ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၁၀

စာတန်က ကြင်နာတတ်သည်၊ တရားမျှတပြီး ကိုယ်ကျင့်တရားကောင်းမွန်သည်ဟု မြင်ရသော်လည်း အနှစ်သာရမှာ ရက်စက်ပြီး ဆိုးယုတ်ပါသည်

စာတန်သည် လူအများကို လှည့်စားခြင်းမှတစ်ဆင့် သူ၏ နာမည်ကြီးမှုကို ရရှိသည်။ စာတန်က ဖြောင့်မတ်ခြင်း၏ စံပြနှင့် ဦးစီးဦးဆောင်တစ်ယောက်အဖြစ် သူ့ကိုယ်သူ မကြာခဏ သက်သေထူပါသည်။ ဖြောင့်မတ်ခြင်းကို ကာကွယ်ခြင်း၏ အောင်လံတံခွန်အောက်မှာ စာတန်သည် လူသားကို အန္တရာယ်ပြုသည်။ သူတို့၏ ဝိညာဉ်ကို ဝါးမျိုသည်။ လူသားကို ပိတ်ပင်ဖို့၊ လှည့်စားဖို့နှင့် သွေးဆောင်ဖို့ နည်းမျိုးစုံကို အသုံးပြုသည်။ သူ၏ပန်းတိုင်က သူ၏မကောင်းသည့် အပြုအမူများကို လူသားက လက်ခံပြီး လိုက်လျှောက်ဖို့၊ ဘုရားသခင်၏ သြဇာအာဏာနှင့် စိုးပိုင်မှုကို ဆန့်ကျင်ရာမှာ လူသားကို သူနှင့် ပူးပေါင်းအောင်လုပ်ဖို့ဖြစ်ပါသည်။ သို့သော်လည်း လူတစ်ယောက်က သူ၏မကောင်းကြံစည်မှုများ၊ အကွက်ချခြင်းများနှင့် ဆိုးညစ်သည့်ပုံစံများအပေါ် လိမ္မာပါးနပ်လာပြီး စာတန်၏ အရူးလုပ်ခြင်း၊ နင်းချေခံရခြင်းတို့ ဆက်ပြီးမခံချင်တော့သည့်အခါ သို့မဟုတ် စာတန်အတွက် ဆက်ပြီး ကျွန်မခံချင်တော့သည့်အခါ သို့မဟုတ် စာတန်နှင့်အတူ အပြစ်ဒဏ်ခံရပြီး အဖျက်ဆီးမခံချင်တော့သည့်အခါ၊ စာတန်က သူ၏ ယခင် ကိုယ်ကျင့်တရားကောင်းမွန်သည့် ပုံစံများကို ပြောင်းလိုက်ပြီး သူ၏ စစ်မှန်သည့် ဆိုးယုတ်၊ ကြမ်းတမ်းရက်စက်၊ အကျည်းတန်ပြီး ရိုင်းစိုင်းကြမ်းကြုတ်သည့် မျက်နှာကို ဖွင့်ပြဖို့အတွက် သူ၏ မျက်နှာဖုံးအတုကို ဆွဲဖြဲလိုက်ပါတော့သည်။ သူ၏ ဆိုးယုတ်သည့် စွမ်းအားများကို ဆန့်ကျင်သည့်သူများနှင့် သူ့နောက်ကိုလိုက်ဖို့ ငြင်းဆန်သူများအားလုံးကို စာတန်သည် အလွန်ပင် အပြတ်ရှင်းပစ်ချင်ပါသည်။ ဤအချိန်မှာ စာတန်ကို ယုံကြည်၍ရသည်၊ လူကြီးလူကောင်း အသွင်အပြင်ရှိသည်ဟု ထင်မြင်ယူဆ၍မရတော့ပေ။ ဤကဲ့သို့မဟုတ်ဘဲ သိုးရေခြုံအောက်မှ သူ၏ တကယ့် ကြောက်စရာကောင်းပြီး မာရ်နတ်ဆန်သည့် အသွင်အပြင်များ ထုတ်ဖော်ခံရပါတော့သည်။ စာတန်၏ မကောင်းသည့် အကြံအစည်များသည် သိသာထင်ရှားလာသည်နှင့်၊ သူ၏ စစ်မှန်သည့် ပုံစံကို ဖော်ထုတ်ပြီးသည်နှင့် သူသည် စိတ်တိုဒေါသထွက်ပြီး သူ၏ ရက်စက်ကြမ်းတမ်းမှုကို ဖော်ပြတော့သည်။ လူများကို အန္တရာယ်ပြုဖို့နှင့် ဝါးမျိုဖို့ သူ၏ ဆန္ဒသည် ပို၍ပင် ပြင်းထန်လာသည်။ ဤသည်မှာ လူသား၏ နှိုးထမှုကြောင့် အလွန်စိတ်ဆိုးသည့်အတွက်ကြောင့်ဖြစ်သည်။ လွတ်လပ်မှုနှင့်အလင်းကို တောင့်တဖို့နှင့် စာတန်၏ ထောင်မှ လွတ်မြောက်ဖို့ သူတို့၏ ရည်မှန်းချက်ကြောင့် လူသားကို ပြင်းထန်သည့်အငြိုးဖြစ်ပေါ်လာပါသည်။ သူ၏ဒေါသသည် သူ၏ဆိုးယုတ်မှုကို ခုခံကာကွယ်ဖို့ ရည်ရွယ်သည်။ သူ၏ ရက်စက်ကြမ်းကြုတ်သည့် သဘောသဘာဝ၏ တကယ့်ထုတ်ဖော်ခြင်းလည်းဖြစ်ပါသည်။

ကိစ္စရပ်တိုင်းတွင်၊ စာတန်၏ အပြုအမူက သူ၏ဆိုးယုတ်သည့် သဘာဝကို မြင်သာအောင်ပြသည်။ လူသားအပေါ်မှာ စာတန်ဆောင်ရွက်ခဲ့သည့် ဆိုးယုတ်သည့်အပြုအမူများ အားလုံးထဲတွင်- သူ့နောက်လိုက်စေခြင်းအဖြစ်သို့ လူကို လှည့်ဖြားဖို့ စာတန်၏အစောပိုင်း အားထုတ်မှုမှသည် သူ၏ ဆိုးယုတ်သည့် မကောင်းသော လုပ်ဆောင်မှုများထဲသို့ လူသားကို ဆွဲသွင်းခြင်းဖြစ်သည့် စာတန်၏ လူသားကို အသုံးချခြင်းနှင့် သူ၏စစ်မှန်သော အင်္ဂါရပ်များ ဖော်ထုတ်ခံရပြီး လူက ယင်းကို သတိပြုမိကာ စွန့်လွှတ်ပြီးနောက် လူသားပေါ် သူ၏အာဃာတအထိ- စာတန်၏ ဆိုးယုတ်သည့်အနှစ်သာရကို မဖော်ထုတ်နိုင်သည့်အရာ တစ်ခုမျှမရှိ။ စာတန်သည် အပြုသဘောဆောင်သည့် အရာများနှင့် ဆက်နွှယ်မှုမရှိဆိုသည့် အမှန်တရားကို သက်သေမပြနိုင်သည့်အရာ တစ်ခုမျှမရှိ။ စာတန်သည် ဆိုးယုတ်သည့်အရာအားလုံး၏ အရင်းအမြစ်ဖြစ်သည်ကို သက်သေမပြနိုင်သည့်အရာ တစ်ခုမျှမရှိပေ။ သူ၏အပြုအမူတစ်ခုချင်းစီတိုင်းက သူ၏ဆိုးယုတ်မှုကို ကာကွယ်ပေးသည်။ သူ၏ဆိုးယုတ်သည့်အပြုအမူများ ဆက်လက်ပြုလုပ်ခြင်းအတွက် ထိန်းသိမ်းပေးသည်။ တရားမျှတပြီး အပြုသဘောဆောင်သည့်အရာများနှင့် ဆန့်ကျင်သည်။ လူသားမျိုးနွယ်၏ သာမန်ဖြစ်တည်မှုအတွက် နိယာမနှင့် အစီအစဉ်ကျမှုတို့ကို ဖျက်ဆီးပါသည်။ သူတို့သည် ဘုရားသခင်ကို ရန်လိုကြသည်။ ဘုရားသခင်၏ အမျက်ဒေါသက ဖျက်ဆီးပစ်မည့် အရာများဖြစ်ကြပါသည်။ စာတန်က သူ၏ကိုယ်ပိုင်ဒေါသရှိသော်လည်း သူ၏ဒေါသသည် သူ၏ဆိုးယုတ်သည့် သဘောကို ဖွင့်ချသည့်နည်းဖြစ်ပါသည်။ စာတန်က အလွန်စိတ်တိုလာပြီး ဒေါသထွက်လာသည့်အကြောင်းက ၎င်းတို့ကြောင့်ပင်ဖြစ်သည်။ သူ၏ ပြောပြ၍မရနိုင်သည့် မကောင်းသည့်အကြံအစည်များသည် ပေါ်လွင်သွားသည်။ သူ၏လှည့်ကွက်များသည် လွယ်လွယ်နှင့် မလွတ်နိုင်ပေ။ သူ၏ ကြမ်းတမ်းသည့် ရည်မှန်းချက်နှင့် ဘုရားသခင်ကို အစားထိုးဖို့နှင့် ဘုရားသခင်ကဲ့သို့ ပြုမူဖို့ ဆန္ဒသည် ရိုက်ချခံရပြီး ပိတ်ပင်ခံလိုက်ရသည်။ လူသားမျိုးနွယ်အားလုံးကို ထိန်းချုပ်လိုသည့် သူ၏ပန်းတိုင်သည် ယခု ဘာမှဖြစ်မလာဘဲ ဘယ်တော့မှ အောင်မြင်နိုင်မှာမဟုတ်ပေ။ စာတန်၏ လှည့်ကွက်များ အကောင်အထည်ပေါ်လာခြင်းကို ရပ်တန့်လိုက်ပြီး စာတန်၏ ဆိုးယုတ်မှုများ ပျံ့နှံ့ခြင်းနှင့် ထကြွသောင်းကျန်းခြင်းများကို ဖြတ်တောက်ပစ်လိုက်ခြင်းက ဘုရားသခင်၏ အကြိမ်ကြိမ်အခါခါ ထုတ်လွှတ်သည့် သူ၏အမျက်ဒေါသပင် ဖြစ်ပါသည်။ ထို့ကြောင့် စာတန်သည် ဘုရားသခင်၏ အမျက်ဒေါသကို မုန်းလည်းမုန်း၊ ကြောက်လည်း ကြောက်ရွံ့ပါသည်။ ဘုရားသခင်၏အမျက်ဒေါသ အသုံးချမှုတိုင်းသည် စာတန်၏ဆိုးညစ်သည့် အသွင်အပြင်အမှန်ကို ဖွင့်ပြရုံတင်မကဘဲ အလင်းအပေါ်မှာ စာတန်၏ ဆိုးယုတ်သည့် ဆန္ဒကိုလည်း ဖော်ထုတ်ပါသည်။ တစ်ချိန်တည်းမှာပင် လူသားမျိုးနွယ်အပေါ် စာတန်၏ ဒေါသ၏ အကြောင်းရင်းများသည် လုံးဝ ပေါ်လွင်လာပါသည်။ စာတန်၏ ဒေါသ ပေါက်ကွဲခြင်းက သူ၏မကောင်းကြံစည်မှုများ ပေါ်ထွက်ခြင်းဖြစ်သည့် သူ၏ဆိုးယုတ်သည့် သဘောကို အမှန်တကယ် ထုတ်ဖော်ခြင်းဖြစ်ပါသည်။ မှန်ပါသည်၊ စာတန်က အလွန်စိတ်ဆိုးသည့် အခါတိုင်းမှာ ဆိုးယုတ်သည့်အရာများ ပျက်စီးခြင်းကို ကြေညာပါသည်။ အပြုသဘောဆောင်သည့် အရာများအပေါ် ကာကွယ်ခြင်းနှင့် ဆက်လက်ဖြစ်ပေါ်ခြင်းကို ကြေညာပါသည်။ ဘုရားသခင်၏ ထိပါးစော်ကား၍မရသည့် အမျက်ဒေါသ၏ သဘောသဘာဝကို ကြေညာပါသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၀၆

ဘုရားသခင်ကို လူတို့ယုံကြည်ပုံ၊ လူတို့ချစ်မြတ်နိုးပုံနှင့် စိတ်ကျေနပ်စေပုံသည် ဘုရားသခင်၏ဝိညာဉ်တော်ကို ၎င်းတို့၏နှလုံးသားဖြင့် ထိတွေ့ပြီး...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၄၄

ယနေ့တွင် သင်တို့အားလုံး ရှင်းရှင်းလင်းလင်း သိသင့်သောအချက်မှာ နောက်ဆုံးသော ကာလ၌ ဘုရားသခင် ပြီးမြောက်အောင် လုပ်ဆောင်သည့်အရာမှာ အဓိကအားဖြင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၇၆

သမ္မာတရားကို လူတစ်ဦးမည်မျှနားလည်သည်ဖြစ်စေ၊ တာဝန်မည်မျှကို ဖြည့်ဆည်းပြီးဖြစ်ပါစေ၊ ထိုတာဝန်များကို ဖြည့်ဆည်းစဉ်တွင် မည်မျှ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၁၇

လောက၌ ငါလုပ်ဆောင်သည့် အလုပ်၏ ရည်ရွယ်ချက်သည် မည်သည့်အရာဖြစ်ကြောင်းကို လူသားများအားလုံး သိဖို့လိုသည်။ ငါ၏ အဆုံးသတ် ရည်ရွယ်ချက်နှင့်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။