ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏” | ကောက်နုတ်ချက် ၈၀

တရားစီရင်မှုက အဘယ်သို့၊ သမ္မာတရားက အဘယ်သို့ ဆိုသည်ကို ယခု သင်နားလည်သလော။ သင် နားလည်သည် ဆိုပါလျှင် သင့်ကို ငါတိုက်တွန်းလိုသည်မှာ တရားစီရင်မှုကို ခံယူမည့်လူအဖြစ် နာခံ၍ ဆက်ကပ် စေလိုပါသည်။ သို့မဟုတ်လျှင် သင်သည် ဘုရားသခင်၏ ချီးကျူးခံရခြင်း အခွင့်ကို ဘယ်တော့မှ ရလိမ့်မည်မဟုတ် သို့မဟုတ် သူ၏နိုင်ငံတော်အတွင်းသို့ သင့်ကို သူက ဆောင်ယူလိမ့်မည်မဟုတ်။ တရားစီရင်ခြင်း တစ်ခုကိုသာ လက်ခံပြီး မည်သည့်အခါမှ သန့်စင်၍မရသော သူတို့သည်၊ ဆိုလိုသည်မှာ၊ တရားစီရင်ခြင်း အမှုအလယ်၌ ထွက်ပြေးသောသူများသည် ဘုရားသခင်၏ ထာဝရ ရွံရှာမှုနှင့် ငြင်းပယ်မှုကို ခံကြရလိမ့်မည်။ သူတို့၏ အပြစ်များသည် ဖာရိရှဲတို့ထက် သာလွန် များပြား၊ ပြင်းထန်လှ၏၊ အကြောင်းမှာ ၎င်းတို့သည် ဘုရားသခင်ကို ပုန်ကန်၊ သစ္စာဖောက်ခဲ့သောကြောင့်ပင် ဖြစ်သည်။ အစေကျွန်ခံရန်ပင် မထိုက်တန်သည့် ထိုကဲ့သို့သော သူများသည် သာ၍ ပြင်းထန်သော အပြစ်ဒဏ်ကို ခံယူရမည်ဖြစ်ပြီး၊ ထိုအပြစ်ဒဏ်မှာ ထာဝရ အတွက်ဖြစ်သည်။ ဘုရားသခင်သည် သူ့အားတစ်ချိန်က သစ္စာစကားပြုခဲ့ပြီးနောက် သစ္စာဖောက် သွားသူများကို အလွတ်ပေးလိမ့်မည် မဟုတ်ပေ။ ထိုကဲ့သို့သောလူတို့သည် သူတို့၏ မကောင်းမှုအတွက် တန်ပြန်အပြစ်ဒဏ်ကို ကိုယ်၊ စိတ်နှင့် ဝိညာဉ်တို့တွင် ခံယူကြရလိမ့်မည်။ ယင်းသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထားကို တိကျစွာ ဖော်ပြခြင်းမဟုတ်ပေဘူးလား။ ယင်းသည် လူသားကို တရားစီရင်ခြင်းနှင့် ဖွင့်ပြပေးခြင်းတို့အတွက် ဘုရားသခင်၏ ရည်ရွယ်ချက်ပင် မဟုတ်လော။ ဘုရားသခင်သည် ယုတ်မာသောအမှုမျိုးစုံကို ပြုခဲ့သော ထိုသူအားလုံးတို့ကို တရားစီရင်ရာ အချိန်ကာလတွင် မကောင်းဆိုးဝါး ဝိညာဉ်များကြီးစိုးသော နေရာသို့ ပို့ဆောင်လိမ့်မည်။ ထိုမကောင်းဆိုးဝါး ဝိညာဉ်များက သူတို့၏ ခန္ဓာအသွေးအသားကို စိတ်ကြိုက်ဖျက်ဆီးပစ်ကြလိမ့်မည်။ သူတို့၏ ခန္ဓာကိုယ်အလောင်းကောင်မှ အပုပ်နံ့ တထောင်းထောင်း ထုတ်လွှတ်နေ၏။ ယင်းကား သူတို့၏ ဒုစရိုက်အတွက် ထိုက်တန်သော တုံ့ပြန်ချက်ပင်။ ဘုရားသခင်သည် ယုံကြည်မှုမှားယွင်းသော သစ္စာမဲ့သူများ၊ တမန်တော် အတုအယောင်များနှင့် မှန်ကန်မှုကင်းသော လုပ်သားများ၊ လူတိုင်းကိုယ်စီ၏ အပြစ်များကို မှတ်တမ်း စာအုပ်များထဲတွင်ရေးသား လျက်ရှိ၏။ ထို့နောက် အချိန်ကျလေသောအခါ သူသည် ညစ်ညမ်းသော ဝိညာဉ်များအလယ်သို့ သူတို့ကို နှင်ထုတ်လေ၏။ ထိုညစ်ညမ်းသော ဝိညာဉ်များက သူတို့၏ ခန္ဓာတစ်ခုလုံးကို စိတ်ကြိုက် ညစ်ညမ်းစေရန် ပြုမူကြလေ၏။ ထို့ကြောင့် သူတို့သည် ပြန်လည်၍ လူဖြစ်ခြင်းနှင့်၊ အလင်းရောင်ကို ထပ်မံတွေ့ရှိခြင်း ဘယ်တော့မှမရှိကြတော့။ တစ်ခါက အစေခံခဲ့ကြသော်လည်း အဆုံးတိုင် သစ္စာရှိရန် မတတ်နိုင်ကြသော ထိုကြောင်သူတော်တို့ကို ဘုရားသခင်သည် ယုတ်မာသူတို့နှင့်အတူ ရေတွက်၏။ သူတို့သည် ယုတ်မာသူတို့အကြားတွင် လျှောက်သွားနေပြီး ပျက်ယွင်းနေသော စက်ဆုပ်ဖွယ်ကောင်းသည့် လူစု၏ အစိတ်အပိုင်း ဖြစ်လာ၏။ နောက်ဆုံးတွင် ဘုရားသခင်သည် သူတို့အား အပြီးတိုင် ချေမှုန်းလိမ့်မည်။ ခရစ်တော်အပေါ် ဘယ်တုန်းကမှ သစ္စာမခံခဲ့သော သို့မဟုတ် ဆပ်ကပ်မှုတစ်စုံတရာ မပြုခဲ့သော သူတို့ကို ဘုရားသခင်သည် ဂရုမပြုတော့ပဲ ဖယ်ထုတ်၍ ခေတ်အကူးတွင် အပြီးတိုင်ချေမှုန်းလိမ့်မည်။ ဘုရားသခင်၏ နိုင်ငံတော်သို့ သွားရာလမ်းကိုရရှိရန် မဆိုထားနှင့်၊ ထိုသူတို့သည် မြေပေါ်တွင်ပင် တည်ရှိနေကြတော့မည် မဟုတ်ပေ။ ပတ်ဝန်းကျင်၏ တွန်းအားပေးမှုကြောင့် ဘုရားသခင်ကို အပေါ်ယံမျှသာ ဆက်ဆံခဲ့သော ဘယ်ခါမှ စိတ်ရင်းမမှန် ခဲ့ကြသောသူတို့အား သူ့လူတို့အတွက် အစေကျွန်ခံသော သူတို့နှင့်အတူ ရေတွက်လေ၏။ သူတို့မှ အများစုမှာ အစေကျွန်ခံရန် အရည်အချင်းမရှိကြပဲ ပျက်စီးကြ၍ ထိုလူတို့အထဲမှ အနည်းငယ်သာ ရှင်သန်နိုင်၏။ နောက်ဆုံးတွင် ဘုရားသခင်သည် သူ၏နိုင်ငံတော်အတွင်းသို့ ဘုရားသခင်နှင့် စိတ်သဘောတူသော လူအားလုံးတို့ကို ဆောင်သွင်းမည်။ သူတို့မှာ ဘုရားသခင်၏ လူများ၊ ဘုရားသခင်၏ သားတို့နှင့် ပရောဖက်အဖြစ် ဘုရားသခင်က ကြိုတင်ခွဲခန့်ထားသော သူများဖြစ်ကြ၏။ ယင်းတို့ကို ဘုရားသခင်က သူ၏အမှုအားဖြင့် စစ်ယူရရှိထားခြင်းဖြစ်၏။ အကြင်သူတို့သည် ဘုရားသခင် စီစဉ်ထားသော အမျိုးအစား တစ်မျိုးမျိုးအထဲ ကျရောက်ပါဝင်ခြင်း မပြုနိုင်လျှင် သူတို့ကို မယုံကြည်သူများ အထဲသို့ ထည့်သွင်းရေတွက်လေ၏။ သင်တို့သည် ထိုသူတို့ရမည့် ရလဒ်ကို သေချာစွာ စဉ်းစားကြည့်နိုင် ပါသည်။ ငါပြောသင့်သည့် အရာတိုင်းကို သင်တို့အား ငါပြောခဲ့ပြီးလေပြီ၊ သင်တို့ရွေးချယ်သော လမ်းမှာ သင်တို့၏ ဆုံးဖြတ်ချက် အတိုင်းပြုရန် ဖြစ်လိမ့်မည်။ သင်တို့နားလည်သင့်သည့် အရာမှာ ဤသို့ဖြစ်၏၊ ဘုရားသခင်၏ အမှုသည် သူနှင့်အတူ ခြေလှမ်းမမီသော သူများကို မည်သည့်အခါမျှ စောင့်နေမည်မဟုတ်၊ ပြီးလျှင် ဖြောင့်မတ်သော ဘုရားသခင်၏ စိတ်နေသဘောထားသည် မည်သူ တစ်ဦးတစ်ယောက်ကိုမှ ကရုဏာမထားပါချေ။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၃)” | ကောက်နုတ်ချက် ၁၁၃

ဘုရားသခင်သည် သူ၏အမှုကို လုပ်ဆောင်သည့်အခါ သူသည် တစ်စုံတစ်ရာ တည်ဆောက်ခြင်း သို့မဟုတ် လှုပ်ရှားမှုများထဲတွင် ပါဝင်ရန် လာခြင်းမဟုတ်ဘဲ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “စစ်မှန်သောလူဆိုသည်မှာ အဘယ်နည်း” | ကောက်နုတ်ချက် ၃၅၀

လူသားများသည် တစ်ချိန်က ငါ၏ ဖန်ဆင်းခြင်းကို ခံထားရသော သူများဖြစ်သည့်အပြင် ငါ့ဖန်ဆင်းခြင်း၏ ပေါများလှသော အရာများ အားလုံးကို ခံစားဖူးသူများ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “သင်တို့သည် ရာထူးဂုဏ်ဒြပ်ဆိုင်ရာ ကောင်းချီးများကို ဘေးဖယ်ပြီး လူသားအတွက် ကယ်တင်ခြင်းကို ယူဆောင်လာရန် ဘုရားသခင်၏ အလိုတော်ကို နားလည်သင့်၏” | ကောက်နုတ်ချက် ၈၄

ယနေ့ ဘုရားသခင်သည် သင်တို့ကို တရားစီရင်ကာ ပြစ်တင်ဆုံးမ၍ ပြစ်ဒဏ်ချမှတ်သည်၊ သို့သော် သင်တို့၏ပြစ်ဒဏ်ချမှတ်ခံရခြင်းသည် သင့်အနေဖြင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် သင်သည် ဘုရားသခင်ကို နာခံသင့်သည်” | ကောက်နုတ်ချက် ၄၈၃

သင်သည် ဘုရားသခင်ကို အဘယ့်ကြောင့် ယုံကြည်သနည်း။ လူအများသည် ဤမေးခွန်းကြောင့် စိတ်ရှုပ်ထွေးသွားကြ၏။ လက်တွေ့ ကျသော ဘုရားနှင့်...