ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၈၇

ဝိညာဉ်လောကအပေါ် ဘုရားသခင်မှ အုပ်ချုပ်၍ စီမံခန့်ခွဲပုံ

ရုပ်ဝတ္ထုလောကအတွက် လူတို့သည် အချို့သောအရာများ သို့မဟုတ် သဘာဝဖြစ်စဉ်များကို နားမလည်ပါက သက်ဆိုင်ရာအချက်အလက်များကို ၎င်းတို့ ရှာဖွေနိုင်ကြသည်။ သို့မဟုတ်ပါက ၎င်းတို့၏မူရင်းဇစ်မြစ်နှင့် ၎င်းတို့၏နောက်ခံဇာတ်လမ်းကိုသိရန် လမ်းကြောင်းအမျိုးမျိုး အသုံးပြုနိုင်၏။ သို့သော် ငါတို့ယနေ့ပြောဆိုနေကြသည့် အခြားလောက၊ ရုပ်ဝတ္ထုလောကပြင်ပတွင် တည်ရှိသည့် ဝိညာဉ်လောကနှင့်ပတ်သက်၍မူ လူတို့သည် ၎င်းအကြောင်း တစ်စုံတစ်ရာသိရှိရန် နည်းလမ်းများ သို့မဟုတ် လမ်းကြောင်းများ လုံးဝမရှိပေ။ ဤအရာကို အဘယ်ကြောင့် ငါပြောသနည်း။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်၏လောကတွင် ရုပ်ဝတ္ထုလောက၏အရာခပ်သိမ်းသည် လူသား၏ ရုပ်ခန္ဓာတည်ရှိမှုမှ ခွဲခြား၍မရပေ။ ထို့အပြင် ရုပ်ဝတ္ထုလောကမှ အရာခပ်သိမ်းသည် ၎င်းတို့၏ ရုပ်ခန္ဓာအသက်ရှင်မှုနှင့် ရုပ်ခန္ဓာအသက်တို့မှ ခွဲခြား၍မရဟု လူတို့ထင်မြင်ကြသဖြင့် လူအများစုသည် ၎င်းတို့၏မျက်စိရှေ့မှောက်ရှိ အရာဝတ္ထုများ၊ ၎င်းတို့မြင်နိုင်သည့်အရာများကိုသာ သိကြ၊ မြင်ကြသည်။ သို့ရာတွင် ဝိညာဉ်လောကနှင့်၊ ဆိုလိုသည်မှာ အခြားလောကနှင့်သက်ဆိုင်သည့် အရာခပ်သိမ်းနှင့် ပတ်သက်၍မူ လူအများစုသည် မယုံကြည်ဟုဆိုပါက မှန်ပေသည်။ ဤသည်မှာ လူတို့သည် ၎င်းကို မမြင်နိုင်သောကြောင့်ဖြစ်ကာ ၎င်းကို နားလည်ရန်မလို၊ ၎င်းအကြောင်း တစ်စုံတစ်ရာ သိရန်မလို၊ ဝိညာဉ်လောကသည် ရုပ်ဝတ္ထုလောကမှ လုံးဝကွဲပြားပုံကို ဘာမျှပြောရန်မလိုဟု ထင်မြင်ယူဆသောကြောင့် ဖြစ်သည်။ ဘုရားသခင်အတွက် ၎င်းသည် ပွင့်လျက်ရှိသော်လည်း လူသားမျိုးနွယ်အတွက် ၎င်းသည် ကွယ်ဝှက်လျက်ရှိကာ ပွင့်လျက် မရှိပေ။ ထို့ကြောင့် လူတို့သည် ဤလောက၏ လက္ခဏာသွင်ပြင် အမျိုးမျိုးကိုနားလည်ရန် လမ်းကြောင်းတစ်ရပ် ရှာဖွေတွေ့ရှိရေးအတွက် အခက်အခဲရှိပေသည်။ ငါပြောမည့် ဝိညာဉ်လောကအကြောင်း ကွဲပြားသောလက္ခဏာများမှာ ဘုရားသခင်၏ စီမံအုပ်ချုပ်မှုနှင့် အချုပ်အခြာအာဏာပိုင်သမှုတို့နှင့်သာ သက်ဆိုင်သည်။ ငါသည် နက်နဲသောအရာများကို ထုတ်ဖော်မည်မဟုတ်သကဲ့သို့ သင်တို့သိလိုသည့် လျှို့ဝှက်ချက်များကို သင်တို့အား ငါပြောမည်လည်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ ဘုရားသခင်၏ စီမံအုပ်ချုပ်မှုနှင့် ဘုရားသခင်၏ ထောက်ပံ့ခြင်းနှင့် သက်ဆိုင်သဖြင့် သင်တို့သိရန် လိုအပ်သည့် အပိုင်းကိုသာ ငါပြောမည်။

ပထမအနေနှင့် သင်တို့အား ငါမေးခွန်းတစ်ခု မေးမည်။ သင်တို့၏စိတ်တွင် ဝိညာဉ်လောကဟူသည်မှာ အဘယ်နည်း။ ယေဘုယျအားဖြင့်ပြောရလျှင် ၎င်းသည် ရုပ်ဝတ္ထုလောကပြင်ပရှိ လောက၊ လူတို့မမြင်နိုင်၊ မထိတွေ့နိုင်သော လောကတစ်ရပ်ဖြစ်၏။ သို့သော် သင်တို့၏စိတ်ကူးတွင် ဝိညာဉ်လောကသည် မည်သို့သော လောကမျိုး ဖြစ်သင့်သနည်း။ ၎င်းကို မမြင်နိုင်သည် အကျိုးဆက် အနေဖြင့် သင်တို့သည် ၎င်းကို စိတ်ကူးနိုင်စွမ်းမရှိ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့ရာတွင် သင်တို့သည် ၎င်း၏ဒဏ္ဍာရီပုံပြင်များ ကြားသည့်အခါ သင်တို့သည် စဉ်းစားဆဲဖြစ်ကာ သင်တို့ကိုယ်သင်တို့ ရပ်တန့်နိုင်ခြင်း ရှိမည်မဟုတ်ပေ။ ငါသည် ဤသည်ကို အဘယ်ကြောင့်ပြောသနည်း။ များစွာသောလူတို့၌ ငယ်ရွယ်စဉ်က ၎င်းတို့အပေါ် ဖြစ်ပျက်သောအရာ တစ်စုံတစ်ခု ရှိသည်။ တစ်စုံတစ်ဦးမှ ၎င်းတို့အား တစ္ဆေများ၊ လိပ်ပြာများအကြောင်း ကြောက်ရွံ့ဖွယ် ဇာတ်လမ်းတစ်ပုဒ်ပြောသည့်အခါ ထိုသူတို့သည် အလွန်အမင်း ကြောက်ရွံ့ကြ၏။ ၎င်းတို့ အဘယ်ကြောင့် ကြောက်ရွံ့ကြသနည်း။ ၎င်းတို့သည် ထိုအရာများကို စိတ်ကူးနေသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် ထိုအရာများကို မမြင်နိုင်သော်လည်း ထိုအရာများသည် ၎င်းတို့၏အခန်း ပတ်ပတ်လည်တွင်ရှိကာ၊ တစ်နေရာရာတွင် သို့မဟုတ် မှောင်မိုက်တစ်နေရာတွင် ကွယ်ဝှက်လျက်ရှိသည်ဟု ခံစားရ၍ ၎င်းတို့သည် ကြောက်ရွံ့လွန်းသဖြင့် မအိပ်ဝံ့ကြချေ။ အထူးသဖြင့် ညအခါတွင် ၎င်းတို့သည် အခန်းထဲ၌ဖြစ်စေ၊ ခြံဝင်းထဲ၌ဖြစ်စေ တစ်ဦးတည်း မနေဝံ့ကြပေ။ ဤသည်မှာ သင်တို့၏စိတ်ကူးစိတ်သန်းရှိ ဝိညာဉ်လောကဖြစ်၍ ကြောက်ဖွယ်ရာဟု လူတို့ထင်ကြသည့် လောကဖြစ်သည်။ စင်စစ်တွင် လူတိုင်း၌စိတ်ကူးစိတ်သန်းအချို့ ရှိကာ လူတိုင်း တစ်စုံတစ်ရာကို ခံစားနိုင်ကြ၏။

ဝိညာဉ်လောကနှင့် စကြစို့။ ဝိညာဉ်လောကဟူသည် အဘယ်နည်း။ သင်တို့အား တို၍လွယ်ကူသော ရှင်းလင်းချက်တစ်ရပ် ငါပေးမည်။ ဝိညာဉ်လောကသည် အရေးကြီးသောနေရာ၊ ရုပ်ဝတ္ထုလောကနှင့် ကွဲပြားသောနေရာတစ်ခု ဖြစ်သည်။ ၎င်းသည် အရေးကြီးသည်ဟု ငါအဘယ်ကြောင့်ပြောသနည်း။ ဤအကြောင်းကို ငါတို့အသေးစိတ်ပြောဆိုဆွေးနွေးကြမည်။ ဝိညာဉ်လောက၏ တည်ရှိမှုသည် လူသားမျိုးနွယ်၏ ရုပ်ဝတ္ထုလောကနှင့် ခွဲခြား၍မရအောင် ဆက်စပ်နေသည်။ ၎င်းသည် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အုပ်စိုးမှုအောက်ရှိ လူ၏ရှင်ခြင်းနှင့် သေခြင်းသံသရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။ ဤသည်မှာ ၎င်း၏အခန်းကဏ္ဍဖြစ်ကာ ၎င်း၏တည်ရှိနေမှုအရေးကြီးရခြင်း၏ အကြောင်းရင်း တစ်ရပ်ဖြစ်သည်။ ၎င်းသည် အာရုံငါးပါးဖြင့် မသိနိုင်သောနေရာဖြစ်သောကြောင့် ၎င်းတည်ရှိခြင်း ရှိမရှိကို မည်သူကမျှ တိကျစွာ အကဲမဖြတ်နိုင်ပေ။ ဝိညာဉ်လောက၌ဖြစ်ပျက်နေသောအရာများသည် လူသားမျိုးနွယ်၏ တည်ရှိမှုနှင့် အတွင်းကျကျ ဆက်စပ်နေလျက် ၎င်း၏ရလဒ်အနေဖြင့် လူသားမျိုးနွယ် နေထိုင်ပုံသည်လည်း ဝိညာဉ်လောက၏ကြီးမားသောလွှမ်းမိုးမှု ခံရသည်။ ဤသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ဆက်စပ်သလော။ ဆက်စပ်သည်။ ငါသည် ဤအရာကိုပြောသောအခါ ဤအကြောင်းအရာကို ငါအဘယ်ကြောင့်ပြောသည်ကို သင်တို့နားလည်ကြ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဘုရားသခင်၏အချုပ်အခြာအာဏာ၊ သူ၏စီမံအုပ်ချုပ်မှုတို့နှင့် သက်ဆိုင်၍ဖြစ်သည်။ လူတို့မမြင်နိုင်သည့် ဤကဲ့သို့သော လောကတစ်ရပ်တွင် ၎င်း၏ ကောင်းကင်ဘုံနှင့်ဆိုင်သော အမိန့်ပြန်တမ်း၊ အမိန့်နှင့် စီမံအုပ်ချုပ်မှုစနစ်တို့သည် ရုပ်ဝတ္ထုလောက၏ မည်သည့်နိုင်ငံမဆို ၏ ဥပဒေနှင့်စနစ်တိုင်းထက် များစွာသာလွန်၍ မြင့်မားကာ ဤလောက၌အသက်ရှင်နေသော မည်သည့်သတ္တဝါမျှ ၎င်းတို့ကို ဆန့်ကျင် သို့မဟုတ် ပိုင်စိုးပိုင်နင်း ပြုဝံ့မည်မဟုတ်ပေ။ ၎င်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ စီမံအုပ်ချုပ်မှုတို့နှင့် ဆက်စပ်သလော။ ဤလောကတွင် ရှင်းလင်းသည့် စီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်များ၊ ရှင်းလင်းသည့် ကောင်းကင်ဘုံနှင့်ဆိုင်သော အမိန့်ပြန်တမ်းများနှင့် ရှင်းလင်းသော ဥပဒေပြဋ္ဌာန်းချက်များ ရှိကြ၏။ ကွဲပြားသောအဆင့်များနှင့် ကွဲပြားသောနေရာများတွင် ဘီလစ်စာရေးကြီးများသည် ၎င်းတို့၏တာဝန်ကို တစ်သဝေမတိမ်းလိုက်နာကြကာ စည်းကမ်းများနှင့် စည်းမျဉ်းများကို လိုက်နာကြ၏။ အကြောင်းမှာ ကောင်းကင်ဘုံနှင့်သက်ဆိုင်သော အမိန့်ပြန်တမ်းတစ်ရပ်ကို ချိုးဖောက်ခြင်း၏အကျိုးဆက်ကို ၎င်းတို့သိကြ၏၊ ဘုရားသခင်သည် ဆိုးယုတ်သူကို မည်သို့အပြစ်ပေး၍ ကောင်းသူကို မည်သို့ ထောမနာပြုသည်ကို ၎င်းတို့ ရှင်းလင်းစွာသိကြသည့်အပြင်၊ အရာခပ်သိမ်းကို သူမည်သို့စီမံခန့်ခွဲသည်၊ အရာခပ်သိမ်းကို သူမည်သို့အုပ်ချုပ်သည်ကိုလည်း ရှင်းလင်းစွာသိကြသည်၊ ထို့အပြင် ဘုရားသခင်သည် ကောင်းကင်ဘုံနှင့်သက်ဆိုင်သော အမိန့်ပြန်တမ်းများနှင့် ပြဋ္ဌာန်းချက်များကို မည်သို့ လုပ်ဆောင်သည်ကိုလည်း ၎င်းတို့ရှင်းလင်းစွာ မြင်သောကြောင့် ဖြစ်၏။ ဤသည်တို့သည် လူသားမျိုးနွယ်တို့နေထိုင်သော ရုပ်ဝတ္ထုလောကနှင့် ကွဲပြားသလော။ ကြီးမားစွာ ကွဲပြား၏။ ၎င်းသည် ရုပ်ဝတ္ထုလောကနှင့် လုံးဝကွဲပြားသောလောကဖြစ်၏။ ကောင်းကင်ဘုံနှင့်သက်ဆိုင်သော အမိန့်ပြန်တမ်းများနှင့် ပြဋ္ဌာန်းချက်များရှိသဖြင့် ၎င်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ စီမံအုပ်ချုပ်မှုအပြင် ဘုရားသခင်၏စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့နှင့် သက်ဆိုင်၏။ ဤသည်ကိုကြားခဲ့ပြီးဖြစ်သဖြင့် ငါသည် ဤအကြောင်းအရာကိုပြောရန် အလွန်လိုအပ်သည်ဟု သင်တို့ မထင်သလော။ သင်တို့သည် အတွင်းထဲ၌ရှိသည့် လျှို့ဝှက်ချက်များကို သင်ယူလိုသည့်ဆန္ဒ ရှိသည် မဟုတ်လော။ (ဟုတ်ကဲ့၊ ရှိပါသည်။) ယင်းမှာ ဝိညာဉ်လောက၏ အယူအဆဖြစ်သည်။ ၎င်းသည် ရုပ်ဝတ္ထုလောကနှင့် အတူယှဉ်တွဲရပ်တည်လျက်ရှိကာ၊ တစ်ပြိုင်နက်တည်း ဘုရားသခင်၏ စီမံအုပ်ချုပ်မှုနှင့် အချုပ်အခြာအာဏာကို နာခံရသော်လည်း ဤလောကအပေါ် ဘုရားသခင်၏ စီမံအုပ်ချုပ်မှုနှင့် အချုပ်အခြာအာဏာသည် ရုပ်ဝတ္ထုလောကထက် များစွာသာ၍ တင်းကျပ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၅၈

ဘုရားသခင်၏ စမ်းသပ်မှုများအပေါ် ဒွိဟအတွေးများ မရှိစေနှင့် ယောဘထံမှ သက်သေခံချက်ကို ရပြီးနောက် သူ၏စမ်းသပ်မှုများ ပြီးဆုံးသည့်နောက်တွင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- သမ္မာကျမ်းစာနှင့် ပတ်သက်သည့် နက်နဲမှုများ | ကောက်နုတ်ချက် ၂၇၆

ယနေ့တွင် သင်တို့ထဲမှ မည်သူသည် သန့်ရှင်းသောဝိညာဉ်တော်၏ အသုံးပြုခြင်းခံရသည့် လူများပြောသော စကားများအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်မှ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘာသာတရား အယူအဆများကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၂၈၇

သင်တို့သည် စကားဖြင့်သာသစ္စာရှိကြ၏။ သင်တို့၏အသိသည် ပညာဉာဏ်၊ အယူအဆ တို့နှင့်သာဆိုင်၏။ သင်တို့၏အလုပ်များမှာ ကောင်းကင်မှကောင်းချီးမင်္ဂလာများ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၄၁

ကမ္ဘာမြေကြီးပေါ်တွင် ငါသည် လူတို့၏ နှလုံးသားများထဲ၌ ရှိသည့် လက်တွေ့ကျသော ဘုရားသခင် ကိုယ်တိုင်ပင် ဖြစ်သည်။ ကောင်းကင်ဘုံတွင် ငါသည်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။