ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၉၉

15.04.2021

ဘုရားသခင် အပေါ်၌ ထားသော လူအများစု၏ ယုံကြည်ခြင်းသည် ဘာသာရေးဆိုင်ရာ ခံယူချက်တစ်ခုသာ ဖြစ်သည်- သူတို့သည် ဘုရားသခင်ကို ချစ်နိုင်စွမ်း မရှိကြပေ။ သူတို့သည် ဘုရားသခင်ကို အမှန်တကယ် တောင့်တခြင်း သို့မဟုတ် မြတ်နိုးခြင်း မရှိဘဲ ဘုရားသခင် နောက်သို့ စက်ရုပ်တစ်ရုပ်ကဲ့သို့သာ လိုက်နိုင်ကြသည်။ သူတို့သည် ဘုရားသခင်၏ နောက်သို့ တိတ်တိတ်ဆိတ်ဆိတ်သာ လိုက်ကြသည်။ များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ချစ်သောသူ အနည်းငယ်သာ ရှိသည်။ သူတို့သည် ရုတ်တရက် ဖြစ်ပွားမည့် ကပ်ဘေးဒုက္ခကို ကြောက်ရွံ့သောကြောင့်သာလျှင် ဘုရားသခင်ကို ရိုသေလေးစားကြခြင်း ဖြစ်သည်။ သို့မဟုတ် ဘုရားသခင်သည် မြင့်မြတ်၍ တန်ခိုးကြီးသောကြောင့် ဘုရားသခင်ကို နှစ်သက်သဘောကျကြခြင်း ဖြစ်သည်။ သူတို့၏ ရိုသေလေးစားမှုနှင့် နှစ်သက်သဘောကျမှုတွင် ချစ်ခြင်းမေတ္တာနှင့် စစ်မှန်သော တောင့်တမှု မပါပေ။ သူတို့သည် သမ္မာတရား၏ အရေးမပါသော အစိတ်အပိုင်းလေးများ သို့မဟုတ် အရေးမပါသည့် လျို့ဝှက်ဆန်းကြယ်မှုများကို သူတို့၏ အတွေ့အကြုံများ၌ ရှာဖွေကြသည်။ လူအများစုသည် ဘုရားသခင် နောက်သို့ လိုက်သည် ဆိုရုံသာ လိုက်ကြသည်။ သူတို့သည် ကောင်းကြီးမင်္ဂလာများ ရရန် အတွက်သာ ရေနောက်နေစဉ် အခွင့်ကောင်းယူကာ ငါးဖမ်းသကဲ့သို့ လုပ်ဆောင်ကြခြင်း ဖြစ်သည်။ ဘုရားသခင်ထံမှ ကောင်းကြီးမင်္ဂလာကို ရရန်အတွက် သမ္မာတရားကိုလည်း မရှာဖွေကြ၊ ဘုရားသခင်ကိုလည်း အမှန်တကယ် မနာခံကြ။ ဘုရားသခင်ကို ယုံကြည်ကြသောသူအားလုံးတို့၏ ယုံကြည်ခြင်းသည် အဓိပ္ပါယ်မဲ့ကြသည်။ တန်ဖိုးလည်း မရှိပေ။ သူတို့၏ ယုံကြည်ခြင်း၌ သူတို့၏ ကိုယ်ပိုင်အတွေးအခေါ်များနှင့် သူတို့ လိုချင်သော အရာများကို ရှာဖွေခြင်းတို့သာ ရှိသည်၊ ဘုရားသခင်ကို ချစ်ရန်အတွက် ယုံကြည်ကြခြင်း မဟုတ်ဘဲ ကောင်းကြီးမင်္ဂလာ ခံစားရရန်အတွက်သာ ယုံကြည်ကြသည်။ များစွာသောသူတို့သည် သူတို့ စိတ်တိုင်းကျ ပြုမူ လုပ်ဆောင်ကြသည်။ သူတို့ လုပ်ချင်သည့် အရာကို လုပ်ကြသည်။ သို့ရာတွင် ဘုရားသခင်၏ အကျိုးအတွက် မည်သည့်အခါမျှ စဉ်းစားခြင်း မရှိ၊ သို့မဟုတ် သူတို့လုပ်သည့် အရာများသည် ဘုရားသခင်၏ အလိုနှင့် ညီ၊ မညီကို တစ်ခါမျှ စဉ်းစားခြင်း မရှိပေ။ ထိုသို့သောသူများသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မဆိုနှင့် စစ်မှန်သော ယုံကြည်ခြင်းကိုပင် ရရန် မလွယ်ကူပေ။ ဘုရားသခင်သည် လူသားတို့ ယုံကြည်ရုံအတွက်သာ မဟုတ်၊ လူသားတို့ ချစ်ခင်ရန်အတွက်လည်း ဖြစ်သည်။ သို့ရာတွင် ဘုရားသခင်ကို ယုံကြည်သော သူများစွာတို့သည် ဤ “လျှို့ဝှက်ချက်” ကို ရှာဖွေတွေ့ရှိနိုင်စွမ်း မရှိကြပေ။ လူတို့သည် ဘုရားသခင်အား မချစ်ရဲကြ၊ ဘုရားသခင်အား ချစ်ရန် အတွက်လည်း မကြိုးစားကြပေ။ ဘုရားသခင်နှင့် ပတ်သက်၍ ချစ်ခင်ဖွယ်ရာများ များစွာရှိသည်ကို သူတို့သည် တစ်ခါမျှ ရှာဖွေတွေ့ ရှိခဲ့ခြင်း မရှိပေ။ ဘုရားသခင်သည် လူသားတို့ကို ချစ်သောဘုရား ဖြစ်ကြောင်း၊ ဘုရားသခင်သည် လူသားတို့ ချစ်ရန်အတွက် ဖြစ်ကြောင်းကို သူတို့ တစ်ခါမှ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပေ။ ဘုရားသခင်၏ ချစ်ခင်နှစ်သက်ဖွယ်ကောင်းမှုများကို သူ၏လုပ်ငန်းတွင် ဖော်ပြထားသည်။ လူတို့သည် ဘုရားသခင်၏ လုပ်ငန်းကို ကြုံတွေ့ ခံစားရမှသာလျှင် သူ၏ ချစ်ခင်နှစ်သက်ဖွယ်ကောင်းမှုကို ရှာဖွေတွေ့ရှိကြမည် ဖြစ်သည်။ သူတို့၏ တကယ့် အတွေ့အကြုံများအားဖြင့် သာလျှင် ဘုရားသခင်၏ ချစ်ခင်နှစ်သက်ဖွယ်ကောင်းမှုကို အသိအမှတ်ပြုနိုင်မည် ဖြစ်သည်။ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို လက်တွေ့ဘဝတွင် စောင့်ကြည့် လေ့လာခြင်း မရှိဘဲနှင့် မည်သူမျှ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။ ဘုရားသခင်၌ ချစ်စရာကောင်းသော အချက်များစွာ ရှိပါသည်။ သို့ရာတွင် သူနှင့်အမှန်တကယ် ဆက်သွယ်မှု မရှိဘဲ လူတို့သည် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို ရှာဖွေတွေ့ရှိနိုင်စွမ်း ရှိမည်မဟုတ်ပေ။ ဆိုလိုသည့်အရာမှာ အကယ်၍ ဘုရားသခင်သည် လူသား အဖြစ် မခံယူခဲ့ပါက လူတို့သည် ဘုရားသခင်နှင့် အမှန်တကယ် ဆက်သွယ်နိုင်စွမ်း ရှိမည် မဟုတ်ပေ။ ဘုရားသခင်နှင့် အမှန်တကယ် မဆက်သွယ်နိုင်ပါက ဘုရားသခင်၏ လုပ်ငန်းကိုလည်း တွေ့ကြုံနိုင်မည် မဟုတ်ပေ။ သို့ဖြစ်လျှင် ဘုရားသခင် အပေါ်ထားသော သူတို့၏ ချစ်ခြင်းမေတ္တာသည်လည်း မှားယွင်းမှုနှင့် စိတ်ကူးယဉ်မှု အမြောက်အများဖြင့်သာ စွန်းထင်းနေမည် ဖြစ်သည်။ ကောင်းကင်ဘုံတွင်ရှိသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ကမ္ဘာမြေပေါ်တွင်ရှိသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာလောက် မစစ်မှန်ပေ။ အကြောင်းရင်းမှာ ကောင်းကင်ဘုံမှ ဘုရားသခင်နှင့် ပတ်သက်သော လူတို့၏ အသိဉာဏ်သည် သူတို့ ကိုယ်ပိုင်မျက်လုံးများဖြင့် မြင်သည့် အရာများ၊ သူတို့ ကိုယ်တိုင် ကြုံတွေ့ခဲ့သည့် အရာများထက် သူတို့၏ စိတ်ကူးယဉ်မှုများ အပေါ်တွင်သာ တည်ဆောက်ထားသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ကမ္ဘာကြီးပေါ်သို့ ရောက်လာချိန်တွင် လူတို့သည် သူ၏ စစ်မှန်သော လုပ်ဆောင်ချက်များနှင့် သူ၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုတို့ကို တွေ့မြင်ကြရသည်။ သူ၏ လက်တွေ့ကျပြီး သာမာန်ဖြစ်သည့် ပင်ကိုယ်စရိုက်အားလုံးကို တွေ့ခွင့်ရကြသည်။ ဤအရာများအားလုံးသည် ကောင်းကင်ဘုံတွင်ရှိသော ဘုရားသခင်နှင့်ပတ်သက်သော အသိထက် အဆထောင်ပေါင်းများစွာ ပို၍ စစ်မှန်ပါသည်။ လူတို့သည် ကောင်းကင်ဘုံမှ ဘုရားသခင်ကို မည်မျှပင် ချစ်စေကာမူ ထိုချစ်ခြင်းမေတ္တာသည် စစ်မှန်သောအရာ တစ်စုံတစ်ခုမျှ မရှိသောအရာ၊ လူသားတို့၏ အတွေးအထင်များဖြင့်သာ ပြည့်နေသောအရာ ဖြစ်သည်။ ကမ္ဘာကြီးပေါ်မှ ဘုရားသခင်ကို အနည်းငယ်သာ ချစ်လျှင်မူ ထိုချစ်ခြင်းသည် စစ်မှန်သော ချစ်ခြင်း ဖြစ်သည်။ အနည်းငယ်သာ ဖြစ်လင့်ကစား စစ်မှန်သည့် ချစ်ခြင်းမေတ္တာ ဖြစ်နေသေးသည်။ ဘုရားသခင်သည် စစ်မှန်သောအလုပ်မှ တဆင့် သူ့ကို လူများ သိလာအောင် လုပ်ဆောင်ပြီး၊ ထိုအသိမှတဆင့် လူတို့၏ ချစ်ခြင်းမေတ္တာကို ရယူသည်။ ပေတရုကဲ့သို့ပင် ဖြစ်သည်- အကယ်၍ ပေတရုသည် ယေရှုနှင့်အတူ မနေခဲ့လျှင်ယေရှုကို ချစ်မြတ်နိုးရန် မဖြစ်နိုင်ပေ။ ထို့အတူ ယေရှုအပေါ်၌ ထားသော သူ၏ သစ္စာရှိမှုသည်လည်း ယေရှုနှင့် ဆက်နွယ်ခဲ့မှု အပေါ်တွင် တည်ဆောက်ထားသောအရာ ဖြစ်သည်။ လူတို့ သူ့ကို ချစ်လာစေရန်အတွက် ဘုရားသခင်သည် လူတို့ဆီသို့ ကြွဆင်းလာပြီး၊ လူတို့နှင့်အတူ နေထိုင်လျက်ရှိသည်။ ဘုရားသခင်က လူတို့ကို မြင်တွေ့၊ ကြုံဆုံစေသည့် အရာအားလုံးသည် ဘုရားသခင်၏ လက်တွေ့ကျမှုပင် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။