ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၂၀၀

သူ့အပေါ် လူသားမျိုးနွယ်ထားရှိသင့်သည်ဟု ဘုရားသခင် သတ်မှတ်ထားသောသဘောထား

အကယ်စင်စစ် ဘုရားသခင်သည် လူသားမျိုးနွယ်အပေါ် လွန်စွာတောင်းဆိုမှု မပြုပေ။ သို့မဟုတ် အနည်းဆုံးအနေဖြင့် သူသည် လူတို့စိတ်ကူးသလောက် မညှာမတာခိုင်းခြင်းမပြုပေ။ အကယ်၍ ဘုရားသခင်သည် မည်သည့်နှုတ်ကပတ်တော်ကိုမျှ မမိန့်မြွက်ခဲ့ပါက၊ သူ၏စိတ်နေသဘောထား၊ သို့မဟုတ် မည်သည့်လုပ်ဆောင်ချက်ကိုမျှ မဖော်ပြခဲ့ပါက၊ ဘုရားသခင်ကိုသိခြင်းသည် သင်တို့အတွက် လွန်စွာ ခက်ခဲပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ရည်ရွယ်ချက်နှင့် သူ၏အလိုတော်ကို လူတို့သည် ကောက်ချက်ချရမည်ဖြစ်၍၊ ဤသည်မှာ ၎င်းတို့အတွက် လွန်စွာခက်ခဲ၏။ သို့သော် သူ၏အမှု နောက်ဆုံးအဆင့်တွင် ဘုရားသခင်သည် နှုတ်ကပတ်တော်များစွာကို ပြောဆိုခဲ့၊ များစွာသောပမာဏရှိသည့် အလုပ်ကို လုပ်ဆောင်ခဲ့ကာ လူတို့အပေါ် သတ်မှတ်ချက်များစွာ ပြုလုပ်ခဲ့၏။ သူ၏နှုတ်ကပတ်တော်များနှင့် များစွာသောပမာဏရှိသည့် သူ၏အမှုတို့တွင် သူသည် လူတို့အား သူကြိုက်နှစ်သက်သည့်အရာ၊ သူစက်ဆုပ်သည့်အရာနှင့် မည်သို့သော လူများ ၎င်းတို့ဖြစ်သင့်သည်ကို သူအသိပေးခဲ့သည်။ ဤအရာများကို နားလည်ပြီးနောက် ၎င်းတို့၏နှလုံးသားများတွင် လူတို့သည် ဘုရားသခင်၏သတ်မှတ်ချက်များနှင့်ဆိုင်သော တိကျသောအဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ရပ် ရှိသင့်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် မရေရာသောဘုရားသခင်တွင် မယုံကြည်တော့ပေ။ သို့မဟုတ် မရေရာခြင်းနှင့် စိတ်ကူးသက်သက်သာဖြစ်ခြင်းနှင့် ဘာမျှမရှိခြင်းအကြားတွင် ဘုရားသခင်နောက် မလိုက်တော့ပေ။ ယင်းအစား လူတို့သည် ဘုရားသခင်၏ မိန့်မြွက်ချက်များကို ကြားနိုင်၍ ၎င်းတို့သည် သူ၏သတ်မှတ်ချက်များ၏စံနှုန်းများကို နားလည်နိုင်ကာ ၎င်းတို့ကို ရရှိနိုင်ကြ၏။ ထို့အပြင် ဘုရားသခင်သည် လူသားတို့အား ၎င်းတို့သိသင့်၍ နားလည်သင့်သည့်အရာအားလုံးကို ပြောပြရန် လူသားမျိုးနွယ်၏ ဘာသာစကားကို အသုံးပြု၏။ ယနေ့ လူတို့သည် ၎င်းတို့အပေါ် ဘုရားသခင်၏သတ်မှတ်ချက်များ၊ ဘုရားသခင်သည် မည်သည်ဖြစ်ကြောင်း၊ ဘုရားသခင်ကို ၎င်းတို့အဘယ်ကြောင့်ယုံကြည်ရခြင်းနှင့် ဘုရားသခင်ကို ၎င်းတို့မည်သို့ယုံကြည်သင့်သည်၊ သူ့အပေါ် မည်သို့ပြုမူသင့်သည်ကို မသိဆဲရှိနေပါက ဤအရာ၌ ပြဿနာတစ်ရပ်ရှိနေ၏။...လူသားမျိုးနွယ်နှင့် သူ့နောက်လိုက်သော သူများအပေါ် ဘုရား၏ မှန်ကန်သော သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်၏- ဘုရားသခင်သည် သူ့နောက်သို့လိုက်သောသူများထံမှ စစ်မှန်သောယုံကြည်ခြင်း၊ သစ္စာရှိသောနောက်လိုက်ခြင်း၊ အကြွင်းမဲ့နာခံခြင်း၊ စစ်မှန်စွာသိခြင်းနှင့် အူလှိုက်သည်းလှိုက်ရိုသေလေးမြတ်ခြင်းစသည့် အရာငါးခုကို တောင်းဆိုထား၏။

ဤအရာငါးခုတွင် လူတို့သည် ဘုရားသခင်အား မေးခွန်းမထုတ်တော့ရန်နှင့် ၎င်းတို့၏စိတ်ကူးစိတ်သန်းများ သို့မဟုတ် မရေရာဘဲ စိတ်ကူးသက်သက် သဘောထားများကို အသုံးပြု၍ သူ့နောက်မလိုက်ရန် တောင်းဆိုထား၏၊ ၎င်းတို့သည် ဘုရားသခင်နောက်သို့ စိတ်ကူးစိတ်သန်းများ သို့မဟုတ် အယူအဆများဖြင့် မလိုက်ရ။ သူ၏နောက်သို့လိုက်သောသူတိုင်းသည် သစ္စာရှိစွာလိုက်၍၊ စိတ်မပါ့တပါ သို့မဟုတ် သံန္နိဋ္ဌာန်မရှိဘဲ မလိုက်ရန် သတ်မှတ်ထား၏။ ဘုရားသခင်သည် သင့်အပေါ် သတ်မှတ်ချက်များ ပြုလုပ်သည့်အခါ၊ သို့မဟုတ် သင့်ကိုစမ်းသပ်သည့်အခါ၊ တရားစီရင်သည့်အခါ၊ သင့်ကို ရိုက်နှက်ဆုံးမပြီး ပြုပြင်သည့်အခါ၊ သို့မဟုတ် ဆုံးမပဲ့ပြင်၍ ရိုက်နှက်သည့်အခါ သင်သည် သူ့ကို လုံးဝနာခံရမည်။ အကြောင်းတရားကို မမေးသင့်၊ သို့မဟုတ် သတ်မှတ်ချက်များ မပြုလုပ်ရဘဲ အကြောင်းပြချက်ကို သာ၍မပြောသင့်ပေ။ သင်၏နာခံမှုသည် လုံးဝဥဿုံနာခံမှုဖြစ်ရမည်။ ဘုရားသခင်ကိုသိခြင်းသည် လူတို့ အချို့တဲ့နေဆုံး နေရာဖြစ်၏။ ၎င်းတို့သည် ဘုရားသခင်နှင့်သက်ဆိုင်ခြင်းမရှိသော ဆိုရိုးများ၊ မိန့်မြွက်ချက်များနှင့် စကားများကို ဘုရားသခင်အပေါ် သတ်မှတ်ကြသည်။ ဤစကားများသည် ဘုရားသခင်ကိုသိခြင်းအတွက် အတိကျဆုံးသော အဓိပ္ပာယ် သတ်မှတ်ချက်များဖြစ်သည်ဟု ယုံကြည်လျက် ထိုသို့ပြုလုပ်ခြင်းဖြစ်သည်။ လူတို့၏စိတ်ကူးစိတ်သန်း၊ ၎င်းတို့ကိုယ်တိုင်၏ ဆင်ခြင်တုံတရားနှင့် ၎င်းတို့၏ကိုယ်ပိုင် အသိဉာဏ်တို့မှလာသော ဤဆိုရိုးများသည် ဘုရားသခင်၏အနှစ်သာရနှင့် စိုးစဉ်းမျှ ဆက်စပ်မှုမရှိသည်ကို ၎င်းတို့ သိပ်မသိပေ။ ထို့ကြောင့် ဘုရားသခင်မှ နှစ်သက်သည့်သူများရှိ အသိဉာဏ်တွင် ဘုရားသခင်သည် သင့်ကို ဘုရားသခင်နှင့် သူ၏နှုတ်ကပတ်တော်တို့ကို သိရုံသာ တောင်းဆိုသည်မဟုတ်ဘဲ ဘုရားသခင်ကို သင်၏သိခြင်းသည် မှန်ကန်ရန်လည်း တောင်းဆိုကြောင်းကို ငါသည် သင်တို့အား ပြောပြလို၏။ သင်သည် ဝါကျတစ်ကြောင်းသာ ပြောနိုင်သည်ဖြစ်သော်လည်း၊ သို့မဟုတ် အနည်းငယ်သာ သိသော်လည်း၊ ဤအနည်းငယ်သည် မှန်ကန်၍ စစ်မှန်ကာ ဘုရားသခင်ကိုယ်တော်တိုင်၏ အနှစ်သာရနှင့် သဟဇာတဖြစ်၏။ ဘုရားသခင်သည် သူ့အပေါ် လူတို့၏ လက်တွေ့မကျဘဲ ပေါ့ပေါ့တန်တန် ချီးမွမ်းခြင်းနှင့် ချီးကျူးခြင်းတို့ကို စက်ဆုပ်ရွံရှာသောကြောင့်ဖြစ်သည်။ ထိုထက်ပို၍ လူတို့သူ့အား လေကဲ့သို့သဘောထားသောအခါ သူမုန်းတီး၏၊ ဘုရားသခင်အကြောင်း အကြောင်းအရာများကို ဆွေးနွေးစဉ် လူတို့သည် ပေါ့တန်စွာပြောဆိုခြင်း၊ ဆန္ဒရှိသည်အတိုင်း တုံ့ဆိုင်းခြင်းမရှိဘဲ ပြောဆိုခြင်း၊ ၎င်းတို့၏စိတ်ထဲတွင် သင့်တော်သည်ဟုထင်တိုင်း ပြောဆိုခြင်းတို့ကို သူမုန်းတီး၏၊ ထို့အပြင် ဘုရားသခင်ကို သူတို့သိသည်ဟု ယုံကြည်သောသူများ၊ ဘုရားသခင်အကြောင်း အကြောင်းအရာများကို ကန့်သတ်ချုပ်ချယ်မှု သို့မဟုတ် သံသယမရှိဘဲ ဆွေးနွေးကြသည့် ဘုရားသခင်ကို သိခြင်းအပေါ် ဝါကြွားသူများကို မုန်းတီး၏။ ၎င်းသတ်မှတ်ချက်ငါးခုအနက် နောက်ဆုံးမှာ အူလှိုက်သည်းလှိုက် ရိုသေလေးမြတ်ခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်နောက်လိုက်သူတို့အားလုံးအပေါ် သူ၏အဆုံးစွန်သော သတ်မှတ်ချက်ဖြစ်၏။ တစ်စုံတစ်ဦး၏ ဘုရားသခင်ကိုသိခြင်းသည် မှန်ကန်၍စစ်မှန်သည့်အခါ ထိုသူတို့သည် ဘုရားသခင်အား စစ်မှန်စွာ ရိုသေလေးမြတ်၍ မကောင်းမှုကို စစ်မှန်စွာရှောင်ရှားနိုင်၏။ ဤရိုသေလေးမြတ်မှုသည် ၎င်းတို့နှလုံးသား၏ နက်ရှိုင်းသောနေရာမှလာ၍ လိုလိုလားလားရှိပြီး ဤသည်မှာ ဘုရားသခင်မှ ၎င်းတို့အပေါ် ဖိအားပေး၍ မဟုတ်ပေ။ ဘုရားသခင်သည် သူ့အပေါ် ကောင်းမွန်သည့်သဘောထား သို့မဟုတ် အမူအကျင့် သို့မဟုတ် ပြင်ပအပြုအမူ လက်ဆောင်ပေးရန် သင့်အား မတောင်းဆိုပေ။ ယင်းအစား သင်သည် သူ့အားရိုသေလေးမြတ်ရန်နှင့် သင့်နှလုံးသား၏ နက်ရှိုင်းသောနေရာမှ သူ့ကို ကြောက်ရွံ့ရန် သူတောင်းဆို၏။ ဤရိုသေလေးမြတ်မှုသည် သင့်ဘဝ အနေအထားပြောင်းလဲမှုများ၏ ရလဒ်အနေဖြင့် ရရှိခြင်းဖြစ်သည်။ ဤသည်မှာ သင်သည် ဘုရားသခင်ကိုသိခြင်းကြောင့်၊ သင်သည် ဘုရားသခင်၏လုပ်ဆောင်ချက်များကို နားလည်ခြင်းကြောင့်၊ သင်သည် ဘုရားသခင်၏အနှစ်သာရကို နားလည်ခြင်းကြောင့်နှင့် သင်သည် ဘုရားသခင်ဖန်ဆင်းထားသော သတ္တဝါတစ်ခုဖြစ်ကြောင်း အမှန်တရားကို အသိအမှတ်ပြုခဲ့ခြင်းတို့ကြောင့် ဖြစ်၏။ ထို့ကြောင့် ဤနေရာတွင် ရိုသေလေးမြတ်မှုကို အဓိပ္ပာယ်သတ်မှတ်ရန် “အူလှိုက်သည်းလှိုက်” ဟူသောစကားလုံးကို အသုံးပြုရခြင်းအတွက် ငါ၏ရည်မှန်းချက်မှာ ဘုရားသခင်အတွက် လူတို့၏ရိုသေလေးမြတ်မှုသည် ၎င်းတို့နှလုံးသားများ၏ အရင်းခံနေရာမှ လာသင့်သည်ကို လူသားမျိုးနွယ်မှ နားလည်စေရန်ဖြစ်သည်။

ယခု ၎င်းသတ်မှတ်ချက်ငါးခုကို စဉ်းစားလော့။ သင်တို့အကြားတွင် ပထမသုံးခုကို ရယူနိုင်သူ တစ်စုံတစ်ဦး ရှိသလော။ စစ်မှန်သောယုံကြည်ခြင်း၊ သစ္စာရှိသော နောက်လိုက်ခြင်းနှင့် လုံးဝဥဿုံနာခံခြင်းတို့ကို ငါဆိုလိုခြင်းဖြစ်သည်။ သင်တို့အကြားတွင် ဤအရာများကို လုပ်နိုင်စွမ်းရှိသူ တစ်စုံတစ်ဦးရှိသလော။ ငါသည် ငါးခုစလုံးဟုပြောခဲ့ပါက သင်တို့အနက် တစ်စုံတစ်ဦးမျှ ပြုလုပ်နိုင်စွမ်းရှိမည်မဟုတ်သည်မှာ မလွဲမသွေဖြစ်မည်ကို ငါသိ၏။ သို့သော် ငါသည် သုံးခုသို့ လျှော့ချခဲ့သည်။ သင်တို့သည် ၎င်းအရာတို့ကို စွမ်းဆောင်ခဲ့ ခြင်း ရှိမရှိကို စဉ်းစားလော့။ “စစ်မှန်သောယုံကြည်ခြင်း” သည် ရယူရန်လွယ်ကူသလော။ (မလွယ်ကူပါ။) မလွယ်ကူပေ။ အဘယ်ကြောင့်ဆိုသော် လူတို့သည် ဘုရားသခင်အား မကြာခဏ မေးခွန်းထုတ်၍ ဖြစ်သည်။ “သစ္စာရှိသော နောက်လိုက်ခြင်း” ရော။ ဤ “သစ္စာရှိသော” ဟူသည်မှာ အဘယ်အရာကို ရည်ညွှန်းသနည်း။ (စိတ်မပါ့တပါ မဟုတ်ဘဲ စိတ်ပါလက်ပါဖြစ်ခြင်းဖြစ်သည်။) စိတ်မပါ့တပါ မဟုတ်ဘဲ စိတ်ပါလက်ပါဖြစ်ခြင်းဖြစ်သည်။ သင်ပြောလိုက်သည်မှာ ကွက်တိပင်ဖြစ်သည်။ သို့ဖြစ်၍ သင်တို့သည် ဤသတ်မှတ်ချက်ကို စွမ်းဆောင်နိုင်စွမ်း ရှိသလော။ သင်သည် သာ၍ကြိုးစားရမည် မဟုတ်လော။ လက်ရှိအချိန်တွင် ဤသတ်မှတ်ချက်ကို သင်မစွမ်းဆောင်သေးပေ။ “လုံးဝဥဿုံ နာခံခြင်း” ရော။ စွမ်းဆောင်ပြီးပြီလော။ (မစွမ်းဆောင်သေးပါ။) ၎င်းကိုလည်းသင်စွမ်းဆောင်ခြင်း မရှိသေးပေ။ သင်သည် မကြာခဏ နာခံမှုမရှိဘဲ ပုန်ကန်၏။ သင်သည် မကြာခဏ နားမထောင်၊ သို့မဟုတ် လိုက်နာလိုသည့်ဆန္ဒမရှိ၊ သို့မဟုတ် မကြားလိုပေ။ ဤသည်တို့သည် အသက်တာအတွင်း ဝင်ရောက်ခြင်း နောက်သို့လိုက်နေသောလူများ အထမြောက်ကြသည့် အခြေခံကျဆုံးသော သတ်မှတ်ချက် သုံးရပ်ဖြစ်ကာ၊ သင်တို့၌ ၎င်းတို့ကို စွမ်းဆောင်ခြင်း မရှိသေးပေ။ ထို့ကြောင့် ယခုအချိန်တွင် သင်တို့၌ ကြီးမားသော အလားအလာရှိသလော။ ယနေ့ ဤနှုတ်ကပတ်တော်တို့ကို ငါပြောကြားသည်ကို ကြားပြီးနောက် သင်တို့ လိုလားတောင့်တကြသလော။ (ဟုတ်ကဲ့။) သင်တို့လိုလားတောင့်တသင့်ပေသည်။ မလိုလားမတောင့်တဘဲ မရှိလေနှင့်။ သင်တို့ကိုယ်စား ငါလိုလားတောင့်တမိသည်။ အခြားသတ်မှတ်ချက်နှစ်ခုကို ငါဆွေးနွေးမည်မဟုတ်ပေ။ ၎င်းတို့ကို မည်သို့မျှ အထမြောက်နိုင်စွမ်း မရှိသည်မှာ သေချာ၏။ သင်တို့သည် လိုလားတောင့်တနေကြ၏။ ထို့ကြောင့် သင်တို့သည် သင်တို့၏ရည်မှန်းချက်များကို ဆုံးဖြတ်ပြီးပြီလော။ ၎င်းဦးတည်ချက်အတွက် မည်သည့်ရည်မှန်းချက်များနောက် သင်လိုက်၍ သင်၏အားထုတ်မှုများကို မြှုပ်နှံသင့်သနည်း။ သင့်တွင် ရည်မှန်းချက်တစ်ရပ် ရှိသလော။ ငါ ရှင်းရှင်းပြောမည်- သင်တို့ ဤသတ်မှတ်ချက်ငါးခုကို အထမြောက်သည့်အခါ သင်တို့သည် ဘုရားသခင်အား ကျေနပ်စေပြီးဖြစ်လိမ့်မည်။ ၎င်းတို့တစ်ခုစီသည် အညွှန်းတစ်ခုဖြစ်၏။ ၎င်းသည် လူတို့၏ အသက်တာအတွင်းဝင်ရောက်မှု ရင့်ကျက်ပြီဖြစ်ကြောင်းနှင့် ဤအရာ၏ နောက်ဆုံးရည်မှန်းချက်၏ အညွှန်းတစ်ခုဖြစ်သည်။ ငါသည် အသေးစိတ်ပြောကြားရန်နှင့် သင်တို့အပေါ်သတ်မှတ်ရန် ဤသတ်မှတ်ချက်များမှ တစ်ခုကိုသာရွေးချယ်လျှင်ပင် စွမ်းဆောင်ရန် လွယ်ကူလိမ့်မည် မဟုတ်ပေ။ သင်သည် အတိုင်းအတာတစ်ရပ်အထိ အခက်အခဲကို ခံစားကာ အားထုတ်မှုအတိုင်းအတာတစ်ရပ် ထည့်ဝင်ရမည်ဖြစ်သည်။ ထို့အပြင် မည်သို့သော စိတ်ဓာတ်မျိုး သင်တို့၌ ရှိသင့်သနည်း။ ခွဲစိတ်သည့်စားပွဲပေါ်သို့တက်ရန် စောင့်နေသည့် ကင်ဆာဝေဒနာရှင်တစ်ဦးနှင့် အလားတူပင် ဖြစ်သင့်သည်။ ငါ အဘယ်ကြောင့် ဤသို့ပြောသနည်း။ သင်သည် ဘုရားသခင်ကို ယုံကြည်လိုသောဆန္ဒ ရှိ၍ ဘုရားသခင်ကို ရရှိကာ သူ၏ကျေနပ်မှုကို ရရှိလိုသောဆန္ဒရှိပါက သင်သည် အတိုင်းအတာတစ်ရပ်အထိ အခက်အခဲကို မခံစား၊ သို့မဟုတ် အားထုတ်မှုအတိုင်းအတာတစ်ရပ်ကို ထည့်ဝင်ခြင်း မရှိလျှင် သင်သည် ဤအရာများကို စွမ်းဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ သင်သည် တရားဟောချက်များစွာကို ကြားခဲ့ပြီးဖြစ်သော်လည်း ကြားဖူးခဲ့ခြင်းကြောင့် ထိုတရားဟောချက်သည် သင်၏တရားဟောချက် ဖြစ်သွားသည်ဟု မဆိုလိုပေ၊ သင်သည် ၎င်းကို မှတ်သားကာ သင်နှင့်သက်ဆိုင်သော အရာတစ်ခုအဖြစ် ပြောင်းလဲရမည်၊ ဤနှုတ်ကပတ်တော်များနှင့် တရားဟောချက်တို့ကို သင့်နေထိုင်ပုံအတွက် လမ်းပြခွင့်ပြု၍ လူ့ဘဝနှင့်ဆိုင်သော တန်ဖိုးနှင့် အဓိပ္ပာယ်တို့ကို သင်၏ဘဝအတွင်း ယူလာ၍ သင့်ဘဝအတွင်း တစ်သားတည်း ဖြစ်စေရမည်ဖြစ်ကာ၊ သင်၏တည်ရှိမှုအတွင်း ယူဆောင်လာရမည် ဖြစ်သည်။ ထို့နောက် ဤနှုတ်ကပတ်တော်များကို ကြားရသည်မှာ သင့်အဘို့ ထိုက်တန်လိမ့်မည်ဖြစ်သည်။ ငါပြောသည့် နှုတ်ကပတ်တော်များသည် သင်၏ဘဝတွင် တိုးတက်မှု တစ်စုံတစ်ရာ မဖြစ်ပေါ်စေပါက သို့မဟုတ် သင်၏ဖြစ်တည်မှုတွင် မည်သည့်တန်ဖိုးတစ်စုံတစ်ရာမျှ မရှိစေပါက ၎င်းတို့ကို သင်နားထောင်ရာ၌ အကျိုးမရှိပေ။ ဤသည်ကို သင်တို့နားလည်သည် မဟုတ်လော။ ၎င်းကိုနားလည်ပြီးနောက် ကျန်သည့်အရာမှာ သင်တို့အပေါ်တွင်သာ မူတည်သည်။ သင်တို့ စတင်လုပ်ဆောင် ကြရတော့မည်။ သင်တို့သည် အရာခပ်သိမ်း၌ လွန်စွာအလေးအနက်ထားရမည်။ မရေမရာ မဖြစ်လေနှင့်။ အချိန် ကုန်လွန်နေပြီဖြစ်သည်။ သင်တို့အကြား အများစုသည် ဘုရားသခင်ကို ဆယ်နှစ်ကျော် ယုံကြည်လာခဲ့ပြီးဖြစ်သည်။ ဤဆယ်နှစ်ကြာ ယုံကြည်ခြင်းကို ပြန်ပြောင်းကြည့်ရှုလော့။ သင်တို့ မည်မျှရရှိခဲ့ပြီနည်း။ ထို့အပြင် သင်တို့၌ ဤအသက်တာ၏ ဆယ်စုနှစ်ပေါင်း မည်မျှကျန်သေးသနည်း။ မရှည်ကြာ ပေ။ ဘုရားသခင်၏အမှု သင့်ကိုစောင့်နေခြင်း ရှိမရှိ၊ သူသည် သင့်အတွက် အခွင့်အရေးတစ်ရပ် ချန်ထားပေးခြင်း ရှိမရှိ၊ သူသည် ဤအလုပ်ကို တဖန်ပြန်လုပ်မည် မလုပ်မည်ကို အမှတ်မထားလေနှင့်။ ဤအကြောင်း မပြောလေနှင့်။ သင်သည် သင်၏လွန်ခဲ့သောဆယ်နှစ်ကို နောက်ပြန်လှည့်နိုင်သလော။ ကျော်ဖြတ်သွားသော နေ့ရက်တိုင်းနှင့် သင်လှမ်းသည့် ခြေလှမ်းတိုင်းဖြင့် သင့်တွင်ရှိသည့် နေ့ရက်များသည် တစ်ရက်လျော့နည်းသွားပေ၏။ အချိန်သည် မည်သည့်လူသားကိုမျှ မစောင့်ပေ။ သင်သည် ၎င်းကို သင့်ဘဝ၌ အကောင်းဆုံးသောအရာ၊ အစားအစာ၊ အဝတ်အစား သို့မဟုတ် မည်သည့်အရာမဆိုထက် သာ၍အရေးကြီးသောအရာအဖြစ် ချဉ်းကပ်လျှင် ဘုရားသခင်ကို ယုံကြည်ခြင်းမှ သင်သည် အကျိုးအမြတ် ရရှိခြင်းသာ ဖြစ်လိမ့်မည်။ သင်သည် အချိန်ရှိမှသာ ယုံကြည်၍ သင်၏ ယုံကြည်ခြင်းအပေါ် သင်၏အာရုံအားလုံးကို မြှုပ်နှံနိုင်စွမ်း မရှိပါက၊ သင်သည် အစဉ်ပင် မရေရာမှု၌ နစ်မြုပ်နေလျှင် သင်သည် မည်သည့်အရာ မျှ ရရှိလိမ့်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်း | ကောက်နုတ်ချက် ၈၇

လူသားကို ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းသည် မည်သည့်အရာအားဖြင့် ပြီးမြောက်အောင်မြင်သနည်း။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအားဖြင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၇၁

ဘုရားသခင်၏နှုတ်ကပတ်တော်များမှ ဘုရားသခင်၏ အလိုတော်နှင့် သူ့မိန့်မြွက်ချက်များနောက်ကွယ်ရှိ ရည်ရွယ်ချက်များကို သင်နားမလည်ပါက၊ သူ၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၇၆

သင်က လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ အတွေးတို့နှင့် သဘောထားကို အမှန်တကယ် အသိအမှတ်ပြု တန်ဖိုးထားနိုင်သောအခါ၊ သင်က ဘုရားသခင်၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၄၄

စာတန်၏ စုံစမ်းသွေးဆောင်ခြင်း ရှင်မဿဲ ၄:၁-၄ ထိုအခါ မာရ်နတ်၏ စုံစမ်းသွေးဆောင်ခြင်းကို ခံစေမည်အကြောင်း၊ ဝိညာဉ်တော်သည် ယေရှုကို တောသို့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။