သမ္မာတရားနှင့် ဘုရားသခင်အား မည်သို့ ချဉ်းကပ်ရမည်ဆိုသည်နှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၆)

နောက်ဆုံးသောကာလ၌ ဖန်ဆင်းရှင်သည် ဤနှုတ်ကပတ်တော်များအားလုံးကို လူသိရှင်ကြား မိန့်ဆိုခဲ့ပြီး၊ လူအမျိုးအစား အားလုံးကိုလည်း ထုတ်ဖော်ခဲ့၏။ ယခုအခါ လူအမျိုးအစား အားလုံးသည် သမ္မာတရားကိုလည်းကောင်း၊ မှန်သော လမ်းခရီးကိုလည်းကောင်း၊ ဖန်ဆင်းရှင်၏ မိန့်မြွက်ချက်များကိုလည်းကောင်း ရင်ဆိုင်မိကြပေပြီ။ အမျိုးမျိုးသော သဘောထားများနှင့် အမြင်များသည်လည်း ပေါ်ထွက်လာကြသည်။ တချို့သော ထင်မြင်ချက်များနှင့် အမြင်များမှာ လွဲချော်သည့်ဘက်သို့ ယိမ်းယိုင်ကြ၏။ တချို့မှာ မိမိကိုယ်ကိုယ် အမှန်ထင်၍ မာနထောင်လွှားခြင်းများ ဖြစ်၏။ တချို့မှာ ရှေးရိုးစွဲ၍ ရိုးရာ ယဉ်ကျေးမှုကို လိုက်နာစောင့်ထိန်းပြီး ဆိုးရွားလေသည်။ တော်တော်များများမှာမူ စဉ်းစားဉာဏ်မဲ့၊ မသိနားမလည်ခြင်းများ ဖြစ်၏။ သမ္မာတရားနှင့် အပြုသဘောဆောင်သော အကြောင်းအရာများကို သာမန်ကာလျှံကာ ဝေဖန်ရင်း၊ မဆင်မခြင် ပြစ်တင်ရှုတ်ချလျက်၊ သမ္မာတရားအပေါ် မုန်းတီးပြီး ရန်လိုကာ ခွေးရူးများကဲ့သို့ သွေးရူးသွေးတန်းဖြင့် ဒေါသတကြီး ရမ်းကြသည့် လူအချို့ပင် ရှိလေသည်။ ၎င်းတို့သည် သမ္မာတရား၏ အပြုသဘောဆောင်သော မည်သည့် အကြောင်းအရာ၊ ဖော်ပြချက်ကိုမဆို လက်လွတ်စပယ် ဝေဖန်ရှုတ်ချကြပြီး၊ ထိုအကြောင်းအရာတို့သည် မှန်သလော၊ မှားသလောဆိုသည်ကိုလည်းကောင်း၊ သမ္မာတရား ပါရှိ သလောဆိုသည်ကိုလည်းကောင်း ခွဲခြားရန်လည်း အားမထုတ်ကြပေ။ ဤလူများသည် တိရစ္ဆာန်များ၊ နတ်ဆိုးများ ဖြစ်ကြ၏။ လူသားတို့သည် သမ္မာတရားနှင့် မှန်သော လမ်းခရီးကို ရင်ဆိုင်တွေ့ရသည့်အခါ၊ ၎င်းတို့၏ အမြင်ကျဉ်းသော၊ ခေါင်းမာသော၊ စိတ်နှလုံးခိုင်မာသော၊ မာနထောင်လွှားသော၊ ဆိုးယုတ်သော အကျည်းတန်မှုတို့ဖြစ်သည့် စာတန်ဆန်သော အကျည်းတန်မှုကို ထုတ်ဖော်ပြသကြ၏။ သင်တို့သည် သမ္မာတရား၏ အချို့အရာများကို ရှာဖွေနေစဉ်တွင် ဤအရာမှ သင်တို့ သိမြင်တတ်ရန်၊ သင်တို့၏ ထိုးထွင်းအမြင် ကျယ်ပြန့်စေရန်အတွက် သင်ယူကြရမည်။ ဤအခြင်းအရာတို့သည် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်မခံကြသေးသော၊ မယုံကြည်ကြသော သူတို့တွင် ထုတ်ဖော်သည်ဆိုလျှင်၊ သင်တို့ကိုယ်တိုင်တွင်လည်း ဤအခြင်းအရာများ ထုတ်ဖော်ပြကြသလော။ တစ်ခါတစ်ရံ၌ ယင်းအခြင်းအရာများကို သင်တို့ ထုတ်ဖော်ပြပုံမှာ ကွဲပြားနေသလို၊ ယင်းအခြင်းအရာများကို သင်တို့ ပြောဆိုပုံမှာလည်း ကွဲပြား၏။ သို့သော် ဘာသာတရားမရှိသူများတွင် ထုတ်ဖော်သည့် စိတ်သဘောထားများသည် သင်တို့ထံတွင်လည်း အမှန်တကယ် ထုတ်ဖော်၏။ အချို့သောလူများက သခင်ယေရှုကို လက်ခံမိကြချိန်တွင်၊ သခင်ယေရှုကို လက်မခံကြသည့် ကမ္ဘာကြီးပေါ်ရှိ လူတိုင်းအား နိမ့်ကျသည်ဟု ၎င်းတို့ ယုံကြည်ကြပုံနှင့် အတူတူပင်ဖြစ်သည်။ ထိုလူများက သခင်ယေရှု၏ ကားတိုင် ကယ်တင်ခြင်းကို လက်ခံလိုက်ပြီဖြစ်ရာ ၎င်းတို့က သာလွန်သော လူပုဂ္ဂိုလ် ဖြစ်သည်ဟု ယုံကြည်ကြပြီး၊ လူတိုင်းအပေါ် အထင်အမြင်သေးကြ၏။ ဤသည်မှာ မည်သို့သော စိတ်သဘောထားမျိုး ဖြစ်သနည်း။ ၎င်းတို့သည် ထိုးထွင်းဉာဏ်ကင်းမဲ့၏၊ အမြင်ကျဉ်းလွန်းကြ၏၊ အလွန်အမင်း မာနထောင်လွှားကာ၊ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု ယူမှတ်ခြင်းဖြစ်၏။ ၎င်းတို့သည် အခြားသူများက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ထုတ်ဖော်ပြနေသည်ဟု မြင်ကြသော်လည်း ထို ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ၎င်းတို့လည်း ထုတ်ဖော်နေသည်ကို ၎င်းတို့ မမြင်ကြချေ။ သို့ဆိုလျှင် သင်တို့သည်လည်း ဤအခြင်းအရာများကို ထုတ်ဖော်ပြကြသလော။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အားလုံးသည် တိကျစွာ တူညီကြသည်နှင့်အမျှ သင်တို့၌လည်း မုချ ထုတ်ဖော်ပြသကြ၏။ ထို့ပြင် ဘုရားသခင်၏ အမှုတော်နှင့် ကယ်တင်ခြင်း၊ သူ့အမှုတော်၏ လိုအပ်ချက်များနှင့် သူ၏ ကြိုတင်ပြဋ္ဌာန်းခြင်းကြောင့်သာ၊ လူပုဂ္ဂိုလ် အမျိုးအစားတိုင်း၏ သဘာဝ အနှစ်သာရများ၊ လိုက်စားမှုများနှင့် တောင့်တမှုများတွင် ခြားနားချက်တစ်ခု ရှိနေခြင်းဖြစ်သည်။ လူအချို့တွင် စိတ်နှလုံးဖြစ်စေ၊ ဝိညာဉ်ဖြစ်စေ၊ မရှိကြ။ ၎င်းတို့သည် ယုံကြည်ခြင်းကို နားမလည်သော လူသေများနှင့် လူ့တိရစ္ဆာန်များ ဖြစ်၏။ ဤလူများသည် လူသားမျိုးနွယ် အားလုံးထဲတွင် အောက်တန်းအကျဆုံး ဖြစ်ကာ၊ လူသားများအဖြစ် မှတ်ယူ၍မရနိုင်ချေ။ ဘုရားသခင်၏ အမှုတော်သစ်ကို လက်ခံသော သူတို့သည် သမ္မာတရားကို ပို၍ သိနားလည်ခြင်း ရှိကြ၏၊ ၎င်းတို့၏ ထိုးထွင်းဉာဏ်နှင့် ဘုရားသခင်အပေါ် သိနားလည်ခြင်းမှာ ပို၍ ကြီးမား၏၊ ၎င်းတို့၏ အယူအဆများနှင့် အမြင်များသည် အဆင့် တစ်ခုစာ ပိုမြင့်၏။ ခရစ်ယာန်ဘာသာကို ယုံကြည်သော သူတို့သည် ယေဟောဝါထံတွင် ပညတ်တော် လိုက်နာကြသော ယုံကြည်သူများထက် ဘုရားသခင်အပေါ် ပို၍ ကြီးမားသော သိနားလည်ခြင်းနှင့် ဖန်ဆင်းရှင်၏ ဖန်ဆင်းခြင်းများနှင့် လုပ်ဆောင်ချက်အပေါ် ပို၍ ကြီးမားသော အသိပညာ ရှိကြသကဲ့သို့၊ အမှုတော်၏ တတိယအဆင့်ကို လက်ခံသော သူတို့သည် ခရစ်ယာန်ဘာသာထဲရှိ ယုံကြည်သောသူများထက် ဘုရားသခင်အပေါ် ပို၍ ကြီးမားသော သိနားလည်ခြင်း ရှိကြ၏။ ဘုရားအမှုတော်၏ အဆင့်တစ်ခုစီမှာ ပြီးခဲ့သည့်အဆင့်ထက် ပို၍ မြင့်မားသောကြောင့်၊ လူတို့၏ သိနားလည်ခြင်းမှာလည်း ဧကန်မုချ ပို၍ ပို၍ ကြီးမားလာမည်မှာ အမှန်ပင်ဖြစ်၏။ သို့သော် သင့်အနေဖြင့် ထိုအခြင်းအရာကို အခြားနည်းလမ်းဖြင့် ကြည့်မည်ဆိုလျှင်၊ အမှုတော်၏ ဤအဆင့်ကို လက်ခံပြီးနောက် သင်တို့ထုတ်ဖော်နေသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ဘာသာတရားထဲရှိ လူများထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတိုင်း အနှစ်သာရအရ အတူတူပင် ဖြစ်သည်။ တစ်ခုတည်းသော ခြားနားချက်မှာ သင်တို့သည် အမှုတော်၏ ဤအဆင့်ကို လက်ခံထားပြီးကြခြင်း၊ တရားဒေသနာအများအပြားကို ကြားနာထားခြင်း၊ သမ္မာတရား အများအပြားကို နားလည်ထားခြင်း၊ မိမိ၏ သဘာဝ အနှစ်သာရအပေါ် စစ်မှန်သော သိနားလည်မှု ရရှိထားခြင်းနှင့် သမ္မာတရားကို လက်ခံကာ လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် အချို့သောနေရာများတွင် အမှန်တကယ် ပြောင်းလဲသွားခြင်းတို့သာ ဖြစ်သည်။ ထို့ကြောင့် ဘာသာတရားထဲရှိ လူများက ထုတ်ဖော်ပြသည့် အပြုအမူကို သင်တို့ တစ်ဖန် ကြည့်သည့်အခါ၊ ၎င်းတို့သည် သင်တို့ထက် ပို၍ ဖောက်ပြန်ပျက်စီးသည်ဟု သင်တို့ ထင်မိကြ၏။ သို့သော် အမှန်တကယ်၌ သင်တို့အား ၎င်းတို့နှင့် ယှဉ်တွဲလျက်ထားမည်ဆိုပါက၊ ဘုရားသခင်နှင့် သမ္မာတရားအပေါ် လူတို့၏ သဘောထားများမှာ အတူတူပင်ဖြစ်ကြောင်း သင်တို့ မြင်ပေလိမ့်မည်။ သင်တို့အားလုံးသည် အယူအဆများ၊ စိတ်ကူးစိတ်သန်းများနှင့် သင်တို့၏ နှစ်ခြိုက်မှုများအတိုင်း ပြုမူကြခြင်းဖြစ်ကာ သင်တို့၏ ပျက်စီးသော စိတ်သဘောထားများမှာ အတူတူပင် ဖြစ်သည်။ အကယ်၍ ၎င်းတို့က အမှုတော်၏ ဤအဆင့်ကို လက်ခံထားကြမည်၊ ဤ တရားဒေသနာများကို ကြားနာထားပြီး၊ ဤသမ္မာတရားများကို နားလည်ထားမည်ဆိုလျှင်၊ သင်တို့နှင့် ၎င်းတို့ကြား၌ ခြားနားချက် များစွာရှိလိမ့်မည် မဟုတ်။ သင်သည် ဤအကြောင်းအရာမှတစ်ဆင့် မည်သည်ကို မြင်နိုင်သနည်း။ သမ္မာတရားသည် လူတို့ထံ ပြောင်းလဲခြင်း ယူဆောင်ပေးကြောင်း၊ ဘုရားသခင် မိန့်ဆိုသော ဤနှုတ်ကပတ်တော်များနှင့် သူ ဟောကြားသော ဤတရားဒေသနာများသည် လူသားမျိုးနွယ် အားလုံးအတွက် ကယ်တင်ခြင်းဖြစ်သကဲ့သို့၊ လူသားမျိုးနွယ်အားလုံး လိုအပ်သည့် အကြောင်းခြင်းရာများလည်း ဖြစ်ကြောင်းတို့ကို မြင်နိုင်၏။ ထိုအရာများအားလုံးသည် သီးခြား လူအုပ်စုတစ်ခု၊ လူမျိုးစုတစ်ခု၊ လူအတန်းအစားတစ်ခု သို့မဟုတ် သီးခြား အသားအရောင်ရှိသော လူတို့ကိုသာ ဖြည့်ဆည်းပေးရန် ရည်ရွယ်သည်မဟုတ်။ လူသားမျိုးနွယ်အားလုံးသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်ကာ ဆိုးယုတ်သော စိတ်သဘောထားများ ရှိကြသည်။ လူတို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရများနှင့်ပတ်သက်လျှင် ခြားနားချက် ကြီးကြီးမားမား မရှိပေ။ ၎င်းတို့၏ အသားအရောင်၊ လူမျိုး၊ ၎င်းတို့ ကြီးပြင်းရာ ပတ်ဝန်းကျင်နှင့် လူမှုစနစ် မတူညီကြခြင်း၊ သို့မဟုတ် ၎င်းတို့၏ ရိုးရာယဉ်ကျေးမှု၊ လူမှုရေးနောက်ခံနှင့် ၎င်းတို့ ရရှိသည့် ပညာရေးတို့တွင် အနည်းငယ်သော ကွာခြားချက်များ ရှိနေခြင်းမျှသာ ဖြစ်၏။ သို့သော် ဤအရာများမှာ အပြင်ပန်းသွင်ပြင်များသာ ဖြစ်သည်။ လူသားမျိုးနွယ်အားလုံးသည် စာတန်တစ်ဦးတည်းကြောင့် ဖောက်ပြန်ပျက်စီးကြပြီးဖြစ်ကာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော သဘာဝအနှစ်သာရမှာ အတူတူပင် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင် မိန့်ဆိုသော ဤနှုတ်ကပတ်တော်များနှင့် သူ လုပ်ဆောင်သော ဤအမှုတော်သည် သီးခြားလူမျိုးစုတစ်ခု သို့မဟုတ် သီးခြားနိုင်ငံတစ်ခုခုမှ လူတို့ကို ရည်ရွယ်သည် မဟုတ်၊ ထိုထက် လူသားမျိုးနွယ် အားလုံးကို ရည်ရွယ်ခြင်းဖြစ်၏။ ယဉ်ကျေးမှုနှင့် အမျိုးမျိုးသော လူမျိုးစု နောက်ခံများတွင်ဖြစ်စေ၊ ၎င်းတို့ ရရှိသည့် ပညာရေးတွင်ဖြစ်စေ ခြားနားချက်များ ရှိနေသည့်တိုင်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာ ဘုရားသခင်၏ အမြင်၌ အတူတူပင် ဖြစ်သည်။ ထို့ကြောင့် ဘုရားအမှုတော်၏ အဆင့်တစ်ခုကို ရှေးဦးစွာ နေရာတစ်ခုတွင်သာ လုပ်ဆောင်သော်လည်း၊ အခြားသောနေရာများသို့ သူ၏အမှုတော်ကို ဖြန့်ရန် ပုံစံငယ်တစ်ခုအနေဖြင့် ယင်းသည် လူသားမျိုးနွယ်အားလုံးနှင့် သက်ဆိုင်လေသည်။ ပြီးလျှင် ယင်းသည် လူသားမျိုးနွယ်အားလုံးကို ကယ်တင်နိုင်ကာ အထောက်အပံ့ပေးနိုင်၏။ “ဥရောပသားများနှင့် တခြားနိုင်ငံများမှ လူများသည် အဆင်းနီသော နဂါးကြီးထံမှ ဆင်းသက်လာသူများ မဟုတ်ပါ။ ထို့ကြောင့် ဘုရားသခင်က လူသားများအားလုံးဆိုးဆိုးဝါးဝါး ဖောက်ပြန်ပျက်စီးနေသည်ဟု ပြောခြင်းက သင့်တော်ခြင်းမရှိသည် မဟုတ်ပါလား” ဟူ၍ လူအချို့က ဆိုကြ၏။ ဤစကားတို့သည် မှန်သလော။ (ထိုစကားများသည် မမှန်ပါ။ လူသားများအားလုံးသည် စာတန်အားဖြင့် ဖောက်ပြန်ပျက်စီးခံရပြီးဖြစ်သည့် တူညီသော သဘာဝအနှစ်သာရ ရှိပါသည်။) မှန်ပေ၏၊ “အဆင်းနီသော နဂါးကြီးဆီမှ ဆင်းသက်လာသူများ” ဆိုသည်မှာ လူမျိုးစုတစ်ခု၏ လူများအတွက် အမည်တစ်ခုသာ ဖြစ်သည်။ ဤအမည် ရှိကြသော လူများနှင့် ဤအမည်မရှိကြသော လူများတွင် ခြားနားသော အနှစ်သာရများ ရှိကြသည်ဟု မဆိုလိုပေ။ အမှန်တွင် ၎င်းတို့၏ အနှစ်သာရများမှာ တူညီနေဆဲ ဖြစ်သည်။ လူသားမျိုးနွယ်အားလုံးသည် နတ်ဆိုးကြီး၏ လက်အောက်တွင် ရှိနေ၏၊ ၎င်းတို့အားလုံးသည် စာတန်အားဖြင့် ဖောက်ပြန်ပျက်စီးကြပြီး ဖြစ်သည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော သဘာဝ အနှစ်သာရများမှာလည်း အတူတူပင် ဖြစ်လေ၏။ ယခုအခါ တရုတ်လူမျိုးတို့သည် ဘုရားသခင် မိန့်ဆိုသော ဤနှုတ်ကပတ်တော်များကို ကြားရသည့်အချိန်၌ ပုန်ကန်၊ ခုခံကြ၏။ ၎င်းတို့တွင် အယူအဆများနှင့် စိတ်ကူးစိတ်သန်းများ ရှိကြ၏။ ဤသည်တို့မှာ ၎င်းတို့ ထုတ်ဖော်ပြသော အရာများဖြစ်၏။ ဤနှုတ်ကပတ်တော်များကို အခြားလူမျိုးတစ်ခု၏ လူများထံ ထပ်မံ ပြောဆိုသည့်အခါ၊ ၎င်းတို့သည်လည်း စိတ်ကူးစိတ်သန်းများ၊ အယူအဆများ၊ ပုန်ကန်ခြင်းများ၊ မာနထောင်လွှားမှုများ၊ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု ယူမှတ်ခြင်းများနှင့် ခုခံခြင်းများကိုပင် ထုတ်ဖော်ပြကြ၏။ တစ်ထေရာတည်း တူညီကြလေသည်။ လူသားမျိုးနွယ် အားလုံးသည် လူမျိုးနှင့် ယဉ်ကျေးမှုနောက်ခံ မည်သို့ပင် ရှိစေကာမူ၊ ဘုရားသခင် ဖော်ထုတ်သော ဖောက်ပြန်ပျက်စီးသည့် လူသားများ၏ အပြုအမူကိုသာ ပြကြလေသည်။

ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် လူသားမျိုးနွယ်အားလုံးတွင် ရှိကြ၏။ ယင်း စိတ်သဘောထားများသည် ခြားနားချက်များထက် တူညီချက်များက ပိုများကာ၊ သိသာထင်ရှားသော ကွဲပြားခြင်းများ မရှိဘဲလျက်၊ အားလုံး အတူတူပင်ဖြစ်သည်။ ဘုရားသခင် မိန့်ဆိုသော ဤနှုတ်ကပတ်တော်များနှင့် သူ ဖော်ပြသော သမ္မာတရားများသည် လူမျိုးတစ်ခု၊ နိုင်ငံတစ်ခု၊ သို့မဟုတ် လူအုပ်စုတစ်ခုတည်းကိုသာ ကယ်တင်သည် မဟုတ်၊ ဘုရားသခင်သည် လူသားမျိုးနွယ်အားလုံးကို ကယ်တင်၏။ ဤအခြင်းအရာသည် သင်တို့အား မည်သည်ကို ပြဆိုသနည်း။ လူသားမျိုးနွယ်ထဲတွင် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို မကြုံရသေးသကဲ့သို့ မတူညီသော လူတန်းစားတစ်ခု သို့မဟုတ် လူအမျိုးအစားတစ်ခုတွင် ပါဝင်သောသူ တစ်ဦးတလေ ရှိသလော။ ဘုရားသခင် အချုပ်အခြာအာဏာကို မခံစားရသောသူ တစ်ဦးတလေ ရှိသလော။ (မရှိပါ။) ငါ မိန့်ဆိုသော ဤစကားများ၏ အဓိပ္ပာယ်မှာ အဘယ်သို့နည်း။ ဘုရားသခင်သည် လူသားမျိုးနွယ်အားလုံးအပေါ် အချုပ်အခြာအာဏာကိုင်စွဲထားသကဲ့သို့၊ လူသားမျိုးနွယ်အားလုံးကိုလည်း တစ်ဆူတည်းသော ဘုရားသခင်က ဖန်ဆင်းခဲ့၏။ မည်သည့် လူမျိုးအုပ်စုဖြစ်စေ၊ မည်သည့် လူအမျိုးအစားဖြစ်စေ၊ ၎င်းတို့ မည်မျှ အရည်အချင်းရှိသည်ဖြစ်စေ၊ အားလုံးကို ဘုရားသခင်က ဖန်ဆင်းခဲ့ခြင်းသာ ဖြစ်၏။ လူသား၏အမြင်၌ တချို့သောလူတို့မှာ တခြားသူများထက် ထူးခြားကာ သာလွန်နေကြ၏။ သို့သော် ဘုရားသခင်၏အမြင်၌မူ ၎င်းတို့မှာ အတူတူပင်ဖြစ်သည်။ လူသားတိုင်းသည် ဘုရားသခင်၏ အမြင်၌ တူညီနေသည်သာ ဖြစ်၏။ ဤအခြင်းအရာကို မည်သည့်နေရာတွင် သင် မြင်ရသနည်း။ အသားအရောင်နှင့် ဘာသာစကား ကွဲပြားချက်များမှာ အပြင်ပန်းသွင်ပြင်များမျှသာ ဖြစ်၏။ သို့သော် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ၎င်းတို့၏ သဘာဝအနှစ်သာရများမှာ အတူတူပင်ဖြစ်သည်။ ဤသည်ကား ထိုအခြင်းအရာ၏ အမှန်တရား ဖြစ်၏။ စာတန်ဆန်သော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည့် လူသားများအားလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် အကျိုးရလဒ်များကို စွမ်းဆောင်ရရှိနိုင်ကြ၏။ သူ၏နှုတ်ကပတ်တော်များသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ရည်ရွယ်ခြင်းဖြစ်ကာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းပေးနိုင်၏။ ဤအရာက ဘုရားသခင်၏ နှုတ်ကပတ်တော် အားလုံးသည် သမ္မာတရား ဖြစ်သည်ကိုလည်းကောင်း၊ ယင်းတို့သည် လူသားများကို သန့်စင်၊ ကယ်တင်ရန် အထောက်အပံ့ ပေးနိုင်သည်ကိုလည်းကောင်း ပြသပေသည်။ ဤအရာကို ငြင်းပယ်၍မရနိုင်ပေ။ ယခု နောက်ဆုံးသောကာလတွင် ဘုရားသခင် ဖော်ပြသော နှုတ်ကပတ်တော်များသည် ကမ္ဘာကြီး၏ နိုင်ငံများနှင့် လူမျိုးများအားလုံးဆီသို့ အနှံ့အပြား ပျံ့နှံ့နှင့်ပြီး ဖြစ်သည်။ ဤသည်မှာ အမှန်ပင်ဖြစ်၏။ ထို့ပြင် လူသား၏ တုံ့ပြန်မှုမှာ မည်သို့ ရှိလေပြီနည်း။ (တုံ့ပြန်မှုများမှာ အမျိုးစုံ ရှိနေပြီဖြစ်သည်။) သို့ဆိုလျှင် ဤတုံ့ပြန်မှုမျိုးစုံတို့သည် လူသား၏ အနှစ်သာရနှင့် ပတ်သက်၍ မည်သည်ကို ညွှန်ပြသနည်း၊ သို့မဟုတ် ထင်ဟပ်လေသနည်း။ လူသား၏ သဘာဝအနှစ်သာရမှာ အတူတူပင်ဖြစ်ကြောင်း၊ ၎င်းတို့၏ တုံ့ပြန်မှုများမှာ သခင်ယေရှု အမှုပြုရန် ကြွလာခဲ့ချိန်က ဖာရိရှဲများနှင့် ယုဒလူများကဲ့သို့ အတူတူပင် ဖြစ်ကြောင်းတို့ကို ပြသနေ၏။ ၎င်းတို့သည် သမ္မာတရားကို မနှစ်သက်ခြင်း ရှိကြ၏၊ ဘုရားသခင်နှင့်ပတ်သက်သော စိတ်ကူးစိတ်သန်းများ၊ အယူအဆများဖြင့် ပြည့်နှက်နေကြပြီး၊ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုမှာ မရေရာသော စိတ်ကူးစိတ်သန်းများနှင့် အယူအဆများအတွင်းတွင် တည်ရှိနေ၏။ လူသားမျိုးနွယ်သည် ယေဘုယျအားဖြင့် ဘုရားသခင်ကို မသိကြဘဲ၊ အတိုက်အခံလုပ်ကြ၏။ ဘုရား၏နှုတ်ကပတ်တော်များကို ကြားကြားချင်း၌ ၎င်းတို့၏ ပထမဆုံး တုံ့ပြန်မှုမှာ သို့မဟုတ် ၎င်းတို့၏ သဘာဝအနှစ်သာရတွင် ပင်ကိုအားဖြင့် ထုတ်ဖော်သော အမှုအရာများမှာ ဘုရားသခင်အပေါ် အတိုက်အခံလုပ်ခြင်းနှင့် ရန်လိုခြင်း ဖြစ်၏။ ဤသည်မှာ ၎င်းတို့အားလုံးတွင် တူညီစွာ ရှိနေသော အရာတစ်ခု ဖြစ်သည်။ ဘုရားသခင် ဖော်ပြသော သမ္မာတရားများနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့၏ အပျက်သဘောဆောင်သော သဘောထားများနှင့် အမြင်များသည် ဖောက်ပြန်ပျက်စီးသော လူသား၏ သဘာဝအနှစ်သာရမှ ပေါ်ထွက်လာခြင်း ဖြစ်ကာ၊ ဤ လူသားမျိုးနွယ်၏ သဘောထားကို ထင်ဟပ်သောအရာလည်း ဖြစ်၏။ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများမှာ သခင်ယေရှု ကြွရောက်ခဲ့ချိန်၌ ဘုရားသခင်နှင့်ပတ်သက်၍ ယဇ်ပုရောဟိတ်အကြီးအကဲများ၊ ကျမ်းပြုဆရာများနှင့် ဖာရိရှဲများတွင် ရှိခဲ့သည့် အယူအဆများ၊ စိတ်ကူးစိတ်သန်းများနှင့် အတူတူပင် ဖြစ်သည်။ ထိုအရာများသည် မပြောင်းလဲသေးပေ။ ဘာသာတရားထဲတွင် ရှိသောသူတို့သည် နှစ်ပေါင်း ၂၀၀၀ ကြာ ကားတိုင်ကို ထမ်းလာခဲ့ကြ၏၊ သို့သော် ၎င်းတို့သည် အနည်းငယ်မျှ မပြောင်းလဲဘဲ အရင်အတိုင်း ဆက်ရှိနေကြ၏။ လူတို့သည် သမ္မာတရားကို မရရှိသေးသော အချိန်၌၊ ဤသည်တို့မှာ ၎င်းတို့တွင် အလိုအလျောက် ပြသသော၊ ၎င်းတို့ထံမှ ပင်ကိုအားဖြင့် ထွက်ပေါ်သောအရာများ ဖြစ်ကြ၏။ ဤသည်မှာ ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားပင် ဖြစ်သည်။ ထို့ကြောင့် လူတစ်ယောက်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို မလိုက်စားလျှင်၊ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြုပြင်နိုင်မည်လော။ (မပြုပြင်နိုင်ပါ။) ၎င်းတို့သည် အချိန်မည်မျှ ကြာအောင် ယုံကြည်ပြီးသည်ဖြစ်စေ၊ သမ္မာတရားကို မလိုက်စားပါက၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ပြဿနာကို ဖြေရှင်းနိုင်ကြလိမ့်မည် မဟုတ်ပေ။ လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်တွင် ဖာရိရှဲတို့သည် သခင်ယေရှုကို ဒေါသတကြီး ခုခံရှုတ်ချကာ၊ သူ့ကို ကားတိုင်တွင် သံမှိုစွဲခဲ့ကြ၏။ ယခုအခါ ဘာသာရေးလောကမှ သင်းအုပ်များ၊ အကြီးအကဲများ၊ ဘုန်းတော်ကြီးများနှင့် သင်းထောက်များသည် ဖာရိရှဲများ လုပ်ခဲ့ကြသည့်အတိုင်း လူ့ဇာတိခံယူသော ဘုရားသခင်အား ဒေါသတကြီး ခုခံရှုတ်ချနေဆဲ ဖြစ်သည်။ အကယ်၍ လူတစ်ဦးတစ်ယောက်သည် ၎င်းတို့ကြား သွားကာ၊ ဘုရားသခင်သည် လူ့ဇာတိခံယူသည်ဟု သက်သေခံမည်ဆိုလျှင်၊ ထိုသူသည် ဖမ်းဆီးခံရပြီး ကွပ်မျက်ခံရနိုင်ကောင်း၏။ အကယ်၍ လူ့ဇာတိခံယူသော ဘုရားသခင်သည်လည်း အဓိက ဘာသာတရားတိုင်း၏ ဝတ်ပြုရာ နေရာများသို့ တရားဟောရန် သွားရောက်မည်ဆိုလျှင်၊ ၎င်းတို့သည် သူ့အား ကားတိုင်တွင် သံမှိုစွဲခြင်း သို့မဟုတ် အာဏာရှိသူများထံ အပ်နှံခြင်းကို ဧကန်မုချ လုပ်ကြဦးမည်သာ ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူသားတို့၏ သဘာဝအနှစ်သာရများမှာ အားလုံး အတူတူပင် ဖြစ်သောကြောင့်၊ ၎င်းတို့သည် သူ့ကိုလုံးဝ သက်ညှာလိမ့်မည် မဟုတ်။ ဤစကားများကို သင်တို့ ကြားရသည့်အခါ စိတ်ထဲတွင် တုံ့ပြန်မှုတစ်ခုခု ရှိကြသလော။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်လာသော်လည်း သမ္မာတရားကို အတိုင်းအတာတစ်ခုထိ လိုက်စားခြင်းမရှိသေးသော သူတို့သည် အတော်ပင် စိုးရိမ်ဖွယ်ကောင်းသည်ဟု ထင်ကြသလော။ (အနည်းငယ် ထင်မိပါသည်။) အလွန် စိုးရိမ်ဖွယ်ကောင်းသော အရာတစ်ခု ဖြစ်၏။ သမ္မာကျမ်းနှင့် ကားတိုင်သင်္ကေတကို ကိုင်ဆောင်ခြင်း၊ ပညတ်တရားကို အားကိုးခြင်း၊ ဖာရိရှဲတို့၏ အဝတ်အစားများ သို့မဟုတ် ယဇ်ပုရောဟိတ်တို့၏ ဝတ်ရုံများကို ဝတ်ဆင်ခြင်းနှင့်၊ ဗိမာန်တော်များတွင် ဘုရားသခင်အား လူသိရှင်ကြား အတိုက်အခံလုပ်၊ ရှုတ်ချခြင်း၊ ဤအရာများသည် ဘုရားသခင်ကို ယုံကြည်သော သူများက နေ့ခင်းကြောင်တောင်၌ပင် ပြုလုပ်ကြသော အရာများ မဟုတ်လော။ ဘုရားသခင်ကို ပြစ်တင်ရှုတ်ချ၊ ခုခံကြသော လူတို့သည် မည်သည့်နေရာ၌ ရှိသနည်း။ ဝေးဝေး ကြည့်စရာ မလိုပေ။ ဘုရားသခင်ကို ယုံကြည်သူများထဲတွင် သမ္မာတရားကို လက်မခံသကဲ့သို့ သမ္မာတရားကို အလွန်အမင်းမနှစ်မြို့သော မည်သူမဆိုသည် ဘုရားသခင်ကို အတိုက်အခံလုပ်သူတစ်ယောက်၊ အန္တိခရစ်တစ်ယောက်၊ ဖာရိရှဲတစ်ယောက် ဖြစ်ပေသည်။

လူတို့သည် သမ္မာတရားကို မလိုက်စားသကဲ့သို့ ထိုသမ္မာတရားကို မရရှိနိုင်ကြလျှင်၊ ၎င်းတို့သည် ဘုရားသခင်ကို ဘယ်သောအခါမှ သိကြလိမ့်မည်မဟုတ်။ လူတို့သည် ဘုရားသခင်ကို မသိသောအခါ၊ ဘုရားသခင်အပေါ် အမြဲ ရန်လိုခြင်း ဆက်ရှိနေကြလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်နှင့် သဟဇာတဖြစ်ရန် ၎င်းတို့အတွက် မဖြစ်နိုင်ပေ။ သင်၏စိတ်နှလုံးက ဘုရားသခင်ကို ချစ်ခင်ရန် နှလုံးသွင်းအရ မည်မျှ ဆန္ဒရှိသည်ဖြစ်စေ၊ သူ့အား အတိုက်အခံလုပ်ရန် မည်မျှ မလိုလားသည်ဖြစ်စေ၊ အချည်းနှီးသာ ဖြစ်၏။ ဤသည်မှာ လူတို့၏ သဘာဝက ဆုံးဖြတ်သည့် အမှတ်တမဲ့ အခြေအနေတစ်ခု ဖြစ်လေရာ၊ ဆန္ဒရှိရုံ သို့မဟုတ် မိမိကိုယ်ကို ချုပ်ထိန်းချင်ရုံဖြစ်ခြင်းသည် အချည်းနှီးသာ ဖြစ်၏။ ထို့ကြောင့် သင်သည် သမ္မာတရားရှိသော လူတစ်ယောက် ဖြစ်လာအောင် အားထုတ်ရမည်၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းကို အားထုတ်ရမည်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားရမည်၊ သမ္မာတရား စစ်မှန်မှုများအတွင်းသို့ ဝင်ရောက်ရမည်၊ ဘုရားသခင်နှင့် သဟဇာတဖြစ်ခြင်းကို စွမ်းဆောင်ရရှိရမည်။ ဤသည်မှာ မှန်သောလမ်းကြောင်း ဖြစ်၏။ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အရေးကြီးဆုံး အပိုင်းမှာ သမ္မာတရားကို လိုက်စားခြင်းဖြစ်ကြောင်း သင်တို့စိတ်နှလုံးထဲ၌ သိရမည်။ သမ္မာတရားကို လိုက်စားသည့်အခါ သင့်အနေဖြင့် စတင် လုပ်ဆောင်သင့်သည့် ကဏ္ဍများနှင့်စပ်လျဉ်း၍ လက်တွေ့လုပ်ဆောင်မှုအချို့အပြင်၊ မည်သည့်အရာကို လုပ်ဆောင်ရန် လိုအပ်သည်၊ မိမိတာဝန်များကို မည်သို့ ချဉ်းကပ်ရမည်၊ မိမိအနီးအနားရှိ လူအမျိုးအစားတိုင်းကို မည်သို့ ချဉ်းကပ်ရမည်၊ အမှုအရာတိုင်း၏ အကြောင်းကိစ္စခပ်သိမ်းကို မည်သို့ ချဉ်းကပ်ရမည်၊ ယင်းတို့ကို ချဉ်းကပ်သည့်အခါ မည်သည့်အမြင်ကို ခံယူသင့်သည်၊ မည်သည့် လုပ်နည်းကိုင်နည်းသည် သမ္မာတရားစည်းမျဉ်းများနှင့် အညီဖြစ်သည်ကိုလည်း သဘောပေါက်ရမည်။ သင်သည် သမ္မာတရားကို မရှာဖွေ သို့မဟုတ် သမ္မာတရားစည်းမျဉ်းများကို နားမလည်သကဲ့သို့၊ စည်းမျဉ်းစည်ကမ်းများကိုသာ လိုက်လျှောက်နိုင်စွမ်းရှိကာ အမှုအရာများကို ထိုစည်းမျဉ်းများအတိုင်း၊ တွေးခေါ်ဆင်ခြင်မှု၊ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများအတိုင်းသာ သတ်မှတ်နိုင်စွမ်းရှိပါက၊ သင်၏ လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းသည် မှားယွင်းပြီး၊ ဘုရားသခင်ကို သင် ယုံကြည်ခဲ့သည့် နှစ်ကာလများတွင် သင်သည် စည်းမျဉ်းစည်းကမ်းများကိုသာ အတိအကျ လိုက်နာပြီးဖြစ်သော်လည်း၊ သမ္မာတရားကို နားမလည်သေးသကဲ့သို့ စစ်မှန်မှုလည်း မရှိသေးသည်ကိုသာ သက်သေပြပေသည်။ စည်းမျဉ်းစည်းကမ်းများ လိုက်လျှောက်ခြင်းနှင့် အယူအဆများ၊ စိတ်ကူးစိတ်သန်းများနှင့်အညီ နေထိုင်ခြင်းသည် သင့်အတွက် ခက်ခဲ ပင်ပန်းဖွယ်ရာ ကောင်းသော်လည်း၊ ယင်းသည် အချည်းနှီး အားထုတ်မှုသာ ဖြစ်ကာ ဘုရားသခင်သည် သင့်အား အနည်းငယ်မျှ အသိအမှတ်ပြုလိမ့်မည် မဟုတ်။ ခက်ခဲ ပင်ပန်းရခြင်းမှာ နည်းပင် နည်းသေး၏။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်သည့်အခါ သို့မဟုတ် တရားဒေသနာများကို ကြားနာပြီး မိတ်သဟာယပြုသည့်အခါ၊ ဝိညာဉ်ရေးရာ သိနားလည်ခြင်းနှင့် စစ်မှန်သော သဘောပေါက်ခြင်း ရှိပါက၊ သင့်အနေဖြင့် တွေ့ကြုံရလေလေ ပို၍ နားလည်ကာ ရရှိလေလေ ဖြစ်လိမ့်မည်။ သင် နားလည်သော အရာများမှာလည်း လက်တွေ့ကျ၍ သမ္မာတရားနှင့် အညီချည်းသာ ဖြစ်လိမ့်မည်။ ထို့နောက် သင်သည် သမ္မာတရားကို ရရှိကာ၊ အသက်ကိုလည်း ရရှိပြီးဖြစ်လိမ့်မည်။ အကယ်၍ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးနောက် သင် ရရှိပြီး နားလည်ထားသော အရာများမှာ ဩဝါဒနှင့် စည်းမျဉ်းစည်းကမ်းများနှင့် ဆိုင်သည့်အရာ၊ အယူအဆများ၊ စိတ်ကူးစိတ်သန်းများနှင့် သက်ဆိုင်သည့်အရာများ၊ သင့်ကို ချည်နှောင်သော စည်းမျဉ်းစည်းကမ်းများသာ ဖြစ်နေသေးပါက၊ သင်သည် လုံးလုံး အဆုံးသတ်ပေပြီ။ ဤသည်မှာ သင်သည် သမ္မာတရားကို မရရှိသေးကြောင်း၊ သင့်တွင် အသက် မရှိကြောင်းကို သက်သေပြ၏။ သင့်အနေဖြင့် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်ပြီးသည်ဖြစ်စေ၊ စကားများနှင့် အယူဝါဒများကို မည်ရွေ့မည်မျှ ဟောပြောနိုင်သည်ဖြစ်စေ၊ သင်သည် အဓိပ္ပာယ်မဲ့ပြီး ယောင်ချာချာ လူတစ်ယောက် ဖြစ်နေဆဲပင် ဖြစ်သည်။ ထိုသို့ ဆိုရသည်မှာ နားဝင်မချိုလှသော်လည်း၊ အမှန်ပင် ဖြစ်၏။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်လာသောလူ အများအပြား ရှိကြသော်လည်း၊ သမ္မာတရားနှင့် ခရစ်တော်သည် ဘုရားသခင်၏ အိမ်တော်၌ တန်ခိုးအာဏာ စွဲကိုင်ကြောင်း၊ သန့်ရှင်းသောဝိညာဉ်တော်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားကြောင်းကို ၎င်းတို့ မသိကြပေ။ ဤသို့သော လူများသည် မည်သည့် သိနားလည်ခြင်းမျှ မရှိကြဘဲ၊ မျက်မမြင်များလောက်သာ ဖြစ်ကြ၏။ အချို့ကမူ ဘုရားသခင်သည် လူတို့ကို တရားစီရင်ကာ ပြစ်တင်ဆုံးမကြောင်း၊ လူအုပ်စုတစ်ခုကို စုံလင်စေသော်လည်း၊ အခြားသော လူအများအပြားကို ဖယ်ရှားရှင်းလင်းကြောင်း မြင်ကြသောကြောင့်၊ ဘုရားသခင်၏ ချစ်ခြင်းနှင့် သူ၏ ဖြောင့်မတ်ခြင်းကိုပင် သံသယ ရှိကြ၏။ ဤသို့သော လူများသည် နားလည် သဘောပေါက်နိုင်စွမ်း တစ်ခုတလေ ရှိကြသလော။ ၎င်းတို့တွင် သိနားလည်ခြင်း တစ်ခုတလေ ရှိကြသလော။ ၎င်းတို့သည် နားလည်နိုင်စွမ်း လုံးဝ မရှိသည့် မိုက်မဲသောလူများ ဖြစ်သည်ဟု ဆို၍ ရပေသည်။ မိုက်မဲသော လူများသည် အမှုအရာများကို ယုတ္တိမရှိသော သိနားလည်မှုဖြင့် အမြဲတစေ ကြည့်တတ်၏။ သမ္မာတရားကို နားလည်သော သူတို့သာလျှင် အမှုအရာများကို မှန်ကန်တိကျစွာ၊ အချက်အလက်များနှင့် လျော်ညီစွာ ရှုမြင်နိုင်ကြလေသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။