ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၅၄

ဘုရားသခင်အကြောင်းကို ယောဘသည် နားနှင့်ကြားခဲ့၏ (လက်ရွေးစင် ကျမ်းပိုဒ်များ)

ယောဘ ၉:၁၁ ငါ့ရှေ့မှာကြွတော်မူ၍ ကိုယ်တော်ကိုငါမမြင်ရ။ လျှောက်သွားတော်မူ၍ ကိုယ်တော်ကို ငါမရိပ်မိရ။

ယောဘ ၂၃:၈-၉ ယခုမူကား၊ ငါတက်လျှင် ဘုရားသခင်ရှိတော်မမူ။ ဆုတ်လျှင် ကိုယ်တော်ကို မရိပ်မိ၊ လုပ်တော်မူရာ လက်ဝဲဘက်သို့သွားလျှင် ကိုယ်တော်ကို မဖူးမတွေ့ရ။ လက်ျာဘက်၌ ပုန်းရှောင်လျက် နေတော်မူသောကြောင့်၊ ကိုယ်တော်ကိုမမြင်ရ။

ယောဘ ၄၂:၂-၆ ကိုယ်တော်သည် အလုံးစုံတို့ကို တတ်နိုင်တော်မူ ကြောင်းကို၎င်း၊ အကြံအစည်တော်ကို အဘယ်သူမျှ မဆီးတားနိုင်ကြောင်းကို၎င်း အကျွန်ုပ်သိပါ၏။ ပညာမရှိဘဲ အကြံအစည်တော်ကိုမိုက်စေသော သူကားအဘယ်သူနည်း။ သို့ရာတွင် အကျွန်ုပ်သည် နားမလည်သောအရာတို့ကို၎င်း၊ ကိုယ်တိုင်မသိ၊ အံ့ဩ၍ မကုန်နိုင်သော အရာတို့ကို၎င်း ပြောမိပါပြီ။ နားထောင်တော်မူပါ။ အကျွန်ုပ်လျှောက်ပါမည်။ အကျွန်ုပ်မေးလျှောက်သော အရာတို့ကို သွန်သင်တော်မူပါ။ သတင်းတော်ကို အကျွန်ုပ်သည် နားနှင့်ကြားဘူး ပါပြီ။ ယခုမူကား၊ ကိုယ်တော်ကို မျက်စိနှင့်မြင်ရပါ၏။ ထို့ကြောင့်အကျွန်ုပ်သည် ကိုယ်ကိုရွံ့ရှာပါ၏။ မြေမှုန့်နှင့် မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏ဟု လျှောက်လေ၏။

ဘုရားသခင်သည် သူ့ကိုယ်သူ ယောဘအား မထုတ်ဖော်ပြခဲ့သော်လည်း ယောဘသည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်၏

ဤစကားများ၏ ဆိုလိုရင်းမှာ အဘယ်နည်း။ ဤနေရာတွင် အမှန်တရား တစ်ခု ရှိကြောင်းကို သင်တို့ထဲမှ တစ်စုံတစ်ဦး သဘောပေါက်ခဲ့ပြီလော။ ပထမဦးစွာ ဘုရားသခင် တစ်ဆူရှိကြောင်းကို ယောဘ မည်ကဲ့သို့ သိခဲ့သနည်း။ ထို့အပြင် ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးအပြင် အရာခပ်သိမ်းကို အုပ်စိုးကြောင်းကို သူ မည်ကဲ့သို့ သိခဲ့သနည်း။ ဤမေးခွန်းကို အဖြေပေးသော ကျမ်းပိုဒ် တစ်ပိုဒ် ရှိသည်၊ သတင်းတော်ကို အကျွန်ုပ်သည် နားနှင့်ကြားဘူး ပါပြီ။ ယခုမူကား၊ ကိုယ်တော်ကို မျက်စိနှင့်မြင်ရပါ၏။ ထို့ကြောင့်အကျွန်ုပ်သည် ကိုယ်ကိုရွံ့ရှာပါ၏။ မြေမှုန့်နှင့်မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏ဟု လျှောက်လေ၏။ ယောဘသည် ဘုရားသခင်ကို သူ၏မျက်စိဖြင့် မြင်ဖူးခြင်းထက် ဘုရားသခင်အကြောင်းကို ဒဏ္ဍာရီထဲမှ လေ့လာသိရှိခဲ့ကြောင်း ငါတို့သိရသည်။ သူ၏အသက်တာနှင့် အရာခပ်သိမ်းအလယ်၌ ဘုရားသခင် တည်ရှိကြောင်း သူအတည်ပြုပြီးသည့်နောက်တွင် ဘုရားသခင် နောက်သို့ လိုက်လျှောက်သော လမ်းကြောင်းကို သူစတင်လျှောက်လှမ်းခဲ့ခြင်းမှာ ဤအခြေအနေများအောက်၌ ဖြစ်ခဲ့သည်။ ဤနေရာ၌ မငြင်းနိုင်သော အမှန်တရား တစ်ခုရှိသည်၊ ၎င်းမှာ အဘယ်နည်း။ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သော လမ်းခရီးကို လိုက်နာနိုင်သော်လည်း ယောဘသည် ဘုရားသခင်ကို မည်သည့်အခါမျှ မမြင်ဖူးခဲ့ပေ။ ဤအရာ၌ သူသည် ယနေ့ခေတ် လူများနှင့် မတူညီခဲ့သလော။ ယောဘသည် ဘုရားသခင်ကို မည်သည့်အခါမျှ မမြင်ဖူးခဲ့ပေ၊ ထိုအရာ၏ သုံးသပ်ချက်မှာ သူသည် ဘုရားသခင်အား ကြားခဲ့သော်လည်း ဘုရားသခင်သည် မည်သည့်နေရာ၌ ရှိကြောင်း သို့မဟုတ် ဘုရားသခင်သည် မည်ကဲ့သို့ဖြစ်ကြောင်း သို့မဟုတ် ဘုရားသခင်သည် မည်သည့်အရာကို လုပ်ဆောင်နေခဲ့ကြောင်းကို သူမသိခဲ့ပေ၊ ၎င်းတို့မှာ ဓမ္မဓိဌာန်မကျသော အကြောင်းရင်းများဖြစ်သည်၊ ဓမ္မဓိဌာန်ကျကျ ဆိုပါက သူသည် ဘုရားသခင်နောက်သို့ လိုက်လျှောက်ခဲ့သော်လည်း ဘုရားသခင်သည် သူ့အား မည်သည့်အခါမျှ ထင်ရှားပြခဲ့ခြင်း သို့မဟုတ် စကားပြောခဲ့ခြင်း မရှိပေ။ ဤသည်မှာ အဖြစ်မှန်တစ်ခု မဟုတ်လော။ ဘုရားသခင်သည် ယောဘကို စကားပြောခြင်း သို့မဟုတ် တစ်စုံတစ်ရာ အမိန့်ပေးခြင်း မရှိခဲ့ဖူးသော်လည်း ယောဘသည် ဘုရားသခင်၏ တည်ရှိခြင်းကို မြင်ခဲ့ပြီး သူ၏နားဖြင့် ဘုရားသခင်အကြောင်း ကြားခဲ့ဖူးသော ဒဏ္ဍာရီထဲနှင့် အရာခပ်သိမ်း၏အလယ်မှ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ရှုမြင်ခဲ့ရပြီးနောက် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် အသက်တာကို စတင်ခဲ့လေသည်။ ယင်းမှာ ဘုရားသခင်နောက်သို့ ယောဘ လိုက်လျှောက်ခဲ့သည့် အကြောင်းရင်းများနှင့် နည်းစနစ် ဖြစ်ခဲ့သည်။ သို့သော်လည်း သူသည် ဘုရားသခင်ကို မည်မျှပင် ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခဲ့ပါစေ၊ သူ၏ တည်ကြည်မှုကို မည်မျှပင် ခိုင်မြဲစွာ ဆုပ်ကိုင်ခဲ့ပါစေ ဘုရားသခင်သည် မည်သည့်အခါမျှ သူ့အား ထင်ရှားပြခဲ့ခြင်း မရှိပေ။ ဤကျမ်းပိုဒ်ကို ဖတ်ကြပါစို့။ သူက “ငါ့ရှေ့မှာကြွတော်မူ၍ ကိုယ်တော်ကိုငါမမြင်ရ။ လျှောက်သွားတော်မူ၍ ကိုယ်တော်ကိုငါမရိပ်မိရ” (ယောဘ ၉:၁၁) ဟူ၍ ဆိုခဲ့သည်။ ဤနှုတ်ကပတ်တော်က ဆိုနေသောအရာမှာ ယောဘသည် သူ၏နံဘေး၌ ဘုရားသခင်ရှိခဲ့ကြောင်းကို ခံစားရခြင်း ရှိကောင်းရှိနိုင်သည် သို့မဟုတ် ခံစားခဲ့ရခြင်း မရှိဘဲ နေကောင်းနေနိုင်သည်၊ သို့သော်လည်း သူသည် ဘုရားသခင်ကို မည်သည့်အခါမျှ မြင်ခဲ့ဖူးခြင်း မရှိပေ။ ဘုရားသခင်သည် သူ၏ရှေ့၌ ဖြတ်လျှောက်ကြောင်း သို့မဟုတ် လုပ်ဆောင်နေကြောင်း၊ သို့မဟုတ် လူသားကို လမ်းပြနေကြောင်းကို သူစိတ်ကူးမိခဲ့သည့် အချိန်များ ရှိခဲ့သော်လည်း သူမည်သည့်အခါမျှ မသိခဲ့ပေ။ ဘုရားသခင်သည် လူသားအပေါ် လူသား မမျှော်လင့်ထားသည့် အချိန်၌ ကြွလာသည်၊ လူသားသည် သူ့ထံ ဘုရားသခင် မည်သည့်အချိန်၌ ကြွလာကြောင်း သို့မဟုတ် သူ့အပေါ် မည်သည့်နေရာမှ ကြွလာကြောင်းကို မသိပေ၊ အဘယ်ကြောင့်ဆိုသော် လူသားသည် ဘုရားသခင်ကို မမြင်နိုင်ခြင်းကြောင့် ဖြစ်သဖြင့် လူသားအတွက်မူကား ဘုရားသခင်သည် ပုန်းကွယ်နေခြင်းပင် ဖြစ်သည်။

ဘုရားသခင်သည် ယောဘ မမြင်အောင် ပုန်းကွယ်ခြင်းကြောင့် ဘုရားသခင်အပေါ် သူ၏ ယုံကြည်ခြင်း တုန်လှုပ်မှု မရှိ

သမ္မာကျမ်းထဲမှ ဤကျမ်းပိုဒ်တွင် ယောဘက၊ “ယခုမူကား၊ ငါတက်လျှင် ဘုရားသခင်ရှိတော်မမူ။ ဆုတ်လျှင် ကိုယ်တော်ကို မရိပ်မိ၊ လုပ်တော်မူရာ လက်ဝဲဘက်သို့သွားလျှင် ကိုယ်တော်ကို မဖူးမတွေ့ရ။ လက်ျာဘက်၌ ပုန်းရှောင်လျက် နေတော်မူသောကြောင့်၊ ကိုယ်တော်ကိုမမြင်ရ” (ယောဘ ၂၃:၈-၉) ဟု ဆက်၍ ဆိုလေသည်။ ဤဖြစ်စဉ်၌ ယောဘ၏ အတွေ့အကြုံများထဲတွင် ဘုရားသခင်သည် တစ်လျှောက်လုံး သူမမြင်အောင် ပုန်းကွယ်နေခဲ့ကြောင်း ငါတို့သိရသည်၊ ဘုရားသခင်သည် သူ့အား ပွင့်ပွင့်လင်းလင်း ထင်ရှားပြခဲ့ခြင်း မရှိသကဲ့သို့ သူ့အား စကားတစ်ခွန်းကိုမျှ ပွင့်ပွင့်လင်းလင်း ပြောခဲ့ခြင်း မရှိပေ၊ သို့သော် ယောဘသည် သူ၏ စိတ်နှလုံးထဲ၌ ဘုရားသခင် တည်ရှိကြောင်း ယုံကြည်ခဲ့သည်။ ဘုရားသခင်သည် သူ၏ရှေ့၌ လမ်းလျှောက်နေနိုင်ကြောင်း၊ သို့မဟုတ် သူ၏နံဘေး၌ လုပ်ဆောင်နေနိုင်ကြောင်းနှင့် ဘုရားသခင်ကို သူမမြင်နိုင်ခဲ့သော်လည်း ဘုရားသခင်သည် သူ၏ဘေးမှ သူ၏အသက်ကို ထိန်းချုပ်နေကြောင်းကို အမြဲတစေ ယုံကြည်ခဲ့သည်။ ယောဘသည် ဘုရားသခင်ကို မည်သည့်အခါမျှ မမြင်ခဲ့ဖူးသော်လည်း သူ၏ ယုံကြည်ခြင်းအပေါ် သစ္စာစောင့်နိုင်ခဲ့သည်၊ ၎င်းကို အခြားသောသူ မည်သူမျှ လုပ်နိုင်ခဲ့မည် မဟုတ်ပေ။ အဘယ်ကြောင့် ၎င်းတို့ မလုပ်နိုင်ခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ယောဘအား စကားပြောခြင်း သို့မဟုတ် သူ့အား ထင်ရှားပြခြင်း မရှိခဲ့သောကြောင့်ဖြစ်ပြီး အကယ်၍ သူသည် စစ်မှန်စွာ မယုံကြည်ခဲ့ပါက သူရှေ့ဆက်သွားနိုင်မည် မဟုတ်သကဲ့သို့ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သော လမ်းခရီးကို မြဲမြံစွာ ဆုပ်ကိုင်ထားနိုင်ခဲ့မည် မဟုတ်ပေ။ ဤအရာမှာ မမှန်သလော။ ဤစကားများကို ပြောသော ယောဘအကြောင်းကို သင်ဖတ်ရသည့်အခါ သင်မည်ကဲ့သို့ ခံစားရသနည်း။ ယောဘ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်း၊ ဘုရားသခင်ရှေ့၌ သူ၏ဖြောင့်မတ်ခြင်းတို့မှာ စစ်မှန်ပြီး ဘုရားသခင်ဘက်မှ ပုံကြီးချဲ့ပြောခြင်း မဟုတ်ကြောင်း သင်ခံစားရသလော။ ဘုရားသခင်သည် ယောဘအား အခြား လူများနည်းတူ ဆက်ဆံခဲ့ပြီး သူ့အား စကားပြောခြင်း သို့မဟုတ် ထင်ရှားပြခြင်း မရှိခဲ့သော်လည်း ယောဘသည် သူ၏တည်ကြည်မှုကို ဆက်၍ မြဲမြံစွာ ဆုပ်ကိုင်ခဲ့ပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်ခဲ့သေးသည်၊ ထိုမျှမက ဘုရားသခင်ကို ပြစ်မှားမိမည်ကို သူစိုးရိမ်သည့် ရလဒ်ကြောင့် ဘုရားသခင်ရှေ့၌ မီးရှို့သောယဇ်များကို မကြာခဏ ပူဇော်ကာ ဆုတောင်းခဲ့သည်။ ဘုရားသခင်ကို မမြင်ရဘဲ ဘုရားသခင်အား ယောဘ၏ ကြောက်ရွံ့နိုင်စွမ်း၌ သူသည် အပြုသဘောဆောင်သော အရာများကို မည်မျှ ချစ်မြတ်နိုးကြောင်းနှင့် သူ၏ယုံကြည်ခြင်းမှာ မည်မျှပင် ခိုင်မာပြီး စစ်မှန်ကြောင်းကို ငါတို့မြင်ကြရသည်။ ဘုရားသခင်သည် သူမမြင်အောင် ပုန်းကွယ်ခဲ့ခြင်းကြောင့် ဘုရားသခင်၏ တည်ရှိမှုကို သူမငြင်းပယ်ခဲ့သည့်အပြင် ဘုရားသခင်ကို မည်သည့်အခါမျှ မမြင်ခဲ့ဖူးခြင်းကြောင့် သူ၏ယုံကြည်ခြင်းပျက်၍ ဘုရားသခင်ကို စွန့်ပစ်ခဲ့ခြင်း မရှိပေ။ ထိုသို့မဟုတ်ဘဲ အရာခပ်သိမ်းအပေါ် အုပ်စိုးသည့် ဘုရားသခင်၏ ဝှက်ထားသော အမှုအကြား၌ ဘုရားသခင်၏ တည်ရှိမှုကို သူသဘောပေါက်ခဲ့ပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် တန်ခိုးကို ခံစားခဲ့ရသည်။ ဘုရားသခင် ပုန်းကွယ်ခဲ့ခြင်းကြောင့် ဖြောင့်မတ်ခြင်းကို သူလက်မလွှတ်ခဲ့သည့်အပြင် ဘုရားသခင်သည် မည်သည့်အခါမျှ သူ့အား ထင်ရှားပြခဲ့ခြင်း မရှိသောကြောင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် လမ်းခရီးကို သူမစွန့်ပယ်ခဲ့ပေ။ ယောဘသည် ဘုရားသခင်၏ တည်ရှိမှုကို သက်သေပြရန်အတွက် ဘုရားသခင်ကို သူ့အား ပွင့်လင်းစွာ ထင်ရှားပြရန် မည်သည့်အခါမျှ မတောင်းဆိုခဲ့ပေ၊ အဘယ်ကြောင့်ဆိုသော် အရာခပ်သိမ်း၏အလယ်၌ ဘုရားသခင်၏ အချုပ်အခြာအာဏာကို သူရှုမြင်ခဲ့နှင့်ပြီးဖြစ်၍ သူသည် အခြားသူများ မရခဲ့သော ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်များကို ရရှိခဲ့သည်ဟု ယုံကြည်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ယောဘ မမြင်အောင် ပုန်းကွယ်၍ နေခဲ့သော်လည်း ဘုရားသခင်အပေါ် သူ၏ ယုံကြည်ခြင်းမှာ မည်သည့်အခါမျှ တုန်လှုပ်ခဲ့ခြင်း မရှိပေ။ ထို့ကြောင့် သူသည် အခြားသူများ မရိတ်သိမ်းခဲ့ရသည့် ဘုရားသခင်၏ ထောက်ခံခြင်းနှင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ရိတ်သိမ်းခဲ့ရခြင်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၅၆

သိပ္ပံကို လေ့လာကာ လျှို့ဝှက်ဆန်းကြယ်မှုများကို စူးစမ်းချင်သော လူသား၏ သိချင်စိတ်ပြင်းပြမှု၊ လူသား၏ဆန္ဒကို ဖြည့်ဆည်းပေးရန် စာတန်သည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၂၀

ဇာတိခန္ဓာဖြင့် နေထိုင်သူအားလုံးအတွက် ၎င်းတို့၏ စိတ်သဘောထားကို ပြောင်းလဲခြင်းသည် လိုက်စားရမည့် ပန်းတိုင်များ လိုအပ်ကာ၊ ဘုရားသခင်ကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၆၇

ကမ္ဘာပေါ်ရှိအရာအားလုံး ငါ့အာဏာအောက်တွင် ပျပ်ဝပ်ကြစေရန်အလို့ငှာ ငါသည် အမြင့်ဆုံး ကောင်းကင်ဘုံကို ငါ့လုပ်ဆောင်ပုံ သရုပ်သကန်များနှင့်အတူ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၅၂

လူသား၏အလုပ်အတွက် ဘုရားသခင် အောင့်ခံခဲ့သည့် အိပ်မပျော်သောညများမှာ များစွာဖြစ်၏။ အထက်အမြင့်အရပ်မှ အနိမ့်ဆုံးအနက်များအထိ သူသည်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။