ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၉၅

ဖန်ဆင်းရှင်၏ သြဇာအာဏာသည် အချိန်၊ နေရာ သို့မဟုတ် မြေမျက်နှာသွင်ပြင်အားဖြင့် ကန့်သတ်ထားခြင်းမရှိဖြစ်ပြီး ဖန်ဆင်းရှင်၏ သြဇာအာဏာသည် တိုင်းတာ၍မရနိုင်ပေ (လက်ရွေးစင် ကျမ်းပိုဒ်)

အချို့လူများက ကောက်ချက်ချပြီး တွေးတောကြည့်ချင်ကြသည်။ သို့ရာတွင် လူ၏တွေးတောကြံဆမှုက မည်မျှအထိ ရောက်နိုင်မည်နည်း။ ဤကမ္ဘာမှ ကျော်ပြီး သွားနိုင်သလော။ လူသားသည် ဘုရားသခင်၏ သြဇာအာဏာ၏ စစ်မှန်မှုနှင့် တိကျမှုကို ကောက်ချက်ချခြင်း၊ တွေးတောကြံဆခြင်းတို့ လုပ်ရန် တတ်စွမ်းနိုင်သလော။ လူသား၏ ကောက်ချက်ချခြင်းနှင့် တွေးတောကြံဆခြင်းတို့က ဘုရားသခင်၏ သြဇာအာဏာကို ရရှိစေနိုင်သလော။ ဤအရာများက ဘုရားသခင်၏ သြဇာအာဏာကို လူများ အမှန်တကယ် တန်ဖိုးထားပြီး လိုက်လျှောက်စေရန် ပြုလုပ်နိုင်သလော။ လူသား၏ ကောက်ချက်ချခြင်းနှင့် တွေးတောကြံဆခြင်းတို့သည် လူသား၏ အသိဉာဏ်၏ ထုတ်ကုန်တစ်ခုသာဖြစ်ပြီး ဘုရားသခင်၏ သြဇာအာဏာကို လူတို့သိမြင်ရန်အတွက် ကူညီထောက်ပံ့မှု သို့မဟုတ် အကျိုးပြုမှုတို့ကို စိုးစဉ်းမျှ မပံ့ပိုးနိုင်ဟု အချက်အလက်များက သက်သေပြသည်။ သိပ္ပံစိတ်ကူးယဉ်ဝတ္ထုများကို ဖတ်ပြီးနောက်တွင် အချို့သည် လနှင့် ကြယ်များက မည်သို့ပုံရှိသည်ဆိုခြင်းကို တွေးတောမှန်းဆနိုင်ကြသည်။ သို့ရာတွင် ဤသည်မှာ လူများက ဘုရားသခင်၏ သြဇာအာဏာကို နားလည်သည်ဟု မဆိုလိုပေ။ လူသား၏ တွေးတောကြံဆခြင်းဆိုသည်မှာ တွေးတောကြံဆခြင်းသာ ဖြစ်သည်။ ဤအရာများ၏ အချက်အလက်နှင့်ပတ်သက်ပြီး တစ်နည်းအားဖြင့် ဘုရားသခင်၏ သြဇာအာဏာနှင့် သူတို့၏ ဆက်သွယ်မှုတွင် လူသားသည် လုံးဝ နားလည်မှု မရှိပေ။ ဤသို့ဆိုလျှင် သင်သည် လကို ရောက်ဖူးသည်ဆိုလျှင်ရော။ ဤအချက်က သင်သည် ဘုရားသခင်၏ သြဇာအာဏာကို ပုံစံအမျိုးမျိုးနှင့် နားလည်မှုရှိသည်ဟု ဆိုလိုသလော။ ဤအချက်က သင်သည် ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုး၏ ကျယ်ပြန့်မှုကို တွေးတောကြံဆနိုင်သည်ဟု ဆိုလိုသလော။ လူသား၏ ကောက်ချက်ချခြင်းနှင့် တွေးတောကြံဆခြင်းတို့သည် ဘုရားသခင်၏ သြဇာအာဏာကို သိခွင့်ရရန် မတတ်စွမ်းနိုင်သည့်အတွက် လူသားသည် အဘယ်အရာကို လုပ်သင့်သနည်း။ အကောင်းဆုံး ရွေးချယ်စရာမှာ ကောက်ချက်မချရန် သို့မဟုတ် မတွေးတောရန်ဖြစ်သည်။ တစ်နည်းအားဖြင့် ဘုရားသခင်၏ သြဇာအာဏာကို သိမြင်ရန်နှင့် ပတ်သက်လာလျှင် လူသားသည် တွေးတောကြံဆခြင်းကို မှီခိုခြင်း၊ ကောက်ချက်ချခြင်းကို အားထားခြင်းတို့ မည်သည့်အခါမျှ မလုပ်ရပေ။ ဤနေရာတွင် ငါသည် သင်တို့ကို ပြောချင်သည်မှာ အဘယ်အရာဖြစ် သနည်း။ ဘုရားသခင်၏ သြဇာအာဏာ၊ ဘုရားသခင်၏ တန်ခိုးအစွမ်း၊ ဘုရားသခင်၏ ကိုယ်ပိုင်ဝိသေသလက္ခဏာနှင့် ဘုရားသခင်၏ အနှစ်သာရတို့ကို သင်၏ တွေးတောကြံဆခြင်းကို အမှီပြုခြင်းအားဖြင့် မည်သည့်အခါမျှ နားမလည်နိုင်ပေ။ သင်သည် ဘုရားသခင်၏ သြဇာအာဏာကို သိရန်အတွက် တွေးတောကြံဆခြင်းကို အမှီမပြုနိုင်သည့် အတွက် ဘုရားသခင်၏ သြဇာအာဏာကို မည်သည့်နည်းလမ်းဖြင့် အမှန်တကယ် သင်သိကျွမ်းနိုင်မည်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို စားခြင်းနှင့် သောက်ခြင်းမှတစ်ဆင့်၊ မိတ်သဟာယ ပြုလုပ်ခြင်းမှတစ်ဆင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ကြုံတွေ့ခြင်းမှတစ်ဆင့် သင်သည် ဘုရားသခင်၏ သြဇာအာဏာကို တဖြည်းဖြည်းကြုံတွေ့ပြီး အတည်ပြုနိုင်လိမ့်မည်။ ထို့ကြောင့် သင်သည် တဖြည်းဖြည်း နားလည်လာပြီး ပိုမို သိကျွမ်းလာလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ သြဇာအာဏာကို သိကျွမ်းရန် တစ်ခုတည်းသောနည်းလမ်း ဖြစ်သည်။ ဖြတ်လမ်း မရှိပေ။ သင်တို့ကို တွေးတောခြင်း မပြုလုပ်ရန် တောင်းဆိုခြင်းက ပျက်စီးခြင်းကို သင်တို့ဤအတိုင်း ထိုင်စောင့်ရန် သို့မဟုတ် ဘာမျှမလုပ်ရန်ပြောခြင်းနှင့် မတူညီပေ။ စဉ်းစားရန်၊ ကြံစည်တွေးတောရန် သင်၏ ဦးနှောက်ကို အသုံးမပြုခြင်းသည် ကောက်ချက်ချရန် ယုတ္တိရှိမှုကို အသုံးပြုခြင်း၊ ခွဲခြမ်းစိတ်ဖြာသုံးသပ်ရန် အသိပညာကို အသုံးပြုခြင်း၊ အခြေခံ စည်းမျဉ်းအနေနှင့် သိပ္ပံကို အသုံးပြုခြင်းကို ဆိုလိုခြင်းမဟုတ်ဘဲ သင်ယုံကြည်သည့် ဘုရားသခင်က သြဇာအာဏာရှိသည်ဆိုသည်ကို နားလည်ခြင်း၊ စိစစ်ခြင်း၊ အတည်ပြုခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့မှ တစ်ဆင့်၊ သမ္မာတရားမှတစ်ဆင့်၊ ဘဝတွင် သင်ကြုံတွေ့ရသည့် အရာရာတိုင်းမှတစ်ဆင့် သူ၏ သြဇာအာဏာသည် သူကိုယ်တိုင် စစ်မှန်သည့် ဘုရားသခင်ဖြစ်သည်ဆိုသည်ကို သက်သေပြပြီး သင့်ကံကြမ္မာအပေါ်တွင် ဘုရားသခင်သည် အချုပ်အခြာအာဏာကို ကိုင်ဆောင်ထားသည်ဆိုသည်ကို အတည်ပြုခြင်းသာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အပေါ် နားလည်မှုကို ရရှိနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ အချို့က သူတို့သည် ဤဦးတည်ချက်ကို ရောက်ရှိရန် ရိုးရှင်းသည့် နည်းလမ်းတစ်ခုကို ရှာဖွေချင်ကြသည်ဟု ပြောလိမ့်မည်။ သို့ရာတွင် ဤသို့သောနည်းလမ်းကို သင်တို့ စဉ်းစားနိုင်သလော။ သင့်ကို ငါပြောမည်။ စဉ်းစားရန်မလိုပေ။ အခြားနည်းလမ်းမရှိ။ တစ်ခုတည်းသောနည်းလမ်းက သူဖော်ပြသည့် နှုတ်ကပတ်တော်တိုင်း၊ သူလုပ်ဆောင်သည့် အရာရာတိုင်းမှတစ်ဆင့် ဘုရားသခင်၏အရာအားလုံးနှင့် ဖြစ်ခြင်းကို အသိဉာဏ်ရှိရှိဖြင့် တည်ကြည်စွာနှင့် သိပြီး ဟုတ်မှန်ကြောင်းထင်ရှားစေခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို သိရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်၏အရာအားလုံးနှင့် ဖြစ်ခြင်း၊ ဘုရားသခင်၏ အရာရာတိုင်းသည် အနှစ်မရှိ ဗလာဖြစ်ခြင်းမရှိဘဲ စစ်မှန်သောကြောင့် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၆၄

ကျယ်ပြန့်လှသောစကြဝဠာထဲတွင် ဘဝနိယာမကို ထပ်တလဲလဲလိုက်နာလျက် ပုံသေစည်းကမ်း တစ်ရပ်ကို လိုက်နာကာ သက်ရှိသတ္တဝါမည်မျှသည် အသက်ရှင်လျက်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၂၈

လူများစွာသည် လက်တွေ့လုပ်ဆောင်မှုအကြောင်း အနည်းငယ်ပြောနိုင်ပြီး သူတို့ကိုယ်တိုင်၏ ထင်မြင်ချက်များအကြောင်း ပြောနိုင်ကြသော်လည်း၊ အများစုမှာ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၂၀

အမှန်မှာ ဘုရားသခင်၏စိတ်သဘောထားသည် လူတိုင်း အတွက် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ဖုံးကွယ်ထားခြင်း မရှိပေ။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၁၁

အကယ်၍ သင်သည် ဘုရားသခင်ကို ယုံကြည်ပါက၊ ဘုရားသခင်ကို နာခံရမည်၊ သမ္မာတရားကို လက်တွေ့ကျင့်သုံးကာ သင်၏တာဝန်အားလုံးကို ကျေပွန်အောင်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။