ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၄၇

04.11.2021

ဘုရားသခင်ကို နားမလည်နိုင်သောသူတို့သည် ဘုရားသခင်အား ဘယ်သောအခါမျှ အပြည့်အဝ မနာခံနိုင်ကြပေ။ ထိုသူတို့သည် ငြင်းဆန်သောသူတို့ပင် ဖြစ်သည်။ သူတို့သည် ရည်မှန်းချက်အလွန် ကြီးမားကြပြီး၊ ၎င်းတို့အတွင်း၌ ပုန်ကန်လိုစိတ်များစွာ ရှိနေသောကြောင့်၊ ဘုရားနှင့် ဝေးရာ၌ နေတတ်ကြပြီး ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို လက်မခံလိုကြပေ။ ထိုကဲ့သို့သော သူတို့သည် အလွယ်တကူ စုံလင်စေခြင်း မခံရနိုင်ပေ။ အချို့သောသူများက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ကြပုံနှင့် ၎င်းတို့ကို လက်ခံပုံတို့ကို ရွေးချယ်ကာ လုပ်ဆောင်ကြသည်။ သူတို့သည် သူတို့၏အယူအဆများနှင့် ကိုက်ညီသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အစိတ်အပိုင်းများကို လက်ခံ၍ မကိုက်ညီသည်များကို ငြင်းပယ်ကြသည်။ ထိုသို့ပြုခြင်းသည် ဘုရားသခင်ကို ဗြောင်အကျဆုံး ပုန်ကန်ကာ ခုခံနေခြင်းပင် မဟုတ်လော။ တစ်စုံတစ်ဦးသည် ဘုရားသခင်အပေါ် အနည်းငယ်မျှသော နားလည်မှုမရရှိဘဲ နှစ်ပေါင်းများစွာ ယုံကြည်ပါက၊ ထိုသူသည် မယုံကြည်သူတစ်ဦးသာ ဖြစ်သည်။ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို လက်ခံရန် လိုလားသော သူတို့သာလျှင် ဘုရားသခင်ကို နားလည်နိုင်ရန် ကြိုးစားနေသူများဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံလိုသူများ ဖြစ်ကြသည်။ ထိုသူတို့သည်သာ ဘုရားသခင်၏အမွေနှင့် ကောင်းချီး မင်္ဂလာများကို လက်ခံရရှိမည့်သူများ ဖြစ်ကြပြီး၊ ထိုသူတို့သည် ကောင်းချီးမင်္ဂလာ အများဆုံးရသူများ ဖြစ်ကြသည်။ ဘုရားသခင်သည် စိတ်နှလုံးထဲ၌ သူ့ကို နေရာမပေးသောသူတို့ကို ကျိန်ဆဲပြီး၊ ထိုသို့သောသူတို့ကို ပြစ်တင်ဆုံးမ၍ စွန့်ပစ်သည်။ သင်သည် ဘုရားသခင်ကို မချစ်လျှင် သူသည် သင့်ကို စွန့်ပစ်လိမ့်မည်ဖြစ်ပြီး၊ ငါပြောသောစကားကို သင်နားမထောင်လျှင် ဘုရားသခင်၏ဝိညာဉ်တော်သည် သင့်ကို စွန့်ပစ်လိမ့်မည်ဟု ငါသင့်ကို ကတိပြုသည်။ သင်မယုံကြည်ပါက စမ်းကြည့်လော့။ ယနေ့ သင်လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခုကို ငါရှင်းပြ၏၊ သို့သော်လည်း လက်တွေ့ လုပ်ဆောင်မည်၊ မလုပ်ဆောင်မည်မှာ သင့်သဘောပင် ဖြစ်သည်။ ယင်းကို သင် မယုံကြည်လျှင်၊ ယင်းကို သင် လက်တွေ့လုပ်ဆောင်ခြင်း မရှိလျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်၌ အလုပ်လုပ်သည်၊ မလုပ်သည်ကို သင်ကိုယ်တိုင် မြင်တွေ့လိမ့်မည်။ ဘုရားသခင်ကို နားလည်ရန် မကြိုးစားလျှင် သန့်ရှင်းသော ဝိညာဉ်တော်သည် သင်၌ အလုပ်လုပ်မည် မဟုတ်ပေ။ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များကို ရှာဖွေ၍ တန်ဖိုးထားသူများတွင် အလုပ်လုပ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် တန်ဖိုးထားလေလေ၊ သူ၏ဝိညာဉ်တော်က သင်၌ လုပ်ဆောင်လေလေ ဖြစ်မည်။ လူတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တန်ဖိုးထားလေလေ၊ ဘုရားသခင်၏ စုံလင်စေခြင်း ခံရရန် အခွင့်များလေလေ ဖြစ်သည်။ ဘုရားသခင်သည် သူ့အား အမှန်တကယ် ချစ်မြတ်နိုးသူများကို စုံလင်စေပြီး၊ သူ၏ရှေ့မှောက်တွင် အမှန်တကယ် ငြိမ်းချမ်းသော နှလုံးသားရှိသူများကို သူစုံလင်စေသည်။ ဘုရားသခင်၏ အလုပ်အားလုံးကို တန်ဖိုးထားခြင်း၊ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို တန်ဖိုးထားခြင်း၊ ဘုရားသခင်၏ တည်ရှိနေမှုကို တန်ဖိုးထားခြင်း၊ ဘုရားသခင်၏ စောင့်ရှောက်မှုနှင့် ကွယ်ကာမှုကို တန်ဖိုးထားခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင့်အတွက် စစ်မှန်မှုနှင့် သင့်အသက်အတွက် ထောက်ပံ့ပေးခြင်း ဖြစ်လာပုံကို တန်ဖိုးထားခြင်း- ၎င်းတို့အားလုံးသည် ဘုရားသခင်၏ စိတ်တော်နှင့် အတွေ့ဆုံး ဖြစ်သည်။ သင်သည် ဘုရားသခင်၏ အမှုတော်ကို တန်ဖိုးထားလျှင်၊ ဆိုလိုသည်မှာ၊ သင့်အတွက် ဘုရားသခင် လုပ်ဆောင် ပေးခဲ့သမျှ အလုပ်ကို တန်ဖိုးထားလျှင်၊ သူသည် သင့်အား ကောင်းချီးပေး၍ သင်၌ ရှိသမျှကို ဆထက်တန်ဖိုး တိုးပွားစေလိမ့်မည်။ သင်သည် ဘုရားသခင်၏ နူတ်ကပတ်တော်များကို တန်ဖိုးမထားလျှင်၊ သူသည် သင်၌ အလုပ်မလုပ်ဘဲ၊ သင်၏ယုံကြည်ခြင်းအတွက် အနည်းငယ်သော ကျေးဇူးတော်ကိုချပေးခြင်း၊ သို့မဟုတ် အနည်းငယ်သော ဥစ္စာပစ္စည်းကြွယ်ဝမှုကို ကောင်းချီး ပေးခြင်း၊ သို့မဟုတ် သင့်မိသားစုအား အနည်းငယ်သော လုံခြုံခြင်းကိုသာ ပေးလိမ့်မည်။ သင်သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရရုံလောက်သာ မလုပ်ဆောင်သင့်ဘဲ၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို သင်၏ စစ်မှန်မှု ဖြစ်စေ၍၊ သူ့ကို ကျေနပ်စေနိုင်ပြီး သူ၏စိတ်တော်နှင့် တွေ့နိုင်ရန် ကြိုးစားသင့်သည်။ ယုံကြည်သူများအဖို့ ဘုရားသခင်၏အလုပ်ကို လက်ခံရရှိရန်၊ စုံလင်ခြင်းကို ရရှိရန်နှင့် ဘုရားသခင်၏အလိုတော်ကို လုပ်ဆောင်သူ တစ်ဦးဖြစ်ရန်ထက် ပို၍အရေးကြီးသည့်အရာမရှိပေ။ ထိုအရာသည် သင်လိုက်လျှောက်သင့်သည့် ပန်းတိုင်ပင် ဖြစ်သည်။

ကျေးဇူးတော်ကာလ၌ လူသားတို့၏ ရှာမှီးမှုများ အားလုံးသည် ယခု ခေတ်ကုန်သွားပြီ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် လက်ရှိကာလတွင် ပိုမို အဆင့်မြင့်သော ရှာမှီးမှု ရှိ၍ဖြစ်သည်၊ ရှာမှီးသည့် အရာသည် ပိုမိုမြင့်မား၍ ပိုမိုလက်တွေ့ကျ၏၊ ရှာမှီးသည့် အရာသည် လူသားအတွင်း၌ လိုအပ်နေသည့် အချက်များကို ပို၍ကျေနပ်စေနိုင်သည်။ အတိတ်ကာလ၌ ဘုရားသခင်သည် လူများအပေါ် ယနေ့ခေတ်ကဲ့သို့ မလုပ်ဆောင်ပေ၊ ဘုရားသခင်သည် ထိုသူများကို ယနေ့ခေတ်လောက်လည်း စကားမပြောခဲ့ပေ။ ထို့အပြင် ယနေ့ခေတ်ရှိ လူများအပေါ်တွင်ရှိသော သူ၏ သတ်မှတ်ချက်များလောက်လည်း သူတို့အပေါ် သတ်မှတ်ချက်များ မများပေ။ ဘုရားသခင်သည် ဤအရာများကို သင်တို့အား ယခု ပြောသည်မှာ သူ၏ အဆုံးစွန်သော ရည်ရွယ်ချက်သည် သင်တို့အပေါ်၊ ဤလူစုအပေါ်တွင်သာ အာရုံစိုက်နေကြောင်းကို ပြသည်။ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းကို စစ်မှန်စွာ ခံရလိုလျှင်၊ ထိုအရာကို သင်၏ ဗဟိုပန်းတိုင်အဖြစ် ရှာမှီးလော့။ ဟိုဟိုသည်သည် ပြေးလွှားနေသည့် အခါတွင်ဖြစ်စေ၊ မိမိကိုယ်ကိုယ် အသုံးချနေသည့် အခါတွင်ဖြစ်စေ၊ လုပ်ငန်းဆောင်တာတစ်ခုတွင် အစေခံ နေသည့် အခါတွင်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်ထံမှ တာဝန်ပေးအပ်ခြင်း ခံရသည့်အခါတွင် ဖြစ်စေ၊ ရည်ရွယ်ချက်သည် အမြဲပင် စုံလင်စေခြင်း ခံရရန်နှင့် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်း၍ ဤပန်းတိုင်တို့ကို ရရှိရန် ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးက သူသည် ဘုရားသခင်၏ စုံလင်စေခြင်း သို့မဟုတ် အသက်တွင်းသို့ ဝင်ရောက်ခြင်းကို ရှာမှီးခြင်း မရှိ၊ ဇာတိပကတိဆိုင်ရာ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကိုသာ ရှာမှီးသည်ဟု ဆိုလျှင် ထိုသူသည် လူသားများအနက် မျက်စိအကန်းဆုံးသူ ဖြစ်သည်။ အသက်၏ စစ်မှန်မှုကို ရှာမှီးခြင်း မရှိဘဲ၊ နောင်လာမည့် ကမ္ဘာမှ ထာဝရအသက်နှင့် ဤလောကီအတွင်းရှိ ဘေးကင်း လုံခြုံမှုကိုသာ ရှာသောသူသည် လူသားများ အနက် မျက်စိ အကန်းဆုံးသူ ဖြစ်သည်။ သို့ဖြစ်ပါ၍ သင် လုပ်ဆောင်သောအရာ ဟူသမျှသည် ဘုရားသခင်၏ စုံလင်စေခြင်းနှင့် ရယူခြင်း ခံရစေရန် ရည်ရွယ်ချက် အတွက်သာ လုပ်ဆောင်သင့်သည်။

လူတို့တွင် ဘုရားသခင်လုပ်ဆောင်သည့်အရာမှာ သူတို့၏ မတူညီသော လိုအပ်ချက်များအတိုင်း ထောက်ပံ့ပေးရန် ဖြစ်သည်။ လူတစ်ယောက်၏ဘဝသည် ကြီးမားလေလေ၊ သူ၏လိုအပ်ချက်များ များလေလေဖြစ်ပြီး၊ ရှာမှီးလေလေ ဖြစ်သည်။ ဤအဆင့်၌ သင်သည် ရှာမှီးမှု မရှိလျှင်၊ ယင်းက သန့်ရှင်းသောဝိညာဉ်တော်သည် သင့်ကို စွန့်ပစ်လိုက်ကြောင်း သက်သေပြသည်။ အသက်ကို ရှာမှီးသူအားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏ စွန့်ပစ်ခြင်းကို မည်သည့်အခါမျှ ခံရမည်မဟုတ်ပေ၊ ထိုကဲ့သို့သောသူတို့သည် အမြဲတစေ ရှာမှီးပြီး၊ ၎င်းတို့၏စိတ်နှလုံးတွင် တောင့်တမှု အမြဲရှိသည်။ ထိုသူတို့သည် လက်ရှိအမှုအရာများကို ဘယ်သောအခါမျှ ရောင့်ရဲတင်းတိမ်ခြင်း မရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်အဆင့်တိုင်းသည် သင်၌ အကျိုးသက်ရောက်မှုတစ်ခု ရရှိရန် ရည်ရွယ်သော်လည်း သင်သည် မိမိဘာသာ အားရကျေနပ်နေလျှင်၊ သင်အနေဖြင့် လိုအပ်ချက်များ မရှိတော့လျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သင်လက်မခံတော့လျှင်၊ သူသည် သင့်ကို စွန့်ပစ်သွားပေလိမ့်မည်။ လူတိုင်းသည် ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးမှုကို နေ့စဉ်နေ့တိုင်း လိုအပ်သည်၊ သူတို့သည် ဘုရားသခင်ထံမှ မြောက်မြားစွာသော ထောက်ပံ့ပေးမှုကို နေ့စဉ်နေ့တိုင်း လိုအပ်သည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မစားမသောက်ဘဲ နေ့တိုင်း နေနိုင်သလော။ လူတစ်ဦးက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အလုံအလောက် မစားသောက်နိုင်ဟု အစဉ်ထင်နေလျှင်၊ ၎င်းတို့ကို အမြဲတစေ ရှာဖွေ၍ ဆာလောင်မွတ်သိပ်နေလျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့အတွင်း၌ အမြဲအလုပ် လုပ်လိမ့်မည်။ လူတစ်ဦးက ပိုမိုတမ်းတလေလေ၊ သူ၏ မိတ်ဿဟာယပြုခြင်းမှ ပိုမိုလက်တွေ့ကျသောအရာများ ပေါ်ထွက်လာနိုင်လေလေ ဖြစ်သည်။ တစ်စုံတစ်ဦးသည် သမ္မာတရားကို အလွန်အမင်းရှာဖွေလေလေ၊ သူ၏ဘဝ မြန်မြန်ကြီးထွားလေလေ ဖြစ်ပြီး၊ အတွေ့အကြုံနှင့် ကြွယ်ဝစေကာ ထာဝရဘုရား၏အိမ်တော်တွင် ကြွယ်ဝ ချမ်းသာသော နေထိုင်သူတစ်ဦး ဖြစ်စေလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် သူ၏စိတ်တော်နှင့် ထိတွေ့သောသူတို့ကို စုံလင်စေသည်

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။