သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂) အပိုင်း သုံး
လူတိုင်းသည် ဘဝတွင် ဆုတ်ဆိုင်းမှုများနှင့် ကျရှုံးမှုများစွာ ဖြတ်သန်းရမည်။ စိတ်ကျေနပ်မှုဖြင့်သာ ပြည့်ဝသည့် ဘဝတစ်ခု မည်သူ ရှိပါသနည်း။ မည်သူသည် ကျရှုံးမှုများ၊ သို့မဟုတ် ဆုတ်ဆိုင်းမှုများ တစ်ခုမျှ လုံးဝ မတွေ့ကြုံရသနည်း။ တစ်ခါတစ်ရံ အမှုအရာများသည် သင့်အတွက် အဆင်မပြေသည့်အခါ၊ သို့မဟုတ် ဆုတ်ဆိုင်းမှုများနှင့် ကျရှုံးမှုများကို သင် အမှတ်မထင် တွေ့ရသည့်အခါ ဤသည်မှာ မကောင်းသည့်ကံမဟုတ်။ သင် တွေ့ကြုံသင့်သည့်အရာ ဖြစ်သည်။ ထိုအရာမှာ အစာစားသကဲ့သို့ ဖြစ်သည်။ အချဉ်၊ အချို၊ အခါးနှင့် အစပ် ထပ်တူထပ်မျှ သင် စားရမည်ဖြစ်သည်။ လူတို့သည် ဆားမပါဘဲ မဖြစ်သကဲ့သို့ ငံသည့် အစားအစာအချို့ကို စားရမည်ဖြစ်သည်။ သို့သော် ဆားများစွာ သင် စားလွန်းပါက၊ သင်၏ ကျောက်ကပ် ထိလိမ့်မည်။ အချို့သော ရာသီအချိန်ကာလများတွင် ချဉ်သောအစာများကို သင်စားရမည်၊ သို့သော် အလွန်များစွာ စားရန်မှာ သင်၏ သွား သို့မဟုတ် အစာအိမ်အတွက် မကောင်းသည်နှင့်အမျှ အဆင်ပြေမည် မဟုတ်။ အရာရာကို ချင့်ချင့်ချိန်ချိန် စားပေးရမည်ဖြစ်သည်။ သင်သည် ချဉ်သည့်အစာ၊ ငံသည့်အစာနှင့် ချိုသည့်အစာများ စားပြီး ခါးသည့် အစာအချို့ကိုလည်း စားရမည်ဖြစ်သည်။ ခါးသည့် အစာများသည် အတွင်း အင်္ဂါအချို့အတွက် ကောင်းမွန်သောကြောင့် အနည်းငယ် သင်စားပေးရမည်။ လူတစ်ဦး၏ ဘဝသည်လည်း အလားတူ ဖြစ်၏။ သင့်ဘဝ၏ အဆင့်တိုင်းတွင် သင် အမှတ်မထင် တွေ့ကြုံရသည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများ အများစုသည် သင်၏ အကြိုက် ဖြစ်မည်မဟုတ်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် လူတို့သည် မတူကွဲပြားသည့် အရာများကို လိုက်စားကြသောကြောင့် ဖြစ်သည်။ သင်သည် ကျော်ကြားမှုနှင့် ဥစ္စာဓန၊ အဆင့်အတန်းနှင့် ကြွယ်ဝမှု၊ အခြားသူများထက် သာလွန်သူဖြစ်ရန်နှင့် ကြီးမားသည့် အောင်မြင်မှု စွမ်းဆောင်ရရှိရန် စသည်တို့ကို လိုက်စားပါက အမှုအရာများ၏ ၉၉ ရာခိုင်နှုန်းသည် သင့်အကြိုက် ဖြစ်မည်မဟုတ်။ ကံအကြောင်းမလှသည့်ဖြစ်ရပ်သာ ဖြစ်သည်ဟု လူတို့ ပြောသည့်အတိုင်းသာ ဖြစ်သည်။ သို့ရာတွင် သင်မည်မျှ ကံကောင်းသည်၊ သို့မဟုတ် ကံမကောင်းသည်ဟူသည့် စိတ်ကူးကို သင် စွန့်လွှတ်ပြီး အမှုအရာများကို တည်ငြိမ်စွာနှင့် မှန်ကန်စွာ သင် သဘောထားပါက အမှုအရာအများစုသည် အလွန် သဘောမကျစရာ မဖြစ်သည်ကို၊ သို့မဟုတ် ကိုင်တွယ်ဖြေရှင်းရန် မခက်ခဲသည်ကို သင် တွေ့ရှိရလိမ့်မည်။ သင်၏ ရည်မှန်းချက်များနှင့် စိတ်ဆန္ဒများကို သင် လက်လွှတ်သည့်အခါ သင့်အပေါ် ကျရောက်သည့် ကံအကြောင်းမလှသော မည်သည့်ဖြစ်ရပ်ကိုမဆို ငြင်းပယ်ခြင်း၊ သို့မဟုတ် ရှောင်ရှားခြင်းအား သင် ရပ်တန့်ပြီး သင်မည်မျှ ကံကောင်းသည်၊ သို့မဟုတ် ကံမကောင်းသည်ဆိုသည်အားဖြင့် ထိုသို့သောအရာများကို အကဲဖြတ်ခြင်းအား သင် ရပ်တန့်သည့်အခါ ကံအကြောင်းမလှသည့် ဖြစ်ရပ်နှင့် မကောင်းသောအရာအဖြစ် သင်မြင်လေ့ရှိခဲ့သည့် အရာများစွာတို့ကို ယခုတွင် ကောင်းသည့်အရာအဖြစ် သင် ယခု မြင်လိမ့်မည်။ မကောင်းသည့်အရာများက ကောင်းသည့်အရာများအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။ သင်၏ စိတ်နေစိတ်ထားနှင့် အမှုအရာများကို သင် ရှုမြင်သည့် နည်းလမ်းတို့သည် ပြောင်းလဲသွားလိမ့်မည်။ ထိုအရာက သင့်ကို သင်၏ ဘဝအတွေ့အကြုံနှင့်ပတ်သက်၍ မတူကွဲပြားစွာ ခံစားနိုင်စေလိမ့်မည်ဖြစ်ပြီး တစ်ချိန်တည်းတွင် မတူကွဲပြားသည့် ဆုလာဘ်များကို ရိတ်သိမ်းနိုင်စေလိမ့်မည်။ ဤသည်မှာ စိတ်ကူးမရသည့် ဆုလာဘ်များကို သင့်ထံ ဆောင်ကြဉ်းမည့် သာမန်ထက်လွန်ကဲသော အတွေ့အကြုံဖြစ်သည်။ ထိုအရာမှာ ဆိုးသည့်အရာတစ်ခုမဟုတ်၊ ကောင်းသည့်အရာတစ်ခု ဖြစ်သည်။ ဥပမာအားဖြင့် လူအချို့သည် အမြဲ အသိအမှတ်ပြုခြင်း ခံကြရသည်။ ၎င်းတို့သည် ရာထူးတိုးခြင်း အမြဲခံရသည်။ ချီးမွမ်းခြင်းနှင့် ခွန်အားပေးခြင်းကို ၎င်းတို့ အမြဲ ရကြသည်။ မိမိတို့ ညီအစ်ကို မောင်နှမများထံမှ လက်ခံမှုကို မကြာခဏရကြပြီး လူတိုင်းက အားကျမှုဖြင့် ၎င်းတို့ကို ကြည့်ကြသည်။ ဤသည်မှာ ကောင်းသည့် အရာတစ်ခုလော။ ထိုလူများသည် မိမိတို့ဘက်တွင် ကံတရား ရှိသောကြောင့် ဤအရာများ ဖြစ်ပျက်ခြင်းဖြစ်သည်ဟု လူအများစုက တွေးထင်ကြသည်။ ၎င်းတို့က “ကြည့်ပါ၊ ထိုလူသည် အစွမ်းအစကောင်း ရှိသည်၊ မွေးရာပါ ကံကောင်းပြီး သူ့ဘဝတွင် အဆင်ပြေသည်။ သူသည် ကောင်းမွန်သည့် အခွင့်အရေးများ ရပြီး ရာထူးတိုးမှုများကို ရရှိသည်။ သူသည် အမှန်တကယ် ကံကောင်းခြင်းသာ ဖြစ်သည်”ဟု ပြောကြသည်။ ၎င်းတို့သည် အလွန့်အလွန် အားကျကြသည်။ သို့တိုင် အဆုံးတွင် ထိုလူသည် နှစ်အနည်းငယ်အတွင်း ထုတ်ပယ်ခံရပြီး သာမန် ယုံကြည်သူတစ်ဦး ဖြစ်လာသည်။ ထိုအရာနှင့်ပတ်သက်၍ သူ ငိုကြွေးပြီး မိမိကိုယ်ကို ကြိုးဆွဲချရန် ကြိုးစားကာ ရက်အနည်းငယ်အတွင်းတွင် သူရှင်းထုတ်ခံလိုက်ရသည်။ ဤသည်မှာ ကောင်းသည့် ကံလော။ ထိုသို့ သင် ကြည့်ပါက သူသည် ပြင်းပြင်းထန်ထန် ကံဆိုးလှပေသည်။ သို့ရာတွင် ထိုအရာမှာ အမှန်တကယ် မကောင်းသည့် ကံနှင့်ဆိုင်သော ကိစ္စဖြစ်သလော။ (မဟုတ်ပါ။) အမှန်တွင် သူသည် မကောင်းသည့် ကံရှိခြင်းမဟုတ်။ မှန်ကန်သည့် လမ်းကြောင်းကို သူမလိုက်လျှောက်ခဲ့ခြင်း ဖြစ်သည်။ မှန်ကန်သည့် လမ်းကြောင်းကို သူမလိုက်လျှောက်ခဲ့သောကြောင့် “ကံကောင်း”သည်ဟု လူတို့ မြင်သော အရာများ သူ့ထံ ဖြစ်ပျက်သည့်အခါ ထိုအရာများသည် သူ၏ ပျက်စီးခြင်းကို အရှိန်မြှင့်စေသည့် စုံစမ်းသွေးဆောင်ခြင်း၊ ထောင်ချောက်နှင့် အထောက်အကူတစ်ခု ဖြစ်လာခဲ့သည်။ ဤသည်မှာ ကောင်းသည့်အရာတစ်ခုလော။ သူသည် ရာထူးတိုးခံရဖို့၊ အခြားလူတိုင်းထက် သာဖို့၊ အဓိက အာရုံစိုက်ခြင်းခံရသူဖြစ်ဖို့နှင့် အရာရာတိုင်း အဆင်ပြေပြီး မိမိဖြစ်စေလိုသည့်အတိုင်းဖြစ်ဖို့ အမြဲ ရည်ရွယ်ချက် ကြီးစွာထားခဲ့သည်။ သို့သော် အဆုံးတွင် မည်သည့်အရာ ဖြစ်ပျက်ခဲ့သနည်း။ သူ ဖယ်ရှားရှင်းလင်းခြင်းခံခဲ့ရသည် မဟုတ်လော။ ဤသည်မှာ မှန်ကန်သည့် လမ်းကြောင်းကို လူတို့ မလိုက်လျှောက်သည့်အချိန်တွင် ဖြစ်လာသည့် ရလဒ်ဖြစ်သည်။ ကောင်းသည့် ကံကို လိုက်စားခြင်း ကိုယ်၌က မှန်ကန်သော လမ်းကြောင်း မဟုတ်။ ကံတရားကို လိုက်စားသည့် လူတို့သည် မကောင်းသည့် အရာအားလုံး၊ မလိုလားအပ်သောအရာများအဖြစ် လူတို့ မှတ်ယူလေ့ရှိသည့် အရာအားလုံး၊ လူတို့၏ စိတ်အခြေအနေများနှင့် ဇာတိအသွေးအသား အကျိုးစီးပွားများနှင့် မကိုက်ညီသည့်အရာများကို ငြင်းပယ်ပြီး ရှောင်ရှားရန်မှာ သေချာ၏။ ဤအရာများ ဖြစ်ပွားခြင်းကို ၎င်းတို့ ကြောက်ရွံ့ကြသည်၊ ရှောင်ရှားပြီး ငြင်းပယ်ကြလေသည်။ ဤအရာများ ဖြစ်ပျက်သည့်အခါ “ကံမကောင်း”သောအရာများအဖြစ် ၎င်းတို့ ပုံဖော်လိုက်ကြသည်။ ထိုအရာများကို ကံမကောင်းဟု ၎င်းတို့ တွေးထင်သည့်အခါ သမ္မာတရားကို ၎င်းတို့ ရှာဖွေနိုင်ကြသလော။ (မရှာဖွေနိုင်ပါ။) သမ္မာတရား မရှာဖွေနိုင်သကဲ့သို့ မိမိတို့ ကံမကောင်းဟု အမြဲ တွေးထင်ကြသည့် ထိုလူများသည် မှန်ကန်သော လမ်းကြောင်း လျှောက်နိုင်သည်ဟု သင်ထင်သလော။ (မထင်ပါ။) ဧကန်မုချ မလျှောက်နိုင်ကြပေ။ ထို့ကြောင့် ကံကို အမြဲ လိုက်စားသူများ၊ မိမိတို့ ကံတရားကိုသာ အမြဲ အာရုံစိုက်ပြီး မိမိတို့ ကံတရားကို စိတ်ကူးမှန်းဆကြည့်နေသော လူတို့သည် မှန်ကန်သည့် လမ်းကြောင်း မလိုက်လျှောက်ကြသည့် လူများ ဖြစ်သည်။ ထိုသို့သော လူများသည် မိမိတို့၏ သင့်တင့်လျောက်ပတ်သော တာဝန်များကို အာရုံမစိုက်ကြသကဲ့သို့ မှန်ကန်သည့် လမ်းကြောင်းကို မလိုက်လျှောက်ကြသောကြောင့် စိတ်ဓာတ်ကျခြင်းထဲသို့ ဆက်လက်ကျဆင်းနေကြသည်။ ဤသည်မှာ ၎င်းတို့ ကိုယ်တိုင်၏ အပြစ်ဖြစ်ပြီး ၎င်းတို့နှင့် ထိုက်တန်၏။ ယင်းမှာ ၎င်းတို့သည် မှားယွင်းသော လမ်းကြောင်းကို လိုက်လျှောက်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် စိတ်ဓာတ်ကျခြင်းထဲသို့ ကျဆင်းထိုက်ကြသည်။ ဤစိတ်ဓာတ်ကျခြင်းထဲမှ ထွက်လာရန် လွယ်ကူသလော။ အမှန်တွင် လွယ်ကူ၏။ သင်၏ မှားယွင်းသည့် ရှုထောင့်အမြင်များကိုသာ လက်လွှတ်လော့။ အရာရာ အဆင်ပြေဖို့၊ သို့မဟုတ် သင် အလိုရှိသည့်နည်းလမ်းအတိုင်း အတိအကျဖြစ်ဖို့၊ သို့မဟုတ် အဆင်ပြေချောမွေ့စွာ ဖြစ်ဖို့ မမျှော်လင့်နှင့်။ တလွဲဖြစ်သွားသည့် အရာများကို မကြောက်နှင့်၊ မခုခံနှင့်၊ သို့မဟုတ် မငြင်းပယ်နှင့်။ ထိုအစား သင်၏ အတိုက်အခံလုပ်ခြင်းကို လက်လွှတ်လော့၊ စိတ်ငြိမ်ငြိမ်ထားပြီး ကျိုးနွံနာခံမှု သဘောထားဖြင့် ဘုရားသခင်၏ ရှေ့မှောက်သို့လာပြီး ဘုရားသခင် စီစဉ်သမျှအားလုံးကို လက်ခံလော့။ “ကောင်းသည့်ကံ”ဟုခေါ်သည့် အရာကို မလိုက်စားနှင့်၊ ပြီးလျှင် “မကောင်းသည့်ကံ”ဟုခေါ်သည့် အရာကို မငြင်းနှင့်။ ဘုရားသခင်ကို သင်၏ စိတ်နှလုံးနှင့် ဖြစ်တည်မှုတစ်ခုလုံး ပေးလော့။ သူ့ကို ဆောင်ရွက်ခြင်းနှင့် စီစဉ်ညွှန်ကြားခြင်းတို့ကို လုပ်ဆောင်ခွင့်ပေးပြီး သူ၏ စီစဉ်ညွှန်ကြားခြင်းနှင့် အစီအစဉ်များကို ကျိုးနွံနာခံလော့။ သင်လိုအပ်သည့်အခါ သင်လိုအပ်သည့်အရာကို ဘုရားသခင်က ထိုက်တန်သော အတိုင်းအတာဖြင့် သင့်ကို ပေးလိမ့်မည်။ သင် အမှတ်မထင် ဆုံရသည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများမှ သင် သင်ယူနေသင့်သည့် သင်ခန်းစာများကို သင်ယူနိုင်ရန်အလို့ငှာ သင်၏ လိုအပ်ချက်များနှင့် ချို့တဲ့ခြင်းများအတိုင်း သင်လိုအပ်သည့် ပတ်ဝန်းကျင်များ၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို သူ စီစဉ်ညွှန်ကြားလိမ့်မည်။ ဤအရာအားလုံးအတွက် မရှိမဖြစ် လိုအပ်ချက်မှာ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များအပေါ် ကျိုးနွံနာခံမှု စိတ်နေစိတ်ထားတစ်ခု သင် ရှိရမည်ဟူ၍ ဖြစ်သည်မှာ အမှန်ဖြစ်၏။ ထို့ကြောင့် ပြီးပြည့်စုံခြင်းကို မလိုက်စားနှင့်။ မလိုလားအပ်သည့်၊ ကသိကအောက်ဖြစ်စေသော၊ သို့မဟုတ် သဘောမကျစရာဖြစ်သော အရာများ ဖြစ်ပွားခြင်းကို မငြင်းပယ်နှင့်၊ သို့မဟုတ် မကြောက်နှင့်။ ပြီးလျှင် မကောင်းသည့်အရာများ ဖြစ်ပွားခြင်းကို အတွင်းကျိတ် အတိုက်အခံလုပ်ရန် သင်၏ စိတ်ဓာတ်ကျခြင်းကို အသုံးမပြုနှင့်။ ဥပမာအားဖြင့် အဆိုတော်တစ်ဦးသည် တစ်နေ့တာ လည်ချောင်းနာပြီး ကောင်းစွာ မဖျော်ဖြေပါက ၎င်းတို့က “ငါအလွန် ကံဆိုးပါတကား။ ဘုရားသခင်သည် အဘယ်ကြောင့် ငါ့အသံကို မစောင့်ရှောက်ပေးသနည်း။ ပုံမှန်အားဖြင့် ကိုယ့်ဘာသာဆိုလျှင် ငါ ကောင်းစွာ သီဆိုနိုင်လေ့ရှိခဲ့သော်လည်း ယနေ့တွင် လူတိုင်းရှေ့ သီချင်းသီဆိုရန် မိမိကိုယ်ကို အရှက်ရစေမိလေပြီ။ ငါ့ အသံအနိမ့်အမြင့်ကို မှန်အောင် မလုပ်နိုင်သကဲ့သို့ အသံအနှေးအမြန်ကိုလည်း မထိန်းနိုင်ခဲ့ပါ။ ငါ့ကိုယ်ငါ ဂုဏ်အသရေညှိုးအောင် လုပ်နေမိပြီ”ဟု တွေးကြလေသည်။ သင့်ကိုယ်သင် ဂုဏ်သရေညှိုးအောင်လုပ်ခြင်းသည် ကောင်းသောအရာဖြစ်သည်။ ယင်းသည် သင်၏ ကိုယ်ပိုင်အားနည်းချက်များနှင့် သင်၏ ဘဝင်မာနကို ချစ်ခြင်းအား မြင်ရန် ကူညီပေးသည်။ သင်၏ ပြဿနာများက မည်သည့်နေရာတွင် တည်ရှိသည်ကို ပြပြီး သင်သည် ပြည့်စုံသောသူမဟုတ်သည်ကို ရှင်းလင်းစွာ နားလည်ရန် ကူညီပေးသည်။ ပြည့်စုံသောသူဟူသည်မှာ မရှိသလို သင့်ကိုယ်သင် ဂုဏ်သရေညှိုးအောင်လုပ်ခြင်းသည် အလွန်ပင် သာမန်ဖြစ်သည်။ လူအားလုံးသည် မိမိတို့ကိုယ်ကို ဂုဏ်သရေညှိုးအောင်လုပ်သော၊ သို့မဟုတ် အရှက်ရသော အချိန်များကို တွေ့ကြုံကြရသည်။ လူအားလုံး ကျရှုံးကြသည်။ အနှောင့်အယှက်များ ကြုံတွေ့ရသည်။ အားနည်းချက်များ ရှိကြသည်။ သင့်ကိုယ်သင် ဂုဏ်သရေညှိုးအောင်လုပ်ခြင်းသည် မဆိုးရွားပေ။ သင်သည် သင့်ကိုယ်သင် ဂုဏ်သရေညှိုးအောင်လုပ်မိသော်လည်း ရှက်ခြင်းမရှိသကဲ့သို့ စိတ်ထဲတွင် စိတ်ဓာတ်ကျခြင်းမရှိသောအခါတွင် သင်က အရေထူသည်ဟု မဆိုလိုပေ။ ယင်းသည် သင့်ကိုယ်သင် ဂုဏ်သရေညှိုးအောင်လုပ်ခြင်းကြောင့် သင်၏ ဂုဏ်သတင်းကို ထိခိုက်ခြင်းရှိမရှိကို သင် ဂရုမစိုက်ဟု ဆိုလိုသည်။ သင်၏ ဘဝင်မာနသည် သင်၏ အတွေးများထဲတွင် နေရာယူနေခြင်းမရှိတော့ဟု ဆိုလိုသည်။ သင်၏ လူ့သဘာဝတွင် ရင့်ကျက်ပြီးဖြစ်သည်ဟု ဆိုလိုသည်။ ဤသည်မှာ အလွန်ကောင်းသည်။ ဤသည်မှာ ကောင်းသောအရာမဟုတ်သလော။ ကောင်းသောအရာဖြစ်သည်။ သင်သည် ကောင်းစွာ ထမ်းဆောင်ခဲ့ခြင်းမရှိ၊ သို့မဟုတ် သင့်တွင် မကောင်းသောကံရှိသည်ဟု မထင်မြင်နှင့်။ ဤနောက်ကွယ်တွင်ရှိသော အရှိအတိုင်းဖြစ်သည့် အကြောင်းရင်းများကို မရှာဖွေနှင့်။ ဤသည်မှာ သာမန်ဖြစ်သည်။ သင်သည် မိမိကိုယ်ကို ဂုဏ်အသရေညှိုးအောင် လုပ်မိနိုင်သည်၊ အခြားသူများသည် မိမိတို့ကိုယ်ကို ဂုဏ်အသရေညှိုးအောင် လုပ်မိနိုင်သည်၊ လူတိုင်းက မိမိတို့ကိုယ်ကို ဂုဏ်သရေညှိုးအောင် လုပ်မိနိုင်သည်။ နောက်ဆုံးတွင် လူတိုင်း အတူတူဖြစ်ကြောင်း၊ အားလုံးသည် သာမန်လူများ၊ အားလုံး သေမျိုးများဖြစ်ကြောင်း၊ မည်သူမျှ အခြားမည်သူထက်မျှ မကြီးမြတ်ကြောင်းနှင့် မည်သူမျှ အခြားမည်သူမဆိုထက် မည်သို့မျှ မတော်ကြောင်း သင်တွေ့ရှိရလိမ့်မည်။ လူတိုင်းသည် တစ်ခါတစ်ရံ မိမိတို့ကိုယ်ကို ဂုဏ်အသရေညှိုးအောင် လုပ်မိကြသောကြောင့် မည်သူမျှသည် အခြားမည်သူတစ်ဦးတလေကိုမျှ မလှောင်သင့်ပေ။ သင့်အနေဖြင့် အတော်များသည့် ကျရှုံးမှုများကို တွေ့ကြုံပြီးသည်နှင့် သင်၏ လူ့သဘာဝတွင် သင် တဖြည်းဖြည်း ရင့်ကျက်လာသည်။ ထို့ကြောင့် ဤအရာများကို တစ်ဖန် သင် ကြုံရသည့်အခါတိုင်းတွင် ဘောင်ခတ်ခံရတော့မည် မဟုတ်သကဲ့သို့ သင့်တာဝန်အပေါ် ပုံမှန် ထမ်းဆောင်မှုကို ထိုအရာများက သက်ရောက်မှုရှိလိမ့်မည် မဟုတ်ပေ။ သင်၏ လူ့သဘာဝသည် ပုံမှန်ဖြစ်လိမ့်မည်ဖြစ်ပြီး သင်၏ လူ့သဘာဝ ပုံမှန်ဖြစ်သည့်အခါ သင်၏ ဆင်ခြင်တုံတရားသည်လည်း ပုံမှန် ဖြစ်လိမ့်မည်။
ကံတရားနောက်လိုက်ခြင်းအား မွေ့လျော်သော ဤလူများသည် ဤဘဝတွင် ကောင်းသည့် အခွင့်အလမ်း နောက်လိုက်ကြသည့် လူများ၊ အမှုအရာများကို အစွန်းရောက် သဘောထားကြသူများ ဖြစ်သည်။ ဤလူများ လိုက်စားသည့်အရာသည် မှားယွင်းပြီး ထိုအရာကို ၎င်းတို့ လက်လွှတ်သင့်သည်။ ဤမလိုလားအပ်သည့် အရာများကို မည်သို့ ကိုင်တွယ်ပြီး မှန်ကန်သည့် ချဉ်းကပ်မှု ပြုလုပ်ရမည်ဆိုသည့်အပေါ် ယခုတင် ငါတို့ မိတ်သဟာယပြုခဲ့ကြသည်။ ယခုတွင် ဤအရာကို သင်တို့ နားလည်ကြပြီလော။ ဤအရာနှင့်ပတ်သက်၍ မည်သို့ ငါတို့ မိတ်သဟာယပြုခဲ့ကြသနည်း။ (ဘုရားသခင် စီစဉ်ညွှန်ကြားသည့် အရာတိုင်းကို လူတို့ ကျိုးနွံနာခံသင့်သည်။ ပြီးပြည့်စုံသည့် လူများဖြစ်လာရန် သူတို့ မကြိုးစားရသကဲ့သို့ သူတို့ကို အရှက်ရစေသည့် မည်သည့်အရာကိုမဆို မကြောက်ရ၊ သို့မဟုတ် ဖြစ်ပျက်နေသည့် သဘောမကျစရာဖြစ်သော မည်သည့်အရာကိုမဆို သူတို့ မကြောက်ရပါ။ ပြီးလျှင် လူတို့သည် ဤအရာများ ဖြစ်ပျက်သည့်အခါ အတိုက်အခံလုပ်ရန် မိမိတို့၏ စိတ်ဓာတ်ကျသည့် စိတ်ခံစားချက်ကို အသုံးမပြုရပါ။) သင်တို့စိတ်ကို တည်ငြိမ်စေပြီး မှန်ကန်သည့် တွေးခေါ်မှုအလေ့အထဖြင့် အားလုံးကို ရင်ဆိုင်လော့။ သင့်ထံ မကောင်းသည့်အရာများ ဖြစ်ပျက်သည့်အခါ ထိုအရာများကို ချဉ်းကပ်ပြီး ဖြေရှင်းရန် မှန်ကန်သည့် လမ်းကြောင်း ရှိရမည်ဖြစ်ပြီး ထိုအရာများကို ကောင်းစွာ သင်မကိုင်တွယ်လျှင်ပင် စိတ်ဓာတ်ကျခြင်းထဲသို့ မကျဆင်းသင့်ပေ။ သင် ကျရှုံးပါက တစ်ဖန် ကြိုးစားနိုင်သည်။ အဆိုးဆုံးအနေဖြင့် ကျရှုံးမှုသည် သင်ခန်းစာတစ်ခုဖြစ်ပြီး သင်ကျရှုံးလျှင်ပင် မကြိုက်ခြင်း၊ အတိုက်အခံလုပ်ခြင်း၊ ငြင်းပယ်ခြင်းနှင့် ထွက်ပြေးခြင်းထက် သာ၍ ကောင်းနေဆဲ ဖြစ်သည်။ ထို့ကြောင့် မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ သို့မဟုတ် အနာဂတ်တွင် မည်သည့်အရာ သင်ရင်ဆိုင်ရမည်ဖြစ်စေ၊ ထိုအရာကို သင်၏ ကံ ကောင်းခြင်း၊ ဆိုးခြင်းနှင့်ဆိုင်သော အမြင်ဖြင့် အကဲဖြတ်ရန် မဆိုထားနှင့်၊ သင်မည်သည့်အခါတွင်မျှ မငြင်းပယ်သင့်ပေ၊ သို့မဟုတ် ထိုအရာမှ လွတ်မြောက်အောင် မကြိုးစားသင့်ပေ။ အရာရာကို ဘုရားသခင်၏ လက်တော်က စီစဉ်ညွှန်ကြားကြောင်းကို သင်အခိုင်အမာပြောသည့်အတွက် ဖြစ်ပျက်သည့် မကောင်းသည့်အရာများကို ငြင်းပယ်ရန် မဆိုထားနှင့်၊ ဤအရာများအားလုံးကို သင်၏ ကံကောင်းခြင်း၊ ဆိုးခြင်းနှင့်ဆိုင်သော အမြင်နှင့် တွေးခေါ်မှုအလေ့အထဖြင့် သင် အကဲမဖြတ်သင့်ပေ။ စိတ်ဓာတ်ကျခြင်း စိတ်ခံစားမှုဖြင့်လည်း ဤအရာများကို သင် မချဉ်းကပ်သင့်သည်မှာ အမှန်ဖြစ်၏။ ထို့ထက် ဤအရာများကို ကြုံဆုံပြီး ချဉ်းကပ်ရန် တက်ကြွသည့် သဘောထားနှင့် အပြုသဘောဆောင်သည့် စိတ်အခြေအနေတစ်ခုကို သင် ခံယူသင့်ပြီး သင်ယူရန် မည်သည့် သင်ခန်းစာများ ရှိသည်ဆိုသည်နှင့် ထိုအရာများမှ မည်သည့် သိနားလည်မှုကို သင် ကောက်ယူသင့်သည်ဆိုသည်တို့ကို ကြည့်သင့်သည်။ ဤသည်မှာ သင် လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ ထိုအခါ သင်၏ အတွေးများနှင့် အမြင်များသည် မှန်ကန်မည် မဟုတ်လော။ (မှန်ကန်မည်ဖြစ်သည်။) ပြီးလျှင် ဖြစ်ပျက်နေသည့် အချို့သော မကောင်းသည့်၊ ကံအကြောင်း မလှသည့် အရာများကို တစ်ဖန် သင် ရင်ဆိုင်သည့်အခါ ထိုအရာများကို ဘုရားနှုတ်ကပတ်တော်များအတိုင်း သင်ချဉ်းကပ်နိုင်ပေသည်။ သင်သည် မှန်ကန်သည့် အတွေးများနှင့် အမြင်များ ရှိလိမ့်မည်ဖြစ်ပြီး ဤနည်းဖြင့် သင်၏ လူ့သဘာဝနှင့် ဆင်ခြင်တုံတရားတို့ ပုံမှန် ဖြစ်လာလိမ့်မည်။ ထိုအရာကို ဤသို့ သင် ကြည့်သည့်အခါ မှန်ကန်သည့် အမြင်ရှိရန် အလွန် အရေးကြီးသည် မဟုတ်လော။ ဘုရားနှုတ်ကပတ်တော်များအတိုင်း ကံကြမ္မာနှင့်ဆိုင်သည့် ကိစ္စရပ်ကို ရှင်းလင်းစွာ သိနားလည်ရန် အလွန်တရာ အရေးကြီးသည် မဟုတ်လော။ (ဟုတ်ပါသည်။) ယခု ကံကောင်းခြင်း၊ ဆိုးခြင်းနှင့်ဆိုင်သည့် ဤအဆိုနှင့်ပတ်သက်၍ မိတ်သဟာယကို ငါတို့ ပြီးဆုံးတော့မည်ဖြစ်သဖြင့် သင်တို့ ယခု နားလည်ကြပြီလော။ (နားလည်ပါပြီ။) ဤပြဿနာမျိုး၏ အနှစ်သာရကို သင် နားလည်နိုင်ပါက ကံကြမ္မာနှင့်ဆိုင်သည့် ကိစ္စရပ်အပေါ် မှန်ကန်သည့် အမြင် ရှိလိမ့်မည်ဖြစ်သည်။
စိတ်ဓာတ်ကျခြင်းနှင့်ဆိုင်သည့် စိတ်ခံစားမှုထဲသို့ လူတို့ ကျဆင်းကြခြင်းအတွက် အခြားသော အကြောင်းတရားတစ်ခုလည်း ရှိ၏။ ယင်းမှာ ၎င်းတို့ အသက်အရွယ် ရမလာမီ၊ သို့မဟုတ် လူကြီးများအဖြစ်သို့ ၎င်းတို့ အရွယ်ရောက်ပြီးနောက်တွင် လူတို့အပေါ် ဖြစ်ပျက်သည့် အချို့သော အမှုကိစ္စတစ်စုံတစ်ရာဖြစ်သည့် ပြစ်မှားမှုအချို့ကို ကျူးလွန်မိကြခြင်း၊ သို့မဟုတ် ရူးနှမ်းသော အရာများ၊ မိုက်မဲသော အရာများနှင့် မသိနားမလည်သော အရာများ အချို့ကို လုပ်ဆောင်မိကြခြင်း ဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်မိပြီးဖြစ်သည့် ဤပြစ်မှားမှုများကြောင့်၊ ဤရူးနှမ်းပြီး မသိနားမလည်သော အရာများကြောင့် စိတ်ဓာတ်ကျခြင်းထဲသို့ ၎င်းတို့ ကျဆင်းကြသည်။ ဤစိတ်ဓာတ်ကျခြင်းမျိုးသည် မိမိကိုယ်ကို ရှုတ်ချခြင်းတစ်ခုဖြစ်ပြီး ၎င်းတို့ မည်သည့် လူစားမျိုးဖြစ်သည်ကို စိစစ်သတ်မှတ်ခြင်းမျိုးလည်း ဖြစ်သည်။ ဤပြစ်မှားမှုမျိုးသည် တစ်စုံတစ်ဦးကို ဆဲဆိုခြင်း၊ သို့မဟုတ် ၎င်းတို့နောက်ကွယ်တွင် တစ်စုံတစ်ဦးကို အပုပ်ချခြင်း၊ သို့မဟုတ် ထိုသို့ သိမ်ဖျင်းသော တစ်စုံတစ်ရာသက်သက် ဧကန်မုချ မဟုတ်ဘဲ ထိုထက် အရှက်တရား၊ တစ်ဦးတစ်ယောက်၏ ကိုယ်ရည်ကိုယ်သွေးနှင့် ဂုဏ်သိက္ခာ၊ ပြီးလျှင် ဥပဒေပင် ပါဝင်သော အရာတစ်ခု ဖြစ်သည်။ ၎င်းတို့သည် အဖြစ်အပျက်ကို အဆက်မပြတ် စိတ်ထဲတွေးသည်နှင့်အမျှ၊ စိတ်ဓာတ်ကျခြင်းနှင့်ဆိုင်သည့် စိတ်ခံစားမှုသည် မျက်မှောက်အချိန်ထိ တစ်လျှောက်လုံး ၎င်းတို့ စိတ်နှလုံး အတွင်းနက်နက်တွင် နည်းနည်းချင်းစီ စုစည်းနေသည်။ ဤပြစ်မှားမှုများမှာ အဘယ်နည်း။ ယခုတင် ငါ ပြောသည့်အတိုင်း ထိုအရာများမှာ လူများက ကလေးသူငယ်များအနေဖြင့်ဖြစ်စေ၊ လူကြီးများအနေဖြင့်ဖြစ်စေ လုပ်ဆောင်မိသည့် မသိနားမလည်၊ ရူးနှမ်းပြီး မိုက်မဲသော အရာများဖြစ်သည်။ ဤအရာများတွင် မည်သည့်အရာများ ပါဝင်သည်ကို သင်တို့ သိကြသလော။ ရူးနှမ်း၊ မိုက်မဲပြီး မသိနားမလည်သောအရာများဖြစ်သည့် ဤအရာများတွင် အခြားသူများကို ထိခိုက်နစ်နာစေသော်လည်း သင့်ကိုယ်သင် အကျိုးခံစားစေသည့် အရာများ၊ ပြောရန်ခက်သည့် အရာများနှင့် သင် အရှက်ရသည့် အရာများ ပါဝင်သည်။ ထိုအရာမှာ သင့်ကို ဤစိတ်ဓာတ်ကျခြင်းနှင့်ဆိုင်သည့် စိတ်ခံစားမှုထဲသို့ ကျဆင်းစေသည့် ညစ်ညမ်းသော၊ စက်ဆုပ်ဖွယ်ဖြစ်သော၊ မဖွယ်မရာ၊ သို့မဟုတ် မတော်တရော် ဖြစ်သော တစ်စုံတစ်ရာ ဖြစ်ကောင်းဖြစ်နိုင်သည်။ ဤစိတ်ဓာတ်ကျခြင်းသည် ရိုးရှင်းသည့် မိမိကိုယ်ကို အပြစ်တင်မှုမျိုးတစ်ခုသာ မဟုတ်ဘဲ၊ ထိုထက် မိမိကိုယ်ကို ရှုတ်ချခြင်းတစ်ခု ဖြစ်သည်။ ငါ အကြမ်းဖျင်းဖော်ပြသည့် ဤနယ်ပယ်အတွင်းတွင် မည်သည့်အရာ ပါဝင်ကောင်းပါဝင်မည်ကို သင်တို့ တွေးနိုင်သလော။ ဥပမာတစ်ခုကို ပေးလော့။ (လူတကာနှင့် သောင်းပြောင်း လိင်ဆက်ဆံခြင်းဖြစ်သည်။) လူတကာနှင့် သောင်းပြောင်း လိင်ဆက်ဆံခြင်းသည် တစ်ခုဖြစ်သည်မှာ မှန်၏။ ဥပမာအားဖြင့် လူအချို့သည် မိမိတို့၏ လင်ယောက်ျား၊ သို့မဟုတ် ဇနီးကို အတွေး၊ သို့မဟုတ် လုပ်ဆောင်ချက်ဖြင့် သစ္စာဖောက်မိကြပြီး ဖြစ်သည်။ လူအချို့သည် အိမ်ထောင်ရေး ဖောက်ပြန်ခြင်းကို ကျူးလွန်မိကြပြီး လူတကာနှင့် သောင်းပြောင်း လိင်ဆက်ဆံခြင်းတွင် ပါဝင်ပတ်သက်မိကြသော်လည်း ထိုအရာကို ၎င်းတို့ မစွန့်လွှတ်ကြသေးသကဲ့သို့ မည်သူနှင့် ၎င်းတို့ ဖောက်ပြားချင်ကြသည်ဆိုသည်ကို အမြဲ တွေးနေကြသည်။ လူအချို့မှာ ငွေကြောင့် အခြားသူများကို လိမ်လည်လှည့်စားကြပြီးဖြစ်သည်၊ ငွေပမာဏ အမြောက်အမြားပင် ဖြစ်ကောင်းဖြစ်နိုင်သည်။ လူအချို့မှာ အခြားသူများ ပိုင်ဆိုင်သည့် ပစ္စည်းများကို ခိုးယူကြပြီးဖြစ်ကာ လူအချို့မှာ အခြားသူများကို အမှုဆင်ကြပြီးဖြစ်သည်၊ သို့မဟုတ် လက်တုံ့ပြန်မှု အရယူကြပြီး ဖြစ်သည်။ ဤအရာများထဲမှ အချို့မှာ ဥပဒေချိုးဖောက်ခြင်းနှင့် နီးစပ်လာစဉ်တွင် အချို့မှာ ဧကန်အမှန် ဥပဒေ ဖောက်ဖျက်ခြင်းတွင် ရှိ၏။ အချို့မှာ ကိုယ်ကျင့်တရား ဘောင်များ၏ တကယ့် အစွန်းများတွင် ရှိကောင်းရှိနိုင်သော်လည်း အချို့မှာ ပုံမှန် လူ့သဘာဝ၏ ကျင့်ဝတ်များကို ဧကန်အမှန် ဆန့်ကျင်နေနိုင်သည်။ ဤအရာများကို လူတို့၏ အတွင်းကျကျ စိတ်နှလုံးများ၏ မှတ်ဉာဏ်များထဲတွင် နက်နက် မြှုပ်နှံထားပြီး တစ်ချိန်ပြီးတစ်ချိန် စိတ်ထဲ တွေးမိတတ်ကြသည်။ သင်သည် မိမိဘာသာ တစ်ကိုယ်တည်းရှိသည်ကို သိရချိန် ညနက်သန်းခေါင်တွင် သင် အိပ်စက်မရနိုင်ဖြစ်သည့်အခါ ဤအရာများကို သင် မတွေးဘဲ မနေနိုင်ပေ။ ထိုအရာများသည် သင့်စိတ်အမြင်ရှေ့တွင် ရုပ်ရှင်ကားတစ်ကားကဲ့သို့ တစ်ကွက်ပြီးတစ်ကွက် ပြသနေပြီး ထိုအရာများကို သင်ဖျက်၍ မရနိုင်၊ သို့မဟုတ် ခါချမရနိုင်ပေ။ ဤအရာများကို သင်တွေးမိသည့်အခါတိုင်းတွင် သင် စိတ်ဓာတ်ကျရသည်၊ မျက်နှာပူရသည်၊ သင်၏ စိတ်နှလုံး တုန်လှုပ်ရသည်၊ သင်အရှက်ရပြီး သင်၏ စိတ်ဝိညာဉ်သည် စိုးရိမ်ပူပန်မှုဖြင့် ပြည့်နေသည်။ ဘုရားသခင်ကို သင် ယုံကြည်သော်လည်း သင်လုပ်မိပြီးဖြစ်သည့် ဤအရာများ မနေ့ကပင် ဖြစ်ခဲ့သည့်အလား သင် ခံစားနေရဆဲ ဖြစ်သည်။ ထိုအရာများမှ သင် ထွက်ပြေးမရနိုင်၊ ပုန်းကွယ်မရနိုင်သကဲ့သို့ ထိုအရာများကို မည်သို့ နောက်ချန်ရမည်ဆိုသည်ကို သင် မသိချေ။ သင် လုပ်မိသည့်အရာကို အခြားလူအနည်းငယ်ကသာ သိသော်လည်း၊ သို့မဟုတ် မည်သူမျှ သိကောင်းသိမည် မဟုတ်သော်လည်း သင့်စိတ်နှလုံးတွင် စိုးရိမ်ပူပန်မှု ခံစားချက် ရေးရေးမျှ သင်ခံစားရသည်။ ဤစိုးရိမ်ပူပန်မှုမှာ စိတ်ဓာတ်ကျခြင်း ဖြစ်လာပြီး ဤစိတ်ဓာတ်ကျခြင်းက ဘုရားသခင်နောက်သို့ သင်လိုက်ပြီး မိမိတာဝန်ကို ထမ်းဆောင်စဉ် သင့်အား စွပ်စွဲနေသလို ခံစားရစေသည်။ ဤစွပ်စွဲခံရသည့် ခံစားချက်သည် သင့်ကိုယ်ပိုင် အသိစိတ်မှ၊ ဥပဒေမှ၊ သို့မဟုတ် သင်၏ ကိုယ်ကျင့်တရား၊ ကျင့်ဝတ်များနှင့်ဆိုင်သော သင်၏ အသိစိတ်မှ ဖြစ်လာခြင်း ဟုတ်မဟုတ်ဆိုသည်ကို သင် သေချာပေါက် မပြောနိုင်ပေ။ မည်သို့ဆိုစေ ဤအရာများကို လုပ်ဆောင်မိသည့် လူတို့သည် သီးခြားအရာအချို့ ဖြစ်ပျက်သည့်အခါ၊ သို့မဟုတ် အချို့သော ပတ်ဝန်းကျင်နှင့် အခြေအနေများ တစ်ခုခုတွင် စိုးရိမ်ပူပန်မှုကို မကြာခဏ အမှုမဲ့အမှတ်မဲ့ ခံစားကြရသည်။ ဤစိတ်မသက်သာသည့် ခံစားချက်က ၎င်းတို့ကို နက်ရှိုင်းသည့် စိတ်ဓာတ်ကျခြင်းထဲသို့ အမှုမဲ့အမှတ်မဲ့ ကျဆင်းစေပြီး မိမိတို့၏ စိတ်ဓာတ်ကျခြင်းဖြင့် ၎င်းတို့ ချည်နှောင်ခြင်းနှင့် ကန့်သတ်ခြင်း ခံလာရကြသည်။ သမ္မာတရားနှင့် ပတ်သက်သည့် တရားဒေသနာ၊ သို့မဟုတ် မိတ်သဟာယတစ်ခုကို ၎င်းတို့ နားထောင်သည့်အခါတိုင်းတွင် ဤစိတ်ဓာတ်ကျခြင်းက ၎င်းတို့၏ စိတ်ထဲနှင့် ၎င်းတို့၏ အတွင်းကျကျ စိတ်နှလုံးထဲ တဖြည်းဖြည်း ဖြစ်ပေါ်လာပြီး ၎င်းတို့က “ငါ ဤအရာကို လုပ်ဆောင်နိုင်ပါသလား။ သမ္မာတရားကို ငါလိုက်စားနိုင်ပါသလား။ ကယ်တင်ခြင်းကို ငါ ရရှိနိုင်ပါသလား။ ငါသည် မည်သည့် လူစားမျိုးဖြစ်ပါသနည်း။ ထိုအရာကို ယခင်က ငါ လုပ်ခဲ့သည်၊ ထိုလူစားမျိုး ငါ ဖြစ်လေ့ရှိခဲ့သည်။ ငါသည် ကယ်တင်မခံရနိုင်တော့ပြီလား။ ဘုရားသခင်က ငါ့ကို ကယ်တင်ဦးမည်လား”ဟု မေးလျက် မိမိတို့ကိုယ်ကို ဖိ၍ စစ်ဆေးနေမိကြသည်။ လူအချို့သည် တစ်ခါတစ်ရံ ၎င်းတို့၏ စိတ်ဓာတ်ကျသည့် စိတ်ခံစားချက်ကို လက်လွှတ်နိုင်ကြပြီး နောက်ချန်ထားရစ်နိုင်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ရိုးသားစစ်မှန်မှုနှင့် မိမိတို့ စုစည်းနိုင်သည့် အားအင်ရှိသမျှကို ယူပြီး မိမိတို့အလုပ်၊ မိမိတို့၏ ဝတ္တရားများနှင့် တာဝန်များကို ထမ်းဆောင်ရာတွင် အသုံးပြုကြပြီး သမ္မာတရားကို လိုက်စားခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များ ချင့်ချိန်စဉ်းစားရာတွင် စိတ်နှင့်နှလုံးကိုပင် အကြွင်းမဲ့ ထားရှိနိုင်ကြကာ ဘုရားနှုတ်ကပတ်တော်များထဲသို့ မိမိတို့ အားထုတ်မှုများကို စိုက်ထုတ်ကြသည်။ သို့သော် ထူးခြားသည့် အနေအထား၊ သို့မဟုတ် အခြေအနေ အစပြုလာသည့်အခိုက်တွင် စိတ်ဓာတ်ကျသည့် စိတ်ခံစားမှုက ၎င်းတို့ကို တစ်ဖန် ထိန်းချုပ်ပြီး မိမိတို့ စိတ်နှလုံးနက်နက်တွင် စွပ်စွဲခြင်း တစ်ဖန်ခံစားရစေသည်။ ၎င်းတို့က “ယခင်က ထိုအရာကို သင် လုပ်ဆောင်ခဲ့ပြီး သင်သည် ထိုလူစားမျိုး ဖြစ်သည်။ ကယ်တင်ခြင်းကို သင် ရရှိနိုင်ပါသလား။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာတွင် အဓိပ္ပာယ်တစ်ခုတလေ ရှိပါသလား။ သင် လုပ်ဆောင်မိပြီး ဖြစ်သည့်အရာအပေါ် ဘုရားသခင် မည်သည့်အရာကို တွေးပါသနည်း။ သင် လုပ်ဆောင်မိသည့်အတွက် ဘုရားသခင်က သင့်ကို ခွင့်လွှတ်လိမ့်မည်လား။ ယခုတွင် ဤသို့ အဖိုးအခပေးဆပ်ခြင်းသည် ထိုပြစ်မှားမှုအတွက် ထေမိစေနိုင်ပါသလား”ဟု မိမိတို့ဘာသာ တွေးကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မကြာခဏ အပြစ်ဖော်ဆုံးမကြပြီး စိတ်ထဲတွင် စွပ်စွဲခြင်းခံစားရကြသကဲ့သို့ မေးခွန်းများဖြင့် မိမိတို့ကိုယ်ကို အမြဲ သံသယထားနေကြသည်၊ အမြဲ ဖိစစ်နေကြလေသည်။ ၎င်းတို့သည် ဤစိတ်ဓာတ်ကျသည့် ခံစားချက်များကို လုံးဝ နောက်ချန်မထားနိုင်၊ သို့မဟုတ် မစွန့်ပယ်နိုင်ကြသကဲ့သို့ ၎င်းတို့ လုပ်ဆောင်မိပြီးဖြစ်သည့် ရှက်ဖွယ်သော အရာနှင့်ပတ်သက်၍ မစဲသော စိုးရိမ်ပူပန်မှု ခံစားချက်တစ်ခု ခံစားကြရသည်။ ထို့ကြောင့် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ပြီးဖြစ်လင့်ကစား ဘုရားသခင် ပြောဆိုပြီးသည့် အရာတစ်ခုတလေကို ၎င်းတို့ လုံးဝ နားမထောင်ဖူးသကဲ့သို့ နားမလည်ခဲ့သည့်အလား ဖြစ်လေသည်။ ထိုအရာမှာ ၎င်းတို့အနေဖြင့် ကယ်တင်ခြင်း ရရှိခြင်းသည် ၎င်းတို့နှင့် ပတ်သက်မှုတစ်ခုတလေ ရှိမရှိ၊ ၎င်းတို့ လွတ်ငြိမ်းခွင့်ပေးခံရပြီး ရွေးနုတ်ခံရနိုင်ခြင်း ရှိမရှိ၊ သို့မဟုတ် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ကယ်တင်ခြင်းတို့ကို ရရှိရန် ၎င်းတို့ အရည်အချင်း ပြည့်မီခြင်းရှိမရှိဆိုသည်ကို ၎င်းတို့ မသိကြသည့်အလား ဖြစ်သည်။ ဤအရာအားလုံးကို ၎င်းတို့ မသိကြချေ။ မည်သည့် အဖြေကိုမျှ ၎င်းတို့ မရရှိသောကြောင့်၊ ပြီးလျှင် တိကျမှန်ကန်သည့် မည်သည့် ထင်မြင်ချက်တစ်ခုမျှ ၎င်းတို့ မရရှိကြသောကြောင့် စိတ်ထဲတွင် စဉ်ဆက်မပြတ် ၎င်းတို့ စိတ်ဓာတ်ကျကြသည်။ ၎င်းတို့၏ အတွင်းကျကျ စိတ်နှလုံးတွင် ၎င်းတို့ လုပ်ဆောင်ခဲ့သည့်အရာကို အဖန်ဖန် ၎င်းတို့ အမှတ်ရကြသည်။ အားလုံး အစပြုခဲ့ပုံနှင့် အဆုံးသတ်ခဲ့ပုံကို သတိရလျက်၊ အစမှအဆုံးထိ အားလုံးကို သတိရလျက် မိမိတို့ စိတ်တွင် ထိုအရာကို အဖန်အဖန် ပြန်တွေးမိကြသည်။ ထိုအရာကို ၎င်းတို့ မည်သို့ပင် ပြန်လည်သတိရသည်ဖြစ်စေ ၎င်းတို့ အပြစ်ရှိသည်ဟု အမြဲ ခံစားရသောကြောင့် နှစ်ချီကြာ ဤကိစ္စနှင့်ပတ်သက်၍ ၎င်းတို့ စဉ်ဆက်မပြတ် စိတ်ဓာတ်ကျခြင်းခံစားကြရသည်။ မိမိတို့တာဝန်ကို ၎င်းတို့ ထမ်းဆောင်သည့် အချိန်တွင်ပင်၊ အလုပ်တစ်ခုခုကို ၎င်းတို့ ကြီးကြပ်သည့်အချိန်တွင်ပင် ကယ်တင်ခံရမည့် မျှော်လင့်ချက် မရှိသကဲ့သို့ ၎င်းတို့ ခံစားကြရဆဲ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် သမ္မာတရား လိုက်စားခြင်းကို မည်သည့်အခါတွင်မျှ အတိအလင်း ရင်ဆိုင်ခြင်း မရှိကြသကဲ့သို့ ထိုအရာကို အမှန်ကန်ဆုံးနှင့် အရေးအကြီးဆုံးသော အရာတစ်ခုအဖြစ် မှတ်ယူခြင်း မရှိကြချေ။ ၎င်းတို့ ပြုလုပ်မိပြီးဖြစ်သည့် အမှား၊ သို့မဟုတ် အတိတ်ကာလက ၎င်းတို့ လုပ်ဆောင်ပြီးသည့် အရာကို လူအများစုက ဆိုးဝါးစွာ ထင်မြင်ခဲ့ကြကြောင်း၊ သို့မဟုတ် လူတို့၏ ရှုတ်ချခြင်းနှင့် စက်ဆုပ်ခြင်းကို ၎င်းတို့ ခံရနိုင်ကြောင်း၊ သို့မဟုတ် ဘုရားသခင်၏ ရှုတ်ချခြင်းကိုပင် ခံရနိုင်ကြောင်း ၎င်းတို့ ယုံကြည်ကြလေသည်။ ဘုရားသခင်၏ အမှုတော် မည်သည့်အဆင့်တွင် ရှိသည်ဖြစ်စေ၊ သို့မဟုတ် မိန့်မြွက်ချက် မည်မျှ သူပြုလုပ်ပြီးသည်ဖြစ်စေ သမ္မာတရား လိုက်စားခြင်း ကိစ္စရပ်ကို မှန်ကန်သည့် နည်းလမ်းဖြင့် ၎င်းတို့ လုံးဝ ရင်ဆိုင်ခြင်း မရှိကြချေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ၎င်းတို့သည် မိမိတို့၏ စိတ်ဓာတ်ကျခြင်းကို နောက်ချန်ထားရန် သတ္တိ မရှိကြ။ ဤသည်မှာ ဤအရာများကို တွေ့ကြုံရခြင်းမှ ဤလူစားမျိုးက ကောက်ချက်ဆွဲသည့် နောက်ဆုံး ကောက်ချက်ဖြစ်ပြီး မှန်ကန်သည့် ကောက်ချက်ကို ၎င်းတို့ မဆွဲကြသောကြောင့် မိမိတို့၏ စိတ်ဓာတ်ကျခြင်းကို ၎င်းတို့ နောက်ချန်ထားရစ်နိုင်စွမ်း ရှိကြချေ။
ကြီးမားသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ အချို့သော ပြစ်မှားမှု၊ သို့မဟုတ် အခြားသောအရာကို ကျူးလွန်မိပြီး ဖြစ်သည့် လူများစွာရှိသည်မှာ သေချာသော်လည်း ဆိုးရွားသည့် ပြစ်မှားမှုများ၊ ကိုယ်ကျင့်တရား နယ်ပယ်များကို ကျော်လွန်သည့် ပြစ်မှားမှုမျိုးကို ကျူးလွန်မိသူ အလွန်နည်းပါးနိုင်သည်။ အခြားသော ပြစ်မှားမှု အမျိုးမျိုး ကျူးလွန်သူများအကြောင်းကို ဤနေရာတွင် ငါတို့ ပြောမည်မဟုတ်။ ဆိုးရွားသည့် ပြစ်မှားမှုများ ကျူးလွန်မိသူများနှင့် ကိုယ်ကျင့်တရားနှင့် လူ့ကျင့်ဝတ် နယ်ပယ်များကို ကျော်လွန်သည့် ပြစ်မှားမှုမျိုးကို ကျူးလွန်မိသည့် လူများ မည်သည့်အရာ လုပ်ဆောင်သင့်သည်ဆိုသည်ကိုသာ ငါတို့ ပြောဆိုဆွေးနွေးမည် ဖြစ်သည်။ ဤနေရာတွင် ကိုယ်ကျင့်တရား နယ်ပယ်များကို ကျော်လွန်သည့် ပြစ်မှားမှုများအကြောင်း ငါ ပြောနေခြင်းဖြစ်သဖြင့် ဆိုးရွားသည့် ပြစ်မှားမှုများ ကျုးလွန်မိသည့် လူများအတွက်မူ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်းနှင့် သူ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်နေခြင်းတို့ မပါဝင်ပေ။ သင်တို့ နားလည်ကြသလော။ ဘုရားသခင်၏ စိတ်သဘောထား၊ သူ၏ အနှစ်သာရ၊ သို့မဟုတ် သူ၏ ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းကို ပုန်ကန်ပြစ်မှားသည့် ပြစ်မှားမှုများအကြောင်းကို ငါ ပြောဆိုနေခြင်း မဟုတ်သကဲ့သို့ ဘုရားသခင်ကို ပြစ်မှားစော်ကားသည့် ပြစ်မှားမှုများအကြောင်း ငါ ပြောနေခြင်း မဟုတ်ပေ။ ငါ ပြောဆိုနေသည်မှာ ကိုယ်ကျင့်တရား နယ်ပယ်များကို ကျော်လွန်သည့် ပြစ်မှားမှုများအကြောင်း ဖြစ်သည်။ ဤကဲ့သို့သော ပြစ်မှားမှုများ ကျူးလွန်မိပြီးဖြစ်သည့် ထိုလူများက မိမိတို့၏ စိတ်ဓာတ်ကျခြင်း စိတ်ခံစားချက်ကို မည်သို့ ဖြေရှင်းနိုင်သည်ဆိုသည်နှင့် ပတ်သက်၍ ပြောရမည့်အရာ တစ်စုံတစ်ခုလည်း ရှိပေသည်။ ထိုသို့သော လူများသည် ၎င်းတို့ လျှောက်လှမ်းနိုင်သည့် လမ်းကြောင်းနှစ်ခုရှိပြီး ထိုအရာမှာ ရိုးရှင်းသည့် ကိစ္စရပ်တစ်ခု ဖြစ်သည်။ ပထမဦးစွာ သင်လုပ်ဆောင်ခဲ့သည့်အရာကို သင် လက်လွှတ်နိုင်သည်၊ သို့မဟုတ် သင့်တွင် အခြားလူတစ်ဦးကို သင် တောင်းပန်ပြီး ၎င်းတို့ကို ပြုမှားမိခြင်းအတွက် ကျေလည်အောင် ပေးဆပ်ရန် အခွင့်အရေးရှိသည်ဟု သင့် စိတ်နှလုံးတွင် ခံစားရပါက ၎င်းတို့ကို သင် ပြုမှားမိခြင်းအတွက် ကျေလည်အောင် သွားရောက် ပေးဆပ်ကာ တောင်းပန်နိုင်သည်။ ပြီးလျှင် အေးချမ်းခြင်းနှင့် သောကကင်းဝေးခြင်း ခံစားချက်များ သင့်စိတ်ဝိညာဉ်ထံ ပြန်လည်ရောက်လာလိမ့်မည်။ ဤအရာကို လုပ်ဆောင်ရန် သင် အခွင့်အရေးမရှိပါက၊ ဤသည်မှာ မဖြစ်နိုင်ပါက၊ သင်၏ အတွင်းကျကျ စိတ်နှလုံးတွင် သင်၏ကိုယ်ပိုင် ပြဿနာကို အမှန်တကယ် သိရှိလာခြင်း မရှိပါက၊ သင် လုပ်ဆောင်မိပြီးဖြစ်သည့် ဤအရာ မည်မျှဆိုးရွားလှသည်ကို သင် သဘောပေါက်ပြီး သင် အမှန်တကယ် နောင်တရပါက ဝန်ချပြီး နောင်တရရန် ဘုရားသခင်၏ ရှေ့မှောက်သို့ သင် လာသင့်ပေသည်။ သင်လုပ်ဆောင်မိသည့် အရာကို သင် တွေးပြီး စွပ်စွဲခံရသည်ဟု ခံစားရသည့်အခါတိုင်း ယင်းမှာ ဝန်ချပြီး နောင်တရရန် ဘုရားသခင် ရှေ့မှောက်သို့ သင် လာသင့်သည့် အချိန် အတိအကျဖြစ်သည်။ ဘုရားသခင်၏ အပြစ်ဖြေခြင်းနှင့် ခွင့်လွှတ်ခြင်းတို့ကို ရရှိရန် သင်၏ ရိုးသားစစ်မှန်မှုနှင့် စစ်မှန်သော ခံစားချက်များကို သင် ယူဆောင်လာရမည်။ ပြီးလျှင် ဘုရားသခင်၏ အပြစ်ဖြေခြင်းနှင့် ခွင့်လွှတ်ခြင်းကို သင်မည်သို့ ရရှိနိုင်သနည်း။ ဤသည်မှာ သင်၏ စိတ်နှလုံးအပေါ် မူတည်သည်။ သင် အမှန်တကယ် ဝန်ချပါက သင်၏အမှားနှင့် ပြဿနာ၊ ပြီးလျှင် ထိုအရာမှာ သင်ကျူးလွန်မိသည့် ပြစ်မှားမှု၊ သို့မဟုတ် အပြစ်တစ်ခု ဟုတ်မဟုတ်ဆိုသည်ကို အမှန်တကယ် အသိအမှတ်ပြုပါက၊ စစ်မှန်သည့် ဝန်ချခြင်း သဘောထားကို သင် ခံယူပါက သင်လုပ်မိခဲ့သည့်အရာအတွက် စစ်မှန်သော အမုန်းတရားကို သင် ခံစားရပြီး ထိုမှားသည့်အရာကို တစ်ဖန် မည်သည့်အခါတွင်မျှ မလုပ်ဆောင်ရန်အလို့ငှာ မိမိကိုယ်ကို အမှန်တကယ် ပြောင်းလဲစေပါက ဘုရားသခင်၏ အပြစ်ဖြေခြင်းနှင့် ခွင့်လွှတ်ခြင်းတို့ကို သင် တစ်နေ့ ရရှိလိမ့်မည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် သင်၏ အဆုံးသတ်ကို ယခင်က သင် လုပ်ဆောင်ခဲ့သည့် မသိနားမလည်သည့်၊ မိုက်မဲပြီး ညစ်ညမ်းသော အရာများအပေါ် အခြေခံ၍ သတ်မှတ်တော့မည်မဟုတ်ပေ။ ဤအဆင့်သို့ သင်ရောက်ရှိသည့်အခါ ထိုကိစ္စကို ဘုရားသခင် လုံးဝ မေ့လျော့လိမ့်မည်။ သင်သည် ကွာခြားမှု အနည်းငယ်မျှမရှိဘဲ အခြားသော ပုံမှန်လူများကဲ့သို့သာ ဖြစ်လိမ့်မည်။ သို့ရာတွင် ဤအရာအတွက် အကြောင်းပြချက်မှာ သင်သည် ရိုးသားစစ်မှန်ရမည်ဖြစ်ပြီး ဒါဝိဒ်ကဲ့သို့ စစ်မှန်သော နောင်တ သဘောထားတစ်ခု ရှိရမည်ဖြစ်သည်။ ဒါဝိဒ်သည် သူကျူးလွန်မိခဲ့သည့် ပြစ်မှားမှုအတွက် မည်မျှ မျက်ရည်ကျခဲ့ပါသနည်း။ မရေမတွက်နိုင်သည့် မျက်ရည်များ ဖြစ်သည်။ သူ အကြိမ်မည်မျှ ငိုကြွေးခဲ့ပါသနည်း။ အကြိမ် မရေမတွက်နိုင်အောင် ဖြစ်သည်။ သူ ငိုကြွေးခဲ့သည့် မျက်ရည်များကို ဤစကားများဖြင့် ဖော်ပြနိုင်သည်။ “အကျွန်ုပ်ခုတင်ကို ကိုယ်မျက်ရည်၌ တညဉ့်လုံးမျှောသည်”ဟူ၍ ဖြစ်သည်။ သင်၏ ပြစ်မှားမှု မည်မျှ ဆိုးရွားသည်ကို ငါ မသိ။ အမှန်တကယ် ဆိုးရွားပါက သင်၏ မျက်ရည်များ၌ သင့်ခုတင် မျောပါသည်အထိ ငိုကြွေးရန် သင်လိုကောင်းလိုအပ်နိုင်သည်။ ဘုရားသခင်၏ ခွင့်လွှတ်ခြင်း မရရှိနိုင်မီ ထိုအဆင့်ထိ သင် ဝန်ချပြီး နောင်တရရန် လိုအပ်နိုင်သည်။ ဤအရာကို သင် မလုပ်ဆောင်ပါက သင်၏ ပြစ်မှားမှုသည် ဘုရားသခင်၏ အမြင်တွင် အပြစ်တစ်ခု ဖြစ်လာမည် စိုးရပြီး ထိုအရာအပေါ် သင် အပြစ်ဖြေလွှတ်ခြင်း ခံရလိမ့်မည် မဟုတ်။ ထို့နောက်တွင် သင်ဒုက္ခရောက်လိမ့်မည်ဖြစ်ပြီး ဤအရာနှင့် ပတ်သက်၍ နောက်ထပ် တစ်ခုတလေ ပြောဆိုခြင်းတွင် အဓိပ္ပာယ်ရှိမည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်၏ အပြစ်ဖြေခြင်းနှင့် ခွင့်လွှတ်ခြင်းတို့ကို ရရှိခြင်းအတွက် ပထမခြေလှမ်းမှာ သင်သည် ရိုးသားစစ်မှန်ရမည်ဖြစ်ပြီး အမှန်တကယ် ဝန်ချကာ နောင်တရရန် လက်တွေ့ကျသည့် လုပ်ရပ်ကို လုပ်ဆောင်ရမည် ဖြစ်သည်။ လူအချို့က “ထိုအကြောင်းကို လူတိုင်းအား ကျွန်ုပ် ပြောပြရန် လိုပါသလား”ဟု မေးကြသည်။ မလိုအပ်ပေ။ ဘုရားသခင်ထံ သင့်ဘာသာ သွားပြီး ဆုသာတောင်းလော့။ သင်၏ စိတ်နှလုံးတွင် သင် နေမထိထိုင်မသာဖြစ်ပြီး စွပ်စွဲခံရသည့်အခါတိုင်းတွင် ဆုတောင်းပြီး သူ၏ ခွင့်လွှတ်ခြင်းကို ရရှိရန် ဘုရားသခင်ရှေ့မှောက်သို့ ချက်ချင်း လာသင့်သည်။ လူအချို့က “ဘုရားသခင်က ကျွန်ုပ်ကို ခွင့်လွှတ်ပြီးဖြစ်ကြောင်း မသိရှိမီ ကျွန်ုပ် မည်မျှ ဆုတောင်းရမည်နည်း”ဟု မေးကြသည်။ ဤကိစ္စရပ်ဖြင့် သင်စွပ်စွဲခြင်းမခံရတော့သည့်အခါ၊ ဤကိစ္စရပ်ကြောင့် စိတ်ဓာတ်ကျမှုထဲသို့ သင် မကျဆင်းတော့သည့်အခါ ယင်းမှာ ရလဒ်များကို သင် ရရှိပြီးဖြစ်မည့် အချိန်ဖြစ်ပြီး ထိုအရာက ဘုရားသခင်သည် သင့်ကို အပြစ်ဖြေလွှတ်ပြီးဖြစ်ကြောင်း ပြလိမ့်မည်။ မည်သည့်လူ၊ မည်သည့်အာဏာနှင့် မည်သည့်ပြင်ပအင်အားစုကမျှ သင့်ကို အဖျက်အမှောင့် မလုပ်နိုင်သည့်အခါ၊ ပြီးလျှင် သင်သည် မည်သည့်လူ၊ ဖြစ်ရပ် သို့မဟုတ် အမှုအရာ၏ ဘောင်ခတ်ခြင်းမျှ မခံရသည့်အခါ ယင်းသည် ရလဒ်များကို သင်စွမ်းဆောင်ရရှိပြီးဖြစ်မည့် အချိန်ဖြစ်လေသည်။ ဤသည်မှာ သင် လျှောက်လှမ်းရန် လိုအပ်သည့် ပထမခြေလှမ်း ဖြစ်သည်။ ဒုတိယခြေလှမ်းမှာ အပြစ်ဖြေလွှတ်ခြင်းအတွက် ဘုရားသခင်ကို စဉ်ဆက်မပြတ် တောင်းပန်နေစဉ်တွင် သင်၏ တာဝန်ကို သင် ထမ်းဆောင်သည်နှင့်အမျှ သင်လိုက်လျှောက်သင့်သည့် စည်းမျဉ်းများကို တက်ကြွစွာ လိုက်ရှာသင့်သည်။ ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့်သာ သင်၏ တာဝန်ကို ကောင်းစွာ သင် ထမ်းဆောင်နိုင်လိမ့်မည်။ ဤသည်မှာလည်း လက်တွေ့ကျသည့် လုပ်ရပ်တစ်ခု၊ သင်၏ ပြစ်မှားမှုကို ထေမိစေပြီး သင် နောင်တရကြောင်းနှင့် သင့်ကိုယ်သင် ပြောင်းလဲပြီးဖြစ်ကြောင်း သက်သေပြသည့် လက်တွေ့ကျသော ဖော်ပြချက်နှင့် သဘောထားတစ်ခု ဖြစ်သည်မှာ အမှန်ဖြစ်၏။ ဤသည်မှာ သင်လုပ်ဆောင်သင့်သည့် တစ်စုံတစ်ရာ ဖြစ်သည်။ သင်၏ တာဝန်၊ ဘုရားသခင် သင့်ကို ပေးသည့် စေခိုင်းချက်တာဝန်ကို သင် မည်မျှကောင်းစွာ ထမ်းဆောင်ပါသနည်း။ ထိုအရာကို စိတ်ဓာတ်ကျသည့် သဘောထားဖြင့် သင် ချဉ်းကပ်သလော၊ သို့မဟုတ် သင့်ကို ဘုရားသခင် လိုက်လျှောက်ရန် တောင်းဆိုသည့် စည်းမျဉ်းများဖြင့် ချဉ်းကပ်သလော။ သင်၏ သစ္စာစောင့်သိခြင်းကို သင် ပူဇော်သလော။ မည်သည့် အခြေခံအကြောင်းရင်းအရ ဘုရားသခင်က သင့်ကို ဖြေလွှတ်ရမည်နည်း။ နောင်တတရား တစ်ခုတလေ သင်ဖော်ပြပြီးပြီလော။ ဘုရားသခင်ထံ မည်သည့်အရာကို သင်ပြသနေပါသနည်း။ ဘုရားသခင်၏ အပြစ်ဖြေလွှတ်ခြင်းကို သင် ရရှိရန် ဆန္ဒရှိပါက ပထမဦးစွာ သင် ရိုးသားစစ်မှန်ရမည်။ တစ်နည်းအားဖြင့် သင်သည် လေးနက်သည့် ဝန်ချခြင်း သဘောထားတစ်ခု ရှိရမည်ဖြစ်ပြီး သင်၏ ရိုးသားစစ်မှန်မှုကိုလည်း ယူဆောင်လာကာ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရမည်။ သို့မဟုတ်ပါက ပြောစရာ မည်သည့်အရာမျှ မရှိပေ။ ဤအရာနှစ်ခုကို သင်လုပ်ဆောင်နိုင်ပါက သင်၏ စစ်မှန်ရိုးသားမှုနှင့် ကောင်းမွန်သည့် ယုံကြည်ခြင်းဖြင့် ဘုရားသခင်ကို သင်တို့ထိနိုင်ပြီး ဘုရားသခင်က သင်၏ အပြစ်များမှ သင့်ကို ဖြေလွှတ်ပေးအောင် လုပ်နိုင်ပါက သင်သည် အခြားလူများကဲ့သို့ပင် ဖြစ်လိမ့်မည်။ အခြားလူများကို ဘုရားသခင် ကြည့်ရှုသကဲ့သို့ သင့်ကိုလည်း ကြည့်ရှုလိမ့်မည်။ အခြားလူများကို သူ ဆက်ဆံသကဲ့သို့ သင့်ကိုလည်း ဆက်ဆံလိမ့်မည်ဖြစ်ပြီး အခြားလူများကို သူလုပ်ဆောင်သကဲ့သို့ သင့်ကို သူ တရားစီရင်ပြီး ပြစ်တင်ဆုံးမလိမ့်မည်၊ သင့်ကို စစ်ကြောပြီး သန့်စင်စေလိမ့်မည်။ သင်သည် မည်သို့မျှ ခြားနားစွာ ဆက်ဆံခြင်းခံရလိမ့်မည် မဟုတ်။ ဤသို့ဖြင့် သင်သည် သမ္မာတရား လိုက်စားရန် စိတ်ပိုင်းဖြတ်ချက်နှင့် စိတ်ဆန္ဒ ရှိလိမ့်မည်ဖြစ်ရုံသာမက သင်၏ သမ္မာတရား လိုက်စားမှုတွင်လည်း အလားတူစွာ ဘုရားသခင်က သင့်ကို ဉာဏ်အလင်း ပေးလိမ့်မည်၊ လမ်းပြလိမ့်မည်ဖြစ်ပြီး သင့်ကို ထောက်ပံ့ပေးလိမ့်မည်။ ယခုတွင် သင်သည် ရိုးသားစစ်မှန်သည့် စိတ်ဆန္ဒတစ်ခုနှင့် လေးနက်သည့် သဘောထားတစ်ခု ရှိသောကြောင့် ဘုရားသခင်သည် သင့်ကို အခြား မည်သူနှင့်မျှ မည်သည့် ကွဲပြားခြားနားမှုမျှမရှိဘဲ ဆက်ဆံလိမ့်မည်၊ အခြားလူများကဲ့သို့ပင် ကယ်တင်ခြင်း ရရှိရန် အခွင့်အရေး သင်ရှိလိမ့်မည်မှာ အမှန်ဖြစ်၏။ ဤအရာကို သင်နားလည်သည်လော။ (နားလည်ပါသည်။) ဆိုးရွားသည့် ပြစ်မှားမှုတစ်ခုကို ကျူးလွန်ခြင်းသည် အထူး ကိစ္စရပ်တစ်ခု ဖြစ်သည်။ ထိုအရာသည် ထိတ်လန့်စရာမဟုတ်ဟု ငါတို့ ပြော၍မရ။ အလွန်ဆိုးရွားသည့် ပြဿနာတစ်ခု ဖြစ်သည်။ သာမန် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ သို့မဟုတ် တစ်စုံတစ်ဦးက မမှန်ကန်သည့် အတွေးနှင့် အမြင်အချို့ ရှိခြင်းနှင့် တူညီသော အရာ မဟုတ်ပေ။ ထိုအရာမှာ အမှန်တကယ် ဖြစ်ပျက်သည့်၊ အဖြစ်မှန်ဖြစ်လာသည့် တစ်စုံတစ်ရာဖြစ်ပြီး ဆိုးရွားသည့် အကျိုးဆက်များကို ဖြစ်ပေါ်စေသည့် အရာ ဖြစ်သည်။ ထို့ကြောင့် ထိုအရာကို အထူးနည်းလမ်းဖြင့် သဘောထားသင့်သည်။ သို့ရာတွင် ထိုအရာကို အထူးနည်းလမ်းဖြင့် သဘောထားသည်ဖြစ်စေ၊ ပုံမှန်နည်းလမ်းဖြင့် သဘောထားသည်ဖြစ်စေ ရှေ့ဆက်ရမည့် လမ်းတစ်ခုနှင့် ထိုအရာကို ဖြေရှင်းရမည့် နည်းလမ်းတစ်ခု အမြဲရှိပြီး ဤသည်မှာ သင့်ကို ငါ ပြောပြပြီး ဦးဆောင်လမ်းပြသည့် နည်းလမ်းများ၊ နည်းစနစ်များနှင့်အညီ သင် လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိဆိုသည့်အပေါ် မူတည်သည်။ သင်သည် အမှန်တကယ် ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ပါက အဆုံးတွင် ကယ်တင်ခြင်း ရရှိရန် သင်၏ မျှော်လင့်ချက်များသည် အခြားလူများနှင့် တူညီလိမ့်မည်။ ဤအရာအားလုံးကို ဖြေရှင်းခြင်းသည် လူတို့က မိမိတို့၏ စိတ်ဓာတ်ကျခြင်း စိတ်ခံစားချက်ကို နောက်ချန် ထားနိုင်စေရန်မျှသာ မဟုတ်ပေ။ အဆုံးစွန် ရည်မှန်းချက်မှာ ၎င်းတို့၏ စိတ်ဓာတ်ကျခြင်း စိတ်ခံစားချက်ကို ဖြေရှင်းပေးခြင်းအားဖြင့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို ၎င်းတို့ ကြုံသည့်အခါ ပုံမှန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား နယ်ပယ်အတွင်းရှိ ဤအရာများအားလုံးကို မှန်ကန်သည့် ချဉ်းကပ်မှု ၎င်းတို့ လုပ်ဆောင်နိုင်ရန် အလို့ငှာ ဖြစ်သည်။ ၎င်းတို့အနေဖြင့် အစွန်းရောက်မသွားရသကဲ့သို့ ခေါင်းမာရမည် မဟုတ်။ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေခြင်းနှင့် သမ္မာတရား ရှာဖွေခြင်းတွင် ရှေ့ဆက်လုပ်ဆောင်သင့်သည်၊ သမ္မာတရားကို မိမိတို့၏ စံအဖြစ် အသုံးပြုလျက် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း အပြည့်အဝ လူများနှင့် အမှုအရာများကို ရှုမြင်နိုင်ပြီး ပြုမူကျင့်ကြံကာ ဆောင်ရွက်နိုင်ကြသည်အထိ ဖန်ဆင်းခံတစ်ဦး ကောင်းမွန်စွာ ဖြည့်ဆည်းရမည့် ဝတ္တရားများနှင့် တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းသင့်ကြသည်။ လူတို့သည် ဤစစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသည်နှင့်တစ်ပြိုင်နက် ကယ်တင်ခြင်း လမ်းကြောင်းကို ၎င်းတို့ တဖြည်းဖြည်း ချဉ်းကပ်နေကြလိမ့်မည် ဖြစ်ပြီး ဤသို့ဖြင့် ကယ်တင်ခြင်း ရရှိမည့် မျှော်လင့်ချက် ရှိကြလိမ့်မည်။ ဆိုးရွားသည့် ပြစ်မှားမှုမှ ဖြစ်ပေါ်သော စိတ်ဓာတ်ကျခြင်းနှင့်ဆိုင်သည့် စိတ်ခံစားမှုများကို ဖြေရှင်းပုံနှင့်ဆိုင်သည့် လမ်းကြောင်းသည် ယခုတွင် သင်တို့အတွက် ရှင်းသွားပြီလော။ (ရှင်းသွားပါပြီ။)
စိတ်ဓာတ်ကျခြင်းနှင့်ဆိုင်သည့် စိတ်ခံစားမှုကို ဖြေရှင်းခြင်းသည် ခက်ခဲသော ပြဿနာတစ်ခု ဖြစ်သလော။ ဘဝတွင် အရေးပါသည့် ကိစ္စရပ်များ ပါဝင်သည်နှင့်အမျှ၊ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုတွင် လူတို့ လျှောက်လှမ်းသည့် လမ်းကြောင်း ပါဝင်သည်နှင့်အမျှ အနာဂတ်တွင် ၎င်းတို့ ကယ်တင်ခြင်း ရရှိနိုင်ခြင်း ရှိမရှိ၊ သို့မဟုတ် ၎င်းတို့၏ ယုံကြည်မှုအားလုံး အချည်းနှီး ဖြစ်မည်၊ မဖြစ်မည်ဆိုသည်တို့ ပါဝင်သည်နှင့်အမျှ အလွန်ခက်ခဲသည်ဟု ငါ ထင်၏။ ဤသည်မှာ ကြီးမားသည့် ကိစ္စတစ်ခု ဖြစ်သည်။ အပေါ်ယံအားဖြင့် ထုတ်ဖော်ပြထားသည့် အရာမှာ စိတ်ခံစားမှုတစ်ခုဖြစ်သည့်တိုင် အမှန်တွင် ဤခံစားချက်များ ဖြစ်ပေါ်ခြင်းအတွက် အကြောင်းရင်းများ ရှိလေသည်။ ယနေ့တွင် ဤအကြောင်းရင်းများနှင့် ပတ်သက်၍ ရှင်းလင်းစွာ ငါ မိတ်သဟာယပြုပြီးဖြစ်သည်။ ဤအကြောင်းတရားများနှင့်ဆိုင်သည့် ပြဿနာကို ဖြေရှင်းရန် ရှေ့ဆက်ရမည့်လမ်းတစ်ခုကို ငါ ယခု ပေးပြီးဖြစ်သည်။ ထို့ကြောင့် ယခုတွင် စိတ်ဓာတ်ကျခြင်းနှင့်ဆိုင်သည့် စိတ်ခံစားမှုကို အဆင်သင့် ဖြေရှင်းနိုင်သလော။ (ဖြေရှင်းနိုင်ပါသည်။) သဘောတရားအရ ဖြေရှင်းပြီး ဖြစ်သည်။ အယူဝါဒဆိုင်ရာ သိနားလည်မှုရှိပြီးနောက် ဤအယူဝါဒနှင့် အတိတ်မှ သင် လုပ်ဆောင်ခဲ့သည့်အရာကို နှိုင်းယှဉ်ကြည့်ခြင်း၊ ဘဝတွင်ရှိသော သင်၏ အခက်အခဲများ၊ သင်၏ အတွေးတွင်ရှိသော အခက်အခဲများကို တဖြည်းဖြည်း ဖြေရှင်းရန် ဤအယူဝါဒကို အခြေခံအကြောင်းရင်းတစ်ခုအဖြစ် အသုံးပြုခြင်းနှင့် ဤလမ်းကြောင်းကို တစ်သမတ်တည်း လျှောက်လှမ်းခြင်းအားဖြင့် သမ္မာတရား လိုက်စားမှုတွင်ရှိသော လမ်းကြောင်းပေါ် သင် တဖြည်းဖြည်း အစပြုနိုင်ပေသည်။ ပြဿနာကို ဖြေရှင်းရန် ဤနည်းလမ်းကို သင် မည်သို့ ထင်မြင်ပါသနည်း။ (ကောင်းပါသည်။) ဤသည်မှာ ပြဿနာကို လူတို့ ဖြေရှင်းရမည့်ပုံ ဖြစ်သည်။ ၎င်းတို့ မဖြေရှင်းပါက ၎င်းတို့အတွင်းရှိ ရှုပ်ထွေးခက်ခဲသည့် ပြဿနာများဖြစ်သည့်၊ ၎င်းတို့၏ အတွေးထဲက ပြဿနာများ၊ ၎င်းတို့ စိတ်နှလုံးထဲက ပြဿနာများ၊ ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ ပြဿနာများအပြင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုများဖြစ်သည့် ဤအရာများသည် ၎င်းတို့ကို တင်းကျပ်စွာ ချည်နှောင်ပေသည်။ ၎င်းတို့သည် ဤသို့ ချည်နှောင်ခြင်းခံရကာ ပိတ်မိလာကြသည်။ တစ်ချိန်လုံး ဆင်းရဲဒုက္ခခံကာ ပင်ပန်းနွမ်းနယ်ကြသည်။ ရယ်ရမည်လား၊ သို့မဟုတ် ငိုရမည်လားဆိုသည်ကို ၎င်းတို့ မသိကြသကဲ့သို့ ထွက်ပေါက်တစ်ခုကို မည်သည့်အခါတွင်မျှ ရှာမတွေ့နိုင်ကြချေ။ ယနေ့၏ မိတ်သဟာယကို သင်နားထောင်ပြီးသည့်အခါတွင် ထိုအရာကို သေချာစွာ သင်တွေးဆပြီး ထိုအရာနှင့်ဆိုင်သည့် အယူဝါဒဆိုင်ရာ သိနားလည်မှုတစ်ခုကို သင် ရှိလာနိုင်သည်။ ထို့နောက်တွင် သင်၏ နေ့စဉ်ဘဝ၌ သင်၏ လက်တွေ့ကျသည့် အတွေ့အကြုံများနှင့် ကိုယ်ရေးကိုယ်တာ အတွေ့အကြုံများမှတစ်ဆင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်ဆိုင်သည့် ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများနှင့် အမျိုးမျိုးသော အခြေအနေများမှ သင်တဖြည်းဖြည်း လွတ်လာနိုင်ပေသည်။ ထိုအရာများကို သင်နောက်ချန်ထားသည်နှင့်တစ်ပြိုင်နက် သင်သည် အမှန်တကယ် လွတ်မြောက်ပြီး လွတ်လပ်လိမ့်မည်သာမက သမ္မာတရား စစ်မှန်မှုထဲသို့ သင်ဝင်ရောက်ပြီး ဖြစ်လိမ့်မည်သာမက အရေးအကြီးဆုံးမှာ သမ္မာတရားကို သင်နားလည်ပြီးဖြစ်လိမ့်မည်၊ သမ္မာတရားကို ရရှိပြီးဖြစ်လိမ့်မည်ဖြစ်ပြီး သမ္မာတရား စစ်မှန်မှုကို သင်အသက်ရှင်နေထိုင်နိုင်လိမ့်မည်။ ထိုအခါ သင်သည် ကြီးမားစွာ အသုံးဝင်လိမ့်မည်ဖြစ်ပြီး တန်ဖိုးရှိသည့် ဘဝတစ်ခုကို အသက်ရှင်နေလိမ့်မည်။ ထိုသို့ အသက်ရှင်ရန် သင်တို့ ဆန္ဒရှိကြသလော။ (ဆန္ဒရှိပါသည်။) လူအများစုသည် သမ္မာတရားကို နားလည်လိုပြီး သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်လိုကြကာ မိမိတို့၏ ဘဝများကို ဇာတိပကတိ၏ အပျက်သဘောဆောင်သော စိတ်ခံစားမှုများ၊ ဇာတိပကတိ၏ ရာဂစိတ်ပြင်းထန်သော စိတ်ဆန္ဒများ၊ လောကီ ရေပန်းစားမှုများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် မကုန်ဆုံးလိုကြပေ။ ထိုဘဝမျိုးသည် အလွန် ခက်ခဲပြီး ခြေကုန်လက်ပန်းကျစရာ ဖြစ်သည်။ သင်သည် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် အပျက်သဘောဆောင်သော စိတ်ခံစားမှုများဖြင့် အသက်ရှင်ပါက သင်၏ ဘဝသည် ကောင်းမွန်သည့် ရလဒ် ရှိလိမ့်မည်လော။ ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများဖြင့် အသက်ရှင်ခြင်းသည် စာတန်၏ အာဏာအောက်တွင် အသက်ရှင်ခြင်း ဖြစ်သည်။ ထိုအရာမှာ အသားကြိတ်စက်တစ်ခုထဲတွင် အသက်ရှင်ရသကဲ့သို့ ဖြစ်သည်။ အနှေးနှင့်အမြန် ဝါးမျိုခြင်းခံရလိမ့်မည်ဖြစ်ပြီး ထွက်ပေါက်တစ်ခု ရှာတွေ့ရန် ခက်ခဲ၏။ သို့ရာတွင် သမ္မာတရားကို သင် လက်ခံနိုင်ပါက စိတ်ရှုပ်ထွေးမှုနှင့် စိတ်ဆင်းရဲမှုကို နောက်ချန်ထားမည့် မျှော်လင့်ချက်ရှိပြီး အပျက်သဘောဆောင်သော စိတ်ခံစားမှုများ၏ နှောင်ဖွဲ့ခြင်းနှင့် စိတ်ရှုပ်ထွေးစေခြင်းမှ လာသည့် စိတ်ဆင်းရဲမှုမှ သင်လွတ်မြောက်နိုင်လိမ့်မည်။
ယနေ့တွင် အကြောင်းအရာတစ်ခုထက် ပို၍ မိတ်သဟာယပြုရန် မူလက ငါ စီစဉ်ထားခဲ့သော်လည်း စိတ်ဓာတ်ကျခြင်းနှင့်ပတ်သက်၍ အချိန်ကြာမြင့်စွာ ငါမိတ်သဟာယပြုမိသွားခဲ့ပေပြီ။ မည်သည့် ကိစ္စရပ်ကိုမဆို ပြောရမည့်အရာ များစွာ ရှိ၏။ စကားလုံးအနည်းငယ်ဖြင့် မည်သည့်အရာကိုမျှ ရှင်းလင်းစွာ ရှင်းပြ၍ မရနိုင်ပေ။ မည်သည့်အရာအကြောင်းကို ငါ ပြောသည်ဖြစ်စေ ကိစ္စရပ်တစ်ခု၏ အယူဝါဒကိုသာ ငါ ရှင်းပြပြီးနောက် မရပ်နားလိုက်နိုင်ပါ။ မည်သည့် ကိစ္စရပ်မဆို သမ္မာတရားနှင့် လက်တွေ့အရှိတရားတို့၏ သွင်ပြင်လက္ခဏာများစွာ ပါဝင်သည်။ လူတို့၏ အတွေးများနှင့် အမြင်များ၊ ၎င်းတို့ ပြုမူနေထိုင်သည့် နည်းလမ်းများနှင့် နည်းစနစ်များ၊ ၎င်းတို့ လျှောက်လှမ်းသည့် လမ်းကြောင်းများပါဝင်ပြီး ဤအရာအားလုံးသည် သင်တို့၏ ကယ်တင်ခြင်း ရရှိခြင်းနှင့် ဆက်နွှယ်လေသည်။ သမ္မာတရားတစ်ခု၊ သို့မဟုတ် အကြောင်းအရာတစ်ခုအပေါ် မိတ်သဟာယပြုနေချိန်တွင် ငါအမှုမဲ့အမှတ်မဲ့ ဖြစ်၍ မရပေ။ ထို့ကြောင့် တကျည်ကျည်လုပ်နေသည့် အဖွားအိုတစ်ဦးကဲ့သို့ ငါတတ်နိုင်သည့် နည်းလမ်းပေါင်းစုံဖြင့် ဤအရာများကို သင်တို့ထံ အဖန်ဖန် ပြောဆိုရန် ငါ ကြိုးစားရခြင်း ဖြစ်သည်။ ထိုအရာကို စိတ်အနှောင့်အယှက်ပေးသည်ဟု စောဒကမတက်နှင့်၊ ပြီးလျှင် လေရှည်လွန်းခြင်းအကြောင်းကို မညည်းညူနှင့်။ အကြောင်းအရာတစ်ခုနှင့်ပတ်သက်၍ ယခင်က ငါ ပြောဆိုပြီးဖြစ်နိုင်သောကြောင့် ထိုအရာတစ်ခုအပေါ် တစ်ဖန် အဘယ်ကြောင့် ပြောရသနည်း။ ထိုအရာနှင့်ပတ်သက်၍ ငါ တစ်ဖန်ပြောဆိုပါက ထိုအရာကို သင် တစ်ဖန် နားထောင်နိုင်ပြီး ပြန်လည်ဆန်းစစ်ခြင်းအဖြစ် မှတ်ယူ၍ရသည်။ အဆင်ပြေသည် မဟုတ်လော။ (အဆင်ပြေပါသည်။) တိုတိုပြောရလျှင် သမ္မာတရားနှင့် သင်လျှောက်သည့် လမ်းကြောင်းနှင့်ဆက်နွှယ်သော ကိစ္စရပ်များကို တာဝန်သိစွာ သင် ချဉ်းကပ်ရမည်ဖြစ်ပြီး အမှုမဲ့အမှတ်မဲ့ မဖြစ်ရပေ။ သာ၍ အသေးစိတ် ငါပြောပြီး သာ၍ အသေးစိတ် ငါဆွေးနွေးလေလေ အခြားသော သွင်ပြင်လက္ခဏာများအပြင် အမျိုးမျိုးသော သမ္မာတရားများကြား ဆက်နွှယ်မှုများ၊ ထိုအရာများကြား အသေးစိတ် ကွဲပြားမှုများနှင့် ဆက်စပ်မှုများပေါ် သင်၏ သိနားလည်မှုသည် သာ၍ အသေးစိတ်ကျကာ ရှင်းလင်းလာလေ ဖြစ်သည်။ ယေဘုယျ ဝေါဟာရဖြင့် ငါပြောပြီး အချို့သော အရာများအကြောင်းကို ခြုံငုံလျက်သာ ပြောဆိုရမည်ဆိုလျှင် သင်တို့အနေဖြင့် ထိုအရာများကို နားလည်ရခက်ပြီး ဝင်ရောက်ရန် ခက်ခဲသည်ကို တွေ့ရလိမ့်မည်ဖြစ်ကာ မိမိတို့ဘာသာ ဤအရာများကို ချင့်ချိန်စဉ်းစားပြီး သဘောပေါက်ရန် ကြိုးစားခြင်းသည် သင်တို့အတွက် ပင်ပန်းနွမ်းနယ်စရာ ဖြစ်မည်၊ ဟုတ်ပါသလော။ (ဟုတ်ပါသည်။) ဥပမာအားဖြင့် ယနေ့အတွက် ငါတို့၏ အကြောင်းအရာမှာ ကံကြမ္မာ၊ ကံတရားနှင့် အတိတ်တွင် လူတို့ ကျူးလွန်မိကြသည့် သီးခြား ပြစ်မှားမှုများမှ ထွက်ပေါ်သော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများ ဖြစ်သည်။ သင်တို့သည် မိမိတို့ဘာသာ ဤအရာများကို စဉ်းစားနိုင်မည် မဟုတ်သကဲ့သို့ သင်တို့ စဉ်းစားခဲ့လျှင်ပင် ထိုအရာများမှ ထွက်ပေါက် ရှိမည်မဟုတ်ပေ။ ဤအရာများအတွင်းရှိ သမ္မာတရားကို သင် နားမလည်သောကြောင့် အတိတ်က ကျူးလွန်မိခဲ့သည့် သီးသန့် ပြစ်မှားမှုများနှင့်ဆိုင်သော ကိစ္စရပ်အတွက် မှန်ကန်သည့် အဖြေကို သင် လုံးဝ ရှာတွေ့နိုင်လိမ့်မည်မဟုတ်သကဲ့သို့ သင့်ကို အစဉ်အမြဲ စိတ်အနှောင့်အယှက်ပေးကာ နှောင့်ဖွဲ့လျက်၊ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း၊ လွတ်လပ်မှုနှင့် လွတ်မြောက်မှုတို့နှင့်ဆိုင်သော သင်၏ အတွင်းကျကျ စိတ်နှလုံးကို လုယူရင်း၊ သင့်အတွက် ထိုအရာသည် အမြဲ ဉာဏ်မမီနိုင်သောအရာဖြစ် ကျန်ရှိနေလိမ့်မည် ဖြစ်သည်။ သို့မဟုတ် ကိစ္စရပ်ကို သင် မှန်ကန်စွာ မကိုင်တွယ်ခဲ့သကဲ့သို့ မှန်ကန်သည့် လမ်းကြောင်းကို မလိုက်လျှောက်ခဲ့သောကြောင့် ဤအရာက သင်၏ ကယ်တင်ခြင်း ရရှိခြင်းအပေါ် သက်ရောက်မှုတစ်ခု ရှိခဲ့သည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ အဆုံးတွင် လူအချို့သည် စွန့်ပစ်ကာ ဖယ်ရှားရှင်းလင်းသည်ကို ခံခဲ့ရသည်။ အဘယ်ကြောင့် ဤသို့ ဖြစ်မည်နည်း။ ၎င်းတို့သည် အတိတ်တွင် ပြောမထွက်အောင်ဆိုးရွားသော အရာအချို့ကို လုပ်ဆောင်ခဲ့ကြပြီး ထိုအရာများကို ကောင်းစွာ မကိုင်တွယ်ခဲ့ကြသကဲ့သို့ ထိုအရာများအတွက် အပြစ်ဖြေခြင်း ရရှိခဲ့ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးများသည် အမြဲတစေ ဤအရာများ၏ နှောင်ဖွဲ့ခြင်း ခံခဲ့ရသည်။ ၎င်းတို့သည် သမ္မာတရား မလိုက်စားလိုကြ၊ မိမိတို့ တာဝန်ကို ပေါ့ပေါ့ဆဆ ပုံစံဖြင့် ထမ်းဆောင်ခဲ့ကြသည်။ သမ္မာတရား စစ်မှန်မှုထဲသို့ ၎င်းတို့ မဝင်ရောက်ခဲ့ကြသကဲ့သို့ သမ္မာတရား လိုက်စားရန်မှာ ၎င်းတို့အတွက် မျှော်လင့်ချက်မဲ့သကဲ့သို့ ခံစားခဲ့ကြသည်။ ၎င်းတို့သည် ဤအပျက်သဘောဆောင်သော အမြင်ကို တကယ့်အဆုံးထိ သယ်ဆောင်ခဲ့ကြ၏။ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်အကြောင်း ၎င်းတို့ လုံးဝ မပြောကြသကဲ့သို့ သမ္မာတရားကို မရရှိခဲ့ကြချေ။ ထို့နောက်တွင်မှ ၎င်းတို့ စတင်နောင်တရကြသော်လည်း အလွန် နောက်ကျခဲ့ပေသည်။ ထို့ကြောင့် ဤကိစ္စရပ်အားလုံးသည် သမ္မာတရား၊ ကယ်တင်ခြင်း ရရှိခြင်းနှင့် ဆက်နွှယ်သလော။ (ဆက်နွှယ်ပါသည်။) ဤအရာများ သင့်ထံ မဖြစ်ပျက်ခဲ့သောကြောင့်၊ သို့မဟုတ် အခြားတစ်စုံတစ်ဦးထံ မဖြစ်ပျက်ခဲ့သောကြောင့်၊ သို့မဟုတ် သင့်အနီးဝန်းကျင်ရှိ လူများထံ မဖြစ်ပျက်ခဲ့သောကြောင့်သက်သက် ထိုအရာများ တည်ရှိခြင်းမရှိဟု မတွေးထင်လေနှင့်။ သင့်ကို ပြောပြမည်၊ ထိတ်လန့်စရာ အကျိုးဆက်တစ်ခုတလေဖြင့် အကျိုးဆက် မဖြစ်ပေါ်သေးသည့် သိက္ခာမဲ့သော အရာအချို့ကို ယခင်က သင် လုပ်ကောင်းလုပ်ဆောင်ခဲ့နိုင်သည်၊ သို့မဟုတ် ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုမျိုးထဲ ယခင်က သင် နွံနစ်လာပြီးဖြစ်နိုင်သည်၊ သို့မဟုတ် ယခုတွင် ထိုအရာ၌ နွံနစ်နေနိုင်သည်၊ ထိုအရာကို သင် သတိမပြုမိသကဲ့သို့ မသိလိုက်ခြင်းသာဖြစ်ပြီး ထို့နောက် တစ်နေ့တွင် စစ်မှန်သည့် အရာတစ်ခု ဖြစ်ပျက်ကာ ဤစိတ်ခံစားမှုက သင့်အပေါ် ပြင်းထန်သည့် သက်ရောက်မှုတစ်ခု ရှိပြီး ဆိုးရွားသည့် အကျိုးဆက်ရလဒ်များ ဖြစ်ပေါ်လေသည်။ သင့်ကိုယ်သင် နက်ရှိုင်းစွာ ဆန်းစစ်သည့်အခါတွင်သာ သင်သည် မသိလိုက်ဘဲနှင့် နှစ်များစွာကြာ၊ သို့မဟုတ် ထို့ထက်ပင် ပို၍ ကြာမြင့်စွာ ဤအပျက်သဘောဆောင်သည့် စိတ်ခံစားမှုထဲ နွံနစ်ပြီးဖြစ်ကြောင်းကို သင် သိလိုက်ရသည်။ ထို့ကြောင့် လူတို့သည် ဤအရာများကို တဖြည်းဖြည်း သိရှိရန်အလို့ငှာ အဆက်မပြတ် ချင့်ချိန်စဉ်းစား၊ သုံးသပ်၊ နားလည်၊ အသိအမှတ်ပြုပြီး တွေ့ကြုံရန် လိုအပ်ရခြင်း ဖြစ်သည်။ နောက်ဆုံးတွင် ဤအရာများကို ရှာဖွေတွေ့ရှိခြင်းသည် သင့်အတွက် အလွန့်အလွန် ကောင်းမွန်သည့် သတင်းဖြစ်သည့် သဘောဖြစ်ပြီး ကယ်တင်ခြင်း ရရှိရန် ကြီးမားသည့် အခွင့်အရေးတစ်ခု ဖြစ်သည်။ ထိုအရာများကို သင်ရှာဖွေတွေ့ရှိသည့်အခါ ဤသည်မှာ ထိုအရာများကို သင်နောက်ချန်ထားဖို့ အခွင့်အရေး၊ သို့မဟုတ် မျှော်လင့်ချက်ရှိသည့် အချိန်ဖြစ်လိမ့်မည်ဖြစ်ပြီး ယနေ့ ငါပြောပြီးဖြစ်သည့် အကြောင်းအရာသည် အချည်းနှီး ပြောဆိုခြင်း ဖြစ်လိမ့်မည် မဟုတ်ပေ။ မည်သည့် သမ္မာတရားကိုမျှ၊ မည်သည့် အကြောင်းအရာနှင့် မည်သည့် စကားများကိုမျှ တစ်ရက်၊ နှစ်ရက်အတွင်း လုံးဝ နားမလည်နိုင်သကဲ့သို့ တွေ့ကြုံ၍ မရနိုင်ပေ။ ထိုအရာတွင် သမ္မာတရား ပါဝင်သည့်အတွက်၊ လူ့သဘာဝ၊ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ လူတို့ လျှောက်လှမ်းသည့် လမ်းကြောင်းနှင့် လူတို့၏ ကယ်တင်ခြင်း ရရှိခြင်းတို့ ပါဝင်သည်။ ထို့ကြောင့် မည်သည့် သမ္မာတရားကိုမျှ သင် လျစ်လျူရှု၍ မရနိုင်ဘဲ ထိုသမ္မာတရားအားလုံးကို တာဝန်သိသည့် ချဉ်းကပ်မှုတစ်ခု လုပ်ဆောင်ရမည်။ ဤသမ္မာတရားများကို သင် ကောင်းစွာ နားမလည်သေးသကဲ့သို့ သင့်ထံတွင် မည်သည့် ပြဿနာများရှိသည်ကို ဤသမ္မာတရားများအတိုင်း သင်ကိုယ်သင် မည်သို့ ဆန်းစစ်ရမည်ကို သင် မသိသေးလျှင်ပင် ထိုအရာများကို နှစ်အနည်းငယ် သင် တွေ့ကြုံပြီးနောက်တွင် ဤသမ္မာတရားများက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ဘောင်ခတ်ခြင်းမှ သင့်ကို ကယ်တင်လိမ့်မည်ဖြစ်ပြီး ထိုသမ္မာတရားများသည် သင့်ကို ကယ်တင်သည့် အဖိုးတန်သော သမ္မာတရားများ ဖြစ်လာလိမ့်မည်မှာ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ ထိုသို့ဖြစ်သည့်အခါ ဤသမ္မာတရားများသည် သင့်ကို ဘဝတစ်လျှောက် မှန်ကန်သည့် လမ်းကြောင်းပေါ် လမ်းပြလိမ့်မည်ဖြစ်ပြီး ဆယ်နှစ်ခန့်အကြာတွင် ဤစကားများနှင့် ဤသမ္မာတရားများသည် သင်၏ အတွေးများနှင့် အမြင်များကို လုံးဝ ပြောင်းလဲပြီး ဖြစ်လိမ့်မည်ဖြစ်ကာ ဘဝတွင် သင်၏ ရည်မှန်းချက်များနှင့် ဦးတည်ချက်ကို လုံးဝ ပြောင်းလဲပေးပြီး ဖြစ်လိမ့်မည်။
ယင်းမှာ ယနေ့အတွက် ငါတို့၏ မိတ်သဟာယ အဆုံးသတ်ဖြစ်သည်။ နှုတ်ဆက်ခဲ့ပါသည်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။