ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၂၄

ဘုရားသခင် ဧဝကို ဖန်ဆင်းသည်

ကမ္ဘာဦးကျမ်း ၂:၁၈-၂၀ ထိုအခါ ယေဟောဝါ ဘုရားသခင်က လူသည် တစ်ယောက်တည်းနေမည်မှာ မကောင်းပေ။ သူ့အတွက် သူနှင့်သင့်တော်သော အထောက်အမကို ငါဖန်တီးမည်။ ယေဟောဝါ ဘုရားသခင်သည် မြေထဲမှ မြေသားရဲတိရစ္ဆာန်တိုင်းနှင့် မိုးကောင်းကင် ငှက်အားလုံးတို့ကို ဖြစ်ပေါ်စေခဲ့ပြီး ၎င်းတို့ကို အာဒံ အဘယ်သို့ သတ်မှတ်ခေါ်ဝေါ်လိမ့်မည်ကို သိရန်အတွက် သူ့ထံသို့ ခေါ်ဆောင်လာခဲ့သည်။ အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို အာဒံ သတ်မှတ်ခေါ်ဝေါ်သော အမည်တိုင်းမှာ ယင်းနှင့် သက်ဆိုင်သောအမည် ဖြစ်လာခဲ့သည်။ အာဒံသည် ကျွဲနွား တိရစ္ဆာန်အပေါင်း၊ မိုးကောင်းကင်ငှက်များနှင့် မြေသားရဲ တိရစ္ဆာန်တိုင်းကို အမည်များပေးလေသည်။ သို့သော်လည်း အာဒံအတွက် သူနှင့် သင့်တော်သော အထောက်အမ မတွေ့ရသေးပေ။

ကမ္ဘာဦးကျမ်း ၂:၂၂-၂၃ ထိုအခါ ယေဟောဝါ ဘုရားသခင်သည် လူထဲကယူခဲ့သောနံရိုးဖြင့် မိန်းမတစ်ဦးကို ဖန်ဆင်းကာ လူသားထံသို့ သူမကို ဆောင်ခဲ့လေ၏။ ထို့နောက် အာဒံက ယခု ဤသူမှာ ငါ၏အရိုးများထဲကအရိုး၊ ငါ၏အသားထဲကအသား ဖြစ်၏၊ သူ့ကို လူ၏အထဲမှ ထုတ်ယူသောကြောင့် လူမိန်းမဟု ခေါ်ရမည်ဟု ဆိုလေသည်။

ကျမ်းစာ၏ဤအပိုင်း၌ အဓိကကျသည့် စာစုအချို့ရှိသည်။ ၎င်းတို့ကို မျဉ်းတားကြလော့။ “လူသည်လည်း အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို ခေါ်ဝေါ်သမုတ်သည့်အတိုင်း နာမည်အသီးအသီး ရှိကြ၏။” သက်ရှိသတ္တဝါအားလုံးကို မည်သူက နာမည်ပေးခဲ့သနည်း။ အာဒံဖြစ်သည်။ ဘုရားသခင် မဟုတ်ပေ။ ဤစာစုက လူသားမျိုးနွယ်အား အောက်ပါအချက်ကို ပြောသည်။ လူသားကို ဖန်ဆင်းစဉ်က ဘုရားသခင်သည် သူ့ကို အသိဉာဏ်ပေးခဲ့သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် လူသား၏အသိဉာဏ်က ဘုရားသခင်ထံမှ လာခြင်းဖြစ်သည်။ ဤသည်မှာ ကျိန်းသေပင်ဖြစ်သည်။ သို့သော် အဘယ်ကြောင့်နည်း။ ဘုရားသခင်သည် အာဒံကိုဖန်ဆင်း ပြီးနောက် အာဒံသည် ကျောင်းတက်ခဲ့သလော။ သူစာဖတ်တတ် သလော။ ဘုရားသခင်သည် သတ္တဝါအမျိုးမျိုးကို ဖန်ဆင်းပြီးနောက်တွင် ဤသတ္တဝါအားလုံးကို အာဒံမှတ်မိခဲ့ သလော။ ၎င်းတို့၏နာမည်များက မည်သို့ဖြစ်သည်ကို ဘုရားသခင်က အာဒံကို ပြောခဲ့သလော။ သေချာပေသည်၊ ဤသတ္တဝါများကို မည်သို့နာမည်ပေးရမည်ဆိုသည်ကို ဘုရားသခင်က သူ့ကို သင်မပေးခဲ့ပေ။ ဤသည်မှာ အမှန်တရားဖြစ်သည်။ ဤသို့ဆိုလျှင် သတ္တဝါများ၏ နာမည်များကို မည်သည့်နာမည်မျိုးပေးရမည်ဆိုသည်ကို သူမည်သို့သိခဲ့သနည်း။ ဤသည်မှာ ဘုရားသခင်က အာဒံကို ဖန်ဆင်းခဲ့စဉ်တွင် သူ့ကို အဘယ်အရာထည့်ပေးလိုက်သနည်း ဆိုသည့် မေးခွန်းနှင့်ဆိုင်သည်။ ဘုရားသခင်သည် လူကိုဖန်ဆင်းခဲ့စဉ်က သူ၏အသိဉာဏ်ကို လူသားထံ ထည့်သွင်း ပေးလိုက်သည်ကို အချက်အလက်များက သက်သေပြုသည်။ ဤသည်မှာ အဓိကကျသည့် အချက်ဖြစ်သည်။ သင်တို့အားလုံး ဂရုတစိုက် နားထောင်ခဲ့ကြသလော။ သင်တို့သေချာ နားလည်ထားရမည့် နောက်ထပ် အဓိကကျသည့်အချက်တစ်ခု ရှိသေးသည်။ ဤသက်ရှိသတ္တဝါများကို အာဒံက ၎င်းတို့၏ နာမည်များ ပေးပြီးသည့်အခါတွင် သူတို့နာမည်များသည် ဘုရားသခင်၏ ဝေါဟာရထဲတွင် ပြဋ္ဌာန်းခြင်းခံရသည်။ ငါအဘယ်ကြောင့် ထိုအရာကို ပြောသနည်း။ ဤအချက်၌လည်း ဘုရားသခင်၏စိတ်သဘောထား ပါဝင်သည်။ ငါရှင်းပြမှ ဖြစ်မည်။

ဘုရားသခင်သည် လူကိုဖန်ဆင်းခဲ့ပြီး လူအတွင်းသို့ ဇီဝအသက်ကို မှုတ်သွင်းခဲ့ကာ သူ၏အသိဉာဏ်၊ သူ၏ အစွမ်းများနှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းကိုလည်း လူကိုပေးခဲ့သည်။ ဘုရားသခင်က လူကို ဤအရာအားလုံးပေး ပြီးနောက်တွင် လူသားသည် အချို့အရာများကို တသီးတခြား လုပ်လာနိုင်ပြီး သူ့ဘာသာ တွေးခေါ်နိုင်လာသည်။ လူသားက ကြံစည်တွေးတောပြီး ပြုလုပ်သည့်အရာများက ဘုရားသခင်၏ အမြင်၌ ကောင်းမွန်သည်ဆိုလျှင် ဘုရားသခင်သည် လက်သင့်ခံပြီး ဝင်ရောက်စွက်ဖက်ခြင်းမရှိပေ။ လူသားပြုသည့် အရာက မှန်ကန်သည်ဆိုလျှင် ဘုရားသခင်သည် ဤအတိုင်းသာ လွှတ်ထားမည်ဖြစ်သည်။ ဤသို့ဆိုလျှင် “လူသည်လည်း အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို ခေါ်ဝေါ်သမုတ် သည့်အတိုင်း နာမည်အသီးအသီးရှိကြ၏” ဟူသည့်စာစုက အဘယ်အရာကို ညွှန်ပြသနည်း။ သတ္တဝါအမျိုးမျိုးတို့၏ နာမည်များကို ဘုရားသခင်သည် ပြန်လည်ပြင်ဆင်ခြင်း မရှိခြင်းကို ဖော်ပြသည်။ အာဒံက မည်သည့်နာမည်ကို ပေးခဲ့သည်ဖြစ်စေ ဘုရားသခင်က “ကောင်းပြီ” ဟုပြောပြီး ထိုနာမည်အတိုင်း စာရင်းသွင်းလိုက်မည်ဖြစ်သည်။ ဘုရားသခင်သည် သူ့ထင်မြင်ချက်များကို ပြောပြခဲ့သလော။ မပြောပေ၊ ဤသည်မှာ သေချာသည်။ ဤသို့ဆိုလျှင် ဤနေရာတွင် သင်တို့ အဘယ်အချက်ကိုမြင်သနည်း။ ဘုရားသခင်သည် လူကို အသိဉာဏ်ပေးခဲ့ပြီး လူသည် ဘုရားသခင်ပေးထားသည့် သူ၏အသိဉာဏ်ကို အမှုအရာများ လုပ်ဆောင်ရာ၌ အသုံးချခဲ့သည်။ လူသားလုပ်သည့်အရာက ဘုရားသခင်၏အမြင်တွင် အပြုသဘောဆောင်လျှင် မည်သည့်အကဲဖြတ်ခြင်း သို့မဟုတ် ဝေဖန်ခြင်းမျှမရှိဘဲ ဘုရားသခင်သည် အတည်ပြု အသိအမှတ်ပြုပြီး လက်ခံသည်။ ဤသည်မှာ လူပုဂ္ဂိုလ်၊ သို့မဟုတ် ဝိညာဉ်ဆိုး သို့မဟုတ် စာတန်တို့က ပြုလုပ်နိုင်သည့်အရာ မဟုတ်ပေ။ ဤနေရာတွင် ဘုရားသခင်၏စိတ်သဘောထား ဖွင့်ပြမှုကို သင်တို့မြင်သလော။ လူသားတစ်ဦး၊ ဖောက်ပြန်ပျက်စီးနေသည့် လူသားတစ်ဦး သို့မဟုတ် စာတန်သည် မိမိရှေ့တည့်တည့်တွင် သူတို့ကို ကိုယ်စားပြုပြီး အမှုအရာများ ပြုလုပ်နေခြင်းကို လက်ခံပါ့ မည်လော။ လုံးဝလက်ခံမည် မဟုတ်ပေ။ သူတို့နှင့်မတူညီသည့် ထိုအဖွဲ့ သို့မဟုတ် ထိုလူပုဂ္ဂိုလ်ကို ရာထူးနေရာအတွက်နှင့် သူတို့တိုက်ခိုက်မည်လော။ တိုက်ခိုက်မည်မှာ အသေအချာ ပင်တည်း။ ထိုအချိန်၌ အာဒံနှင့်အတူရှိနေခဲ့သည်မှာ ဖောက်ပြန်ပျက်စီးသည့် လူတစ်ယောက် သို့မဟုတ် စာတန်သာဆိုလျှင် အာဒံလုပ်နေခဲ့သည့်အရာကို သေချာပေါက် ငြင်းပယ်ကြမည် ဖြစ်သည်။ သူတို့၌ တသီးတခြားတွေးခေါ်နိုင်စွမ်းနှင့် ကိုယ်ပိုင် အသိဉာဏ်ရှိသည်ကို သက်သေပြဖို့ရန် အာဒံလုပ်သည့်အရာမှန်သမျှကို လုံးဝငြင်းပယ်ခဲ့ကြမည်ဖြစ်သည်။ “၎င်းကို ဤသို့သင်ခေါ်ချင်သလော။ ၎င်းကို ထိုသို့ ငါခေါ်မည်မဟုတ်။ ဤသို့သာ ငါခေါ်မည်။ ၎င်းကို သင်က တွမ်ဟုခေါ်သည်။ သို့သော် ငါမူကား ၎င်းကို ဟယ်ရီဟုခေါ်မည်။ ငါ၏ ဉာဏ်ထက်မြက်ခြင်းကို ငါကြွားရမည်။” ဤသည်မှာ မည်သို့သော သဘောသဘာဝမျိုး ဖြစ်သနည်း။ ယင်းမှာ အလွန်အမင်း မာနထောင်လွှားနေခြင်း မဟုတ်လော။ သို့ရာတွင် ဘုရားသခင်ထံ၌ ဤသို့သော စိတ်သဘောထားမျိုးရှိသလော။ အာဒံလုပ်သည့်အရာအပေါ်တွင် ထူးထူးခြားခြား ကန့်ကွက်ခြင်းမျိုး ဘုရားသခင်၌ ရှိခဲ့သလော။ မရှိဟု အတိအလင်းဖြေရပေမည်။ ဘုရားသခင်ဖော်ပြသည့် စိတ်သဘောထား၌ အငြင်းအခုန်ပြုခြင်း၊ မာနထောင်လွှားခြင်း သို့မဟုတ် မိမိသာမှန်ကန်သည်ဟူသည့်သဘောတို့ နည်းနည်းမျှ မပါဝင်ပေ။ ဤအချက်မှာ လုံးဝရှင်းသည်။ ဤသည်မှာ အသေးအဖွဲလေးသာ ရှိသေးသည်။ သို့ရာတွင် ဘုရားသခင်၏အနှစ်သာရကို သင်နားမလည်ပါက၊ သင့်နှလုံးသားသည် ဘုရားသခင်၏သဘောထားနှင့် ဘုရားသခင်ပြုမူပုံကို နားလည်ဖို့ မကြိုးစားပါက၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ စိတ်သဘောထား ဖွင့်ပြချက်နှင့် ဖော်ပြချက်တို့ကို သင်သိမည် မဟုတ်ပေ။ ထိုသို့ဖြစ်သည်မဟုတ်လော။ သင့်ကိုငါ ယခုရှင်းပြခဲ့သည့်အရာကို သင်သဘောတူသလော။ အာဒံ၏လုပ်ရပ်များအပေါ်တွင် ဘုရားသခင်က “ကောင်းမွန်စွာ သင်ပြုခဲ့ပေသည်။ မှန်ကန်စွာ သင်ပြုခဲ့ပြီ။ ငါထောက်ခံသည်” ဟူ၍ ကျယ်လောင်စွာ မကြွေးကြော်ပေ။ သို့ရာတွင် သူ့နှလုံးသားတွင်း၌မူ အာဒံလုပ်ခဲ့သည့်အရာကို အတည်ပြုခြင်း၊ အသိအမှတ်ပြု တန်ဖိုးထားခြင်းနှင့် အတည်ပြုခြင်းတို့ ပြုခဲ့သည်။ ဤသည်မှာ ဖန်ဆင်းမှုပြီးကတည်းက ဘုရားသခင်၏ ညွှန်ကြားချက်အတိုင်း လူသားလုပ်ဆောင်သည့် ပထမဆုံးသောအရာဖြစ်သည်။ ဤသည်မှာ လူသားက ဘုရားသခင်၏ကိုယ်စား ဘုရားသခင်ကိုအစားပြုပြီး လုပ်ခဲ့သည့်အရာဖြစ်သည်။ ဘုရားသခင်၏အမြင်တွင် ဤသည်မှာ လူသားကို သူပေးသနားခဲ့သည့် အသိဉာဏ်မှ ပေါ်ထွက်လာခြင်းဖြစ်သည်။ ဘုရားသခင်သည် ၎င်းကို ကောင်းသောအရာ၊ အပြုသဘောဆောင်သောအရာအနေနှင့် မြင်ခဲ့သည်။ ထိုအချိန်က အာဒံပြုခဲ့သည့်အရာမှာ လူသားအပေါ်၌ ဘုရားသခင့် အသိဉာဏ်၏ ပထမဆုံးသော သရုပ်သကန်ပင်ဖြစ်ခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ အမြင်အရ ကောင်းမွန်သည့် သရုပ်သကန်တစ်ခုဖြစ်ခဲ့သည်။ ဤအရာ၌ သင်တို့ကို ငါပြောချင်သည့် အရာမှာ ဘုရားသခင်သည် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်း၊ သူ့အသိဉာဏ်၏ အစိတ်အပိုင်းတစ်ခုအား လူသားကို ထည့်ပေးခြင်းက လူသားသည် ဘုရားသခင်ကို ပေါ်လွင်ထင်ရှား စေသည့် သက်ရှိသတ္တဝါဖြစ်နိုင်ရန်ဖြစ်သည်။ ထိုသက်ရှိ သတ္တဝါများသည် သူ့ကိုယ်စား အမှုအရာများကို ပြုလုပ်ခြင်းမှာ ဘုရားသခင်မြင်ချင်နေခဲ့သည့်အရာတစ်ခု ဖြစ်သည့်အတွက် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၁၇

အဆင်းနီသောနဂါးကြီး၏ တိုင်းပြည်၌ ဘုရားသခင်၏အမှုမှာ အလွန် အံ့သြချီးမွမ်းဖွယ်ဖြစ်ပြီး ဉာဏ်မမီနိုင်ပါပေ။ အသင်းတော်ထဲတွင် သမ္မာတရားကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၁၉

ယေဟောဝါ သူ၏အမှုကိုလုပ်ဆောင်ခဲ့သည့် နှစ်ပေါင်း နှစ်ထောင် ကာလမတိုင်မီ၊ လူသားသည် ဘာတစ်ခုမျှ မသိခဲ့ပေ၊ ထို့ပြင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၆၂

ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ တကယ့်အဓိပ္ပာယ်ကို စစ်မှန်စွာနားလည်လာခြင်းသည် ရိုးရှင်းသောကိစ္စ မဟုတ်ပေ။ ဤသို့ မထင်လေနှင့်- “ငါသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၄၉

ယောဘ၏ နေ့စဉ် အသက်တာထဲတွင် သူ၏ စုံလင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ခြင်းကို ငါတို့တွေ့ရသည်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။