သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၈) အပိုင်း ငါး

စိတ်ဆတ်ခြင်း

စိတ်ဆတ်ခြင်းနှင့် ဒေါသကြီးခြင်းတို့သည် မည်သည့်ကဏ္ဍတွင် ပါဝင်သနည်း။ (လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်ပါသည်။) စိတ်ဆတ်ခြင်းကို ဒေါသကြီးခြင်းဟုလည်း ခေါ်ဆိုနိုင်သည်၊ ဤအရာသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုအဖြစ် ယူဆသလော။ (မယူဆပါ။) ဤအရာကို မည်သို့ ရှုမြင်သင့်သနည်း။ လူတစ်ဦးသည် စိတ်နေစိတ်ထား ကောင်းမွန်ပြီး အပြုံးနောက်ကွယ်တွင် မလိုမုန်းထားစိတ်ကို ဖုံးကွယ်ထားသူဖြစ်ကာ အမြဲတစေ နူးညံ့သိမ်မွေ့ပြီး ဖော်ရွေသော နည်းလမ်းဖြင့် ပြောဆိုသည်၊ မည်သူနှင့်မျှ မည်သည့်အခါမျှ မငြင်းခုံဘဲ အခြားသူများ ကြားချင်သည့်အရာကို အစဉ်သဖြင့် ပြောဆိုသည်၊ ဤသည်မှာ ကောင်းသလော။ (မကောင်းပါ။) တစ်စုံတစ်ဦးက ဤသူသည် ကြမ်းတမ်းသူဖြစ်သည်ဟု ပြောပါက ၎င်းတို့က “ကြမ်းတမ်းခြင်းသည် ကောင်းပါသည်၊ ကြမ်းတမ်းသူများသည် ပြဿနာမရှာတတ်ကြပါ” ဟု ပြောကြသည်။ တစ်စုံတစ်ယောက်က သူသည် ထိပ်ပြောင်သည်ဟု ဆိုလျှင် ၎င်းတို့က “ထိပ်ပြောင်ခြင်းသည် ကောင်း၏။ ထိပ်ပြောင်သောသူတို့သည် ဉာဏ်ကောင်းကြသည်” ဟု ဆို၏။ ဆိုလိုသည်မှာ အခြားသူများက မည်သည့်အရာ ပြောသည်ဖြစ်စေ၊ ၎င်းတို့ကို မည်သို့ ဆက်ဆံသည်ဖြစ်စေ ၎င်းတို့သည် မည်သည့်အခါမျှ စိတ်မဆိုးကြပေ သို့မဟုတ် ဒေါသ မထွက်ကြပေ။ ဤကဲ့သို့သော လူစားမျိုးသည် ကောင်းသလော။ (မကောင်းပါ။) ၎င်းတို့ အမှန်တကယ် နှစ်သက်သော လူများနှင့်ပတ်သက်လျှင်၊ လူကောင်းနှင့် ကောင်းမှုများအပေါ်တွင်လည်းကောင်း၊ ဆိုးယုတ်သောလူများနှင့် ဒုစရိုက်အမှုများအပေါ်တွင်လည်းကောင်း ၎င်းတို့၏ အတွေးများနှင့် ရှုထောင့်အမြင်များမှာ အဘယ်အရာဖြစ်သည်၊ ၎င်းတို့သည် လူကောင်းများကို ထောက်ခံပြီး ဆိုးယုတ်သောလူများကို ရွံရှာခြင်း ရှိမရှိကိုဖြစ်စေ၊ ဆိုးယုတ်သောလူများကို ထောက်ခံပြီး လူကောင်းများကို ရွံရှာခြင်း ရှိမရှိကိုဖြစ်စေ ၎င်းတို့၌ ရှင်းလင်းသော အမြင်ရှုထောင့်များ သို့မဟုတ် ရပ်တည်ချက် မရှိကြဘဲ မည်သည့်အရာကိုမျှ မှတ်ချက်မပေးကြပေ။ ၎င်းတို့သည် မည်သည့်ကိစ္စရပ်ကို ကြုံတွေ့ရသည်ဖြစ်စေ အမြဲတစေ အပြုံးဖြင့် တုံ့ပြန်ကြပြီး အထူးသဖြင့် သဘောကောင်း လိုက်လျောတတ်ကာ ဒေါသထွက်ခြင်း မရှိကြပေ။ ဤသည်မှာ လူ့သဘာဝ၏ ကောင်းကွက်တစ်ခု ဖြစ်သလော။ (မဟုတ်ပါ။) စိတ်နေစိတ်ထား ကောင်းမွန်ခြင်းသည် လူ့သဘာဝ၏ ကောင်းကွက်တစ်ခု မဟုတ်၊ သို့ဆိုလျှင် စိတ်ဆတ်ခြင်းသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သလော။ လူတစ်ဦးတွင် စိတ်နေစိတ်ထား ကောင်းခြင်း သို့မဟုတ် ဆိုးခြင်းက ၎င်းတို့၏ လူ့သဘာဝ မည်သို့ရှိသည်ကို ဆုံးဖြတ်ပေးနိုင်သလော။ (မဆုံးဖြတ်ပေးနိုင်ပါ။) ဥပမာအားဖြင့် အချို့လူများသည် တစ်စုံတစ်ဦးက မိမိတာဝန်တွင် ဝတ်ကျေတမ်းကျေ လုပ်နေသည်ကို မြင်သော်လည်း ဂရုမစိုက်ကြပေ။ တစ်စုံတစ်ဦးက အသင်းတော်၏ အလုပ်ကို နှောင့်ယှက်နေသည်ကို မြင်သော်လည်း ဒေါသ မထွက်ကြပေ။ ၎င်းတို့က “ကိစ္စမရှိပါ၊ သင် တိုးတက်လာပါလိမ့်မည်။ အချိန်ယူပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် အပင်ပန်းခံရသော ရည်ရွယ်ချက်များ ရှိ၏။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ မေတ္တာတော်နှင့် ကျေးဇူးတော်ကို ပြန်ပေးဆပ်ရမည်ဖြစ်ပြီး ဝတ်ကျေတမ်းကျေ လုပ်ဆောင်၍ မရပေ။ နောင်အခါ ဤအရာကို အာရုံစိုက်ပါ” ဟုပင် ပြောဆိုကြသည်။ ဤလူများတွင် စိတ်နေစိတ်ထား ကောင်းသလော။ (ကောင်းပါသည်။) အချို့လူများသည် တစ်စုံတစ်ဦးက ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မကာကွယ်သည်ကို မြင်သောအခါ “ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ပေးရန် သင် ကြိုးစားနိုင်မည်လော။ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားပါက အလွန် ကောင်းမွန်ပေလိမ့်မည်။ ကျွန်ုပ်တို့သည် လူကောင်းများ ဖြစ်ရမည်၊ ကျွန်ုပ်တို့သည် လူကောင်းများ မဟုတ်ပါက ဘုရားသခင်သည် ကျွန်ုပ်တို့ကို နှစ်သက်လိမ့်မည် မဟုတ်ပေ။ ကျွန်ုပ်တို့ ကျင့်ကြံပြုမူပုံတွင် အနည်းဆုံးအနေဖြင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရမည်၊ နောင်တွင် ဤအရာကို ဂရုစိုက်ပါ” ဟု ပြောဆိုကြသည်။ ဤအရာတွင် ဒေါသကို ပြသနေသလော။ (မပြသပါ။) ၎င်းတို့၏ စိတ်နေစိတ်ထားသည် အတော်လေး ကောင်းမွန်သည် မဟုတ်လော။ အချို့လူများသည် မည်သည့်အရာ ဖြစ်ပျက်ပါစေ မည်သည့်အခါမျှ ဒေါသမထွက်ကြပေ။ အချို့လူများသည် ဧဝံဂေလိတရားဟောနေစဉ်တွင် အထက်နှင့် ဘုရားအိမ်တော်ကို လှည့်စားရန် ကိန်းဂဏန်း အတုများကို စာရင်းပေးလေ့ရှိသည်ကို ၎င်းတို့ မြင်သောအခါ “လူအများစုက ဤကဲ့သို့ ကိန်းဂဏန်း အတုများကို စာရင်းပေးနေကြပါက ဤသည်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်နှင့်ဆိုင်သော ရေစီးကြောင်း ဖြစ်သည်၊ ကျွန်ုပ်တို့သည် ယင်းကို ကျိုးနွံနာခံရမည်” ဟု ပြောဆိုကြသည်။ တစ်စုံတစ်ဦးက “ကိန်းဂဏန်း အတုများကို စာရင်းပေးခြင်းသည် ဘုရားသခင်ကို လိမ်ညာခြင်းနှင့် လှည့်စားခြင်း ဖြစ်သည်၊ ကျွန်ုပ် ထိုသို့ မလုပ်နိုင်ပါ” ဟု ပြောလျက် ၎င်းတို့ကို ချေပသည်။ ၎င်းတို့က “အဘယ်ကြောင့် မလုပ်နိုင်သနည်း။ အခြားလူများသည် သတင်းကောင်းကိုသာ တင်ပြပြီး သတင်းဆိုးကို မတင်ပြဘဲ ကိန်းဂဏန်း အတုများကို စာရင်းပေးကြသည်။ သင်က အဘယ်ကြောင့် ဤမျှ တုံးအနေရသနည်း” ဟု ပြန်ပြောကြသည်။ လူများက ကိန်းဂဏန်း အတုများအား စာရင်းပေးသည်ကို မြင်သောအခါ ၎င်းတို့ ပျော်ရွှင်ကြသည်။ အချို့လူများက စည်းမျဉ်းများကို စောင့်ထိန်းပြီး ကိန်းဂဏန်း အတုများကို စာရင်းပေးရန် ငြင်းဆန်သည်ကို ၎င်းတို့ မြင်သောအခါ ၎င်းတို့ ဒေါသထွက်ပြီး စားပွဲကို ရိုက်ကာ “သင်က အဘယ်ကြောင့် ကိန်းဂဏန်း အတုများကို စာရင်းမပေးသနည်း။ သင်က သန့်ရှင်းသောဝိညာဉ်တော်၏ ရေစီးကြောင်းကို ဆန့်ကျင်ချင်သလော။ သင်က ကိန်းဂဏန်း အတုများကို စာရင်းမပေးပါက သင့်ကို ငါ ဖြုတ်ချမည်။ သင့်ကို ငါ ရှင်းလင်းပစ်မည်” ဟု ပြောဆိုကြသည်။ ဤနည်းလမ်းဖြင့် ၎င်းတို့ ဒေါသထွက်ခြင်းကို သင် မည်သို့ ထင်သနည်း။ (မကောင်းပါ။) ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သော ဒေါသ ပေါက်ကွဲခြင်း ဖြစ်သည်။ ၎င်းတို့ ဒေါသထွက်သင့်ချိန်တွင် ဒေါသမထွက်ဘဲ မထွက်သင့်ချိန်တွင် ထင်ရာမြင်ရာ ဒေါသထွက်ခြင်း၊ ဆိုးယုတ်သော အရာများကို တရားမျှတသည်ဟု ခေါ်ဆိုခြင်း၊ ကိန်းဂဏန်း အတုများကို စာရင်းပေးခြင်းကို သန့်ရှင်းသောဝိညာဉ်တော်၏ ရေစီးကြောင်းဟု ခေါ်ဆိုပြီး ယင်းကို အလွန်အမင်း ချီးမွမ်းကာ မြှင့်တင်ခြင်းပင် ပြုလုပ်ခြင်း၊ ဤသည်မှာ ယုတ်မာသည် မဟုတ်လော။ (ဟုတ်ပါသည်။) တစ်စုံတစ်ဦးက ကိန်းဂဏန်း အတုများကို စာရင်းပေးရန် ငြင်းဆန်သည်ကို ၎င်းတို့ မြင်သောအခါ ၎င်းတို့သည် စားပွဲကို ရိုက်သည်၊ ဒေါသထွက်သည်၊ စူးစူးရဲရဲကြည့်သည်၊ ထိုသူကို ဖြုတ်ချရန် သို့မဟုတ် ရှင်းလင်းပစ်ရန် ဆန္ဒရှိကြသည်။ ဤသည်မှာ “မိုးကြိုးပစ်သကဲ့သို့သော ပြင်းစွာသော အမျက်” ဖြစ်သည်။ အဆင်းနီသော နဂါးကြီးတွင် “မိုးကြိုး စစ်ဆင်ရေး” တစ်ခု ရှိသည်။ ထိုနတ်ဆိုး၏ အင်အားပြမှုကို “မိုးကြိုး စစ်ဆင်ရေး” ဟု ခေါ်ဆိုပြီး ဤသည်မှာ ဤလူများ၏ “မိုးကြိုးပစ်သကဲ့သို့သော ပြင်းစွာသော အမျက်” ဖြစ်သည်။ သင်က ကိန်းဂဏန်း အတုများကို စာရင်းပေးရန် ငြင်းဆန်ပြီး ၎င်းတို့က စားပွဲကို ရိုက်ကာ သင့်အပေါ် ၎င်းတို့၏ မိုးကြိုးပစ်သကဲ့သို့သော ပြင်းစွာသော အမျက်ကို ထုတ်ဖော်ပါက ထိုသို့သော အခြေအနေမျိုးတွင် သင်တို့သည် စည်းမျဉ်းများကို စွဲကိုင်ပြီး ကိန်းဂဏန်း အစစ်အမှန်များကိုသာ စာရင်းပေးလျက် ကိန်းဂဏန်း အတုများကို စာရင်းပေးရန် ငြင်းဆန်ရဲသလော။ သင်က ထရပ်ပြီး “သင်သည် လူများကို ကိန်းဂဏန်း အတုများ စာရင်းပေးရန် အတင်းအကျပ် ခိုင်းစေနေသည်၊ သင်သည် နတ်ဆိုးတစ်ကောင် ဖြစ်သည်။ အန္တိခရစ်များနှင့်အတူ ကိန်းဂဏန်း အတုများကို စာရင်းပေးခြင်းကိုပင် သန့်ရှင်းသောဝိညာဉ်တော်၏ ရေစီးကြောင်းဟု သင် ခေါ်ဆိုသည်။ ဤသည်မှာ သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားစော်ကားခြင်းနှင့် ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်း မဟုတ်လော။ သင်သည် အမှားနှင့် အမှန်ကို မခွဲခြားဘဲ သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားစော်ကားသည့်တိုင် သင့်ကိုယ်သင် တရားမျှတသော ကောင်းကင်တမန်တစ်ပါးအဖြစ် ထင်မှတ်နေသည်။ ကိန်းဂဏန်း အတုများကို စာရင်းပေးရန် သင်၏ တောင်းဆိုချက်ကို ဆန့်ကျင်ဖို့ မည်သူ့ကိုမျှ သင် ခွင့်မပြုဘဲ ဒေါသပင် ထွက်သေးသည်။ သင့်တွင် တရားမျှတစိတ် စိုးစဉ်းမျှ မရှိပေ။ သင်သည် ဆိုးယုတ်သော အရာများကို ဖော်ထုတ်ပြီး ပြစ်တင်ရှုတ်ချခြင်း မရှိသည်သာမက သမ္မာတရားကို စွဲကိုင်ပြီး ကိန်းဂဏန်း အတုများကို စာရင်းပေးရန် ငြင်းဆန်သူများအပေါ် သင်၏ ဒေါသကို ကြီးမားစွာ ပေါက်ကွဲစေပြီး ၎င်းတို့အပေါ် သင်၏ ‘မိုးကြိုးပစ်သကဲ့သို့သော ပြင်းစွာသော အမျက်’ ကိုပင် လွှတ်ပေးသည်။ ဤသည်မှာ ဘုရားအိမ်တော်၏ အလုပ်ကို တမင်သက်သက် အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်နေခြင်း မဟုတ်လော။ ဤအပြုအမူသည် အဆင်းနီသော နဂါးကြီး လုပ်ဆောင်သည့်အရာနှင့် သဘောသဘာဝချင်း တူညီသည် မဟုတ်လော” ဟု ပြောလျက် ၎င်းတို့ကို ဝေဖန်ပြီး ဖော်ထုတ်ရဲသလော။ ထို့ကြောင့် စိတ်ဆတ်ခြင်းသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဟုတ်မဟုတ်ကိုဖြစ်စေ၊ သို့မဟုတ် လူ့သဘာဝ၏ ကောင်းကွက်တစ်ခု ဟုတ်မဟုတ်ကိုဖြစ်စေ ပြန်ကြည့်လျှင် ဤအရာကို ယေဘုယျ ကောက်ချက်ချ၍ မရနိုင်ပေ။ ယင်းမှာ မည်သည့် အခြေအနေများက လူတစ်ဦးကို ဒေါသထွက်စေသည်၊ မည်သည့် အခြေအနေများက ဒေါသမထွက်စေသည်ဟူသည့်၊ ထို့အပြင် ၎င်းတို့သည် အဘယ်ကြောင့် အများအားဖြင့် စိတ်ဆတ်ရသည်ဟူသည့်အပေါ်တွင် မူတည်သည်။ ယင်းမှာ ၎င်းတို့ လိုက်စားနေသည့်အရာက အဘယ်အရာဖြစ်သည်၊ ၎င်းတို့၌ ကျင့်ကြံပြုမူခြင်းအတွက် စည်းမျဉ်းများ ရှိမရှိ၊ သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားက အတိအကျ မည်သို့ရှိသည်၊ ထို့အပြင် ဘုရားသခင်၊ ဘုရားသခင်၏ အလုပ်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် အသင်းတော်၏ အလုပ်အပေါ် ထိုသူ၏ သဘောထားက မည်သို့ရှိသည်ဟူသည့်အပေါ်တွင် မူတည်သည်။ သမ္မာတရား စည်းမျဉ်းများကို စွဲကိုင်ရန်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရန်နှင့် ဘုရားအိမ်တော်၏ အလုပ်ကို ကာကွယ်ရန်အလို့ငှာ ၎င်းတို့သည် အမျိုးမျိုးသော ဆိုးယုတ်သည့် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ရင်ဆိုင်ရသောအခါ တစ်သမတ်တည်း စိတ်ဆတ်နေပါက ဤသည်မှာ သူ့လူ့သဘာဝ၏ ကောင်းကွက်တစ်ခု ဖြစ်သည်။ သို့သော် ၎င်းတို့သည် အမျိုးမျိုးသော ဆိုးယုတ်သည့် အရာများ သို့မဟုတ် ဘုရားသခင်ကို ဆန့်ကျင်သည့် အရာများကို ရင်ဆိုင်ရသောအခါ ထိုအရာများသည် ၎င်းတို့နှင့် မသက်ဆိုင်သကဲ့သို့ မည်သည့်အခါမျှ ဒေါသမထွက်ပါက သို့မဟုတ် စိတ်မဆိုးပါက ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝ ချို့ယွင်းချက်တစ်ခု မဟုတ်ပေ။ ဤသည်မှာ လူ့သဘာဝ ဆိုးရွားခြင်းဖြစ်ပြီး တရားမျှတစိတ် လုံးဝ ကင်းမဲ့ခြင်းဖြစ်ကာ ဤအရာသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ကဏ္ဍတွင် ပါဝင်သည်မှာ အမှန်စင်စစ် ဖြစ်ပေသည်။ သို့ဆိုလျှင် စိတ်နေစိတ်ထားကို မည်သို့ ရှုမြင်သင့်သနည်း။ လူတစ်ဦးတွင် စိတ်နေစိတ်ထား ကောင်းမွန်ခြင်းသည် ထိုသူ၏ လူ့သဘာဝ ကောင်းမွန်သည်ဟု မလွဲမသွေ ဆိုလိုခြင်းမျိုး မဟုတ်သကဲ့သို့ လူတစ်ဦးတွင် စိတ်ဆတ်ခြင်းသည် ၎င်းတို့၏ လူ့သဘာဝ ဆိုးရွားသည်ဟု မလွဲမသွေ ဆိုလိုခြင်းမျိုး မဟုတ်ပေ။ ယင်းမှာ ၎င်းတို့၏ စိတ်ဆတ်ခြင်းက မည်သည့်အရာကို ဦးတည်သည်ဟူသည့်အပေါ်တွင် မူတည်သည်။ ၎င်းတို့၏ စိတ်ဆတ်ခြင်းသည် ဆိုးယုတ်သော၊ မှောင်မိုက်သော၊ သမ္မာတရားနှင့် မညီညွတ်သော အရာများကို ဦးတည်ပါက၊ ယင်းက ဘုရားအိမ်တော်၏ စည်းမျဉ်းများကို ချိုးဖောက်သော၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်စေသော၊ အသင်းတော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော အရာများကို ဦးတည်ပါက၊ ပြီးလျှင် ၎င်းတို့သည် ဤအရာများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ခြင်း၊ စိတ်လှုပ်ရှားခြင်းနှင့် စိတ်သောကရောက်ခြင်းတို့ကြောင့် မကြာခဏ ဒေါသထွက်ပြီး စိတ်ဆတ်ပါက ဤသည်မှာ လူ့သဘာဝ ဆိုးရွားခြင်း မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားခြင်းဖြစ်ပြီး လူ့သဘာဝ၏ ကောင်းကွက်တစ်ခု ဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့သည် ဤအပျက်သဘောဆောင်သော အရာများကို ရင်ဆိုင်ရသောအခါ မည်သည့် ဒေါသကိုမျှ မပြသပါက၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများ သို့မဟုတ် ဘုရားသခင်၏ သက်သေခံချက်ကို ကာကွယ်ရန် ရှေ့သို့ မထွက်ပါက၊ သမ္မာတရား စည်းမျဉ်းများကို မစွဲကိုင်ဘဲ ဤအရာများကို တားဆီးရန် သို့မဟုတ် ကန့်သတ်ရန် ရှေ့သို့ မထွက်ပါက၊ ထိုအစား ဤအဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို အထိန်းအကွပ်မဲ့ ကြီးထွားပြီး ပြန့်ပွားခွင့် ပြုပါက ထိုသို့သော လူများသည် အလွန် စိတ်နေစိတ်ထား ကောင်းမွန်ပုံရသော်လည်း စင်စစ်အားဖြင့် ၎င်းတို့၏ ကိုယ်ကျင့်စရိုက်သည် ယုတ်ညံ့သည်။ ဤသည်မှာ မမှန်သလော။ (မှန်ပါသည်။) စိတ်ဆတ်ခြင်း ပြဿနာကို မည်သို့ ရှုမြင်သင့်သနည်း။ ယင်းမှာ လူတစ်ဦး၏ စိတ်ဆတ်ခြင်းက မည်သည့်ကိစ္စရပ်များကို ဦးတည်သည်ဟူသည့်အပေါ်တွင် မူတည်သည်။ သင်သည် ၎င်းတို့၏ ကိုယ်ကျင့်စရိုက် မည်သို့ရှိသည်၊ ၎င်းတို့ မည်သည့်အရာကို လိုက်စားပြီး မည်သည့်လမ်းကြောင်းကို လျှောက်လှမ်းသည်၊ သမ္မာတရားအပေါ်၊ ဘုရားသခင်အပေါ်၊ ဘုရားအိမ်တော်၏ အလုပ်အပေါ်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများအပေါ် ၎င်းတို့ မည်သည့် သဘောထား ရှိသည်တို့ကို ကြည့်ရှုသင့်သည်။ ဤရှုမြင်ပုံသည် တိကျမှန်ကန်သလော။ (မှန်ကန်ပါသည်။) လူတစ်ဦးတွင် တရားမျှတစိတ် မရှိသော်လည်း ၎င်းတို့၏ နေ့စဉ်ဘဝတွင် လူများနှင့် ပေါင်းသင်းဆက်ဆံရာ၌ စိတ်ဆတ်ပါက၊ အလွယ်တကူ ဒေါသထွက်ပါက၊ အလွန် တဇောက်ကန်းနိုင်ပါက၊ မကြာခဏ ဒေါသတကြီး ဖြစ်ပါက၊ အသေးအဖွဲ ကိစ္စရပ်များအပေါ် အခြားသူများနှင့် မကြာခဏ ငြင်းခုံပြီး ထိပ်တိုက်တွေ့ကာ ရိုင်းစိုင်းသော စကားများကိုပင် အသုံးပြုပါက ဤသည်မှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု မဟုတ်ပေ။ ဤသည်မှာ ယုတ်ညံ့သော ကိုယ်ကျင့်စရိုက် ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအရ ကြည့်လျှင် ဤသူ၏ စိတ်သဘောထားသည် ရက်စက်ကြမ်းကြုတ်ပြီး မည်သူမျှ ၎င်းတို့ကို ရန်မစရဲကြပေ။ ၎င်းတို့သည် တရားမျှတသော အကြောင်းကိစ္စများကို ကာကွယ်ရန်၊ အပြုသဘောဆောင်သော အရာများကို ကာကွယ်ရန်၊ သမ္မာတရား စည်းမျဉ်းများကို စွဲကိုင်ရန် သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် အလုပ်ကို ကာကွယ်ရန်အလို့ငှာ ဒေါသထွက်ခြင်း မဟုတ်ဘဲ ထိုအစား ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွား အားလုံး၊ ၎င်းတို့၏ ဂုဏ်သတင်း၊ အဆင့်အတန်း၊ အချည်းနှီးသော ဂုဏ်၊ ရုပ်ပစ္စည်း ပိုင်ဆိုင်မှုများ၊ ငွေကြေး စသည်တို့ကို ကာကွယ်ရန်အလို့ငှာ ဒေါသထွက်ခြင်း ဖြစ်သည်။ ထိုသို့သော လူတစ်ဦး၏ စိတ်ဆတ်ခြင်းကို ယုတ်ညံ့သော ကိုယ်ကျင့်စရိုက်အဖြစ် သတ်မှတ်နိုင်သည်။ စိတ်ဆတ်ခြင်းကို အခြေအနေအပေါ် မူတည်၍ ရှုမြင်ရမည်ဖြစ်ပြီး တစ်စုံတစ်ဦး၏ စိတ်ဆတ်ခြင်းက မည်သည့်အရာကို ဦးတည်သည်နှင့် ယင်း၏ နောက်ကွယ်ရှိ ရည်ရွယ်ချက်များကို ထည့်သွင်းစဉ်းစားရမည်။ ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကို ကာကွယ်ရန် သို့မဟုတ် ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ကာကွယ်ရန်အလို့ငှာ ၎င်းတို့သည် မှတ်ချက်တစ်ခုတည်းအပေါ် အမှန်တကယ် ဒေါသထွက်နိုင်ပြီး ဆူညံပွက်လောရိုက်အောင် ရန်ဖြစ်နိုင်ပါက ၎င်းတို့၏ ကိုယ်ကျင့်စရိုက်သည် ယုတ်ညံ့သည်။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများနှင့် သက်ဆိုင်သော ကိစ္စရပ်များတွင် ယေဘုယျအားဖြင့် အတော်လေး သဘောထားကြီးပါက၊ ဥပမာအားဖြင့် လူများက ၎င်းတို့ကို ရည်ရွယ်ပြီး ၎င်းတို့၏ မာနကို အနည်းငယ် ထိခိုက်စေသော မှတ်ချက်များကို ရံဖန်ရံခါ ပေးသောအခါ သို့မဟုတ် ၎င်းတို့အပေါ် အနည်းငယ် အချောင်ယူသောအခါ ၎င်းတို့သည် ယေဘုယျအားဖြင့် ဗွေမယူဘဲ ဒေါသမထွက်ပါက၊ ၎င်းတို့သည် အသေးအဖွဲ ကိစ္စများကို ဇီဇာမကြောင်ဘဲ အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရာတွင် လိုက်လျောညီထွေ နေတတ်သည့်တိုင် တစ်စုံတစ်ဦးက အသင်းတော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ကာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်စေသည်ကို မြင်သောအခါ ဒေါသထွက်ပါက ဤသည်မှာ ကိုယ်ကျင့်စရိုက် မကောင်းခြင်း မဟုတ်ပေ။ ထိုအစား ယင်းမှာ လူ့သဘာဝတွင် ရှိသင့်သော တရားမျှတစိတ် ဖြစ်သည်၊ လူ့သဘာဝ၏ ကောင်းကွက်တစ်ခု ဖြစ်သည်။

စိတ်ကောက်တတ်ခြင်း

စိတ်ကောက်တတ်ခြင်းသည် မည်သည့် ပြဿနာအမျိုးအစားတွင် ပါဝင်သနည်း။ (လူ့သဘာဝ၏ ချို့ယွင်းချက် ဖြစ်ပါသည်။) ဤသည်မှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ မည်သည့်လူစားမျိုးသည် စိတ်ကောက်တတ်သနည်း။ (သဘောထားသေးသိမ်သူများ ဖြစ်ပါသည်။) သဘောထားသေးသိမ်သူများ၊ စိတ်ကြီးသူများနှင့် ကလေးများသည် စိတ်ကောက်တတ်ကြသည်။ ၎င်းတို့သည် အသေးအဖွဲကိစ္စတစ်ခုနှင့် ကြုံရသည့်အခါ ချက်ချင်း ဒေါသထွက်တတ်ကြပြီး သင့်ကို စကားမပြောဘဲ နေတတ်သည်၊ သင့်ကို တွေ့ဆုံရန် ငြင်းဆန်ပြီး သင့်ဖုန်းကိုလည်း ကိုင်မည်မဟုတ်ပေ။ သင်က မရည်ရွယ်ဘဲ ၎င်းတို့ကို နာကျင်စေသည့် စကားတစ်ခွန်း ပြောမိပြီး ၎င်းတို့သည် စိတ်ကောက်ကာ သင့်ကို အချိန်ကြာမြင့်စွာ လျစ်လျူရှုထားကြပြီး ဤကိစ္စနှင့်ပတ်သက်၍ မေးမြန်းသည့်အခါတွင်လည်း ၎င်းတို့က မည်သည့်အရာမျှ ပြောဆိုမည်မဟုတ်ပေ။ သင်က ၎င်းတို့ကို “မည်သို့ ဖြစ်နေသနည်း။ ပြဿနာရှိလျှင် ဖြေရှင်းကြပါစို့။ ကျွန်ုပ် သင့်အပေါ် နစ်နာစေခဲ့လျှင် ပြန်လည်ဖြည့်ဆည်းပေးပါမည်။ ကျွန်ုပ်ပြောလိုက်သည့် စကားတစ်ခွန်းက သင့်ကို နာကျင်စေခဲ့လျှင် ကျွန်ုပ် တောင်းပန်ပါသည်။ ပြီးလျှင် သင် လိုအပ်သည့် မည်သည့်အရာကိုမဆို ကျွန်ုပ် လုပ်ပေးနိုင်ပါသည်” ဟု မေးမြန်းသည်။ သို့သော် ၎င်းတို့သည် နှုတ်ဆိတ်နေဆဲဖြစ်ပြီး စိတ်ကောက်နေဆဲ ဖြစ်သည်။ ထိုသို့သောလူများသည် ဒုက္ခပေးသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ပုံမှန်မဟုတ်သော လူ့သဘာဝဖြစ်သည်။ စရိုက်နှင့်ဆိုင်သော ကိစ္စရပ်များအဆင့်ထိ မရောက်ရှိသည့် လူ့သဘာဝနှင့် ဆက်နွှယ်သော ပြဿနာများအားလုံးသည် လူ့သဘာဝ၏ ချို့ယွင်းချက်များတွင် ပါဝင်သည်။ ချို့ယွင်းချက်တစ်ခု ဆိုသည်မှာ ပုံမှန် လူ့သဘာဝအတွင်း ရှိသင့်သော အရာတစ်ခုခုသည် တစ်စုံတစ်ဦး၌ လိုအပ်နေခြင်းကို ဆိုလိုသည်။ ကျင့်ကြံပြုမူခြင်းနှင့် ကိစ္စများကို ကိုင်တွယ်ခြင်းရှိ လူတစ်ဦး၏ သဘောထား သို့မဟုတ် ပုံစံသည် ပုံမှန်မဟုတ်ခြင်း သို့မဟုတ် ရင့်ကျက်မှုမရှိခြင်း ဖြစ်ပြီး ပုံမှန် လူ့သဘာဝအတွက် ဆင်ခြင်တုံတရား စံနှုန်းကို မမီခြင်းဖြစ်သည်။ ဤသည်မှာ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ စိတ်ကောက်တတ်ခြင်းသည် တစ်ချက်အနေဖြင့် အခြားသူများကို စိတ်အနှောင့်အယှက် ဖြစ်စေပြီး ၎င်းတို့သည် ထိုသို့သောလူများနှင့် ဆက်ဆံရသည်ကို မနှစ်သက်ကြပေ။ ထို့အပြင် စိတ်ကောက်တတ်ခြင်းသည် ကလေးဆန်ပြီး ရင့်ကျက်မှုမရှိခြင်း ဖြစ်သည်။ ယေဘုယျအားဖြင့် အသက်ဆယ်နှစ်ဝန်းကျင် ကလေးများသာ ဤနည်းလမ်းအတိုင်း ပြုမူတတ်ကြပြီး လူကြီးများတွင် ဤသရုပ်သကန်များ မရှိကြပေ။ ထိုသို့သောလူတစ်ဦးသည် သင်နှင့် ဆက်ဆံရေး ကောင်းမွန်သည့်အခါ သင်တို့နှစ်ဦးသည် ဤပုပ်ထဲမှဤပဲသာ ဖြစ်ကြသည်။ သို့သော် သင်တို့ကြား အဆင်မပြေဖြစ်သည့်အခါ ၎င်းတို့သည် ရန်လိုလာပြီး စိတ်ကောက်ကာ သင့်ကို စကားမပြောဘဲနေသည်၊ သင် ၎င်းတို့ကို ပေးထားသည့် အရာအားလုံးကို ပြန်ပေးပြီး သင့်ကို အပြီးအပိုင် အဆက်ဖြတ်လေသည်။ သို့တိုင်အောင် တစ်နေ့တွင် ၎င်းတို့ ပြန်လည်သင့်မြတ်ပြီး ယခင်ကကဲ့သို့ ရင်းနှီးသွားမည်ကို မည်သူသိနိုင်မည်နည်း။ ဤအရာများသည် ရင့်ကျက်မှုမရှိခြင်း၏ သရုပ်သကန်များ ဖြစ်သည်။ ရင့်ကျက်မှုမရှိခြင်း၏ ဤသရုပ်သကန်များအားလုံးကို လူ့သဘာဝ၏ ချို့ယွင်းချက်များဟု ရည်ညွှန်းသည်။ စိတ်ကောက်တတ်ခြင်းသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ စိတ်ကောက်တတ်သော လူများသည် တာဝန်တစ်ခုကို ထမ်းဆောင်သည့်အခါ အမှုအရာများကို နှောင့်နှေးစေရန် အဖြစ်နိုင်ဆုံး ဖြစ်သည်။ တစ်စုံတစ်ဦးက ၎င်းတို့ကို နာကျင်စေသည့် စကားတစ်ခွန်း ပြောလိုက်သောကြောင့် ၎င်းတို့သည် ရက်ပေါင်းများစွာ မည်သည့်အချိန်တွင် စိတ်ကောက်သွားမည်ကို သင် မည်သည့်အခါမျှ မသိနိုင်ပေ။ တာဝန်သည် မည်မျှပင် အရေးကြီးသည်ဖြစ်စေ ၎င်းတို့သည် မည်သည့်အရာမျှ မပြောဆိုဘဲ ရပ်တန့်သွားနိုင်သည်။ ၎င်းတို့သည် ပုံမှန်အတိုင်း တာဝန်ထမ်းဆောင်နေဆဲဖြစ်သည်ဟု သင် ထင်ကောင်းထင်နိုင်သော်လည်း စင်စစ်အားဖြင့် ၎င်းတို့သည် မိမိတို့၏အလုပ်ကို ရပ်တန့်ထားပြီး ဖြစ်သည်မှာ ကြာပြီဖြစ်၏။ ထို့ကြောင့် စိတ်ကောက်တတ်သော လူများကို အရေးကြီးသော အလုပ်အား မည်သည့်အခါမျှ တာဝန်မပေးဖို့ အရေးကြီးသည်၊ အထူးသဖြင့် အလွန် အရေးကြီးသော အဆင့်များတွင်ရှိသည့် တာဝန်များကို ၎င်းတို့အား မပေးအပ်သင့်ပေ။ အကြောင်းမှာ ၎င်းတို့သည် အလွန် တစ်ဇွတ်ထိုးနိုင်ပြီး အမြဲတစေ စိတ်ထိခိုက်လွယ်ကာ စိတ်ကောက်တတ်ပြီး ဆင်ခြင်တုံတရား ကင်းမဲ့သောကြောင့် တာဝန်ထမ်းဆောင်နေစဉ်အတွင်း ၎င်းတို့၏ အလုပ်ကို စွန့်လွှတ်လိုက်ရန် လွယ်ကူသောကြောင့် ဖြစ်သည်။ ဤအလုပ်ကို ၎င်းတို့ မဖြစ်မနေ လုပ်ရမည်ဆိုလျှင် သို့မဟုတ် ၎င်းတို့ကို အစားထိုးရန် အခြားမည်သူမျှ မရှိလျှင် ၎င်းတို့အား အလုပ်တာဝန်ပေးအပ်သည့်အခါ ၎င်းတို့၏ အလုပ်ကို ကြီးကြပ်ရန် သင်သည် တစ်စုံတစ်ဦးကို ထားရှိရမည်။ ၎င်းတို့ကို အစားထိုးနိုင်မည့် အခြားသူတစ်ဦး ရှိလျှင် အတော်အတန် အရေးကြီးသော အလုပ်ကို ၎င်းတို့အား တာဝန်မပေးသင့်ပေ။ ဥပမာအားဖြင့် အချို့လူများတွင် အစွမ်းအစ အနည်းငယ်ရှိပြီး အသင်းတော် ခေါင်းဆောင်တစ်ဦး၏ အလုပ်ကို ကိုင်တွယ်နိုင်သော်လည်း ညီအစ်ကိုမောင်နှမ တစ်ဦးဦးက ၎င်းတို့ကို နာကျင်စေသည့် စကားတစ်ခွန်း ပြောလိုက်သည့်အခါ ၎င်းတို့သည် စိတ်ကောက်သွားကြသည်။ “ကျွန်ုပ် နုတ်ထွက်ပါပြီ။ သင်တို့ မည်သူ့ကိုမဆို ခေါင်းဆောင်အဖြစ် ခန့်လိုက ခန့်နိုင်ပါသည်။ ကျွန်ုပ် အိမ်ပြန်ပြီး ကိုယ့်ဘဝနှင့်ကိုယ် နေတော့မည်။ ဤကိစ္စနှင့် ကျွန်ုပ် မသက်ဆိုင်တော့ပြီ” ဟူ၍ ဖြစ်သည်။ ၎င်းတို့ စတင် စိတ်ကောက်သည်နှင့်တစ်ပြိုင်နက် မိမိတို့၏ တာဝန်ကို စွန့်လွှတ်ပြီး ထွက်သွားနိုင်ကာ ၎င်းတို့ မည်သည့်အချိန်တွင် ပြန်လာမည်ကို မည်သူသိနိုင်မည်နည်း။ ထိုသို့သောလူများသည် ယုံကြည်စိတ်ချရသလော။ (မရပါ။) ၎င်းတို့သည် မိမိတို့၏ ဒေါသကို တာဝန်အပေါ်တွင်လည်းကောင်း၊ အသင်းတော်၏ အလုပ်အပေါ်တွင်လည်းကောင်း ပုံချကြပြီး မည်သည့်အချိန်တွင်မဆို မိမိတို့၏ တာဝန်ကို စွန့်လွှတ်ကြသည်။ ဤသည်မှာ ရင့်ကျက်မှုမရှိခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့၏ တာဝန်နှင့် အသင်းတော်၏ အလုပ်ကို ကလေးများ လူကြီးလုပ်တမ်းကစားသကဲ့သို့ သဘောထားခြင်းသည် ရင့်ကျက်မှုမရှိခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ကလေးများ လူကြီးလုပ်တမ်းကစားသည့်အခါ ယင်းမှာ ကစားပွဲတစ်ခုမျှသာ ဖြစ်သည်။ ၎င်းတို့ စိတ်ဆိုးသွားလျှင် ကစားခြင်းကို ရပ်လိုက်ကြသည်၊ ယင်းက မည်သည့်အရာကိုမျှ မနှောင့်နှေးစေပေ။ သို့သော် အသင်းတော် အလုပ် သို့မဟုတ် တာဝန်တစ်ခုကို ကလေးများ လူကြီးလုပ်တမ်းကစားသကဲ့သို့ သဘောထားပြီး ၎င်းတို့ အလိုရှိသည့်အချိန်တိုင်း နုတ်ထွက်ခြင်းသည် အမှုအရာများကို နှောင့်နှေးစေသည် မဟုတ်လော။ ဤအရာက ၎င်းတို့၏ ကိုယ်ပိုင်ကိစ္စရပ်များကိုသာ နှောင့်နှေးစေသည် မဟုတ်ပေ။ ၎င်းတို့သည် အသင်းတော် ခေါင်းဆောင်တစ်ဦး ဖြစ်လျှင် အသင်းတော်၏ အလုပ်သည် ၎င်းတို့ကြောင့် နှောင့်နှေးသွားလေသည်။ ၎င်းတို့သည် အရေးကြီးသော တာဝန်တစ်ခုကို ထမ်းဆောင်နေလျှင် ထိုအရေးကြီးသော တာဝန်သည် နှောင့်နှေးသွားလေသည်။ ထို့ကြောင့် အသုံးပြုရန် လူများကို ရွေးချယ်သည့်အခါ ၎င်းတို့တွင် စိတ်ကောက်တတ်သည့် ပြဿနာ ရှိမရှိဟူသည်ကို သင် ထည့်သွင်းစဉ်းစားရမည်။ ၎င်းတို့တွင် ဤပြဿနာရှိလျှင် ယင်းမှာ ဆိုးရွားသလော။ မည်မျှ ဆိုးရွားသနည်း။ ၎င်းတို့သည် မိမိတို့၏ အလုပ်ကို စွန့်လွှတ်မည်လော။ ၎င်းတို့ စိတ်ကောက်သည့်အခါ ဒေါသတကြီးဖြင့် အိမ်ပြန်ပြီး မိမိတို့၏ တာဝန်ကို ရပ်တန့်ကာ မည်သူက ခေါ်သည်ဖြစ်စေ ပြန်လာရန် ငြင်းဆန်မည်လော။ ဤလူစားမျိုးသည် ကိုင်တွယ်ရန် အလွန်ခက်ခဲသည်။ ၎င်းတို့ကို မည်သည့်အခါမျှ အသုံးမပြုနှင့်။ ၎င်းတို့သည် ဆူးများသော လူစားမျိုး ဖြစ်သည်။ ၎င်းတို့ကို ချော့မော့၍ မရ၊ ဆုံးမပဲ့ပြင်၍ မရသကဲ့သို့ သင်သည် သမ္မာတရားအကြောင်း မည်သို့ပင် မိတ်သဟာယဖွဲ့ပါစေ ၎င်းတို့ လက်ခံရန် ခက်ခဲသည်။ ၎င်းတို့ကိုယ်တိုင် စဉ်းစားဆင်ခြင်ပြီး နားလည်သဘောပေါက်မှသာ ၎င်းတို့ ပြန်လည်ကောင်းမွန်နိုင်ပြီး ပုံမှန် ဆင်ခြင်တုံတရားသို့ ပြန်ရောက်နိုင်သည်။ ထို့ကြောင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိခြင်းအပြင် လူတစ်ဦး၏ လူ့သဘာဝတွင် ချို့ယွင်းချက်များ သို့မဟုတ် အပြစ်အနာအဆာများစွာ ရှိပါက ၎င်းတို့သည် မနှစ်မြို့ဖွယ်ရာ တစ်စုံတစ်ရာနှင့် ကြုံတွေ့ရသည်နှင့်တစ်ပြိုင်နက် ယင်းက ၎င်းတို့ကို ပြန်လည်မထူမထောင်နိုင်လောက်အောင် အပျက်သဘောဆောင်သွားစေနိုင်သည်။ ၎င်းတို့တွင် စိတ်ပိုင်းဖြတ်မှု အချို့ရှိပြီး ကယ်တင်ခြင်းခံရရန် သမ္မာတရားကို လိုက်စားလိုစိတ် ရှိလျှင်ပင် ၎င်းတို့၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ပြီး စံနှုန်းပြည့်မီသော ဖန်ဆင်းခံတစ်ဦး ဖြစ်ရန် စိတ်ဆန္ဒရှိလျှင်ပင် အခက်အခဲများ သို့မဟုတ် မနှစ်မြို့ဖွယ်ရာ အခြေအနေများ ပေါ်ပေါက်လာသည့်အခါ ၎င်းတို့ ရှေ့ဆက်မသွားနိုင်ကြတော့ပေ။ ထို့ကြောင့် လူတစ်ဦးသည် သမ္မာတရားကို လိုက်စားပြီး မိမိ၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်လိုလျှင် ၎င်း၏ လူ့သဘာဝတွင် ရှိနိုင်သော မည်သည့် ချို့ယွင်းချက်များ သို့မဟုတ် အပြစ်အနာအဆာများကိုမဆို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေရမည်။ သင်သည် ဘုရားသခင်ကို ကြီးမားစွာ တောင့်တသော စိတ်နှလုံးကိုဖြစ်စေ၊ သမ္မာတရားကို တောင့်တသော စိတ်နှလုံးကိုဖြစ်စေ မပိုင်ဆိုင်လျှင်၊ ပြီးလျှင် သင်သည် ဤလူ့သဘာဝ၏ ချို့ယွင်းချက်များကို ကျော်လွှားရန် မလိုလားလျှင် သို့မဟုတ် ထိုသို့ပြုလုပ်ရန် လုံလောက်သော စိတ်ပိုင်းဖြတ်မှု မရှိလျှင် သင် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများသည် များပြားလိမ့်မည်။ သင်သည် ဤပုဂ္ဂိုလ်ရေးရာ ချို့ယွင်းချက်များကိုပင် မပြောင်းလဲနိုင်လျှင် သို့မဟုတ် မကျော်လွှားနိုင်လျှင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားပစ်ရန်မှာ သာ၍ပင် ခက်ခဲလိမ့်မည်။

အချောင်ယူရသည်ကို နှစ်သက်ခြင်း

ယခု “အချောင်ယူရသည်ကို နှစ်သက်ခြင်း” အကြောင်း ပြောကြစို့။ ဤသည်မှာ မည်သည့် ပြဿနာအမျိုးအစား ဖြစ်သနည်း။ (လူ့သဘာဝ၏ ချို့ယွင်းချက် ဖြစ်ပါသည်။) ဤသည်မှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သလော။ အချောင်ယူရသည်ကို နှစ်သက်ခြင်းသည် စရိုက်နှင့်ဆိုင်သော ပြဿနာတစ်ခု ဖြစ်သည်။ တစ်စုံတစ်ဦးသည် အခြေအနေတိုင်းတွင် ဟင်းသီးဟင်းရွက်တစ်ပင်၊ စက္ကူတစ်ရွက် သို့မဟုတ် ရေဘူးအသေးလေး တစ်ဘူးကဲ့သို့ သေးငယ်သော အရာများအပေါ်၌ပင် အချောင်ယူပါက ဤသည်မှာ ၎င်းတို့၏ စရိုက်နှင့်ဆိုင်သော ပြဿနာတစ်ခု ဖြစ်သည်။ ၎င်းတို့၏ စရိုက်သည် ယုတ်ညံ့သည်။ ဤသည်မှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု မဟုတ်ပေ။ သင် နားလည်သလော။ (နားလည်ပါသည်။) ထိုသို့သောလူများသည် ယုတ်ညံ့သော စရိုက်ရှိပြီး တည်ကြည်မှု မရှိကြပေ။ ၎င်းတို့သည် ဆိုင်တစ်ဆိုင်တွင် ဈေးဝယ်သောအခါ အမြဲတစေ ဈေးဆစ်ရန်နှင့် လျှော့ဈေးတောင်းရန် ကြိုးစားကြသည်။ ဈေးထဲတွင် ဟင်းသီးဟင်းရွက် ဝယ်သောအခါ ၎င်းတို့သည် ငွေအနည်းငယ်အတွက် အဆုံးမရှိ ငြင်းခုံကြသည်။ ဟိုတယ်တစ်ခုတွင် တည်းခိုပြီး တစ်ခါသုံး မျက်နှာသုတ်ပဝါများ၊ သွားတိုက်တံများနှင့် သွားတိုက်ဆေးများကဲ့သို့သော အခမဲ့ ပစ္စည်းများကို မြင်သောအခါ တစ်ခုတလေ ကျန်ခဲ့မည်ကို စိုးရွံ့ကာ ၎င်းတို့သည် တစ်ခုတလေမျှ ချန်မထားခဲ့ဘဲ အိမ်သို့ အကုန်ယူသွားကြသည်။ အချို့လူများက “၎င်းတို့ ဆင်းရဲသောကြောင့် အချောင်ယူရသည်ကို နှစ်သက်ခြင်း ဖြစ်သလော” ဟု ပြောကြသည်။ မဟုတ်ပေ။ ဤလူစားမျိုးတွင် ဤကဲ့သို့သော စရိုက်မျိုး ရှိရုံသာဖြစ်သည်။ ၎င်းတို့၏ မိသားစုသည် ငွေကြေးမပြတ်လပ်သော်လည်း ၎င်းတို့က မရမက အချောင်ယူကြသည်။ ဘုရားသခင်ကို ယုံကြည်ပြီးနောက်တွင် ဤလူစားမျိုးသည် ဘုရားအိမ်တော်အပေါ်၌ပင် အချောင်ယူကြသည်။ အချို့လူများသည် ကိုယ့်အိမ်တွင်ကိုယ် ထမင်းမစားဘဲ ဧည့်ခံသည့်နေအိမ်အတွက် အလုပ်ကူလုပ်ပေးသယောင် ဟန်ဆောင်လျက် ဧည့်ခံသည့်နေအိမ်ထံသို့ အလကား ထမင်းသွားစားလေ့ရှိသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ၏ ပိုင်ဆိုင်မှုများကို တိတ်တဆိတ် ယူသုံးကြသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်ပစ္စည်းများကို အသုံးပြုခြင်းကို ရှောင်ကြဉ်ပြီး အခြားသူများ၏ ပိုင်ဆိုင်မှုများကို အစဉ်သဖြင့် ယူသုံးကြသည်။ ၎င်းတို့သည် ကိုယ့်အဝတ်အထည်ကိုယ် မဝတ်ဘဲ အခြားသူတစ်ဦး၏ အဝတ်အထည်များကို အစဉ်သဖြင့် ဝတ်ဆင်ကြသည်။ တစ်စုံတစ်ဦး အဝတ်လျှော်နေသည်ကို ၎င်းတို့ မြင်သောအခါ ၎င်းတို့အတွက် အဝတ်တစ်စုံနှစ်စုံခန့်ကို တစ်ပါတည်း လျှော်ပေးရန် တောင်းဆိုပြီး အဆုံးတွင် လျှော်ရန်အတွက် အဝတ် ခုနစ်ထည်၊ ရှစ်ထည်ခန့် ပေးလိုက်ကြသည်။ ဤသည်မှာ သိသိသာသာ အချောင်ယူခြင်း ဖြစ်သည်။ ၎င်းတို့သည် ရိုးရှင်းစွာပင် ဤကဲ့သို့သော ကိုယ်ကျင့်စရိုက်မျိုး ရှိကြ၏။ ၎င်းတို့၏ မိသားစုတွင် ငွေရှိသည်မှာ ထင်ရှားသော်လည်း ၎င်းတို့သည် ညီအစ်ကိုမောင်နှမများထံမှ ငွေချေးကြသေးသည်။ ၎င်းတို့ ပြန်ဆပ်မည့်အချိန်ကို မေးမြန်းသောအခါ ၎င်းတို့က “ကျွန်ုပ် ငွေရှိသည့်အချိန်ကျမှ ပြန်ဆပ်ပါမည်။ ကျွန်ုပ်တွင် ငွေမရှိလျှင် မည်သို့ ပြန်ဆပ်နိုင်မည်နည်း။ ကျွန်ုပ်တွင် ငွေမရှိပါ၊ အသက်တစ်ချောင်းသာ ရှိပါတော့သည်” ဟု ပြောဆိုကြသည်။ ဤစကားများက မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းတို့သည် ပြန်မဆပ်ချင်ကြသည်မှာ သိသာထင်ရှားပြီး ပြန်ဆပ်ရန်လည်း မည်သည့်အခါမျှ ရည်ရွယ်ချက် မရှိခဲ့ကြပေ။ ၎င်းတို့သည် အခြားသူများ၏ ငွေကို မိမိတို့၏ ကိုယ်ပိုင်ပျော်ရွှင်မှုအတွက် အသုံးပြုလျက်၊ လွတ်လပ်စွာ သုံးစွဲလျက် အချောင်ယူလိုကြရုံသာ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ရည်ရွယ်ချက်ဖြစ်သည်။ တစ်စုံတစ်ဦးက ပစ္စည်းအသစ်တစ်ခု ဝယ်ထားသည်ကို ၎င်းတို့ မြင်သောအခါ ၎င်းတို့သည် အလွန် စိတ်ဝင်စားလာပြီး ယင်းကို ငှားရန် အဆက်မပြတ် စဉ်းစားကြသည်။ ပိုင်ရှင်က ယင်းကို လိုအပ်ပြီး မငှားချင်လျှင်လည်း ၎င်းတို့က မရမက ယူငှားကြသည်။ ၎င်းတို့သည် ယင်းကို ဟောင်းနွမ်းသည်အထိ သို့မဟုတ် ပျက်စီးသည်အထိ သုံးစွဲကြပြီး ပြန်မပေးကြသေးဘဲ ယင်းကို မိမိတို့၏ ကိုယ်ပိုင်ပစ္စည်းကဲ့သို့ သဘောထားကြသည်။ ဤလူစားမျိုးသည် နေရာတိုင်းတွင် အချောင်ယူကြသည်၊ ပစ္စည်းများကို ငှားရမ်းပြီး မည်သည့်အခါမျှ ပြန်မပေးကြပေ။ ဤသည်မှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သလော။ (မဟုတ်ပါ။) ဤသည်မှာ တည်ကြည်မှု မရှိခြင်းနှင့် ယုတ်ညံ့သော စရိုက်ရှိခြင်း ဖြစ်သည်။ သင်တို့သည် ဤလူစားမျိုးကို မြင်ဖူးသလော။ (မြင်ဖူးပါသည်။) ၎င်းတို့ အတော်များများ ရှိကြသည်။ ဤလူစားမျိုးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော ဟူသည်ကို ငါ့ကို ပြောလော့။ (မလုပ်ဆောင်နိုင်ပါ။) ဤပုဂ္ဂိုလ်များထဲမှ အများစုသည် မည်သည့်လူစားမျိုးများ ဖြစ်ကြသနည်း။ ၎င်းတို့သည် လူယုတ်မာများ ဖြစ်ကြသည် မဟုတ်လော။ ၎င်းတို့သည် အခြားသူများအပေါ် မည်မျှပင် အချောင်ယူပါစေ လိပ်ပြာမသန့်ခြင်း မရှိပေ။ ၎င်းတို့တွင် အသိစိတ် ရှိသလောဟု ငါ့ကို ပြောလော့။ (မရှိပါ။) အသိစိတ် မရှိသောသူများသည် မည်သည့်လူစားမျိုး ဖြစ်သနည်း။ ၎င်းတို့သည် လူကောင်းများ ဖြစ်သလော သို့မဟုတ် ဆိုးယုတ်သောလူများ ဖြစ်သလောဟူသည်ကို ငါတို့ မပြောဘဲ နေကြစို့။ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုအပ်သော လူ့သဘာဝ၏ အခြေခံအကျဆုံး စံနှုန်းများနှင့် အခြေအနေများ ကင်းမဲ့နေကြသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်အတွက် လူတစ်ဦးသည် အနည်းဆုံး အသိစိတ် ပိုင်ဆိုင်ရမည်ဟု ငါတို့ ယခင်က မိတ်သဟာယဖွဲ့ခဲ့ကြသည်။ လူတစ်ဦး၏ အသိစိတ်တွင် အရှက်တရား ပါဝင်သည်။ မိမိတို့၏ အသိစိတ်တွင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခြင်း တစ်စုံတစ်ရာ မခံစားရဘဲ အခြားသူများထံမှ အစဉ်သဖြင့် အချောင်ယူနေသူများတွင် ရှက်စိတ် ရှိသလော။ (မရှိပါ။) ရှက်စိတ်မရှိသော လူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော။ (မလုပ်ဆောင်နိုင်ပါ။) ၎င်းတို့သည် မည်သည့်အရာကိုမျှ မခံစားရဘဲ ၎င်းတို့၏ အသိစိတ်မှ မည်သည့် ပြစ်တင်ရှုတ်ချမှုမျှ မရှိဘဲ မကောင်းမှုကို ကျူးလွန်ကြသည်။ ထို့ကြောင့် တရားမျှတသော အမှုများကို ပြုခြင်းနှင့် မှန်ကန်သော လမ်းကြောင်းကို လျှောက်လှမ်းခြင်းတို့သည် ၎င်းတို့အတွက် ဆွဲဆောင်မှု မရှိပေ။ အကြောင်းမှာ ၎င်းတို့၏ လူ့သဘာဝတွင် ထိုသို့သောအရာများအတွက် လိုအပ်ချက် မရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့၏ လိုအပ်ချက်များမှာ အဘယ်အရာများ ဖြစ်သနည်း။ ၎င်းတို့၏ လိုအပ်ချက်မှာ မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို မည်သည့်ဆုံးရှုံးမှုမှ မရှိအောင် ကာကွယ်ရန်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် အခြားသူများ၏ အကျိုးစီးပွားများကို ယူငင်ကာ မိမိတို့ကိုယ်ကို အလုပ်အကျွေးပြုရန် အသုံးပြုဖို့ ဖြစ်သည်။ ၎င်းတို့၏ လူ့သဘာဝတွင် ထိုသို့သော အပြုအမူအတွက် ပြစ်တင်ရှုတ်ချမှု သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မှု မရှိသကဲ့သို့ မည်သည့် ရှက်စိတ်မျှလည်း မရှိပေ။ ထို့ကြောင့် ဤလူစားမျိုးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် အလွန် ခက်ခဲသည်။ ကျင့်ကြံပြုမူခြင်းအတွက် ၎င်းတို့၏ ခံယူချက်မှာ ရုပ်ဝတ္ထုပိုင်းဆိုင်ရာအရ ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာ သဘောအရ ဖြစ်စေ မိမိတို့အတွက် အကျိုးရှိသော မည်သည့်အရာကိုမဆို စိုးစဉ်းမျှ စွန့်လွှတ်၍ မဖြစ်ဟူ၍ ဖြစ်သည်။ အခြားသူများ၏ ကောင်းမွန်ပြီး တန်ဖိုးရှိသော အရာများနှင့်ပတ်သက်၍မူ ၎င်းတို့သည် အမြဲတစေ ပိုင်ဆိုင်လိုကြသည်၊ သိမ်းပိုက်လိုကြသည်၊ သို့မဟုတ် အတင်းအဓမ္မပင် ရယူပိုင်ဆိုင်လိုကြသည်။ ၎င်းတို့တွင် အခွင့်အရေး ရသည်နှင့်တစ်ပြိုင်နက် အခြားသူများ၏ ကောင်းမွန်သော အရာများကို မိမိတို့အတွက် သိမ်းပိုက်ကြလိမ့်မည်။ ၎င်းတို့သည် အခွင့်အရေးကို လက်လွတ်ခံရန် မိမိတို့ကိုယ်ကို လုံးဝ ခွင့်မပြုနိုင်ကြပေ။ ပြီးလျှင် ၎င်းတို့ လက်လွတ်သွားပါက တစ်သက်လုံး နောင်တရကြလိမ့်မည်။ ဤသည်မှာ ၎င်းတို့ ကျင့်ကြံပြုမူရာတွင် ထားရှိသော ခံယူချက်ဖြစ်သည်။ ၎င်းတို့သည် ဤခံယူချက်၏ လွှမ်းမိုးခြင်းကို ခံရသောကြောင့် အခြားသူများထံမှ အချောင်ယူပြီး အခြားသူများ၏ အကျိုးခံစားခွင့်များကို မိမိတို့၏ ကိုယ်ပိုင်အရာအဖြစ် သိမ်းယူသောအခါ ၎င်းတို့သည် မှန်ကန်သည်ဟု ခံစားရပြီး စိတ်သက်သာရာ ရကြကာ ကြီးမားသော အောင်မြင်မှု ခံစားချက်ကို ခံစားကြရသည်။ ၎င်းတို့ အချောင်မယူနိုင်လျှင် သို့မဟုတ် ထိုသို့ပြုလုပ်ရန် အခွင့်အရေးတစ်ခု လွတ်သွားလျှင် ၎င်းတို့ ကျရှုံးသွားသည်ဟု ခံစားရပြီး မိမိတို့ကိုယ်ကို တုံးအသည်ဟု ထင်ကြသည်။ ၎င်းတို့ အချောင်ယူရသည့်အခါ ကောင်းမွန်သည်ဟု ခံစားရသည်၊ ဝမ်းမြောက်ပြီး ငြိမ်သက်ကြသည်။ သို့သော် အချောင်ယူရန် အခွင့်အရေးတစ်ခုကို မြင်ပြီး အချောင်မယူရသည့်အခါ ၎င်းတို့ ကသိကအောက်ဖြစ်ကာ ဂနာမငြိမ် ဖြစ်ကြသည်။ “ကျွန်ုပ်သာ ဤအချောင်မယူလျှင် အလဟဿဖြစ်မည်။ အခြားသူတစ်ဦးက ယူသွားလျှင် ကျွန်ုပ်သည် နစ်နာသူ ဖြစ်သွားမည် မဟုတ်လော” ဟူ၍ ဖြစ်သည်။ ကြည့်လော့၊ ဤခံယူချက်၏ လွှမ်းမိုးခြင်းကို ခံရသောသူတစ်ဦးသည် လူကောင်းဖြစ်ရန် ကြိုးစားနိုင်သလော။ (မကြိုးစားနိုင်ပါ။) သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောအခါ လူတို့သည် မိမိတို့ တန်ဖိုးထားသော ဂုဏ်သိက္ခာ၊ အဆင့်အတန်းနှင့် အခြားသော စိတ်ပိုင်းဆိုင်ရာ အရာများကဲ့သို့သော အရာများစွာကို လက်လွှတ်ရန် လိုအပ်သည့်အပြင် အချို့သော ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အရာများကိုလည်း လက်လွှတ်ရန် လိုအပ်သည်။ ဤအရာအားလုံးတွင် ကိုယ်ကျိုးစီးပွားများ ပါဝင်ပတ်သက်နေပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းက လူများကို ဤအရာအားလုံးအား ပုန်ကန်ရန်၊ ကျော်လွှားရန်၊ ဖယ်ရှားပစ်ရန်နှင့် လက်လွှတ်ရန် တောင်းဆိုသည်။ အချောင်ယူရသည်ကို နှစ်သက်သူများသည် ဤအရာ တစ်ခုကိုမျှ လုံးဝ မလုပ်ဆောင်နိုင်ကြပေ။ ၎င်းတို့သည် မိမိတို့၏ သိက္ခာ သို့မဟုတ် အဆင့်အတန်းကို လက်မလွှတ်နိုင်ကြသကဲ့သို့ မည်သည့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အကျိုးစီးပွားများကိုမဆို စွန့်လွှတ်ရန် သာ၍ပင် စွမ်းဆောင်နိုင်စွမ်း မရှိကြပေ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောအခါ ၎င်းတို့သည် ဤအရာ တစ်ခုကိုမျှ မလုပ်ဆောင်နိုင်ကြပေ။ သို့ဆိုလျှင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော။ (မလုပ်ဆောင်နိုင်ပါ။) ထို့ကြောင့် ၎င်းတို့အတွက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် အလွန် ခက်ခဲသည်။ ၎င်းတို့သည် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ကောင်းမွန်သော အရာအားလုံးကို မိမိတို့အတွက် ပိုင်ဆိုင်လိုကြပြီး ယင်းတို့ကို မည်သည့်အခါမျှ လက်မလွှတ်နိုင်ကြပေ။ ယင်းက သမ္မာတရား လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများနှင့် တိုက်ရိုက် ပဋိပက္ခဖြစ်ပြီး ဆန့်ကျင်နေသည်။ ထိုအကြောင်းကြောင့် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ကြခြင်း ဖြစ်သည်။ အထူးသဖြင့် အချောင်ယူလိုသူများကို ကြည့်လော့၊ ၎င်းတို့သည် မည်မျှအထိ လွန်ကဲကြသနည်း။ တစ်စုံတစ်ဦး၏ အိမ်သို့ အလည်သွားသောအခါ ပြန်မသွားမီ ၎င်းတို့၏ ရေအနည်းငယ်ကို သောက်ရန်နှင့် ၎င်းတို့၏ မုန့်အနည်းငယ်ကို စားရန်ပင် သေချာအောင် လုပ်ဆောင်ကြသည်။ ဤကဲ့သို့သော ကိုယ်ကျင့်စရိုက်ရှိသည့် လူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလောဟူသည်ကို ငါ့ကို ပြောလော့။ (မလုပ်ဆောင်နိုင်ပါ။) အရာအားလုံးကို တိုင်းတာရန်အတွက် ၎င်းတို့၏ စံနှုန်းသည် ၎င်းတို့ အချောင်ယူနိုင်မယူနိုင်နှင့် အကျိုးကျေးဇူးများ ရရှိနိုင်မနိုင်ဟူသော စည်းမျဉ်းအပေါ် အခြေခံသည်။ ကိုယ်ကျိုးစီးပွားသည် အရာအားလုံးကို ၎င်းတို့ တိုင်းတာသည့် စည်းမျဉ်းဖြစ်သည်။ ကျင့်ကြံပြုမူရာတွင် ၎င်းတို့သည် အခြားသူများအပေါ် အချောင်ယူရန်ကိုသာ အာရုံစိုက်ကြသည်။ ၎င်းတို့ မနစ်နာသရွေ့၊ အချောင်ယူနိုင်သရွေ့ ယင်းက တန်သည်ဟု ၎င်းတို့ ခံစားကြရသည်။ ကျင့်ကြံပြုမူရာတွင် လူတစ်ဦးသည် အချောင်ယူနိုင်ရမည် ဖြစ်ကြောင်းနှင့် မကြာခဏ အချောင်ယူဖူးမှသာလျှင် ဉာဏ်ကောင်းပြီး ပါးနပ်သူ ဖြစ်ကြောင်း၊ တစ်စုံတစ်ဦးသည် အချောင်ယူနည်းကို မသိပါက ထိုသူသည် တုံးအကြောင်း ၎င်းတို့ ယုံကြည်ကြသည်။ ကျင့်ကြံပြုမူရန်အတွက် ၎င်းတို့၏ စံနှုန်းမှာ အချောင်ယူရန်သာဖြစ်ပြီး မည်သည့်အခါမျှ အရှုံးမခံရန် ဖြစ်သည်။ ၎င်းတို့သည် ဤချဉ်းကပ်ပုံကို ကျင့်ကြံပြုမူရန်အတွက် စံနှုန်းအဖြစ် ထားရှိကြသည်၊ ၎င်းတို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော။ (မလုပ်ဆောင်နိုင်ပါ။) သမ္မာတရားသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် နေရာတစ်နေရာ ရှိသလော။ ယင်းက ၎င်းတို့၏ စိတ်နှလုံးထဲတွင် အာဏာ ကိုင်စွဲနိုင်သလော။ (မကိုင်စွဲနိုင်ပါ။) သို့ဆိုလျှင် ၎င်းတို့သည် မည်သည့် သမ္မာတရားများကို လက်တွေ့လုပ်ဆောင်နိုင်သနည်း။ (မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ပါ။) ၎င်းတို့သည် မည်သည့် သမ္မာတရားကိုမျှ လုံးဝ လက်တွေ့မလုပ်ဆောင်နိုင်ကြပေ။ ၎င်းတို့၏ စရိုက်သည် အလွန် နိမ့်ကျသဖြင့် အခြားသူများကို ၎င်းတို့အား စက်ဆုပ်ရွံရှာစေသည်။ အချို့လူများသည် ဘုရားအိမ်တော်တွင် တာဝန်ထမ်းဆောင်ကြသည်။ ဘုရားအိမ်တော်က ၎င်းတို့အား နေ့စဉ်သုံးအတွက် ပစ္စည်းအချို့ ပေးအပ်ထားပြီး ၎င်းတို့တွင် အချို့ ကျန်ရှိနေသေးသော်လည်း ကုန်သွားပြီဟူသော ဆင်ခြေကို အသုံးပြုလျက် ပိုမိုရရှိရန် မကြာခဏ တောင်းဆိုကြသည်။ အဘယ်ကြောင့် ၎င်းတို့ အမြဲတစေ ပိုမို တောင်းဆိုကြသနည်း။ “ကျွန်ုပ်သာ ဤအရာကို အချောင်မယူဘဲ အခြားသူတစ်ဦးက အချောင်ယူသွားလျှင် ကျွန်ုပ်သည် နစ်နာသူ ဖြစ်သွားမည် မဟုတ်လော” ဟူ၍ ၎င်းတို့ တွေးကြသည်။ ကြည့်လော့၊ ဤသည်မှာ မည်သည့် ကိုယ်ကျင့်စရိုက်မျိုး ဖြစ်သနည်း။ ဤလူစားမျိုးက အရာအားလုံးကို တိုင်းတာရန် အသုံးပြုသည့် စံနှုန်းသည် ၎င်းတို့ အချောင်ယူနိုင်မယူနိုင်နှင့် အကျိုးကျေးဇူးများ ရရှိနိုင်မနိုင်ဟူသော စည်းမျဉ်းအပေါ် အခြေခံသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် အကျိုးစီးပွားနှင့်ဆိုင်သော အတွေးများဖြင့် လုံးလုံးလျားလျား လွှမ်းမိုးခံထားရသည်။ သင်သည် အပြုသဘောဆောင်သော အရာများ သို့မဟုတ် သမ္မာတရားအကြောင်း ၎င်းတို့နှင့် မည်မျှပင် မိတ်သဟာယဖွဲ့ပါစေ ၎င်းတို့ လက်ခံရန် ငြင်းဆန်ကြသည်။ ယင်းမှာ ၎င်းတို့၏ အစွမ်းအစ သို့မဟုတ် ၎င်းတို့ နားလည်နိုင်စွမ်း ရှိမရှိဟူသည်တို့နှင့် မသက်ဆိုင်ပေ။ ယင်းမှာ ကျင့်ကြံပြုမူရာတွင် ထားရှိသော ၎င်းတို့၏ ခံယူချက်က ပြဿနာရှိနေခြင်း ဖြစ်သည်။ ၎င်းတို့သည် အပြုသဘောဆောင်သော အရာများကို လုံးဝ လက်ခံမည်မဟုတ် သို့မဟုတ် လက်တွေ့လုပ်ဆောင်မည် မဟုတ်သကဲ့သို့ သမ္မာတရား စည်းမျဉ်းများကိုလည်း လိုက်နာစောင့်ထိန်းမည် မဟုတ်ပေ။ ၎င်းတို့၏ စရိုက်သည် အလွန်အမင်း နိမ့်ကျသည်။ ဤလူစားမျိုးနှင့် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ရန် လိုအပ်သလောဟူသည်ကို ငါ့ကို ပြောလော့။ (မလိုအပ်ပါ။) အဘယ်ကြောင့် မလိုအပ်သနည်း။ (အကြောင်းမှာ ၎င်းတို့သည် သမ္မာတရားကို ဘယ်သောအခါမျှ လက်တွေ့လုပ်ဆောင်မည် မဟုတ်သောကြောင့် ဖြစ်ပါသည်။) ၎င်းတို့သည် ၎င်းတို့၏ လူ့သဘာဝတွင် အသိစိတ် ကင်းမဲ့နေပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်အတွက် အခြေခံ အခြေအနေများ မပိုင်ဆိုင်ကြပေ။ ၎င်းတို့၏ စိတ်နှလုံးများသည် အချောင်ယူရန်နှင့် အကျိုးကျေးဇူးများ ရရှိရန်ကိုသာ အာရုံစိုက်ကြသည်။ ဤလူစားမျိုးသည် သမ္မာတရားကို ကြားနာရန် မထိုက်တန်သကဲ့သို့ ကယ်တင်ခြင်း ရရှိခြင်းအကြောင်း တရားဒေသနာများကို နားထောင်ရန် မထိုက်တန်ဟု ဆိုနိုင်သည်။ ကြည့်လော့၊ အချောင်ယူလိုခြင်းသည် မည်သည့် ပြဿနာအမျိုးအစား ဖြစ်သည်ကို သင်တို့ အပြည့်အဝ နားမလည်ခဲ့ကြပေ၊ ဟုတ်သလော။ သင်တို့က ယင်းကို လူ့သဘာဝ၏ ချို့ယွင်းချက်ဟုပင် ထင်ခဲ့ကြသည်။ ယင်းမှာ လူ့သဘာဝ၏ ချို့ယွင်းချက် ဖြစ်သလော။ (မဟုတ်ပါ။) ယခု သင်တို့ နားလည်ပြီ မဟုတ်လော။ ယင်းမှာ မည်သည့် ပြဿနာအမျိုးအစား ဖြစ်သနည်း။ (ယင်းမှာ စရိုက်၏ ပြဿနာတစ်ခု ဖြစ်ပါသည်၊ ဤလူစားမျိုးသည် နိမ့်ကျသော ကိုယ်ကျင့်စရိုက် ရှိ၏။)

ပေးကမ်းစွန့်ကြဲလိုခြင်း

ယခု ပေးကမ်းစွန့်ကြဲလိုခြင်းအကြောင်း ပြောကြစို့။ လူတစ်ဦး၏ ပေးကမ်းစွန့်ကြဲလိုခြင်း နောက်ကွယ်တွင် မည်သည့် ရည်ရွယ်ချက်မျှ မရှိဘဲ ယင်းမှာ အပြုအမူတစ်ခု သို့မဟုတ် ၎င်းတို့၏ နေ့စဉ်ဘဝတွင် အလေ့အထ တစ်ခုမျှသာ ဖြစ်ပါက ဤပေးကမ်းစွန့်ကြဲလိုခြင်းကို လူ့သဘာဝ၏ ကောင်းကွက်တစ်ခုအဖြစ် မှတ်ယူသင့်သည်။ မည်သို့ပင်ဖြစ်စေ ပေးကမ်းခြင်းသည် လက်ခံရယူခြင်းထက် ပို၍ ကောင်းမွန်သည်။ အနည်းဆုံးအနေဖြင့် ပေးကမ်းစွန့်ကြဲလိုသော လူတစ်ဦးတွင် အခြားသူများကို စာနာတတ်သော စိတ်နှလုံး ရှိပြီး ၎င်းတို့၏ လူ့သဘာဝအတွင်း ကြင်နာမှု အစိတ်အပိုင်းတစ်ခု ရှိကာ ၎င်းတို့သည် တွန့်တိုခြင်း မရှိသကဲ့သို့ ရုပ်ဝတ္ထုပစ္စည်းများကို အလွန်အမင်း အလေးမထားကြပေ။ ထို့အပြင် ၎င်းတို့သည် ပေါလျှံသော ရုပ်ဝတ္ထုပစ္စည်းများကို အတော်အတန် ပိုင်ဆိုင်ထားကြသောအခါ ၎င်းတို့၏ ပိုလျှံနေသော ပစ္စည်းများကို ဖြစ်စေ၊ ၎င်းတို့ အသုံးမပြုသော်လည်း အခြားသူများ အသုံးပြုရန် သင့်လျော်သော ပစ္စည်းများကို ဖြစ်စေ ပေးကမ်းစွန့်ကြဲကြပြီး အခြားသူများ၏ ဘဝများကို အနည်းငယ် ပို၍ ချောင်လည်စေသည် သို့မဟုတ် အဆင်ပြေစေသည်။ ဤလုပ်ရပ်များ၏ နောက်ကွယ်ရှိ ရည်ရွယ်ချက်ကို အကဲဖြတ်ကြည့်လျှင် အနည်းဆုံးအနေဖြင့် ပေးကမ်းစွန့်ကြဲလိုသော လူများသည် ကြင်နာတတ်သော လူ့သဘာဝ ရှိကြပြီး အခြားသူများကို စာနာခြင်းနှင့် သနားခြင်းတို့၏ အနှစ်သာရနှင့်ဆိုင်သော သရုပ်သကန်များကို ပြသကြသည်။ ယင်းမှာ ၎င်းတို့၏ လူ့သဘာဝ၏ ကောင်းကွက်တစ်ခု ဖြစ်သည်။ ထိုသို့သောလူများသည် အခြားသူများအပေါ် အချောင်ယူလိုပြီး အခြားသူများ၏ ပိုင်ဆိုင်မှုများကို ထင်ရာမြင်ရာ သိမ်းပိုက်တတ်သော ဆိုးယုတ်သောလူများထက် များစွာ ပိုကောင်းသည့် အတော်အတန် ကောင်းမွန်သော ကိုယ်ကျင့်စရိုက် ရှိကြသည်။ ၎င်းတို့တွင် အတော်အတန် ပို၍ မြင့်မားသော တည်ကြည်မှု ရှိသည်။ ၎င်းတို့သည် မည်သည့် တုံ့ပြန်မှုကိုမျှ မမျှော်ကိုးဘဲ၊ အခြားသူများထံမှ ချီးမွမ်းခြင်းကို မမျှော်ကိုးဘဲ သို့မဟုတ် ဂုဏ်သတင်းကောင်း ကျန်ရစ်ရန် မရည်ရွယ်ဘဲ ပေးကမ်းစွန့်ကြဲပြီး အခြားသူများကို ကူညီကြသည်။ ဤသည်မှာ ကျင့်ကြံပြုမူရာတွင် ၎င်းတို့၏ သဘောထား သို့မဟုတ် ၎င်းတို့၏ နေထိုင်မှုပုံစံမျှသာ ဖြစ်သည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦးတွင် အဝတ်အထည် မရှိသည်ကို ၎င်းတို့ မြင်သောအခါ ဝတ်ဆင်ရန်အတွက် ထိုသူအား ၎င်းတို့၏ ပိုလျှံနေသော အဝတ်အစားများကို ချက်ချင်း ပေးကမ်းကြသည်။ အခြားလူတစ်ဦး၏ မိသားစု ဆင်းရဲပြီး မကြာခဏ ထမင်းအဝမစားရသည်ကို ၎င်းတို့ မြင်သောအခါ ထိုသူတို့လည်း ထမင်းအဝစားရစေရန် ၎င်းတို့ မိသားစု၏ ဆန်အချို့ကို ပေးကမ်းကြသည်။ ၎င်းတို့သည် ကွန်ပျူတာအသစ်တစ်လုံး ဝယ်ပြီး အခြားသူတစ်ဦး၏ ကွန်ပျူတာမှာ သုံး၍မရလုနီးပါး ဖြစ်နေသည်ကို မြင်သောအခါ အသုံးပြုရန်အတွက် ထိုသူအား ၎င်းတို့၏ ကွန်ပျူတာအဟောင်းကို ပေးလိုက်ကြသည်။ ၎င်းတို့သည် မည်သည့် တုံ့ပြန်မှုကိုမျှ မမျှော်ကိုးဘဲ ပေးကမ်းစွန့်ကြဲကြသည်။ ဤသည်မှာ ၎င်းတို့၏ ကိုယ်ကျင့်စရိုက်မျှသာ ဖြစ်သည်။ ဤသည်မှာ လူ့သဘာဝ၏ ကောင်းကွက်တစ်ခု ဖြစ်ပြီး ကောင်းမွန်သော ကိုယ်ကျင့်စရိုက်၏ သရုပ်သကန်တစ်ခုအဖြစ်လည်း သတ်မှတ်နိုင်သည်။ ပေးကမ်းစွန့်ကြဲလိုသော အပြုအမူသည် လုံးဝ မဆိုးသော်လည်း အချို့လူများသည် ၎င်းတို့ ပေးကမ်းစွန့်ကြဲလိုသောကြောင့် “ကျွန်ုပ်သည် ကြင်နာသည်၊ ကျွန်ုပ်သည် မြင့်မြတ်သည်၊ ကျွန်ုပ်သည် ရက်ရောသည်။ ကျွန်ုပ်၏ ပေးကမ်းစွန့်ကြဲမှုနှင့် အကူအညီကို ရရှိပြီးနောက် လူများစွာ၏ ဘဝများ တိုးတက်လာခဲ့သည်။ ကျွန်ုပ်သည် ဘုရားသခင် ကယ်တင်မည့်သူ ဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်ကဲ့သို့သော လူတစ်ဦးကို မကယ်တင်လျှင် သူသည် မည်သည့်လူစားမျိုးကို ကယ်တင်မည်နည်း” ဟု မကြာခဏ တွေးတောကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို “ပေးကမ်းစွန့်ကြဲလိုသော လူကောင်းတစ်ဦး” အဖြစ် မကြာခဏ မှတ်ယူကြသည်။ တစ်စုံတစ်ဦးက ၎င်းတို့ကို “သင်၏ လူ့သဘာဝ မကောင်းပါ။ သင်သည် သမ္မာတရားနှင့် ဆန့်ကျင်သော အရာများစွာကို ပြုလုပ်ပြီး သင်သည် သမ္မာတရားကို မချစ်ပါ” ဟု ပြောသည် ဆိုပါစို့။ ဤစကားကို ကြားပြီးနောက် ၎င်းတို့ ဒေါသထွက်ကြလိမ့်မည်။ ဤနေရာတွင် ပြဿနာက အဘယ်နည်း။ အချို့လူများ၏ မိသားစုများသည် အတော်အတန် ပြေလည်ကြပြီး ၎င်းတို့ ပတ်ဝန်းကျင်ရှိ ညီအစ်ကိုမောင်နှမ အားလုံးသည် ၎င်းတို့ထံမှ ကျေးဇူးအချို့ကို ခံစားဖူးကြသည်။ ထို့ကြောင့် ထိုသူတို့က “ကျွန်ုပ်သည် အသင်းတော်ရှိ ဤလူများကို အလွန် ကောင်းမွန်စွာ ဆက်ဆံခဲ့သည်၊ ၎င်းတို့အားလုံး ကျွန်ုပ်ထံမှ အကူအညီအချို့ ရရှိဖူးကြသည်။ ဤလူများ၏ စိတ်နှလုံးထဲတွင် ကျွန်ုပ်၌ ဂုဏ်နှင့် အဆင့်အတန်း ရှိသည် မဟုတ်လော။ ကျွန်ုပ်သည် အသင်းတော်တွင် အကောင်းဆုံး အစွမ်းအစနှင့် အကောင်းဆုံး လူ့သဘာဝ ရှိသူ မဟုတ်လော။ ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦး ဖြစ်သင့်သည် မဟုတ်လော။ ညီအစ်ကိုမောင်နှမ အားလုံး ကျွန်ုပ်စကားကို နားထောင်သင့်သည် မဟုတ်လော” ဟု မကြာခဏ စဉ်းစားဆင်ခြင်ကြသည်။ ဤသည်မှာ မည်သည့် ပြဿနာအမျိုးအစား ဖြစ်သနည်း။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပြဿနာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့တွင် ကောင်းမွန်သော အပြုအမူ အနည်းငယ် ရှိရုံမျှဖြင့် မိမိတို့၏ အစစ်အမှန် အတိုင်းအတာကို မသိကြတော့ဘဲ ၎င်းတို့သည် ဤအပြုအမူကို အရင်းအနှီးအဖြစ် သဘောထားကြကာ အသင်းတော် ခေါင်းဆောင်တစ်ဦး ဖြစ်ရန် အစဉ်သဖြင့် ဆန္ဒရှိကြကာ ၎င်းတို့သည် ထူးခြားသည်ဟု ထင်မှတ်လျက် ဘဝင်မြင့်သွားကြသည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များက ဖော်ထုတ်ထားသော အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို မိမိတို့နှင့် မချိတ်ဆက်ကြပေ။ ၎င်းတို့၏ ပေးကမ်းစွန့်ကြဲလိုခြင်းက ၎င်းတို့သည် လူကောင်းတစ်ဦး ဖြစ်သည်ကို ဆိုလိုကြောင်း၊ ၎င်းတို့တွင် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျှ မရှိကြောင်း၊ ၎င်းတို့ လုပ်ဆောင်သမျှ အရာအားလုံး မှန်ကန်ကြောင်း၊ ၎င်းတို့သည် အသင်းတော်တွင် ခေါင်းဆောင်တစ်ဦးနှင့် စံပြတစ်ဦး ဖြစ်သင့်ကြောင်းနှင့် ညီအစ်ကိုမောင်နှမ အားလုံး ၎င်းတို့ကဲ့သို့ လိုက်လုပ်သင့်ကြောင်း ၎င်းတို့ ယုံကြည်ကြသည်။ ဤအရာများက မည်သည့်အရာ၏ ထုတ်ဖော်ခြင်းများ ဖြစ်သနည်း။ (ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်ပါသည်။) ဤအရာသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ပေးကမ်းစွန့်ကြဲလိုခြင်းသည် လူ့သဘာဝ၏ ကောင်းကွက်တစ်ခု ဖြစ်သော်လည်း တစ်စုံတစ်ဦးသည် ဤအရာကြောင့် မိမိကိုယ်ကို ကယ်တင်ခြင်း ခံရရန် သေချာသော လူကောင်းတစ်ဦးအဖြစ် သတ်မှတ်ပါက ဤကဲ့သို့သော အတွေးအခေါ်နှင့် အမြင်ရှုထောင့်တို့သည် မှန်ကန်သလော။ ၎င်းတို့သည် ပေးကမ်းစွန့်ကြဲလိုခြင်းဟူသော မိမိတို့၏ ကောင်းမွန်သည့် အပြုအမူကို ကောင်းမွန်သော ကိုယ်ကျင့်စရိုက်နှင့် မြင့်မြတ်သော တည်ကြည်မှု ရှိခြင်းအဖြစ် မှတ်ယူကြပြီး ယင်းကို သမ္မာတရား လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအဖြစ်ပင် မှတ်ယူကြသည်။ ဤသည်မှာ ကြီးလေးသော အမှားတစ်ခု ဖြစ်သည်။ ဤသည်မှာ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ခြင်း ဖြစ်ကာ မိမိကိုယ်ကို သတိပြုမိခြင်း လုံးဝ ကင်းမဲ့နေခြင်း ဖြစ်သည်။ ပေးကမ်းစွန့်ကြဲလိုခြင်းကို ကောင်းမွန်သော အပြုအမူတစ်ခုဟု ပြောနိုင်သည်။ အများဆုံးအနေဖြင့် ပေးကမ်းစွန့်ကြဲလိုသော လူတစ်ဦးတွင် အချောင်ယူလိုသူများထက် များစွာ ပိုကောင်းသည့် အတော်အတန် ကောင်းမွန်သော ကိုယ်ကျင့်စရိုက် ရှိသည်။ သို့ရာတွင် သင်၌ ပေးကမ်းစွန့်ကြဲလိုခြင်းဟူသော ဤကောင်းမွန်သည့် အပြုအမူ ရှိရုံမျှဖြင့် သင်သည် လူကောင်းတစ်ဦး ဖြစ်သည်ဟုလည်းကောင်း၊ သင်၌ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျှ မရှိဘဲ သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်သည်ဟုလည်းကောင်း၊ သင်သည် အသင်းတော် ခေါင်းဆောင်တစ်ဦး ဖြစ်ရန်နှင့် အခြားသူများအထက်တွင် ရပ်တည်ကာ အမိန့်ပေးရန် အရည်အချင်း ပြည့်မီသည်ဟုလည်းကောင်း သင် အခိုင်အမာ မပြောဆိုနိုင်ပေ။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထား ဖြစ်သည်။ သင်သည် ပေးကမ်းစွန့်ကြဲလိုပြီး အခြားသူများကို ကူညီလိုကာ ကောင်းသော ဤအပြုအမူအချို့ကို လုပ်ဆောင်ခြင်းသည် လူ့သဘာဝ၏ ကောင်းကွက်တစ်ခု ဖြစ်သော်လည်း ဤအရာက သင့်တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မရှိကြောင်း သက်သေမပြပေ။ သင်သည် သင်၏ ပေးကမ်းစွန့်ကြဲလိုခြင်းနှင့် အခြားသူများကို ကူညီလိုခြင်းကို အရင်းအနှီးကဲ့သို့ သဘောထားပြီး အသင်းတော် ခေါင်းဆောင်တစ်ဦး ဖြစ်လာရန်နှင့် သင့်ကိုယ်သင် အခြားသူများအထက် မြှင့်တင်ရန် ရည်မှန်းချက်တစ်ခု ဖြစ်ပေါ်လာပါက ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပြဿနာတစ်ခု ဖြစ်သည်။ ယခု သင် ကွဲပြားခြားနားမှုကို မြင်နိုင်ပြီလော။ ကောင်းမွန်သော ကိုယ်ကျင့်စရိုက် ရှိခြင်းက လူတစ်ဦးတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မရှိဟု မဆိုလိုပေ။ အချို့လူများသည် အခြားသူများနှင့် အခြေခံအားဖြင့် အဆင်ပြေစွာ ဆက်ဆံပေါင်းသင်းကြသည်။ ၎င်းတို့သည် အခြားသူများထံမှ အချောင်မယူကြသည့်အပြင် ပေးကမ်းစွန့်ကြဲပြီး အခြားသူများကို ကူညီကြသည်။ ၎င်းတို့တွင် လူ့သဘာဝ၏ ကောင်းကွက်အချို့ ရှိကြသည်။ သို့ရာတွင် ၎င်းတို့နှင့် အချိန်အတန်ကြာ ပေါင်းသင်းပြီးနောက် ၎င်းတို့သည် အလွန် မာနထောင်လွှားကြောင်း၊ ကြွားဝါရသည်ကို နှစ်သက်ကြောင်းနှင့် တစ်ခါတစ်ရံတွင် လိမ်ညာပြောဆိုပြီး အတော်လေး လှည့်ဖြားတတ်ကြောင်း သင် တွေ့ရှိရသည်။ သင်က ၎င်းတို့ကို ဝေဖန်လျှင် ၎င်းတို့ လက်မခံကြသကဲ့သို့ အနည်းငယ် ရက်စက်ကြမ်းကြုတ်ကာ စားပွဲကိုပင် ရိုက်လျက် “ကျွန်ုပ်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးဖြစ်သည်။ ကျွန်ုပ်ထံမှ ပေးကမ်းစွန့်ကြဲမှုကို မရရှိဖူးသူ မည်သူရှိသနည်း။ ညီအစ်ကိုမောင်နှမများကို မေးကြည့်လော့။ ကျွန်ုပ်သည် မည်သူ့ထံမှ အချောင်ယူဖူးသနည်း။ ကျွန်ုပ်သည် မည်သူ့ကို ထိခိုက်အောင် သို့မဟုတ် နာကျင်အောင် လုပ်ဖူးသနည်း” ဟု ပြောဆိုကြသည်။ အခြားသူများကို မထိခိုက်စေခြင်းက သင့်ကို လူကောင်းတစ်ဦး ဖြစ်စေသလော။ အခြားသူများကို မထိခိုက်စေခြင်းသည် လူတစ်ဦး အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာမျှသာ ဖြစ်သည် မဟုတ်လော။ သင် မောက်မာခြင်းအတွက် မည်သည့် အကြောင်းပြချက် ရှိသနည်း။ မည်သူ့ကိုမျှ မထိခိုက်စေခြင်း သို့မဟုတ် နာကျင်အောင် မလုပ်ခြင်းသည် လူတစ်ဦး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ ယင်းမှာ အရင်းအနှီး မဟုတ်ပေ။ အခြားသူများအပေါ် အချောင်မယူခြင်းက သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံနိုင်သည်ဟု မဆိုလိုပေ။ သင်သည် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ရန် သင်ယူသင့်ပြီး အခြားသူများ၏ ဝေဖန်မှုနှင့် အကူအညီကို လက်ခံနိုင်ရမည်။ ထိုအခါမှသာ သင်သည် ဆင်ခြင်တုံတရားရှိသောသူတစ်ဦး ဖြစ်လိမ့်မည်။ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ထုတ်ဖော်ပြသခဲ့ပြီး သင်၏ လုပ်ရပ်များသည် သမ္မာတရားနှင့် မကိုက်ညီသောကြောင့် ယခု သင် ပြုပြင်ခြင်း ခံနေရသည်။ ဤသည်မှာ ပေးကမ်းစွန့်ကြဲလိုခြင်းဟူသော သင်၏ ကောင်းမွန်သည့် အပြုအမူသည် အပြုသဘောဆောင်သော အရာတစ်ခု ဖြစ်သည်ဟူသော အချက်ကို ငြင်းပယ်ခြင်း မဟုတ်သကဲ့သို့ သင်၏ စရိုက်ကို ငြင်းပယ်ခြင်းလည်း မဟုတ်ပေ။ ထို့ထက် သင်သည် အမှားတစ်ခု ပြုလုပ်မိပြီး သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်ခဲ့သောကြောင့် ပြုပြင်ခြင်းနှင့် ဖော်ထုတ်ခြင်းကို လုပ်ဆောင်နေခြင်း ဖြစ်သည်။ သင် လက်ခံနိုင်လျှင် သင်သည် သမ္မာတရားကို ချစ်မြတ်နိုးပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သူ ဖြစ်သည်။ သင် လက်မခံလျှင် သင်၏ ပေးကမ်းစွန့်ကြဲလိုခြင်းသည် အများဆုံးအနေဖြင့် လူ့သဘာဝ၏ ကောင်းကွက်တစ်ခုမျှသာ ဖြစ်သည်။ သို့သော် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အတွင်းရှိ မာနထောင်လွှားခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်းနှင့် ကောက်ကျစ်ဆိုးယုတ်ခြင်းတို့က လွှမ်းမိုးထားသောကြောင့် သင်သည် သမ္မာတရားကို လက်မခံနိုင်ပေ၊ သို့ဖြစ်၍ သင်သည် လုံးဝ ယုတ်ညံ့ပြီး တန်ဖိုးမရှိပေ။ ပြုပြင်ခြင်းနှင့် ရင်ဆိုင်ရသောအခါ ဤလူစားမျိုးသည် ပြဿနာအကြီးအကျယ် ရှာကြသည်၊ ၎င်းတို့၏ အရည်အချင်းများအကြောင်း ပြောဆိုကြပြီး ၎င်းတို့ လုပ်ဆောင်ခဲ့ဖူးသည့် ကောင်းမွန်သော အပြုအမူ အနည်းငယ်ကို ကြွားဝါပြသကြသည်။ ၎င်းတို့သည် ခွေးရူးများကဲ့သို့ ပြုမူကြပြီး သောင်းကျန်းကြသည်။ ၎င်းတို့တွင် ရှိခဲ့သည့် ကောင်းမွန်သော ပုံရိပ်အနည်းငယ်သည် လုံးဝ ပျောက်ကွယ်သွားပြီး ၎င်းတို့၏ သဘာဝသည် အပြည့်အဝ ဖော်ထုတ်ခံလိုက်ရသည်။ လူတိုင်းက ဤအရာကို ရှင်းလင်းစွာ မြင်တွေ့ပြီး “ဤလူတွင် ဆိုးဆိုးရွားရွား ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိသည်။ ၎င်းတို့သည် ဆိုးယုတ်သောလူတစ်ဦး၊ စွာကျယ်စွာကျယ် လုပ်သူတစ်ဦး ဖြစ်သည်တကား။ ၎င်းတို့ အသင်းတော် ခေါင်းဆောင်အဖြစ် ရွေးချယ်မခံရသည်မှာ ကံကောင်းပေသည်။ ၎င်းတို့သာ အသင်းတော် ခေါင်းဆောင် ဖြစ်လာခဲ့လျှင် ၎င်းတို့သည် ဆတ်ဆတ်ထိမခံ ဖြစ်သွားမည်။ တစ်စုံတစ်ဦးက ၎င်းတို့ကို ဖြုတ်ချရန် ကြိုးစားလျှင် ၎င်းတို့သည် ထိုသူကို မည်သည့်အခါမျှ အလွတ်ပေးမည် မဟုတ်ဘဲ ထိုသူကို သေသည်အထိ တိုက်ခိုက်လိမ့်မည်။ ယင်းမှာ ကပ်ဘေးသင့်စရာ ဖြစ်လိမ့်မည်” ဟု ပြောဆိုကြသည်။ သင်သည် ၎င်းတို့၏ ကောင်းမွန်သော အပြုအမူတစ်ခု သို့မဟုတ် ၎င်းတို့၏ လူ့သဘာဝ အရည်အသွေး တစ်ခုတည်းကိုသာ ကြည့်လျှင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက မည်သို့ရှိသည်၊ သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားက မည်သို့ရှိသည်၊ သို့မဟုတ် ၎င်းတို့သည် သမ္မာတရားကို ကျိုးနွံနာခံနိုင်ခြင်း ရှိမရှိဟူသည်တို့ကို သင် လုံးဝ မမြင်နိုင်ပေ။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ထုတ်ဖော်ပြပြီးနောက် ဖော်ထုတ်ခြင်းနှင့် ပြုပြင်ခြင်းကို ခံရသောအခါ သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားသည် တဖြည်းဖြည်း ပေါ်လာပြီး ဖော်ထုတ်ခံရလိမ့်မည်။ ထို့ကြောင့် လူတစ်ဦး၏ စရိုက်၊ သို့မဟုတ် ၎င်းတို့ လူ့သဘာဝ၏ ကောင်းကွက်များနှင့် ချို့ယွင်းချက်များသည် ၎င်းတို့ သမ္မာတရားကို လက်ခံခြင်း ရှိမရှိဟူသည်ကို အပြည့်အဝ မဆုံးဖြတ်နိုင်ပေ။ ၎င်းတို့၏ စရိုက် သို့မဟုတ် ၎င်းတို့ လူ့သဘာဝ၏ ကောင်းကွက်များနှင့် ချို့ယွင်းချက်များကို ကြည့်ခြင်းအားဖြင့် သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထား မည်သို့ရှိသည်ကို မြင်တွေ့ရန်လည်း မဖြစ်နိုင်ပေ။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ထုတ်ဖော်ပြသသောအခါ သို့မဟုတ် ဖော်ထုတ်ခြင်းနှင့် ပြုပြင်ခြင်းတို့နှင့် ရင်ဆိုင်ရသောအခါမှသာ သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထား ထုတ်ဖော်ခံရမည်ဖြစ်ပြီး ထိုအခါမှသာလျှင် ၎င်းတို့သည် သမ္မာတရားကို ချစ်မြတ်နိုးခြင်း ရှိမရှိ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိနှင့် အဆုံးတွင် ကယ်တင်ခြင်းခံရရန် ၎င်းတို့၌ မျှော်လင့်ချက် မည်မျှရှိသည်ကို သိရှိနိုင်မည်ဖြစ်သည်။ ထိုသို့သောလူများ၏ ပေးကမ်းစွန့်ကြဲလိုခြင်းနှင့် အခြားသူများကို ကူညီလိုခြင်းတို့မှတစ်ဆင့် ၎င်းတို့တွင် မည်သည့် လူ့သဘာဝ ကောင်းကွက်များနှင့် ချို့ယွင်းချက်များ ရှိသည်ကို သင် မြင်နိုင်သည်။ ထို့နောက် ၎င်းတို့၏ ပေးကမ်းစွန့်ကြဲလိုခြင်းနှင့် အခြားသူများကို ကူညီလိုခြင်းတို့ကြောင့် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်လာခြင်း၊ ခေါင်းဆောင်တစ်ဦး ဖြစ်ချင်လာပြီး အခြားသူများအထက်တွင် ရပ်တည်ချင်လာခြင်းကဲ့သို့သော ၎င်းတို့၏ ပြဿနာများစွာမှတစ်ဆင့် သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားကို သင် ရှင်းလင်းစွာ မြင်နိုင်သည်၊ ပြီးလျှင် သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားကို အခြေခံ၍ ၎င်းတို့ ကယ်တင်ခြင်း ရရှိနိုင်မနိုင်ဟူသည်ကို သင် ရှင်းလင်းစွာ မြင်နိုင်သည်။ ဤအပြုအမူများမှတစ်ဆင့် သင်သည် ၎င်းတို့ လူ့သဘာဝ၏ ကောင်းကွက်များနှင့် ချို့ယွင်းချက်များကို ပိုင်းခြားသိမြင်နိုင်သည်၊ ၎င်းတို့၏ စရိုက်ကို ပိုင်းခြားသိမြင်နိုင်သည်၊ တစ်ချိန်တည်းမှာပင် လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ကြား ကွာခြားမှုကို ခွဲခြားရန် သင်ယူနိုင်သော်လည်း ၎င်းတို့ အဆုံးတွင် ကယ်တင်ခြင်း ခံရနိုင်မနိုင်ကိုဖြစ်စေ၊ ၎င်းတို့၏ ရလဒ် မည်သို့ဖြစ်မည်ကိုဖြစ်စေ သင် အပြည့်အဝ မပြောနိုင်ပေ။ တစ်စုံတစ်ဦး ကယ်တင်ခြင်း ခံရနိုင်မနိုင် ဆုံးဖြတ်ခြင်းသည် အနည်းငယ် ပို၍ ရှုပ်ထွေးသည်။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ထုတ်ဖော်ပြသသောအခါ သမ္မာတရားကို လက်ခံနိုင်ခြင်း ရှိမရှိ၊ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်နိုင်ခြင်း ရှိမရှိနှင့် စစ်မှန်သော နောင်တရပြုပြင်ခြင်း ရှိမရှိဟူသည်တို့ကိုလည်း သင် ကြည့်ရှုရမည်၊ ယင်းကို ဤကဏ္ဍများအပေါ် အခြေခံ၍ ဆုံးဖြတ်ရမည်ဖြစ်သည်။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။