ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၅၂

14.09.2020

စာတန်သည် လူကို ဖောက်ပြန်ပျက်စီးစေရန် ဤနည်းလမ်း အချို့ကို အသုံးပြုသည်။ လူသည် အသိပညာနှင့် အချို့သော သိပ္ပံဆိုင်ရာ အခြေခံမူများကို သိနားလည်ခြင်းတစ်ခု ရှိသည်၊ လူသည် ရိုးရာယဉ်ကျေးမှု၏ လွှမ်းမိုးမှုအောက်တွင် နေထိုင်ပြီး၊ လူသားတိုင်းသည် ရိုးရာယဉ်ကျေးမှု၏ အမွေခံသူနှင့် သယ်ဆောင်သူ တစ်ဦးဖြစ်သည်။ လူသားသည် သူ့ကို စာတန် ပေးထားသည့် ရိုးရာယဉ်ကျေးမှုကို ဝတ္တရားအရ ဆက်လက် လုပ်ဆောင်ရပြီး၊ စာတန်က လူသားမျိုးနွယ်ကို ပံ့ပိုးပေးသည့် ခေတ်ရေစီးကြောင်းကိုလည်း လိုက်လုပ်ရသည်။ တစ်ချိန်လုံး စာတန် လုပ်သမျှကို လိုက်လုပ်လျက်၊ ၎င်း၏ ဆိုးယုတ်မှု၊ လှည့်ဖြားမှု၊ မလိုမုန်းထားမှုနှင့် မာနထောင်လွှားမှုတို့ကို လက်ခံရင်း လူသားသည် စာတန်နှင့် ခွဲခြား၍မရချေ။ လူသားသည် စာတန်၏ ဤစိတ်သဘောထားများကို ပိုင်ဆိုင် လာသည်နှင့်တစ်ပြိုင်နက်၊ သူသည် ဤဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကြားတွင် ပျော်ရွှင်ဖွယ်ဖြစ်သော ရှင်သန်ခြင်း ရှိလေသလော သို့မဟုတ် ဝမ်းနည်းဖွယ် ရှင်သန်ခြင်း ရှိလေသလော။ (ဝမ်းနည်းဖွယ် ဖြစ်ပါမည်။) အဘယ်ကြောင့် သင် ထိုသို့ပြောသနည်း။ (အဘယ်ကြောင့်ဆိုသော် လူသားသည် ဤအရာများဖြင့် ချည်နှောင်ခံရပြီး ထိန်းချုပ်ခံရသောကြောင့်၊ သူသည် အပြစ်တွင် အသက်ရှင်ကာ ခက်ခဲကြမ်းတမ်းသော ရုန်းကန်လှုပ်ရှားမှုဖြင့် လွှမ်းမိုးခံရပါသည်။) လူအချို့သည် အလွန်ဉာဏ်ပညာရှိပုံပေါ်လျက် မျက်မှန်တပ်ကြ၏။ ၎င်းတို့သည် အပြောကောင်းခြင်းနှင့် ဆင်ခြင်တုံတရားတို့ဖြင့် အလွန် သိက္ခာရှိစွာ စကားပြောဆိုကောင်းပြောဆိုကြလိမ့်မည်ဖြစ်ပြီး၊ အမှုအရာများစွာကို ဖြတ်သန်းရပြီးဖြစ်သောကြောင့်၊ ၎င်းတို့ အလွန် အတွေ့အကြုံရှိကာ ခေတ်မီကောင်း ခေတ်မီကြပေလိမ့်မည်။ ၎င်းတို့သည် ကိစ္စကြီးငယ်များနှင့်ပတ်သက်၍ အသေးစိတ် ပြောကောင်းပြောနိုင်ကြလိမ့်မည်။ ၎င်းတို့အနေဖြင့် အမှုအရာများ၏ စစ်မှန်မှုနှင့် အကြောင်းပြချက်များကိုလည်းအကဲဖြတ်ကောင်း အကဲဖြတ်နိုင်ကြလိမ့်မည်။ အချို့သည် ဤလူတို့၏ အပြုအမူ၊ သွင်ပြင်တို့အပြင် ၎င်းတို့၏ အကျင့်စရိုက်၊ လူ့သဘာဝ၊ အပြုအမူ စသည်တို့ကို ကြည်ပြီး ယင်းတို့နှင့်ပတ်သက်၍ အပြစ်ရှာတွေ့ကောင်းတွေ့မည်မဟုတ်ချေ။ ထိုသို့သော လူတို့သည် လက်ရှိ လူမှုခေတ် ရေစီးကြောင်းကို အထူးသဖြင့် ကျင့်သားရနိုင်ကြလေသည်။ ဤလူတို့သည် ပို၍အသက်ကြီးကောင်း ကြီးမည်ဖြစ်သော်လည်း၊ ဘယ်သောအခါမျှ ခေတ်နောက်ကျခြင်း မရှိသကဲ့သို့ သင်ယူရန်လည်း ဘယ်သောအခါမျှ အိုမင်းမသွားပေ။ အပေါ်ယံတွင်၊ ထိုသို့သော လူတစ်ဦးနှင့်ပတ်သက်၍ မည်သူမျှ အပြစ်ရှာမတွေ့နိုင်သော်လည်း၊ အတွင်းတွင် ၎င်းတို့သည် စာတန်အားဖြင့် အကြွင်းမဲ့နှင့် လုံးဝ ဖောက်ပြန်ပျက်စီး ခံရကြလေသည်။ ဤလူများနှင့်ပတ်သက်၍ အပြင်ပန်း အမှားကို ရှာမတွေ့နိုင်သော်လည်း၊ အပေါ်ယံတွင် ၎င်းတို့သည် သိမ်မွေ့သည်၊ ခံ့ညားပြီး၊ အသိပညာနှင့် အချို့သော အကျင့်သိက္ခာကို ပိုင်ဆိုင်ထားပြီး၊ သမာဓိရှိသော်လည်း၊ အသိပညာအရ ၎င်းတို့သည် ငယ်ရွယ်သူများထက် မနိမ့်ကျ သော်လည်း၊ ၎င်းတို့၏သဘာဝနှင့် အနှစ်သာရနှင့် စပ်လျဉ်း၍ ထိုသို့သော လူတို့သည် စာတန်၏ ပြည့်ဝပြီး အသက်ရှင်သော ပုံစံငယ် ဖြစ်လေသည်။ ၎င်းတို့သည် စာတန်နှင့် တထေရာတည်း တူသောသူဖြစ်သည်။ ဤကား လူကို စာတန် ဖောက်ပြန်ပျက်စီး စေခြင်း၏ “အကျိုးတရား” ဖြစ်သည်။ ငါပြောပြီးသည့် အရာသည် သင်တို့အဖို့ နာကျင်စရာဖြစ်နိုင်သော်လည်း အားလုံး မှန်ကန်၏။ လူလေ့လာသည့် အသိပညာ၊ သူနားလည်သည့် သိပ္ပံပညာ၊ လူမှုခေတ် ရေစီးကြောင်းများနှင့် အံဝင်ခွင်ကျ ဖြစ်အောင် သူရွေးချယ်သည့် နည်းနာတို့သည်၊ ခြွင်းချက်မရှိ စာတန်၏ ဖောက်ပြန်ပျက်စီးစေသည့် တန်ဆာပလာများ ဖြစ်သည်။ ဤသည်မှာ အကြွင်းမဲ့ မှန်ကန်၏။ ထို့ကြောင့် လူသားသည် စာတန်အားဖြင့် လုံးဝ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအတွင်းတွင် အသက်ရှင်ပြီး၊ ဘုရားသခင်၏ သန့်ရှင်းခြင်းက မည်သည့်အရာဖြစ်သည် သို့မဟုတ် ဘုရားသခင်၏ အနှစ်သာရက မည်သည့်အရာဖြစ်သည်ကို မသိနိုင်ပေ။ ဤသို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ အပေါ်ယံတွင် စာတန်က လူကို ဖောက်ပြန်ပျက်စီးစေသည့် နည်းလမ်းများနှင့် ပတ်သက်၍ မည်သူမျှ အပြစ်ရှာမတွေ့နိုင်ပေ။ တစ်စုံတစ်ယောက်၏ အပြုအမူမှ တစ်ခုခုလွဲနေသည်ဟု တစ်ယောက်ယောက်က မပြောနိုင်ပေ။ အယောက်တိုင်းသည် မိမိတို့၏အလုပ်ကို ပုံမှန် လုပ်ဆောင်နေကြပြီး ပုံမှန် အသက်တာများကို အသက်ရှင်နေကြသည်။ ပုံမှန်အားဖြင့် စာအုပ်များနှင့် သတင်းစာများကို ၎င်းတို့ ဖတ်ရှုပြီး ပုံမှန် လေ့လာသင်ယူကာ စကားပြောကြသည်။ လူအချို့သည် လူ့ကျင့်ဝတ် အနည်းငယ်ကို သင်ယူကြပြီး အပြောကောင်းကြသည်၊ နားလည်မှုရှိပြီး ဖော်ရွေကြသည်၊ ကူညီတတ်ပြီး ရက်ရောတတ်ကြသကဲ့သို့၊ အရေးမပါသော ရန်စမှုများ သို့မဟုတ် လူတို့ကို အခွင့်အရေးယူခြင်းများ မလုပ်ဆောင်ကြချေ။ သို့ရာတွင်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားများသည် ၎င်းတို့အတွင်းတွင် နက်နက်ရှိုင်းရှိုင်း အမြစ်စွဲနေပြီး၊ ဤအနှစ်သာရကို အပြင်ပန်း အားထုတ်ခြင်းအပေါ် မှီခိုခြင်းဖြင့် ပြောင်းလဲ၍မရနိုင်ပေ။ ဤအနှစ်သာရကြောင့် လူသားသည် ဘုရားသခင်၏ သန့်ရှင်းခြင်းကို မသိနိုင်သကဲ့သို့၊ ဘုရားသခင်၏ သန့်ရှင်းခြင်း အနှစ်သာရကို လူသားထံသို့ ဖွင့်ပြပါသော်လည်း၊ လူက ထိုအရာကို အလေးအနက်မထားပေ။ ဤသို့ဖြစ်ရခြင်းမှာ စာတန်သည် လူသား၏ ခံစားချက်များ၊ အယူအဆများ၊ ရှုထောင့်အမြင်များနှင့် အတွေးများကို နည်းလမ်း အမျိုးမျိုးဖြင့် လုံးဝပိုင်ဆိုင်လာနှင့်ပြီးဖြစ်သောကြောင့် ဖြစ်သည်။ ဤပိုင်ဆိုင်ခြင်းနှင့် ဖောက်ပြန်ပျက်စီးစေခြင်းတို့သည် ခေတ္တ သို့မဟုတ် ရံဖန်ရံခါမဟုတ်ဘဲ၊ နေရာတကာနှင့် အချိန်တိုင်းတွင် ရှိလေသည်။ ထိုသို့ဖြင့်၊ ဘုရားသခင်ကို သုံးနှစ် လေးနှစ် သို့မဟုတ် ငါးနှစ် ခြောက်နှစ်ပင်- ယုံကြည်ခဲ့ကြသည့် ကြီးမြတ်သော လူများစွာတို့သည်၊ ၎င်းတို့ထဲသို့ စာတန် သွတ်သွင်းပေးလိုက်သည့် ဤဆိုးယုတ်သော အတွေးများ၊ အမြင်များ၊ ဆင်ခြင်တွေးခေါ်မှုနှင့် အတွေးအခေါ်များကို ရတနာများအဖြစ် သဘောထားကြပြီး ၎င်းတို့ကို လက်မလွှတ်နိုင်ကြချေ။ လူသည် ဆိုးယုတ်မှု၊ စာတန်၏ သဘာဝမှလာသည့် မာနထောင်လွှားပြီး မလိုမုန်းထားသော အရာများကို လက်ခံပြီးဖြစ်သောကြောင့်၊ လူ၏ အချင်းချင်း ဆက်ဆံမှုများတွင် စာတန်၏ မာနထောင်လွှားသော သဘာဝ၏ အကျိုးဆက်အဖြစ် လာသည့် သဘောထားကွဲလွဲမှုများ၊ အငြင်းအခုံများနှင့် သဟဇာတမဖြစ်ခြင်းများသည် မလွှဲမရှောင်သာ မကြာခဏ ရှိပေသည်။ အကယ်၍ စာတန်သည် လူသားမျိုးနွယ်ကို အပြုသဘောဆောင်သည့် အရာများ ပေးခဲ့ပါက၊ ဥပမာ၊ လူသားတို့ လက်ခံထားသည့် ရိုးရာယဉ်ကျေးမှုနှင့်ဆိုင်သော ကွန်ဖြူးရှပ်ဝါဒနှင့် တာအိုဝါဒတို့သည် ကောင်းသောအရာများ ဖြစ်ပါက၊ အလားတူသည့် လူများသည် ထိုအရာများကို လက်ခံ ပြီးသည့်နောက်တွင် အချင်းချင်း အဆင်ပြေနိုင်သင့် ပေသည်။ ထို့ကြောင့်၊ တူညီသည့်အရာများကို လက်ခံထားသည့် လူများကြားတွင် အဘယ်ကြောင့် ထိုသို့သော ကြီးမားသည့် ကွဲပြားခြင်းတစ်ခု ရှိပါသနည်း။ ယင်းသည် အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်နည်းမူကား ဤအရာများသည် စာတန်ထံမှလာပြီး စာတန်သည် လူများအကြားတွင် ကွဲပြားခြင်းကို ဖန်တီးသည်။ စာတန်ထံမှ လာသည့်အရာများသည်၊ အပေါ်ယံတွင် မည်မျှပင် ဂုဏ်သိက္ခာရှိပုံရသည်ဖြစ်စေ သို့မဟုတ် ကြီးမြတ်ပုံရသည်ဖြစ်စေ၊ လူသားထံသို့ မာနထောင်လွှားခြင်းကိုသာ ယူဆောင်လာပြီး လူသားအသက်တာမှ မာနထောင်လွှားခြင်းကိုသာ ပေါ်ထွက် လာစေကာ၊ စာတန်၏ ဆိုးယုတ်သည့် သဘာဝ၏ လှည့်ဖြားမှုထက် ဘာမျှမပိုပေ။ ၎င်းမှာ ထိုသို့မဟုတ်လော။ မိမိကိုယ်ကိုယ် ရုပ်ဖျက်နိုင်သည့် တစ်စုံတစ်ယောက်၊ ကြွယ်ဝသည့် အသိပညာ ပိုင်ဆိုင်ထားသည့်သူ သို့မဟုတ် ကောင်းမွန်စွာ ကြီးပြင်းခဲ့သူသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားကို ဖုံးကွယ်ရန် ခက်ခဲသည့်အချိန် ရှိနိုင်သေး၏။ ဆိုလိုသည်မှာ၊ ဤလူသည် နည်းလမ်းမည်မျှဖြင့် သူ့ကိုယ်သူ ဖုံးအုပ်စေကာမူ၊ ၎င်းတို့ကို သူတော်စင်တစ်ဦးအဖြစ် သင်တွေးထင်သည်ဖြစ်စေ မထင်သည်ဖြစ်စေ၊ သို့မဟုတ်‌ ၎င်းတို့ စုံလင်မှုရှိသည်ဟု သင်ထင်သည်ဖြစ်စေ၊ မထင်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့ကို ကောင်းကင်တမန်ဟု သင်တွေးထင်သည်ဖြစ်စေ မထင်သည်ဖြစ်စေ၊ ၎င်းတို့ မည်မျှ ဖြူစင်သည်ဟု သင် တွေးထင်ပါစေ၊ မြင်ကွင်းများ နောက်ကွယ်တွင် ၎င်းတို့၏ ဘဝသည် မည်သည့်အရာနှင့်တူ သနည်း။ ၎င်းတို့ စိတ်သဘောထား၏ ထုတ်ဖော်မှုတွင် မည်သည့်အနှစ်သာရကို သင်မြင်မည်နည်း။ စာတန်၏ ဆိုးယုတ်သည့် သဘာဝကို သင်မြင်မည်မှာ ယုံမှားဖွယ်ရာ မရှိပေ။ ထိုသို့ ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) ဥပမာအားဖြင့်၊ လူကောင်း တစ်ယောက်ဟု သင်ထင်ထားသည့် သင်တို့နှင့် နီးစပ်သည့် လူတစ်ဦးကို သင်သိသည်ဆိုပါစို့၊ သင်မြတ်နိုး ကိုးကွယ်သည့် တစ်စုံတစ်ယောက် ဖြစ်ကောင်းဖြစ်မည်။ သင်၏လက်ရှိ ဝိညာဉ်အသက်တာဖြင့်၊ ၎င်းတို့ကို သင် မည်သို့ တွေးထင်သနည်း။ ပထမဦးစွာ၊ ဤကဲ့သို့သော လူစားသည် ကိုယ်ချင်းစာနာခြင်း ရှိမရှိ၊ ရိုးသားခြင်း ရှိမရှိ၊ လူတို့အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာ ၎င်းတို့ ရှိမရှိ၊ ၎င်းတို့၏ စကားများနှင့် လုပ်ရပ်များသည် အခြားသူများ အတွက် အကျိုးရှိပြီး အကူအညီဖြစ်မဖြစ်ကို ကြည့်လော့။ (အကူအညီမဖြစ်ပါ။) လူတို့ ထုတ်ဖော်ပြသည့် ကြင်နာခြင်း၊ ချစ်ခြင်း သို့မဟုတ် ကောင်းမြတ်ခြင်း ဆိုသည်များက မည်သည့် အရာနည်း။ ထိုအရာအားလုံးသည် အယောင်ဆောင်များ ဖြစ်ပြီး၊ အားလုံးက အပေါ်ယံမျက်နှာစာဖြစ်သည်။ ဤအပေါ်ယံ မျက်နှာစာ၏ နောက်ကွယ်တွင် ဖုံးကွယ်ထားသည့် ဆိုးယုတ်သော ရည်ရွယ်ချက်တစ်ခု ရှိသည်- ထိုပုဂ္ဂိုလ်ကို နှစ်သက်ကြည်ညို စေရန်နှင့် နှစ်သက်ကိုးကွယ်စေရန်ဖြစ်သည်။ ဤအရာကို သင်တို့ ရှင်းလင်းစွာမြင်သလော။ (မြင်ပါသည်။)

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။