ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၇၈

ယင်းမှာ ဘုရားသခင်သည် သူ့ရွေးချယ်ခံလူတို့၏ ဘုရားသခင်သာ မဟုတ်ပေ။ သင်သည် လောလောဆယ် ဘုရားသခင်နောက်သို့ လိုက်ပြီး၊ သူသည် သင်၏ဘုရားသခင်ဖြစ်သော်လည်း သူ့နောက်သို့ မလိုက်သော သူတို့၏ ဘုရားသခင် ဖြစ်သလော။ ဘုရားသခင်သည် သူ့နောက်သို့ မလိုက်သောသူတို့အားလုံး၏ ဘုရားသခင်လော။ ဘုရားသခင်သည် အရာခပ်သိမ်း၏ ဘုရားသခင်လော။ (ဟုတ်ပါသည်။) သို့ဖြစ်လျှင် ဘုရားသခင်၏အမှုနှင့် လုပ်ဆောင်ချက်များသည် နယ်ပယ်အရ သူ့နောက်လိုက်သောသူတို့ထိမျှသာ ကန့်သတ်ပါသလော။ (မကန့်သတ်ပါ။) သူ၏အမှုနှင့် လုပ်ဆောင်ချက်များ၏ နယ်ပယ်မှာ အဘယ်နည်း။ အနည်းဆုံးအနေဖြင့်၊ သူ၏ အမှုနှင့် လုပ်ဆောင်ချက်များ၏ နယ်ပယ်မှာ လူသားမျိုးနွယ်တစ်ရပ်လုံးနှင့် ဖန်ဆင်းခြင်း အရာအားလုံးကို ခြုံငုံပေသည်။ အများဆုံးအနေဖြင့်၊ ယင်းသည် လူတို့ မမြင်နိုင်သည့် စကြဝဠာတစ်ခုလုံးကို ခြုံငုံ၏။ ထို့ကြောင့် ဘုရားသခင်သည် လူသားမျိုးနွယ်အားလုံးကြားတွင် သူ၏အမှုကို လုပ်ဆောင်ပြီး သူ၏လုပ်ဆောင်မှုများကို ဆောင်ရွက်ကာ၊ ဤအရာသည် ဘုရားသခင်ကို သူ၏ အလုံးစုံဖြင့် လူတို့သိလာဖို့ အခွင့်ပေးရန် လုံလောက်ပေသည်။ သင်သည် ဘုရားသခင်ကို သိချင်ပါက၊ သူ့ကို အမှန်တကယ် သိကျွမ်းလိုပါက၊ သူ့ကို အမှန်တကယ် နားလည်လိုပါက၊ သင့်ကိုယ်သင် ဘုရားသခင်၏ အမှုအဆင့်သုံးဆင့်နှင့်သာ သို့မဟုတ် အတိတ်က သူ ဆောင်ရွက်ခဲ့သည့် အမှုဇာတ်ကြောင်းများနှင့်သာ မကန့်သတ်လေနှင့်။ သင်သည် သူ့ကို ထိုနည်းဖြင့် သိရန်ကြိုးစားပါက သင်သည် ဘုရားသခင်အား ကန့်သတ်ချက်များ ထားရှိနေခြင်း၊ သူ့ကို ဘောင်ခတ်နေခြင်းဖြစ်သည်။ သင်သည် ဘုရားသခင်အား အလွန်သေးနုပ်သော အရာတစ်ခုအဖြစ် မြင်နေခြင်းဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းက လူတို့ကို မည်သို့ ထိခိုက်မည်နည်း။ သင်သည် ဘုရားသခင်၏ အံ့သြဖွယ်ရာကောင်းခြင်းနှင့် သာလွန်မှုတို့ကို မည်သည့်အခါမျှ သိနိုင်မည် မဟုတ်သကဲ့သို့ သူ၏တန်ခိုး၊ အရာခပ်သိမ်းတတ်စွမ်းနိုင်ခြင်းနှင့် သူ၏ ဩဇာအာဏာ အတိုင်းအတာတို့ကိုလည်း မည်သည့်အခါမျှ သိနိုင်မည်မဟုတ်ပေ။ ထိုသို့သော သိနားလည်မှုတစ်ရပ်သည် ဘုရားသခင်မှာ အရာခပ်သိမ်း၏ အုပ်စိုးရှင်ဖြစ်သည်ဆိုသည့် သမ္မာတရားအား သင်၏လက်ခံနိုင်စွမ်းအပြင် ဘုရားသခင်၏ စစ်မှန်သော ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းတို့နှင့်ဆိုင်သည့် သင်၏ အသိပညာအပေါ် သက်ရောက်မှုတစ်ခု ရှိလိမ့်မည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်ကို သင်၏သိနားလည်ခြင်းသည် အတိုင်းအတာအားဖြင့် အကန့်အသတ်ရှိပါက၊ သင်ရရှိနိုင်သည့် အရာသည်လည်း အကန့်အသတ်ရှိ၏။ ဤသည်မှာ သင့်အနေဖြင့် သင်၏အတိုင်းအတာကို ချဲ့ထွင်ကာ သင်၏နယ်ပယ်ကို တိုးချဲ့ရမည့် အကြောင်းရင်း ဖြစ်သည်။ ဘုရားအမှု၏ နယ်ပယ်၊ သူ၏ စီမံခန့်ခွဲမှု၊ သူ၏အုပ်စိုးမှုနှင့် သူ စီမံခန့်ခွဲသည့် အရာအားလုံးနှင့် သူ အုပ်စိုးသည့် အရာများ- ထိုအရာအားလုံးကို သင် နားလည်ဖို့ ကြိုးစားသင့်၏။ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သင် သိလာသင့်သည်မှာ ဤအရာများမှတဆင့် ဖြစ်သည်။ ထိုသို့သော နားလည်မှုတစ်ခုဖြင့်၊ ၎င်းတို့ကြားတွင် ဘုရားသခင်က အရာခပ်သိမ်းကို အုပ်စိုးသည်၊ စီမံခန့်ခွဲပြီး ထောက်ပံ့သည်ကို မရည်ရွယ်ဘဲ သင်ခံစားလာ ရလိမ့်မည်ဖြစ်ပြီး၊ သင်သည် အရာခပ်သိမ်း၏ အစိတ်အပိုင်း တစ်ရပ်နှင့် အဖွဲ့ဝင်တစ်ဦးဖြစ်သည်ကိုလည်း အမှန်တကယ် ခံစားရလိမ့်မည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ထောက်ပံ့ပေးသည်နှင့်အမျှ၊ သင်သည်လည်း ဘုရားသခင်၏ အုပ်စိုးမှုနှင့် ထောက်ပံ့မှုကို လက်ခံလျက်ရှိပေသည်။ ဤသည်မှာ မည်သူမျှမငြင်းနိုင်သည့် အမှန်တရားဖြစ်သည်။ အရာခပ်သိမ်းသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်၌ ၎င်းတို့၏ ကိုယ်ပိုင် နိယာမများကို လိုက်နာရပြီး၊ ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင်၊ အရာခပ်သိမ်းသည် ရှင်သန်မှုအတွက် မိမိတို့ကိုယ်ပိုင် စည်းမျဉ်းများ ရှိကြလေသည်။ လူသားမျိုးနွယ်၏ ကံကြမ္မာနှင့် လိုအပ်ချက်များ သည်လည်း ဘုရားသခင်၏အုပ်စိုးမှုနှင့် ထောက်ပံ့မှုတို့ဖြင့် အတူတကွ ဆက်နွှယ်၏။ ယင်းမှာ ဘုရားသခင်၏စိုးမိုးမှုနှင့် အုပ်စိုးမှု အောက်တွင် လူသားမျိုးနွယ်နှင့် အရာခပ်သိမ်းတို့သည် ဆက်နွှယ်ကြသည်၊ တစ်ဦးကိုတစ်ဦး အမှီပြုကြပြီး ကံတူ အကျိုးပေးတူကြသည့် အကြောင်းရင်း ဖြစ်သည်။ ဤသည်မှာ အရာခပ်သိမ်းကို ဘုရားသခင်ဖန်ဆင်းခြင်း၏ ရည်ရွယ်ချက်နှင့် တန်ဖိုးဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၈)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၇၉

ဘုရားသခင် သတ်မှတ်ထားသည့် နိယာမများအပေါ် အခြေခံပြီး အရာအားလုံးကို ဖန်ဆင်းခဲ့သည့် အချိန် ကတည်းက အရာအားလုံးသည် လှုပ်ရှား လည်ပတ်လျက်ရှိပြီး...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၃၈

လူသားကိုပေးသော ယေဟောဝါ ဘုရားသခင်၏ အမိန့် ကမ္ဘာဦးကျမ်း ၂:၁၅-၁၇ ထိုအခါ ယေဟောဝါ ဘုရားသခင်သည် လူကိုယူပြီး ဧဒင်ဥယျာဉ်ထဲတွင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘာသာတရား အယူအဆများကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၂၉၁

ယနေ့ သင့်ကို သိမ်းပိုက်ရခြင်း၏ ရည်ရွယ်ချက်မှာ ဘုရားသခင်သည် သင်၏ဘုရားသခင်ဖြစ်ကြောင်း၊ သူတပါး၏ဘုရားသခင် ဖြစ်ကြောင်းနှင့် အရေးကြီးဆုံးအနေဖြင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၂၁

ဘုရားသခင် ရှေ့မှောက်သို့လာပြီး သူ၏ နှုတ်ကပတ်တော်များကို သင်၏အသက်တာ အဖြစ် လက်ခံရန်၊ ပထမဦးစွာ သင်သည် ဘုရားသခင် ရှေ့မှောက်တွင်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။