ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၈

ဘုရားသခင်ကို ကြောက်ရွံခြင်း၏အစမှာ သူ့အား ဘုရားသခင်အဖြစ် ဆက်ဆံခြင်း ဖြစ်သည်

တစ်စုံတစ်ဦးက ကျွန်ုပ်တို့သည် ဘုရားသခင်ကို ယောဘထက်ပင် ပို၍သိသော်လည်း ဘုရားသခင်ကို ကျွန်ုပ်တို့ ကြောက်ရွံ့ခြင်း မရှိနိုင်သေးသည်မှာ အဘယ်သို့နည်းဟူသော မေးခွန်းတစ်ခုကို ခုလေးတင် မေးခဲ့၏။ ဤအကြောင်းနှင့်ပတ်သက်၍ ယခင်က ကျွန်ုပ်တို့ အနည်းငယ် ဆွေးနွေးခဲ့သည် မဟုတ်လော။ အမှန်အားဖြင့် ဤမေးခွန်း၏ အနှစ်သာရကိုလည်း ယခင်က ကျွန်ုပ်တို့ ဆွေးနွေးခဲ့ပြီးဖြစ်သည်၊ ၎င်းမှာ ယောဘသည် ထိုစဉ်အချိန်က ဘုရားသခင်ကို မသိခဲ့သော်လည်း သူသည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် ဆက်ဆံခဲ့ပြီး သူ့အား ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့၏ အရှင်သခင်အဖြစ် မှတ်ယူခဲ့သည် ဟူသောအချက် ဖြစ်သည်။ ယောဘသည် ဘုရားသခင်အား ရန်သူတစ်ဦးအဖြစ် သဘောထားခဲ့ခြင်းမရှိပေ။ ယင်းထက်၊ သူသည် ဘုရားသခင်အား အရာခပ်သိမ်း၏ ဖန်ဆင်းရှင်အဖြစ် ကိုးကွယ်ခဲ့သည်။ ယနေ့ခေတ် လူတို့သည် ဘုရားသခင်ကို အဘယ်ကြောင့် အလွန်ပင် ဆန့်ကျင်ကြသနည်း။ ဘုရားသခင်ကို သူတို့ အဘယ်ကြောင့် မကြောက်ရွံ့နိုင်သနည်း။ အကြောင်းရင်းတစ်ခုမှာ ၎င်းတို့သည် စာတန်၏ အလွန်အမင်း ဖျက်ဆီးခြင်းကို ခံထားရပြီး အလွန်အမင်း အရိုးစွဲနေသည့် ဆိုးယုတ်သော သဘာဝနှင့်အတူ သူတို့သည် ဘုရားသခင်၏ ရန်သူများ ဖြစ်လာကြပြီဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး လက်ခံကြသော်လည်း ၎င်းတို့သည် ဘုရားသခင်ကို အတိုက်အခံပြုပြီး ၎င်းတို့ကိုယ်ကို ဘုရားသခင်အား ဆန့်ကျင်သည့် အခြေအနေတွင် ရောက်နိုင်ကြသေးကြသည်။ ဤအရာကို လူသား သဘာဝအားဖြင့် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ အခြားသော အကြောင်းရင်းမှာ ဘုရားသခင်၌ သူတို့၏ယုံကြည်မှု ရှိလင့်ကစား လူတို့သည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် တကယ့်ကို သဘောမထားကြပေ။ ယင်းအစား၊ သူတို့က ဘုရားသခင်ကို လူ၏ ဆန့်ကျင်ဘက်အဖြစ် သဘောထားကြသည်၊ သူ့ကို သူတို့၏ ရန်သူအဖြစ် မှတ်ယူကြပြီး ၎င်းတို့သည် ဘုရားသခင်နှင့် မကျေအေးနိုင်ကြပေ။ ၎င်းမှာ ရိုးရှင်းပါသည်။ ဤအကြောင်းအရာကို ယခင်အစည်းအဝေးအတွင်း၌ အစပျိုးထားခဲ့သည် မဟုတ်သလော။ ၎င်းကို စဉ်းစားကြည့်ပါ- ယင်းမှာ အကြောင်းရင်း မဟုတ်သလော။ သင်၌ ဘုရားသခင်အကြောင်း အနည်းငယ်သော သိနားလည်ခြင်း ရှိသော်လည်း ဤသိနားလည်ခြင်းက မည်သည့်အရာကို ဖြစ်ပေါ်စေသနည်း။ ဤအရာမှာ အယောက်တိုင်းက ပြောနေသော အရာဖြစ်သည် မဟုတ်သလော။ ၎င်းမှာ ဘုရားသခင် သင့်အား ပြောခဲ့သောအရာ ဖြစ်သည် မဟုတ်သလော။ သင်သည် အယူအဆဆိုင်ရာနှင့် သြဝါဒဆိုင်ရာ ရှုထောင့်များကိုသာ အကျွမ်းတဝင် ရှိသည်၊ သို့သော် သင်သည် ဘုရားသခင်၏ စစ်မှန်သော ရှုထောင့်ကို နားလည်သက်ဝင်ဖူးသလော။ သင်၌ ပုဂ္ဂလဓိဌာန်ကျသော သိနားလည်ခြင်းရှိသလော။ သင်၌ လက်တွေ့ကျသော သိနားလည်ခြင်းနှင့် အတွေ့အကြုံ ရှိသလော။ အကယ်၍ ဘုရားသခင်သည် သင့်အား မပြောထားခဲ့ပါက သင် သိနိုင်ခဲ့မည်လော။ သင်၏ အယူအဆဆိုင်ရာ သိနားလည်ခြင်းသည် စစ်မှန်သော သိနားလည်ခြင်းကို ကိုယ်စားမပြုပေ။ အချုပ်အားဖြင့် ယင်းကို သင် မည်မျှပင်သိပြီး သို့မဟုတ် သင် မည်သို့ပင် သိလာခဲ့သည်ဖြစ်စေ၊ ဘုရားသခင်အကြောင်း စစ်မှန်သော သိနားလည်ခြင်း တစ်ခုကို သင် မရမီတိုင်အောင် ဘုရားသခင်သည် သင်၏ ရန်သူဖြစ်လိမ့်မည် ဖြစ်ပြီး သင်သည် ဘုရားသခင်ကို အမှန်တကယ် ဘုရားသခင်ကဲ့သို့ စတင်ဆက်ဆံရသည်တိုင်အောင် သင်သည် စာတန်၏ ပြယုဂ်တစ်ခု ဖြစ်သောကြောင့် သင် အမှန်တကယ် သဘောမထားမီ သူသည် သင့်ကို ဆန့်ကျင်ပေလိမ့်မည်။

သင်သည် ခရစ်တော်နှင့်အတူ ရှိသည့်အချိန်တွင် သင်သည် သူ့အား တစ်နေ့သုံးကြိမ် ထမင်းကျွေးခြင်း၊ သို့မဟုတ် သူ့အား လက်ဘက်ရည် တည်ခင်းပေးခြင်းနှင့် သူ၏ ဘဝလိုအပ်ချက်များကို ကူညီလုပ်ဆောင်ပေးခြင်း ရှိကောင်းရှိနိုင်ပြီး ခရစ်တော်ကို ဘုရားသခင်အဖြစ် သဘောထားသည့်ပုံ ပေါက်မည်ဖြစ်သည်။ တစ်စုံတစ်ခု ဖြစ်သည့်အခါတိုင်း လူတို့၏ ရှုထောင့်များမှာ ဘုရားသခင်၏ ရှုထောင့်များနှင့် အမြဲဆန့်ကျင်ဘက် ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ရှုထောင့်ကို နားလည်ရန်နှင့် လက်ခံရန် အမြဲပျက်ကွက်ကြသည်။ လူတို့သည် ဘုရားသခင်နှင့် အပေါ်ယံအားဖြင့် အဆင်ပြေကောင်း ပြေနိုင်သော်လည်း ဤသည်မှာ ၎င်းတို့သည် သူနှင့် သဟဇာတဖြစ်သည်ဟု မဆိုလိုပါ။ တစ်စုံတစ်ခု ဖြစ်လျှင်ဖြစ်ချင်း လူသားတို့၏ မနာခံခြင်း အမှန်တရားသည် ထွက်ပေါ်လာပြီး လူသားများနှင့် ဘုရားသခင်ကြား၌ရှိသော ရန်လိုမှုကို ခိုင်မာစေလျက်ရှိသည်။ ဤရန်လိုမှုမှာ ဘုရားသခင်က လူကို ဆန့်ကျင်နေခြင်း သို့မဟုတ် ဘုရားသခင်က လူအပေါ် ရန်လိုရန် ဆန္ဒရှိနေခြင်းမျိုး မဟုတ်သည့်အပြင်၊ ယင်းမှာ သူက လူတို့ကို သူ၏ ဆန့်ကျင်ဘက်၌ထားပြီး သူတို့ကို ထိုကဲ့သို့ ဆက်ဆံနေခြင်းမျိုးလည်း မဟုတ်ပေ။ ထို့ထက် လူသားများ၏ ပုဂ္ဂလဓိဌာန်ကျသော အလိုဆန္ဒနှင့် သူတို့၏ မသိစိတ်ထဲတွင် ဖြစ်ပေါ်နေသည့် ဘုရားသခင်အား ဆန့်ကျင်ဘက်ပြုသော ဤအနှစ်သာရကိစ္စပင် ဖြစ်သည်။ လူတို့သည် ဘုရားသခင်ထံမှလာသည့် အရာခပ်သိမ်းကို သူတို့၏ သုတေသနပြုစရာများအဖြစ် မှတ်ယူခြင်းကြောင့် ဘုရားသခင်ထံမှ လာသည့်အရာအပေါ်နှင့် ဘုရားသခင် ပါဝင်ပတ်သက်သော အရာတိုင်းအပေါ် သူတို့၏ တုံ့ပြန်မှုမှာ အဓိကအားဖြင့် မှန်းဆခြင်း၊ သံသယဖြစ်ခြင်းနှင့်၊ ဘုရားသခင်ကိုဆန့်ကျင်ပြီး ပုန်ကန်တတ်သော သဘောထားတစ်ခုကို အလျင်အမြန်ခံယူခြင်းတို့ပင် ဖြစ်သည်။ များမကြာမီတွင် လူတို့သည် အပျက်သဘောဆောင်သော စိတ်နေစိတ်ထားတစ်ခုကိုယူကာ ထိုကဲ့သို့သော ဘုရားသခင်ကို နောက်လိုက်ဖို့ ထိုက်တန်မထိုက်တန် သံသယဖြစ်သည့် အဆင့်အထိ ဘုရားသခင်နှင့် ငြင်းခုံခြင်းများ သို့မဟုတ် ယှဉ်ပြိုင်ခြင်းများသို့ ရောက်ရှိကြသည်။ သူတို့၏ ဆင်ခြင်တုံတရားက သူတို့သည် ဤပုံစံအတိုင်း ရှေ့မဆက်သင့်ကြောင်း ပြောသော်လည်း သူတို့သည် အလိုလို ထိုသို့လုပ်ရန် ရွေးချယ်လိမ့်မည်ဖြစ်ပြီး အဆုံးတိုင်အောင် တွန့်ဆုတ်ခြင်းမရှိဘဲ ရှေ့ဆက်ဦးမည့် သဘောဖြစ်သည်။ ဥပမာအားဖြင့်၊ လူအချို့သည် ဘုရားသခင် နှင့်ပတ်သက်သည့် ကောလာဟလများ သို့မဟုတ် မဟုတ်မမှန် ပြောသောစကားကို ကြားသည့်အခါ ၎င်းတို့ ပြုလုပ်တတ်သည့် ပထမဆုံးတုံ့ပြန်ချက်မှာ အဘယ်နည်း။ သူတို့၏ ပထမဆုံးတုံ့ပြန်ချက်မှာ ဤကောလာဟလများ မှန်မမှန်နှင့် ဤကောလာဟလများ တကယ်ရှိမရှိကို စဉ်းစားရန်နှင့် စောင့်ကြည့်တတ်သည့် စိတ်ထားကို ခံယူရန်ပင် ဖြစ်သည်။ ထို့နောက် သူတို့သည် “ဤအရာကို မှန်ကန်ကြောင်း အတည်ပြုရန် စစ်ဆေးမည့် နည်းလမ်းမရှိပေ။ ၎င်းမှာ အမှန်တကယ် ဖြစ်ပျက်သလော။ ဤ ကောလာဟလက မှန်သလော သို့မဟုတ် မမှန်သလော” ဟူ၍ စတင် စဉ်းစားကြသည်။ ဤကဲ့သို့သော လူတို့သည် အပေါ်ယံတွင် ဤသို့ မဖော်ပြသော်လည်း ၎င်းတို့၏ စိတ်နှလုံးထဲက စတင်သံသယရှိထားပြီဖြစ်ပြီး ဘုရားသခင်ကို စတင်၍ ငြင်းပယ်ထားပြီး ဖြစ်သည်။ ဤကဲ့သို့သော သဘောထားနှင့် ဤကဲ့သို့သော ရှုထောင့်၏ အနှစ်သာရမှာ အဘယ်နည်း။ ၎င်းမှာ သစ္စာဖောက်ခြင်းပင် မဟုတ်လော။ ဤအကြောင်းအရာကို ၎င်းတို့ မရင်ဆိုင်ရမချင်း ဤလူတို့၏ ရှုထောင့်များမှာ အဘယ်အရာဖြစ်ကြောင်းကို သင်မမြင်နိုင်ပေ။ ၎င်းတို့သည် ဘုရားသခင်နှင့် ကွဲပြားဆန့်ကျင်မှု မရှိသကဲ့သို့၊ ထို့ပြင် ၎င်းတို့သည် ဘုရားသခင်ကို ရန်သူတစ်ဦးအဖြစ် မှတ်ယူခြင်း မရှိသကဲ့သို့ ထင်ရသည်။ သို့သော်လည်း ၎င်းတို့သည် ပြဿနာတစ်ခုကို ရင်ဆိုင်ရလျှင်ရချင်း စာတန်ဘက်၌ ချက်ချင်း ရပ်တည်ကာ ဘုရားသခင်ကို ပုန်ကန်ကြလေသည်။ ဤအရာက မည်သည့်အရာကို ညွှန်ပြသနည်း။ ၎င်းမှာ လူနှင့် ဘုရားသခင်သည် ဆန့်ကျင်ဘက် ဖြစ်ကြောင်းကို ညွှန်ပြပေသည်။ ဘုရားသခင်က လူသားတို့ကို ရန်သူအဖြစ် မှတ်ယူသည် မဟုတ်သော်လည်း လူ၏အနှစ်သာရ ကိုယ်၌က ဘုရားသခင်အပေါ် ရန်လိုခြင်းပင် ဖြစ်သည်။ တစ်စုံတစ်ဦးသည် ဘုရားသခင်နောက်သို့ မည်မျှကြာကြာ လိုက်ခဲ့ပြီးပါစေ သို့မဟုတ် ၎င်းတို့သည် မည်မျှကြီးမားစွာ ပေးဆပ်ခဲ့ပြီးပါစေ၊ ထို့ပြင် သူတို့က ဘုရားသခင်ကို မည်သို့ပင် ချီးမွမ်းပါစေ၊ သူတို့က ဘုရားသခင်ကို အတိုက်အခံမပြုမိရန် မိမိကိုယ်ကိုယ် မည်သို့ရှောင်ပါစေ၊ သူတို့က ဘုရားသခင်ကို ချစ်ရန် မိမိကိုယ်ကိုယ် မည်သို့ပင် အစွမ်းကုန်နှိုးဆော်ပါစေ၊ သူတို့သည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် မည်သည့်အခါမျှ ဆက်ဆံနိုင်ခြင်း မရှိပေ။ ဤအရာကို လူတို့၏ အနှစ်သာရအားဖြင့် အဆုံးအဖြတ်ပေးသည် မဟုတ်လော။ အကယ်၍ သင်သည် သူ့ကို ဘုရားသခင်အဖြစ် သဘောထားပြီး သူ့ကို ဘုရားသခင်ဖြစ်သည်ဟု စစ်မှန်စွာ ယုံကြည်ပါက သင်၌ သူ့အပေါ် သံသယတစ်စုံတစ်ရာ ရှိနိုင်သေးသလော။ သင်၏စိတ်နှလုံးက သူနှင့်ပတ်သက်၍ ယုံမှားသံသယဖြစ်ခြင်း တစ်စုံတစ်ရာ ကိန်းအောင်းစေနိုင်ဦးမည်လော။ နောက်ထပ်မရှိနိုင်သည် မဟုတ်လော။ ဤလောက၏ ဦးတည်ရာများမှာ အလွန်ဆိုးယုတ်ပြီး ဤလူသားမျိုးသည်လည်း အလွန်ဆိုးယုတ်သည်ဆိုလျှင် သင်၌ ၎င်းတို့နှင့်ပတ်သက်၍ မည်သည့်အယူအဆမျှ မရှိသည်မှာ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ သင်ကိုယ်တိုင်ပင်လျှင် အလွန်ကောက်ကျစ်သည်ဆိုလျှင် သင်၌ ၎င်းနှင့်ပတ်သက်၍ အယူအဆတစ်ခုမျှ မရှိသည်မှာ အဘယ်သို့နည်း။ သို့သော်လည်း ကောလာဟလ အနည်းငယ်နှင့် မဟုတ်မမှန် စကားအချို့က ဘုရားသခင်နှင့်ပတ်သက်၍ ထိုမျှကြီးမားသော အယူအဆများကို ဖြစ်ပေါ်စေနိုင်ပြီး သင်၏ စိတ်ကူးစိတ်သန်း၌ များစွာသောအရာတို့ကို ပေါ်လာစေနိုင်သည်၊ ၎င်းက သင်၏ ဝိညာဉ်အသက်တာ အဘယ်မျှ ရင့်ကျက်မှုမရှိကြောင်းကို ပြသသည်တကား။ ခြင်အနည်းငယ်နှင့် ရွံစရာကောင်းသော ယင်ကောင်အနည်းငယ် “တဝီဝီ” မြည်သံအလား သင့်ကို လှည့်စားရန် ဤမျှသာ လိုအပ်သလော။ ဤသည်မှာ မည်ကဲ့သို့သော လူအမျိုးအစားနည်း။ ဤကဲ့သို့သော လူတို့ကို ဘုရားသခင်သည် မည်ကဲ့သို့ယူဆကြောင်း သင်သိသလော။ ဘုရားသခင်သည် ဤလူများကို ဆက်ဆံပုံနှင့်စပ်လျဉ်း၍ သူ၏သဘောထားမှာ အမှန်အားဖြင့် အလွန် ရှင်းလင်းပါသည်။ ဤလူတို့အား ဘုရားသခင်၏ ဆက်ဆံမှုမှာ ၎င်းတို့အား တမင်အဖက်မလုပ်ခြင်းသာ ဖြစ်ကာ၊ သူ၏ သဘောထားမှာ ၎င်းတို့အား မည်သည့်အာရုံစိုက်မှုမျှ မပြုခြင်းနှင့် ပညာမဲ့သော ဤလူတို့အား အလေးအနက် မထားခြင်းပင် ဖြစ်သည်။ အဘယ်ကြောင့် ဖြစ်သနည်း။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် သူ၏ စိတ်နှလုံးထဲတွင် သူ့အပေါ် အဆုံးအထိပင် ရန်လိုဖို့ ကတိပြုခဲ့ပြီး သူနှင့် သဟဇာတကျမည့် လမ်းခရီးကို ရှာဖွေရန်အတွက် မည်သည့်အခါမျှ မရည်ရွယ်ထားသော ထိုလူများကိုရယူရန် ဘုရားသခင်သည် လုံးဝ မကြံစည်ခဲ့သောကြောင့် ဖြစ်သည်။ ငါမိန့်မြွက်ထားသော ဤနှုတ်ကပတ်တော်များက လူတစ်ချို့ကို နာကျင်ကောင်း နာကျင်စေမည်။ ကောင်းပြီ၊ သင်တို့အား ငါ ဤသို့ အမြဲနာကျင်စေရန် သင်တို့ အလိုရှိသလော။ သင်တို့ အလိုရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ငါပြောသမျှမှာ အမှန်တရား ဖြစ်သည်။ အကယ်၍ ငါသည် သင်တို့အား ဤသို့ အမြဲတမ်းနာကျင်စေပြီး သင်၏အမာရွတ်များကို ထုတ်ဖော်ပြပါက သင်တို့၏ စိတ်နှလုံးထဲမှ အလွန်မြင့်မြတ်သော ဘုရားသခင်၏ ပုံသဏ္ဌာန်ကို ယင်းက ထိခိုက်စေမည်လော။ (မထိခိုက်စေပါ။) ယင်းက ထိခိုက်စေမည် မဟုတ်ကြောင်း ငါ လက်ခံသည်။ အဘယ်ကြောင့်ဆိုသော် သင်တို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင် မရှိခြင်းကြောင့်သာလျှင် ဖြစ်သည်။ သင်၏ စိတ်နှလုံးထဲ၌ နေထိုင်သော အလွန်မြင့်မြတ်သည့် ဘုရားသခင်၊ သင်တို့ အပြင်းအထန် ခုခံပြီး ကာကွယ်သောသူမှာ ဘုရားသခင် မဟုတ်ပေ။ ထို့ထက် သူသည် လူ့စိတ်အာရုံ၏ စိတ်ကူးသက်သက်ဖြစ်သည်၊ သူသည် တကယ်ပင် မတည်ရှိပေ။ ထို့ကြောင့် ငါသည် ဤပဟေဠိ၏ အဖြေကို ဖော်ထုတ်ခြင်းမှာ ပို၍ပင်ကောင်းပေသည်။ ဤအရာက သမ္မာတရားတစ်ခုလုံးကို ဖွင့်ချသည်မဟုတ်လော။ စစ်မှန်သော ဘုရားသခင်မှာ လူသားများက သူ အဘယ်အရာဖြစ်မည်ဟု စိတ်ကူးကြသည့်အရာ မဟုတ်ပေ။ ဤအမှန်တရားကို သင်တို့အားလုံး ရင်ဆိုင်နိုင်မည်ဟု ငါမျှော်လင့်ပြီး ၎င်းက ဘုရားသခင်အပေါ် သင်တို့၏ သိနားလည်ခြင်းအတွက် အထောက်အကူပြုလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၅၈၀

လျှပ်တပြက် လျှပ်စီးလက်ခြင်းအတွင်း တိရစ္ဆာန်တိုင်းသည် ၎င်း၏စစ်မှန်သောအသွင်ဖြင့် ဖော်ထုတ်ခြင်းခံရ၏။ ငါ့အလင်း၏ အလင်းပေးခြင်းကိုခံရသော...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၀၄

ကမ္ဘာဦးကျမ်း ၁၉:၁-၁၁ ကောင်းကင်တမန်နှစ်ပါးတို့သည် ညဦးအချိန်၌ သောဒုံမြို့သို့ ရောက်လာ၏။ လောတသည် မြို့တံခါးဝ၌ ထိုင်လျက် သူတို့ကိုမြင်လျှင်၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၈၈

လူသားမျိုးနွယ်အကြားတွင် ငါသည် လူအားလုံးကို အမျိုးအစား သုံးမျိုးအဖြစ် ခွဲခြားသည်။ ပထမအမျိုးအစားမှာ ဘာသာရေးဆိုင်ရာ ယုံကြည်မှုများမရှိသည့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၀၂

ပထမ လူ့ဇာတိခံယူသော ဘုရားသခင်သည် လူ့ဇာတိခံယူခြင်း၏ အလုပ်ကို ပြီးမြောက်အောင် မလုပ်ဆောင်ခဲ့ပေ၊ သူသည် ဘုရားသခင် ဇာတိပကတိ၌ လုပ်ဆောင်နိုင်ရန်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။