စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက် ဖြည့်စွက်ချက်- အခန်း (၂၀)

ဘုရားသခင်သည် လူသားမျိုးနွယ်အားလုံးကို ဖန်ဆင်းခဲ့ပြီး၊ လူသားမျိုးနွယ်အပေါင်းတို့ကို ယနေ့တိုင် ဦးဆောင်လမ်းပြပြီး ဖြစ်သည်။ ထို့ကြောင့် လူသားအလယ် ဖြစ်ပျက်သည့်အရာအားလုံးကို ဘုရားသခင်သိ၏၊ သူသည် လူ့လောကထဲက ခါးသီးမှုကို သိသည်၊ လူ့လောကထဲက ချိုမြိန်မှုကို သူနားလည်သည်၊ ထို့ကြောင့် နေ့စဉ် သူသည် လူသားမျိုးနွယ်အပေါင်းတို့၏ ဘဝအခြေအနေများကို ဖော်ပြသည့်အပြင် လူသားမျိုးနွယ်အပေါင်းတို့၏ အားနည်းချက်နှင့် ဖောက်ပြန်ပျက်စီးခြင်းတို့ကို ကိုင်တွယ်ဖြေရှင်း၏။ အနက်ဆုံးသောတွင်းထဲသို့ လူသားမျိုးနွယ်အပေါင်းတို့ ပစ်ချခံရရန် သို့မဟုတ် လူသားမျိုးနွယ်တစ်ရပ်လုံး ကယ်တင်ခြင်း မခံရရန်မှာ ဘုရားသခင်၏ အလိုတော် မဟုတ်ပေ။ ဘုရားသခင်၏ ဆောင်ရွက်ချက်အားလုံးအဖို့ အခြေခံသဘောတရားတစ်ရပ် အမြဲရှိသော်လည်း၊ သူလုပ်ဆောင်သည့် အရာအားလုံး၏ နိယာမများကို မည်သူမျှ သဘောပေါက်နိုင်စွမ်းမရှိပေ။ ဘုရားသခင်၏ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသတို့ကို လူတို့သိလာသည့်အခါ၊ ဘုရားသခင်သည် သနားကရုဏာနှင့် ချစ်ခြင်းမေတ္တာလေသံသို့ ချက်ချင်းပြောင်းလိုက်သည်၊ သို့သော် လူတို့သည် ဘုရားသခင်၏ သနားကရုဏာနှင့် ချစ်ခြင်းမေတ္တာကို သိလာသည့်အခါ၊ သူသည် သူ၏နှုတ်ကပတ်တော်တို့ကို အသက်ရှင်နေသည့် ကြက်တစ်ကောင်ကဲ့သို့ စားရန်ခက်ခဲစေလျက်၊ လေသံကို နောက်တစ်ကြိမ် ချက်ချင်း ပြောင်းလေသည်။ ဘုရားသခင်၏နှုတ်ကပတ်တော် အားလုံးတွင် အစအဦးကို မည်သည့်အခါမျှ ပြန်ပြောခြင်းမရှိဖူးသကဲ့သို့၊ သူ၏ မည်သည့်နှုတ်ကပတ်တော်ကိုမျှ ယမန်နေ့က မိန့်မြွက်ချက်များ၏ အခြေခံသဘောတရားနှင့်အညီ ပြောဆိုခြင်း မရှိဖူးပေ။ လေသံသည်ပင် မတူသကဲ့သို့၊ အကြောင်းအရာတွင်လည်း ဆက်စပ်မှု မရှိပေ- ထိုအရာအားလုံးသည် လူတို့အား သာ၍ပင် စိတ်ရှုပ်ထွေးစေသည်။ ဤသည်မှာ ဘုရားသခင်၏ ဉာဏ်ပညာဖြစ်ပြီး သူ၏စိတ်သဘောထား နှင့်ဆိုင်သည့် ထုတ်ဖော်ပြချက် ဖြစ်သည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို အဆိပ်ခတ်ရန် အခွင့်အလမ်းကို စာတန်ထံမှ ဖယ်ရှားလျက်၊ စာတန်ကို ဇဝေဇဝါ ဖြစ်စေရန်အလို့ငှာ၊ သူသည် လူတို့၏အယူအဆများကို လွင့်ပြယ်သွားစေဖို့ သူ၏ စကား နည်းဟန်နှင့် လေသံတို့ကို အသုံးပြု၏။ ဘုရားသခင်၏ လုပ်ဆောင်ချက်များ၏ အံ့သြဖွယ်ကောင်းခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် လူတို့၏စိတ်များကို ချာချာလည် စေရစ်လေသည်။ ၎င်းတို့သည် ၎င်းတို့ ကိုယ်တိုင်၏ အိမ်ရှေ့တံခါးကို ရှာတွေ့ရန် အနိုင်နိုင် ဖြစ်ကြပြီး၊ ၎င်းတို့ မည်သည့်အချိန်တွင် စားရမည် သို့မဟုတ် အနားယူရမည်ကိုပင် မသိကြချေ၊ ထိုသို့ဖြင့် “ဘုရားသခင်အတွက် အသုံးခံရန် အအိပ်နှင့်အစားကို စွန့်လွှတ်ခြင်း” အား အမှန်တကယ် စွမ်းဆောင်ရရှိနိုင်လေသည်။ သို့ရာတွင် ဤအချိန်တွင်ပင် ဘုရားသခင်သည် လက်ရှိအခြေအနေများဖြင့် စိတ်ကျေနပ်မှု မရှိမြဲဖြစ်ပြီး၊ လူသားအား သူ၏စစ်မှန်သော နှလုံးသားကို အတင်းအကျပ် ထုတ်ပြစေလျက်၊ လူသားအပေါ် အမြဲ ဒေါသထွက်နေသည်။ သို့မဟုတ်ပါက ဘုရားသခင်သည် သက်ညှာမှု အနည်းငယ်မျှ ပြသည်နှင့်တစ်ပြိုင်နက်၊ လူတို့သည် ချက်ချင်း “လိုက်နာ” ကြမည်ဖြစ်ပြီး၊ တိုး၍ လျော့ရဲလာကြပေမည်။ ဤသည်မှာ လူသား၏ နိမ့်ကျမှု ဖြစ်၏၊ သူ့ကို ချော့၍မရဘဲ၊ သူ့ကိုလှုပ်ရှားစေရန် ရိုက်နှက်ရမည် သို့မဟုတ် တရွတ်တိုက်ဆွဲရမည် ဖြစ်သည်။ “ငါကြည့်ရှုသည့် သူများ အားလုံးထဲတွင်၊ ငါ့အား တမင်တကာနှင့် တိုက်ရိုက်ရှာဖွေသူ တစ်ယောက်မျှ မရှိ။ ၎င်းတို့အားလုံးသည် အခြားသူများ၏ တိုက်တွန်းမှုဖြင့်၊ လူအများစုနောက် လိုက်ရင်း၊ ငါ၏ ရှေ့မှောက်သို့ ရောက်လာကြခြင်း ဖြစ်ပြီး၊ ၎င်းတို့သည် အဖိုးအခပေးရန် သို့မဟုတ် ၎င်းတို့၏ အသက်တာ များကို ကြွယ်ဝစေရန် အချိန်ကို အသုံးပြုဖို့ လိုလားခြင်းမရှိကြချေ။” ယင်းမှာ မြေကြီးပေါ်က အရာခပ်သိမ်း၏ အခြေအနေများ ဖြစ်သည်။ ထို့ကြောင့် တမန်တော်များ သို့မဟုတ် ခေါင်းဆောင်များ၏ အလုပ်မပါဘဲနှင့်၊ လူအားလုံးသည် အချိန်ကြာမြင့်စွာ ကတည်းက လူစုကွဲကြပြီးဖြစ်ပေမည်၊ ထို့ကြောင့် ခေတ်ကာလများ တစ်လျှောက်တွင်၊ တမန်တော်များနှင့် ပရောဖက်များ ကင်းမဲ့ခြင်း မရှိသေးပေ။

ဤမိန့်မြွက်ချက်များတွင် ဘုရားသခင်သည် လူသားမျိုးနွယ် အပေါင်းတို့၏ ဘဝအခြေအနေများကို အကျဉ်းချုပ်ရန် အထူး အာရုံစိုက်လေ၏။ အောက်ပါကဲ့သို့သော နှုတ်ကပတ်တော်များသည် ဤအမျိုးအစားများသာ ဖြစ်၏ - “လူ၏ အသက်တာသည် နွေးထွေးမှု စိုးစဉ်းမျှ မရှိသကဲ့သို့၊ လူ့သဘာဝ သို့မဟုတ် အလင်း၏ အရိပ်အယောင် တစ်ခုမျှ မရှိပေ- သို့သော် သူသည် မည်သည့်အရာကိုမျှ စွမ်းဆောင်ရရှိခြင်းမရှိဘဲ၊ အလောတကြီး လုပ်သည့် တန်ဖိုး ကင်းမဲ့သော တစ်သက်တာကို နေထိုင်ရင်း ယခင်ထက် မိမိကိုယ်ကိုယ် အလိုလိုက်ထားပြီး ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းတွင်၊ သေခြင်းနေ့ရက် နီးကပ်လာပြီး၊ လူသည် ခါးသီးသော သေခြင်းဖြင့် သေဆုံးသွားသည်။” ဘုရားသခင်သည် လူသားမျိုးနွယ်၏ တည်ရှိခြင်းကို ယနေ့ထိ လမ်းပြပြီးဖြစ်သော်လည်း၊ လူ့လောကထဲက ဘဝ၏ အနှစ်မဲ့မှုကိုလည်း ထုတ်ဖော်ပြသည်မှာ အဘယ်ကြောင့်နည်း။‌ ပြီးလျှင် လူအားလုံး၏ အသက်တာ တစ်ရပ်လုံးကို “အလျင်စလိုဖြင့် ရောက်ရှိကာ အလျင်စလို ထွက်ခွာသွားသည်” ဟု သူအဘယ်ကြောင့် ဖော်ပြသနည်း။ ဤသည်မှာ ဘုရားသခင်၏အစီအစဉ်သာဖြစ်သည်၊ ယင်းကို ဘုရားသခင်က စီမံထားခြင်းသာ ဖြစ်ပြီး၊ ထိုသို့ဖြင့် တစ်နည်းအားဖြင့် ဘုရားသခင်သည် ဘုရားသဘောသဘာဝထဲက အသက်မှလွဲ၍ အရာခပ်သိမ်းကို စက်ဆုပ်ရွံရှာသည်ကို ယင်းက ထင်ဟပ်စေသည်ဟု ဆိုနိုင်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်အပေါင်းတို့ကို ဖန်ဆင်းခဲ့သော်လည်း၊ သူသည် လူသားမျိုးနွယ်အပေါင်းတို့၏ အသက်ရှင်ခြင်း၌ ပျော်ရွှင်မှု အမှန်တကယ် လုံးဝ မခံယူဖူးပေ၊ ထို့ကြောင့် သူသည် လူသားမျိုးနွယ်ကို စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း အောက်တွင် တည်ရှိခွင့်ပြုရုံမျှ ပြုလေသည်။ လူသားမျိုးနွယ်သည် ဤဖြစ်စဉ်ကို ဖြတ်သန်းပြီးသည့်နောက်တွင်၊ သူသည် လူသားမျိုးနွယ်ကို အမြစ်ဖြတ်သုတ်သင်မည် သို့မဟုတ် ကယ်တင်မည်ဖြစ်ကာ၊ ထိုသို့ဖြင့် လူသားသည် အနှစ်မမဲ့သည့် မြေကြီးပေါ်က အသက်တာတစ်ခုကို ရရှိလိမ့်မည်။ ဤသည်မှာ ဘုရားသခင့်အစီအစဉ်၏ အစိတ်အပိုင်းသာ ဖြစ်၏။ ထို့ကြောင့် လူ၏အသိစိတ်တွင် ဆန္ဒတစ်ရပ် အမြဲရှိလေသည်၊ ယင်းက မည်သူကိုမျှ အပြစ်ကင်းစင်သော သေဆုံးခြင်းဖြင့် ဝမ်းမြောက်ဝမ်းသာ မသေစေခဲ့ပေ- သို့သော် ဤဆန္ဒကို စွမ်းဆောင်ရရှိနိုင်သူတို့သာ နောက်ဆုံးသောကာလ၏ လူများ ဖြစ်ကြသည်။ ယနေ့တွင် လူတို့သည် နဂိုအတိုင်း ပြန်မဖြစ်နိုင်သော အနှစ်မဲ့ခြင်းအလယ်တွင် အသက်ရှင်ကြဆဲ ဖြစ်ပြီး၊ ၎င်းတို့သည် မမြင်နိုင်သောဆန္ဒကို စောင့်ဆိုင်းကြဆဲ ဖြစ်၏- “ငါ၏မျက်နှာကို ငါ့လက်များနှင့် ဖုံးကွယ်ကာ၊ လူတို့ကို မြေကြီးအောက်သို့ ဖိနှိပ်သောအခါတွင်၊ ၎င်းတို့သည် ချက်ချင်း အသက်ရှူကျပ်သွားကြပြီး၊ ရှင်သန်ရန် အနိုင်နိုင် ဖြစ်ကြလေသည်။ ၎င်းတို့အား ငါဖျက်ဆီးမည်ကို ကြောက်လန့်ကြလျက်၊ ငါ ဘုန်းထင်ရှားမည့် နေ့ရက်ကို ရှုမြင်ရန် ၎င်းတို့ ဆန္ဒရှိကြသည့်အတွက်၊ ၎င်းတို့ အားလုံးသည် ငါ့ထံ ဟစ်အော်ကြလေသည်။” ယင်းမှာ ယနေ့လူအားလုံး၏ အခြေအနေများ ဖြစ်သည်။ ၎င်းတို့အားလုံးသည် “လေဟာနယ်” တစ်ခုထဲတွင် “အောက်စီဂျင်” မရှိဘဲ အသက်ရှင်ကြသည်၊ ယင်းက ၎င်းတို့ကို အသက်ရှူရန် ခက်ခဲစေ၏။ လူသားမျိုးနွယ်အားလုံး၏ အသက် ရှင်သန်ရေးကို ပံ့ပိုးပေးရန် ဘုရားသခင်သည် လူသား၏အသိစိတ်ထဲက ဆန္ဒကို အသုံးပြု၏၊ သို့မဟုတ်ပါက အားလုံးသည် “ဘုန်းကြီးဝတ်ရန် အိမ်ကိုစွန့်ခွာ” ကြမည်ဖြစ်ပြီး ယင်း၏အကျိုးဆက်အနေဖြင့် လူသားမျိုးနွယ်သည် မျိုးသုဉ်းလာမည် ဖြစ်ကာ အဆုံးသတ်မည် ဖြစ်သည်။ ထို့ကြောင့် လူသားသည် ယနေ့ထိ အသက်ရှင်သန်ပြီး ဖြစ်သည်မှာ ဘုရားသခင်က လူသားကိုပေးသည့် ကတိကြောင့် ဖြစ်သည်။ ဤသည်မှာ အမှန်တရား ဖြစ်သော်လည်း၊ လူသားသည် ဤနိယာမကို မည်သည့်အခါမျှ ရှာဖွေတွေ့ရှိဖူးခြင်း မရှိပေ၊ ထို့ကြောင့် သူသည် အဘယ်ကြောင့် “သေခြင်းတရားက ဒုတိယအကြိမ် သူ့အပေါ် ကျရောက်လာမည်ကို အလွန်အမင်း ကြောက်ရွံ့လျက်” နေသည်ကို သူမသိပေ။ လူသားဖြစ်လျက် မည်သူမျှ ဆက်လက် အသက်ရှင်ရန် သတ္တိမရှိပေ၊ သို့သော် မည်သူတစ်ဦးတစ်ယောက်မျှလည်း တစ်ကြိမ်တစ်ခါမျှ သေဆုံးရန် သတ္တိ မရှိဖူးပေ၊ ထို့ကြောင့် ဘုရားသခင်က လူတို့သည် “ခါးသီးသောသေခြင်းနှင့် သေဆုံးသွားသည်” ဟု ဆိုခြင်း ဖြစ်သည်။ ယင်းမှာ လူသားအလယ် အခြေအနေမှန် ဖြစ်သည်။ ၎င်းတို့၏ မျှော်လင့်ချက်များတွင်၊ အချို့လူတို့သည် ဆုတ်ဆိုင်းမှုများကို ရင်ဆိုင်ရပြီး သေခြင်းအကြောင်း တွေးမိကောင်း တွေးမိပြီးဖြစ်မည် ဖြစ်သော်လည်း၊ ဤအတွေးတို့သည် မည်သည့်အခါကမျှ အကောင်အထည်ပေါ်ခြင်း ရှိမလာဖူးပေ။ အချို့သည် မိသားစု ပဋိပက္ခကြောင့် သေခြင်းအကြောင်း တွေးမိကောင်း တွေးမိပြီးဖြစ်မည် ဖြစ်သော်လည်း၊ ၎င်းတို့ ချစ်မြတ်နိုးသူတို့အတွက် စိုးရိမ်ပူပန်မှုဖြင့် ၎င်းတို့၏ဆန္ဒကို စွမ်းဆောင်နိုင်စွမ်း မရှိမြဲ ဖြစ်ကောင်းဖြစ်နိုင်သည်။ ပြီးလျှင် အချို့သည် ၎င်းတို့၏အိမ်ထောင်အပေါ် ထိုးနှက်ချက်များကြောင့်၊ သေခြင်းအကြောင်း တွေးမိကောင်း တွေးမိပြီးဖြစ်မည် ဖြစ်သော်လည်း၊ ယင်းကို ဖြတ်သန်းရန် လိုလားခြင်း မရှိကြချေ။ ထို့ကြောင့် လူတို့သည် ၎င်းတို့၏ စိတ်နှလုံးများ၌ မကျေမချမ်း ဖြစ်မှုများဖြင့် သို့မဟုတ် ထာဝရ နောင်တများဖြင့် သေဆုံးကြ၏။ ယင်းမှာ လူအားလုံး၏ အခြေအနေ အမျိုးမျိုး ဖြစ်သည်။ ကျယ်ပြန့်သော လူ့လောကတစ်လျှောက်ကို ကြည့်သည့်အခါ၊ လူတို့သည် အဆုံးမရှိ တသီတသန်းကြီး သွားလိုက် လာလိုက်လုပ်ကြပြီး၊ ၎င်းတို့သည် အသက်ရှင်ခြင်းထက် သေခြင်း၌ သာ၍ ဝမ်းမြောက်ခြင်း ရှိမည်ဟု ထင်ကြသော်လည်း၊ ၎င်းတို့သည် ပါးစပ်ပြောမျှသာ ဖြစ်ကြဆဲဖြစ်ပြီး မည်သူမျှ သေပြီးနောက် ပြန်လာကာ ရှင်သူတို့အား သေခြင်း၏ ဝမ်းမြောက်ခြင်းကို မည်သို့ မွေ့လျော်ရမည်ကို ပြောပြခြင်းအားဖြင့် စံနမူနာဖြင့် မည်သည့်အခါတွင်မျှ မဦးဆောင်ဖူးကြချေ။ လူတို့သည် စက်ဆုပ်ဖွယ်ကောင်းသော အကောင်ယုတ်များဖြစ်၏- ၎င်းတို့သည် အရှက်မရှိ သို့မဟုတ် မိမိကိုယ်ကို လေးစားမှုမရှိကြသကဲ့သို့၊ အမြဲ စကားမတည်ကြပေ။ သူ၏အစီအစဉ်တွင်၊ ဘုရားသခင်သည် သူ၏ကတိတော်ကို မွေ့လျော်ခံစားမည့် လူတစ်စုကို ခွဲခန့်မှတ်သား ထားခဲ့ပြီး၊ ထို့ကြောင့် ဘုရားသခင်က၊ “ဝိညာဉ်များစွာတို့သည် ဇာတိပကတိထဲတွင် အသက်ရှင်ကြပြီးဖြစ်ကာ များစွာသောသူတို့သည် ကမ္ဘာမြေပေါ်တွင် သေဆုံးကြပြီး၊ ပြန်လည် မွေးဖွားကြပြီး ဖြစ်သည်။ သို့သော် ၎င်းတို့အထဲမှ မည်သူကမျှ ယနေ့ နိုင်ငံတော်၏ ကောင်းချီးမင်္ဂလာများကို ပျော်မွေ့ခံစားရန် မည်သည့်အခါမျှ အခွင့်အရေး မရရှိကြဖူးပေ။” ဟုပြော၏။ နိုင်ငံတော်၏ ကောင်းချီးမင်္ဂလာများကို ယနေ့ မွေ့လျော်ခံစားသူ အားလုံးကို ဘုရားသခင်က ကမ္ဘာလောကကို ဖန်ဆင်းကတည်းက ခွဲခန့်မှတ်သားထားပြီး ဖြစ်သည်။ ဘုရားသခင်သည် ဤဝိညာဉ်များအတွက် နောက်ဆုံးသောကာလအတွင်းတွင် လူ့ဇာတိ၌ အသက်ရှင်နေထိုင်ရန် စီစဉ်ခဲ့ပြီး၊ နောက်ဆုံးတွင် ဘုရားသခင်သည် ဤလူစုကို ရယူမည်ဖြစ်ပြီး၊ သိနိမ်တွင်ရှိရန် ၎င်းတို့အတွက် စီစဉ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤလူတို့၏ဝိညာဉ်များသည် အနှစ်သာရအားဖြင့် ကောင်းကင်တမန်များ ဖြစ်ကြသောကြောင့်၊ ဘုရားသခင်က၊ “လူ၏ စိတ်ဝိညာဉ်ထဲတွင် ငါ၏ အရိပ်လက္ခဏာ တစ်ခုတစ်လေမျှ အမှန်တကယ် မရှိဖူးပါသလော။” ဟု ပြောခြင်းဖြစ်သည်။ အကယ်စင်စစ် လူတို့သည် ဇာတိပကတိ၌ အသက်ရှင်ကြချိန်တွင်၊ ဝိညာဉ်လောက၏ အရေးကိစ္စများကို မသိနားမလည်ဘဲ ရှိနေကြသည်။ “လူသားသည် ငါ့ကို သတိထားသော အကြည့်ဖြင့် ကြည့်လေသည်။” ဟူသော ဤရိုးရှင်းသည့် နှုတ်ကပတ်တော်များမှ ဘုရားသခင်၏စိတ်နေစိတ်ထားကို တွေ့မြင်နိုင်၏။ ဤရိုးရှင်းသည့် နှုတ်ကပတ်တော်များအတွင်းတွင် ဘုရားသခင်၏ ခက်ခဲရှုပ်ထွေးသော စိတ်သဘောကို ဖော်ပြထားသည်။ ကမ္ဘာမြေကြီးပေါ်ရှိ လူတို့သည် ဘုရားသခင်၏ အလိုတော်ကို သတိပြုနိုင်စွမ်း မရှိကြဘဲ၊ “လူသည် တောင်ပေါ်လူရိုင်း တစ်ဦးကဲ့သို့ ဖြစ်သည်။” ဟု ဘုရားသခင်ပြောသည့်အတိုင်း ဖြစ်ကြသည့်အတွက်၊ ဖန်ဆင်းခြင်းအချိန်မှ ယနေ့ထိတိုင်၊ ဘုရားသခင်၏ နှလုံးသားထဲတွင် ဒေါသနှင့် တရားစီရင်ခြင်းတို့အတူ ပါရှိသည့် ပူဆွေးမှု အမြဲရှိပြီးဖြစ်သည်။ သို့ရာတွင် ဘုရားသခင်က၊ “လူသားသည် ကမ္ဘာမြေပေါ်က ကြွယ်ဝချမ်းသာမှု အားလုံးကို မွေ့လျော်ခံစားဖို့နှင့် ပင်လယ်၏ ဝါးမျိုခြင်း ခံရမည့်ဘေးကို ချန်ထားခဲ့နိုင်ရန်အလို့ငှာ၊ အားကြီးသော သမုဒ္ဒရာ၏ အလယ်မှ လူသည် ငါ့ဘက်သို့ ကူးခတ်သည့်နေ့ရက် ရောက်လာလိမ့်မည်။” ဟုလည်း ပြောသည်။ ဤသည်မှာ ဘုရားသခင်၏အလိုတော် အထမြောက်ခြင်းဖြစ်ပြီး၊ မြေကြီးလက်ခတ် မလွဲသော ဦးတည်ရာတစ်ရပ်အဖြစ်လည်း ဖော်ပြ၍ရနိုင်ကာ၊ ယင်းသည် ဘုရားသခင်၏အမှုတော် အထမြောက်ခြင်း၏ သင်္ကေတဖြစ်သည်။

နိုင်ငံတော်သည် ကမ္ဘာမြေပေါ်သို့ လုံးဝဆင်းသက်သည့်အခါ၊ လူအပေါင်းတို့သည် ၎င်းတို့၏ မူလပုံသဏ္ဌာန်ကို ပြန်ရရှိကြလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်က “ငါသည် ငါ့ပလ္လင်ထက်မှ မွေ့လျော်ခံစားပြီး၊ ကြယ်များအလယ်တွင် ငါ နေထိုင်သည်။ ကောင်းကင်တမန်များသည် ငါ့ကို အသစ်သောသီချင်းများနှင့် အသစ်သော အကများကို ပူဇော်ကြသည်။ ၎င်းတို့၏ ထိခိုက်လွယ်ခြင်းသည် ၎င်းတို့၏ မျက်နှာများတွင် မျက်ရည်များ မယိုစီးစေတော့ပေ။ ငါ၏ ရှေ့မှောက်တွင် ကောင်းကင်တမန်များ၏ ငိုကြွေးသံကို ငါမကြားရတော့သကဲ့သို့၊ မည်သူကမျှ ငါ့ထံသို့ ဆင်းရဲဒုက္ခနှင့်သက်ဆိုင်၍ မညည်းတွားတော့ပေ။” ဟု ပြောပေသည်။ ဤအရာက ပြီးပြည့်စုံသည့် ဘုန်းအသရေကို ဘုရားသခင် ရရှိသည့် နေ့ရက်သည် လူသားက သူ၏ ငြိမ်သက်ခြင်း ချမ်းသာကို မွေ့လျော်ရာနေ့ ဖြစ်သည်ကို ပြ၏၊ လူတို့သည် စာတန်၏နှောင့်ယှက်မှု အကျိုးဆက်အနေဖြင့်၊ ဟိုဟိုသည်သည် မပြေးလွှားတော့ပေ၊ လောကသည် ရှေ့သို့ တိုးတက်နေခြင်းကို ရပ်တန့်ကာ လူတို့သည် ငြိမ်သက်ခြင်းချမ်းသာ၌ အသက်ရှင်ကြသည်- အကြောင်းမှာ မိုးမျက်နှာကြက်ရှိ ကြယ်အသင်္ချေတို့သည် အသစ်ပြုပြင်ခြင်းခံရပြီး၊ နေ၊ လ၊ ကြယ်များ အစရှိသည်တို့နှင့် ကောင်းကင်နှင့် မြေကြီးပေါ်ရှိ တောင်များနှင့် မြစ်များအားလုံး ပြောင်းလဲကြသည့်အတွက် ဖြစ်သည်။ ပြီးလျှင် လူသားသည် ပြောင်းလဲပြီးဖြစ်ကာ ဘုရားသခင်သည် ပြောင်းလဲပြီးဖြစ်သောကြောင့်၊ အရာခပ်သိမ်းတို့သည်လည်း ပြောင်းလဲကြလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၏ အန္တိမ ရည်မှန်းချက် ဖြစ်ပြီး၊ ဤသည်မှာ နောက်ဆုံး၌ စွမ်းဆောင်ရရှိမည့်အရာဖြစ်၏။ ဤနှုတ်ကပတ်တော်များအားလုံးကို ပြောဆိုရာတွင် ဘုရားသခင်၏ ရည်မှန်းချက်မှာ အဓိကအားဖြင့် လူသားက သူ့အားသိရန်ဖြစ်၏။ လူတို့သည် ဘုရားသခင်၏ စီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်များကို နားမလည်ကြပေ။ ဘုရားသခင် ပြုသမျှအားလုံးကို ဘုရားသခင် ကိုယ်တော်တိုင်က စီစဉ်ညွှန်ကြားကာ စီစဉ်ထားခြင်း ဖြစ်ပြီး၊ ဘုရားသခင်သည် တစ်ဦးတစ်ယောက်အား ဝင်ရောက်နှောင့်ယှက် ခွင့်ပြုရန် လိုလားခြင်း မရှိပေ။ ယင်းအစား အရာအားလုံးကို သူက စီစဉ်ထားခြင်းဖြစ်ပြီး လူသားက စွမ်းဆောင်မရရှိနိုင်သည်ကို လူတို့အား သူ ရှုမြင်ခွင့်ပေးလေသည်။ ယင်းကို လူသားက မြင်နိုင်သော်လည်း သို့မဟုတ် စိတ်ကူးဖို့ ခက်ခဲသည်ကို တွေ့ရသော်လည်း၊ အရာအားလုံးကို ဘုရားသခင် တစ်ပါးတည်းက ထိန်းချုပ်ထားပြီး၊ ဘုရားသခင်သည် ယင်းကို လူသား၏ အတွေးအနည်းငယ်မျှဖြင့် စွန်းထေးစေရန် ဆန္ဒမရှိပေ။ ဘုရားသခင်သည် အနည်းငယ်မျှပင်၊ ပါဝင်သူမည်သူမဆိုကို ဧကန်မုချ ခွင့်လွှတ်မည် မဟုတ်ပေ။ ဘုရားသခင်သည် လူသားအပေါ် အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားဖြစ်ကာ၊ ဤအရာနှင့်စပ်လျဉ်း၍ ဘုရားသခင်၏ဝိညာဉ်တော်သည် အထူးသဖြင့် စိတ်ထိခိုက်လွယ်ပုံရသည်။ ထို့ကြောင့် ဝင်ရောက်နှောင့်ယှက်ခြင်းငှာ ရည်ရွယ်ချက် အနည်းငယ်မျှ ရှိသူ မည်သူမဆိုသည် ဘုရားသခင်၏ လောင်မြိုက်နေသော မီးလျှံများ၏ ချက်ချင်း ဝိုင်းရံဖိစီးခြင်းခံရလိမ့်မည် ဖြစ်ပြီး၊ မီးထဲတွင် ပြာများအဖြစ် ပြောင်းလဲသွားကြလိမ့်မည်။ ဆုကျေးဇူးရှိသူအားလုံးသည် အသက် ကင်းမဲ့ကြသည့်အတွက်၊ ဘုရားသခင်သည် လူတို့အား ၎င်းတို့၏ ဆုကျေးဇူးများကို ၎င်းတို့နှစ်သက်သည်အတိုင်း ပြသခွင့် မပြုပေ။ ဤဆုကျေးဇူးဟုဆိုသောအရာများသည် ဘုရားသခင်ကို အစေခံရုံသာ အစေခံပြီး၊ စာတန်ထံမှ ပေါ်ပေါက်၏၊ ထို့ကြောင့် ဤအရာတွင် လိုက်လျောမှု လုံးဝမပြုသော ဘုရားသခင်၏ အထူးစက်ဆုပ်ရွံရှာခြင်းကို ခံရ၏။ သို့ရာတွင် ဘုရားသခင်၏အမှုတော်၌ ပါဝင်ဖွယ်ရှိသူများမှာ မကြာခဏ အသက်ကင်းမဲ့ လူများဖြစ်ကြသည့်အပြင်၊ ၎င်းတို့၏ပါဝင်မှုမှာ ၎င်းတို့၏ဆုကျေးဇူးများဖြင့် ဖုံးကွယ်ထားခြင်းခံရသည့်အတွက် တိမ်မြုပ်နေ၏။ ခေတ်ကာလများ တစ်လျှောက်တွင်၊ ပါရမီရှိသူများသည် အသက်မရှိကြဘဲ၊ ထိုသို့ဖြင့် ခုခံနိုင်စွမ်းလည်း ကင်းမဲ့သည့်အတွက် မည်သည့်အခါမျှ ခိုင်ခိုင်မာမာ မရပ်တည်ဖူးကြချေ။ ထို့ကြောင့် ဘုရားသခင်က၊ “အကယ်၍ ငါသည် ထင်ထင်ရှားရှား မပြောဆိုပါက၊ လူသည် မည်သည့်အခါမျှ အသိတရား ဝင်လာလိမ့်မည်မဟုတ်သကဲ့သို့၊ ငါ၏ ပြစ်တင်ဆုံးမခြင်း အထဲသို့ အမှတ်တမဲ့ ကျရောက်သွားလိမ့်မည် ဖြစ်သည်- အကြောင်းမှာ လူသည် ငါ့ကို ငါ၏လူ့ဇာတိဖြင့် မသိသောကြောင့် ဖြစ်ပေသည်။” ဟု ပြောခြင်းဖြစ်၏။ အသွေးအသားတို့နှင့် သက်ဆိုင်သောသူအားလုံးသည် ဘုရားသခင်၏ လမ်းပြခြင်းကို ခံရသော်လည်း၊ စာတန်၏ ကျေးကျွန်ဘဝတွင်လည်း အသက်ရှင်ကြပြီး၊ ထို့ကြောင့် တပ်မက်ခြင်းကြောင့် ဖြစ်စေ၊ ကြင်နာမြတ်နိုးမှုကြောင့် ဖြစ်စေ၊ ၎င်းတို့ ပတ်ဝန်းကျင်၏ အစီအစဉ်များကြောင့် ဖြစ်စေ လူတို့သည် အချင်းချင်း မည်သည့်အခါကမျှ ပုံမှန်ဆက်ဆံရေး မရှိဖူးပေ။ ထိုသို့သော မူမမှန်သည့် ပေါင်းသင်းဆက်ဆံရေးများသည် အားလုံးထဲမှ ဘုရားသခင် စက်ဆုပ်အမုန်းတီးဆုံး ဖြစ်သောကြောင့်၊ အောက်ပါကဲ့သို့သော နှုတ်ကပတ်တော်များ နှုတ်မှ ထွက်လာသည်မှာ ထိုသို့သော ဆက်ဆံရေးများကြောင့် ဖြစ်သည်- “ငါလိုချင်သော အရာမှာ အသက်နှင့် ပြည့်ဝသော ရှင်သန်နေသည့် ဖန်ဆင်းခံသတ္တဝါများဖြစ်သည်၊ သေခြင်းတရားထဲတွင် နစ်မြှုပ်ကြပြီးဖြစ်သည့် အလောင်းကောင်များ မဟုတ်ပေ။ နိုင်ငံတော်၏ စားပွဲ၌ ငါသည် လဲလျောင်းသည့်အတွက်၊ ကမ္ဘာမြေကြီးပေါ်ရှိ လူအားလုံးကို ငါ၏ စစ်ဆေးခြင်းအား လက်ခံရရှိရန် ငါကွပ်ကဲမည်။” ဘုရားသခင်သည် စကြဝဠာတစ်ခုလုံး၏အထက်၌ ရှိသည့်အခါတွင်၊ သူသည် နေ့စဉ် အသွေးအသားနှင့် သက်ဆိုင်သူများ၏ လုပ်ဆောင်ချက်တိုင်းကို လေ့လာကြည့်ရှုပြီး၊ ၎င်းတို့ထဲမှ တစ်ခုကိုမျှ လျစ်လျူရှုခြင်း မရှိချေ။ ဤသည်တို့မှာ ဘုရားသခင်၏ လုပ်ဆောင်ချက်များ ဖြစ်သည်။ ထို့ကြောင့် ငါသည် လူအားလုံးအား ၎င်းတို့၏ အတွေးများ၊ စိတ်ကူးများနှင့် လုပ်ရပ်များကို စစ်ဆေးရန် တိုက်တွန်း၏။ သင်သည် ဘုရားသခင်အဖို့ အရှက်၏သင်္ကေတ လက္ခဏာတစ်ရပ်ဖြစ်ရန် ငါမတောင်းဆိုသော်လည်း၊ ဘုရားသခင်၏ ဘုန်းအသရေနှင့်ဆိုင်သည့် သရုပ်သကန် တစ်ရပ်ဖြစ်ရန်နှင့် သင်၏လုပ်ဆောင်မှုများ၊ စကားများနှင့် အသက်တာများ အားလုံး၌ သင်သည် စာတန်၏ ပြက်လုံးများနှင့်ဆိုင်သည့် ပစ်မှတ် ဖြစ်မလာဖို့ရန် ငါတောင်းဆို၏။ ဤသည်မှာ လူအားလုံးနှင့်ဆိုင်သည့် ဘုရားသခင်၏ သတ်မှတ်ချက်ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။