား ရွေးချယ်ခဲ့ပြီးဖြစ်သောကြောင့်လည်းကောင်း၊ သူသည် သင့်အား သမ္မာတရားဖြင့် ပံ့ပိုးပေးပြီး ကယ်တင်လိုသောကြောင့်လည်းကောင်း သူသည် သင်၏ စကားတစ်လုံးချင်းနှင့် လုပ်ရပ်တစ်ခုချင်း၊ အရာခပ်သိမ်း၌ သင်၏ သဘောထားများကို အပြည့်အဝ နားလည်သဘောပေါက်မည်ဖြစ်ပြီး သင်၏သဘောထားအားလုံးကို အခြေခံ၍ သင်၏အဆုံးသတ်ကို နောက်ဆုံးတွင် ဆုံးဖြတ်သတ်မှတ်မည်ဖြစ်သည်။ သင်၏သဘောထားအားလုံးကို အခြေခံ၍ သင်သည် နောက်ဆုံးတွင် သမ္မာတရားကို ရရှိသူတစ်ဦးနှင့် ဘုရားသခင်ကို ကျိုးနွံနာခံပြီး သူနှင့် သဟဇာတဖြစ်နိုင်မည့်သူတစ်ဦး ဖြစ်မည်ဟုတ်မဟုတ်ကို သူက ကြည့်ရှုလိမ့်မည်။ သင်သည် ဘုရားသခင် လူတို့ကို ကယ်တင်ခြင်းကိစ္စနှင့်ပတ်သက်၍ မည်သည့်အခါမျှ စိတ်ထက်သန်ခြင်းမရှိခဲ့ဘဲ ယင်းကို ဂရုတစိုက် စဉ်းစားသုံးသပ်ခဲ့ဖူးခြင်း မရှိကာ ဘုရားသခင်သည် လူတို့ကို မည်သို့ကယ်တင်သည်ကို မသိခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ဖန်ဆင်းခံလူသားများအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားသော ဖန်ဆင်းရှင်တစ်ဦးအနေဖြင့် သူသည် လူသားများကဲ့သို့ နားဝေတိမ်တောင်ဖြစ်ပြီး စိတ်ရှုပ်ထွေးနေခြင်းမရှိပေ။ သူသည် လူသားမျိုးနွယ်အား ကယ်တင်ခြင်းအလုပ်ကို အလေးအနက်ထားသောပုံစံဖြင့် လုပ်ဆောင်သည်။ သူသည် သင့်အား ဖန်ဆင်းခဲ့ပြီး သင့်အား ရွေးချယ်ခဲ့သည်။ သူသည် လူတို့အား လုံးဝ ကယ်တင်မည်ဟု ကတိပေးခဲ့သောကြောင့် သူသည် ဤအလုပ်ကို ပြီးမြောက်အောင်မြင်စေမည်ဖြစ်ပြီး အဆုံးတိုင် တာဝန်ယူမည်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင် သူ၏အလုပ်ကို ပြီးမြောက်အောင်မြင်စေခြင်းနှင့် အဆုံးတိုင် တာဝန်ယူခြင်းတို့တွင် စစ်မှန်သော သရုပ်သကန်များနှင့် လက်တွေ့ကျသော အလုပ်အကြောင်းအရာများ ရှိသည်။ ဤသည်မှာ ဘုရားသခင် အလုပ်လုပ်ဆောင်ပုံဖြစ်ပြီး ဤသည်မှာ သူ၏ ရိုးသားပြီး စိတ်ရင်းမှန်သော သဘောထား ဖြစ်သည်။ ဘုရားသခင်သည် သင့်အား ဝတ်ကျေတမ်းကျေ ဆက်ဆံမည်မဟုတ် သို့မဟုတ် သင့်အား ကြွေးကြော်သံတစ်ခုခုဖြင့် ဝတ်ကျေတမ်းကျေ လှည့်ဖြားမည်မဟုတ်သကဲ့သို့ အထူးသဖြင့် ဘုရားသခင်၏ အမှုတော်သည် လူတို့ကို ကယ်တင်ရန်အလို့ငှာ ဘုရားသခင် ပေးဆပ်သည့် စစ်မှန်သော အဖိုးအခနှင့် လူတို့အပေါ် သူ၏ တာဝန်ယူသော သဘောထားကို ပို၍ကောင်းစွာ ထင်ဟပ်စေသည်။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။