ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ဖြေရှင်းပုံနှင့်ပတ်သက်သည့် နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၅၅)

လူတစ်ဦးသည် မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်စေ သို့မဟုတ် အတတ်ပညာဆိုင်ရာ အသိပညာကို သင်ယူလေ့လာခြင်းဖြစ်စေ လုံ့လဝီရိယ ရှိရမည်ဖြစ်ပြီး စည်းမျဉ်းများအတိုင်း ကိစ္စများကို ကိုင်တွယ်နိုင်ရမည်။ ဤကိစ္စများကို ဝတ်ကျေတမ်းကျေ ကိုင်တွယ်မဖြေရှင်းနှင့်၊ သို့မဟုတ် ဖြစ်သလို မလုပ်နှင့်။ အတတ်ပညာဆိုင်ရာ အသိပညာကို သင်ယူလေ့လာခြင်း၏ ရည်ရွယ်ချက်မှာ လူတစ်ဦး၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန်ဖြစ်ပြီး လူတစ်ဦးသည် ယင်းကို အားစိုက်ထုတ်၍ လုပ်ရမည်။ ဤသည်မှာ လူများ ပူးပေါင်းလုပ်ဆောင်သင့်သည့် အရာတစ်ခုဖြစ်သည်။ လူတစ်ဦးသည် မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် စိတ်မပါဖြစ်နေပြီး အတတ်ပညာဆိုင်ရာ အသိပညာကို မသင်ယူရန် အကြောင်းပြချက်များနှင့် ဆင်ခြေများကို အမြဲတမ်းရှာနေပါက သူသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ရန်အတွက် မိမိကိုယ်ကို ရိုးသားစွာ အသုံးခံနေခြင်း မဟုတ်ကြောင်း၊ သူသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ဖို့ သူ၏တာဝန်ကို ကောင်းစွာ မထမ်းဆောင်ချင်ကြောင်းကို ယင်းက ပြသည်။ ဤသည်က အသိတရားနှင့် အသိစိတ်တို့ ကင်းမဲ့သော လူတစ်ဦးဖြစ်သည်မဟုတ်လော။ ထိုကဲ့သို့သော အကျင့်စရိုက်ရှိသောလူတစ်ဦးသည် ဒုက္ခပေးတတ်သည် မဟုတ်လော။ သူတို့ကို စီမံခန့်ခွဲဖို့ အလွန်အမင်း ခက်ခဲသည်မဟုတ်လော။ အသက်မွေးဝမ်းကြောင်း ပညာတစ်ခုကို လူတစ်ဦးက သင်ယူလေ့လာနေသော်လည်း သမ္မာတရားကိုလည်း သူတို့ ရှာဖွေရမည်ဖြစ်ပြီး သမ္မာတရားစည်းမျဉ်းများနှင့်အညီ အမှုကိစ္စများကို လုပ်ဆောင်ရမည်။ လူတစ်ဦးသည် ဤအတိုင်းအတာကို ကျော်လွန်၍ မလုပ်ဆောင်ရပေ၊ ပြီးလျှင် လူတစ်ဦးသည် ဘာသာတရားမရှိသူတစ်ဦးကဲ့သို့ နားဝေတိမ်တောင် မဖြစ်ရပေ။ ဘာသာတရားမရှိသူများတွင် အလုပ်နှင့်ပတ်သက်၍ မည်သည့်သဘောထား ရှိသနည်း။ သူတို့အများစုသည် လေလွင့်နေပြီး အချိန်ဖြုန်းနေရုံသာဖြစ်သည်၊ နေ့စဉ်လုပ်အားခအတွက်မျှဖြင့် နေ့တိုင်း အိုးနင်းခွက်နင်းဖြင့် ပြီးသွားပြီး ကိစ္စများကို သူတို့လုပ်ဆောင်နိုင်သည့်အချိန်တိုင်းတွင်လည်း ဝတ်ကျေတမ်းကျေသာ လုပ်နေကြသည်။ ထိရောက်မှု သို့မဟုတ် အသိစိတ်အပေါ် အခြေခံ၍ ပြုမူခြင်းအကြောင်း သူတို့ ဂရုမစိုက်ကြချေ။ ပြီးလျှင် သူတို့တွင် လေးနက်ပြီး တာဝန်သိသော သဘောထားတစ်ခု ကင်းမဲ့ကြသည်။ ၎င်းတို့က “ဤအရာကို ကျွန်ုပ်အား ပေးအပ်လိုက်ပြီး ဖြစ်သောကြောင့် ယင်းကို ပြီးစီးသည်အထိ တာဝန်ယူရမည်ဖြစ်သည်။ ဤကိစ္စကို ကျွန်ုပ် ကောင်းစွာ ကိုင်တွယ်ပြီး ဤတာဝန်ကို ထမ်းရွက်ရမည်” ဟု မပြောကြချေ။ သူတို့တွင် ဤအသိစိတ် ကင်းမဲ့သည်။ ထို့အပြင် ဘာသာတရားမရှိသူများ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်မျိုး ရှိသည်။ ၎င်းတို့သည် အခြားလူတို့ကို အသက်မွေးဝမ်းကျောင်းဆိုင်ရာ အသိပညာ သို့မဟုတ် စွမ်းရည်တစ်ခုခုကို သင်ပေးသည့်အခါ ၎င်းတို့က “ကိုယ်မွေးသည့်မျောက် ကိုယ့်ကိုပြန်ခြောက်လိမ့်မည်။ အခြားသူများကို ငါသိသမျှ အကုန်သင်ပေးလျှင် မည်သူမျှ ငါ့ကို အထင်ကြီးလေးစားမည် မဟုတ်ပါ။ ဆရာတစ်ယောက်အနေဖြင့် ငါ၏ အဆင့်အတန်းများ အားလုံးကို ဆုံးရှုံးရပြီးဖြစ်လိမ့်မည်။ ဖြစ်မည်မဟုတ်ပါ။ ငါသိသမျှကို သင်ပေးလို့မဖြစ်ပါ။ တစ်ခုခုကို ဆရာစား ချန်ထားရမည်။ ငါသိသည့်အရာ၏ ရှစ်ဆယ်ရာခိုင်နှုန်းကိုသာ သင်ပေးပြီး ကျန်သည့်အရာကို လျှိုထားရမည်။ ဤသည်မှာ ငါ့ကျွမ်းကျင်မှုများက အခြားသူများ၏ ကျွမ်းကျင်မှုများထက် သာကြောင်း ပြဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်” ဟူ၍ စဉ်းစားကြသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ လှည့်စားခြင်းဖြစ်သည်။ အခြားလူများကို သင်ပေးသောအခါ၊ ကူညီပံ့ပိုးပေးသောအခါ၊ သို့မဟုတ် သင်လေ့လာခဲ့သည့် အရာတစ်ခုကို ၎င်းတို့ကို မျှဝေပေးသောအခါ မည်သည့်သဘောထားကို သင်တို့ ခံယူသင့်သနည်း။ (ကျွန်ုပ်သည် အားကုန်စိုက်ထုတ်သင့်သည်။ မည်သည့်အရာကိုမျှ ထိမ်ချန်မထားသင့်ပါ။) လူတစ်ဦးသည် မည်သည့်အရာကိုမျှ မည်သို့ မထိမ်ချန်ဘဲ နေသနည်း။ “ကျွန်ုပ် သင်ယူလေ့လာပြီးသည့် အရာများနှင့် ပတ်သက်လာသည့်အခါတွင် ကျွန်ုပ်သည် တစ်ခုမျှ မထိမ်ချန်ဘဲ ယင်းတို့အကြောင်းကို သင်တို့အားလုံးကို ပြောပြဖို့ ပြဿနာမရှိပေ။ မည်သို့ပင်ဆိုစေ ကျွန်ုပ်သည် သင်တို့ အားလုံးထက် ပိုပြီးအစွမ်းအစမြင့်သည်။ ပြီးလျှင် ကျွန်ုပ်သည် ပိုမြင့်မားသည့်အရာများကို နားလည်နိုင်သေးသည်” ဟု သင်ပြောပါက ထိုသည်မှာ ထိမ်ချန်နေသေးခြင်းဖြစ်ပြီး ယင်းက အတော်အသင့် အပိုင်ကြံတတ်ခြင်းဖြစ်သည်။ သို့မဟုတ် “ကျွန်ုပ် သင်ယူလေ့လာပြီးသည့် အခြေခံအရာများ အားလုံးကို သင်တို့ကို သင်ပေးမည်။ ယင်းမှာ ကြီးကြီးမားမား ပြဿနာ မဟုတ်ပါ။ ကျွန်ုပ်သည် ပို၍များသော အသိပညာ ပိုင်ဆိုင်ထားဆဲဖြစ်ပြီး သင်တို့က ဤအရာများအားလုံးကို လေ့လာသင်ယူလျှင်ပင် ကျွန်ုပ်လောက် တိုးတက်ဦးမည်မဟုတ်” ဟု သင်ပြောပါက ထိုသည်က တစ်ခုခုကို ထိမ်ချန်နေခြင်း ဖြစ်နေဆဲပင် ဖြစ်သည်။ လူတစ်ဦးသည် တစ်ကိုယ်ကောင်းဆန်လွန်းပါက သူတို့သည် ဘုရားသခင်၏ ကောင်းချီးကို မရဘဲ ဖြစ်နေလိမ့်မည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားဖို့ လူများ သင်ယူလေ့လာသင့်သည်။ သင်နားလည်သဘောပေါက်ပြီးသည့် အရေးအကြီးဆုံးနှင့် မုချလိုအပ်သောအရာများကို ဘုရားသခင်၏အိမ်တော်သို့ ဖြည့်ဆည်းပေးရမည်။ သို့မှသာ ဘုရားသခင် ရွေးချယ်ထားသောသူများသည် ယင်းတို့ကို သင်ယူလေ့လာနိုင်ပြီး ကျွမ်းကျင်နိုင်သည်။ ထိုသည်မှာ ဘုရားသခင်၏ကောင်းချီးကို ရရှိနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ပြီးလျှင် သူသည် ပိုများသောအရာများကိုပင်လျှင် သင့်ထံ ပေးအပ်နှင်းလိမ့်မည်။ “အစွန့်အကြဲ ခံခြင်း အရာထက် စွန့်ကြဲခြင်း အရာသည်သာ၍ မင်္ဂလာရှိသည်” ဟု ဆိုသကဲ့သို့ ဖြစ်သည်။ လူတိုင်းသည် မိမိတို့၏ တာဝန်များတွင် အကျိုးဖြစ်ထွန်းပြီး ရလဒ်များ စွမ်းဆောင်ရရှိနိုင်ဖို့အလို့ငှာ သင်၏ အထူးကျွမ်းကျင်မှုများနှင့် ဆုကျေးဇူးများကို သင်၏တာဝန် ထမ်းဆောင်ခြင်းတွင် ပြသလျက် ယင်းတို့ကို ဘုရားသခင်ထံ လုံးလုံးလျားလျား ဆက်ကပ်လော့။ သင်သည် သင်၏ ဆုကျေးဇူးများနှင့် ပါရမီများဖြင့် အလုံးစုံ ထောက်ပံ့လျှင် ထိုအရာများသည် ထိုတာဝန်ထမ်းဆောင်သော သူတို့အားလုံးအတွက်လည်းကောင်း၊ အသင်းတော်၏ အလုပ်အတွက်လည်းကောင်း အကျိုးဖြစ်လိမ့်မည်။ လူတိုင်းကို ရိုးရှင်းသော အရာအချို့ကို ပြောပြရုံဖြင့် သင်သည် အတော်အတန် ကောင်းမွန်စွာ လုပ်ဆောင်ပြီးဖြစ်သည်ဟု သို့မဟုတ် မည်သည့်အရာမျှ ထိမ်ချန်ခြင်း မရှိဟု မစဉ်းစားနှင့်။ ဤသည်မှာ အလုပ်ဖြစ်မည်မဟုတ်။ သင်သည် လူတို့က တိုက်ရိုက်နားလည်နိုင်သည့် သဘောတရား၊ သို့မဟုတ် အကြောင်းအရာအနည်းငယ်ကိုသာ သင်ပေးသည်။ သို့သော် အနှစ်သာရနှင့် အရေးကြီးသောအချက်များကို လူသစ်တစ်ယောက်က နားမလည်နိုင်ပေ။ သင်က “ကောင်းပြီ။ မည်သို့ပင်ဆိုစေ၊ ကျွန်ုပ် သင့်ကို ပြောပြထားပြီဖြစ်ပြီး မည်သည့်အရာကိုမျှ တမင်တကာ ထိမ်ချန်မထားပါ။ သင်နားမလည်ပါက သင့်အစွမ်းအစ ညံ့ဖျင်းလွန်း၍ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်ကို အပြစ်မတင်နှင့်။ ယခု ဘုရားသခင် သင့်အား မည်သို့လမ်းပြသည်ကိုသာ ကျွန်ုပ်တို့ စောင့်ကြည့်ကြမည်” ဟု သင့်ကိုယ်သင် တစ်ချိန်လုံး စဉ်းစားနေသေးလျက် အသေးစိတ်ရှင်းပြခြင်း သို့မဟုတ် အပြည့်အစုံပြောပြခြင်း မရှိဘဲ ခြုံငုံသုံးသပ်ချက်တစ်ခုကိုသာ ပေးလေသည်။ ထိုကဲ့သို့သော ချိန်ဆပြောဆိုခြင်း၌ လှည့်ဖြားမှုပါသည် မဟုတ်သလော။ ယင်းမှာ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းသည် မဟုတ်လော။ လူတို့အား သင့်စိတ်နှလုံးထဲ၌ ရှိသော အရာတိုင်းနှင့် သင်နားလည်ထားသော အရာတိုင်းကို သင် အဘယ့်ကြောင့် မသင်ပေးနိုင်ရသနည်း။ ထိုအစား သင်သည် အသိပညာကို အဘယ့်ကြောင့် ထိမ်ချန်ထားသနည်း။ ဤသည်မှာ သင်၏ ရည်ရွယ်ချက်များနှင့် သင်၏စိတ်သဘောထားနှင့်ဆိုင်သော ပြဿနာတစ်ခုဖြစ်သည်။ လူအများစုသည် ကျွမ်းကျင်မှုဆိုင်ရာ အသိပညာ၏ တိကျသော ကဏ္ဍအချို့နှင့် ပထမဦးဆုံး ထိတွေ့သောအခါ ယင်း၏ တိုက်ရိုက်အဓိပ္ပာယ်ကိုသာ ၎င်းတို့ သဘောပေါက်နိုင်သည်။ အဓိကအချက်များနှင့် အနှစ်သာရတို့ကို လူတို့ နားမလည်နိုင်မီ လေ့ကျင့်သည့်အချိန်ကာလတစ်ခုကို လိုအပ်သည်။ ဤအနုစိတ်သော အချက်များကို သင်ကျွမ်းကျင်ပိုင်နိုင်ပြီးသား ဖြစ်လျှင် အခြားသူများအား ယင်းတို့ကို တိုက်ရိုက်ပြောပြသင့်သည်။ သူတို့အား ဝေ့ဝိုက်သောလမ်းကြောင်းကို လိုက်စေပြီး စမ်းတဝါးဝါးဖြင့် အချိန်များစွာ မကုန်စေနှင့်။ ဤသည်မှာ သင်၏ တာဝန်ဝတ္တရားဖြစ်သည်။ သင်လုပ်သင့်သောအရာ ဖြစ်သည်။ သင်သည် အဓိကအချက်များနှင့် အနှစ်သာရဖြစ်သည်ဟု သင်ယုံကြည်သောအရာကို ၎င်းတို့အား ပြောပြလျှင် မည်သည့်အရာကိုမျှ ထိမ်ချန်ထားခြင်း ဖြစ်မည် မဟုတ်သလို တစ်ကိုယ်ကောင်းဆန်မည်လည်း မဟုတ်ချေ။ အခြားလူများကို ကျွမ်းကျင်မှုများ သင်တို့ သင်ကြားပေးသောအခါ သင်၏ အသက်မွေးဝမ်းကျောင်း အလုပ်နှင့်ပတ်သက်ပြီး သူတို့ကို ဆွေးနွေးပြောပြလော့ သို့မဟုတ် အသက်ဝင်ရောက်မှုအကြောင်း မိတ်သဟာယဖွဲ့လော့။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းသော သွင်ပြင်လက္ခဏာများကို သင်မဖြေရှင်းနိုင်ပါက သင့်တာဝန်များကို ကောင်းစွာ သင်ထမ်းဆောင်နိုင်မည် မဟုတ်ပေ။ ဤအခြေအနေတွင် သင်တို့သည် လူ့သဘာဝ သို့မဟုတ် အသိတရားနှင့် အသိစိတ်ကို ပိုင်ဆိုင်သောသူတစ်ဦး သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတစ်ဦး မဟုတ်ပေ။ သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် သမ္မာတရားကို သင်ရှာဖွေရမည်၊ ပြီးလျှင် တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များ သင့်ထံတွင် လုံးဝ ကင်းရှင်းသွားပြီး ဘုရားသခင်၏ရည်ရွယ်ချက်များကိုသာ အလေးထားသည့် အခြေအနေကို ရောက်ရမည်။ ဤနည်းဖြင့် သမ္မာတရားစစ်မှန်မှုကို သင်ရရှိလိမ့်မည်။ လူများသည် ဘာသာတရားမရှိသူများကဲ့သို့ သမ္မာတရားကို မလိုက်စားဘဲ ဆိုးယုတ်သော စိတ်သဘောထားများဖြင့် အသက်ရှင်လျှင် အလွန် ပင်ပန်းနွမ်းနယ်ဖွယ်ကောင်းသည်။ ဘာသာတရားမရှိသူများကြားတွင် ယှဉ်ပြိုင်မှုသည် အလွန်များပြားလှသည်။ ကျွမ်းကျင်မှု၊ သို့မဟုတ် အတတ်ပညာတစ်ခု၏ အနှစ်သာရကို ကျွမ်းကျင်အောင် ပြုလုပ်ခြင်းသည် ရိုးရှင်းသော ကိစ္စမဟုတ်ပေ။ ပြီးလျှင် အခြားလူတစ်ယောက်ယောက်က ဤအကြောင်းကို သိသွားပြီး သူကိုယ်တိုင် ကျွမ်းကျင်အောင် ပြုလုပ်သည်နှင့် သင်၏အသက်မွေးမှုက အန္တရာယ်ရှိလာလိမ့်မည်။ ထိုအသက်မွေးမှုကို ကာကွယ်ရန်အတွက် လူတို့သည် ဤသို့ ပြုမူဆောင်ရွက်ရန် တွန်းအားပေးခြင်းခံရသည်။ ၎င်းတို့သည် အချိန်ပြည့် သတိထားရမည်ဖြစ်သည်။ ၎င်းတို့ ကျွမ်းကျင်သောအရာသည် ၎င်းတို့၏ တန်ဖိုးအရှိဆုံး ငွေကြေးဖြစ်သည်။ ယင်းသည် ၎င်းတို့၏ အသက်မွေးမှု၊ ၎င်းတို့၏ အရင်းအနှီး၊ ၎င်းတို့၏ အသက်သွေးကြောဖြစ်ပြီး အခြားမည်သူ့ကိုမျှ အသိပေးပြောပြ၍မဖြစ်ပေ။ သို့သော် သင်သည် ဘုရားသခင်ကို ယုံကြည်သည်။ သင်သည် ဘုရားအိမ်တော်တွင် ဤသို့ တွေးပြီး ဤသို့ ပြုမူလုပ်ဆောင်လျှင် သင်သည် ဘာသာတရားမရှိသူတစ်ယောက်နှင့် ဘာမျှ မကွာခြားတော့ပေ။ သင်သည် သမ္မာတရားကို လုံးဝ လက်မခံဘဲ စာတန်၏အတွေးအခေါ်များအတိုင်း ဆက်လက် နေထိုင်ပါက သင်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူတစ်ယောက် မဟုတ်ပေ။ သင့်တွင် တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များ အမြဲတမ်း ရှိပြီး သင့်တာဝန်ကို ထမ်းဆောင်စဉ်တွင် သဘောထား သေးသိမ်ပါက ဘုရားသခင်၏ကောင်းချီးကို သင်ရလိမ့်မည်မဟုတ်ပေ။

ဘုရားသခင်ကို ယုံကြည်လာပြီးနောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်စားသောက်ပြီးဖြစ်ကာ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံပြီးဖြစ်သောကြောင့် သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပေါ်တွင် သင်ဆင်ခြင်သုံးသပ်ပြီး ယင်းတို့ကို သိလာပြီးဖြစ်သလော။ သင်ပြောဆိုပြုမူသည့် စည်းမျဉ်းများ၊ ကိစ္စများအပေါ် သင်၏အမြင်နှင့် သင့်အပြုအမူ၏ စည်းမျဉ်းများနှင့် ရည်မှန်းချက်ပန်းတိုင်များသည် ပြောင်းလဲပြီးဖြစ်သလော။ ဘာသာတရားမရှိသူတစ်ဦးနှင့် သင် တစ်ခုမျှ မခြားနားသေးပါက ဘုရားသခင်သည် သူ့အပေါ် သင်၏ယုံကြည်ခြင်းကို အသိအမှတ်ပြုလိမ့်မည် မဟုတ်။ သင်သည် ဘာသာတရားမရှိသူတစ်ဦး ဖြစ်နေသေးကြောင်းနှင့် ဘာသာတရားမရှိသူတစ်ဦး၏ လမ်းကြောင်းကို သင်လျှောက်နေသေးကြောင်း သူက ပြောလိမ့်မည်။ ထို့ကြောင့် ယင်းက သင့်အပြုအမူတွင်ဖြစ်စေ၊ သင့်တာဝန်ကို ထမ်းဆောင်ရာတွင်ဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေပြု၍လည်းကောင်း၊ သမ္မာတရားစည်းမျဉ်းများအတိုင်းလည်းကောင်း သင်လက်တွေ့လုပ်ဆောင်ရမည်။ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုရမည်။ သင်ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရမည်၊ ပြီးလျှင် သင်၏ မှားနေသောအတွေးများ၊ အမြင်များနှင့် လက်တွေ့လုပ်ဆောင်ခြင်းများကို ဖြေရှင်းရမည်။ ရှုထောင့်တစ်ခုအရ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းနှင့် မိမိကိုယ်ကို ဆန်းစစ်ခြင်းတို့မှတစ်ဆင့် ပြဿနာများကို သင်ရှာတွေ့ရမည်။ နောက်ရှုထောင့်တစ်ခုအရ ပြဿနာများကို ဖြေရှင်းရန်လည်း သမ္မာတရားကို သင်ရှာဖွေရမည်၊ ပြီးနောက် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင်ရှာဖွေတွေ့ရှိသောအခါ ၎င်းတို့ကို သင်ချက်ချင်း ဖြေရှင်းရမည်၊ ဇာတိပကတိကို ပုန်ကန်ရမည်၊ ပြီးလျှင် သင့်ကိုယ်ပိုင်ဆန္ဒကို စွန့်ပစ်ရမည်။ သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင်ဖြေရှင်းပြီးသည်နှင့်တစ်ပြိုင်နက် ယင်းတို့အပေါ် အခြေပြု၍ သင်ပြုမူတော့မည် မဟုတ်ပေ။ သည့်အပြင် သင့်ကိုယ်ပိုင်ရည်ရွယ်ချက်များနှင့် အကျိုးစီးပွားများကို သင်လက်လွှတ်နိုင်လိမ့်မည်ဖြစ်ပြီး သမ္မာတရား စည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်လာလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏နောက်လိုက် အစစ်အမှန်တစ်ဦး ပိုင်ဆိုင်ရမည့် သမ္မာတရားစစ်မှန်မှုဖြစ်သည်။ အကယ်၍ သင်သည် မိမိကိုယ်ကို ပြန်လှန်ဆင်ခြင်သုံးသပ်နိုင်လျှင်၊ မိမိကိုယ်ကို သိနိုင်လျှင်၊ ဤနည်းဖြင့် ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေနိုင်လျှင် သင်သည် သမ္မာတရားကို လိုက်စားသောသူတစ်ဦး ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ရာတွင် ထိုကဲ့သို့သော ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပြီး ဤနည်းအတိုင်း လက်တွေ့လုပ်ဆောင်နိုင်ခြင်းသည် ဘုရားသခင်၏ ကောင်းချီးပေးခြင်း အခံရဆုံးဖြစ်သည်။ ဤသည်ကို အဘယ်ကြောင့် ကျွန်ုပ်ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် အသင်းတော်၏ အလုပ်အတွက်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများအတွက်၊ ပြီးလျှင် ညီအစ်ကိုမောင်နှမများ၏ အကျိုးအတွက် သင်သည် ပြုမူဆောင်ရွက်နေခြင်းဖြစ်သည်။ တစ်ချိန်တည်းတွင်ပင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် လက်ခံသည့်အရာ အတိအကျ ဖြစ်သည်။ ဤအရာများသည် ကောင်းမှုများ ဖြစ်ကြသည်။ ပြီးလျှင် ဤနည်းအတိုင်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြင့် သင်သည် ဘုရားသခင်အတွက် သက်သေခံနေခြင်းဖြစ်သည်။ သို့ရာတွင် ဤသည်ကို သင်မလုပ်ဘဲ ဘာသာတရားမရှိသူတစ်ဦးနှင့် မခြားနားပါက၊ ကိစ္စများကို ကိုင်တွယ်ရာတွင် ဘာသာတရားမရှိသူများ၏ စည်းမျဉ်းများအတိုင်း ပြုမူနေပါက၊ သူတို့ ကျင့်ကြံပြုမူသည့် နည်းလမ်းများအတိုင်း ပြုမူနေပါက ဤသည်မှာ သက်သေခံနေခြင်းလော။ (မဟုတ်ပါ။) ဤသည်က မည်သည့်အကျိုးဆက်များကို သယ်ဆောင်လာသနည်း။ (ယင်းက ဘုရားသခင်ကို အရှက်ကွဲစေပါသည်။) ဤသည်က ဘုရားသခင်ကို အရှက်ကွဲစေသည်။ ဤသည်က ဘုရားသခင်ကို အရှက်ကွဲစေသည်ဟု သင် အဘယ်ကြောင့် ပြောသနည်း။ (အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က ကျွန်ုပ်တို့ကို ရွေးချယ်ထားသောကြောင့်ဖြစ်သည်၊ ဘုရားသခင်က သမ္မာတရားများစွာကို ဖော်ပြခဲ့ပြီးဖြစ်သည်၊ ကျွန်ုပ်တို့ကို သူကိုယ်တော်တိုင် လမ်းပြခဲ့ပြီးဖြစ်သည်၊ ကျွန်ုပ်တို့ကို ပံ့ပိုးပေးခဲ့ပြီးဖြစ်သည်၊ ပြီးလျှင် ကျွန်ုပ်တို့ကို ရေလောင်းပေးခဲ့ပြီးဖြစ်သည်၊ သို့တိုင် ကျွန်ုပ်တို့သည် သမ္မာတရားကို လက်မခံကြပေ သို့မဟုတ် လက်တွေ့မလုပ်ဆောင်ကြပေ။ ပြီးလျှင် ဆိုးယုတ်သော အရာများအရ ကျွန်ုပ်တို့ နေထိုင်ကြဆဲဖြစ်ပြီး စာတန်၏ရှေ့မှောက်တွင် သက်သေမခံကြပေ။ ဤသည်က ဘုရားသခင်ကို အရှက်ကွဲစေပါသည်။) (ဘုရားသခင်ကို ယုံကြည်သူတစ်ဦးက သမ္မာတရားများစွာနှင့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းများအကြောင်းကို ဘုရားသခင် မိတ်သဟာယဖွဲ့သည်ကို ကြားရပြီးသည့်တိုင် သူတို့ ပြုမူသောအခါ ဘာသာတရားမရှိသူများ၏ လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် အတွေးအခေါ်များအတိုင်း သူတို့ နေထိုင်နေကြသေးသည်၊ ထို့ပြင် သူတို့သည် အထူးသဖြင့် လိမ်လည်လှည့်ဖြားတတ်ပြီး မိမိကိုယ်ကျိုးကိုသာ ကြည့်သည်။ သူတို့သည် ဘာသာတရားမရှိသူများထက် ပိုဆိုးပြီး ပို၍ ဆိုးယုတ်သည်။) ဤကိစ္စနှင့်ပတ်သက်၍ သင်အနည်းငယ် နားလည်ကောင်းနားလည်နိုင်သည်။ လူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို စားသောက်ကြသည်၊ ဘုရားသခင် ပံ့ပိုးပေးသည့်အရာ အားလုံးကို မွေ့လျော်ကြသည်၊ သို့တိုင် သူတို့သည် စာတန်နောက်သို့ လိုက်ကြဆဲဖြစ်သည်။ မည်သည့်အမှုအရာများ သို့မဟုတ် ခက်ခဲသော ပတ်ဝန်းကျင်များက သူတို့အပေါ် ကျရောက်သည်ဖြစ်စေ သူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို နားမထောင်နိုင်ကြသေးပေ သို့မဟုတ် ဘုရားသခင်ထံ ကျိုးနွံနာခံနိုင်ခြင်း မရှိကြသေးပေ။ သူတို့သည် သမ္မာတရားကို မရှာဖွေကြပေ၊ သည့်အပြင် သူတို့သည် သူတို့၏သက်သေခံချက်တွင် ခိုင်မာစွာ မရပ်တည်ကြပေ။ ဤသည်မှာ ဘုရားသခင်ကို သစ္စာဖောက်ခြင်း မဟုတ်လော။ ဤသည်မှာ တကယ့်ကို ဘုရားသခင်ကို သစ္စာဖောက်ခြင်းဖြစ်သည်။ ဘုရားသခင်က သင့်ကို လိုအပ်သောအခါ သူ၏ခေါ်ဆောင်ခြင်း သို့မဟုတ် သူ၏နှုတ်ကပတ်တော်များကို သင်နားမထောင်ပေ။ သို့သော် ထိုအစား ဘာသာတရားမရှိသူများ၏ ရေပန်းစားမှုများ နောက်သို့ လိုက်သည်၊ စာတန်ကို အလေးဂရုပြုသည်၊ စာတန်နောက်သို့ လိုက်သည်၊ ပြီးလျှင် စာတန်၏ တွေးခေါ်မှုပုံစံ၊ ၎င်း၏စည်းမျဉ်းများနှင့် ရှင်သန်မှုနည်းစနစ်များအတိုင်း လက်တွေ့လုပ်ဆောင်သည်။ ဤသည်မှာ ဘုရားသခင်ကို သစ္စာဖောက်ခြင်းဖြစ်သည်။ ဘုရားသခင်ကို သစ္စာဖောက်ခြင်းသည် ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်းနှင့် အရှက်ခွဲခြင်း မဟုတ်လော။ ဧဒင်ဥယျာဉ်ထဲမှ အာဒံနှင့် ဧဝကို စဉ်းစားကြည့်လော့။ ဘုရားသခင် ပြောခဲ့သည်မှာ “အကောင်း၊ အဆိုး သိကျွမ်းရာအပင်ကို သင်သည် မစားရ။ သင်စားသောနေ့တွင် ဧကန်မုချ သေရမည်။” (ကမ္ဘာဦးကျမ်း ၂:၁၇) ဤစကားလုံးများသည် မည်သူ၏ စကားလုံးများ ဖြစ်သနည်း။ (ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်ပါသည်။) ဤစကားလုံးများသည် သာမန်စကားလုံးများ ဖြစ်သလော။ (မဟုတ်ပါ။) ယင်းတို့က မည်သည်ဖြစ်သနည်း။ ယင်းတို့သည် သမ္မာတရားဖြစ်သည်။ ယင်းတို့သည် လူများက လိုက်နာသင့်သောအရာနှင့် လူများက လက်တွေ့လုပ်ဆောင်သင့်သောနည်းလမ်း ဖြစ်သည်။ အကောင်း၊ အဆိုး သိကျွမ်းရာအပင်ကို မည်သို့သဘောထားရမည်ကို ဘုရားသခင်က လူသားများကို ပြောခဲ့သည်။ လက်တွေ့လုပ်ဆောင်ရမည့် စည်းမျဉ်းမှာ ယင်းကို မစားရန်ဖြစ်သည်၊ ပြီးနောက် စားပါက ဖြစ်လာမည့်အကျိုးဆက်ကို သူသည် လူသားများကို ပြောပြခဲ့သည်။ သူတို့သည် ယင်းကို စားသောနေ့တွင် ဧကန်မုချ သေရမည်ဟူ၍ ဖြစ်သည်။ လူသားများကို လက်တွေ့လုပ်ဆောင်ရမည့် စည်းမျဉ်းနှင့် မည်သည့်အန္တရာယ် ရှိသည်တို့ကို ပြောခဲ့သည်။ ဤသည်ကို ကြားပြီးနောက် သူတို့သည် ယင်းကို နားလည်ခဲ့သလော သို့မဟုတ် နားမလည်ခဲ့သလော။ (သူတို့သည် ယင်းကို နားလည်ခဲ့ပါသည်။) အမှန်မှာ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ခဲ့ပါသည်။ သို့သော် နောက်ပိုင်းတွင် “ထိုအပင်ကို သင်တို့စားသောနေ့တွင် ဧကန်မုချ သေရမည်ဟု ဘုရားသခင်က ပြောခဲ့သည်။ သို့သော် သင်ဧကန်မုချ သေမည် မဟုတ်ပေ။ သင်စားကြည့်၍ ရပါသည်” ဟု မြွေက ပြောသည်ကို သူတို့ ကြားခဲ့သည်။ မြွေက ပြောပြီးနောက်တွင် သူတို့သည် ၎င်း၏စကားများကို အလေးဂရုပြုခဲ့ပြီး အကောင်း၊ အဆိုး သိကျွမ်းရာအပင်၏အသီးကို စားခဲ့ကြသည်။ ဤသည်မှာ ဘုရားသခင်ကို သစ္စာဖောက်ခဲ့ခြင်းဖြစ်သည်။ သူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို အလေးဂရုပြုပြီး ၎င်းတို့နှင့်အညီ လက်တွေ့လုပ်ဆောင်ဖို့ မရွေးချယ်ခဲ့ပေ။ ဘုရားသခင် အမိန့်ပေးခဲ့သည့်အတိုင်း လုပ်ဆောင်ရမည့်အစား စာတန်၏စကားများကို ယုံကြည်ပြီး လက်ခံခဲ့ကြကာ ထိုစကားများအတိုင်း ပြုမူခဲ့ကြသည်။ ဤသည်၏ရလဒ်မှာ မည်သည့်အရာ ဖြစ်ခဲ့သနည်း။ သူတို့၏အပြုအမူနှင့် လုပ်နည်းကိုင်နည်းတို့၏ သဘာဝမှာ ဘုရားသခင်ကို သစ္စာဖောက်ခြင်းနှင့် အရှက်ခွဲခြင်းဖြစ်သည်။ ပြီးလျှင် ရလဒ်မှာ သူတို့သည် စာတန်ကြောင့် ဖောက်ပြန်ပျက်စီးသွားပြီး ကိုယ်ကျင့်တရား ပျက်စီးသွားခဲ့သည်။ ယခုလူများသည် ထိုစဉ်က အာဒံနှင့် ဧဝတို့ကဲ့သို့ အတူတူပင်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူတို့ ကြားကြသော်လည်း ၎င်းတို့ကို လက်တွေ့မလုပ်ဆောင်ကြပေ။ သမ္မာတရားကို နားလည်လျှင်ပင် ယင်းကို လက်တွေ့မလုပ်ဆောင်ကြပေ။ ဤသည်၏သဘာဝမှာ အာဒံနှင့် ဧဝတို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် သူ၏ပညတ်တော်များကို အလေးဂရုမပြုကြခြင်းနှင့် အတူတူပင်ဖြစ်သည်။ ယင်းသည် ဘုရားသခင်ကို သစ္စာဖောက်ခြင်းနှင့် အရှက်ခွဲခြင်းဖြစ်သည်။ လူများက ဘုရားသခင်ကို သစ္စာဖောက်ပြီး အရှက်ခွဲသောအခါ ဤသည်၏ရလဒ်မှာ သူတို့သည် စာတန်၏ ဖောက်ပြန်ဖျက်ဆီးခြင်းနှင့် ထိန်းချုပ်ခြင်းတို့ကို ဆက်၍ ခံကြရပြီး သူတို့၏ဆိုးယုတ်သော စိတ်သဘောထားများ၏ ထိန်းချုပ်ခြင်းကို ခံကြရခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့သည် မည်သည့်အခါမျှ စာတန်၏ စွမ်းအားမှနေ၍ ရုန်းမထွက်နိုင်ကြပေ သို့မဟုတ် စာတန်၏ ဆွဲဆောင်မှု၊ စုံစမ်းသွေးဆောင်ခြင်းများ၊ တိုက်ခိုက်မှုများ၊ ကြိုးကိုင်ခြယ်လှယ်ခြင်းများနှင့် ဖျက်ဆီးဝါးမျိုခြင်းတို့မှ မလွတ်မြောက်နိုင်ပေ။ အကယ်၍ သင်သည် ဤအရာများထံမှ မည်သည့်အခါမျှ ရုန်းမထွက်နိုင်လျှင် သင့်ဘဝသည် အထူးသဖြင့် စိတ်ဆင်းရဲရပြီး ဒုက္ခရောက်ရလိမ့်မည်။ ပြီးလျှင် ဘဝတွင် ငြိမ်းချမ်းမှုနှင့် ပျော်ရွှင်မှုတို့ ရှိလိမ့်မည်မဟုတ်ပေ။ အရာတိုင်းသည် အနှစ်သာရမဲ့သည်ဟု သင်ခံစားရလိမ့်မည်၊ ပြီးလျှင် အားလုံးကို အဆုံးသတ်ဖို့ သေခြင်းကိုပင်လျှင် သင်ရှာချင်ကောင်းရှာချင်လိမ့်မည်။ ဤသည်မှာ စာတန်၏ တန်ခိုး အောက်တွင် နေထိုင်သောသူတို့၏ သနားဖွယ်ကောင်းသော အခြေအနေဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။