ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၅၀

လူသားကို ဖောက်ပြန်ပျက်စီးစေရန် စာတန်က အယူသီးခြင်းကို အသုံးပြုပုံ

လူသားကို ဖောက်ပြန်ပျက်စီးစေရန် စာတန်သည် အယူသီးခြင်းကို မည်သို့အသုံးပြုသနည်း။ လူတို့အားလုံးသည် မိမိတို့၏ ကံကြမ္မာကို သိချင်ကြ၏၊ ထို့ကြောင့် စာတန်သည် ၎င်းတို့ကို သွေးဆောင်ဖြားယောင်းရန် ၎င်းတို့၏ သိလိုစိတ်ပြင်းပြမှုကို ကောင်းကောင်း အသုံးချလေသည်။ လူတို့သည် အနာဂတ်တွင် ၎င်းတို့ကို မည်သည့်အရာ ဖြစ်ပျက်မည်၊ ပြီးလျှင် ရှေ့တွင် မည်သည့်လမ်းမျိုးရှိနေသည်တို့ကို လေ့လာသိရှိဖို့ရန်အလို့ငှာ ဂမ္ဘီရပညာ၊ ဗေဒင်ဟောခြင်းနှင့် ရုပ်အင်ဖတ်ခြင်းတို့တွင် စိတ်ပါဝင်စား ကြ၏။ သို့သော်လည်း၊ အဆုံးတွင်၊ လူတို့ အလွန် စိတ်ဝင်စားကြသည့် ကံကြမ္မာနှင့် ရှေ့ရေးများက မည်သူ၏လက်ထဲတွင် ရှိပါသနည်း။ (ဘုရားသခင်၏ လက်တော်တွင် ရှိပါသည်။) ဤအရာများအားလုံးသည် ဘုရားသခင်၏ လက်ထဲတွင်ရှိသည်။ ဤနည်းလမ်းများကို အသုံးပြုရာတွင်၊ စာတန်က လူတို့အား အဘယ်အရာကိုသိစေလိုသနည်း။ ၎င်းသည် လူတို့၏ အနာဂတ် ကံကြမ္မာကို ၎င်းကသိပြီး၊ ဤအရာများကို သိရုံမျှမက ၎င်းက ထိန်းချုပ်သည်ကို လူတို့အား ပြောပြရန် စာတန်က ရုပ်အင်ဖတ်ခြင်းနှင့် ဗေဒင်ဟောခြင်းတို့ကို အသုံးပြုချင်သည်။ စာတန်သည် လူတို့အနေဖြင့် ၎င်းကို မျက်စိမှိတ်ပြီးယုံကြည်ကာ ၎င်း၏ စကားတစ်လုံးမကျန် လိုက်နာသည်အထိ လူတို့ကို ထိန်းချုပ်ဖို့ ဤအခွင့်အရေးကို အခွင့်ကောင်းယူပြီး ဤနည်းလမ်းများကို အသုံးပြုချင်လေသည်။ ဥပမာအနေဖြင့်၊ သင်သည် ရုပ်အင်ဗေဒဖတ်ခြင်း လုပ်ဆောင်ပါက၊ ဗေဒင်ဆရာက သူ၏မျက်လုံးများကို မှိတ်ပြီး လွန်ခဲ့သည့် ဆယ်စုနှစ် အနည်းငယ်က သင့်ကို ဖြစ်ပျက်ခဲ့သည်များ အားလုံးအား ပြောပြပါက၊ စိတ်ထဲတွင် သင် မည်ကဲ့သို့ခံစားရမည်နည်း။ သင်က၊ “သူ အလွန်တိကျမှန်ကန်သည်။ ငါ၏ အတိတ်ကို ယခင်က မည်သူ့ကိုမျှ ငါမပြောခဲ့ဖူးပါ၊ သူ ဤအရာကို မည်ကဲ့သို့သိသနည်း။ ငါ ဤဗေဒင်ဆရာကို အမှန်ပင်လေးစား သွားပြီ။” ဟု ချက်ချင်း ခံစားရလိမ့်မည်။ စာတန်အတွက်က သင့်အတိတ်ကို သိရန် အလွန်လွယ်ကူသည် မဟုတ်လော။ ဘုရားသခင်က သင့်ကို ယနေ့ထိတိုင် လမ်းပြပြီးဖြစ်သကဲ့သို့၊ စာတန်က ထိုအချိန် တစ်လျှောက်လုံး လူတို့ကို ဖောက်ပြန်ပျက်စီးစေပြီး၊ သင့်နောက်သို့ လိုက်နေခဲ့သည်။ သင့်ဘဝ၏ ဆယ်စုနှစ်များကုန်လွန်ခြင်းက စာတန်အဖို့ ဘာမျှမဟုတ်သလို ဤအရာများကို သိရန် စာတန်အတွက် မခက်ခဲပေ။ စာတန်ပြောခဲ့သမျှ တိကျမှန်ကန်သည်ကို သင်သိသောအခါ၊ သင့်စိတ်နှလုံးကို သူ့အားပေးနေသည် မဟုတ်လော။ သင်၏အနာဂတ်နှင့် ကံကြမ္မာတို့ကို ထိန်းချုပ်ဖို့ ၎င်းအပေါ် မှီခိုနေသည် မဟုတ်လော။ တစ်ခဏချင်းတွင် သင်၏ စိတ်နှလုံးသည် ၎င်းကို လေးစားမှုအချို့နှင့် ကြောက်ရွံ့မှုကို ခံစားရလိမ့်မည်ဖြစ်ပြီး လူအချို့အတွက် ၎င်းတို့၏ ဝိညာဉ်များသည် ဤအချိန်တွင် ၎င်း၏လုယူခြင်းကိုခံရနှင့်ပြီး ဖြစ်ကောင်းဖြစ်နိုင်သည်။ ပြီးလျှင် သင်သည် ဗေဒင်ဆရာကို ချက်ချင်းမေးလိမ့်မည်- “နောက်ရော ကျွန်ုပ်ဘာလုပ်သင့်သနည်း။ လာမည့်နှစ်ထဲမှာ ကျွန်ုပ် အဘယ်အရာကို ရှောင်ရှားသင့် သနည်း။ အဘယ်အရာတို့ကို ကျွန်ုပ် မလုပ်ရမည်နည်း။” ထို့နောက်တွင်၊ သူက “သင် ထိုနေရာသို့ မသွားရ၊ ဒီအရာကို မလုပ်ရ၊ ထိုထိုသောအရောင်ရှိသည့် အဝတ်အစားများကို မဝတ်နှင့်၊ သင်သည် အကြင်မည်သော နေရာများကို သွားတာ လျှော့သင့်သည်၊ အချို့သော အရာများကို ပိုမိုလုပ်ဆောင်ပါ...” ဟုပြောလိမ့်မည်။ သူပြောသမျှအားလုံးကို သင်သည် စိတ်နှလုံး ထဲတွင် ချက်ချင်း မှတ်ယူလိမ့်မည် မဟုတ်လော။ သင်သည် သူ၏ စကားများကို ဘုရားသခင်၏ နှုတ်ကပတ်တော်ထက် ပိုမိုလျင်မြန်စွာ အာဂုံဆောင်ထားလိမ့်မည်။ ၎င်းတို့ကို အဘယ်ကြောင့် အလွန်လျင်မြန်စွာ သင် အလွတ်ရမည်နည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် ကံကောင်းခြင်းအတွက် စာတန်ကို အမှီပြုချင်သောကြောင့် ဖြစ်သည်။ ဤသည်မှာ ၎င်းက သင်၏စိတ်နှလုံးကို သိမ်းလိုက်သည့်အချိန် ဖြစ်သည် မဟုတ်လော။ ၎င်း၏ ဟောကိန်းထုတ်မှုများ တစ်ခုပြီးတစ်ခု အမှန်တကယ် ဖြစ်လာသောအခါ၊ သင်သည် လာမည့်နှစ်က မည်သည့်ကံကြမ္မာကို ယူဆောင်လာမည်ကို သိရှိရဖို့ ၎င်းထံသို့ ချက်ချင်းပြန်သွားချင်လိမ့်မည် မဟုတ်လော။ (ပြန်သွားချင် ပါမည်။) စာတန်က သင့်အား လုပ်ဆောင်ရန် ပြောသည့် မည်သည့်အရာကိုမဆို သင်လုပ်ဆောင်လိမ့်မည်ဖြစ်ပြီး ၎င်းက ရှောင်ရန်ပြောသည့် အရာများကိုလည်း သင်ရှောင်ကြဉ်လိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့်၊ သူပြောသမျှ အားလုံးကို သင်နာခံနေသည် မဟုတ်လော။ အလွန်လျင်မြန်စွာ၊ သင်သည် သူကို လက်ခံယုံကြည်ခြင်းထဲသို့ ကျရောက်သွားလိမ့်မည်၊ လှည့်ဖြားခံရမည်ဖြစ်ပြီး သူ၏ထိန်းချုပ်မှုအောက်သို့ ရောက်လာ လိမ့်မည်။ ဤသို့ဖြစ်ရခြင်းမှာ သူပြောသည့်အရာကို သမ္မာတရား အဖြစ် သင်ယုံကြည်သောကြောင့် ဖြစ်ပြီး၊ သင်၏ အတိတ်က အသက်တာ၊ သင်၏ယခုအသက်တာနှင့် အနာဂတ်က အဘယ်အရာ ဆောင်ကြဉ်းလာမည့် အကြောင်းကို သူသိသည်ဟု သင်ယုံကြည်သောကြောင့် ဖြစ်သည်။ ဤကား လူတို့ကို ထိန်းချုပ်ရန် စာတန် အသုံးပြုသည့် နည်းလမ်းဖြစ်သည်။ သို့ရာတွင် အမှန်အားဖြင့်၊ မည်သူက အမှန်တကယ် ထိန်းချုပ် နေပါသနည်း။ ဘုရားသခင် ကိုယ်တော်တိုင်က ထိန်းချုပ်၏၊ စာတန်မဟုတ်ပေ။ စာတန်သည် ဤနေရာတွင် မသိနားမလည်သည့် လူများကို လှည့်စားရန်၊ ရုပ်ဝတ္ထု လောကကိုသာမြင်ပြီး ထိုအရာအပေါ် အားကိုးနေသည့် လူတို့ကို လှည့်စားရန် သူ၏ပရိယာယ်များကို အသုံးပြုနေခြင်း သာဖြစ်သည်။ ထို့နောက်၊ ၎င်းတို့သည် စာတန်၏ လက်ထဲသို့ ကျရောက်ကြပြီး သူ၏စကားတစ်လုံးစီတိုင်းကို နာခံကြ လေသည်။ သို့ရာတွင် လူတို့က ဘုရားသခင်ကို ယုံကြည်လိုပြီး ဘုရားသခင် နောက်သို့ လိုက်လိုသည့်အခါ၊ စာတန်က အလျှော့ပေးဖူးပါသလော။ စာတန်က အလျှော့မပေးပေ။ ဤအခြေအနေတွင်၊ လူတို့သည် စာတန်၏ လက်ထဲသို့ အမှန်တကယ် ကျရောက်နေကြသလော။ (ကျရောက်နေပါသည်။) ဤအရာနှင့်စပ်လျဉ်း၍ စာတန်၏ အပြုအမူက အရှက် ကင်းမဲ့သည်ဟု ငါတို့ ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) အဘယ်ကြောင့် ပြောနိုင်သနည်း။ မမှန်မကန်နှင့် လှည့်စားတတ်သော နည်းဗျူဟာများ ရှိသောကြောင့်ဖြစ်သည်။ စာတန်သည် အရှက်ကင်းမဲ့ပြီး လူတို့ကို ၎င်းတို့နှင့် ပတ်သက်သမျှတိုင်းကို ၎င်းက ထိန်းချုပ်ထားသကဲ့သို့ ၎င်းတို့၏ တကယ့်ကံကြမ္မာကို ထိန်းချုပ်ထားသည်ဟု တွေးမိစေခြင်းထဲသို့ လူတို့ကို လှည့်စားသည်။ ဤအရာက မသိမနားလည်သည့် လူတို့ကို ၎င်းအား လုံးဝ နာခံဖို့ ဖြစ်စေသည်။ စကားအနည်းငယ်မျှဖြင့် ၎င်းတို့ အလှည့်စားခံရကြလေသည်။ မှင်တက်မိခြင်းဖြင့် လူတို့သည် ၎င်း၏ရှေ့မှောက်တွင် ဦးညွှတ် ကြသည်။ ထိုသို့လျှင်၊ စာတန်သည် မည်သည့်နည်းလမ်းမျိုးကို အသုံးပြုသနည်း၊ ၎င်းကို သင်ယုံကြည်ရန် မည်သည့်အရာကို ၎င်းက ပြောသနည်း။ ဥပမာ၊ သင့်မိသားစုတွင် လူဘယ်နှစ်ဦး ရှိသည်ကို သင့်အနေဖြင့် စာတန်ကို ပြောကောင်း ပြောခဲ့မည် မဟုတ်သော်လည်း၊ ၎င်းက သင့်မိသားစု၌ လူဘယ်နှစ်ယောက် ရှိသည်ဆိုသည်နှင့် သင့်မိဘများနှင့် သားသမီးများ၏ အသက်အရွယ်များကို ပြောကောင်းပြောနိုင် လိမ့်ဦးမည်ဖြစ်သည်။ ဤအရာမတိုင်မီ သင့်အနေဖြင့် စာတန်နှင့်ပတ်သက်၍ မယုံသင်္ကာမှုများနှင့် သံသယများရှိကောင်း ရှိမည်ဖြစ်သော်လည်း၊ ဤအရာများအား ၎င်းက ပြောသည်ကို ကြားပြီးနောက်တွင်၊ သင်သည် နည်းနည်းပိုပြီး ယုံကြည်ဖွယ်ရာ ကောင်းသည်ဟု ခံစားလာရမည် မဟုတ်လော။ ထိုအခါ စာတန်က၊ သင့်အတွက် အလုပ်အကိုင်က အခုတလော မည်မျှ ခက်ခဲနေကြောင်း၊ သင့် အထက်လူကြီးများက သင်နှင့်ထိုက်သည့် အသိအမှတ်ပြုခြင်းကို မပေးဘဲ သင့်အား ဆန့်ကျင်၍ အမြဲတစေ လုပ်နေကြသည်၊ စသဖြင့် ပြောကောင်းပြောလိမ့်မည်။ ယင်းကို ကြားပြီးသည့်နောက်တွင်၊ သင်က၊ “လုံးဝ မှန်လေစွ။ အလုပ်မှာ ကိစ္စတွေက အဆင်ကိုပြေမနေခဲ့တာပဲ” ဟု သင်တွေးမိလိမ့်မည်။ ထိုသို့ဖြင့် သင်သည် စာတန်ကို အနည်းငယ် ပို၍ယုံကြည်လိမ့်မည်။ ထို့နောက် ၎င်းသည် သင်ကို ပို၍ပင် ယုံကြည်လာစေလျက် သင့်ကို လှည့်ဖြားရန် အခြားတစ်စုံတစ်ရာကို ပြောလိမ့်မည်။ နည်းနည်းချင်းစီဖြင့်၊ သင်သည် ခုခံနိုင်စွမ်းမရှိတော့ဘဲ သို့မဟုတ် ၎င်းကို နောက်ထပ် မယုံသင်္ကာဖြစ်ခြင်း တစ်စုံတစ်ရာ မရှိတော့သည်ကို သင့်ကိုယ်သင် တွေ့ရှိရလိမ့်မည်။ စာတန်သည် အသေးအဖွဲ လှည့်စားမှုလေးများ၊ မဖြစ်စလောက်သည့် လှည့်စားမှု သေးသေးလေးတို့ကိုပင် အသုံးပြုရုံမျှပြုပြီး ဤနည်းဖြင့် သင့်ကို ဝေခွဲမရဖြစ်စေသည်။ သင်သည် ဝေခွဲမရဖြစ်လာသည်နှင့်အမျှ၊ သင်၏ တိကျသော ရပ်တည်မှုကို ရှာတွေ့နိုင်လိမ့်မည် မဟုတ်၊ သင်ဘာလုပ်ရမည်ကို မသိဖြစ်လိမ့်မည်ဖြစ်ပြီး၊ စာတန် ပြောသည့်အရာကို သင်သည် စတင်လိုက်နာလိမ့်မည်။ ဤသည်မှာ လူကို ဖောက်ပြန်ပျက်စီးစေရန် စာတန်အသုံးပြုသော “ထူးခြားပြောင်မြောက်သော” နည်းလမ်းဖြစ်ပြီး၊ ယင်းက သင့်ကို သူ၏ထောင်ချောက်ထဲသို့ အမှတ်တမဲ့ ကျရောက်စေပြီး သူ၏ ဖြားယောင်းခြင်းကိုခံရစေလေသည်။ လူတို့က ကောင်းသည့် အရာများအဖြစ် စိတ်ကူးထားသည့် အရာ အနည်းငယ်ကို စာတန်က သင့်ကိုပြောပြီးနောက်၊ မည်သည့်အရာ လုပ်ရမည် ဆိုသည်နှင့် မည်သည့်အရာ ရှောင်ရမည်ဆိုသည်ကို ၎င်းက သင့်ကို ပြောသည်။ ဤသည်မှာ သင် အမှတ်တမဲ့ လှည့်ဖြားခံရသည့် ပုံဖြစ်သည်။ ယင်းအတွက် အလှည့်ဖြားခံရသည်နှင့်တစ်ပြိုင်နက် အမှုအရာများသည် သင့်အတွက် ခွတီးခွကျ ဖြစ်ပေလိမ့်မည်။ စာတန်ပြောသည့် အရာနှင့် သင့်ကို သူလုပ်ခိုင်းထားသည့်အရာကို စဉ်ဆက်မပြတ် သင်တွေးတော နေလိမ့်မည်ဖြစ်ပြီး၊ သင်သည် အမှတ်တမဲ့ဖြင့် ၎င်း၏ ပိုင်ဆိုင်ခြင်းကို ခံရလိမ့်မည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ဤသို့ဖြစ်ရခြင်းမှာ လူသားမျိုးနွယ်သည် သမ္မာတရား ကင်းမဲ့သောကြောင့် ဖြစ်၏၊ ထို့ကြောင့် စာတန်၏ ဖြားယောင်းမှု နှင့် စုံစမ်းသွေးဆောင်မှုတို့ကို ခိုင်ခိုင်မာမာ ခံရပ်နိုင်ခြင်း မရှိကြပေ။ စာတန်၏ ဆိုးယုတ်မှုနှင့် ၎င်း၏ လှည့်ဖြားမှု၊ သစ္စာဖောက်မှုနှင့် မလိုမုန်းထားမှုတို့ကို ရင်ဆိုင်ရာတွင်၊ လူသားမျိုးနွယ်သည် အလွန် မသိနားမလည်ကြ‌၊ မရင့်ကျက် ကြသကဲ့သို့ အားနည်းကြ၏၊ ဟုတ်သည် မဟုတ်လော။ ဤသည်မှာ လူကို စာတန်က ဖောက်ပြန်ပျက်စီးစေသည့် နည်းလမ်းများထဲမှ တစ်ခုမဟုတ်သလော။ (ဟုတ်ပါသည်။) လူသားသည် စာတန်၏ အမျိုးမျိုးသော နည်းလမ်းများဖြင့်၊ နည်းနည်းချင်း အမှတ်တမဲ့ လှည့်ဖြားခံရပြီး လှည့်စားခံရသည်၊ အဘယ်ကြောင့် ဆိုသော် ၎င်းတို့သည် အပြုသဘောနှင့် အပျက်သဘောကြားတွင် ပိုင်းခြားသိမြင်ဖို့ အစွမ်းအစ ကင်းမဲ့ သောကြောင့်ဖြစ်သည်။ ၎င်းတို့သည် ဤဝိညာဉ် အသက်တာနှင့် စာတန်အပေါ် အောင်နိုင်သည့် အစွမ်းအစ ကင်းမဲ့ကြလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၅၁

ယောဘ၏ စစ်မှန်သော သဘောသဘာဝ၊ လိမ်ညာမှု ကင်းပြီး စစ်မှန် ဖြူစင်ခြင်း ယောဘ ၂:၇-၈ ကို ဖတ်ကြပါစို့- “သို့ဖြင့် စာတန်သည် ယေဟောဝါ၏ထံတော်မှောက်မှ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၁၁

ယနေ့တွင်၊ သင်တို့အထဲ၌ ငါပြုသောအမှုမှာ သင့်ကို ပုံမှန် လူ့သဘာဝနှင့်ဆိုင်သော အသက်တာတစ်ခုထဲသို့ ဦးတည်ခေါ်ဆောင်ဖို့ ရည်ရွယ်ပေသည်။ ယင်းသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၉၉

စာတန်၏ ထူးခြားသည့် ဝိသေသလက္ခဏာသည် အမျိုးမျိုးသော အကြောင်းအရာများနှင့်စပ်ဆိုင်သည့် ၎င်း၏ထင်ရှားပြသခြင်းအပေါ်တွင် လူအများကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၄၁

သူ၏ စီမံခန့်ခွဲမှု အလုံးစုံ တစ်လျှောက်တွင် ဘုရားသခင်၏ အလုပ်သည် စုံလင်ရှင်းလင်းသည်။ ကျေးဇူးတော် ခေတ်သည် ကျေးဇူးတော် ခေတ်ဖြစ်ပြီး၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။