ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၉၁

ဘုရားသခင်သည် မယုံကြည်သူများ၏ ရှင်ခြင်းနှင့်သေခြင်း သံသရာအတွက် အလွန်ပင် အမှားမခံဘဲ တင်းကျပ်သော စစ်ဆေးမှုများနှင့် စီမံအုပ်ချုပ်မှု ရှိသည်ကို သင်တို့ တွေ့ကြသလော။ ပထမအနေဖြင့် ဘုရားသခင်သည် ဝိညာဉ်လောကတွင် ကောင်းကင်နှင့်သက်ဆိုင်သော အမိန့်ပြန်တမ်းများ၊ အမိန့်များနှင့် စနစ်များ အမျိုးမျိုးကို ချမှတ်ခဲ့၏။ ထို့အပြင် ကောင်းကင်နှင့်သက်ဆိုင်သော ဤအမိန့်ပြန်တမ်းများ၊ အမိန့်များနှင့် စနစ်များကို ကြေညာပြီးနောက် ဘုရားသခင်မှ သတ်မှတ်ထားသည့်အတိုင်း ဝိညာဉ်လောကရှိ အရာရှိရာထူးအမျိုးမျိုးတွင် ရှိသော သတ္တဝါအမျိုးမျိုးသည် တစ်သဝေမတိမ်း ထမ်းဆောင်ကြသည့်အပြင် ၎င်းတို့ကို မည်သူကမျှ မချိုးဖောက်ဝံ့ကြပေ။ ထို့ကြောင့် လူ၏ လောကရှိ လူသားမျိုးနွယ်၏ ရှင်ခြင်းနှင့်သေခြင်း သံသရာစက်ကွင်း၌ တစ်စုံတစ်ဦးသည် တိရစ္ဆာန်တစ်ကောင်အဖြစ် ဝင်စားသည်ဖြစ်စေ၊ လူအဖြစ် ဝင်စားသည်ဖြစ်စေ၊ နှစ်မျိုးစလုံးအတွက် ဥပဒေများရှိ၏။ ဤဥပဒေများမှာ ဘုရားသခင်ထံမှလာသောကြောင့် မည်သူမျှ ချိုးဖောက်ဝံ့ခြင်း မရှိသကဲ့သို့ မည်သူမျှ ချိုးဖောက်နိုင်ခြင်းလည်း မရှိပေ။ ဘုရားသခင်၏ ဤကဲ့သို့သော အချုပ်အခြာ အာဏာကြောင့်သာနှင့် ဤကဲ့သို့သော ဥပဒေများရှိနေသည့်အတွက်ကြောင့် လူတို့မြင်သည့် ရုပ်ဝတ္ထုလောကသည် ပုံမှန်ဖြစ်၍ စနစ်တကျရှိနေခြင်း ဖြစ်၏။ ဘုရားသခင်၏ ဤကဲ့သို့သော အချုပ်အခြာ အာဏာကြောင့်သာ လူသားမျိုးနွယ်သည် လူသားတို့လုံးဝ မမြင်နိုင်သည့် အခြားလောကနှင့် ငြိမ်းချမ်းစွာ အတူနေထိုင်နိုင်၍ ၎င်းနှင့် သဟဇာတရှိစွာ နေထိုင်နိုင်ခြင်းဖြစ်၏။ ဤအရာအားလုံးမှာ ဘုရားသခင်၏ အချုပ်အခြာအာဏာမှ ခွဲခြား၍မရပေ။ လူတစ်ဦး၏ဇာတိဘဝ သေဆုံးပြီးနောက်၊ ဝိညာဉ်လိပ်ပြာသည် အသက်ရှိနေသေးသောကြောင့် ဘုရားသခင်၏ စီမံအုပ်ချုပ်မှုသာ မရှိပါက မည်သည့်အရာ ဖြစ်မည်နည်း။ ထိုလိပ်ပြာသည် နေရာအနှံ့ ဟိုဟိုသည်သည် လျှောက်သွားနေ၍၊ နေရာအနှံ့ ကျူးကျော်ဝင်ရောက်ကာ လူသားမျိုးနွယ်၏လောကရှိ သက်ရှိများကိုပင် အန္တရာယ်ပြုလိမ့်မည်။ ထိုအန္တရာယ်သည် လူသားမျိုးနွယ်အပေါ်တွင်သာမဟုတ်ဘဲ အပင်များနှင့် တိရစ္ဆာန်များအပေါ်လည်း အန္တရာယ်ပြုနိုင်၏။ သို့သော် ပထမဦးစွာ အန္တရာယ်ပြုခံရမည်မှာ လူတို့ဖြစ်၏။ ဤသည်သာဖြစ်ပါက၊ ထိုကဲ့သို့သော ဝိညာဉ်လိပ်ပြာသည် စီမံအုပ်ချုပ်မှု မရှိဘဲ လူတို့အပေါ် အမှန်တကယ်ပင် အန္တရာယ်ပြုကာ ဆိုးယုတ်သည့်အရာများ အမှန်တကယ်ပင် ပြုလုပ်ပါက ဝိညာဉ်လောကတွင်လည်း ဤလိပ်ပြာကို သင့်တော်စွာ ကိုင်တွယ်လိမ့်မည်။ အမှုအရာများသည် ကြီးလေးပါက ထိုလိပ်ပြာသည် မကြာမီ တည်ရှိတော့မည် မဟုတ်ဘဲ ဖျက်ဆီးခြင်းခံရလိမ့်မည်။ ဖြစ်နိုင်ပါက ၎င်းကို တစ်နေရာရာတွင်ထားပြီးနောက် ပြန်ဝင်စားစေလိမ့်မည်။ ဝိညာဉ်လိပ်ပြာအမျိုးမျိုးအပေါ် ဝိညာဉ်လောက၏ စီမံအုပ်ချုပ်မှုပြုလုပ်ရန် အမိန့်ထုတ်ပြန်လိုက်ကာ အဆင့်များနှင့် စည်းကမ်းများအတိုင်း ထမ်းဆောင်၏ဟု ဆိုလိုခြင်းဖြစ်၏။ ထိုကဲ့သို့သော စီမံအုပ်ချုပ်မှုကြောင့်သာ လူသား၏ ရုပ်ဝတ္ထုလောကသည် ပရမ်းပတာမဖြစ်ခဲ့ဘဲ၊ ရုပ်ဝတ္ထုလောက၏ လူသားမျိုးနွယ်သည် ပုံမှန်စိတ်နေစိတ်ထား၊ ပုံမှန် ဆင်ခြင်တုံတရားနှင့် စနစ်တကျရှိသော ဇာတိဘဝ ပိုင်ဆိုင်ခြင်းဖြစ်၏။ လူသားမျိုးနွယ်သည် ဤကဲ့သို့သော သာမန်ဘဝကို ရရှိပြီးနောက်မှသာ ဇာတိပကတိ၌နေသူတို့သည် ဆက်လက်၍ ရှင်သန်နိုင်ကာ မျိုးဆက်များတစ်လျှောက် မျိုးပွားနိုင်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၆၀၈

ငါသည် သင်တို့ကို များစွာသော သတိပေးချက်များ ပေးပြီးဖြစ်သကဲ့သို့၊ သင်တို့ကို သိမ်းပိုက်ဖို့ ရည်ရွယ်လျက် များစွာသော သမ္မာတရားများကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၄၅

မည်သို့ပင် သင်လိုက်စားနေသည်ဖြစ်စေ၊ အရာခပ်သိမ်းတို့ အထက်တွင်၊ သင်သည် ယနေ့ ဘုရားသခင် လုပ်ဆောင်သော အမှုကို နားလည်ရမည်ဖြစ်ပြီး ဤအမှု၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၅၉

ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကြုံပြီးသောသူများ၏ အလုပ်တွင် သွေဖည်မှု အလွန်နည်းပါးပြီး...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၁၈

ဆုတောင်းခြင်းနှင့် ပတ်သက်၍ အခြေခံအကျဆုံး အသိပညာ- ၁။ စိတ်ထဲက ပေါ်လာသည့် အရာမှန်သမျှကို ကျိုးကြောင်းမမြင်ဘဲ မပြောနှင့်။ သင်၏စိတ်နှလုံးတွင်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။