ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၄၁

ယောဘကို ပထမဆုံးအကြိမ် စာတန်စုံစမ်းခြင်း (သူ၏ ခြံမွေးတိရစ္ဆာန်များ အခိုးယူခံရပြီး သူ၏ သားသမီးများအပေါ် ဘေးဒုက္ခဆိုက်ခြင်း) (လက်ရွေးစင် ကျမ်းပိုဒ်များ)

က။ ဘုရားသခင်ပြောသော နှုတ်ကပတ်တော်များ

ယောဘ ၁:၈ ယေဟောဝါက စာတန်အား၊ ငါ၏ အစေခံ ယောဘကို သင် ဆင်ခြင်မိပြီလော၊ မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဆိုးညစ်မှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်သည်ဟု ဆိုလေသည်။

ယောဘ ၁:၁၂ ယေဟောဝါက စာတန်ကို၊ ကြည့်လော့၊ သူ၌ ရှိသမျှတို့သည် သင်၏အာဏာစက်ထဲ၌ ရှိ၏။ သူ့ကိုယ်ပေါ်သာ သင့်လက်မရောက်စေနှင့်၊ ဟု မိန့်တော်မူ၏။ သို့နှင့် စာတန်သည် ယေဟောဝါ၏ထံတော်မှောက်မှ ထွက်သွားလေသည်။

ခ။ စာတန်၏ ပြန်ဖြေကြားချက်

ယောဘ ၁:၉-၁၁ စာတန်က၊ ယောဘသည် ဘုရားသခင်ကို အချည်းနှီး ကြောက်ရွံ့သလော။ ကိုယ်တော်သည် သူနှင့် သူ၏အိမ်၊ ပိုင်ဆိုင်သမျှတို့ကို အဘက်ဘက်မှ အကာအကွယ်ပြုထားသည် မဟုတ်လော။ သူ့လက်ဖြင့်လုပ်သော အမှုကို ကိုယ်တော်သည် ကောင်းကြီးပေးပြီး မြေတွင် သူ၏ပိုင်ဆိုင်မှု တိုးပွားပေပြီ။ သို့သော်၊ ယခု ကိုယ်တော်၏လက်ကို ဆန့်ကာ သူပိုင်ဆိုင်သမျှတို့ကို ထိပါလော့၊ သူသည် ကိုယ်တော်၏ မျက်နှာကို စေ့စေ့ကြည့်ကာ ကျိန်ဆဲလိမ့်မည်ဟု ယေဟောဝါကို ဖြေကြားလေသည်။

ယောဘ၏ ယုံကြည်ခြင်း စုံလင်ခြင်းသို့ရောက်စေမည့်အကြောင်း ယောဘကို စုံစမ်းနှောင့်ယှက်ရန် စာတန်ကို ဘုရားသခင် အခွင့်ပေးခြင်း

ယောဘ ၁:၈ သည် သမ္မာကျမ်းစာထဲတွင် ငါတို့ မြင်ရသည့် ယေဟောဝါဘုရားသခင်နှင့် စာတန်တို့ အပြန်အလှန် ပြောသောစကား၏ ပထမဆုံးမှတ်တမ်းဖြစ်သည်။ ဘုရားသခင်သည် မည်သည့်အရာကို ပြောခဲ့သနည်း။ မူရင်းစာသားသည် ဆက်လက်ဖော်ပြပါ ဖြစ်စဉ်ကို ဖော်ပြထားသည်၊ “ယေဟောဝါက စာတန်အား၊ ငါ၏ အစေခံ ယောဘကို သင် ဆင်ခြင်မိပြီလော၊ မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဆိုးညစ်မှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်သည်ဟု ဆိုလေသည်။” ဤသည်မှာ စာတန်ရှေ့တွင် ယောဘအပေါ် ဘုရားသခင်၏ အကဲဖြတ်ခြင်း ဖြစ်ခဲ့သည်၊ သူသည် စုံလင်၍ ဖြောင့်မတ်သော လူတစ်ဦးဖြစ်သည်၊ ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်သူဖြစ်သည်ဟု ဘုရားသခင်က ဆိုခဲ့ပါသည်။ ဘုရားသခင်နှင့် စာတန်အကြား ဤစကားများမပြောမီ ဘုရားသခင်က သူသည် စာတန်ကို အသုံးပြု၍ ယောဘကို စုံစမ်းနှောင့်ယှက်စေမည်၊ ယောဘကို စာတန်လက်သို့ အပ်မည်ဟု ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။ အချက်တစ်ချက်အနေဖြင့် ယောဘကို ဘုရားသခင်၏ မှတ်ချက်ချခြင်းနှင့် သုံးသပ်ခြင်းတို့မှာ မှန်ကန်ခဲ့ပြီး အမှားအယွင်း မရှိခဲ့ကြောင်း ဤအရာက သက်သေပြပြီး ယောဘ၏ သက်သေခံချက်အားဖြင့် စာတန်ကို အရှက်ရစေမည် ဖြစ်သည်၊ အခြားအချက်အနေဖြင့် ၎င်းသည် ဘုရားသခင်အား ယောဘ၏ ယုံကြည်ခြင်းနှင့် ဘုရားသခင်အား ကြောက်ရွံ့ခြင်းကို စုံလင်စေမည် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ရှေ့သို့ စာတန်လာသည့်အခါ ဘုရားသခင်သည် မလိမ့်တစ်ပတ် မပြောခဲ့ပါ။ သူသည် လိုရင်းတိုရှင်း ဖြတ်၍ စာတန်အား “ငါ၏ အစေခံ ယောဘကို သင် ဆင်ခြင်မိပြီလော၊ မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဆိုးညစ်မှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်သည်” ဟု မေးခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်၏ မေးခွန်းထဲတွင် ဆက်လက်ဖော်ပြပါ အဓိပ္ပာယ်ရှိသည်၊ စာတန်သည် အရပ်တကာသို့ လှည့်လည်သွားလာခဲ့ပြီးကြောင်းနှင့် ဘုရားသခင်၏ အစေခံ ဖြစ်သော ယောဘအပေါ် မကြာခဏ စောင့်ကြည့်ခဲ့ပြီးကြောင်းကို ဘုရားသခင်သိသည်။ ၎င်းသည် သူ့ကို မကြာခဏ စုံစမ်းနှောင့်ယှက်ပြီး တိုက်ခိုက်ခဲ့ကာ ဘုရားသခင်အပေါ် ယောဘ၏ ယုံကြည်ခြင်းနှင့် ဘုရားသခင်အား ကြောက်ရွံ့ခြင်းသည် မခိုင်မြဲနိုင်ကြောင်းကို သက်သေပြရန်အတွက် ယောဘအပေါ် ပျက်စီးခြင်း ကျရောက်စေမည့် နည်းလမ်းတစ်ခုကို ရှာရန် ကြိုးစားနေခဲ့သည်။ ယောဘသည် ဘုရားသခင်ကို စွန့်ပစ်ပြီး ဘုရားသခင်၏လက်ထဲမှ သူ့ကို ဖမ်းဆီးနိုင်ရန် စာတန်သည် ယောဘကို မွှေနှောက်ဖျက်ဆီးရန် အခွင့်အရေးများကိုလည်း အဆင်သင့် ရှာခဲ့သည်။ သို့သော်လည်း ဘုရားသခင်သည် ယောဘ၏ စိတ်နှလုံးအတွင်းသို့ကြည့်ပြီး သူသည် စုံလင်၍ ဖြောင့်မတ်ကြောင်းနှင့် သူသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြောင်းကို မြင်ခဲ့သည်။ ယောဘသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် စုံလင်၍ ဖြောင့်မတ်သော လူတစ်ဦးဖြစ်ကြောင်း၊ ယောဘသည် ဘုရားသခင်ကို စွန့်ပစ်ကာ စာတန်နောက် မည်သည့်အခါမျှ လိုက်မည် မဟုတ်ကြောင်းကို စာတန်အား ပြောရန် ဘုရားသခင်သည် မေးခွန်းတစ်ခုကို အသုံးပြုခဲ့သည်။ ယောဘအပေါ် ဘုရားသခင်၏ ချီးကျူးခြင်းကို ကြားပြီးသည့်အခါ စာတန်အထဲတွင် အရှက်ကွဲခြင်းကြောင့် ဒေါသူပုန်ထခြင်း ဖြစ်ပေါ်လာပြီး ၎င်းသည် ပို၍ စိတ်ဆိုး၍ ယောဘကို ဆတ်ခနဲလုယူရန် ပို၍ ဆန္ဒစောလာခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ဦးသည် စုံလင်၍ ဖြောင့်မတ်နိုင်ကြောင်း၊ သို့မဟုတ် ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်ကြောင်းကို စာတန်သည် မည်သည့်အခါမျှ မယုံကြည်ခဲ့ခြင်းကြောင့် ဖြစ်သည်။ တစ်ချိန်တည်းတွင် စာတန်သည် လူထဲမှ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းကိုလည်း မလိုလားခဲ့ဘဲ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်သော လူများကို မုန်းတီးခဲ့သည်။ ထို့ကြောင့် ယောဘ ၁:၉-၁၁ ထဲ၌ “ယောဘသည် ဘုရားသခင်ကို အချည်းနှီး ကြောက်ရွံ့သလော။ ကိုယ်တော်သည် သူနှင့် သူ၏အိမ်၊ ပိုင်ဆိုင်သမျှတို့ကို အဘက်ဘက်မှ အကာအကွယ်ပြုထားသည် မဟုတ်လော။ သူ့လက်ဖြင့်လုပ်သော အမှုကို ကိုယ်တော်သည် ကောင်းကြီးပေးပြီး မြေတွင် သူ၏ပိုင်ဆိုင်မှု တိုးပွားပေပြီ။ သို့သော်၊ ယခု ကိုယ်တော်၏လက်ကို ဆန့်ကာ သူပိုင်ဆိုင်သမျှတို့ကို ထိပါလော့၊ သူသည် ကိုယ်တော်၏ မျက်နှာကို စေ့စေ့ကြည့်ကာ ကျိန်ဆဲလိမ့်မည်ဟု ယေဟောဝါကို ဖြေကြားလေသည်” ဟု ရေးထားခြင်း ဖြစ်သည်။ ဘုရားသခင်သည် စာတန်၏ အငြိုးထားတတ်သော သဘာဝကို အတွင်းကျကျ သိကျွမ်းပြီး စာတန်သည် ယောဘအပေါ်သို့ ပျက်စီးခြင်း ကျရောက်စေရန် ကြံစည်နေခဲ့သည်မှာ ကာလအတန်ကြာခဲ့ပြီ ဖြစ်ကြောင်းကို အစုံအစေ့ ကောင်းစွာ သိခဲ့ပြီးဖြစ်သည်၊ ထို့ကြောင့် ဤအရာထဲ၌ ယောဘသည် စုံလင်၍ ဖြောင့်မတ်ကြောင်းနှင့် သူသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြောင်း စာတန်ကို နောက်တဖန် ဆိုခြင်းအားဖြင့် ဘုရားသခင်သည် စာတန်ကို လက်ခံစေရန်၊ သူ၏ သရုပ်မှန်ကို ထုတ်ဖော်ရန်နှင့် ယောဘကို တိုက်ခိုက်ပြီး စုံစမ်းနှောင့်ယှက်စေရန် ဘုရားသခင် အလိုရှိခဲ့သည်။ တစ်နည်းဆိုသော် ယောဘသည် စုံလင်၍ ဖြောင့်မတ်ကြောင်းနှင့် သူသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြောင်းကို ဘုရားသခင်သည် တမင်တကာ အသားပေးခဲ့ပြီး ယောဘသည် စုံလင်ပြီး ဖြောင့်မတ်သော လူတစ်ဦးဖြစ်ပုံ၊ ဘုရားသခင်အား ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သူဖြစ်ပုံအပေါ် စာတန်၏ မုန်းတီးခြင်းနှင့် အမျက်ဒေါသကြောင့် ဤနည်းလမ်းအားဖြင့် စာတန်အား ယောဘကို တိုက်ခိုက်စေခဲ့သည်။ ရလဒ်အနေဖြင့် ယောဘသည် စုံလင်၍ ဖြောင့်မတ်သောသူ တစ်ဦးဖြစ်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်သောသူဖြစ်ခြင်း အကြောင်းကြောင့် ဘုရားသခင်သည် စာတန်ကို အရှက်ရစေမည်ဖြစ်ပြီး စာတန်သည် လုံးလုံးလျားလျား အရှက်တကွဲဖြစ်၍ ရှုံးနိမ့်မည်ဖြစ်သည်။ ယင်းနောက်တွင် စာတန်သည် ယောဘ၏ စုံလင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း သို့မဟုတ် မကောင်းမှု ရှောင်ခြင်းနှင့်ပတ်သက်ပြီး ဆက်၍ သံသယရှိလိမ့်မည် သို့မဟုတ် စွဲချက်များ တင်လိမ့်မည် မဟုတ်တော့ပေ။ ဤနည်းဖြင့် ဘုရားသခင်၏ စမ်းသပ်မှုနှင့် စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းမှာ ရှောင်လွှဲ၍ မရသည့်နီးနီး ဖြစ်ခဲ့သည်။ ဘုရားသခင်၏ စမ်းသပ်မှုနှင့် စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းကို ကြံ့ကြံ့ခံနိုင်ခဲ့သည့် တစ်ဦးတည်းသောသူမှာ ယောဘ ဖြစ်သည်။ ဤသို့ အပြန်အလှန် ပြောဆိုပြီးနောက်တွင် စာတန်သည် ယောဘကို စုံစမ်းနှောင့်ယှက်ရန် အခွင့် ရရှိခဲ့သည်။ ထို့ကြောင့် စာတန်၏ ပထမအကြိမ် တိုက်ခိုက်မှုများ စတင်ခဲ့သည်။ ဤတိုက်ခိုက်မှုများ၏ ပစ်မှတ်မှာ ယောဘ၏ ဥစ္စာပစ္စည်း ဖြစ်ခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် စာတန်က ယောဘအား ဆက်လက်ဖော်ပြပါအတိုင်း စွဲချက်တင်ခဲ့ခြင်းကြောင့် ဖြစ်သည်၊ “ယောဘသည် ဘုရားသခင်ကို အချည်းနှီး ကြောက်ရွံ့သလော။...သူ့လက်ဖြင့်လုပ်သော အမှုကို ကိုယ်တော်သည် ကောင်းကြီးပေးပြီး မြေတွင် သူ၏ပိုင်ဆိုင်မှု တိုးပွားပေပြီ” ရလဒ်တစ်ခုအနေဖြင့် ဘုရားသခင်သည် ယောဘ၌ ရှိသမျှကို နှုတ်ယူရန် စာတန်ကို အခွင့်ပေးခဲ့သည်၊ ၎င်းမှာ စာတန်အား ဘုရားသခင် စကားပြောခဲ့ရခြင်း၏ ရည်ရွယ်ချက် ဖြစ်သည်။ သို့သော်လည်း ဘုရားသခင်သည် စာတန်အား တောင်းဆိုခဲ့သည့် တောင်းဆိုချက်တစ်ခုမှာ၊ “ယေဟောဝါက စာတန်ကို၊ ကြည့်လော့၊ သူ၌ ရှိသမျှတို့သည် သင်၏အာဏာစက်ထဲ၌ ရှိ၏။ သူ့ကိုယ်ပေါ်သာ သင့်လက်မရောက်စေနှင့်” (ယောဘ ၁:၁၂) ဟူ၍ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်သည် ယောဘကို စုံစမ်းနှောင့်ယှက်ရန် စာတန်အား ခွင့်ပြုခဲ့ပြီး ယောဘကို စာတန်၏ လက်ထဲသို့ အပ်ပြီးသည့်နောက်တွင် ဘုရားသခင် ချမှတ်ခဲ့သော သတ်မှတ်ချက် တစ်ခုဖြစ်ပြီး စာတန်အတွက် သူသတ်မှတ်ခဲ့သော ကန့်သတ်ချက် ဖြစ်သည်၊ ယောဘကို အန္တရာယ်မပြုရန် စာတန်ကို သူအမိန့်ပေးခဲ့သည်။ ယောဘသည် စုံလင်ပြီး ဖြောင့်မတ်သည်ကို ဘုရားသခင် အသိအမှတ်ပြုခဲ့ပြီး သူ့ရှေ့၌ ယောဘ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းမှာ သံသယ ဖြစ်ဖွယ်မရှိကြောင်းနှင့် စစ်ဆေးခြင်းကို ခံရပါက ကြံ့ကြံ့ခံနိုင်မည်ဖြစ်ကြောင်း သူ၌ ယုံကြည်ခြင်း ရှိခဲ့ခြင်းကြောင့် ဘုရားသခင်သည် ယောဘကို စုံစမ်းနှောင့်ယှက်ရန် စာတန်ကို ခွင့်ပြုခဲ့ခြင်း ဖြစ်သော်လည်း စာတန်အပေါ် ကန့်သတ်ချက် တစ်ခုကို သတ်မှတ်ခဲ့သည်၊ စာတန်သည် ယောဘ၏ ဥစ္စာပစ္စည်း အားလုံးကို နှုတ်ယူရန် အခွင့်ရခဲ့သော်လည်း သူ့အပေါ် လက်ချောင်းတစ်ချောင်းပင် မတင်နိုင်ခဲ့ချေ။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းမှာ ဘုရားသခင်သည် ယောဘကို စာတန်ထံ လုံးလုံးလျားလျား မပေးအပ်ခဲ့ကြောင်းကို ဆိုလိုခြင်း ဖြစ်သည်။ စာတန်သည် ယောဘကို ၎င်းအလိုရှိသည့် မည်သည့် နည်းလမ်းဖြင့်မဆို စုံစမ်းနှောင့်ယှက်နိုင်ခဲ့သော်လည်း ယောဘကို ထိခိုက်နာကျင်စေနိုင်ခြင်း မရှိ၊ သူ၏ ဦးခေါင်းပေါ်မှ ဆံပင် တစ်ပင်ကိုပင်လျှင် မထိခိုက်စေနိုင်ပါ၊ အဘယ်ကြောင့်ဆိုသော် လူ၏ အရာခပ်သိမ်းကို ဘုရားသခင် ထိန်းချုပ်ထားပြီး လူ၏ရှင်ခြင်း သို့မဟုတ် သေခြင်းတို့ကို ဘုရားသခင် ဆုံးဖြတ်ပြီး စာတန်၌ ယင်းခွင့်ပြုချက် မရှိခြင်းကြောင့် ဖြစ်သည်။ ဤစကားများကို စာတန်အား ဘုရားသခင် ဆိုခဲ့ပြီးနောက်တွင် စာတန်သည် အလုပ်စရန် မစောင့်နိုင်ခဲ့ပေ။ ၎င်းသည် နည်းလမ်း အမျိုးမျိုးကို အသုံးပြု၍ ယောဘကို စုံစမ်းနှောင့်ယှက်ခဲ့ပြီး များမကြာမီ ယောဘသည် သူ့ကို ဘုရားသခင် ပေးခဲ့သော တောင်တစ်တောင်စာရှိသော သိုး နွားများနှင့် ဥစ္စာပစ္စည်း အားလုံးကို ဆုံးရှုံးခဲ့ရသည်...ဤသို့ဖြင့် ဘုရားသခင်၏ စမ်းသပ်မှုများသည် သူ့အပေါ် ရောက်လာခဲ့သည်။

သမ္မာကျမ်းစာသည် ငါတို့အား ယောဘ စုံစမ်းနှောင့်ယှက်ခံရခြင်း၏ ဇာစ်မြစ်များကို ပြောပြသော်လည်း ဤစုံစမ်းနှောင့်ယှက်ခြင်းများကို ခံရသော ယောဘကိုယ်တိုင်သည် မည်သည့်အရာများ ဖြစ်နေသည်ကို သိခဲ့သလော။ ယောဘသည် သေမျိုးဖြစ်သော လူသားတစ်ဦးမျှသာ ဖြစ်သည်၊ သူ့နောက်ကွယ်၌ ဖွင့်ဟထားသော ဇာတ်ကြောင်းကို သူသိခဲ့မည် မဟုတ်သည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော်လည်း သူ့အပေါ် ဘုရားသခင်၏ စမ်းသပ်မှုများ ရောက်လာခဲ့ပြီ ဖြစ်ကြောင်းကို ဘုရားသခင်အား သူ၏ ကြောက်ရွံ့ခြင်းနှင့် သူ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့က သူ့အား သဘောပေါက်စေခဲ့သည်။ ဝိညာဉ်ရေးရာ လောကထဲ၌ မည်သည်တို့ ဖြစ်ပျက်ခဲ့ကြောင်းနှင့် ဤစမ်းသပ်မှုများ၏ နောက်ကွယ်မှ ဘုရားသခင်၏ ရည်ရွယ်ချက်များမှာ မည်သည်တို့ ဖြစ်ကြောင်းကို သူမသိခဲ့ချေ။ သို့သော်လည်း သူ၌ မည်သည်တို့ ဖြစ်ပျက်ခဲ့ပါစေ သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းကို စစ်မှန်စွာ ဆုပ်ကိုင်ပြီး ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်သည့် လမ်းကို လိုက်နာသင့်ကြောင်းကို သူအမှန် သိခဲ့သည်။ ယောဘ၏ သဘောထားနှင့် ဤအမှုအရာများအပေါ် တုံ့ပြန်မှုကို ဘုရားသခင်သည် ရှင်းလင်းစွာ ရှုမြင်ခဲ့သည်။ ဘုရားသခင်သည် မည်သည်တို့ကို မြင်ခဲ့သနည်း။ ဘုရားသခင်ကို ကြောက်ရွံ့သည့် ယောဘ၏ စိတ်နှလုံးကို သူမြင်ခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် အစအဦးမှ ယောဘ စစ်ဆေးခံရသည့် အချိန်အထိ ယောဘ၏ စိတ်နှလုံးသည် ဘုရားသခင်အား လမ်းဖွင့်ပေးခဲ့ခြင်း၊ စိတ်နှလုံးကို ဘုရားသခင် ရှေ့၌ ချထားခဲ့ခြင်းနှင့် ယောဘသည် သူ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းကို စွန့်လွှတ်ခဲ့ခြင်း မရှိသည့်အပြင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် လမ်းကို ပစ်ပယ်ခြင်း သို့မဟုတ် ထိုလမ်းမှ လှည့်သွားခြင်း မရှိခြင်းကြောင့်ဖြစ်သည်၊ ဘုရားသခင်အား ထိုထက်ပို၍ ကျေနပ်ဝမ်းမြောက်စေနိုင်သောအရာ တစ်စုံတစ်ခုမျှ မရှိခဲ့ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၄၇

ဖိလဒေလဖိအသင်းတော်သည် ရုပ်လုံးပေါ်လာခဲ့သည်မှာ ဘုရားသခင်၏ကျေးဇူးနှင့် ကရုဏာတော်ကြောင့် လုံးလုံးဖြစ်၏။ ၎င်းတို့၏ ဝိညာဉ်ရေးရာ ခရီးပေါ်တွင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၃၀

ယေရှုနှင့် ငါသည် ဝိညာဉ်တော် တစ်ပါးတည်းမှလာသည်။ ငါတို့နှစ်ဦးသည် ဇာတိခန္ဓာအားဖြင့် ဆက်စပ်မှုမရှိသော်လည်း ငါတို့၏ဝိညာဉ်များမှာမူ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၈၈

ပေတရု ကြိုးစားခဲ့သည့်အရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်းနှင့် သူ့အတွက် ဘုရားသခင် ပေးခဲ့သည့် အမျိုးမျိုးသော စမ်းသပ်မှုများ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၉

လူတို့သည် ဘုရားသခင်ကိုကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ခြင်းရှိမရှိ စစ်ဆေးရန် ဘုရားသခင်သည် အမျိုးမျိုးသော စမ်းသပ်မှုများကို အသုံးချသည်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။