ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၄၃

15.03.2021

ယောဘကို စာတန် နောက်ထပ်တဖန် စုံစမ်းနှောင့်ယှက်လေ၏ (ယောဘ၏ ခန္ဓာကိုယ် တစ်ခုလုံး၌ ဆိုးသောအနာစိမ်းများ စွဲကပ်ခြင်း)

က။ ဘုရားသခင် ပြောသော စကားများ

ယောဘ ၂:၃ ယေဟောဝါက စာတန်အား၊ ငါ၏ အစေခံ ယောဘကို သင် ဆင်ခြင်မိပြီလော၊ မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဆိုးညစ်မှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်သည်၊ အကြောင်းမရှိဘဲ သူ့ကို ဖျက်ဆီးရန် သင်သည် ငါ့ကို သူနှင့်ဆန့်ကျင်စေသော်လည်း သူသည် သူ၏တည်ကြည်မှုကို မြဲမြံစွာ စွဲကိုင်လျက်ရှိသေး၏ဟု မိန့်တော်မူ၏။

ယောဘ ၂:၆ ထိုအခါ ယေဟောဝါက စာတန်အား၊ သူသည် သင်လက်ထဲ၌ ရှိ၏၊ သို့ရာတွင် သူ၏ အသက်ကို ချန်ထားလော့ဟု မိန့်တော်မူ၏။

ခ။ စာတန် ပြောသော စကားများ

ယောဘ ၂:၄-၅ စာတန်ကလည်း၊ အရေအဖို့အရေ ဆိုသကဲ့သို့ လူသည် သူ၏အသက်အတွက် ပိုင်ဆိုင်သမျှတို့ကို အမှန်စင်စစ် ပေးပါလိမ့်မည်။ သို့သော် ယခု ကိုယ်တော်၏လက်ကို ဆန့်ကာ သူ၏အရိုးနှင့် အသွေးအသားတို့ကို ထိပါလော့၊ သူသည် ကိုယ်တော်၏ မျက်နှာကို စေ့စေ့ကြည့်ကာ ကျိန်ဆဲလိမ့်မည်ဟု ယေဟောဝါကို ဖြေကြားလေသည်။

ဂ။ စမ်းသပ်မှုကို ယောဘ ကိုင်တွယ်ဖြေရှင်းပုံ

ယောဘ ၂:၉-၁၀ ထိုအခါမယားက၊ သင်သည် ဖြောင့်မတ်သောတရားကို စွဲလမ်းသေးသလော။ ဘုရားသခင်ကို စွန့်ပယ်၍ သေလော့ဟုဆို၏။ ယောဘကလည်း၊ မိန်းမမိုက်ပြောတတ်သကဲ့သို့ သင်သည်ပြော၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလောဟုဆို၏။ ယောဘသည် ဤအမှုများနှင့် တွေ့ကြုံသော်လည်း နှုတ်ဖြင့်မျှမမှားယွင်း။

ယောဘ ၃:၃ ငါဖွားသော နေ့ရက်ပျက်စီးပါစေ။ သားယောက်ျားကို ပဋိသန္ဓေယူပြီဟု သတင်းကြားပြောသော ညဉ့်လည်း ပျက်စီးပါစေ။

ဘုရားသခင်၏ လမ်းခရီးအပေါ် ယောဘ၏ ချစ်ခြင်းမှာ အခြားအရာခပ်သိမ်းထက် သာလွန်ခြင်း

သမ္မာကျမ်းသည် ဘုရားသခင်နှင့် စာတန်အကြား ပြောသောစကားများကို ဤကဲ့သို့ မှတ်တမ်းတင်ထားသည်- “ယေဟောဝါက စာတန်အား၊ ငါ၏ အစေခံ ယောဘကို သင် ဆင်ခြင်မိပြီလော၊ မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဆိုးညစ်မှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်သည်၊ အကြောင်းမရှိဘဲ သူ့ကို ဖျက်ဆီးရန် သင်သည် ငါ့ကို သူနှင့်ဆန့်ကျင်စေသော်လည်း သူသည် သူ၏တည်ကြည်မှုကို မြဲမြံစွာ စွဲကိုင်လျက်ရှိသေး၏ဟု မိန့်တော်မူ၏။” (ယောဘ၂:၃) အပြန်အလှန်ပြောသော ဤစကားထဲတွင် ဘုရားသခင်သည် စာတန်အား တူညီသောမေးခွန်းကို ထပ်၍မေးလေ၏။ ၎င်းမှာ ပထမအကြိမ် စမ်းသပ်မှုအတောအတွင်း ယောဘ လက်တွေ့ပြခဲ့ပြီး အသက်ရှင်နေထိုင်ခဲ့သော အရာအပေါ် ယေဟောဝါဘုရားသခင်၏ ထောက်ခံကြောင်းပြသည့် အကဲဖြတ်ချက်ကိုပြသော မေးခွန်းတစ်ခုဖြစ်ပြီး စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းကို မကျော်ဖြတ်မီ ယောဘအပေါ် ဘုရားသခင်၏ အကဲဖြတ်ချက်နှင့် မကွဲပြားသော အရာတစ်ခု ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ယောဘအပေါ် စုံစမ်းနှောင့်ယှက်ခြင်း မရောက်လာမီ ဘုရားသခင်၏ အမြင်တွင် သူသည် ဖြောင့်မတ်ခြင်းကြောင့် ဘုရားသခင်သည် သူနှင့် သူ၏မိသားစုကို ကာကွယ်ခဲ့ပြီး သူ့ကို ကောင်းချီးပေးခဲ့ခြင်း ဖြစ်သည်၊ သူသည် ဘုရားသခင်၏ အမြင်တွင် ကောင်းချီးပေးခြင်းကို ခံထိုက်သောသူ ဖြစ်ခဲ့သည်။ စုံစမ်းနှောင့်ယှက်ခြင်းပြီးနောက် ယောဘသည် သူ၏ဥစ္စာပစ္စည်းနှင့် သားသမီးများကို ဆုံးရှုံးခဲ့ရခြင်းကြောင့် သူ၏နှုတ်ခမ်းများဖြင့် မပြစ်မှားဘဲ ယေဟောဝါ၏နာမကို ဆက်၍ ချီးမွမ်းခဲ့သည်။ သူ၏ပြုမူပုံအမှန်သည် သူ့အား ဘုရားသခင် ချီးကျူးပြီး အမှတ်ပြည့်ပေးစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယောဘ၏အမြင်တွင် သူ၏သားသမီး သို့မဟုတ် သူ၏ ပိုင်ဆိုင်မှုများသည် ဘုရားသခင်ကို သူစွန့်ပစ်ရန် လုံလောက်ခြင်း မရှိခဲ့ပေ။ တစ်နည်းဆိုသော် သူ၏ စိတ်နှလုံးထဲမှ ဘုရားသခင်၏ နေရာကို သူ၏သားသမီးများ သို့မဟုတ် ဥစ္စာပစ္စည်း တစ်စုံတစ်ရာဖြင့် အစားထိုးနိုင်ခဲ့ခြင်း မရှိပေ။ ယောဘအပေါ် ပထမအကြိမ် စုံစမ်းနှောင့်ယှက်ခြင်း ကျရောက်စဉ် ဘုရားသခင်အပေါ် သူ၏ချစ်ခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် လမ်းခရီးအပေါ် သူ၏ချစ်ခြင်းသည် အခြား အရာအားလုံးထက် သာလွန်ကြောင်းကို ဘုရားသခင်အား သူပြခဲ့သည်။ ဤစမ်းသပ်မှုသည် ယောဘအား ယေဟောဝါဘုရားသခင်ထံမှ ဆုလာဘ်တစ်ခုကို လက်ခံရရှိပြီး သူ၏ ဥစ္စာပစ္စည်းနှင့် သားသမီးများကို ဘုရားသခင် ရုပ်သိမ်းသည့် အတွေ့အကြုံကို ပေးခဲ့ရုံမျှသာ ဖြစ်သည်။

ယောဘအတွက်မူကား ဤသည်မှာ သူ၏ စိတ်ဝိညာဉ်ကို သန့်စင်ဆေးကြောပေးသည့် စစ်မှန်သော အတွေ့အကြုံ တစ်ခု ဖြစ်ခဲ့သည်၊ ၎င်းမှာ သူ၏ ရှင်သန်ဖြစ်တည်မှုကို ပြည့်ဝစေသော အသက်ဗတ္တိဇံ တစ်မျိုး ဖြစ်သည် သာမက ဘုရားသခင်အပေါ် သူ၏ နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းကို စုံစမ်းခဲ့သော ခမ်းနားသည့် ဧည့်ခံပွဲ တစ်ခုဖြစ်ခဲ့သည်။ ဤစုံစမ်းနှောင့်ယှက်ခြင်းသည် ယောဘအား သူဌေးသူကြွယ်တစ်ဦးအဖြစ် ရပ်တည်နေရာမှ ဘာမျှမရှိသောသူ တစ်စုံတစ်ဦးအဖြစ် ပြောင်းလဲခဲ့ပြီး ၎င်းသည် လူသားမျိုးနွယ်အပေါ် စာတန်၏ နှိပ်စက်ညှဉ်းပန်းမှုကိုလည်း သူ့အား ကြုံတွေ့ခံစားစေရန် အခွင့်ပေးခဲ့သည်။ သူ၏ပျက်စီးခြင်းသည် သူ့အား စာတန်ကို ရွံရှာစေခဲ့ခြင်း မရှိဘဲ သူသည် စာတန်၏ ဆိုးညစ်သော လုပ်ရပ်များထဲမှ စာတန်၏ အကျည်းတန်မှုနှင့် စက်ဆုပ်မှုတို့ကို သာမက ဘုရားသခင်အား စာတန်၏ ရန်လိုမှုနှင့် ပုန်ကန်မှုတို့ကို မြင်ခဲ့ပြီး ဤအရာသည် ဘုရားသခင်အား ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် လမ်းခရီးကို ခိုင်မြဲစွာ အစဉ်ဆုပ်ကိုင်စေရန် သူ့အား ပို၍ တိုက်တွန်းအားပေးခဲ့သည်။ သူသည် ဥစ္စာပစ္စည်း၊ သားသမီးများ သို့မဟုတ် ဆွေမျိုးရင်းချာများစသည့် ပြင်ပအကြောင်းရင်းများကြောင့် မည်သည့်အခါမျှ ဘုရားသခင်ကို စွန့်ပယ်ပြီး ဘုရားသခင်၏ လမ်းကို ကျောခိုင်းမည် မဟုတ်သည့်အပြင် စာတန်၏ ကျွန်တစ်ဦး၊ ပိုင်ဆိုင်မှု သို့မဟုတ် တစ်စုံတစ်ဦး ဖြစ်မည် မဟုတ်ဘဲ ယေဟောဝါဘုရားသခင်မှအပ မည်သူမျှ သူ၏အရှင်သခင် သို့မဟုတ် သူ၏ဘုရားသခင် ဖြစ်နိုင်မည် မဟုတ်ကြောင်း သူသစ္စာဆိုခဲ့သည်။ ယင်းတို့မှာ ယောဘ၏ ပြင်းပြသောဆန္ဒများ ဖြစ်ခဲ့သည်။ စုံစမ်းနှောင့်ယှက်ခြင်း၏ အခြားတစ်ဖက်တွင် ယောဘသည် တစ်စုံတစ်ခုကိုလည်း ရရှိခဲ့သည်၊ သူ့အပေါ် ဘုရားသခင်ပေးခဲ့သော စမ်းသပ်မှုများကြားတွင် ကြီးစွာသော ချမ်းသာကြွယ်ဝမှုများကို သူရခဲ့သည်။

လွန်လေပြီးသော ဆယ်စုနှစ်အချို့မှ အသက်တာ တစ်လျှောက်လုံး ယောဘသည် ယေဟောဝါ၏ လုပ်ဆောင်ချက်များကို ရှုမြင်ခဲ့ရပြီး သူ့အတွက် ယေဟောဝါဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရခဲ့ပြီး ဖြစ်သည်။ ၎င်းတို့မှာ သူ့အား အလွန့်အလွန် နေမထိထိုင်မသာ ဖြစ်စေပြီး အကြွေးတင်ရှိကြောင်း ခံစားစေခဲ့သော ကောင်းချီးမင်္ဂလာများ ဖြစ်ခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် သူသည် ဘုရားသခင်အတွက် မည်သည့်အရာကိုမျှ လုပ်ဆောင်ခဲ့ခြင်း မရှိသော်လည်း ယင်းကဲ့သို့ များစွာသော ကောင်းချီးမင်္ဂလာများ ပေးအပ်ခြင်းကို ခံခဲ့ရပြီး မြောက်မြားစွာသော ကျေးဇူးတော်ကို မွေ့လျော်ခံစားခဲ့ရသည်ဟု သူယုံကြည်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ဤအကြောင်းပြချက်ကြောင့် သူ၏စိတ်နှလုံးထဲတွင် သူသည် မကြာခဏ ဆုတောင်းခဲ့၍ သူသည် ဘုရားသခင်အား ကျေးဇူးဆပ်နိုင်ရန်၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် ကြီးမြတ်ခြင်းတို့ကို သက်သေခံဖို့ အခွင့်အရေးရရန်နှင့် ဘုရားသခင်သည် သူ၏နာခံမှုကို စစ်ဆေးရန် သာမက သူ၏နာခံခြင်းနှင့် ယုံကြည်ခြင်းသည် ဘုရားသခင်၏ ထောက်ခံမှုကို ရသည့်တိုင်အောင် သူ၏ ယုံကြည်ခြင်းအား သန့်စင်နိုင်ဖို့ရန် မျှော်လင့်လျက်နေခဲ့သည်။ ထိုသို့ဖြင့် ယောဘအပေါ် စမ်းသပ်မှု ရောက်လာသောအခါ ဘုရားသခင်သည် သူ၏ ဆုတောင်းချက်များကို နားထောင်ခဲ့ပြီဟု သူယုံကြည်ခဲ့သည်။ ယောဘသည် ဤအခွင့်အရေးကို အခြားအရာများထက် ပို၍ မြတ်နိုးခဲ့သဖြင့် သူသည် ၎င်းကို ပေါ့ပေါ့တန်တန် သဘောထားဝံ့ခြင်း မရှိခဲ့ပါ၊ အဘယ်ကြောင့်ဆိုသော် သူ၏ အကြီးမားဆုံးသော ရာသက်ပန်ဆန္ဒ ပြည့်မြောက်နိုင်ခဲ့သောကြောင့် ဖြစ်သည်။ ဤအခွင့်အရေး ရောက်လာခြင်းမှာ ဘုရားသခင်အပေါ် သူ၏နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ကို အစစ်ဆေးခံနိုင်ပြီး သန့်စင်စေနိုင်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ထိုမျှမက ယောဘသည် ဘုရားသခင်၏ ထောက်ခံမှုကိုရရန် အခွင့်အရေးတစ်ခု ရှိခဲ့ခြင်းကြောင့် သူ့အား ဘုရားသခင်နှင့် ပို၍ နီးစေမည်ဟု ဆိုလိုခြင်း ဖြစ်သည်။ စမ်းသပ်မှု ကာလအတွင်း ယင်းကဲ့သို့ ယုံကြည်ခြင်းနှင့် လိုက်စားခြင်းသည် သူ့အား ပို၍ စုံလင်စေခဲ့ပြီး ဘုရားသခင်၏အလိုကို ပို၍ ကြီးမားစွာနားလည်သော အသိအမြင်တစ်ခု ရစေခဲ့သည်။ ယောဘသည်လည်း ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်များအတွက် ပို၍ ကျေးဇူးတင်ခဲ့သည်၊ သူ၏စိတ်နှလုံးထဲတွင် ဘုရားသခင်၏ လုပ်ဆောင်ချက်များအပေါ် သာ၍ကြီးစွာသော ချီးမွမ်းခြင်းကို သွန်းလောင်းခဲ့ပြီး သူသည် ဘုရားသခင်အား ပို၍ ကြောက်ရွံ့ ရိုသေခဲ့သည့်အပြင် ဘုရားသခင်၏ နှစ်လိုဖွယ်ကောင်းခြင်း၊ ကြီးမြတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့ကို ပို၍ တောင့်တခဲ့သည်။ ဤအချိန်တွင် ယောဘသည် ဘုရားသခင်၏ အမြင်တွင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သော သူတစ်ဦး ဆက်၍ ဖြစ်ခဲ့ပြီး သူ၏ အတွေ့အကြုံများနှင့်ပတ်သက်၍ ယောဘ၏ ယုံကြည်ခြင်းနှင့် အသိပညာသည် ရုတ်ခြည်းဆိုသလို ထွက်ပေါ်လာခဲ့သည်၊ သူ၏ ယုံကြည်ခြင်း တိုးပွားခဲ့သည်၊ သူ၏ နာခံခြင်းသည် ခြေကုပ်တစ်ခုရခဲ့ပြီး ဘုရားသခင်အပေါ် သူ၏ ကြောက်ရွံ့ခြင်းသည် ပို၍ လေးနက်လာခဲ့သည်။ ဤစမ်းသပ်မှုသည် ယောဘ၏ ဝိညာဉ်နှင့် အသက်တာကို အသွင်ပြောင်းလဲစေခဲ့သော်လည်း ယင်းကဲ့သို့ အသွင်ပြောင်းလဲမှုတစ်ခုသည် ယောဘကို မကျေနပ်စေခဲ့သည့်အပြင် ၎င်းသည် သူ၏ ရှေ့ဆက် တိုးတက်မှုကို နှောင့်နှေးစေခဲ့ခြင်း မရှိပါ။ ဤစမ်းသပ်မှုမှ မည်သည်တို့ကို သူရပြီးခဲ့ကြောင်းကို တွက်ချက်နေစဉ် တစ်ချိန်တည်းတွင်၊ သူသည် သူ၏ အားနည်းချက်များကို ဆင်ခြင်သုံးသပ်ကာ တိတ်ဆိတ်စွာ ဆုတောင်းခဲ့ပြီး သူ့အပေါ် ကျရောက်မည့် နောက်ထပ် စမ်းသပ်မှုကို စောင့်ဆိုင်းခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်အပေါ် သူ၏ ယုံကြည်ခြင်း၊ နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းတို့သည် ဘုရားသခင်၏ နောက်ထပ် စမ်းသပ်မှုကာလအတွင်း တိုးမြှင့်ခြင်း ခံရမည့်အကြောင်း သူတမ်းတခဲ့ခြင်းကြောင့် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။